ကချင်ပြည်နယ်အတွင်း အခြေစိုက် လှုပ်ရှားနေသည့် ရခိုင့်တပ်မတော်မှ ခေါင်းဆောင် တဦးဖြစ်သူ ဗိုလ်မှူးကြီး ထွန်းမြတ်နိုင်သည် တရုတ်နိုင်ငံသို့ ရောက်ရှိစဉ် သောကြာနေ့က ခေတ္တ ထိမ်းသိမ်း စစ်ဆေး ခံခဲ့ရပြီး ယခုအခါ ပြန်လည် လွတ်မြောက် လာပြီဖြစ်ကြောင်း သိရသည်။
ယူနန်ပြည်နယ်၊ ကူမင်းလေဆိပ်တွင် ထိန်းသိမ်း ခံခဲ့ရခြင်းဖြစ်သည်ဟု ရခိုင့်တပ်မတော်မှ ဗိုလ်မှူး ကျော်ဟန်က ပြောသည်။
“ဒီဘက်က မဟာမိတ်တွေက သိတယ် ဆိုရင်ပဲ (သူ့လွတ်မြောက်ရေးအတွက်) တော်တော်ကြီးကို ကြိုးစားပြီး ကိုယ်တို့ လုံခြုံတဲ့နေရာကို ရောက်အောင် ကျွန်တော်တို့ စီစဉ်နိုင်လိုက်တယ်” ဟု ဗိုလ်မှူး
ကျော်ဟန်က ဧရာဝတီသို့ ပြောသည်။
“ပုံမှန်ဆိုရင် ကူမင်းကို ရောက်တာနဲ့ ၁၀ မိနစ် ၁၅ မိနစ် ဆိုရင် သူရောက်တယ်ဆိုတဲ့ အကြောင်းကို ကျွန်တော်တို့ဆီကို ဖုန်းဆက်နေကျ။ ဒီတခေါက်ကျမှ အဆက်အသွယ် ပြတ်သွားတာ။ ကျွန်တော်တို့ လုံးဝ အဆက်အသွယ် မရဘူး။ ကျွန်တော်တို့ ဒီနေ့မနက်ကမှ ဗိုလ်မှူးကြီး ထွန်းမြတ်နိုင်နဲ့ အဆက်အသွယ်ရတယ်။ သူက ကျွန်တော်တို့ကို ခနလေးပဲ ပြောနိုင်ခဲ့တယ်” ဟု ဗိုလ်မှူး ကျော်ဟန်က ဆက်ပြောသည်။
 |
(ဓာတ်ပုံ - Arakan Army)
|
၂၀၀၇ ခုနှစ်တွင် နိုင်ငံရေးတက်ကြွသူ လူငယ်များဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့သည့် ရခိုင့်တပ်မတော် (Arakan Army) သည် ယခုအခါ ကချင်ပြည်နယ်တွင် KIA နှင့် ပူးတွဲကာ စစ်ရေး လှုပ်ရှားမှုများ ပြုလုပ်နေသည်။
 |
(ဓာတ်ပုံ - Arakan Army) |
 |
(ဓာတ်ပုံ - Arakan Army) |
 |
(ဓာတ်ပုံ - Arakan Army)
သတင်းရင်းမြစ် - ဧရာဝတီ |
ရခိုင်လက်နက်ကိုင်ခေါင်းဆောင် တရုတ်မှာ ယာယီထိန်းသိမ်းခံရ
0 comments:
Post a Comment