

သံဖြူဇရပ် မြို့မဈေးရှိ ဆိုင်ခန်းပေါင်း ၅၆၉ ခန်း မီးလောင်ကျွမ်းမှုကြောင့် ကျပ် သန်းပေါင်း သောင်းချီ ဆုံးရူံး ခဲ့ကြောင်း ဈေးသူဈေး သားများက ပြောဆိုသည်။ ဇန်နဝါရီ ၁၉ ရက်နေ့ ည ၁၁ နာရီခွဲခန့် တွင် စတင်လောင်ကျွမ်းခဲ့သော ထိုမီးသည် နောက်နေ့ မနက် ၅နာ ရီ ခန့်တွင်မှ ငြိမ်းသွားခဲ့သည်။
ဝါယာကြိုး ပေါက်ခြင်းမှ စတင်မီးလောင် ကျွမ်းသည် ဟု သံဖြူဇရပ် မီးသတ်ဌာနမှ ဆိုသော်လည်း ထိုအချိန် လျှပ်စစ်မီး မလာကြောင်း ပြောဆိုသော မြို့ခံများလည်း ရှိသည်။

သံဖြူဇရပ် ဈေးသစ် တည်ဆောက်ရန် ပြီးခဲ့သည့် နှစ်ပိုင်းက အာဏာပိုင်များက ပြောဆို ခဲ့ဖူးပြီး နောက် ထိုသို့ လောင်ကျွမ်းခြင်း ဖြစ်ကြောင်း မြို့ခံ အချို့က ဆိုကြသည်။
Copy from - The Voice Weekly
0 comments:
Post a Comment