Monday, January 14, 2013

အစိုးရတပ်မှ လှိုင်ဇာမြို့ ထဲလက်နက်ကြီးဖြင့်ပစ်၊အရပ်သား(၃)ဦးသေ၊(၇)ဦးဒဏ်ရာရ


မြန်မာ စစ်ဘက်က 120 မီလီမီတာ အမြောက်ဖြင့် တိုက်ရိုက် ထိမှန်ကျရောက် ပေါက်ကွဲသော ခါကျန်ရပ်ကွက်မှ လူနေအိမ်
 

အစိုးရ စစ်တပ်ဘက်မှ ပစ်ခတ်သည့် လက်နက်ကြီး ကျည်ဆန်များ လိုင်ဇာမြို့တွင်း ခကျန် ရပ်ကွက်ထဲသို့ (14/1/2013)ရက်နေ့ နံနက်(၈း၃၀)နာရီ အချိန်တွင် ကျရောက်ပေါက်ကွဲ သဖြင့် အမျိုးသား ၁ ဦး သေဆုံးပြီး၊ ကလေး ၃ ဦး၊ အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၁ ဦး ဒဏ်ရာ ရရှိကြောင်း သတင်းရရှိသည်။

ပထမအကြိမ် ပစ်ခတ်မှုတွင် မီးလှုံနေသည့် မိသားစုအနီး ကျရောက် ပေါက်ကွဲပြီး အမျိုးသား ၁ ဦး ပွဲချင်းပြီး သေဆုံးပြီး ကလေး ၂ ဦးနှင့် အမျိုးသမီး ၁ ဦး၊ အမျိုးသား ၁ ဦး ဒဏ်ရာ ရခြင်းဖြစ်ကြောင်း၊ ဒုတိယအကြိမ် ပစ်ခတ်မှုတွင် နေအိမ်ပေါ် တိုက်ရိုက် ကျခဲ့ပြီး အိမ်ထဲမှ ကလေးတဦး ဒဏ်ရာ ရရှိခြင်းဖြစ်ကြောင်း သိရသည်။
 
နောက်ဆုံး ရရှိသည့် သတင်းများအရ ဒဏ်ရာ ရသူများကို ဆေးရုံပို့ရာ ၂ ဦး ထပ်မံ သေဆုံးပြီး မည်သူများ ဖြစ်ကြောင်းကို မသိရသေးပေ။ အားလုံး စုစုပေါင်းဒဏ်ရာရရှိသူ (၇)ဦးရှိပြီ ဖြစ်ကြောင်း သတင်း ရရှိပါသည်။
 
(10:00)am
Copy from - Lachid Kachin

0 comments: