Photo by - Khu Daun
၁။ လွတ်လပ်ရေး မရခင်က တန်းတူရေးကို ကတိကဝတ်ပြုပြီး (၁၀)နှစ် ပေါင်းကြည့်ပါ၊ အဆင်မပြေရင် ခွဲထွက်ပါလို့ ဆိုခဲ့တယ်။ လွတ်လပ်ရေးရတဲ့အခါ ကတိပေးသူက မရှိတော့လို့ တင်းပြည့် ဖက်ဒရယ် စနစ်ကို မပေးဘဲ တစ်မတ်သား ဖက်ဒရယ်ကိုသာ ပေးခဲ့တယ်။ (၁၀)နှစ် ကြာတဲ့အခါ အိမ်စောင့် အစိုးရအစိုးရ တက်လာတယ်။ ၁၉၆၂ ခုနှစ်မှာ စစ်အာဏာ သိမ်းခဲ့ပြီး တစ်မတ်သား ဖက်ဒရယ်ကိုပါ ဖျက်သိမ်းခဲ့တယ်။ ဖက်ဒရယ်ကိုလည်း ခွဲထွက်ရေး အမည်တပ်ပြီး တပြည်ထောင်စနစ်ကို ကျင့်သုံး လာခဲ့သည်မှာ ဒီကနေ့အထိပါပဲ။ ဒါဟာ တိုင်းရင်းသား လူမျိုးများကို သစ္စာဖောက်ခဲ့ခြင်းသာ ဖြစ်ပါတယ်။
၂။ ၂၀၀၈ ခု၊ ဖွဲ့စည်းပုံ အခြေခံဥပေဒကို လက်ခံပါ၊ လွှတ်တော်ထဲကို ဝင်ပါ၊ ဥပဒေဆိုတာ လူရေးထားတာပါ၊ ပြင်နိုင်ပါတယ်လို့ မျှားခေါ်ခဲ့ပြီး မိမိအစိုးရ တရားဝင်အောင် မလိမ့်တပတ်နဲ့ လှည့်စားခဲ့တယ်။ ဒီချုပ်အနေနဲ့ မိမိတရားဝင် ရပ်တည်ချက်ဖြစ်တဲ့ ရွှေဂုံတိုင် ရပ်တည်ချက်နဲ့ ၁၉၉၀ ရွေးကောက်ပွဲကို ရလာဒ်ကို စွန့်လွှတ်ခဲ့ပြီး ပြည်ခိုင်ဖြိုး အစိုးရနဲ့အတူ လက်တွဲကူပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့၊ တရားဥပဒေ စိုးမိုးဖို့၊ ပြည်တွင်း ငြိမ်းချမ်းရေးရဖို့ လွှတ်တော်ထဲ ဝင်ခဲ့တယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျေးဇူးကြောင့် ၂၀၀၈ ဥပဒေလည်း တရားဝင်ခဲ့ပြီ၊ အစိုးရလည်း တရားဝင်ခဲ့ပြီ၊ ကမ္ဘာ့အလယ်မှာ ထယ်ထယ်ဝါဝါ ရပ်တည်နိုင်ခဲ့ပြီ။ ဒီအချိန်မှာ ၂၀၀၈ ဥပဒေ ပြင်ဆင်ဖို့ကို ငြင်းဆိုတယ်၊ ကြေးနီစီမံကိန်း အကြမ်းဖက်မှုကို ဖန်တီးပြီး စိုးမိုးအေးချမ်း ဥက္ကဋ္ဌကို အလုပ်များစေတယ်၊ ငြိမ်းချမ်းရေး ကော်မတီမှာ လူထုခေါင်းဆောင်ကို ပါဝင်ခွင့်မပြုဘဲ တပ်မတော်ကို လက်တို့ပြီး ကချင်စစ်မီးကို တောက်လောင်စေခဲ့တယ်။ မိမိက တရားဝင်ဖြစ်ပြီမို့ အတိုက်အခံများကို ကျုံးသွင်းပြီး ခိုင်းဖို့၊ မနာခံတဲ့ အတိုက်အခံများနဲ့ တိုင်းရင်းသားများကို တရားမဝင်ကြောင်း တံဆိပ်ကပ်ဖို့ အစပျိုးနေပြီလို့ သိထားရမှာဖြစ်တယ်။ ဒါဟာ အတိုက်အခံများကို ကျေးဇူးကန်းခြင်းသာ ဖြစ်ပါတယ်။

Ven Ravika
0 comments:
Post a Comment