Friday, January 4, 2013

ကချင်မှာ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ကုလစိုးရိမ်

ကချင်မှာ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ကုလစိုးရိမ်
.............................................................................
2013-01-03 

မြန်မာနိုင်ငံ ကချင်ပြည်နယ် အတွင်း အစိုးရတပ်တွေက လေကြောင်း ပစ်ကူတွေနဲ့ တိုက်ခိုက်နေတဲ့ သတင်းတွေ ကြားသိရတဲ့အတွက် စိုးရိမ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း က မနေ့က ပြောလိုက်ပါတယ်။

ကုလသမဂ္ဂ ပြောခွင့်ရသူ မာတင် နဆာကီ က ကချင်ပြည်နယ်တွင်းက တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး အသေးစိတ်သတင်းတွေ ထွက်ပေါ်လာနေဆဲဖြစ်သလို၊ အနီးကပ်စောင့်ကြည့်နေဆဲလည်း ဖြစ်ပါတယ်၊ ဒီအတွင်း မြန်မာအာဏာပိုင်တွေအနေနဲ့ ဒေသတွင်းပြည်သူတွေအတွက် အသက်အန္တရာယ်ရှိတဲ့၊ ဒေသတွင်း ပဋိပက္ခတွေ ပိုပြီးပြင်းထန်သွားမယ့် ဘယ်လိုဆောင်ရွက်ချက်မျိုးကိုမှမလုပ်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် က တိုက်တွန်းလိုက်ပါတယ် လို့ ပြောကြားခဲ့ပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ အစိုးရဟာ ၁၉၈၈ခုနှစ် ပြည်သူ့ဒီမိုကရေစီတောင်းဆိုလှုပ်ရှားမှုကြီး နောက်ပိုင်း ၁၇နှစ်ကြာ အပစ်အခတ်ရပ်စဲထားခဲ့ရာက စစ်ရေးပဋိပက္ခတွေပြန်ဖြစ်လာခဲ့တာ နှစ်နှစ်နီးပါးရှိခဲ့ပြီဖြစ်ပါတယ်။ လက်ရှိပဋိပက္ခတွေကြောင့် ဒေသခံလူထုတွေအများအပြား နေရပ်စွန့်ထွက်ပြေးခဲ့ကြရပြီး အကူအညီတွေလိုအပ်နေပါတယ်။ ဒုက္ခသည်တွေဆီကို အကူအညီတွေ အချိန်မီ ရောက်ရှိနိုင်ရေးဟာ အရေးကြီးနေပါတယ် လို့လည်း ကုလသမဂ္ဂပြောခွင့်ရသူ မာတင်နဆာကီ က ပြောပါတယ်။


RFA မြန်မာပိုင်း

 2013-01-03

မြန်မာနိုင်ငံ ကချင်ပြည်နယ် အတွင်း အစိုးရတပ်တွေက လေကြောင်း ပစ်ကူတွေနဲ့ တိုက်ခိုက်နေတဲ့ သတင်းတွေ ကြားသိရတဲ့အတွက် စိုးရိမ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း က မနေ့က ပြောလိုက်ပါတယ်။

ကုလသမဂ္ဂ ပြောခွင့်ရသူ မာတင် နဆာကီ က ကချင်ပြည်နယ်တွင်းက တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး အသေးစိတ်သတင်းတွေ ထွက်ပေါ်လာနေဆဲဖြစ်သလို၊ အနီးကပ်စောင့်ကြည့်နေဆဲလည်း ဖြစ်ပါတယ်၊ ဒီအတွင်း မြန်မာအာဏာပိုင်တွေအနေနဲ့ ဒေသတွင်းပြည်သူတွေအတွက် အသက်အန္တရာယ်ရှိတဲ့၊ ဒေသတွင်း ပဋိပက္ခတွေ ပိုပြီးပြင်းထန်သွားမယ့် ဘယ်လိုဆောင်ရွက်ချက်မျိုးကိုမှမလုပ်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် က တိုက်တွန်းလိုက်ပါတယ် လို့ ပြောကြားခဲ့ပါတယ်။

ကချင်လွတ်မြောက်ရေး တပ်မတော် KIA နဲ့ အစိုးရဟာ ၁၉၈၈ခုနှစ် ပြည်သူ့ဒီမိုကရေစီ တောင်းဆိုလှုပ်ရှားမှုကြီး နောက်ပိုင်း ၁၇နှစ်ကြာ အပစ်အခတ် ရပ်စဲထားခဲ့ရာက စစ်ရေး ပဋိပက္ခတွေ ပြန်ဖြစ်လာခဲ့တာ နှစ်နှစ်နီးပါး ရှိခဲ့ပြီဖြစ်ပါတယ်။ လက်ရှိပဋိပက္ခတွေကြောင့် ဒေသခံ လူထုတွေအ များအပြား နေရပ်စွန့်ထွက်ပြေး ခဲ့ကြရပြီး အကူအညီတွေ လိုအပ်နေပါတယ်။ ဒုက္ခသည်တွေဆီကို အကူအညီတွေ အချိန်မီ ရောက်ရှိနိုင်ရေးဟာ အရေးကြီးနေပါတယ် လို့လည်း ကုလသမဂ္ဂပြောခွင့်ရသူ မာတင်နဆာကီ က ပြောပါတယ်။

သတင်းရင်းမြစ် - RFA မြန်မာပိုင်း

0 comments: