Sunday, September 30, 2012

ကိုမင်းကိုနိုင် ခရိုနီတွေကို ပြတ်ပြတ်သားသားပြောပြီ

ကိုမင်းကိုနိုင် ခရိုနီတွေကို ပြတ်ပြတ်သားသားပြောပြ
 
"မတရားလုပ်တဲ့သူတွေ အရင်းနဲ့အမြတ်ခေတ်တော့ကုန်ပြီ ကျွန်ုပ်တို့ဖက်က အင်အားနဲ့ ရင်ဆိုင်ရင်တော့ ခင်ဗျားတို့ သတိထားလို့ ပြောချင်တယ်။"

(ကိုမင်းကိုနိုင် လက်ပံတောင်းတောင်နှင့် ချင်းတွင်းအလှသဘာဝ ကာကွယ်ထိန်းသိမ်းရေး နှီးနှောဖလှယ်ပွဲပြောခဲ့သည့်စကား။)

၂၀၁၂ ခုနှစ် တိုကျို မြန်မာ့ရိုးရာ သီတင်းကျွတ်ပွဲတော်


၂၀၁၂ ခုနှစ် စက်တင်ဘာလ(၃၀)ရက်။

မြန်မာ့ရိုးရာ သီတင်းကျွတ်ပွဲတော်ကြီးကို စက်တင်ဘာလ(၃၀)ရက်နေ့ တိုကျိုမြို့ KIBA ပန်းခြံ ၌ နံနက် ၁၁း၃၀ နာရီ မှ ညနေ ၄း၀၀ နာရီအထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ မှ တာဝန်ယူဦးစီး၍ စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ (၁၃)ကြိမ်မြောက် မြန်မာ့ရိုးရာ သီတင်းကျွတ်ပွဲတော်နှင့် အမိျုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း (၂၄)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကိုပါ ပူးတွဲကျင်းပပြုလုပ်သွားခဲ့ကြောင်း သိရှိရပါသည်။

မြန်မာ့ရိုးရာ သီတင်းကျွတ် ပွဲတော်ကို ဂျပန်ရောက် မြန်မာနိုင်ငံသားများမှ ရိုးရာအစဉ်အလာအတိုင်း ကျင်းပပြုလုပ်လာခဲ့ကြပြီး ကျင်းပရခြင်း ရည်ရွယ်ချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ ဥက္ကဌ ဦးလှဟန်မှ ရှင်းလင်း တင်ပြပြီးသည့်နောက် သီတင်းကျွတ်ပွဲတော်အား ဖွင့်လှစ်ပေးခဲ့ပါသည်။

သီတင်းကျွတ်ပွဲတော်မှာ ခေတ်ပေါ်တေးဂီတ ဖျော်ဖြေမူ အစီအစဉ်များနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆိုအကများ၊ အစီအစဉ်များပါ တင်ဆက်သွားခဲ့ကြပြီး မြန်မာတိုင်းရင်းသား ရိုးရာ အစားအသောက် မျိုးစုံ စုံလင်စွာဖြင့် ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချ သွားကြကြောင်း သိရှိရပါသည်။ ယနေ့ အခမ်းအနားတွင် ဂျပန်နိုင်ငံသို့ ခေတ္တရောရှိလာသော ABSDF ဥက္ကဌ ရဲဘော်သံခဲမှ သီတင်းကျွတ်ပွဲတော် အခမ်းအနားသို့ တက်ရောက် နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။ သီတင်းကျွတ်ပွဲတော်ကို ရိုးရာအစဉ်လာမပျက် ကျင်းပ ပြုလုပ်ရခြင်းဖြစ်ပြီး မြန်မာ့ယဉ်ကျေးမှုကို ဆက်လက် ထိန်းသိမ်း ဖေါ်ထုတ်သွားရန် ဖြစ်ကြောင်းနှင့် တက်ရောက် အားပေးခဲ့ကြသူများကို NLD-LA(JB) အထွေထွေအတွင်းရေးမှူး ဦးသောင်းမြင့်ဦးမှ တက်ရောက်လာသူများအား ကျေးဇူးတင်ရှိကြောင်း ပြောကြားပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။ သီတင်းကျွတ် ပွဲတော်၌ " မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်" အတွက် အလှူငွေ ယန်း ၁၂၀၀၀ ကျော် ကောက်ခံရရှိကြောင်းလဲ သိရှိရပါသည်။

တိုကျိုသီတင်းကျွတ်ပွဲတော်တွင် ဂျပန်နိုင်ငံရောက် ပြည်ထောင်စုဘွား မြန်မာတိုင်းရင်းသားများအပြင် ဂျပန်လူမျိုးများအပါအ၀င် နိုင်ငံခြားသားအချို့ပါ စုစုပေါင်း (၄၀၀) ခန့် ပျော်ပျော်ပါးပါး ပါဝင်ဆင်နွဲ တာကိုတွေ့ ရပါသည်။

သတင်းမှတ်တမ်း။ Mai Kyaw Oo
ဓါတ်ပုံမှတ်တမ်း ။ Lian Khan Sum

ဆန်ဖရန်စစ္စကိုတွင် မြန်မာမိသားစုများနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပွဲ


 
Sep 29, 2012 , You Tube video by


....
သတင်းဓါတ်ပုံကို Htain Linn facebook အင်တာနက်စာမျက်နှာမှ ကူးယူခဲ့ပါသည်....

"ဘင်္ဂလားဒေ့ခ်ျ့  နိုင်ငံရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၆ ကျောင်း မီးရှို့ခံရ"


ပန်းဝါခေါ်(ရာမူး)မြို့ တွင် ခေတ်အဆက်ဆက် တည်ထားကိုးကွယ်ခဲသော သမိုင်းဝင် ဗုဒ္ဓဘာသာ(၇)ကျောင်း သိမ် (၄)ဆောင်ဘင်္ဂလီကုလားများ မီးရှို့ ဖျက်ဆီးခံရပြီ
 SUNDAY, 30 SEPTEMBER 2012

ဘင်္ဂလားဒေ့ခ်ျ့နိုင်ငံရှိ ရခိုင်များနေထိုင်သော ပင်းဝါမြို့ ကုလားအခေါ်(ရာမူး)ရှိ ဘုန်းတော်ကြီးကျောင်း ၆ ကျောင်း မီးရှို့ခံရ အသေးစိတ်ကို ကြည်ရှုရန်။
 

 ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ကော့စ်ဘဇား ခရိုင် ရာမူး (ပန်းဝါမြို့တွင်) ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းများနှင့် လူနေအိမ်များ ယမန်နေ့ညက လုယက် မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု bdnews24.com တွင် ဖေါ်ပြသည်။

 Buddhist temples, homes burned, looted in Ramu ရာမူး (ပန်းဝါ)မှ ဘုန်းကြီးကျောင်း တစ်ကျောင်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း (၆) ကျောင်းနှင့် လူနေအိမ် ၂၀ ခန့် မီးရှို့ဖျက်ဆီးခံရကာ အိမ်ပေါင်း ၁၀၀ ကျော် လုယက် ဖျက်ဆီးခံခဲ့ရသည်။ အများစုမှာ ဘာရ၀ါ (မာရမာကြီး) လူမျိုးတို့၏ နေအိမ်များ ဖြစ်ကြသည်။ ယခုတိုက်ခိုက်မူသည် ဗုဒ္ဓဘာသာ မိသားစုများ အပေါ် ဘင်္ဂလာဒေခ်ျ့တွင် အဆိုးရွားဆုံး တိုက်ခိုက်မူ ဖြစ်ကြောင်း သတင်းက ဆိုသည်။

ယခုတိုက်ခိုက်မူသည် မွတ်ဆလင်တို့၏ အထွတ်မြတ်ထားရာ ကိုရမ် (Quran) အား facebook တွင် မဖွယ်မရာ လုပ်သည် စွပ်စွဲချက်များ ပေါ်ပေါက်လာပြီးနောက် စတင်ဖြစ်ပွားသည်ဟု ဆိုသည်။

ကော့စ်ဘဇားခရိုင် ရဲမင်းကြီး Selim Mohammed Jahangir အဆိုပါ တိုက်ခိုက်ခံရမူအား အတည်ပြု ပြောကြားပြီး ယနေ့ နံနက်လင်းအားကြီး အချိန်တွင် ရဲအဖွဲ့မှ ထိန်းသိမ်းနိုင်ခဲ့သည်ဟု သတင်းတွင် ဖေါ်ပြသည်။ သို့သော်မြို့စွန် အနား ဒေသများတွင် အခြေအနေမှာ အေးဆေး တည်ငြိမ်မူ မရှိသေးဟု

ဒေါ်အောင်ဆန်းစုကြည်အား သမ္မတအဖြစ် လက်ခံသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြား

ဒေါ်အောင်ဆန်းစုကြည်အား သမ္မတအဖြစ် လက်ခံသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က BBC ၏ Hardtalk အစီအစဉ်နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့ကြောင်း စက်တင်ဘာလ ၂၉ ရက်နေ့ BBC ၏ သတင်း တစ်ပုဒ်တွင် ဖော်ပြထားသည်။
 
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မည်သူမဆို သူတို့ ရွေးချယ်ချင်သည်ကို ရွေးချယ်နိုင်ပြီး လူထုဆန္ဒသဘောကို လေးစားရမည် ဖြစ်ကြောင်းကိုလည်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က တိုက်တွန်း ပြောကြားခဲ့သည်။
 
သမ္မတဦးသိန်းစိန်က ''သူမအနေနဲ့ တိုင်းပြည်ခေါင်းဆောင် ဖြစ်လာတယ်၊ မဖြစ်လာဘူးဆိုတာ ပြည်သူတွေရဲ့ ဆန္ဒသဘောပေါ်မှာ မူတည်ပါတယ်။ တစ်ကယ်လို့ ပြည်သူတွေက သူမကို လက်ခံတယ်ဆိုရင် ကျွန်တော့်အနေနဲ့ သူ့ကို လက်ခံ ရမှာပါပဲ''ဟု ပြောကြားခဲ့သည်။ ''မိမိနဲ့ ဒေါ်အောင်ဆန်းစုကြည် ကြားမှာ ပြသနာ တစ်စုံတစ်ရာ မရှိပါဘူး။ ကျွန်တော်တို့ အတူလက်တွဲ

အဆိပ်ရှိဆုံးသော လု့အသုံးဆောင်ပစ္စည်း ထိပ်တန်းသုံးမျိုး


နေ့တိုင်း သုံးစွဲနေသောလူ သုံးကုန်ပစ္စည်းထဲမှာ ဘယ်အရာကက အဆိပ်အရှိဆုံးလဲ ????
အဆိပ်ရှိဆုံးသော လု့အသုံးဆောင်ပစ္စည်း ထိပ်တန်းသုံးမျိုး

.........

(၁) တစ်ခါသုံး တု
(၂) ရေနွေးဖြင့် ပြုတ်ပြီး ပြန်လည်အသုံးပြုသော တူ
(၃) စားသောက်ဆိုင်များတွင် အမြဲသုံးနေကြ အပုခံ ပလစ်စတိတ် အိတ်များ ဖြစ်ပါတယ် ။
လေ့လာစမ်းသပ်နည်းက .........
ပထမဦးဆုံး တစ်ခါသုံးတုကို (500 cc) ရေအေးထဲမှာ ခဏစိမ်ထားလိုက်ပါ
ထို့နောက် 80'C ရေကို အပုပေးလိုက်ပီးနောက် အအေးခံထားလိုက်ပါ
(ထို့နည်းအတိုင်း ဆယ်ခါ လောက် လုပ်လိုက်ပါ ။)

ထိုရေကို ပုဇွန်ထည့်မွေးထားသော ကန်သေး (ငါးကန်)ထဲထည့် လိုက်ပါ နှစ်နာရီကြာပီးနောက် ပုဇွန်က ဆန့်တငင်ဖြစ်လာပီး တစ်တရက်အတွင်း သေဆုံးသွား၏ ။ ငါးရက်ကြာသော် ထိုပြုတ်ထားသော ရေက နေက်ကျိနေပီး အနံ့ဆိုးများ ထွက်လာ၏ ကန်ထဲမှ ပုဇွန်များ၏ အရိပ်အရောင်ကို လုံးဝမတွေ့ရပါ ။ပဲပင်ပေါက်ဖေါက် (ရေစိမ်ပီး ပေါက်တဲ့ အသီးအရွက်)တဲ့ထဲသို့ တုပြုတ်ပီးသား ရေကိုထည့်လိုက်ပါ နောက်ဆုံး ရလဒ်က သိပ်မကွာခြားပါဘုး ငါးရက်အတွင်း အပင်က ခြောက်ကပ်ပီး သေဆုံးသွား၏ ။

