Sunday, January 6, 2013

နယ်စပ် ဖြတ်ကျော် ခိုးဝင်လာသည့် ဘင်္ဂါလီများ၊ ကလေးနယ်တွင် အုပ်စုလိုက် ဖမ်းဆီးရမိနေ။

နယ်စပ်ဖြတ်ကျော်ခိုးဝင်လာသည့်ဘင်္ဂါလီများ၊ ကလေးနယ်တွင် အုပ်စုလိုက်ဖမ်းဆီးရမိနေ။

January 6, 2013 Home, သတင်း 

 ကလေးဒေသတွင်တစ်ဖက်နိုင်ငံမှဖြတ်ကျော်ခိုးဝင်လာသောဘင်္ဂါလီများအုပ်စုလိုက်မကြာခဏဖမ်းဆီးရမိလျှက်ရှိ့ရာ၊ယခု(၂၀၁၂)ခုနှစ်ဒီဇင်ဘာ လ(၃၁)ရက်နေ့က၊ကလေးမြို့တောင်ပိုင်းခုံဒိုးမြို့သာတွင်ခိုးဝင်လာသူ ဘင်္ဂါလီ(၅)ယောက်အဖွဲ့ကိုလည်းကောင်း၊ထိုနေ့မှာပင်လျှင်ကလေး-ဂန့်ဂေါရထားလမ်းဘေးကြံသာရွာတွင်ဘင်္ဂါလီ(၂)ယောက်ကိုလည်းကောင်း၊(၂၀၁၃)ဇန်န၀ါရီလ(၂)ရက်နေ့ကမြောက်စည်းရွာတွင်ဘင်္ဂါလီ(၅)ယောက်ကိုလည်းကောင်းဖမ်းဆီးရမိလျှက်ရှိ့ကြောင်းသိရသည်။ယခုဖမ်းဆီးရမိသော
ဘင်္ဂါလီများမှာအိန်္ဒိယနိုင်ငံမီဇိုရမ်ဖက်မှတစ်ဆင့်ချင်းပြည်နယ်ကိုဖြတ်၍ကလေးဒေသသို့ဝင်ရောက်လာခြင်းဖြစ်ကြောင်းသိရသည်။

““ကလေးဒေသထဲကိုခိုးဝင်လာနေတဲ့ဘင်္ဂါလီတွေရဲ့သတင်းတွေကတော့နေရာတိုင်းမှကြားနေရတယ်။တချို့ဘင်္ဂါလီတွေဆိုရင်ကလေးမြို့ထဲကအဆက်အသွယ်ကနေတစ်ဆင့်လိုင်းကားစီးပြီးမုံရွာ၊မန္တလေးကိုလိုက်သွားကြတယ်လို့သတင်းရတယ်။အခု
လည်းဖမ်းမိလိုက်တဲ့ဘင်္ဂါလီတွေဆိုတာအ၀တ်တစ်ထည်ကိုယ်တစ်ခုပဲပါတယ်၊ပိုက်ဆံလည်းများများမပါကြဘူး၊လမ်းအဆက်အသွယ်တွေကနေတစ်ဆင့်စရိတ်ယူပြီးသွားကြတယ်လို့ပြောသံကြားရတယ်။ကလေးဒေသမှာဖြစ်နေတဲ့သတင်းတွေအရလွတ်ထွက်သွား
တဲ့ဘင်္ဂါလီတွေလည်းအများကြီးလို့ပြောသံကြားရတယ်။””—-ဟုကလေးဒေသခံတစ်ဦးမှပြောသည်။         ကလေးဒေသသို့ခိုးဝင်လာသောဘင်္ဂါလီများမကြာခဏဖမ်းဆီးရမိလျှက်ရှိ့ရာ
တရားဝင်သိရသောသတင်းများအရပြီးခဲ့သည့်(၂၀၁၂)ခုနှစ်စက်တင်ဘာလ(၁၄)ရက်နေ့က၊တမူးနယ်စပ်မှခိုးဝင်လာသောဘင်္ဂါလီ(၁၀)ယောက် ကလေးနယ်ပေါက်တောရွာတွင်လည်းကောင်း၊အောက်တိုဘာ(၆)ရက်နေ့တွင်ကလေးနယ်လက်ပံချောင်းကျေးရွာတွင်-
ဘင်္ဂါလီ(၃)ယောက်၊အောက်တိုဘာ(၁၄)ရက်နေ့တွင်ဘင်္ဂါလီ(၁၆)ယောက်၊အောက်တိုဘာ(၂၀)ရက်နေ့တွင်ကလေးမြို့ဈေးင်္ကြးအရှေ့ဖက်တိုက်တန်းတွင်ဖမ်းမိသောဘင်္ဂါလီ(၁)ယောက်၊အောက်တိုဘာလ(၂၄)ရက်နေ့တွင် ကလေးမြို့ပေါ် တွင်ဖမ်းမိသောဘင်္ဂါလီ(၃)ယောက်၊နိုဝင်ဘာ(၅)ရက်နေ့တွင်ကလေးမြို့အနောက်ဖက်ချင်းတောင်ခြေရင်းလျှို
အတွင်းမှဖမ်းမိသောဘင်္ဂါလီ(၁၉)ယောက်တို့ကိုဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
                                       

 ကောင်းမြတ်သူ(ကလေး) 

အေးချမ်းမွန်မှ  The Hot News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

January 6, 2013

ကလေးဒေသတွင် တစ်ဖက်နိုင်ငံမှ ဖြတ်ကျော် ခိုးဝင်လာသော ဘင်္ဂါလီများ အုပ်စုလိုက် မကြာခဏ ဖမ်းဆီးရမိလျှက်ရှိ့ရာ၊ ယခု(၂၀၁၂)ခုနှစ် ဒီဇင်ဘာ လ(၃၁)ရက်နေ့က၊ကလေးမြို့တောင်ပိုင်း ခုံဒိုးမြို့သာတွင် ခိုးဝင်လာသူ ဘင်္ဂါလီ (၅) ယောက် အဖွဲ့ကိုလည်းကောင်း၊ ထိုနေ့မှာပင်လျှင် ကလေး-ဂန့်ဂေါ ရထားလမ်းဘေး ကြံသာရွာတွင် ဘင်္ဂါလီ(၂)ယောက်ကို လည်းကောင်း၊ (၂၀၁၃) ဇန်န၀ါရီလ(၂)ရက် နေ့က မြောက်စည်းရွာတွင် ဘင်္ဂါလီ (၅) ယောက် ကိုလည်းကောင်း ဖမ်းဆီးရမိလျှက် ရှိ့ကြောင်း သိရသည်။
 
ယခု ဖမ်းဆီးရမိသော ဘင်္ဂါလီများမှာ အိန်္ဒိယနိုင်ငံ မီဇိုရမ်ဖက်မှ တစ်ဆင့် ချင်းပြည်နယ်ကို ဖြတ်၍ ကလေးဒေသသို့ ၀င်ရောက်လာခြင်း ဖြစ်ကြောင်း သိရသည်။

““ကလေးဒေသထဲကို ခိုးဝင်လာနေတဲ့ ဘင်္ဂါလီတွေရဲ့ သတင်းတွေကတော့ နေရာတိုင်းမှ ကြားနေရတယ်။တချို့ ဘင်္ဂါလီတွေဆိုရင် ကလေးမြို့ထဲက အဆက်အသွယ်ကနေ တစ်ဆင့် လိုင်းကားစီးပြီး မုံရွာ၊မန္တလေးကို လိုက်သွားကြတယ်လို့ သတင်းရတယ်။ အခုလည်း ဖမ်းမိလိုက်တဲ့ ဘင်္ဂါလီတွေဆိုတာ အ၀တ်တစ်ထည် ကိုယ်တစ်ခုပဲ ပါတယ်၊ပိုက်ဆံလည်း များများမပါကြဘူး၊ လမ်းအဆက်အသွယ် တွေကနေ တစ်ဆင့် စရိတ်ယူပြီး သွားကြတယ်လို့ ပြောသံကြားရတယ်။ ကလေး ဒေသမှာဖြစ်နေတဲ့ သတင်းတွေအရ လွတ်ထွက်သွားတဲ့ ဘင်္ဂါလီတွေလည်း အများကြီးလို့ ပြောသံကြားရတယ်။”” ဟုကလေး ဒေသခံ တစ်ဦးမှ ပြောသည်။   
     
ကလေးဒေသသို့ ခိုးဝင်လာသော ဘင်္ဂါလီများ မကြာခဏ ဖမ်းဆီးရမိလျှက်ရှိ့ရာ တရားဝင် သိရသော သတင်းများအရ ပြီးခဲ့သည့် (၂၀၁၂)ခုနှစ် စက်တင်ဘာလ (၁၄) ရက်နေ့က၊ တမူးနယ်စပ်မှ ခိုးဝင်လာသော ဘင်္ဂါလီ(၁၀)ယောက် ကလေးနယ် ပေါက်တောရွာတွင် လည်းကောင်း၊အောက်တိုဘာ( ၆) ရက်နေ့တွင် ကလေးနယ် လက်ပံချောင်း ကျေးရွာတွင်- ဘင်္ဂါလီ (၃) ယောက်၊ အောက်တိုဘာ (၁၄) ရက်နေ့တွင် ဘင်္ဂါလီ (၁၆) ယောက်၊ အောက်တိုဘာ (၂၀)ရက်နေ့တွင် ကလေးမြို့ ဈေးင်္ကြးအရှေ့ဖက် တိုက်တန်းတွင် ဖမ်းမိသော ဘင်္ဂါလီ (၁) ယောက်၊အောက်တိုဘာလ (၂၄) ရက်နေ့တွင် ကလေးမြို့ပေါ် တွင်ဖမ်းမိသော ဘင်္ဂါလီ (၃) ယောက်၊ နိုဝင်ဘာ (၅)ရက်နေ့တွင် ကလေးမြို့ အနောက်ဖက် ချင်းတောင်ခြေရင်း လျှိုအတွင်းမှ ဖမ်းမိသော ဘင်္ဂါလီ (၁၉) ယောက်တို့ကိုဖ မ်းဆီးရမိခဲ့ကြောင်း သိရသည်။
ကောင်းမြတ်သူ(ကလေး)

Copy from - The Hot News

0 comments: