
၉-၂-၂၀၁၂ နေ့ ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံတော်အမျိုးသား စီမံကိန်း ဥပဒေကြမ်း ကို ဆွေးနွေးစဉ် မကွေးတိုင်းမဲဆန္ဒယ် အမှတ် (၁၂)၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ (ပြည်ခိုင်ဖြိုးပါတီ) က
“အခု ကျနော် ပြောတာဟာ ပါတီကိုယ်စား ပြောတာပါ” ဟု အစချီပြီး “ရခိုင်ကိုယ်စားလှယ် ၅ ဦး ပြောရင် ၅ ဦးလုံး လျှပ်စစ်တောင်းတယ်၊ ကျောက်ဖြူ လူထုအစည်းအဝေး မှာတုန်းကလည်း ရွှေဂက်စ်က လျှပ်စစ်မရရင် လူထုဆန္ဒပြမယ်လို့ ပြောတယ်။ မိုးကုတ်က ကျောက်ထွက်လို့ မိုးကုတ်ကို ပေးရမလား၊ ရေနံချောင်းက ရေနံထွက်လို့ ရေနံချောင်းကို ပေးရမလား၊ ကိုယ့်ဒေသ ထွက်တိုင်း ပေးရမလား” လို့ နောက်လှည့် လက်ပြပြီး ဒေါမာန်အပြည့်နဲ့ ပြောသွားပါတယ်။
ဖွတ်ကိုယ်စားလှယ် ဦးလှဆွေ
မဟာလူမျိုးကြီးစိတ်ဓါတ်ဆိုတာ ဖွတ်ကိုယ်စားလှယ် ဦးလှဆွေ လိုလူပါ။ မင်းတို့ ပထွေး ပြည်တွင်းစစ် နှစ် ၆၀ ကျော် နှိပ်စက်ခဲ့လို့ ချွတ်ခြုံမွဲပြာခဲ့ကြရတဲ တပြည်ထောင် ညီနောင်တိုင်းရင်းသားတွေကို မစာနာ
(တိုင်းရင်းသားဒေသနဲ့ +တိုင်းဒေသ)မှာ တိုးတက်မှုတွေ ညီမျှ...ရဲ့လါး ?????
ဖွံ့ဖြိုးမှုတွေလဲ တန်းတူမျှတအောင်လုပ်ခဲ့ကြရဲ့လား?????
တိုင်းရင်းသားဒေသတွေကို ရောက်ဘူးရဲ့လား?????
အာဏာရှင်စိတ်မကုန် မင်းလိုတယူသန် လူမျိုးကြီးစိတ်တွေကြောင့် ... ညီမျှရေး သင့်မြတ်ရေး ...ရမှာမဟုတ်ဘူး။ ရိုးသားကြတဲ့ မြန်မာတိုင်းရင်းသား မိတ်ဆွေတွေကိုတော့ အားနာပါတယ်။
မိုင်းကျော်ဦး
0 comments:
Post a Comment