ဇန်န၀ါရီ (၁ရ ) ဒီမနက်ပိုင်း(၈း၂၀)နာရီခန့် က လိုင်ဇာ-ဗန်းမော် လမ်းပိုင်း ကန်တော့ကုန်း ဘက်မှတက်လာတဲ့ မြန်မာအစိုးရတပ်တွေ နဲ့  ကေအိုင်အေပူးပေါင်းတပ်ဖွဲ့ တွေ ဖွန်ပျန်ဘွမ်...တောင်ခြေမှာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ အစိုးရတပ်တွေ အထိနာကာ အကျအရှုံးများလာတဲ့ အတွက် တပ်ပြန်ဆုတ်သွားကြောင်း ထပ်မံသိရတယ်။ တိုက်ပွဲအတွင်း မြန်မာအစိုးရ တပ်များထံမှ RPG bazooka (၁)လက် နဲ့ ကျည် (၁)လုံး ၊ ဗုံးသီး (၂ )လုံး ၊ ၈၁ မော်တာကျည် (၂)လုံး ၊ MG-42 ငါးကြင်းမြီး ကျည် (၄၀)တောင့် ၊ MA-1 လက်နက်ငယ် ကျည်တောင့် (၄၀၀ ) သိမ်းဆည်း ရရှိကြောင်း ကေအိုင်အေ ရှေ့ တန်းမှ သတင်းပေးပို့ ပါတယ်။ လေကြောင်းမှ ထပ်မံတိုက်ခိုက် ခယာဘွမ် KIA တပ်စခန်းကို ညနေ ၄ နာရီ ၁၅ မိနစ်တွင် Jet Fighter(၂)စီးက လာရောက် ပစ်ခတ်၊ ဗုံးကျဲ တိုက်ခိုက်ခဲ့သည်။ ယင်းလေယာဉ်(၂)စီး ပစ်ခတ်မှု ပြီးဆုံးသည်နှင့် ၄ နာရီ ၄၅ မိနစ်တွင် နောက်ထပ် Jet Fighter(၂)စီး ထပ်မံရောက်လာကာ ဗုံးကျဲး၊ ဒုံးဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။ တစ်ကြိမ် လာတိုင်း မိနစ် ၃၀ ခန့်ကြာ ပျံဝဲ၍ ပစ်ခတ် တိုက်ခိုက်မှုကို ပြုလုပ်လေ့ရှိသည်။ လေယာဉ်မှ ပစ်ခတ်ပြီးသည်နှင့် မြေပြင် ထိုးစစ်တိုက်ပွဲကို ၅ နာရီ ၁၅ မိနစ်မှစတင်ကာ တိုက်ပွဲ ပြင်းထန်လျက် ရှိသည်။ ဖားကန့်သတင်း KIA တပ်ရင်း ၆ ဖက်သို့  ထိုးစစ်ဆင်လာသော ဗမာစစ် ကြောင်း နဲ့  KIA ရဲဘော်များ ယုန်းချိုမှော်မှာ တိုက်ပွဲဖြစ်ပြီး ဗမာစစ်သား (၃၀)ရောက် လက်နက်ပါ ဖမ်းဆီးရ ရှိကြောင်း သတင်းရရှိ.......
Post a Comment
0 comments:
Post a Comment