သတင်းစာမှာ ဖော်ပြထားတဲ့ သတင်းနဲ့ ဓာတ်ပုံက ကျွန်တော်တို့ သတင်းစာက သတင်းထောက်နဲ့ အယ်ဒီတာတွေ ရေးသား ဖော်ပြထားတာ မဟုတ်ပါဘူး။ သတင်းရော ဓာတ်ပုံပါ သတင်းစဉ်ဆိုတဲ့ ဌာနက ပို့တာကို သတင်းစာတိုက်များက မထည့်မနေရ ထည့်သွင်း ဖော်ပြ ရခြင်းဖြစ်ပါတယ်။ အခု ဆရာ ဦးရဲထွဋ် ပြန်လည်ဖြေကြားပုံက သတင်းစာတိုက်က သတင်းထောက်တွေ အယ်ဒီတာတွေ ညံ့ဖျင်းပြီး မစိစစ်ဘဲ ဖော်ပြထားတာမျိုး ဖြစ်နေပါတယ်။ ဒီပြောကြားချက်ကို လုံးဝ လက်မခံ ပါဘူး။ သတင်းစာကို သတင်းစဉ်က ရာနှုန်းပြည့် လွှမ်းမိုးခြယ်လှယ် ချုပ်ကိုင်ထားပြီး သတင်းမှားတိုင် ပုံမှားတိုင်း သတင်းစာတိုက်က အယ်ဒီတာတွေ သတင်းထောက်တွေ ပေါ့လျော့မှုလို့ ပြောနေတာက လုံးဝ မဖြစ်သင့်တော့တဲ့ ကိစ္စပါ။ ဒါကို ဒုဝန်ကြီး တစ်ဦးအနေနဲ့ အမှန်တကယ် မသိတာလား သိရဲ့သားနဲ့ ပြည်သူတွေနဲ့ သတင်းစာတိုက်က လူတွေကြား ထင်မြင် လွဲမှားအောင် လုပ်နေတာလားဆိုတာ စဥ်းစားစရာ ဖြစ်နေပါတယ်။ သတင်းစဉ်ရဲ့ အမှားတွေကို သတင်းစာတိုက်က မြင်လို့ ပြင်ဆင်ခွင့် မရှိသလို သတင်းစဉ်မှ ဗိုလ်ပြုတ်များရဲ့ ဆုံးဖြတ်ချက် များသာ အမှန်ဟု အတင်းအဓ္ဓမ စီရင်ဆုံးဖြတ်နေတာကလဲ လုံးဝကို မဖြစ်သင့်တော့တဲ့ ကိစ္စတစ်ခုပါပဲ ခင်ဗျာ။ ဆရာ ဦးရဲထွဋ်အနေနဲ့ အောက်ခြေအထိ ကွင်းဆင်း လေ့လာ သုံးသပ်နိုင်ပါတယ်။
( Kyaw Zeyar Myint )
Thursday, January 31, 2013
ဦးရဲထွဋ်အနေနဲ့ အောက်ခြေအထိ ကွင်းဆင်း လေ့လာပါ
ဆရာ ဦးရဲထွဋ် ခင်ဗျား -
ဆက်စပ်သတင်း
နိုင်ငံပိုင် သတင်းစာက ဖြတ်ကပ်ညှပ်ဓာတ်ပုံ ဖော်ပြမှု ဦးရဲထွဋ် ဖြေရှင်းချက်http://blog.irrawaddy.org/2013/01/blog-post_811.html
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment