Monday, December 31, 2012

31/ရက်နေ့ တိုက်လေယာဉ်ကြီးဖြင့်တိုက် အိမ်(၂)လုံးလောင်

(31/12/2012)ရက်နေ့ (1:00)pm နာရီအချိန် တွင်မြန်မာအစိုးရ စစ်တိုက်လယာဉ် တစ်စီး လာရောက် ဗုံးကျဲ တိုက်ခိုက်ကြောင်း သိရှိရပါသည်။ ယခင်ရက်များနှင့် မတူဘဲ စစ်သုံးတိုက်လေယာဉ် အကြီးဖြင့်လာရောက် ဗုံးကျဲတိုက်ခိုက်သွားရာ နေ အိမ်(၂ )လုံး မီးလောင်သွားကြောင်း သိရှိရပါသည်။ဗုံးကျရောက် မီးလောင်နေစဉ် ရက်ကူးထားသော သတင်းမှတ်တမ်း ရုပ်သံ။
(ကိုမင်းဌေး)

ဂျပန်နိုင်ငံရောက် ကချင်အမျိုးသားများ မြန်မာအစိုးရ၏ ထိုးစစ်အား ကန့်ကွက် ဆန္ဒထုတ်ဖော် .............

ဂျပန်နိုင်ငံရောက် ကချင်အမျိုးသားများတို့သည် မြန်မာအစိုးရ၏ ကချင်လူမျိုးများအပေါ် လူမျိုးသုန်း ထိုးစစ်ဆင်နေမှုအား ဂျပန်ပြည်သူများ သိရှိစေရန် ကန့်ကွက် ယနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ဆန္ဒထုတ်ဖော် ကန်ကွက်ခဲ့ကြပါသည်။


အမေရိကန်ရောက် ကချင်အမျိုးသားများ မြန်မာအစိုးရ၏ ထိုးစစ်အား ကန့် ကွက် ဆန္ဒထုတ်ဖော် .............

အမေရိကန်၊၀ါရှင်တန်မြန်မာ သံရုံးရှေ့

ကချင်ပြည်နယ်အတွင်း တိုက်ပွဲ အရှိန်မြင့်တက်နေခြင်းအပေါ် ၈၈မျိုးဆက်ကျောင်းသားများမှ သဘောထား ထုတ်ပြန်ချက်

ကချင်ပြည်နယ်အတွင်း တိုက်ပွဲ အရှိန်မြင့်တက်နေခြင်းအပေါ် ၈၈မျိုးဆက်ကျောင်းသားများမှ သဘောထား ထုတ်ပြန်ချက် တစ်ရပ်ကို ယနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

မြန်မာအစိုးရ ဆင်ရုပ်ဖြင့် ယတြာချေ

(မြန်မာတိုက်လေယာဉ်ပေါ်မှ ကျဲချသောဆင်ရုပ်)
 
ဒီဇင်ဘာလ (၃၀)ရက်နေ့တွင် မြန်မာ့လေတပ် ကချင်ပြည်နယ်အနှံ့ လေယာဉ်မှနေ၍ အပြာရောင် ပလပ်စတစ် ဆင်ရုပ်ကို ကျဲချခဲ့သည်။ ယင်းဆင်ရုပ်ကို မြစ်ကြီးနားမြို့၊ ၀ိုင်းမော် ဧရာဝတီမြစ်ရိုး တလျှောက်၊ လိုင်ဇာမြို့ အထက် ကောင်းကင်တွင် ပျံဝဲနေသည် တွေ့ရှိခဲ့ကြရသည်။ အချို့အရုပ်သည် တရုတ်နိုင်ငံဘက်ခြမ်းသို့လည်း ကျရောက်ခဲ့ကြောင်း သိရှိရသည်။
 
နေ့လည် (၁၂)နာရီအချိန်တွင် Bomber လေယာဉ်တစ်စီး ပျံသန်းသွားပြီး နောက် ဆင်ရုပ်ကို လေထဲ ပျံဝဲ နေသည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

ယင်းဖြစ်ပျက်မှုနှင့် ပတ်သက်၍ မြန်မာ့လေတပ် မိသားစု အသိုင်းအ၀ိုင်းမှ သိရှိရသည်မှာ - ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ဇနီး ဒေါ်ကြိုင်ကြိုင်၏ ထမီကို မီးရှို့ပြာချကာ ယင်းပြာမှုန့်ကို ဆင်ရုပ်တွင် ချိတ်ဆွဲ၍ ကချင်ပြည်နယ် အနှံ့ ကျဲချခဲ့သည် ဖြစ်ကြောင်း၊ ကချင်ပြည်နယ် တစ်ခုလုံးကို မြန်မာ့တပ်မတော်၏ စစ်ဆင်ရေး အောင်မြင်မှု ရရှိရန် ဤကဲ့သို့ ယတြာချေ ပြုလုပ်ခြင်း ဖြစ်ကြောင်း ပြောဆိုလျက် ရှိကြောင်း သိရှိရသည်။

Copy from - Lachid Kachin

ဒုက္ခသည် ကချင်တိုင်းရင်းသား ရင်ဖွင့်သံ...

Photo by- Nik Nayman
 

မနေ့က ကချင် တိုင်းရင်းသားတွေရဲ့ စကားသံ ဖုန်းနဲ့ နာလိုက်ရတယ်... ကျမတို့ ကချင်ပြည်သူတွေဟာ ဗမာ လူမျိုးစုထဲမှာ ပါသေးရဲ့လား ... လူမျိုးစု တိုင်းရင်းသားလို့ရော သတ်မှတ်ပါသေးရဲ့လား ...

ကချင်တွေကို လူမျိုးစုထဲမှာလို မသတ်မှတ်ပဲ ကျူးကျော်သူတွေလို  ဒီလိုတဖက်သတ် ထိုးစစ်ဆင် တိုက်ခိုက် နေတာတွေဟာ ဘာကြောင့်များပါလဲ နောက်ပီး သမ္မတကြီးကရော ဘယ်သူ့ရဲ့သမ္မတလဲ ကျမတို့ အရမ်းကြောက်နေရတယ်.. ဝေဟင်ရော မြေပြင်ကပါဒီလို စစ်တွေ ထိုးနှက်နေတာဟာ ကျမတို့ကို
သွေးပျက်စေတယ် ကြောက်လန့်တကြား ခိုကိုးရာမဲ့စိတ်တွေ ၀င်စေတယ် လူသားချင်း စာနာထောက်ထား မှု ဆိုင်ရာအကူ အညီတွေ တခုမှမရရှိဘဲ ကျမတို့ဟာ ဒုက္ခတွေ ကြုံတွေ့နေရတယ် ကျမတို့ လူ့အခွင့်အရေး လည်း မသိတော့ဘူး .. လွပ်လပ်ခွင့်လည်း မသိတော့ဘူး ဘာဆိုဘာမှ မသိတော့ဘဲ အကြောက်တရား သာ ဖြစ်ပေါ်နေပါတယ်လို့ ဖွင့်ဟခဲ့တယ် ဒီစစ်ပွဲကြီး ရပ်တန့်ဖို့ အားလုံး ၀ိုင်းပီး သမ္မတကို ပြောပေးကြပါလို့ လည်း ပြောရှာတယ် ..

ကျနော် အသံဖမ်းစက်ကလေး အဆုံးမှာ မျက်ရည်ပေါက်ပေါက် ကျခဲ့ရတယ်.....

ကြယ်နီ အင်တာနက်စာမျက်နှာမှကူးယူခဲ့ပါသည်။

"တရုတ်နိုင်ငံသားတွေ သစ်ထုတ်လုပ်ဖို့ အင်အား ရာနဲ့ချီ ရောက်ရှိ "

 
တရုတ်လူမျိုး အလုပ်သမား ၃၀၀ လောက် ကချင်ပြည်နယ် ဆင်ဘိုမြို့နယ်အတွင်းမှာ တရားမ၀င် သစ်ခိုးထုတ်ဖို့ ရောက်ရှိနေတယ်လို့ ဒေသခံတွေက အာအက်ဖ်အေကို ပြောပါတယ်။

 ကချင်ပြည်နယ် ဆင်ဘိုမြို့နယ် အတွင်းမှာ သစ်ထုတ်လုပ်ဖို့ စစ်ကြီးတွေနဲ့ ရောက်ရှိနေတာကို ကိုယ်တိုင် မြင်တွေ့ခဲ့တဲ့ ဆင်ဘိုမြို့ခံ တစ်ယောက်က RFA ကို ပြောပြပါတယ်။

“ဖိုက်စတား ကုမ္ပဏီလို့ နာမည်ခံထားတဲ့ တရားမ၀င် သစ်လုပ်ငန်း နဲ့ ဗမာစကားတောင် မတတ်တဲ့ တရုတ်တွေနဲ့ အင်အား ၃၀၀ လောက်နဲ့ ဆင်ဘိုရဲ့ တောင်ဘက် မန်ကင်းရွာဘက်မှာ စပြီးလှုပ်ရှားနေတာ အဲဒီ ၃၀၀လောက်က ပြောမယ်ဆို ဗမာအစိုးရကလဲ အဲဒီကို ရောက်ရောက်ပေါက်ပေါက် မသွားနိုင်ဘူးလေ ကေအိုင်အေ အခြေချထားတဲ့ နေရာဆိုတော့ ဆင်ဘိုမြို့တောင်ဘက် မန်ကင်းတော တလျှောက်ပေါ့ ကောက်ကွေ့ဂွင်ဘက်က လာမဲ့တောတွေရော ဆင်ဘို မြို့နယ်ခွဲအတွင်းက သစ်ပါပဲ နံမည်ကတော့ သစ်ကြမ်းပေါ့ ဒါပေမဲ့ ကျွန်းသစ်တွေရော ဘာတွေရော ထုတ်မှာပေါ့ မြေတူးစက်ကြီးတွေနဲ့ ရောက်နေတာ

စစ်ဦးစီးချုပ်အား ကိုမြအေးက အတိအလင်း မေးခွန်းထုတ်

စစ်ဦးစီးချုပ်အား ကိုမြအေးက အတိအလင်းမေးခွန်းထုတ်

ဒီဇင်ဘာလ (၃၀) ရက်နေ့က ကချင်ပြည်နယ်ငြိမ်းချမ်းရေးနှင့်ပက်သက်၍ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် စစ်ဦးစီးချုပ်ကို မေးခွန်းထုတ်စရာများ ရှိနေကြောင်းကို ကိုမြအေးက ပြောကြားသွားခဲ့သည် ။

“ကျွန်တော် ထောင်ကလွှတ်လာပြီးကတည်းက ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် ကြိုးစားဆောင်ရွက်နေတာ တစ်နှစ်ရှိပါပြီ ၊လက်ရှိ အခြေအနေမှာ ဘာမှအရာမထင်သေးတဲ့အပြင် ပိုပြီးဆိုးရွာလာတာတွေ တွေ့လာရတဲ့အခါမှာ လက်ရှိအစိုးရကိုမေးခွန်းထုတ်စရာ အများကြီး ရှိလာပါတယ် ၊ နောက်ကြောင်းပြန်လှည့်နေသလားလို့ သံသယဖြစ်စရာတွေ ကျွန်တော်တို့ တွေ့လာရပါတယ် ၊ နောက်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို တိတိလင်းလင်းပြောချင်ပါတယ် ၊ ဒီလိုစစ်တွေဖြစ်ပြီး ဖိအားပေးပြီးလုပ်နေတဲ့စေ့စပ်ဆွေးနွေးပွဲတွေဟာအာရပ် အစ္စရေးကို ပြန်ကြည့်ပါ ။အခုထိမပြီးဆုံးသေးပါဘူး ။ ဒီလိုအချင်းချင်း စခန်းတစ်ခုကို သိမ်းပြီးတော့မှအကယ်ဒမီဆုတွေယူဖို့ ပြိုင်နေမှာလား ဆိုတာကိုကျွန်တော် မေးချင်ပါတယ် ” ၄င်းကပြောကြားခဲ့သည် ။

ဆက်လက်ပြီး “အခုလက်ရှိုကချင်ပြည်နယ်မှာ ထိုးစစ်ဆင်နေတဲ့ပြည်တွင်းစစ်မှာ ကြောက်စရာကောင်းတဲ့ စစ်လက်နက် ပစ္စည်းတွေအပြင် လေယာဉ်တွေ ၊ ဟယ်လီကော်ပရာတွေ သုံးပြီးတော့ တိုက်နေကြရအောင် ဘာအကျိုးကျေးဇူး ရှိပါသလဲ ၊ အဲတာတွေကို ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပါတယ် ။ဒီလိုလုပ်ခြင်းအားဖြင့် တိုင်းပြည်မှာ လိုအပ်နေတဲ့ ငြိမ်းချမ်းရေးကိုလုံးဝမရနိုင်ဘူး ဆိုတာကို ကျွန်တော်ပြောချင်ပါတယ်။ ” ဟု ထပ်မံပြောကြားသွားသည် ။

ဒီဇင်ဘာလ(၂၃)ရက်နေ့ နောက်ပိုင်းမှစတင်၍ တပ်မတော်မှ ထိုးစစ်ဆင်မှုကြောင့် ထပ်မံဖြစ်ပွားနေသော အဆိုပါစစ်ပွဲတွင်တပ်မတော်ဘက်မှ ဂျနီဗာကွန်ဗင်းရှင်းပါ အချက်အလက်များအရပြည်တွင်းစစ်တွင် အသုံးမပြုရန် တားမြစ်ထားသော စစ်ဂျက်လေယဉ်များ ၊ ၁၀၅မမ ၊ ၁၂၀မမကဲ့သို့သော အဖျက်စွမ်းအားမြင့် အမြောက်များနှင့် မူးဝေအော့အန်စေသော ဓါတုလက်နက်ဟုယူဆရသည့် ဓါတ်ငွေ့များကိုအသုံးပြုနေကြောင်း ကချင်ငြိမ်းချမ်းရေးကွန်ယက်မှဒေါ်မေစံပယ်ဖြူ၏ပြောကြားချက်အရသိရသည် ။
The Myanma Age

ဒီဇင်ဘာလ (၃၀) ရက်နေ့က ကချင်ပြည်နယ်ငြိမ်းချမ်းရေးနှင့်ပက်သက်၍ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် စစ်ဦးစီးချုပ်ကို မေးခွန်းထုတ်စရာများ ရှိနေကြောင်းကို ကိုမြအေးက ပြောကြားသွားခဲ့သည် ။

“ကျွန်တော် ထောင်က လွှတ်လာပြီးကတည်းက ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ကြိုးစား ဆောင်ရွက်နေတာ တစ်နှစ်ရှိပါပြီ ၊လက်ရှိ အခြေအနေမှာ ဘာမှအရာမထင်သေးတဲ့အပြင် ပိုပြီး ဆိုးရွာလာတာတွေ တွေ့လာရတဲ့အခါမှာ လက်ရှိ အစိုးရကို မေးခွန်းထုတ်စရာ အများကြီး ရှိလာပါတယ် ၊ နောက်ကြောင်း ပြန်လှည့်နေသလားလို့ သံသယဖြစ်စရာတွေ ကျွန်တော်တို့ တွေ့လာရပါတယ် ၊ နောက်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို တိတိလင်းလင်း ပြောချင်ပါတယ် ၊ ဒီလိုစစ်တွေဖြစ်ပြီး ဖိအားပေးပြီး လုပ်နေတဲ့ စေ့စပ်ဆွေးနွေးပွဲတွေဟာ အာရပ် အစ္စရေးကို ပြန်ကြည့်ပါ ။ အခုထိ မပြီးဆုံးသေးပါဘူး ။ ဒီလိုအချင်းချင်း စခန်းတစ်ခုကို သိမ်းပြီးတော့မှ အကယ်ဒမီဆုတွေယူဖို့ ပြိုင်နေမှာလား ဆိုတာကို

ရှမ်းမြောက် ၌လည်း ပလောင် (တအာင်း) နှင့် KIA ပူးပေါင်းတပ် အစိုးရ တပ်နှင့် တိုက်ပွဲဖြစ်

 
30 December 2012,
ရှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တွင်းရှိ ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ဖွဲ့၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ TNLA တပ်စွဲ ထားသည့် နေရာတွင် ယမန် နေ့တွင် အစိုးရ တပ်ဖွဲ့ တို့နှင့် တိုက်ပွဲ ဖြစ်ပွား သွားခဲ့ သည်ဟု တအာင်း အတွင်းရေးမှုး ဖြစ်သူ ဗိုလ်မှူး တာဘုန်းကျော် က ပြောပါသည်။

“ကွတ်ခိုင် တမြို့နယ် ထဲကို စစ်ကြောင်း ၃ ကြောင်းနဲ့ လာတယ် ဆိုတော့။ ကျနော်တို့ ရှောင်လွှဲလို့ မရ တော့ဘူးလေ။ မနေ့က ကျနော်တို့ တပ်ရင်း (၁၁၂) တပ်ဖွဲ့နဲ့ KIA တပ်ရင်း (၈) တပ်ဖွဲ့တို့ ပျောက်ကျားနဲ့ ဆီးကြို ပစ်လိုက်တယ်” ဟု ဆိုပါသည်။

အဆိုပါ တိုက်ပွဲ နံနက် (၈) နာရီမှ ညနေ (၄) နာရီအထိ ဖြစ်ပွား ခဲ့သည်။ အစိုးရ တပ်ဖွဲ့မှ စစ်ကြောင်း ၂ ကြောင်း အင်အား (၁၀၀) ခန့် ရှိသည့် ကွတ်ခိုင်မြို့ အနောက် ဘက်၌ ဝင်လာသော အစိုးရ တပ်ဖွဲ့ စစ်ကြောင်းကို KIA တပ်မဟာ (၄) တပ်ရင်း (၈)၊ တအာင်း တပ်ရင်း (၁၁၂) တပ်ဖွဲ့ များက ဗန်လင်ရွာ အနီးတွင် ကြားဖြတ် တိုက်ခိုက် လိုက်သည်။

“နေရာ တော်တော် များများကို စစ်ကြောင်းနဲ့ ဝင်လာတယ်။ ကွတ်ခိုင် အနောက်ဘက် ခြမ်းမှ ဝင်လာတဲ့ စစ်ကြောင်းတွေကို ကျနော်တို့ ပစ်လိုက် တာပါ။ နမ္မတူး ဘက်က တက်လာတဲ့ စစ်ကြောင်း တွေလဲ ရှိတယ်။ ဂက်စ်ပိုက်လိုင်း မှ တက်လာတဲ့ စစ်ကြောင်း တွေလဲ ရှိတယ်။ ဒီလို တပ်ဖြန့်ပြီး ကျနော်တို့ တအာင်း နဲ့ KIA တပ်ဖွဲ့ တွေကို အပြတ် လာတိုက်တဲ့ သဘောပါ။ ကျနော်တို့ တအာင်း တပ်ဖွဲ့ ဘက်က လက်နက် ၂ လက် သိမ်းဆည်း ရရှိ ခဲ့တယ်၊ KIA တပ်ဖွဲ့ ဘက်လည်း သူတို့လဲ လက်နက် တချို့ကို သိမ်းဆည်း ရရှိ ခဲ့တယ်” ဟု ဗိုလ်မှူး တာဘုန်းကျော် က ပြောပါသည်။

လွန်ခဲ့သည့် တပတ်ခန့်က ရှမ်းပြည် မြောက်ပိုင်း ကေအိုင်အို တပ်မဟာ ၄ ဒေသနှင့် တအာင်း ဒေသ များသို့ အစိုးရ တပ်များ အများအပြား တိုးချဲ့ ချထား လာခဲ့ပါသည်။ စကခ ၁ ၊ စကခ ၁၆ သိန္နီ၊ ကွတ်ခိုင် ၊ မန်တုံ ၊ နမ့်ခမ်း၊ နမ့်ဆန် ဘက်သို့ တက်လာသော အစိုးရ တပ်ဖွဲ့ အင်အား ခန့်မှန်း ၄၀၀ နှင့် ၅၀၀

အစိုးရ၏ လဂျားယန် ပွိုင့်တခုကို KIA ပြန်လည် သိမ်းပိုက် နိုင်ခဲ့



December 2012 

 ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မဟာမိတ် ပူးပေါင်း တပ်ဖွဲ့တို့သည်၊ ကြည်းကြောင်း၊ လေကြောင်းနှင့် အမြောက်ကြီးများ၏ တလစပ် ပစ်ခတ် မှုဖြင့် အကာအကွယ် ရနေသော လဂျားယန်ရှိ အစိုးရ တပ်များ သိမ်းပိုက် ထားသော တောင်ကုန်း တခုကို ယနေ့ (၂း ၁၅) နာရီတွင် ပြန်လည် သိမ်းပိုက် နိုင်ခဲ့သည်ဟု ABSDF မြောက်ပိုင်း ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မင်းဌေးက ဆိုပါသည်။

“ လေယာဉ်ရော အမြောက်ရော ပြင်းပြင်း ထန်ထန် ပစ်နေတဲ့ ကုန်းနှစ်ကုန်း ကနေ ကျနော်တို့ ဆုတ်ပေး ထားတယ်။ အဲဒီ ကုန်းကို အစိုးရ တပ်တွေ ၀င်သိမ်းတယ် မနေ့ ကပေါ့။ ဒီနေ့ ကျတော့ လက်နက် ကြီးနဲ့ လေယာဉ်ဗုံးကျဲ ဒဏ်ကနေ လွတ်တာနဲ့ ကျနော်တို့ တက်ပြီး သိမ်းလိုက် တာပါ။ တက်သိမ်း ပြီးတာနဲ့ အစိုးရ ဖက်က မြေပြင် တပ်ရော လက်နက် ကြီးတွေရော တိုက်လေယာဉ် နဲ့ရော တလစပ် ထပ်မံ ပစ်ခတ် တော့တာပါဘဲ” ဟု ဗိုလ်မှူး မင်းဌေးမှ ဆိုပါသည်။

လဂျားယန် စစ်မြေပြင်သည် KIA ဌာနချုပ် လိုင်ဇာကို သိမ်းပိုက်ရန် အချက်အချာ ကျသော နေရာ ဖြစ်ပါသည်။ ဤလမ်း ကြောင်းသည် ဗန်မော်-လိုင်ဇာ လမ်းကြောင်း၏ စစ်ဆင်ရေး အပိုင်း ဖြစ်ပါသည်။ ဤ

လမ်းကြောင်းကို ထိုးဖေါက်နိုင် ရန် အစိုးရ တပ်ဖွဲ့များသည် အင်အား တထောင် ကျော်နှင့် ၁၀၅ မမနှင့် ၁၂၀ မမ လက်နက် ကြီးများ အပါဝင် လေကြောင်း အကူပါ တိုက်ခိုက် နေခြင်း ဖြစ်ပါသည်။ ဤကဲ့သို့ ပြင်းထန်စွာ စစ်ဆင် နေသည့် ကြားမှ KIA နှင့် ABSDF ပူးပေါင်း တပ်ဖွဲ့ တို့က အရေးကြီး တောင်ကုန်း

Sunday, December 30, 2012

လွှတ်တော်အပေါ် သမ္မတအထက်က မင်းအောင်လှိုင်။

December 30, 2012

ကချင်ပြည်နယ်နှင့် တိုင်းပြည် နေရာဒေသအနှံ့၌ စစ်တိုက်လေယာဉ်များ ရဟတ်ယာဉ်များဖြင့် ဗုံးကြဲ တိုက်ခိုက်နေခြင်းသည် စစ်အာဏာရှင် အစိုးရ၏ သရုပ်မှန်ကို ပြနေခြင်း ဖြစ်သည်။

တိုင်းရင်းသား လူမျိုးများအပေါ် စစ်မှန်သော ငြိမ်းချမ်းစွာ အဖြေရှာခြင်းဖြင့် ပဋိပက္ခများအား မဖြေရှင်းဘဲ စစ်တိုက်လေယာဉ်များ ရဟတ်ယာဉ်များဖြင့် ဗုံးကြဲ တိုက်ခိုက်နေခြင်းအား ပြင်းထန်စွာ ကန့် ကွက်ပါသည်။

ကချင်ပြည်နယ်တွင် စစ်တိုက်လေယာဉ်များ ရဟတ်ယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်နေသော ကာလုံ မင်းအောင်လှိုင်၏ စစ်တပ် အကြမ်းဘက် လုပ်ရပ်အား ရွှေမန်း သိန်းစိန်တို့မှ မည်သို့မျှ မဟန့်တားနိုင်ခြင်း၊ ဤကဲ့သို့ စစ်ပွဲဆင်နွဲနေခြင်းများအား လွှတ်တော်အရပ်ရပ်မှ ကန့်ကွက် မတားဆီးနိုင်ခြင်း၊ တပ်မတော်သည် ပြည်ပရန် ကာကွယ်ရေးကိုသာ အဓိက ကာကွယ်တားဆီးသည့် တပ်မတော် ဖြစ်ရမည့်အစား ပြည်တွင်းစစ်များ ဆင်နွဲကာ တိုင်းရင်းသား ပေါင်းစုံအပေါ် ဒုက္ခမျိုးစုံပေးနေခြင်း တို့သည် အစိုးရအထက် လွှတ်တော်အပေါ် တက်ခွထိုင်ကာ တိုင်းပြည်ကို ယခင်ကကဲ့သို့ စစ်တပ်အာဏာဖြင့် အုပ်စိုးကာ ထင်ရာစိုင်းနေဆဲ ဖြစ်ကြောင်း သိသာပေါ်လွင်နေပေသည်။

ကချင်ပြည်နယ်နှင့်တစ်ကွ တိုင်းပြည်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား ပြည်သူလူထုအပေါ် စစ်ပွဲ ဆင်နွဲနေမှုအား အလျင်အမြန် ချက်ချင်း ရပ်တန့်ရန်ဖြစ်ပြီး၊ ထိုကဲ့သို့ ဆောင်ရွက်မှု မရှိလျှင် သိန်းစိန်ဖြစ်စေ ရွှေမန်းဖြစ်စေ မင်းအောင်လှိုင်ဖြစ်စေ ၄င်းတို့ အားလုံးသည် စစ်အာဏာရှင် အစိုးရသာ ဖြစ်နေကြောင်း ကြေညာအပ်ပါသည်။

Copy from - 8888newgenerations.blog

ကြေးနီစီမံကိန်း ဖျက်သိမ်းရေး သပိတ်စခန်း အကြမ်းဖက် ဖြိုခွဲခံရမှု တလပြည့် ရုပ်သံသတင်း


လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း (လုံးဝ) ဖျက်သိမ်းရေး သပိတ်စခန်း (ပုသိမ်-မုံရွာလမ်းဘေး စီနိုဟိုက်ဒရိုဆိုဒ်ရှေ့၊ လက်ပန်တောင်းတောင်ကြားရှိ လယ်တီဆရာတော် (ဦးညာဏဓဇ) ၏ သာသနာ့ နယ်မြေ၊ ဝမ်ပေါင်ဆိုဒ်ရှေ့၊ ကျော်ရွာဂိတ်ရှေ့) စခန်း (၆) ခု အကြမ်းဖက် (မျက်ရည်ယိုဗုံး၊ မီးလောင်ဗုံး) ခံရသော တလပြည့်နေ့ ၂၉.၁၂.၂၀၁၂ (၁၄း၀၀) နာရီတွင် လက်ပန်တောင်းတောင် ဒေသမှ သံဃာတော်များနှင့် ပြည်သူအင်အား (၅၀၀) ခန့်က လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး၊ သပိတ်စခန်းများအား အကြမ်းဖက်မှုတွင် ပါဝင်သော တာဝန်ရှိသူများကို ထိရောက်စွာ အရေးယူ ဆောင်ရွက်ပေးရေး၊ လက်ပန်တောင်းတောင် အရေးတွင် ပါဝင်ဆောင်ရွက်ရင်း အရေးယူ ခံထားရသူများကို အမြန်ဆုံး လွှတ်ပေးရေးတို့ကို တုံရွာထိပ် လက်ပန်တောင်းတောင်  ကြေးနီစီမံကိန်း ဖျက်သိမ်းရေး သပိတ်စခန်းမှ ညောင်ပင်ကြီး သင်္ဘောဆိပ်သို့ ငြိမ်းချမ်းစွာ ချီတက်လမ်းလျောက် တောင်းဆိုမှုများ ပြုလုပ်ခဲ့...

Copy from - Yamoun Nar

(30/12/2012) ရက်နေ့ တိုက်လေယာဉ်ဖြင့် ဗုံးကျဲနေစဉ်

လွန်ခဲ့သော မီးနစ်ပိုင်းက အခုလေးတင် KIA, နှင့် ABSDF စခန်းများအား လာရောက်ဗုံးကျဲ တိုက်ခိုက်စဉ် ရိုက်ကူးထားသော ရုပ်သံမှတ်တမ်း (video - ကိုမင်းဌေး)
 
မြန်မာအစိုးရ စစ်တပ်မှ (၃၀၊၁၂၊၂၀၁၂)ရက်နေ့ ယနေ့နံနက် (၈း၃၀)အချိန်ခန့်မှ စတင်၍ လေကြောင်းဖြင့် ဂျက်စစ်တိုက် လေယာဉ်များဖြင့် KIA တပ်စခန်းများအား လာရောက်စတင် ဗုံးကျဲတိုက်ခိုက်နေ ပြီဖြစ်ကြောင်း ရှေ့တန်းမှ သတင်းရရှိပါသည်။

လိုင်ဇာနှင့် ၅ မိုင်အကွာရှိ ဂန်ဒေါင်ဒူ၊ ဂန်ဒေါင်ယန် တွင်လည်း ဝေဟင်နှင့်မြေပြင်မှ အပြင်းအထန် တိုက်စစ်ဆင်နေသည်။

ရက္ခိုင်တပ်မတော်လည်း KIA နှင့် လက်တွဲတိုက်ပွဲဝင်နေသည်ဟု ဆို

ရက္ခိုင်တပ်မတော်လည်း KIA နှင့် လက်တွဲတိုက်ပွဲဝင်နေသည်ဟု ဆို

By Coral Arakan News ၊ 30 December 2012

ကေအိုင်အေ တပ်များအကြောင်း နှင့် လက်ရှိ ဗမာ-ကချင် တိုက်ပွဲများကို အချိန် နှင့် တပြေးညီဖော်ပြနေသော Kachin Soldiers ဖေ့စ်ဘုတ် စာမျက်နှာ ၏ ဓါတ်ပုံ တစ်ပုံတွင် ရက္ခိုင့်တပ်မတော် AA ၏ လက်မောင်းတံဆိပ်ကို ဖော်ပြထားပြီး “ဗမာစစ်တပ်၏ ထိုးစစ်များကို ကေအိုင်အေ နှင့် လက်တွဲကာ ဆန့်ကျင်တိုက်ပွဲဝင်နေကြသော ရက္ခိုင်တပ်မတော်မှ စစ်သည်များအတွက် ကျွန်ုပ်တို့ ကချင်တိုင်းရင်းသားများက ဂုဏ်ယူဝမ်းမြောက်ပါသည်” ဟု အင်္ဂလိပ်ဘာသာဖြင့် ရေးသား စာတမ်းထိုးထားသည်။

မူရင်း အင်္ဂလိပ်ဘာသာ ၀ါကျမှာ “We Kachin nationals are proud of Arakan Army Soldiers fighting alongside KIA against Burmese army's offensive.” ဟူ၍ ဖြစ်သည်။

(Coral Arakan News)


30 December 2012

ကေအိုင်အေ တပ်များအကြောင်းနှင့် လက်ရှိ ဗမာ-ကချင် တိုက်ပွဲများကို အချိန် နှင့် တပြေးညီ ဖော်ပြနေသော Kachin Soldiers ဖေ့စ်ဘုတ် စာမျက်နှာ ၏ ဓါတ်ပုံ တစ်ပုံတွင် ရက္ခိုင့်တပ်မတော် AA ၏ လက်မောင်း တံဆိပ်ကို ဖော်ပြထားပြီး “ဗမာစစ်တပ်၏ ထိုးစစ်များကို ကေအိုင်အေနှင့် လက်တွဲကာ ဆန်ကျင် တိုက်ပွဲဝင်နေကြသော ရက္ခိုင်တပ်မတော်မှ စစ်သည်များအတွက် ကျွန်ုပ်တို့ ကချင်တိုင်းရင်းသားများက ဂုဏ်ယူ ၀မ်းမြောက်ပါသည်” ဟု အင်္ဂလိပ်ဘာသာဖြင့် ရေးသား စာတမ်း ထိုးထားသည်။

မူရင်း အင်္ဂလိပ်ဘာသာ ၀ါကျမှာ “We Kachin nationals are proud of Arakan Army Soldiers fighting alongside KIA against Burmese army's offensive.” ဟူ၍ ဖြစ်သည်။

Copy from - (Coral Arakan News)

တိုင်းရင်းသားများအတွက် နိုင်ငံရေးအခွင့်အရေး ရရှိရေးနှင့် အပစ်ရပ်ရေး ဘယ်ဟာ အရေးကြီးသလဲ။ အပစ်ရပ် လိုက်ရုံမျှနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ရမည်လား။

သူ့ကျွန်မခံ ဇာတိမာန်ဖြင့်


လူထုအများစု၏ နားလည်မှုမှာ အပစ်ရပ်လျှင် ပြည်တွင်းငြိမ်းချမ်းရေး ရမည်ကဲ့သို့ ဖြစ်နေသည်။ “အပစ်အခတ် ချက်ချင်းရပ်” ဟူသည့် ဆန္ဒပြတောင်းဆိုမှုအချို့ကို တွေ့ရသည်။ တိုက်ပွဲများ မဖြစ်စေလိုသည့်အတွက် စေတနာကောင်းနှင့် တောင်းဆိုသူ လူထုများ၏ ဆန္ဒကို လေးစားရပါမည်။ သို့ရာတွင် တိုင်းရင်းသားများ တောင်းဆိုနေသော နိုင်ငံရေး အခွင့်အရေးကို ပထမဦးစွာ ပေးအပ်ဖို့ လိုသည်။ အပစ်ရပ်ရေးမှာ ဒုတိယ ဦးစားပေးသာ ဖြစ်သင့်သည်။

ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) သည် ၁၇ နှစ်တာ အပစ်ရပ်ခဲ့သည်။ သို့ရာတွင် မည်သည့် နိုင်ငံရေး အခွင့်အရေးမျှ မရခဲ့ပါ။ ၂၀၁၁ ခုနှစ် ဇွန်လတွင် တိုက်ပွဲများ ပြန်ဖြစ်လာခဲ့ပြီးနောက် ကေအိုင်အို အနေဖြင့် ပင်လုံစာချုပ်ကို ကိုးကားလျက် ကချင်အမျိုးသားများ အပါအ၀င် တိုင်းရင်းသားများ ရသင့်သည့် နိုင်ငံရေး အခွင့်အရေးများ ရရှိရေးအတွက် အဓိက ဆွေးနွေးရန် တောင်းဆို လာခဲ့သည်။ စာရေးသူသည် ကချင်လူမျိုးမဟုတ်၊ မြန်မာတဦးသာဖြစ်သည်။ စာရေးသူအနေဖြင့်မူ ကေအိုင်အို၏ တောင်းဆိုချက် လမ်းမှန်သည်ဟု ယူဆသည်။ တနှစ်ခွဲကြာသွားခဲ့ပြီ ဖြစ်သော်လည်း ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသည် ကေအိုင်အိုက တောင်းဆိုသည့် နိုင်ငံရေးဆွေးနွေးမှုကို တိတိကျကျ မလုပ်၊ တရားဝင် မလုပ်။ ဟိုလိုလို သည်လိုလိုနှင့် အချိန်ဆွဲလာခဲ့သည်။

အခြား တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများနှင့် ဆွေးနွေးမှုများမှာလည်း အလားတူပင် ဖြစ်သည်။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက အလွတ်သဘော တွေ့ဆုံမှုများဖြင့်သာ ချွေးသိပ်ထားခဲ့သည်။ မည်သည့် အဖွဲ့၏ တောင်းဆိုချက်ကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ထည့်သွင်းကာ ဥပဒေပါ အခွင့်အရေးအဖြစ် ပြဌာန်းပေးလိုက်သည်ဟူ၍ တကြိမ်တခါမျှ မရှိ။ ၂၀၀၈ ဖွဲ့စည်းပုံကို မထိမခိုက် ထားရှိပြီး ယင်းအောက်ကိုသာ တနည်းမဟုတ်တနည်းနှင့် ဆွဲသွင်းရန် အစိုးရက တဘက်က ကြိုးစားလာခဲ့သည်။ အခြားတဘက်က အပစ်အခတ်ရပ်စဲရေးကိုသာ ဖိအားပေးခဲ့သည်။ ကေအိုင်အိုကို တိုက်နေသော စစ်တွင် ဦးသိန်းစိန်အစိုးရ၏ နည်းဗျူဟာရည်မှန်းချက်မှာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးရေးအတွက် စစ်ရေးအရ ဖိအားပေးရန် ဖြစ်သည်။ မဟာဗျူဟာ ရည်မှန်းချက်မှာ ကချင်ပြည်နယ်အတွင်းရှိ မြေယာကို ထင်သလို စီမံခန့်ခွဲခွင့်ရရန်၊ အဓိကအားဖြင့် ဖားကန့် ကျောက်စိမ်းမြေကို ပြန်လည်ထိန်းချုပ် အမြတ်ထုတ်ရန် ဖြစ်သည်။

အောင်ထူး (ရှေ့နေ)
(Aung Htoo ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ )

ကချင်စစ်ပွဲရပ်ပါ



ကချင်ဒုက္ခသည်ညီအကို ဓါတ်ပုံလေးဟာ ကျနော့်ရင်ထဲ နာကျင် ထိခိုက်လှပါတယ်။

ရွှေကြယ်ငွေကြယ် ပုခုံးထက်တင်ထားကြသူတွေ၊ ခေါင်းပေါင်းတွေ တိုက်ပုံတွေတကားကားနဲ့လွှတ်တော်ထဲက လူတွေ လွှတ်တော် ပြင်ပကလူတွေ အားလုံး အာဏာကိုင်အုပ်စုတွေ အားလုံးကို
 ကြီးမားစွာ အရှက်ရစေပါတယ်။

တိုင်းရင်းသား ခလေးငယ်တွေ ဒုက္ခအကြီးအကျယ်ရောက်ပြီး
ပြည်တွင်းဖြစ် စစ်ကိုရှောင်နေကြရတာ တပ်မတော်ရဲ့
အောင်ပွဲ မဟုတ်ပါဘူး။

နိုင်ငံမှာ ငြိမ်းချမ်းရေး မရှိသရွေ့ လွတ်လပ်ရေးနဲ့ တိုးတက်ရေး ဘယ်လိုမှ မရနိုင်ပါ။

စစ်အုပ်စုဟာ တိုင်းရင်းသားတွေနဲ့ ဖြစ်နေရတဲ့ ပြည်တွင်းစစ်ကို လေပျံတွေ ရဟတ်ယဉ်တွေ တိုက်လေယဉ်တွေနဲ့ ဗုန်းတွေကျဲရုံတင်မက ဓါတုလက်နှက်တွေပါ သုံးစွဲလာမှုတွေဟာ
တွေ့ဆုံ ဆွေးနွေးပွဲတွေကို အလှမ်းဝေးစေပါတယ်။ စစ်ပွဲတွေကို မရပ်ပစ်နိုင်တာ နိုင်ငံအဖို့ အလွန်ရှက်ဖို့ကောင်းပါတယ်။ စိတ်အေးအေးထားပြီး ရိုးသားစွာနဲ့ ငြိမ်းချမ်းရေးကို မေတ္တာရှေ့ထားပြီး အမြန် တည်ဆောက်ချိန် ရောက်ပါပြီ။ အပြောမဟုတ် အလုပ်နဲ့ သက်သေပြကြပါ။

(photo - undated, facebook, kachin refugee with a kid preparing for move)

ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်နှင့် တွေ့ဆုံ စကားပြောခဲ့သည့် စကားဝိုင်းမှ ကောက်နှုတ်ချက်...

 
တိုက်ပွဲတွေ ပြန်ဖြစ်လာတဲ့ အခါမှာ ကျနော်တို့က proposal တစ်ခုတင်ထားတယ် ၊ ပထမ အချက်ကတော့ ဒီတိုက်ပွဲတွေ ရပ်အောင် လောလောဆယ် ဘယ်လို ဘယ်လို လုပ်ကြမလဲ ၊ တိုက်ပွဲတွေ မရှိအောင် ဘယ်လို လုပ်မလဲ။ ဒီကိစ္စ ကျနော်တို့  ပြောတာက အဆင့် ၃ ဆင့်နဲ့  ကျနော်တို့ တင်တယ် ၊ ပထမအဆင့် နံပါတ် ၅ မှာကျနော်က၊ အခု နီးနီးကပ်ကပ် ဖြစ်နေတဲ့ တပ်တွေ ခွာထားရမယ်၊ အဲတော့ ဒီတပ်တွေကို ဘယ်လို ခွာမလဲဆိုတဲ့ အပိုင်းကိုဆွေးနွေးဘို့ ကြိုးစားလိုက်တိုင်း အစည်းအဝေးက ပျက်သွားတယ်။
 
ဦးသန်းအောင်တို့နဲ့ ကျနော်တို့ ၃ ကြိမ်ဆွေးနွေးတယ်။ ဦးအောင်သောင်းတို့နဲ့ ၃ ကြိမ်၊ အခု ၀န်ကြီး ဦးအောင်မင်းနဲ့ ၃ ကြိမ် တွေ့ပြီးသွားပြီ။ တပ်တွေ ခွါဖို့ကိစ္စ ဆွေးနွေးမယ်လို့ ပြောလိုက်တိုင်း အစည်းဝေးက ဆက်လုပ်လို့ မရတော့ဘူး။ အဲဒီ လွန်ခဲ့တဲ့ ၃ ကြိမ်စလုံးက အလွတ်သဘော တွေ့ဆုံရတာ ဖြစ်လို့ ၊ နောက် စတုတ္ထ အကြိမ်ကျတော့ ကျနော်တို့က တရားဝင် အစည်းအဝေး လုပ်ရအောင်လို့ အစပျိုး ပြောလိုက်တာနဲ့ သူတို့ဘက်က ဒီဟာက ဘာပြန်ပြောလဲဆို "ဒါ အကြို ညှိနှိုင်းရေး ဖြစ်တယ်" တဲ့။ သို့သော်လည်းဘဲ ဒီ အကြို ညှိနှိုင်းရေး ချည်းဘဲ လုပ်နေတာ ဆိုလို့ရှိရင် အစည်းအဝေးကရှေ့ ကိုတိုးလို့ မရဘူး။
 
အဲတော့ တရားဝင်အစည်းဝေး လုပ်ရအောင်လို့ ကျနော်တို့က တောင်းဆိုတယ် ၊ဒါပေမဲ့ ခုချိန်ထိ တရားဝင် အစည်းဝေးက ဖြစ်မလာဘူး ၊ အလွတ်သဘော ကျနော်တို့ ဗန်းမော်နဲ့ မူဆယ်ကို လာဖို့ ခေါ်တယ်၊ ကျနော်တို့က "အလွတ်သဘော မဟုတ်ဘဲနဲ့ လောလောဆယ် လုပ်နေတဲ့ ရွှေလီမြို့မှာဘဲ တစ်ကြိမ် တရားဝင် အစည်းဝေး လုပ်မယ်၊ မူတစ်ခုချမယ်၊ မူချပြီးရင် မြစ်ကြီးနားမြို့မှာ တရားဝင်အစည်းဝေး နောက်တစ်ကြိမ် လုပ်ရအောင်" လို့ ပြောထားပြီးသား။ မြစ်ကြီးနားမြို့ရဲ့ ဘယ်မှာလုပ်မယ်၊ ဘယ်သူက  တာဝန် ယူမယ်ဆိုတာအစ ကျနော်တို့ ကမ်းလှမ်းထားပြီးသား။ ဒါပေမဲ့ အခုထိ တရားဝင် အစည်းဝေးက ဖြစ်မလာဘူး။

(ကချင်ငြိမ်းချမ်းရေး ကွန်ယက်မှ ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့မှ ၂၂ရက်နေ့ အထိ သွားရောက်ခဲ့တဲ့  ကချင်ဒေသ ခရီးစဉ်အတွင်း ကချင်လွတ်မြောက်ရေး တပ်မတော် ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်နှင့် တွေ့ဆုံ စကားပြောခဲ့သည့် စကားဝိုင်းမှ ကောက်နှုတ်ချက်)
 
ခွန်ဒီယမ်း -  အင်တာနက်စာမျက်နှာသတင်းမှ

၂၀၀၈ ဖွှဲ့စည်းပုံနဲ့ ဦးပိုင်အသုဘချ....



Dec 29, 2012
၂၀၀၈ ဖွှဲ့စည်းပုံနဲ့ ဦးပိုင်ကို အသုဘချ လက်ပံတောင်းတောင် အကြမ်းဖက် ဖြိုခွင်းမှု ၁ လပြည့် အထိမ်းအမှတ် အနေနဲ့ ယနေ့နေ့ညနေ ၄ နာရီလောက်က ဒေါ်နော်အုန်းလှ အပါအဝင် ဆန္ဒထုတ်ဖော်သူ အယောက် ၂၀ လောက်ဟာ ရန်ကုန်မြို့ ဆူးလေဘုရားအနီး လက်ရွေးစင် လ္ဘက်ရည်ဆိုင်ရှေ့ကနေ အနော်ရထာလမ်းအတိုင်း ၅၁ လမ်းမှာရှိတဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ရှေ့ကိုချီတက် ဆန္ဒ ထုတ်ဖော်ခဲ့ကြပါတယ်။
 
အဲဒီလို ဆန္ဒထုတ်ဖော်ရာမှာ ၂၀၀၈ ဖွှဲ့စည်းပုံနဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်တို့ကို အခေါင်း၂လုံး နဲ့ အသုဘချမှု ပုံစံ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီ ဆန္ဒထုတ်ဖော်မှုကို ညနေ ၅ နာရီလောက်မှ အဆုံးသက်ခဲ့ကြပါတယ်။
 
Copy from - BurmaVJMedia

Saturday, December 29, 2012

အစိုးရတပ်တွေဝိုင်းလို့  ကချင်ပြည်သူတွေ ဗုံးခို ကျင်းများ တူးနေကြပြီ ဘယ်လိုဘဲဖြစ်စေ စစ်ပွဲတွေရပ်ပါ

အစိုးရတပ်တွေဝိုင်းလို့   ကချင်ပြည်သူတွေ ဗုံးခို ကျင်းများ တူးနေကြပြီ

ဘယ်လိုဘဲဖြစ်စေ  စစ်ပွဲတွေရပ်ပါ  ။
**********************

ကချင်လွတ်မြောက်ရေးတပ်မတော်-KIA ဌာနချုပ် အခြေစိုက်သည့် လိုင်ဇာမြို့အား မြန်မာ စစ်တပ်များက တိုက်ခိုက်သိမ်းပိုက်ရန် ၀ိုင်းရံ ထားပြီဖြစ်၍ ဒေသခံ ကချင်ပြည်သူများက မိမိတို့နေ အိမ်အနီးတွင် ဗုံးခို ကျင်းများ တူးနေကြပြီဖြစ်ကြောင်း သိရသည်။ ယနေ့နံနက် ၉နာရီခန့်မှစတင်ပြီး ၁၁နာရီဝန်းကျင်အထိ အစိုးရတပ်များက စစ်တိုက်လေယာဉ် ၂စင်းနှင့် ရဟတ်ယာဉ် ၃စင်းဖြင့် လဂျားယန်သို့ ထိုးစစ်ဆင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြပြီး လိုင်ဇာမြို့တွင်လည်း စစ်တပ်များထိုးစစ်ဆင်လာဖွယ် အနေအထား တွေ့ရှိ နေ ရသဖြင့် ဒေသခံများက ဗုံးခိုကျင်းများ တူးဖော်နေကြခြင်းဖြစ်ကြောင်း ကချင်လွတ်မြောက်ရေး အဖွဲ့-KIO က အရပ်ဘက် အုပ်ချုပ်ရေးဌာန ဒု-တာဝန်ခံ ဆလန်ကပါဒွဲပီဆာက ပြောသည်။

၎င်းက “အခုဆိုရင် လိုင်ဇာပတ်ဝန်းကျင်မှာ အဘက်ဘက်ကနေပြီး အစိုးရတပ်တွေက အားလုံးနေရာ ယူထားကြပြီလေ။ ဒီကနေ့မှာလည်း သူတို့က အပေါ်ကနေ စပစ်နေပြီဆိုတော့ ဘယ်လိုဆက်ဖြစ်ဦးမလဲတော့ မသိသေးဘူး။ သူတို့ရဲ့အထက်က
လည်း ခြေလျင်စစ်ကြောင်းတွေထိုးဖို့ဖိအားပေးထားတယ်လို့လည်းကျနော်တို့အဖွဲ့တွေကြားသိထားတယ်”ဟု ကေအိုင်စီသို့
ပြောဆိုသည်။
ကချင်ပြည်နယ်၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲအတွင်းရှိ လဂျားယန်နှင့် KIA ဌာနချုပ်တည်နေရာ လိုင်ဇာမြို့သည် ၈မိုင်ခန့်အကွာတွင် ရှိပြီး လဂျားယန်ဒေသခံများက လက်ရှိအချိန်တွင် လိုင်ဇာဘက်သို့ ရောက်နေကြ ပြီဖြစ်ကြောင်း KIA ဘက်က ဆိုသည်။

လိုင်ဇာမြို့ဒေသခံ ကချင်အမျိုးသားတစ်ဦးက “တချို့အိမ်တွေကတော့ ဒီဇင်ဘာလ ၁၄ရက်နေ့ကတည်းက ဗုံးခိုကျင်းတူးနေကြ တာ။ ဒီနေ့ လဂျားယန်မှာ ရဟတ်ယာဉ်က ဗုံးကြဲတော့ စက်သေနတ် မီးပွင့်တာတောင် မြင်ရတယ်။ ဒါကြောင့် ကျနော်တို့ လိုင်ဇာနားလည်း စစ်တပ်တွေ ရောက်နေကြပြီဆိုတော့ အိမ်တိုင်းအိမ်တိုင်းက အိမ်ရှေ့ ဒါမှမဟုတ် အိမ်နောက်တွေမှာ ဗုံးခို ကျင်း တူးထားကြတယ်”ဟု ပြောသည်။

အစိုးရတပ်များက ရဟတ်ယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွင် ဓာတုလက်နက်ပစ္စည်းဟု ယူဆရသည့် မီးလောင်ဗုံးများ ပါဝင်ပြီး KIA ဘက်မှ ပြောဆိုထားသည်။
ထို့အပြင် ယနေ့ပစ်ခတ်မှုတွင် ထိခိုက်ဒဏ်ရာရရှိသူ အနည်းငယ်ရှိကြောင်းနှင့် KIA ယာယီတဲအိမ်များ ထိမှန်ပျက်စီးခဲ့ကြောင်း လိုင်ဇာဒေသမှလာသည့် သတင်းများအရ သိရသည်။

http://www.kicnews.org/?p=15001
 
29 December 2012,
 
ကချင်လွတ်မြောက်ရေး တပ်မတော်- KIA ဌာနချုပ် အခြေစိုက်သည့် လိုင်ဇာမြို့အား မြန်မာ စစ်တပ်များက တိုက်ခိုက် သိမ်းပိုက်ရန် ၀ိုင်းရံ ထားပြီဖြစ်၍ ဒေသခံ ကချင်ပြည်သူများက မိမိတို့နေ အိမ်အနီးတွင် ဗုံးခို ကျင်းများ တူးနေကြပြီဖြစ်ကြောင်း သိရသည်။
 
ယနေ့နံနက် ၉နာရီခန့်မှ စတင်ပြီး ၁၁ နာရီဝန်းကျင်အထိ အစိုးရတပ်များက စစ်တိုက်လေယာဉ် ၂စင်းနှင့် ရဟတ်ယာဉ် ၃စင်းဖြင့် လဂျားယန်သို့ ထိုးစစ်ဆင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြပြီး လိုင်ဇာမြို့တွင်လည်း စစ်တပ်များ ထိုးစစ်ဆင်လာဖွယ် အနေအထား တွေ့ရှိ နေ ရသဖြင့် ဒေသခံများက ဗုံးခိုကျင်းများ တူးဖော်နေကြခြင်းဖြစ်ကြောင်း ကချင်လွတ်မြောက်ရေး အဖွဲ့-KIO က အရပ်ဘက် အုပ်ချုပ်ရေးဌာန ဒု-တာဝန်ခံ ဆလန်ကပါဒွဲပီဆာက ပြောသည်။
ရေထွက်ပေါက်များအတွင်း ၀င်ရောက် ခိုလှုံခြင်းတို့ပြုလုပ်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်။
Photo by - Myanmar Online News
 
၎င်းက “အခုဆိုရင် လိုင်ဇာပတ်ဝန်းကျင်မှာ အဘက်ဘက်ကနေပြီး အစိုးရတပ်တွေက အားလုံးနေရာ ယူထားကြပြီလေ။ ဒီကနေ့မှာလည်း သူတို့က အပေါ်ကနေ စပစ်နေပြီဆိုတော့ ဘယ်လို ဆက်ဖြစ်ဦးမလဲတော့ မသိသေးဘူး။ သူတို့ရဲ့အထက်ကလည်း ခြေလျင် စစ်ကြောင်းတွေ ထိုးဖို့ဖိအား

ဒီဇင်ဘာလ(၂၈)ရက်နေ့ မနက်(၉)နာရီမှ (၁၀)နာရီခွဲအထိ မြန်မာ့တပ်မတော်မှ လဂျားယန် KIA တပ်စခန်းကို လာရောက်တိုက်ခိုက်ခဲ့သော မှတ်တမ်းပုံများ

December 29, 2012
 

ကေအိုင်အေ ပြောခွင့်ရ ဦးလနန် ဆက်သွယ်မေးမြန်းချက်

Copy from - Naw Jadup

ဆွယ်တာအကျီလေးမှာ လက်ရှိ သိန်း ၅၀၀ ရရှိနေပါပြီ။

ဒေါ်အောင်ဆန်းစုကြည်ထိုးထားသည့် ဆွယ်တာအကျီလေးမှာ အင်္ဂလန်ကရောက်ရှိလာခြင်းဖြစ်ပြီး လေလံရရှိသူကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပေးမှာဖြစ်ကြောင်းသိရသည်။ လေလံကိစ္စစုံစမ်းလိုပါက ၀၉၅၁၅၅၈၆၀ ကိုဆက်သွယ်နိုင်သည်။ လက်ရှိမှာ သိန်း၅၀၀ ရရှိနေပါပြီ။
ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ
ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ
ဓါတ်ပုံ - Aung Nay Myo
 
ဒေါ်အောင်ဆန်းစုကြည် ထိုးထားသည့် ဆွယ်တာအကျီလေးမှာ အင်္ဂလန်က ရောက်ရှိလာခြင်း ဖြစ်ပြီး လေလံရရှိသူကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပေးမှာဖြစ်ကြောင်း သိရသည်။ လေလံကိစ္စ စုံစမ်းလိုပါက ၀၉၅၁၅၅၈၆၀ ကို ဆက်သွယ်နိုင်သည်။ လက်ရှိမှာ သိန်း၅၀၀ ရရှိနေပါပြီ။
ဧရာဝတီ

အစိုးရစစ်တပ် ၀ိုင်းရံထားသဖြင့် လိုင်ဇာဒေသခံများ ဗုံးခိုကျင်းတူးနေကြပြီ

အစိုးရစစ်တပ် ၀ိုင်းရံထားသဖြင့် လိုင်ဇာဒေသခံများ ဗုံးခိုကျင်းတူးနေကြပြီ
ဒီဇင်ဘာလ ၂၈ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)

ကချင်လွတ်မြောက်ရေးတပ်မတော်-KIA ဌာနချုပ်အခြေစိုက်သည့် လိုင်ဇာမြို့အား မြန်မာစစ်တပ်များက တိုက်ခိုက်သိမ်းပိုက်ရန် ၀ိုင်းရံထားပြီဖြစ်၍ ဒေသခံကချင်ပြည်သူများက မိမိတို့နေအိမ်အနီးတွင် ဗုံးခိုကျင်းများ တူးနေကြပြီဖြစ်ကြောင်း သိရသည်။

ယနေ့နံနက် ၉နာရီခန့်မှစတင်ပြီး ၁၁နာရီဝန်းကျင်အထိ အစိုးရတပ်များက စစ်တိုက်လေယာဉ် ၂စင်းနှင့် ရဟတ်ယာဉ် ၃စင်းဖြင့် လဂျားယန်သို့ ထိုးစစ်ဆင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြပြီး လိုင်ဇာမြို့တွင်လည်း စစ်တပ်များထိုးစစ်ဆင်လာဖွယ် အနေအထား တွေ့ရှိ နေရသဖြင့် ဒေသခံများက ဗုံးခိုကျင်းများ တူးဖော်နေကြခြင်းဖြစ်ကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့-KIO က အရပ်ဘက် အုပ်ချုပ်ရေးဌာန ဒု-တာဝန်ခံ ဆလန်ကပါဒွဲပီဆာက ပြောသည်။

၎င်းက “အခုဆိုရင် လိုင်ဇာပတ်ဝန်းကျင်မှာ အဘက်ဘက်ကနေပြီး အစိုးရတပ်တွေက အားလုံးနေရာ ယူထားကြပြီလေ။ ဒီကနေ့မှာလည်း သူတို့က အပေါ်ကနေ စပစ်နေပြီဆိုတော့ ဘယ်လိုဆက်ဖြစ်ဦးမလဲတော့ မသိသေးဘူး။ သူတို့ရဲ့အထက်က လည်း ခြေလျင်စစ်ကြောင်းတွေထိုးဖို့ ဖိအားပေးထားတယ်လို့လည်း ကျနော်တို့အဖွဲ့တွေ ကြားသိထားတယ်”ဟု ကေအိုင်စီသို့ ပြောဆိုသည်။

ကချင်ပြည်နယ်၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲအတွင်းရှိ လဂျားယန်နှင့် KIA ဌာနချုပ်တည်နေရာ လိုင်ဇာမြို့သည် ၈မိုင်ခန့်အကွာတွင် ရှိပြီး လဂျားယန်ဒေသခံများက လက်ရှိအချိန်တွင် လိုင်ဇာဘက်သို့ ရောက်နေကြပြီဖြစ်ကြောင်း KIA ဘက်က ဆိုသည်။

လိုင်ဇာမြို့ဒေသခံ ကချင်အမျိုးသားတစ်ဦးက “တချို့အိမ်တွေကတော့ ဒီဇင်ဘာလ ၁၄ရက်နေ့ကတည်းက ဗုံးခိုကျင်းတူးနေကြ တာ။ ဒီနေ့ လဂျားယန်မှာ ရဟတ်ယာဉ်က ဗုံးကြဲတော့ စက်သေနတ် မီးပွင့်တာတောင် မြင်ရတယ်။ ဒါကြောင့် ကျနော်တို့ လိုင်ဇာနားလည်း စစ်တပ်တွေ ရောက်နေကြပြီဆိုတော့ အိမ်တိုင်းအိမ်တိုင်းက အိမ်ရှေ့ ဒါမှမဟုတ် အိမ်နောက်တွေမှာ ဗုံးခို ကျင်း တူးထားကြတယ်”ဟု ပြောသည်။

အစိုးရတပ်များက ရဟတ်ယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွင် ဓာတုလက်နက်ပစ္စည်းဟု ယူဆရသည့် မီးလောင်ဗုံးများ ပါဝင်ပြီး KIA ဘက်မှ ပြောဆိုထားသည်။

ထို့အပြင် ယနေ့ပစ်ခတ်မှုတွင် ထိခိုက်ဒဏ်ရာရရှိသူ အနည်းငယ်ရှိကြောင်းနှင့် KIA ယာယီတဲအိမ်များ ထိမှန်ပျက်စီးခဲ့ကြောင်း လိုင်ဇာဒေသမှလာသည့် သတင်းများအရ သိရသည်။

 ဒီဇင်ဘာလ ၂၈ရက်၊ ၂၀၁၂ခုနှစ်။ 

ကချင်လွတ်မြောက်ရေး တပ်မတော်-KIA ဌာနချုပ် အခြေစိုက်သည့် လိုင်ဇာမြို့အား မြန်မာစစ်တပ်များက တိုက်ခိုက် သိမ်းပိုက်ရန် ၀ိုင်းရံထားပြီဖြစ်၍ ဒေသခံကချင်ပြည်သူများက မိမိတို့ေ နအိမ်အနီးတွင် ဗုံးခိုကျင်းများ တူးနေကြပြီ ဖြစ်ကြောင်း သိရသည်။

ယနေ့နံနက် ၉နာရီခန့်မှစတင်ပြီး ၁၁နာရီ ၀န်းကျင်အထိ အစိုးရတပ်များက စစ်တိုက်လေယာဉ် ၂စင်းနှင့် ရဟတ်ယာဉ် ၃စင်းဖြင့် လဂျားယန်သို့ ထိုးစစ်ဆင် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြပြီး လိုင်ဇာမြို့တွင်လည်း စစ်တပ်များ ထိုးစစ်ဆင်လာဖွယ် အနေအထား တွေ့ရှိ နေရသဖြင့် ဒေသခံများက ဗုံးခိုကျင်းများ တူးဖော်

KIA, အားစစ်လေယာဉ် ဖြင့် ဗုံးကျဲသည့်ရုပ်သံ

  တရုတ်နယ်ထဲကျော်ဝင်တယ် တရုတ်ကမပစ်ဘူး

ကချင် KIA,ဌာနချုပ် လိုင်ဇာ ရဲ့ ရှေ့ တန်း ခံစစ်တောင်ကုန်းတွေကို အစိုးရတပ်တွေက တိုက် လေယာဉ်များ ရဟတ်ယာဉ်များ သုံးပြီး ဒီနေ့ ဒီဇင်ဘာလ ၂၈ ရက် မနက် (၉း၄၅)မီနစ် အချိန် လာရောက် ဗုံးကျဲတိုက်ခိုက်နေစဉ် ရိုက်ကူးထားသော ရုပ်သံမှတ်တမ်း ။

Friday, December 28, 2012

အစိုးရတပ် လေကြောင်းတိုက်ခိုက်မှုများ လုပ်လာနေပြီဟုဆို

သောကြာနေ့နံနက် အစိုးရတပ်က ထိုးစစ်ဆင်မှုတွင် တိုက်လေယာဉ်များပင် အသုံးပြု တိုက်ခိုက် နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောသည်။

“လေယာဉ် လေးစီးနဲ့ လဂျားယန်မှာ ပစ်နေတုန်းပဲ။ မနက် ၉ နာရီ ပတ်ဝန်းကျင်ကနေ တိုက်လေယဉ်နဲ့ ပစ်တယ်။ ခါတိုင်းတော့ စစ်ရဟတ်ယဉ်ပေါ့။ ဒီတခေါက်က တိုက်လေယာဉ်ပါတယ်။ သူတို့ ပျံသန်းမှုကတော့ တရုတ်ပြည်ဘက် ဝင်ပြီးတော့ လှည့်ပတ်ပျံလာပြီး ပစ်ခတ်တာမျိုးတွေ့ မြင်ရတယ်” ဟု ဦးလနန်က တယ်လီဖုန်းမှ တစ်ဆင့် မဇ္စျိမကို ပြောသည်။
 
KIO ၏ ဌာနချုပ်ရှိရာ လိုင်ဇာမှ ရှစ်မိုင် ကွာဝေးသော ကချင်ရှေ့တန်းစခန်းကြီး တစ်ခုဖြစ်သော လဂျားယန်တွင် တိုက်ခိုက်နေမှုကို အမြင့်ဘက်ကျသော လိုင်ဇာမြို့မှ မြင်တွေ့ေ နရသလို အသံများလည်း ကြားနေရသည်ဟု ဦးလနန်က ပြောသည်။

KIO ၏ မဟာမိတ် တပ်တစ်ခုဖြစ်သော ကျောင်းသားတပ်မတော် (မြောက်ပိုင်း) တာဝန်ခံ ဦးလဆိုင်းကလည်း “တိုက်ပွဲ ပြင်းနေတယ်။ လဂျားယန်မှာ ဦးသိန်းစိန်အစိုးရက  စစ်တိုက်လေယာဉ်တွေနော်၊ ဂျက်လေယဉ်နဲ့ တိုက်တာ ၉ နာရီကနေ ခုထိဘဲ။ ခုတော့ လေယာဉ်ပျံတော့

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆွယ်တာ ၄၁၅ သိန်းနဲ့လေလံအောင်

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ထိုးထားတဲ့ ဆွယ်တာ၊ ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ


ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ထိုးထားသည့် ဆွယ်တာကို ရွှေ FM က ကျပ်သိန်း ၄၁၅ ဖြင့် ရရှိသွားပါ တယ်။
 
ပညာရေး ကွန်ရက် ၂ နှစ်ပြည် ဂီတပွဲတော်က ရတဲ့ ငွေနဲ့ အခုလို ဆွယ်တာနဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ နောက်ထပ် လက်ရာ တခုဖြစ်တဲ့ ပန်းချီကားတွေ လေလံ တင်လို့ ရတဲ့ ငွေကြေးတွေကို NLD ပညာရေး ကွန်ရက်ရဲ့ အခမဲ့ ပညာသင် ကျောင်းတွေအတွက် အသုံးပြုသွားမှာ လည်းဖြစ်ပါတယ်။

ရွှေ FM ဆိုတာ ရွှေသံလွင် ကုမ္ပဏီ လက်အောက်တွင်ရှိပြီး Sky Net TV ကို ပြုလုပ်နေတဲ့ ကုမ္ပဏီတစ်ခု လည်း ဖြစ်ပါတယ်။

သတင်းရင်းမြစ် - ဧရာဝတီ

မြန်မာစစ်တပ်က လေကွဲ မီးလောင်လက်နက်၊ ဓါတုလက်နက်ဖြင့် အသုံးပြု KIA, အားတိုက်ခိုက်

မြန်မာစစ်တပ်က လေကွဲမီးလောင်လက်နက်၊ 
========================
ဓါတုလက်နက်ဖြင့်အသုံးပြုKIA, အားတိုက်ခိုက်
=========================
လဂျားယန်သို့ ထိုးစစ်ဆင်လာသော မြန်မာအစိုးရ
တပ်ဖွဲ့ဝင်တို့သည် ဓါတုဓါတ်ငွေ့ပါသော လက်
နက်ကြီးကို အသုံးပြုလာကြောင်း သိရှိရသည်။ 
ဒီဇင်ဘာလ(၂၅)ရက်နေ့ ဘွမ်ဆောမ်တောင်ခြေ
တိုက်ပွဲတွင် မြန်မာအစိုးရ တပ်ဖွဲ့မှ ပစ်ခတ်သော
 မော်တာကျည်တို့တွင် လေထဲတွင်ပေါက်ကွဲကာ၊ 
၎င်းမှကွဲထွက်လာသော အစိတ်အပိုင်း များလည်း 
ထပ်မံ လေထဲတွင်ပေါက်ကွဲကာ မြေပြင်သို့ မီးခိုးမီး
တောက်လောင်၍ ကျဆင်းလာခဲ့သည်။ ၎င်း အပိုင်း
အစများထိမိသော အ၀တ်များ သစ်ရွက်ခြောက်များ
သည် မီးလောင်ခဲ့သည်။ ပေါက်ကွဲမှုမှထွက်လာ 
သော အငွေ့ကိုရှူရှိုက်မိသူများသည်အသက်ရှူကြပ်
လာကာ ခေါင်းမူးအော့အန်မှုများ ဖြစ်ခဲ့ကြောင်း 
သိရှိရ သည်။
မြန်မာအစိုးရသည် တရားလွန်ကောက်ကျစ်စဉ်းလဲ
သော အပြုအမူများကို အစွန်းကုန်ထုတ်သုံး၍ ပြည်
တွင်းစစ် နှင့် မကိုက်ညီသောလက်နက်များကို အသုံး
ပြုနေပြီဖြစ်သည်။ အဆိပ်ဓါတ်ငွေ့ပါသော လက်နက်
များကို လွန်ခဲ့သည့်နှစ်များတွင်လည်း သွင်သွင်ကျယ်
ကျယ် အသုံးပြုကာ KIA တပ်စခန်းများကို သိမ်းပိုက်
ခဲ့ကြသည်။
(MKN)
 
လဂျားယန်သို့ ထိုးစစ်ဆင်လာသော မြန်မာအစိုးရ တပ်ဖွဲ့ဝင်တို့သည် ဓါတုဓါတ်ငွေ့ပါသော လက်နက်ကြီးကို အသုံးပြု လာကြောင်း သိရှိရသည်။ ဒီဇင်ဘာလ(၂၅)ရက်နေ့ ဘွမ်ဆောမ်တောင်ခြေ တိုက်ပွဲတွင် မြန်မာအစိုးရ တပ်ဖွဲ့မှ ပစ်ခတ်သော မော်တာကျည်တို့တွင် လေထဲတွင်ပေါက်ကွဲကာ၊ ၎င်းမှ ကွဲထွက်လာသော အစိတ်အပိုင်း များလည်း ထပ်မံ လေထဲတွင်ပေါက်ကွဲကာ မြေပြင်သို့ မီးခိုးမီး တောက်လောင်၍ ကျဆင်းလာခဲ့သည်။
 
၎င်း အပိုင်းအစများ ထိမိသော အ၀တ်များ သစ်ရွက်ခြောက်များသည် မီးလောင်ခဲ့သည်။ ပေါက်ကွဲမှုမှ ထွက်လာ သော အငွေ့ကို ရှူရှိုက်မိသူများသည် အသက်ရှူကြပ်လာကာ ခေါင်းမူး အော့အန်မှုများ

ဖမ်းဆီးမှုများ ရပ်ဆိုင်းထားမည်ဟု တရားဝင် ထုတ်ပြန်ထားသော်လည်း ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ဖမ်းဆီးခံနေရဆဲ

Photo: ဖမ်းဆီးမှုများရပ်ဆိုင်းထားမည်ဟုတရားဝင် ထုတ်ပြန်ထားသော်လည်းထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဖမ်းဆီးခံနေရဆဲ

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း၌
 သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံ 
ဝန်ကြီးချုပ် ယင်လတ်တို့ တနင်္သာ
ရီတိုင်း၊ ထားဝယ်မြို့ တွင် တွေ့ဆုံ
 ဆွေးနွေးပြီးနောက် အလုပ်သမားရေးရာများနှင့် ပတ်သက်ပြီး ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ပေးနေမှုအား သက်တမ်းတိုးပေးရန်နှင့် ဖမ်းဆီးမှုများကိုလည်း ခေတ္တ ရပ်ဆိုင်းထားပေးရန် သဘောတူညီခဲ့ကြသော်လည်း ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား များမှာ ဆက်လက် ဖမ်းဆီးခံနေရဆဲဖြစ်ကြောင်း Arakan Review မှ သတင်းရရှိသည်။

ယခုလပိုင်းအတွင်း အလုပ်သမားများမှာ ဖမ်းဆီးခံရခြင်းမှ လွတ်မြောက်ရန် ထွက်ပြေးတိမ်းရှောင်နေကြရခြင်းတို့ကြောင့် အလုပ်ပုံမှန် မဆင်းနိုင်သဖြင့် အလုပ်မှ ထုတ်ပယ်ခြင်းကို ခံနေကြရသူများလည်း ရှိသည်။ 

အလုပ်သမား လက်မှတ်မရှိသည့် အလုပ်သမားများမှာ ထိုင်းပုလိပ်များ၏ ဖမ်းဆီးချုပ်နှောင်ခြင်းများကို ခံနေကြရပြီး ပြန်လည် လွတ်မြောက်ရန်အတွက် ငွေများ အဆမတန် ပေးဆောင် နေကြရကြောင်း သိရှိရသည်။

ထိုင်းအစိုးရအနေဖြင့် ယင်းသို့လာဘ်ပေးလာဘ်ယူ ပြုလုပ်နေမှုများကို စိစစ် ဆောင်ရွက်သင့်ကြောင်း ဖမ်းဆီးခံရာမှ ငွေပေးပြီး လွတ်မြောက်လာသူ မဲဆောက်ရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ကို ဖမ်းသွားတာက အိမ်နားလေးတင်ပါပဲ။ ဘယ်လိုမှပြောလို့မရဘူး။ ဈေးဝယ်သွားတာကို ဖမ်းတာပါ။ အခုလိုမျိုး ဖမ်းနေတာဟာ နှစ်ပါတ်လောက်ရှိပါပြီ။ 

ထိုင်းတစ်နိုင်ငံလုံးမှာရှိတဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းနေတာပါပဲ။ အဲဒီမှာ မဲဆောက်က ပုလိပ်တွေက အဆိုးဆုံးပေါ့။ လူတစ်ယောက်ကို အနည်းဆုံး ဘတ် (၅၀၀) ကနေ (၁၅၀၀၀) ထိ တောင်းတယ်။ မပေးနိုင်ရင် လွှတ်မပေးဘူး။ တရားစွဲပြီး ထောင်ချပစ်မယ်ဆိုပြီး ခြိမ်းခြောက်နေတာ နေ့တိုင်းလိုပဲ။ 

သူတို့တောင်းတာက ပေးနိုင်လောက်တဲ့ တန်ဘိုးမှမဟုတ်ဘဲ။ ဘယ်လိုပေးနိုင်မှာလဲ။ တစ်ယောက်ကို ဘတ် (၁၀၀၀၀) တောင် တောင်းတာ။ ကျွန်တော်တို့လည်း ပေးစရာ ပိုက်ဆံလည်း မရှိဘူး။ 

 တောင်းတဲ့ ပမာဏထိလည်း ငါတို့ မပေးနိုင်ဘူး လို့ ပြန်ပြောတော့ နောက်ဆုံး ကျွန်တော်တို့ကို တစ်ညနဲ့ တစ်ရက် ချူပ်ထားပြီး  နောက်နေ့ကျမှ တစ်ယောက်ကို ဘတ် (၂၀၀၀) ပေးတဲ့ အတွက် ပြန်ထွက်လာခဲ့ရတယ်။” ဟု ၄င်းက ပြောသည်။

ဖမ်းဆီးထားသော မြန်မာနိုင်ငံသားများကို မိခင်နိုင်ငံသို့ အချိန်မီ ပြန်လည်ပို့ဆောင်ခြင်းမပြုဘဲ အချူပ်ခန်းထဲတွင် တရားစွဲ အမှုဖွင့်မည်ဟု နည်းမျိုးစုံဖြင့် ခြိမ်းခြောက်ကာ ငွေတောင်းစားနေကြပြီး လာရောက် ထုတ်ယူမည့်သူများ မရှိသူများကို လနှင့် ချီပြီး ချုပ်ထားသဖြင့် အချုပ်ထဲတွင် စားရေးသောက်ရေး အခက်အခဲကြောင့် ငတ်ပြတ်နေကြသူများလည်း ရှိနေကြောင်း သိရသည်။

ယခုကဲ့သို့ ထိုင်းရဲများ၏ အလုပ်သမားများထံမှ ရက်ရက်စက်စက် ငွေများတောင်းခံကာ လာဘ်ပေးလာဘ်ယူပြုလုပ်နေမှုများကို ရပ်တန့် ရန် ထိုင်းအစိုးရ အနေနှင့် ဖြေရှင်းပေးရန် 

လိုအပ်နေပြီး မြန်မာအစိုးရအနေနှင့်လည်း မိမိ၏ နိုင်ငံသားများ ခံစားနေကြရသည့် အခက်အခဲများကို ကူညီပေးရန် လိုအပ်နေသဖြင့် နှစ်နိုင်ငံ အစိုးရချင်း မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ အရေးကို ပြန်လည်ဆွေးနွေးရန် လိုအပ်နေပြီဖြစ်ကြောင်း မဲဆောက်ရောက် မြန်မာလူမျိုး ရွှေ့ပြောင်း အလုပ်သမားရေးရာ စောင့်ကြည့်လေ့လာသူများက သုံးသပ် ပြောဆို နေကြသည်။

 Arakan Review


ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း၌ သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ယင်လတ်တို့ တနင်္သာရီတိုင်း၊ ထားဝယ်မြို့ တွင် တွေ့ဆုံ ဆွေးနွေးပြီးနောက် အလုပ်သမားရေးရာများနှင့် ပတ်သက်ပြီး ယာယီနိုင်ငံကူး လက်မှတ် ပြုလုပ်ပေးနေမှုအား သက်တမ်းတိုးပေးရန်နှင့် ဖမ်းဆီးမှုများကိုလည်း ခေတ္တ ရပ်ဆိုင်းထားပေးရန် သဘောတူညီခဲ့ကြသော်လည်း ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား များမှာ ဆက်လက် ဖမ်းဆီးခံနေရဆဲ ဖြစ်ကြောင်း Arakan Review မှ သတင်းရရှိသည်။

ယခုလပိုင်းအတွင်း အလုပ်သမားများမှာ ဖမ်းဆီးခံရခြင်းမှ လွတ်မြောက်ရန် ထွက်ပြေး တိမ်းရှောင် နေကြရခြင်းတို့ကြောင့် အလုပ်ပုံမှန် မဆင်းနိုင်သဖြင့် အလုပ်မှ ထုတ်ပယ်ခြင်းကို ခံနေကြရသူများလည်း ရှိသည်။

အလုပ်သမား လက်မှတ်မရှိသည့် အလုပ်သမားများမှာ ထိုင်းပုလိပ်များ၏ ဖမ်းဆီး ချုပ်နှောင်ခြင်းများကို ခံနေကြရပြီး ပြန်လည် လွတ်မြောက်ရန်အတွက် ငွေများ အဆမတန် ပေးဆောင် နေကြရကြောင်း

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ယက်လုပ်ထားသော သိုးမွှေးထည်အား ၂၁၅ သိန်း ထိ ရရှိနေပြီဖြစ်...

 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် (၂)နှစ်ပြည့် အခမဲ့ ပညာဒါနကျောင်းများ ရန်ပုံငွေ ရှာဖွေရေး ဂီတပွဲတော်တွင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ယက်လုပ်ထားသော သိုးမွှေးထည်အား လေလံတင် ရောင်းချရာ ယခု လတ်တလော အချိန်တွင်၂၁၅ သိန်း ထိ ရရှိနေပြီ ဖြစ်သည်။
ဓာတ်ပုံ..သီဟ
 
Copy from - Popular Journal

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် ၂ နှစ်ပြည့် ရန်ပုံငွေ ရှာဖွေရေး ဂီတပွဲတော် အခမ်းအနား ရုပ်သံသတင်း


ဒီဇင်ဘာလ ၂၇ ရက်နေ့  ရန်ကုန် မြို့  ပြည်သူ့ ရင်ပြင်မှာ ကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် ၂ နှစ်ပြည့် ရန်ပုံငွေရှာဖွေရေးဂီတပွဲတော် အခမ်းအနား ကို ဦးအောင်ကြီး တိုက်ရိုက် သတင်းပေးပို့ထားပါတယ်။
 
Copy from - DVB TV News

ကေအိုင်အိုဌာနချုပ်အနီး လက်နက်ကြီးကျသဖြင့် အရပ်သား သေဆုံး

 


ကချင်ပြည်နယ်မှာ အစိုးရတပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) အကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး ဒီနေ့မနက်ပိုင်းက လက်နက်ကြီး ကျည်ဆန်ထိမှန်ပြီး အရပ်သားတွေ သေဆုံး ဒဏ်ရာ ရခဲ့ကြပါတယ်။
 
ဒီနေ့ မနက် ၃ နာရီမှာ အစိုးရတပ်တွေ တက်လာပြီးတော့ လဂျားယန်နားက နားလုံရွာကို အရောက် မိုင်းပဒေသာထိလို့ ပြန်လည် ဆုတ်ခွာသွားပေမယ့် ၁၀ နာရီလောက်မှာ လက်နက်ကြီးတွေနဲ့ ဖိပြီး ပစ်ခတ် ခဲ့တဲ့အတွက် ပန်ကွေ့ရွာ ဖရဲခြံအနီးမှာ အလုပ်လုပ်နေတဲ့ ရွာသား ၅ ဦးကို ထိမှန်ခဲ့ပြီး ၁ ဦး သေဆုံး ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မြောက်ပိုင်း) ပြောခွင့်ရ

ပညာရေး ရန်ပုံငွေပွဲတွင် အကျဉ်းထောင်တွင်းပုံစံပြ

ပညာရေး ရန်ပုံငွေပွဲတွင် အကျဉ်းထောင်တွင်းပုံစံပြ
...............................................................

ရန်ကုန်၊ ဒီဇင်ဘာ ၂၇

ရန်ကုန်မြို့တော် ပြည်သူ့ရင်ပြင်၌ ဒီဇင်ဘာလ ၂၇ နှင့် ၂၈ ရက်နေ့ တို့တွင် ပြုလုပ်မည့် ပညာရေး ရန်ပုံငွေ ပွဲတွင် နိုင်ငံရေး အကျဉ်းသားဟောင်း များ အဖွဲ့က အကျဉ်းထောင် အတွင်း၌ နိုင်ငံရေး အကျဉ်းသားများ ခံစား ခဲ့ရပုံ များကို ထောင်တွင်း အချုပ်ခန်း ပုံစံပြု လုပ် ပြသသွားမည် ဖြစ်ကြောင်း ယင်းအဖွဲ့မှ ဦးကျော်အောင်က ပြောကြားသည်။

ထောင်တွင်း၌ သံခြေကျင်း၊ ဖျာ၊ ဖလားနှင့် ထောင်တွင်း၌ နေထိုင်ရပုံ သရုပ်ဖော်မှု များကို တွေ့မြင်ရမည် ဖြစ်ပြီး ထောင်တွင်းဘဝ သရုပ်ဖော် ဓာတ်ပုံများကို ပြသသွားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ထုတ်ဝေသော ပြက္ခဒိန် များ၊ နိုင်ငံရေး အကျဉ်းသား ဟောင်းများ ရေးသား ထားသော စာအုပ်များ၊ အခြား စာအုပ် များကို ရောင်းချ၍ နိုင်ငံရေး အကျဉ်းသား ဟောင်းများ ဘဝပြန်လည် ထူထောင်ရေး ရန်ပုံငွေ အဖြစ် ရှာဖွေ သွားမည် ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်း များ အဖွဲ့ထံမှ စုံစမ်း သိရှိ ရသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၂၇

ရန်ကုန်မြို့တော် ပြည်သူ့ရင်ပြင်၌ ဒီဇင်ဘာလ ၂၇ နှင့် ၂၈ ရက်နေ့ တို့တွင် ပြုလုပ်မည့် ပညာရေး ရန်ပုံငွေ ပွဲတွင် နိုင်ငံရေး အကျဉ်းသားဟောင်း များ အဖွဲ့က အကျဉ်းထောင် အတွင်း၌ နိုင်ငံရေး အကျဉ်းသားများ ခံစား ခဲ့ရပုံ များကို ထောင်တွင်း အချုပ်ခန်း ပုံစံပြု လုပ် ပြသသွားမည် ဖြစ်ကြောင်း ယင်းအဖွဲ့မှ ဦးကျော်အောင်က ပြောကြားသည်။



 

ဒီဇင်ဘာ ၂၇ ရက်၊ ၂၈ရက်နေ့ ပြည်သူ့ ဥယျာဉ်မှာပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ ရန်ပုံငွေ ဈေးရောင်းပွဲမှာ ခင်းကျင်း ပြသထားတဲ့ ၈ပေ x ၁၀ပေ အကျယ်အ၀န်းရှိ အကျ...ဉ်းထောင်တိုက်ခန်း ထဲတွင် ရှိသော ကိုမင်းကိုနိုင်ကို အဆိုတော် ဦးရဲလွင်က အပြင်ကနေ ဆေးလိပ်မီး ညှိပေးနေတာ ဖြစ်တယ်။
Photo by The Modern News Journal
 
ထောင်တွင်း၌ သံခြေကျင်း၊ ဖျာ၊ ဖလားနှင့် ထောင်တွင်း၌ နေထိုင်ရပုံ သရုပ်ဖော်မှု များကို တွေ့မြင်ရမည် ဖြစ်ပြီး ထောင်တွင်းဘဝ သရုပ်ဖော် ဓာတ်ပုံများကို ပြသသွားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

{တိုက်ပိတ် အကျဉ်းခန်း သရုပ်ပြ}ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေးကွန်ရက်(၂)နှစ်ပြည့် အခမဲ့ပညာဒါနကျောင်းများ ရန်ပုံငွေရှာဖွေရေး ဂီတပွဲတော် ပုံရိပ်များ။၂၇/၂၈.၁၂.၂၀၁၂ ကျင်းပမည်ဖြစ်ပြီး တီးဝိုင်း(၁၀)ဝိုင်းနှင့်နာမည်ကြီး တေးသံရှင်များပါဝင်မည်ဟုသိရပါသည်။ CJM013
{တိုက်ပိတ် အကျဉ်းခန်း သရုပ်ပြ}ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေးကွန်ရက်(၂)နှစ်ပြည့် အခမဲ့ပညာဒါနကျောင်းများ ရန်ပုံငွေရှာဖွေရေ...း ဂီတပွဲတော် ပုံရိပ်များ။၂၇/၂၈.၁၂.၂၀၁၂ ကျင်းပမည်ဖြစ်ပြီး တီးဝိုင်း(၁၀)ဝိုင်းနှင့်နာမည်ကြီး တေးသံရှင်များပါဝင်မည်ဟုသိရပါသည်။ CJM013
 
နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ထုတ်ဝေသော ပြက္ခဒိန် များ၊ နိုင်ငံရေး အကျဉ်းသား ဟောင်းများ ရေးသား ထားသော စာအုပ်များ၊ အခြား စာအုပ် များကို ရောင်းချ၍ နိုင်ငံရေး အကျဉ်းသား ဟောင်းများ ဘဝပြန်လည် ထူထောင်ရေး ရန်ပုံငွေ အဖြစ် ရှာဖွေ သွားမည် ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်း များ အဖွဲ့ထံမှ စုံစမ်း သိရှိ ရသည်။

Copy from - The Voice Weekly

Thursday, December 27, 2012

စနစ်ကြောင့် ဆင်းရဲခြင်း ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

 
ရန်ကုန် ၊ ဒီဇင်ဘာ ၂၇။

ယနေ့ မွန်းလွဲ တစ်နာရီအချိန်တွင် ပြည်သူ့ရင်ပြင်၌ ပြုလုပ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပညာရေး ရန်ပုံငွေပွဲတွင် အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မိမိတို့နိုင်ငံတွင် သဘာဝ အနေအထားကြောင့် ဆင်းရဲခြင်းမဟုတ်ပဲ စနစ်ကြောင့်သာ ဆင်းရဲနေခြင်း ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

"အားလုံးကသိပါတယ် ကျွန်မတို့နိုင်ငံက ဆင်းရဲတယ် ဆိုတာကို သိပါတယ် ၊ သဘာဝအရ ဆင်းရဲတာ မဟုတ်ပါဘူး၊ စနစ်ကြောင့် ဆင်းရဲတယ်ဆိုတာ အများကြီး သိနေပြီးသား ဖြစ်ပါတယ် ၊ စနစ်ကိုပြောင်း ဖို့ဆိုတာ ပညာလိုတယ်။ ပြောင်းချင်တိုင်း ပြောင်းလို့မရဘူး၊ ပြောင်းပုံပြောင်းနည်းကလည်း လိုပါတယ်။ အဲ့ဒီလိုပြောင်း ပုံပြောင်းနည်း မှန်ကန်ဖို့ ဆိုတာဟာ ကျွန်မတို့ရဲ့ ပြည်သူတွေဟာ ပညာတတ်ဖို့ လိုတယ် ဆိုတာ ကျွန်မ ခဏခဏ ပြောနေတဲ့ကိစ္စ ၊ပညာဆိုတာ ကျောင်းမှာနေတဲ့ ကလေးတွေ အတွက်တင်မ

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ အစိုးရတပ် အများအပြား အင်အားဖြည့်


ကချင်ပြည်နယ် အတွင်းမှာ တပ်တွေ တိုးချထားပြီး ကေအိုင်အိုတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေချိန်မှာ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာလဲ မြန်မာအစိုးရစစ်တပ်တွေကို တပ်အင်အားထောင်နဲ့ချီပြီး ဖြည့်တင်း တိုးချဲ့နေတယ်လို့ သိရပါတယ်။

 လွန်ခဲ့တဲ့ လေးငါးရက်လောက်က စတင်ပြီးတော့ ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အို တပ်မဟာ ၄ ဒေသနဲ့ ပလောင်ဒေသတွေမှာ အစိုးရတပ်တွေ အများအပြား တိုးချလာတယ်လို့ ပလောင်တပ်မှုး တာ့ဖုန်းကျော်က ပြောပါတယ်။

 "များတော့များတယ်ဗျ စကခ ၁ နဲ့ စကခ ၁၆ သိန္နီ၊ ဒီဘက် ကွတ်ခိုင်ဘက်မှာရော ၊ မန်တုံဘက်ရော၊ နမ့်ခမ်းဘက်ရော၊ နမ့်ဆန်ဘက်ရော နမ့်ဆန်ဘက်မှာတက်လာတာက ခန့်မှန်းခြေ ၄၀၀ နဲ့ ၅၀၀ ကြားလောက်ရှိမယ်၊ မန်တုံနဲ့နမ့်ခမ်းဝန်းကျင်လဲ ၃၀၀ ၀န်းကျင်လောက်ရှိမယ်၊ ကွတ်ခိုင်ဘက်ကလဲ လောလောဆယ် ၃၀၀ ၀န်းကျင်လောက်ရှိမယ်၊ လောလောဆယ်တော့ ဘာတိုက်ပွဲမှ မရှိဘူး လေးရက်ငါးရက်ရှိပြီ သူတို့တပ်တွေ ဟိုဘက်ရွှေ့လိုက် ဒီဘက်ရွှေ့လိုက်"နှစ်ဖက် ကြီးကြီးမားမား တိုက်ပွဲတွေမရှိပေမဲ့ နယ်မြေစိုးမိုးရေး လုပ်တာဖြစ်တဲ့အတွက် မကြာခင်တိုက်ပွဲတွေ ဖြစ်လာနိုင်စရာ

KNU က ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ် ပြန်သုံးသပ်

KNU ခေါင်းဆောင်များ၊ ဓာတ်ပုံများ - ပြည်တော်မြင့်/ဧရာဝတီ

ကရင်အမျိုးသားအစည်းအရုံး KNU သည် မြန်မာအစိုးရနှင့် လက်ရှိအပစ်အခတ် ရပ်စဲရေးအပါအ၀င်၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်ပြီး နိုင်ငံရေး ဆွေးနွေးမှုအဆင့်သို့ ရောက်ရှိ
ရန်လိုအပ်ချက် ၈ ချက်ပါသည့် ထုတ်ပြန်ကြေညာချက်ကို ယနေ့ထုတ်ပြန်ခဲ့သည်။

၎င်းထုတ်ပြန်ချက်ကို ယမန်နေ့က ကျင်းပပြီးစီးခဲ့သည့် ၁၅ ကြိမ်မြောက် KNU ညီလာခံအပြီးတွင် ပထမဆုံး ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ပြည်သူလူထု၏ နစ်နာဆုံးရှုံးမှုများကို အကာအကွယ်ပြုနိုင်ရေးအတွက် လူ့အခွင့် အရေး ကော်မတီတရပ် ဖွဲ့စည်းသွားရန်သဘောထားချမှတ်ခဲ့သည်ဟု လည်းထုတ်ပြန်ချက် တွင်ဖော်ပြ

ရှမ်း/မြောက်တွင်ရွာသားများအစိုးရတပ်၏ နှိပ်စက်ခံရ၍ (၅၀၀)ကျော်ထွက်ပြေး

 
ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်း စစ်ဆင်ရေး လှုပ်ရှားနေသော ခလရ(၆၈) (၂၄၀)တပ်ဖွဲ့များသည် ဂါလိုင် (Ga Leng)ကျေးရွာသူ၊ ရွာသားများအား ရိုက်နှက်၊ နှိပ်စက်၊ ဖမ်းဆီး၊ ခြိမ်ခြောက်ခြင်း အမျိုးမျိုးပြုမူနေ သောကြောင့် နမ်ဘား(Nam Ba)၊ မုန်နမ်(Mung Nam) ခူးနောင်(Hku Nawng)၊ ဖေါင်းဒုန် (Hpawng Dung) ခန်နောင်ပါ(Hkan Nawng Pa) မန်န(Man Na) နန်မ(Nang Ma)ကျေးရွာမှ ရွာသူ ရွာသားများသည် ကွတ်ခိုင် မြို့သို့ လုံခြုံရေးအရ ရှောင်တိမ်း ရောက်ရှိလာကြောင်း သိရှိရသည်။
 
ယခုအချိန်အထိ ကွတ်ခိုင်မြို့ရှိ ခရစ်ယာန် ဘုရားရှိခိုးကျောင်းသို့ ရောက်ရှိလာသော မြန်မာ့တပ်မတော်အား ကြောက်ရွံ့၍ ထွက်ပြေးလာသူ ဒုက္ခသည် ပေါင်း(၅၀၀)ခန့် ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။
 
Copy from - Lachid Kachin

ဒီဇင်ဘာ ၂၆ ရက်နေ့ KIA နှင့် အစိုးရ တိုက်ပွဲအခြေအနေများ

 26 December 2012

ကချင်ပြည်နယ် ဗန်မော်ခရိုင် ဒေါ့ဖုန်းယန်မြို့နယ် ခန်းကိုင်တောင် ပေါ်ရှိ အစိုးရ၏ အမြောက်တပ်ဖွဲ့တို့သည် ကေအိုင်အေ တပ်မဟာ (၅) လက်အောက်ခံ ဘွမ်ဆောမ်တပ်စခန်း၊ မန်တဲ တပ်စခန်းနှင့် လဂျားယန်တပ်စခန်းဘက်သို့ လက်နက်ကြီး များဖြင့် ပစ်ခတ်လျှက် ရှိကြောင်း ကေအိုင်အေ စစ်ရုံးချုပ်မှ အရာရှိတဦးက ယနေ့ ညနေပိုင်းတွင် ပြောကြားခဲ့ပါသည်။

“မနေ့က ည ၉ နာရီအထိ လက်နက်ကြီးနဲ့ လဂျားယန်ကို ပစ်ခတ်သွားတယ်။ ဒီနေ့မနက် (၄) နာရီတုန်းကလည်း နေ့လည် အထိ အကြိမ် ၃၀ လောက် ၁၀၅ မမ၊ ၁၂၀ မမ နဲ့ ပစ်လိုက်ပြန်တယ်။ ကျည်ကုန်သွားလားမသိ ခဏရပ်သွားတယ်။ ဘယ် အချိန်ပြန်ပစ်မယ်တော့ မသိသေးဘူး။” ဟု ဆိုပါသည်။

မြောက်ပိုင်းတိုင်း တိုင်းမှူးသည် ဗန်းမော် -လိုင်ဇာ လမ်းကြောင်းရှိ လဂျားယန်တ၀ိုက်၌ တပ်စွဲနေသော ကေအိုင်အေ တပ် စခန်း အားလုံးကို ဒီဇင်ဘာလ (၂၅)ရက်နေ့ကို နောက်ဆုံးထားပြီး ဆုတ်ခွာပေးရန် ရာဇာသံပေးထားခဲ့ပါသည်။

ရာဇာသံကို ဒီဇင်ဘာလ ၂၃ ရက်နေ့ရက်စွဲဖြင့် ရေးထားသော်လည်း ထိုနေ့မှ ယနေ့အထိ လဂျားယန် တ၀ိုက်ရှိ ကေအိုင် အေစခန်းများရှိရာဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်နေခဲ့ပါသည်။

“အဲဒီလဂျားယန်က အရင်ကဆို ကေအိုင်အေ တပ်စခန်းပေါ့။ ၁၉၉၄ အပစ်ရပ်တော့ အစိုးရတပ်ဖွဲ့တွေက ၁၉၉၈ ခုနှစ် လောက်မှာ အတင်းလာပြီးတပ်စွဲလိုက်တယ်။ ဒီလမ်းဟာတရုတ်ပြည်ကိုလည်း ၀င်ထွက်ေ နတဲ့လမ်းဖြစ်တော့ လိုင်ဇာမြို့မှာ (လဝက) လူဝင်မှုကြီးကြပ်ရေးအဖွဲ့ ထိုင်ဖို့ သူတို့တောင်းတယ်။ နောက်ဆုံးတော့ မြို့တွင်းဖြစ်တဲ့ လဝါမှာ နေခွင့် ပေးလိုက်တယ်။ နောက်တော့ လဂျား ယန်ကိုပါ စုပေါင်း

ရခိုင် အမျိုးသမီး တဦး လမ်းပြ ခေါ်ဆောင် လာသော ခိုးဝင်ဘင်္ဂလီများ မင်းတုန်းမြို့တွင် ဖမ်းမိ

ရခိုင် အမျိုးသမီး တဦး လမ်းပြ ခေါ်ဆောင် လာသော ခိုးဝင်ဘင်္ဂလီများ မင်းတုန်းမြို့တွင် ဖမ်းမိ
................................................................................................................................

၂၁.၁၂.၂၀၁၂ ခုတွင် ရခိုင် အမျိုးသမီး တဦး ဖြစ်သူ မစောစောဦးသည် ဘင်္ဂါလီ အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား ရခိုင်ပြည်မှ ဥသျှစ်ပင်မြို့သို့ ပို့ဆောင်ရန် ခေါ်ဆောင်လာရာ မင်းတုန်းမြိုနယ် ကန်လည်ရဲကင့်းကို ဖြတ်သန်းစဉ် ဒုရဲအုပ် ကျော်သက်အောင် ဦးဆောင်သော အဖွဲ့မှ ဖမ်းဆီးရမိခြင်း ဖြစ်ပါသည်။ ယခုအခါ ခိုးဝင်ဘင်္ဂလီး ၈ ဦး
နှင့် လမ်းပြ ခေါ်ဆောင်သူ ရခိုင် အမျိုးသမီး ၁ ဦးအား မင်းတုန်းရဲစခန်းတွင် ထိန်းသိမ်း စစ်ဆေးလျှက်ရှိကြောင်း Myanmar News Now မှ သတင်းရရှိပါသည်။

သတင်း - သစ်ထူးလွင်
 
၂၁.၁၂.၂၀၁၂ ခုတွင် ရခိုင် အမျိုးသမီးတဦး ဖြစ်သူ မစောစောဦးသည် ဘင်္ဂါလီ အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား ရခိုင်ပြည်မှ ဥသျှစ်ပင်မြို့သို့ ပို့ဆောင်ရန် ခေါ်ဆောင်လာရာ မင်းတုန်းမြိုနယ် ကန်လည်ရဲကင်းကို ဖြတ်သန်းစဉ် ဒုရဲအုပ် ကျော်သက်အောင် ဦးဆောင်သော အဖွဲ့မှ ဖမ်းဆီးရမိခြင်း ဖြစ်ပါသည်။ ယခုအခါ ခိုးဝင်ဘင်္ဂလီး ၈ ဦးနှင့် လမ်းပြ ခေါ်ဆောင်သူ ရခိုင် အမျိုးသမီး ၁ ဦးအား မင်းတုန်း ရဲစခန်းတွင် ထိန်းသိမ်း စစ်ဆေးလျှက်ရှိကြောင်း Myanmar News Now မှ သတင်းရရှိပါသည်။

သတင်း - သစ်ထူးလွင်

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် လူလိမ် စစ်အာဏာရှင် အစိုးရ - အပိုင်း (၂)


 
 ဆောင်းပါးရှင် - ဗိုလ်မှူး အောင်လင်းထွဋ်

 
အဆိုပါ မူဝါဒများအရ စာရေးသူအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ရရှိရေး တက်ကြွစွာ ပါဝင်အမှုထမ်းခဲ့ပါသည်။ ထို့အတူတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ရရှိရေး အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသူများမှာ ဗိုလ်ချုပ်ကြီးခင်ညွန့် ၊ ဗိုလ်ချုပ်ကျော်ဝင်း ၊ ဗိုလ်မှူးချုပ်ကျော်သိန်း ၊ ဒုဗိုလ်မှူးကြီးတင်ဝင်း (သံအမတ်ကြီး - ၀ါရှင်တန်နှင့် အလုပ်သမားဝန်ကြီးဟောင်း) ၊ ဗိုလ်မှူးကြီးသန်းအေး (ကွယ်လွန်) ၊ ဗိုလ်မှူးကြီး စန်းပွင့်၊ ဒုဗိုလ်မှူးကြီး ဥာဏ်လင်း ၊ ဗိုလ်မှူးအောင်လင်းထွဋ်(စာရေးသူ)၊ ဗိုလ်မှူးသက်တင်စိန် တို့ ဖြစ်ကြပါသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် မူဝါဒများ ပြောင်းလဲမှု မရှိသော်လဲ ဗိုလ်ချုပ်မှူးကြီး စောမောင်၏ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအပေါ် ထားရှိသော သဘောထားနှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သဘောထား များစွာကွာခြားသည်ဟု ပြောရမည် ဖြစ်ပါသည်။ ဗိုလ်ချုပ်မှူးကြီး စောမောင်သည် စစ်သားတစ်ယောက်လို စဉ်းစားခဲ့တာကို သတိထားမိပါသည်။ ၄င်း၏ သဘောထားမှာ နှစ်ပေါင်းများစွာ တိုင်းရင်းသားအချင်းချင်း စစ်တိုက်လာခဲ့ကြလည်း ဘာမျှဖြစ်မလာ၊ မိမိတို့လူမျိုးများသာ သေဆုံးခဲ့ကြရသည်။ နှစ်ပေါင်းများစွာအတွင်း ကျဆုံးခဲ့သောတပ်မတော်သားများ၏ အလောင်းနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင်များ၏ အလောင်းပေါင်းပြီး ဆက်လိုက်မည်ဆိုလျှင် မြန်မာနိုင်ငံ တောင်မှမြောက် အထိ ဆက်နေမည် ဖြစ်သည်။ မည်သူတစ်ဦး တစ်ယေက်အတွက်မှ အကျိုးမရှိ ၊ယခင်အစိုးရ အဆက်ဆက် လက်နက်ချရေး မူကို ကိုင်ခဲ့သောကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းများ မအောင်မြင်ခဲ့၊ ထို့ကြောင့် လက်နက်ကိုင်ပြီး ငြိမ်းချမ်းရေးလုပ်ကာ ယုံကြည်မှု တည်ဆောက်သည့်

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် လူလိမ် စစ်အာဏာရှင် အစိုးရ - အပိုင်း (၁)

ဆောင်ပါးရှင် - ဗိုလ်မှူး အောင်လင်းထွဋ်

ယနေ့ ကချင်ပြည်နယ် ၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ် နေရာအနှံ့အပြားတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားသည့် သတင်းများကို သတင်းဌာနများမှ ကြားသိနေရသည့် အတွက် ဂတိမတည် ၊ သစ္စာမရှိ ၊ အောက်တန်းကျသော စစ်အာဏာရှင်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ဒေါသ ဖြစ်မိခဲ့ပါသည်။
 
ယခုကဲ့သို့ တိုက်ပွဲများ ပြန်လည် ဖြစ်ခဲ့ရခြင်းအပေါ် အထူး စိတ်မကောင်း ၀မ်းနည်းနေရသလို စာရေးသူ ကိုယ်တိုင်လဲ အလိမ်ခံခဲ့ရ၍ မခံချိမခံသာ ဖြစ်နေရပါသည်။ စာရေးသူသည် မြန်မာနိုင်ငံ၏ ၁၉၈၈ ခုနှစ်နောက်ပိုင်း န၀တ၊ နအဖ လက်ထက် တိုင်းရင်းသား လက်နက်ကိုင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အဓိက ဆောင်ရွက်ပေးခဲ့ရသော တပ်မတော် ထောက်လှမ်းရေး ညွန်ကြားရေးမှူးရုံး၊ နောင်တွင်တပ်မတော် ထောက်လှမ်းရေးမှူးချုပ်ရုံး၊ တိုက်ပွဲ ထောက်လှမ်းရေးဌာနခွဲ (ယခင်လှမ်း - ၁ ) တွင် စစ်ဦးစီးမှူး

Open Society Foundation တည်ထောင်သူ ဘီလျံနာသူဌေး ဂျော့ဆိုးရော့စ်နှင့် ၈၈ မျိုးဆက်ကျောင်းသားများ ရန်ကုန်၌ တွေ့ဆုံမည်

 
ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင် ဘီလျံနာသူဌေး ဂျော့ဆိုးရော့စ်နှင့် ၈၈ မျိုးဆက် ကျောင်းသားများသည် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၈ ရက်၌ ရန်ကုန်မြို့ Chatrium Hotel တွင် တွေ့ဆုံမည် ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ သတင်း ရရှိပါသည်။

ယခုတွေ့ဆုံမှုကို ဂျော့ဆိုးရော့စ်၏ Open Society Foundation မှ ကမ်းလှမ်းခဲ့ခြင်း ဖြစ်ပြီး သုံးဦး လက်ခံတွေ့ဆုံသွားမည်ဖြစ်ကာ မည်သည့်အကြောင်းအရာကို ဆွေးနွေးသွားမည် ဆိုသည်နှင့် မည်သူတို့ သွားရောက် တွေ့ဆုံမည်ကို မဆုံးဖြတ်ရသေးကြောင်း ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုဂျင်မီက ပြောကြားခဲ့သည်။

ဘီလျံနာ သူဌေး ဂျော့ဆိုးရော့စ်နှင့် မိသားစုဝင်များသည် မြန်မာနိုင်ငံသို့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်မှ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၃ ရက်အထိ လာရောက် လည်ပတ်ခဲ့ပြီး သမ္မတ ဦးသိန်းစိန်၊ သမ္မတအကြံပေးများ၊ အရပ်ဘက်လူ့အဖွဲ့အစည်း ကိုယ်စားလှယ်များ၊ ဒေါ်အောင်ဆန်းစုကြည် တို့နှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကာ မြန်မာနိုင်ငံတွင် ကူညီ ထောက်ပံ့ရေးလုပ်ငန်းများ တရားဝင်

ကချင်လူမျိုးတွေ သိစေချင်

 
မနေ့က ခရစ္စမတ် အကြိုအတွက် ပြင်ဆင် ဆုတောင်း၊ အလုပ် ရှုပ်နေကြတဲ့ အချိန်မှာ ကန်တော်ယန် ကျေးရွာနားမှာ မြန်မာ့တပ်မတော်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် တနေရာထဲမှာဘဲ ၆ ယောက် ပွဲချင်းပြီး သေဆုံးရတယ်လို့ သတင်းရရှိပါတယ်။
 
အခုအချိန်မှာ စစ်ကား အစင်း ၅၀ ကျော်နဲ့ အပြည့် မြန်မာ့တပ်မတော်သားများဟာ  ဘက်ဖိုးယာဉ်ကြီးများနဲ့ လမ်းရှင်း လမ်းဖောက်ပြီး လိုင်ဇာမြို့ကို တရွှေ့ရွေ့ ချီတက်လာတာ တော်တော်လေး ခရီးရောက်နေပြီလို့ သိရပါတယ်။

ကချင်တွေကိုလဲ ပြောစရာရှိတာ တစ်ခါထဲ ပြောထားရဦးမယ်။ ကိုယ့်ဘက်က ကချင်ပြည်သူတွေ သေရင်လဲ နေရာ၊ နေ့ရက်၊ ဘယ်နှစ်ယောက်၊ ဘယ်လို သေရတယ်ဆိုတာ စာရင်းအတိအကျ ပြုစုထား။ ရှမ်းအမျိုးသမီး SWAN အဖွဲ့ကို အတုယူ၊ သူတို့ထုတ်တဲ့ License to Rape စာအုပ်ဆို တိကျ သေသပ်လွန်းလို့ ၂၀ နှစ်လောက် ကြာတဲ့အထိ အစိုးရဖင်အောက် ခုထိ ခိုးလိုးခုလု ဖြစ်နေတုန်းပဲ။
 
ဓာတ်ပုံတွေဘာတွေ သေချာရိုက်ထား၊ ပြီးရင် ဖြစ်ပျက် စုံလင်ကို ရန်ကုန် မီဒီယာတွေအားလုံးဆီပို့လိုက်။ သူတို့က ဘက်လိုက်တတ်လို့ ပို့လိုက်တဲ့သတင်းတွေ ဖော်ပြမှာ မဟုတ်ဘူးလို့ အကြောင်းမပြနဲ့၊ သူတို့ဘက်လိုက်တတ်တာ လူတိုင်းသိပြီးသား၊ ခုမှ အဆန်းလုပ်မနေနဲ့။ ဖော်ပြတာ မပြတာ သူတို့အလုပ်၊ ပို့

Wednesday, December 26, 2012

မြန်မာအစိုးရတပ်များ လဂျားယန်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေ



မြန်မာအစိုးရတပ်များ လဂျားယန်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေ

December 26 ,2012 by Myitkyina blog news

ဒီဇင်ဘာလ(၂၅)ရက် မနက်(၁၁)နာရီအချိန်မှ ညနေ(၄)နာရီအထိ ဒေါ့ဖုန်းယန်၊ ခန်းကိုင်တောင် အမြောက်တပ် စခန်းမှ ၁၀၅ မမ ဟော်ဝင်ဇာအမြောက်ဖြင့် လဂျားယန်ဘက်သို့ (၂၁)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ဒီဇင်ဘာလ(၂၆)ရက် မနက် ဝေလီဝေလင်းချိန်မှစတင်ကာ ခန်းကိုင်တောင် အမြောက်တပ်စခန်း၊ ဘွမ်ဆောမ် တပ်စခန်း၊ မန်တဲ(Man Sai)တပ်စခန်းတို့မှ ၁၀၅ မမ၊ ၁၂၀ မမ လက်နက်ကြီးများဖြင့် KIA တပ်မဟာ(၅)နှင့် လဂျားယန်ဘက်သို့ ယခုအချိန်အထိ အကြိမ်ပေါင်းများစွာ ပစ်ခတ်တိုက်ခိုက်နေသည်။

မြန်မာ့တပ်မတော်၏ စစ်ပွဲခေါ်သံသည် ကချင်ဒေသ၌သာမက အခြားတိုင်းရင်းသား ဒေသများတွင်လည်း စစ်မီးတောက်လောင်နိုင်စရာ ဖြစ်လာပြီဖြစ်ကြောင်း သိရှိရသည်။

December 26 ,2012

ဒီဇင်ဘာလ(၂၅)ရက် မနက်(၁၁)နာရီအချိန်မှ ညနေ(၄)နာရီအထိ ဒေါ့ဖုန်းယန်၊ ခန်းကိုင်တောင် အမြောက်တပ် စခန်းမှ ၁၀၅ မမ ဟော်ဝင်ဇာအမြောက်ဖြင့် လဂျားယန်ဘက်သို့ (၂၁)ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

ဒီဇင်ဘာလ(၂၆)ရက် မနက် ဝေလီဝေလင်းချိန်မှစတင်ကာ ခန်းကိုင်တောင် အမြောက်တပ်စခန်း၊ ဘွမ်ဆောမ် တပ်စခန်း၊ မန်တဲ(Man Sai)တပ်စခန်းတို့မှ ၁၀၅ မမ၊ ၁၂၀ မမ လက်နက်ကြီးများဖြင့် KIA တပ်မဟာ(၅)နှင့် လဂျားယန်ဘက်သို့ ယခုအချိန်အထိ အကြိမ်ပေါင်းများစွာ ပစ်ခတ် တိုက်ခိုက်နေသည်။

မြန်မာ့တပ်မတော်၏ စစ်ပွဲခေါ်သံသည် ကချင်ဒေသ၌သာမက အခြားတိုင်းရင်းသား ဒေသများတွင်လည်း စစ်မီး တောက်လောင်နိုင်စရာ ဖြစ်လာပြီဖြစ်ကြောင်း သိရှိရသည်။
-----------------------------------------------------------------------------------------


ပန်ဝါဒေသ တိုက်ပွဲခေါ်သံ


ပန်ဝါဒေသ နယ်ခြားမှတ်တိုင်(၆)အနီးရှိ KIA တပ်စခန်းတည်ရာ သံချောင်းကုန်းသို့ ဒီဇင်ဘာလ(၂၅)ရက်နေ့ တွင် မြန်မာအစိုးရစစ်တပ် ခလရ(၇၇) (၁၃) (၁၀) တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တဖက်သတ်ပစ်ခတ်နေခဲ့ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ(၂၆)ရက်နေ့မှစတင်၍ ပန်ဝါဒေသရှိ KIA တပ်စခန်းများကို မြန်မာအစိုးရတပ်ဖွဲ့က ထပ်မံ ထိုးစစ်ဆင် စခန်းသိမ်းတိုက်ပွဲဖေါ်ဆောင်ရန် စီမံနေကြောင်း သိရှိရသည်။ ထိုသို့ စီမံချက်လုပ်ဆောင်ရာတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်း ကလည်း ၎င်း၏ပြည်သူ့စစ်အဖွဲ့ဝင်များကို ပူးပေါင်းပါဝင် စေရန် စိတ်အားထက်သန်စွာ လှုံ့ဆော်လျက်ရှိကြောင်း သိရှိရသည်။
 
Copy from - Myitkyina blog news

ရန်ကုန်မြို့က ဘတ်စ်ကားတစီးရဲ့ ပြူတင်းမှန်မှာ ကပ်ထားတဲ့ စာတန်း ပါတဲ့...

credit to Thwin Maung Maung

အနာဂတ်တွင် ဟာဝိုင်အီ ကျွန်းများ ပျောက်ကွယ် တော့မည်

အနာဂတ်တွင် ဟာဝိုင်အီ ကျွန်းများ ပျောက်ကွယ် တော့မည်
Wednesday, 26 December 2012

ပစိဖိတ် သမုဒ္ဒရာ မြောက်ပိုင်းရှိ ဟာဝိုင်အီ ကျွန်းများမှ အချို့ အစိတ် အပိုင်းများသည် မြေအောက် ရေကြောင့် အရည်ပျော် လျက်ရှိပြီး မကြာမီ ပျောက်ကွယ် တော့မည်ဖြစ်ကြောင်း အမေရိကန် သုတေသီ များက အခိုင်အမာ ပြောကြား ခဲ့သည်ဟု အင်တာနက် သတင်းအရ သိရသည်။

ယခုအခါ ဟာဝိုင်အီ ကျွန်းများသည် မြေပြိုမှုများ သိသိသာသာ ဖြစ်ပေါ်နေပြီး ကျွန်းအောက်ရှိ မြေအောက်ရေအတွင်းကျွန်းပေါ်ရှိ မြေသားများ ပျော်ဝင်
ခဲ့ကြောင်း လေ့လာ တွေ့ရှိ ချက်များ အရ သိရသည်။

ထို့ပြင် သုတေသီ များသည် ဟာဝိုင်အီ ကျွန်း၏ တတိယ အကြီးဆုံး
ဖြစ်သော အိုဟူကျွန်း ပေါ်ရှိ တောင်တန်းများမှာ ဖျက်ဆီးခံ နေရပြီး အဆိုပါ တောင်များ သည်မကြာမီ နှစ်များအတွင်း ပျောက်ကွယ် တော့မည်
ဖြစ်ကြောင်းဖြင့်လေ့လာမှု များက ညွှန်ပြလျက် ရှိသည်။

အိုဟူကျွန်းရှိ တောင်များ မြေဆီလွှာ ပျက်စီး တိုက်စားမှုကို ဖြစ်စေသော
ပျော်ဝင် ပစ္စည်းများ ပါဝင်သည့် ရေတိုက်စား မှုကြောင့် အဆိုပါ ကျွန်းများမှာ ပျောက်ကွယ်၍ မြေပြင် အဖြစ်သို့ ပြောင်းလဲသွား လိမ့်မည်ဖြစ်ကြောင်း အသေးစိတ်လေ့ လာချက်များတွင် ဖော်ပြထားသည်။

ဘူမိဗေဒ ပညာရှင် များသည် အဆိုပါ ကျွန်းများ၏ မြေပမာဏ ပျက်စီးမှုကို တွက်ချက်ရန် အတွက် မြေအောက်ရေနှင့် စမ်းချောင်းရေ များကို လေ့လာ မှုများ ပြုလုပ်ခဲ့ရာ ၎င်းရေများတွင် ကျွန်းများမှ သတ္တုဓာတ် များကို ဖယ် ရှားနိုင်သော ပစ္စည်းများ ရှာဖွေ တွေ့ရှိခဲ့သည်။

သို့သော်လည်း အိုဟူကျွန်းသည် လာမည့် နှစ်သန်းပေါင်း ၁ ဒသမ ၅သန်း အထိ ဆက်လက် တည်ရှိ မည်ဖြစ်ကြောင်း သုတေသီ များ၏ နောက်ဆုံး
လေ့လာချက် များအရ သိရသည်။

မြ၀တီ
December 2012

ပစိဖိတ် သမုဒ္ဒရာ မြောက်ပိုင်းရှိ ဟာဝိုင်အီ ကျွန်းများမှ အချို့ အစိတ် အပိုင်းများသည် မြေအောက် ရေကြောင့် အရည်ပျော် လျက်ရှိပြီး မကြာမီ ပျောက်ကွယ် တော့မည်ဖြစ်ကြောင်း အမေရိကန် သုတေသီ များက အခိုင်အမာ ပြောကြား ခဲ့သည်ဟု အင်တာနက် သတင်းအရ သိရသည်။

ယခုအခါ ဟာဝိုင်အီ ကျွန်းများသည် မြေပြိုမှုများ သိသိသာသာ ဖြစ်ပေါ်နေပြီး ကျွန်းအောက်ရှိ မြေအောက် ရေအတွင်းကျွန်းပေါ်ရှိ မြေသားများ ပျော်ဝင်ခဲ့ကြောင်း လေ့လာ တွေ့ရှိ ချက်များ အရ သိရသည်။

ထို့ပြင် သုတေသီ များသည် ဟာဝိုင်အီ ကျွန်း၏ တတိယ အကြီးဆုံးဖြစ်သော အိုဟူကျွန်း ပေါ်ရှိ တောင်တန်းများမှာ ဖျက်ဆီးခံ နေရပြီး အဆိုပါ တောင်များ သည်မကြာမီ နှစ်များအတွင်း ပျောက်ကွယ်

မင်းမဲ့စရိုက်ဆန်သော ဖျက်ဆီးမှု။

 
ဘယ်သူအမိန့်နဲ့လို့ မပြောပေမယ့် စည်ပင်မှ လူအင်အားသုံးပြီး တောင်ဒဂုံမြို့နယ်မှ ဆိုင်ခန်းပေါင်း နှစ်ရာကျော်ကို တစ်နေ့တည်း ဖျက်သိမ်း။

ရန်ကုန်တိုင်း ဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ အမှတ် ( ၁၇-၁၈-၁၉ ) ရပ်ကွက်စသော ရပ်ကွက်များကို ဖြတ်သန်း ရာ မောင်းမကန်လမ်း၊ ဧရာဝဏ်လမ်းနှင့် ဆောက်လုပ်ရေး မှတ်တိုင် တောက်လျှောက် ဆိုင်ခန်းများကို ဒီဇင်ဘာ ၂၃- ရက်နေ့က စတင်ကာ လူအင်အား (၃၀) ကျော်လောက်နဲ့ စည်ပင်သာယာရေး အဖွဲ့မှဆိုပြီး ဖျက်သိမ်းသွားခဲ့ သည်ဟု အဖျက်ဆီးခံရသော ဆိုင်ပိုင်ရှင်များက ပြောသည်။

"မနက် ၁၀း၀၀ လောက်က ဖျက်ပေးဖို့လာပြောပြီး ၂း၃၀ နာရီလောက်မှာ လူအင်းအားအသုံးပြုပြီး လူအုပ်နဲ့ လာဖျက် တာပဲ၊ အပျက်အစီးနည်းအောင် ကျွန်တော့ဘာသာ ဖျက်မယ်ပြောတာလဲ မရဘူး" ကျွန်တော်တို့ဘာသာဖျက်ရင် ပစ္စည်းကောင်းတွေ ပြန်ရနိုင်တယ်။ သူတို့ လုပ်သွားတဲ့ပုံစံက ရန်သူကို နှိပ်စက်သလို ဆိုင်ကို ဖျက်ဆီးသွားကြတာ ကာလတန်ဖိုး သုံးသိန်းဖိုးလောက် ရှိသည်"ဟု မောင်မကန်လမ်းဘေးရှိ

သမ္မတ ဦးသိန်းစိန်ရဲ့ နှစ်ချုပ် မိန့်ခွန်း အပြည့်အစုံ

သမ္မတ ဦးသိန်းစိန်၊ ဓာတ်ပုံ- သမ္မတရုံး ၀က်ဆိုက်
သမ္မတ ဦးသိန်းစိန်က ယနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းက နိုင်ငံပိုင် ရုပ်မြင်သံကြားမှ တဆင့် ၂၀၁၂ ခုနှစ် နှစ်ချုပ် မိန့်ခွန်း တခုကို ပြောကြားခဲ့ပါတယ်။ အဆိုပါ ပြောကြားမှု အပြည့်အစုံကို သမ္မတရုံး အင်တာနက် စာမျက်နှာတွင်လည်း ဖော်ပြထားပြီး ပြန်လည် မျှဝေ ပေးလိုက်ပါတယ်။

မိန့်ခွန်း အပြည့်အစုံ။။။

ပြည်ထောင်စုဝန်ကြီးဌာန ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ ဝန်ကြီးချုပ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများအားလုံး မင်္ဂလာအပေါင်း နဲ့ ပြည့်စုံကြပါစေလို့ နှုတ်ခွန်းဆက်သ ပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ နိုင်ငံအုပ်ချုပ်ရေး တာဝန်ယူပြီး နိုင်ငံအကျိုး၊ ပြည်သူ့အကျိုး ထမ်းဆောင်ခဲ့တာ တစ်နှစ်နဲ့ ကိုးလခန့်ရှိပြီဖြစ်ပါတယ်။ ခေတ်သစ် စနစ်သစ် ထူထောင် တည်ဆောက်ဖို့ အတွက် ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကာလမှာ ပြည်ထောင်စု အစိုးရနဲ့ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဆင့်ဆင့် ဖွဲ့စည်းမှုများ စတင်ဆောင်ရွက် ခဲ့ပြီး ခေတ်စနစ်သစ် အတွက် လိုက်လျော ညီထွေရှိမယ့် ဥပဒေ၊ စည်းမျဉ်း၊

ဒီဇင်ဘာ(၂၅) သတင်းတို




မြန်မာ စစ်အစိုးရတပ်များ ရဟတ်ယာဉ် အသုံးပြုကာ လိုင်ဇာ အောက်ဘက်ခြမ်းရှိ ဆမ်တိန်းဂျန်ကျေးရွာသို့ လက်နက်ခဲယမ်း ရိက္ခာများ လာရောက်ပို့ ဆောင်သွားကြောင်း သိရသည် ။

 ကေအိုင်အေ တပ်မဟာ(၅) လက်အောက်ခံ  တပ်ရင်း(၂၄)နယ်မြေ ဘွမ်ဆောင်ဒေသ တွင် ကေအိုင်အေ တပ်ပေါင်းစု တပ်ဖွဲ့ ဝင်များ နှင့် အစိုးရတပ်များ ညနေ (၅)နာရီ အချိန်ခန့် ထိ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သိရသည်။

ထို့ အပြင် ယနေ့ မွန်းလွဲပိုင်း ၂ နာရီမှ ၄ နာရီခန့် အတွင်း မြစ်ကြီးနား - ဆွမ်ပရာဘွမ် လမ်းမကြီး အတိုင်း မြန်မာအစိုးရတပ်မှ စစ်ကား အစီး (၈၀) ခန့် စစ်ကြောင်းထိုး တက်သွားကြောင်း သိရှိရသည်။


Copy from - Lachid Kachin

Air Bagan (w9-011) ရန်ကုန်-မန္တလေး-ဟဲဟိုး လေယာဉ် ပျက်ကျမှု မြင်ကွင်း

ဓါတ်ပုံ - ရဲဇာနည်
 
ရိုက်ကူးပေးပို့ - ကိုဖိုးသား (i cj)
Copy from - DVB TV News

လုံခြုံရေး တင်းတင်းကျပ်ကျပ် ထားရဲ့သားနဲ့  စင်ပေါ်မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခု ...


 

ဗီဒီယိုသတင်း - ကိုထွန်းဝေ

နိုင်ငံတော်ပိုင် ငွေကြေးအား အလွဲသုံးစားလုပ်သည့် တပ်ရင်းမှူးအား အရေးယူပါရန် တိုင်ကြားခြင်း

အမှတ်(၇) လေကြောင်းရန် ကာကွယ်ရေး အီလက်ထရောနစ် စစ်ဆင်ရေး တပ်ရင်းမှူး ကြည်း ၂၇၅၈၈ ဒုတိယဗိုလ်မှူးကြီး သိန်းစိုးအောင် ၏ အကျင့်ပျက် လာဘ်စားမှုများနှင့် တပ်တွင်း အကျင့်ပျက် လာဘ်စားမှုများ နိုင်ငံတော်ပိုင် ငွေကြေးအား အလွဲသုံးစား လုပ်မှုများကို အမှတ်(၇) လေကြောင်းရန် ကာကွယ်ရေး အီလက်ထရောနစ် စစ်ဆင်ရေး တပ်ရင်းမှ ကြည်း (၄၈၀၁၅) ဗိုလ်ကြီး ဟိန်းဆက်အောင် မှ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့ အစည်းများကို တိုင်ကြားထားပါသည်။ latter

Copy from - thithtoolwin.net

ကချင်ဒုက္ခသည်တွေကို SNLD သိန်း ၁၇၀ လှု

ကချင်ဒုက္ခသည်စခန်းတစ်ခုအတွင်းက ဒုက္ခသည်စခန်းတစ်ခုကို တွေ့မြင်ရစဉ်။ Photo: RFA/Kyaw Myo Min
2012-12-25

ကချင်ပြည်နယ် မြစ်ကြီးနား နဲ့ ဝိုင်းမော်မြို့နယ်က ဒုက္ခသည်စခန်းအချို့က စစ်ဘေးရှောင် ပြည်သူတွေကို ရှမ်းအမျိုးသားများ ဒီမိုကရေစီ အဖွဲ့ ချုပ် (SNLD)က ဒီကနေ့ မနက်ပိုင်းမှာ သွားရောက်တွေ့ဆုံခဲ့ပြီး ငွေကျပ်သိန်း ၁၂၀ နဲ့ ဆေးဝါး ပစ္စည်း တန်ဖိုး သိန်း ၅၀ အပါအဝင် စုစုပေါင်း ကျပ်သိန်း ၁၇၀ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
 
ဒီကနေ့ လာရောက်လှူဒါန်းချိန်မှာ စစ်ဘေးရှောင် စခန်းတွေရဲ့လက်ရှိအခြေအနေတွေကို မြင်တွေ ကြားသိခဲ့ရတာနဲ့ ပတ်သက်ပြီး SNLD ပါတီရဲ့ တွဲဘက်အတွင်းရေးမှူး ဦးစိုင်းလိတ်က RFA ကို အခုလို ပြောပါတယ်။
 
"ကျွန်တော်တို့ ဒီနေ့ မနက်သွားရောက် လှူဒါန်းတဲ့ cmap က သုံးခပေါ့နော်။ ကျွန်တော့်အမြင်က ကချင်ပြည်နယ်၊ ကချင်တိုင်းရင်းသားတွေပဲ ဒုက္ခရောက်နေလားလို့ပေါ့နော်။ တကယ်တမ်းကျတော့ ကချင်မဟုတ်သော ရှမ်းနီ၊ ရှမ်းကြီး နောက်ခရစ်ယာနန် ဘာသာကိုးကွယ်တဲ့ လီဆူး တိုင်းရင်းသားတွေက

Tuesday, December 25, 2012

သမ္မတကြီး ဦးသိန်းစိန် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အကြားအကြပ်အတည်း

DPNS Report for New Government and Ethnic Cease Fire Groups Crisis

ပြန်ကြားရေး ၀န်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဠ် ထုတ်ပြန်သော Air Bagan လေယာဉ် ဟဲဟိုးလေဆိပ် အဆင်းတွင် ပျက်ကျမှုသတင်း

ဟဲဟိုးလေယာဉ်ပျက်ကျမှု ဓါတ်ပုံဖြစ်ပါသည်။ဓာတ်ပုံ-ကိုမျိုးသန်း(တောင်ကြီး)
 
အဲပုဂံလေကြောင်းခရီးစဉ်အမှတ် W9-011 လေယာဉ်အမှတ် XY-AGC ဖော်ကာ F - 100 အမျိုး အစား လေယာဉ်မှာ လေယာဉ်အမှုထမ်း ၆ ဦး၊ လုံခြုံရေး ၂ ဦး၊ နိုင်ငံခြားသား ၅၁ ဦး အပါအ၀င် ခရီးသည် ၆၃ ဦး စုစုပေါင်း ၇၁ ဦး လိုက်ပါလာပါတယ်။

ယနေ့နံနက် ၀၈၅၅ နာရီအချိန်မှာ လေဆိပ်အဆင်း မြူနှင်းများကြောင့် ပြေးလမ်းဘေး လယ်ကွင်း အတွင်းသို့ မှားယွင်း ဆင်းသက်ခဲ့တဲ့အတွက် လေယာဉ် အမြီးပိုင်းကျိုးပြီး မီးလောင်သွားခဲ့ပါတယ်။

မီးသတ်ယာဉ်များနဲ့ တာဝန်ရှိသူများ ၀၉၀၀ နာရီမှရောက်ပြီး ၀၉၄၅ ချိန်မှာ မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။ ခရီးသည်များအနက် လေယာဉ်မှူး၊ တွဲဘက်လေယာဉ်မှူးနဲ့ နိုင်ငံခြား သား လေးဦးအပါအ၀င် ခရီးသည် ၉ ဦး ပေါင်း ၁၁ ဦးဒဏ်ာရာ ရရှိခဲ့ပါတယ်။ အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပါတယ်။

လေယာဉ် မှားယွင်းဆင်းသက်စဉ် ကားလမ်းပေါ်က ဆိုင်ကယ် စီးနေသူနှစ်ဦးကို တိုက်မိတဲ့အတွက် တစ်ဦးသေ၊ တစ်ဦးဒဏ်ရာ ရခဲ့ပါတယ်။ အရေးပေါ် ကယ်ဆယ်ရေး ကုသရေးလုပ်ငန်းများကို ဆက်လက်