Wednesday, January 30, 2013

လက်ပံတောင်းတောင် သပိတ်စခန်းများ ဖြိုခွင်းခံရခြင်း နှစ်လပြည့် ဆန္ဒထုတ်ဖော်

လက်ပံတောင်းတောင် သပိတ်စခန်းများ ဖြိုခွင်းခံရခြင်း နှစ်လပြည့် ဆန္ဒထုတ်ဖော်
 
လက်ပံတောင်းတောင် သပိတ်စခန်းများ ဖြိုခွင်းခံရခြင်း နှစ်လပြည့်မြောက်သည့် ယနေ့ ဇန်နဝါရီလ၂၉ ရက်နေ့တွင် စီမံကိန်း ဒေသခံ ပြည်သူများက မြန်မာဝမ်ပေါင် ကုမ္ပဏီရှေ့ ရှိ ပုသိမ်-မုံရွာ အဝေးပြေး လမ်းမကြီးပေါ်တွင် ဆန္ဒထုတ်ဖော်ခဲ့ရာ လက်ပံတောင်းတောင် စီမံကိန်း ဖျက်သိမ်းရေး၊ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားမှုအား ပယ်ဖျက်ပေးရေး၊ ပြည်သူများ၏ နစ်နာချက် လွှတ်တော်က အမြန်ဆောင်ရွက်၊ သပိတ်စခန်း ဖြိုခွင်းမှုတွင် ပါဝင်ခဲ့သူများအား အမြန်ဆုံး အရေးယူပေးရေးနှင့် လက်ပံတောင်းတောင်အရေး ဆောင်ရွက်သူများအား ဖမ်းဆီးထားမှုများ ချက်ချင်းလွှတ် စသည့် အချက် ၅ ချက်အား တောင်းဆိုခဲ့ကြောင်း ယင်းဆန္ဒ ထုတ်ဖော်မှုတွင် ပါဝင်ခဲ့သူတဦးက ပြောကြားသည်။
 

Copy from - The Voice Weekly's Photos & News

0 comments: