
“ အစိုးရတပ်က အမြဲတမ်း လိုက်တိုက်နေတာ့ ရှောင်လေ လာရှုပ်လေဖြစ်နေတဲ့ အတွက်ကြောင့် ကျနော်တို့ဖက်က သီး မခံနိုင်တော့လို့ တပွဲခံ ချလိုက်တာပါ။ ဒီတော့ ဒီပွဲမှာ အထိနာ သွားပုံရပါတယ်။ အဝေးဆုံးကို နောက်ဆုတ်သွားလိုက်တာပါဘဲ။” ဟုဆိုပါသည်။
ဤတိုက်ပွဲသည် KIA တပ်ရင်း (၆) လက်အောက်ခံ ညောင်ထောက်စခန်းမှ တပ်ခွဲ (၅) တပ်ဖွဲ့နှင့် စစ်ကြောင်း (၃)ကြောင်း ဖြင့် အင်း (၄၀၀) ခန့်ရှိသော ကယားပြည်နယ် အခြေစိုက် အစိုးရ၏ အမှတ်(၇)စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ ၇) တပ်ဖွဲ့များ အနက်မှ အင်အား(၁၀၀) ခန့် ရှိသည့် စစ်ကြောင်းတို့