Friday, January 25, 2013

ဒေါ်အောင်ဆန်းစုကြည် ကိုရီးယားခရီးစဉ် ဂျပန်ထက်စောခြင်း ၂၀၁၃ အထူးအိုလံပစ် ပွဲကြောင့်ဖြစ်သည်။

ဟာဝိုင်ယီပြည်နယ် ဟိုနိုလူလူမြို့၌သို့ ဒေသစံတော်ချိန်၂၄-၁-၂၀၁၃ နံနက် ၁၀း၃၀တွင် ရောက်ရှိခဲ့ပါသည်။(Jack Ko)
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်နိုင်ငံနှင့် တောင်ကိုရီးယား နိုင်ငံတို့သို့ ၉ ရက်ကြာ သွားရောက်မည့် ခရီးစဉ်အတွက် ဇန်န၀ါရီလ၂၄ရက်၊ မနက်ပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထိုင်းလေကြောင်းလိုင်း ဖြင့် စတင်ထွက်ခွာသွားပြီ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့မှ ထိုင်းနိုင်ငံ ဗန်ကောက်မြို့၊ ဗန်ကောက်မှ တစ်ဆင့် တောင်ကိုရီးယား နိုင်ငံ၊ ထိုမှအမေရိကန်ပြည်ထောင်စုသို့ သွားရောက်ပြီး အမေရိကန် ခရီးစဉ်မှ အပြန်တွင် တောင်ကိုရီးယားနိုင်ငံသို့ ပြန်လည် ၀င်ရောက်မည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်ခြင်း နှင့်ပတ်သက်၍ ဂျပန်နိုင်ငံရှိ ပြည်သူများက တောင်ကိုရီးယား နိုင်ငံထက် ဂျပန်နိုင်ငံသို့ အရင်လာရောက်ရန် မျှော်လင့်လျက်ရှိရာ ယခုကဲ့သို့ တောင်ကိုရီးယားသို့အ ရင်သွားရောက်ခြင်းကို မေးခွန်းထုတ်လျက်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်က တောင်ကိုရီးယားသို့ အရင်သွားရောက်ခြင်းအပေါ် ““အဲဒါက ၂၀၁၃ ခုနှစ် အထူး အိုလံပစ်ကြောင့်ပါ။ ဒါကိုအကြောင်းပြုပြီး အရင်သွားဖြစ်တာပါ””ဟု ပြောသည်။ဒေါ်အောင်ဆန်းစုကြည်သည် ဇန်န၀ါ ရီလ ၂၅ ရက်တွင် အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီပြည်နယ်၊ ဟိုနိုလူလူ၌ ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံပြီး ထိုနေ့တွင်ပင် ဟာဝိုင်ယီရောက် မြန်မာမိသားစု များနှင့်တွေ့ဆုံမည်ဖြစ်သည်။ ဇန်န၀ါရီလ ၂၆ ရက်တွင် ဟိုနိုလူလူမြို့တွင် ကျင်းပမည့် ရိုထရီငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်ကာ မိန့်ခွန်း ပြောကြားပြီး ဟိုနိုလူလူ ငြိမ်းချမ်းရေးဆု (Hawaii Peace Award)

ကို လက်ခံရယူမည် ဖြစ်သည်။

ထို့နောက် ဇန်န၀ါရီလ ၂၇ ရက်တွင် ဟိုနိုလူလူမြို့မှ တောင်ကိုရီးယားနိုင်ငံသို ပြန်လည်ထွက်ခွာမည်ဖြစ်ပြီး ဇန်န၀ါရီလ ၂၉ ရက်တွင် လက်ရှိ တောင်ကိုရီးယား သမ္မတ အီမြောင်ဘတ်၊ သမ္မတသစ် အဖြစ် ရွေးချယ်ခြင်းခံထားရသော တစ်ချိန်က တောင်ကိုရီးယား အာဏာရှင် ပတ်ချုံဟီး ၏သမီးမစ္စပက်ဂွန်ဟေး တို့နှင့်တွေ့ဆုံမည် ဖြစ်သည်။

ယင်းနေ့တွင်ပင် ပြုံးချန်းမြို့တွင် ပြုလုပ်သည့် ၂၀၁၃ အထူး အိုလံပစ် ဖွင့်ပွဲသို့ တက်ရောက်မည် ဖြစ်ကာ ဇန်န၀ါရီ ၃၀ ရက်တွင် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးရေး ထိပ်သီးညီလာခံ (Global Development Summit) သို့တက်ရောက်မည် ဖြစ်သည်။

ဇန်န၀ါရီလ ၃၁ ရက်တွင် မေ၁၈ ဖောင် ဒေးရှင်းညီလာခံသို့ တက်ရောက်ကာ ကွမ်ကျူးဆုကို လက်ခံရယူကာ ဖေဖော်ဝါရီ ၁ ရက်တွင် ဆိုးလ်အမျိုးသား တက္ကသိုလ်တွင် မိန့်ခွန်းေ ပြာကြားပြီး ယင်းနေ့ ည နေပိုင်းတွင် မြန်မာနိုင်ငံသို့ပြန်လည်ထွက် ခွာလာမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် တောင်ကိုရီးယားသမ္မတသစ်၊ အာဏာရှင် ပတ်ချုံဟီး၏သမီး ပက်ဂွန်ဟေးနှင့် တွေ့ဆုံဆွေးနွေးမည့် အကြောင်းအရာများကိုမူ ပြောကြားနိုင်ခြင်းမရှိသေးကြောင်း မြန်မာသံတော်ဆင့်သို့ ပြောသည်။

 
Kyaw Swar Myintအင်တာနက်စာမျက်နှာသတင်းမှ

0 comments: