Saturday, January 12, 2013

လူမျိုးရေး မုန်းတီးမှုများ ပြုလုပ်နေတဲ့ စစ်အုပ်စု ၀ါဒဖြန့် ချီရေးသမားများ သတိပြုဖွယ် ....


အာဏာရ အစိုးရဖက် ဘက်လိုက်တဲ့ ဝါဒဖြန့် မီဒီယာသမား Julius Streicher (ဂျူးလီယက် စတိုက်ချာ) အား နုရင်ဘတ် စစ်ခုံရုံးကနေ ကြိုးပေးလိုက်ရတဲ့ သမိုင်း
 
ဖေဖော်ဝါရီလ ၁၆ရက် ၁၉၄၆ ခုနှစ်မှာ နုရင်ဘတ် စစ်ခုံရုံးကနေ ကြိုးပေး ခံလိုက်ရတဲ့ ဝါဒဖြန့် မီဒီယာသမား Julius Streicher (ဂျူးလီယက် စတိုက်ချာ)ကို သေဒါဏ် ပေးပြီးနောက် ရိုက်ကူးထားပုံ ဖြစ်ပါတယ်။
 
နိုင်ငံရေးသမား၊ စာရေးဆရာနဲ့ သတင်းစာတိုက်ပိုင်ရှင် စတိုက်ချာဟာ သူကိုယ်ပိုင် သတင်းစာတိုက်မှ နေ၍ နာဇီပါတီရဲ့ အာဘော်တွေနဲ့ အတူ ဂျူးလူမျိုး တွေကိုခွဲခြား ဆန့်ကျင်ရေးအတွက်  ဆောင်းပါးများ ရေးသားခြင်း၊ စာအုပ်များ ထုတ်ဝေခြင်းတို့ဖြင့် အင်မတန်မှ ကလောင်စွမ်း ထက်မြက်ခဲ့ပါတယ်။
 
အထင်ရှားဆုံးနဲ့ အအောင်မြင်ဆုံး စာအုပ်ကတော့ "အဆိပ်ရှိသောမှိုများ" လို့နာမည်ရတဲ့ ဂျူးတွေကို သတ်ဖြတ်ချင်စိတ်များ ဖြစ်ပေါ်လာအောင် လှုံ့ဆော်ထားတဲ့ "ကလေးဖတ် ပုံပြင်စာအုပ်" ဖြစ်ပြီး ကျောင်းသုံး ဗလာစာအုပ်အဖြစ် ပြဋ္ဌာန်းရတဲ့ အထိ အောင်မြင်မှူ ရခဲ့ပါတယ်။
 
စတိုက်ချာရဲ့ ကလောင်စွမ်း ထက်မြက်မှူကြောင့် နာဇီ ဗိုလ်ချုပ်ကြီးများရဲ့ မြောတ်စားမှူကို ခံရပြီး ဂျာမဏနိုင်ငံတလွှားမှာ စတိုက်ချာရဲ့ ဩဇာအာဏာဟာ အလွန်ပဲတန်ခိုးထွားခဲ့ပါတယ်။
 
စစ်ကြီးပြီးတဲ့ အချိန်မှာတော့ စတိုက်ချာဟာ သူရဲ့ ချစ်လှစွာသော ဗိုလ်ချုပ်ကြီးများနှင့်အတူ နုရင်ဘတ်ခုံရုံးကို တတ်ခဲ့ရပါတယ်။ တချိန်တုန်းက အောင်မြင် ကျော်ကြားခဲ့သမျှ၊ ကလောင်စွမ်း ထက်ခဲ့သမျှတွေဟာ ခုံရုံးအရောက်မှာတော့ သူနဲ့သူ့ရဲ့ ဗိုလ်ချုပ်တွေကို စွဲချက်တင်ဖို့ သက်သေ အထောက်အထား ကောင်းကောင်းကြီးအဖြစ် တင်ပြနိုင်ခဲ့ပါတယ်။
 
နောက်ဆုံးမှာတော့ မီဒီယာသမားတဦးဖြစ်တဲ့ စတိုက်ချာဟာလည်း သူရဲ့ ချစ်လှစွာသော နာဇီဗိုလ်ချုပ်ကြီး ကိုးယောက်နဲ့ အတူ နုရင်ဘတ်တရားရုံးမှ ကြိုးပေးကွပ်မျက်ခြင်းကို ခံခဲ့ရပါတော့တယ်။ မကောင်းမှူဟူသည် ဆိတ်ကွယ်ရာမရှိပါ။
 
Credit: ဝါးလုံးရှည် အတီး
အင်တာနတ်စာမျက်နှာသတင်းမှ

0 comments: