ပြီးခဲ့တဲ့ နှစ်ပတ်လောက်က မန္တလေးက သတင်းထောက်တစ်ယောက် ရေးတဲ့ Post တစ်ခုကို ဖတ်လိုက်ရတယ်။ လမ်းပေါ်မှာ Accident ကြောင့် ဒုက္ခရောက် နေတဲ့ လူတွေကို ကူညီကြဖို့နှိုးဆော်ထားတာပါ။
ကျွန်တော်တို့ နိုင်ငံမှာလည်း Accident အမျိုးမျိုးကြောင့် လမ်းပေါ်မှာ ဒုက္ခရောက်ပြီဆိုရင် အကူအညီအချိန်မှီ မရလို့ မသေသင့်ပဲလူတွေ သေနေကြတယ်။ ဆေးရုံ၊ဆေးခန်းကို အချိန်မှီ ရောက်ရင်တောင်မှ ရဲမှုခင်း ဖြစ်လို့ဆိုပြီး ရဲခွင့်ပြုချက်ရမှ ဆရာဝန်တွေကလည်း ကုရဲကြတယ်။ ဒါတောင်မှ အစိုးရ ဆေးရုံတွေပဲ ကုသခွင့်ရကြတယ်။ ဒီလိုဖြစ်နေတဲ့ အခြေအနေတွေကို အားလုံးပြုပြင်ဖို့ ကြိုးစားသင့်တယ်။ ဥပဒေဆိုတာ အပြစ်ရှိတဲ့လူတစ်ရာ လွတ်ချင် လွတ်သွားပါစေ၊ အပြစ်မဲ့တဲ့ လူတစ်ယောက် ဒုက္ခမရောက်ဖို့၊ မသေသင့်ပဲ မသေစေဖို့အတွက်ကို အဓိကထားသင့်တယ်။ လက်ရှိမှာ Accident တွေနဲ့ ပတ်သက်လို့ ဘယ်လို ဥပဒေ ထုတ်ထား တယ်တော့ သေသေချာချာ မသိပါဘူး။
ဒါပေမယ့် လူအများစု နားလည်ထားတာကတော့ လမ်းပေါ်မှာ Accident ဖြစ်တဲ့လူတွေ့ရင် အထူးသဖြင့် လူပြတ်တဲ့ နေရာမျိုးမှာဖြစ်ရင် ဒါမှမဟုတ် ဟိုင်းဝေး လမ်းပေါ်မှာဖြစ်ရင် ကားသမား တော်တော်များများက မကူညီချင်၊ မကူညီရဲကြပါဘူး။ ပထမဆုံး ကိုယ်သွားမဲ့ခရီး နှောင့်နှေးမယ်၊ အထင်မှားခံရမယ်၊ နောက်ဆုံး ရဲအရစ်ခံရမယ်၊ ကိုယ့်ကို သင်္ကာမကင်းဖြစ်ပြီး အမှုစစ်ခံရမယ်။ ရဲဆိုတဲ့ အမျိုးကလည်း တော်တော်များများက တရားခံရှာဖို့ ကြိုးစားဖို့ထက် စတွေ့တယ်လို့ သတင်းပို့သူကို ရစ်ဖို့၊ စိတ်အနှောင့်အယှက် ပေးဖို့လောက်ပဲ အားသန်ကြတာ။ ဒါကြောင့်လည်း လူတော်တော်များများက ရဲနဲ့ပတ်သက်ရမှာကြောက်လို့ အမှုအခင်း ကိစ္စတွေမှာ ၀င်မပါချင်ကြတာပဲ။
ဒီနေ့ဆို မော်လမြိုင်မြီု့ကို အလုပ်ကိစ္စနဲ့ အသွား ဘီးလင်းနဲ့ ကျိုက်ကော်အကြား မိုင်တိုင် ၁၃၅ လောက်မှာ ညနေ ၆း၃၀ လောက်က လမ်းလယ်ပေါ်မှာ ဆိုင်ကယ်တစ်စီး လဲနေပြီး လူတစ်ယောက် ပက်လက်လန် နေတာတွေ့တယ်။ ကြည့်လိုက်တော့ ကားတွေရော၊ ဆိုင်ကယ်တွေရော အဆက်မပြတ် သွားနေတာတွေ့တယ်။ ဒါပေမယ့် အားလုံးက လဲနေတဲ့ ဆိုင်ကယ်ရယ်၊ လူရယ်ကို ရှောင်မောင်း
သွားကြပြီး၊ ရပ်ကြည့်ဖို့၊ ကူညီဖို့မကြိုးစားကြဘူး။
ဒါနဲ့ ဒီလူမသေသေးရင်လည်း ဆေးရုံပို့ပေးရအောင် ဒါမှမဟုတ် သေနေပြီ ဆိုရင်လည်း တစ်ခုခု စီစဉ်ပေးလို့ရအောင် ကားကိုပြန်လှည့်ပြီး သွားကြည့်တော့ အခြေအနေက တော်တော် ဆိုးနေတယ်။ စဖြစ်ကတည်းက ဒီလိုဖြစ်သွားတာလား ဖြစ်ပြီးတော့မှ ကားတစ်စီးစီးကြောင့် အခြေအနေပို ဆိုး သွားတာလားတော့ မသိဘူး။ လူက လုံးဝ မလှုပ်တော့တဲ့အပြင် ခွေခေါက်နေပြီ။ မသေချာပေမယ့် သေပြီလို့ပဲ ယူဆလိုက်ရတယ်။ သူ့ဘာသာသူဖြစ်တာလား ကားတစ်စီးစီးနဲ့ တိုက်မိတာလားဆိုတာက ကိုယ်လည်း ဖြစ်စဉ်ကို မတွေ့လိုက်ရတော့ သေသေချာချာ မသိဘူး။ ဒါပေမယ့် နောက်ကနေ ကားတိုက်မိတယ်လို့တော့ ထင်ရတာပဲ။ ဘာဖြစ်လို့လည်းဆိုတော့ လဲနေတဲ့လူနားမှာ ကားဘီးရာ ထင်းထင်းကြီး တွေ့ရလို့ပါ။
ဒါနဲ့ ကျိုက်ထို ရဲစခန်းက ဒုရဲအုပ်တစ်ယောက်ရဲ့ ဖုန်းနံပါတ်က အဆင်သင့်ရှိနေတော့ သူ့ကိုပဲ လှမ်းအကြောင်းကြားပေးလိုက်တယ်။ ပြီးတော့ ရဲတွေ မရောက်သေးခင် ကျန်တဲ့ကားတွေ ထက်တိုက်မှာစိုးလို့ လဲနေတဲ့ လူ မနီးမဝေးကနေ ကားမီးနဲ့ လှမ်းထိုးထားပေးလိုက်တယ်။ ပြီးတော့ ဓါတ်ပုံတွေ ဘာတွေ ရိုက်ထားလိုက်တာပေါ့။ ခဏနေတော့ လူတစ်ယောက်ရောက်လာပြီး လာပြီးလာကြည့်တယ်။ လဲနေတဲ့လူကို သိတဲ့ အကြောင်း ဒီနားက ရွာသားတစ်ဦးဖြစ်ကြောင်းနဲ့  သူသွားအကြောင်းကြား ပေးမယ်ဆိုပြီး ပြန်ထွက်သွားတယ်။
၁၀မိနစ်လောက်ကြာတော့ အရပ်ဝတ်နဲ့ရဲ တစ်ယောက် ရောက်လာပြီး ဘာဖြစ်တာလည်းလာမေးတယ်။ ကျွန်တော်တို့လည်း မြင်တာကိုမြင်တဲ့အတိုင်း ပြောလိုက်တော့ လူကို မယုံသင်္ကာနဲ့ ကြည့်ပြီး နယ်မြေအပိုင် ရဲစခန်းကို စက်နဲ့ လှမ်းအကြောင်းကြားတယ်။ ခဏနေတော့ လဲနေတဲ့ လူရဲ့အမျိုးသမီးရော၊ မိဘတွေပါ ရောက်လာတယ်။ ယာဉ်ထိန်းရော၊ အပိုင်ရဲစခန်းက ရဲတွေရော၊ အဖွဲ့အစည်းက ဆိုတဲ့လူတွေရော ရောက်လာ တယ်။ အဖွဲ့အစည်းက ဆိုတဲ့လူတွေက သူတို့ရဲ့လူလားလို့လာကြည့်တာ။ မဟုတ်မှန်းသိတော့ ပြန်ထွက်သွားတယ်။
