Monday, January 21, 2013

ကားမိုင်းရဲစခန်း ဘာကြောင့် တိုက်ခဲ့ရတယ်..

ဦးရဲထွဋ် မကြာခင် ဒုတိယကျော်ဆန်းဖြစ်တော့မှာလား?
ဦးရဲထွဋ် ...ကားမိုင်းရဲစခန်း ဘာကြောင့်တိုက်ခဲ့ရတယ်..ဟုတ်လား. ?

ခင်များတကယ်မသိတာ လား.... အေး...ပြည်သူတွေ သိအောင်တော့ ပြောရလိမ့်မယ်။။ ဗမာ့တပ်မတော် က စစ်ကြောင်း ၆ ကြောင်း စစ်သည်အင်အား ၂၀၀၀ ကျော်နဲ့ ကေအိုင်အေ မျိုးချစ်တပ်မတော် ရင်း (၆) စိုးမို်းတဲ့ ဖားကန့်တစ်ဝိုက်မှာ ထိုးစစ်အကြီးအကျယ် ဆင်ပြီး စခန်းသိမ်းတဲ့ ကိစ္စ ဘာကြောင့် လုပ်နေသလဲ ဖြေပေးပါ၊။ လဂျားယန်မှာ ထိုးစစ်ရပ်မယ်လို့ ကြေငြာတဲ့ ဇန်နဝါရီ ၁၈ ရက် လရောင်အောက်မှာ ဗမာ့တပ်မတော်က စစ်သည်အင်အား ၄၀၀ ကျော်နဲ့ ကံစီး၊ ဆိုင်းရာ ရင်း (၆) ဌာနချုပ်ကို ဘာလာလုပ်တာလဲ။ မိတ်ဖြစ်ဆွေဖြစ် လာတာတော့ မဟုတ်တာ သေခြာတယ်။ ခင်များတို့ မသိတဲ့ လူတွေကို ညာလို့ ရရင်ရလိမ့်မယ်၊ ဒေသခံလူတွေ အကုန် သက်သေရှိပါတယ်။ မသိရင် ကားမိုင်းရဲစခန်းက လဂျားယန်နားမှာ ရှိသလို ယောင်ဝါးဝါး မရောချနဲ့ ။ ကေအိုင်စခန်းတွေ မီးဝင်ရို့ရင် စစ်တပ်နဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ အုပ်ချုပ်တဲ့လက်နက်ကိုင် ရဲ တွေကို ပြန်တိုက်ရမှာပါ။ ခင်များပြောသလို့ လက်ပိုက်ကြည့်နေလို့  မရဘူးလေ.. ဟုတ်ဘူးလား၊ မျှမျှတတ ပေါ့။ မညာနဲ့ ၊ မှန်မှန်ပြော၊ အရင်ခေတ်လို့ အရမ်းဖီးလို့ မရတော့ဘူး၊ ပြည်သူတွေ "စာတတ်' ကုန်ပြီ၊ ခင်များ ရဲ့ ဘောဇိဟောင်း ပြန်ကြားရေး ဝံကြီးလို အလုပ် မပြုတ်ပါစေနဲ့ လို့ ဆုမွန်ကောင်းတောင်း၇င်း.... ( အင်ဂွန်ဂျာဝါ )

0 comments: