January 19, 2013,
ဝဲလောင်ရွာသူတဦးကို အလိုမတ...ူပဲ ၀န်ကြီးဟောင်း ဦးအောင်သောင်း မယားငယ်ပြုထားခြင်း အသက် ၇၀ ကျော် ၀န်ကြီးဟောင်း ဦးအောင်သောင်းသည် အသက် ၃၀ကျော် အညာကျေးလက်သူ တဦးကို မယားငယ်အဖြစ် တရားမ၀င် အဓမ္မ ပေါင်းသင်းနေသည်ဟု စုံစမ်းသိရသည်
တရားဝင်မယားကြီး ဒေါ်ခင်ရီရှိပါလျက် အသက် ၇၀ကျော် ၀န်ကြီးဟောင်း ဦးအောင်သောင်း တရားမ၀င် အလိုမတူပဲ ပေါင်းသင်းနေသည့် မယားငယ်ဖြစ်သူမှာ တောင်သာမြို့နယ
မအေးမို့မို့လှိုင်နှင့် အခြား မိန်းကလေများကို ၀န်ကြီး ဦးအောင်သောင်း အိမ်တွင် အိမ်ဖော်လုပ်ရန် ဆိုသည့် ခေါင်းစဉ်ဖြင့် ၀ဲလောင်ရွာမြောက်ဘက် ခံပင်ကွေ့ရွာနေ ဒေါ်ဒေါင်းသမီးနှင့် အဖွဲ့က လူကုန်ကုးသည့် ပုံစံမျိုးဖြင့် စုဆောင်း ပေးခဲ့ခြင်းဖြစ်သည်။
ဦးအောင်သောင်းသည် မအေးမို့မို့လှိုင်ကို အိမ်ဖော် မလုပ်ခိုင်းပဲ ၀န်ကြီး၏ တယ်လီဖုန်းကိုင်သူ ကိုယ်ရေး အရာရှိအဖြစ် ထားရှိပြီးေ
အိမ်ဖော်မိန်းကလေး မည်မျှ ဦးအောင်သောင်း ဖျက်ဆီးခဲ့သည်ကို တိတိကျကျ မသိရသေးသဖြင့် စုံစမ်းနေဆဲ ဖြစ်သည်။
အသက် ၇၀ကျော် ၀န်ကြီးဟောင်း ဦးအောင်သောင်းသည် မအေးမို့မို့လှိုင်ကို တရားဝင် မဟုတ်သည့် မယားငယ်သဘော ပေါင်းသင်းပြီး နေပြည်တော်မှာ တိုက်ခန်းနှင့် ထားသည်ဟု မရေမရာ သတင်း ကြားသော်လည်း ၁၀နှစ်ကျော် ပျောက်ဆုံးနေသည့် မအေးမို့မို့လှိုင်အတွက် ဆွေမျိုးများက စိတ်ပူပြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ သမ္မတ ဦးသိန်းစိန်ထံ စာရေးတိုင်မည်ဟု သိရသည်။
မအေးမို့မို့လှိုင်နှင့် ရသည့်ကလေး (ယောကျားလေး) ကို ဦးအောင်သောင်း၏ ရန်ကုန်အိမ်မှာ ထားရှိသည်။ အသက် ၈၀ နီးသည့်တိုင် အညာဒေသမှ မိန်းကလေးများကို ဖျက်ဆီးနေသည့် ဦးအောင်သောင်းကို တောင်သာ နယ်ခံများ အော့နှလုံးနာနေသည်ဟု သိရသည်။
Copy from - Vicky Mandra
0 comments:
Post a Comment