ပထမ ရောက်တဲ့ရဲရဲ့ အရောက်ပို့ပုံကိုလည်း ကြည့်အုန်း ။ အပိုင်ရဲစခန်းက လူတွေလာတော့ စခန်းမှူးလို့ ထင်ရတဲ့လူကို သတင်းပို့တာက ဘယ်ကား တိုက်သွားတယ်ဆိုတာ သူမသိပါဘူး၊ သူရောက်တော့ ဒီကားတစ်စီးပဲ အနားမှာ ရှိတယ်ဆိုပြီး အရောက်ပို့တော့တာပဲ။ ဒါပေမယ့် စခန်းမှူးလို့ ထင်ရတဲ့ လူပြန်ပြောတာကတော့ တော်တော်မိုက်တယ်။ ကားတိုက်သွားပါတယ်လို့ မျက်မြင်သက်သေ မရှိပဲ မင်းကဘာလို့ ကားတိုက်သွားတာပါလို့ ပြောရတာလည်းတဲ့။ ဆားပုလင်းနှင်းမောင် ၀တ္ထု ထဲက ထွက်လာပြီး ပြောလိုက်တဲ့ အတိုင်းပဲ။
အဲဒီစခန်းမှူးလို့ ထင်ရတဲ့လူကပဲ ဓါတ်ပုံတွေဘာတွေရိုက်၊ လဲနေတဲ့လူကိုတင်ဖို့ ကားတွေဘာတွေ လှမ်းတောင်းပြီး လဲနေတဲ့ဆိုင်ကယ်ကို လမ်းဘေးရွေ့လိုက်တယ်။ ဒါပေမယ့် တစ်ခု အံ့သြေဖို့ကောင်းတာက ဘယ်ရဲမှ လဲနေတဲ့လူကို အသက်ရှိ၊ မရှိ သေသေချာချာ စမ်းသပ်တာ မတွေ့ရပဲ သေပြီလို့ ဆုံးဖြတ် ထားပုံပေါ်တယ်။ အမှန်တော့ ရောက်ရောက်ချင်း အသက်ရှိ၊ မရှိ သေသေချာချာ အရင်ဆုံး စမ်းသပ် သင့်တယ်ထင်တာပဲ။
ဒါနဲ့ ကိုယ်လည်း တွေ့တဲ့အတိုင်းလည်း ပြောပြီးပြီ ကူညီနိုင်တဲ့လုတွေ၊ သက်ဆိုင်တဲ့လူတွေ ရောက်နေပြီဆိုတော့ ကိုယ့်ခရီးကိုယ်ဆက်ဖို့ ပထမဆုံး ရောက်လာတဲ့ရဲကို ကျွန်တော်တို့ သွားတော့မယ်လို့ ပြောတာပေါ့။ သူက မသွားနဲ့အုန်း ခဏစောင့်အုန်းဆိုလို့ စောင့်တယ်။ တစ်အောင့်နေတော့ ထက်ပြောတယ် မသွားပါနဲ့အုန်းတဲ့။ ထပ်စောင့်တယ်။ ပြီးတော့ ထပ်ပြောတယ် ပေးမသွားပြန်ဘူး။ ဒါနဲ့ စိတ်ကမရှည်တော့ဘူး ယာဉ်ထိန်းဆီ သွားပြီး လိုအပ်တာရှိရင် ဆက်သွယ်လိုက်ပါ ကျွန်တော်တို့ ခရီးဆက်ရအုန်းမယ်ဆိုပြီး Visiting Card ပေးခဲ့ပြီး အဲဒီနေရာက ထွက်လာခဲ့လိုက်တယ်။ ဒါတောင် ပထမရောက်တဲ့ ရဲက ဒီည ဘယ်မှာအိပ်မှာလည်းလို့ ကားထွက်ခါနီး လာမေးနေသေးလို့ ပြန်ဖြေခဲ့ရသေးတယ်။
အမှုအခင်း တစ်ခုခုဖြစ်ရင် ရဲတွေအနေနဲ့ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်မှုရှိမှ အမှုမှန်ကို မှန်မှန်နဲ့ မြန်မြန် ဖော်ထုတ်နိုင်ပါမယ်။ ရဲတွေ အနေနဲ့ကလည်း ပြည်သူတွေက လိုလိုချင်ချင် ပူးပေါင်း ဆောင်ရွက်အောင် လိုက်လျောညီထွေ ကူညီ ကြိုးစားသင့်ပါတယ်။ ဒီလိုမှပဲ လူတိုင်းက အမှုအခင်းပဲ ဖြစ်ဖြစ် Accident ပဲဖြစ်ဖြစ် နေရာမရွေး၊ အခြေအနေမရွေး မကြောက်မရွံ့နဲ့ ကူညီချင်ကြမှာ ဖြစ်ပါတယ်။
မသေသင့်ပဲ လမ်းတွေပေါ်မှာ သေနေတဲ့လူတွေ နည်းနိုင်သထက်နည်းပါစေ။
(AERO)
Tin Min Latt အင်တာနက်စာမျက်နှာသတင်းမှ
ပြီးခဲ့တဲ့ နှစ်ပတ်လောက်က မန္တလေးက သတင်းထောက်တစ်ယောက် ရေးတဲ့ Post တစ်ခုကို ဖတ်လိုက်ရတယ်။ လမ်းပေါ်မှာ Accident ကြောင့် ဒုက္ခရောက် နေတဲ့ လူတွေကို ကူညီကြဖို့နှိုးဆော်ထားတာပါ။
ကျွန်တော်တို့ နိုင်ငံမှာလည်း Accident အမျိုးမျိုးကြောင့် လမ်းပေါ်မှာ ဒုက္ခရောက်ပြီဆိုရင် အကူအညီအချိန်မှီ မရလို့ မသေသင့်ပဲလူတွေ သေနေကြတယ်။ ဆေးရုံ၊ဆေးခန်းကို အချိန်မှီ ရောက်ရင်တောင်မှ ရဲမှုခင်း ဖြစ်လို့ဆိုပြီး ရဲခွင့်ပြုချက်ရမှ ဆရာဝန်တွေကလည်း ကုရဲကြတယ်။ ဒါတောင်မှ အစိုးရ ဆေးရုံတွေပဲ ကုသခွင့်ရကြတယ်။ ဒီလိုဖြစ်နေတဲ့ အခြေအနေတွေကို အားလုံးပြုပြင်ဖို့ ကြိုးစားသင့်တယ်။ ဥပဒေဆိုတာ အပြစ်ရှိတဲ့လူတစ်ရာ လွတ်ချင် လွတ်သွားပါစေ၊ အပြစ်မဲ့တဲ့ လူတစ်ယောက် ဒုက္ခမရောက်ဖို့၊ မသေသင့်ပဲ မသေစေဖို့အတွက်ကို အဓိကထားသင့်တယ်။ လက်ရှိမှာ Accident တွေနဲ့ ပတ်သက်လို့ ဘယ်လို ဥပဒေ ထုတ်ထား တယ်တော့ သေသေချာချာ မသိပါဘူး။
ဒါပေမယ့် လူအများစု နားလည်ထားတာကတော့ လမ်းပေါ်မှာ Accident ဖြစ်တဲ့လူတွေ့ရင် အထူးသဖြင့် လူပြတ်တဲ့ နေရာမျိုးမှာဖြစ်ရင် ဒါမှမဟုတ် ဟိုင်းဝေး လမ်းပေါ်မှာဖြစ်ရင် ကားသမား တော်တော်များများက မကူညီချင်၊ မကူညီရဲကြပါဘူး။ ပထမဆုံး ကိုယ်သွားမဲ့ခရီး နှောင့်နှေးမယ်၊ အထင်မှားခံရမယ်၊ နောက်ဆုံး ရဲအရစ်ခံရမယ်၊ ကိုယ့်ကို သင်္ကာမကင်းဖြစ်ပြီး အမှုစစ်ခံရမယ်။ ရဲဆိုတဲ့ အမျိုးကလည်း တော်တော်များများက တရားခံရှာဖို့ ကြိုးစားဖို့ထက် စတွေ့တယ်လို့ သတင်းပို့သူကို ရစ်ဖို့၊ စိတ်အနှောင့်အယှက် ပေးဖို့လောက်ပဲ အားသန်ကြတာ။ ဒါကြောင့်လည်း လူတော်တော်များများက ရဲနဲ့ပတ်သက်ရမှာကြောက်လို့ အမှုအခင်း ကိစ္စတွေမှာ ၀င်မပါချင်ကြတာပဲ။
ဒီနေ့ဆို မော်လမြိုင်မြီု့ကို အလုပ်ကိစ္စနဲ့ အသွား ဘီးလင်းနဲ့ ကျိုက်ကော်အကြား မိုင်တိုင် ၁၃၅ လောက်မှာ ညနေ ၆း၃၀ လောက်က လမ်းလယ်ပေါ်မှာ ဆိုင်ကယ်တစ်စီး လဲနေပြီး လူတစ်ယောက် ပက်လက်လန် နေတာတွေ့တယ်။ ကြည့်လိုက်တော့ ကားတွေရော၊ ဆိုင်ကယ်တွေရော အဆက်မပြတ် သွားနေတာတွေ့တယ်။ ဒါပေမယ့် အားလုံးက လဲနေတဲ့ ဆိုင်ကယ်ရယ်၊ လူရယ်ကို ရှောင်မောင်း
သွားကြပြီး၊ ရပ်ကြည့်ဖို့၊ ကူညီဖို့မကြိုးစားကြဘူး။
ဒါနဲ့ ဒီလူမသေသေးရင်လည်း ဆေးရုံပို့ပေးရအောင် ဒါမှမဟုတ် သေနေပြီ ဆိုရင်လည်း တစ်ခုခု စီစဉ်ပေးလို့ရအောင် ကားကိုပြန်လှည့်ပြီး သွားကြည့်တော့ အခြေအနေက တော်တော် ဆိုးနေတယ်။ စဖြစ်ကတည်းက ဒီလိုဖြစ်သွားတာလား ဖြစ်ပြီးတော့မှ ကားတစ်စီးစီးကြောင့် အခြေအနေပို ဆိုး သွားတာလားတော့ မသိဘူး။ လူက လုံးဝ မလှုပ်တော့တဲ့အပြင် ခွေခေါက်နေပြီ။ မသေချာပေမယ့် သေပြီလို့ပဲ ယူဆလိုက်ရတယ်။ သူ့ဘာသာသူဖြစ်တာလား ကားတစ်စီးစီးနဲ့ တိုက်မိတာလားဆိုတာက ကိုယ်လည်း ဖြစ်စဉ်ကို မတွေ့လိုက်ရတော့ သေသေချာချာ မသိဘူး။ ဒါပေမယ့် နောက်ကနေ ကားတိုက်မိတယ်လို့တော့ ထင်ရတာပဲ။ ဘာဖြစ်လို့လည်းဆိုတော့ လဲနေတဲ့လူနားမှာ ကားဘီးရာ ထင်းထင်းကြီး တွေ့ရလို့ပါ။
ဒါနဲ့ ကျိုက်ထို ရဲစခန်းက ဒုရဲအုပ်တစ်ယောက်ရဲ့ ဖုန်းနံပါတ်က အဆင်သင့်ရှိနေတော့ သူ့ကိုပဲ လှမ်းအကြောင်းကြားပေးလိုက်တယ်။ ပြီးတော့ ရဲတွေ မရောက်သေးခင် ကျန်တဲ့ကားတွေ ထက်တိုက်မှာစိုးလို့ လဲနေတဲ့ လူ မနီးမဝေးကနေ ကားမီးနဲ့ လှမ်းထိုးထားပေးလိုက်တယ်။ ပြီးတော့ ဓါတ်ပုံတွေ ဘာတွေ ရိုက်ထားလိုက်တာပေါ့။ ခဏနေတော့ လူတစ်ယောက်ရောက်လာပြီး လာပြီးလာကြည့်တယ်။ လဲနေတဲ့လူကို သိတဲ့ အကြောင်း ဒီနားက ရွာသားတစ်ဦးဖြစ်ကြောင်းနဲ
၁၀မိနစ်လောက်ကြာတော့ အရပ်ဝတ်နဲ့ရဲ တစ်ယောက် ရောက်လာပြီး ဘာဖြစ်တာလည်းလာမေးတယ်။ ကျွန်တော်တို့လည်း မြင်တာကိုမြင်တဲ့အတိုင်း ပြောလိုက်တော့ လူကို မယုံသင်္ကာနဲ့ ကြည့်ပြီး နယ်မြေအပိုင် ရဲစခန်းကို စက်နဲ့ လှမ်းအကြောင်းကြားတယ်။ ခဏနေတော့ လဲနေတဲ့ လူရဲ့အမျိုးသမီးရော၊ မိဘတွေပါ ရောက်လာတယ်။ ယာဉ်ထိန်းရော၊ အပိုင်ရဲစခန်းက ရဲတွေရော၊ အဖွဲ့အစည်းက ဆိုတဲ့လူတွေရော ရောက်လာ တယ်။ အဖွဲ့အစည်းက ဆိုတဲ့လူတွေက သူတို့ရဲ့လူလားလို့လာကြည့်တာ။ မဟုတ်မှန်းသိတော့ ပြန်ထွက်သွားတယ်။
ပထမ ရောက်တဲ့ရဲရဲ့ အရောက်ပို့ပုံကိုလည်း ကြည့်အုန်း
အဲဒီစခန်းမှူးလို့ ထင်ရတဲ့လူကပဲ ဓါတ်ပုံတွေဘာတွေရိုက်၊ လဲနေတဲ့လူကိုတင်ဖို့ ကားတွေဘာတွေ လှမ်းတောင်းပြီး လဲနေတဲ့ဆိုင်ကယ်ကို လမ်းဘေးရွေ့လိုက်တယ်။ ဒါပေမယ့် တစ်ခု အံ့သြေဖို့ကောင်းတာက ဘယ်ရဲမှ လဲနေတဲ့လူကို အသက်ရှိ၊ မရှိ သေသေချာချာ စမ်းသပ်တာ မတွေ့ရပဲ သေပြီလို့ ဆုံးဖြတ် ထားပုံပေါ်တယ်။ အမှန်တော့ ရောက်ရောက်ချင်း အသက်ရှိ၊ မရှိ သေသေချာချာ အရင်ဆုံး စမ်းသပ် သင့်တယ်ထင်တာပဲ။
ဒါနဲ့ ကိုယ်လည်း တွေ့တဲ့အတိုင်းလည်း ပြောပြီးပြီ ကူညီနိုင်တဲ့လုတွေ၊ သက်ဆိုင်တဲ့လူတွေ ရောက်နေပြီဆိုတော့ ကိုယ့်ခရီးကိုယ်ဆက်ဖို့ ပထမဆုံး ရောက်လာတဲ့ရဲကို ကျွန်တော်တို့ သွားတော့မယ်လို့ ပြောတာပေါ့။ သူက မသွားနဲ့အုန်း ခဏစောင့်အုန်းဆိုလို့ စောင့်တယ်။ တစ်အောင့်နေတော့ ထက်ပြောတယ် မသွားပါနဲ့အုန်းတဲ့။ ထပ်စောင့်တယ်။ ပြီးတော့ ထပ်ပြောတယ် ပေးမသွားပြန်ဘူး။ ဒါနဲ့ စိတ်ကမရှည်တော့ဘူး ယာဉ်ထိန်းဆီ သွားပြီး လိုအပ်တာရှိရင် ဆက်သွယ်လိုက်ပါ ကျွန်တော်တို့ ခရီးဆက်ရအုန်းမယ်ဆိုပြီး Visiting Card ပေးခဲ့ပြီး အဲဒီနေရာက ထွက်လာခဲ့လိုက်တယ်။ ဒါတောင် ပထမရောက်တဲ့ ရဲက ဒီည ဘယ်မှာအိပ်မှာလည်းလို့ ကားထွက်ခါနီး လာမေးနေသေးလို့ ပြန်ဖြေခဲ့ရသေးတယ်။
အမှုအခင်း တစ်ခုခုဖြစ်ရင် ရဲတွေအနေနဲ့ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်မှုရှိမှ အမှုမှန်ကို မှန်မှန်နဲ့ မြန်မြန် ဖော်ထုတ်နိုင်ပါမယ်။ ရဲတွေ အနေနဲ့ကလည်း ပြည်သူတွေက လိုလိုချင်ချင် ပူးပေါင်း ဆောင်ရွက်အောင် လိုက်လျောညီထွေ ကူညီ ကြိုးစားသင့်ပါတယ်။ ဒီလိုမှပဲ လူတိုင်းက အမှုအခင်းပဲ ဖြစ်ဖြစ် Accident ပဲဖြစ်ဖြစ် နေရာမရွေး၊ အခြေအနေမရွေး မကြောက်မရွံ့နဲ့ ကူညီချင်ကြမှာ ဖြစ်ပါတယ်။
မသေသင့်ပဲ လမ်းတွေပေါ်မှာ သေနေတဲ့လူတွေ နည်းနိုင်သထက်နည်းပါစေ။
(AERO)
0 comments:
Post a Comment