ရေနဲ့ပြုတ်ပီးသား တု ကအဆိပ် ရှိတုန်းပါပဲ .........
ရေနဲ့ပြုတ်ပီးသား တုကိုထပ်ပီး ရေအသစ်နဲ့ ပြန်စိမ် နောက်ပထမနည်းအတိုင်း ဆယ်ခါလုပ်ပီး စိမ်ထားတဲ့ ရေအေးကို ပုဇွန်မွေးထားတဲ့ ကန်ထဲကိုထည့်လိုက်ပါ နှစ်ရက်အတွင်း သေသွားတာကိုတွေ့ရ၏ အဲဒါက တုကိုဆယ်ခါလောက် ပြုတ်ပီးသားရေက အဆိပ်ရှိနေသေးတာကို တွေ့ရတယ် ။ဆယ်ခါလောက် အထပ်ထပ် အခါခါ ရေစိမ်ထားပီးတဲ့ တုထဲမှ (sulfur dioxide ) ဆာလဖါဒိုင်အောက်ဆိုက် ကို ထွက်လာစေတယ် ။

ဆာလဖါဒိုင်အောက်ဆိုက်က အစွန်ချွတ်ဆေး ပိုးသတ်ဆေး အဖြစ်သုံးကြတယ် ။ အကောင်းဆုံးကတော့တစ်ခါသုံးတုကို မသုံးလျှင် ပိုကောင်းပါတယ်။ မသုံးမဖြစ် သုံးရရင်လဲရေနှင့် ပြုတ်ပီးမှ သုံးစေချင်တယ်။ဒါမှလဲအဆိပ်က နည်းပါးနိင်ပါတယ်။
အဆိပ်မှာ တတိယ ရနေတာက အပုခံ ပလစ်စတိတ်ပါပဲ ။အပုနဲ့ထိတွေ့တဲ့အခါမှာ ပလစ်စတိတ်ထဲမှ bisphenol A,နှင့်plasticizers ဆိုတဲ့ ဓါတ်ပေါင်းတွေ ထွက်လာတယ် (ကင်ဆာဖြစ်စေ၏)သုံးရက်အတွင်း ပုဇွန်တွေ သေနေတာကို တွေ့ရတယ် ။

"တုနှင့် lymphadenoma (လင်ပါးသွေးကြောကြီးကင်ဆာ) "
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(အပြင်စာ စားသုံးသူများ အထုးသတိပြု)
လုတစ်ယောက်ရှိတယ် ဆေးလိပ်မသောက် အရက်မသောက် ကွမ်းမစားပဲ oral cancer (ခံတွင်းပါးစပ် ကင်ဆာ) နဲ့ ဆုံးသွားတယ် သူက နေ့လည် ထမင်းစားပီးတိုင်း သွားကြားထိုးတံကို ပါးစပ်ထဲမှာ အမြဲခဲထားလေ့ရှိတယ်။ ကြာကြာ ခဲထားတတ်၏ တော်တော်နဲ့ ထွေးမထုတ်ဘုး ။ တစ်နေ့ ပါးစပ်မှာ အပုဖုပေါက်နေသလို ပေါက်နေပီး ပြည်တယ်နေတာကို တွေ့ရပီး သွားတိုင်ရာ ဆေးခန်းမှာ သွားပြတယ်။ဆရာဝန်က ကိစ္စမရှိပါဘုး ဆေးလိမ်းလိုက်ရင် ပျောက်သွားမယ်လို့ ပြောပါတယ်။ရက်တစ်ပတ် ပီးတစ်ပတ် ကောင်းမလာတော့ဆရာဝန်က သေချာစစ်ဆေးကြည့်တော့ ကင်ဆာနောက်ဆုံးအဆင့်ကို ရောက်နေတာကို တွေ့ရတော့ ဆေးရုံကြီးကို ညွှန်းလိုက်တယ် ။ နှစ်ကြိမ် ခွဲစိတ်ခံရပီး ကင်ဆာ အမြစ်ဖြတ်ဆေး (ဓါတ်ကင်) လုပ်ခဲ့သော်လည်း နောက်ဆုံး ကုမရပဲ ဆုံးသွားတယ်။ သွားကြားထိုးတံနှင့်တစ်ခါသုံး တူများကိုကြာရှည်ပြီး ပါးစပ်မှာ ထိတွေ့နေသောကြောင့် မတော်တဆ ပါးစပ်မှာအနာလေးရှိ ခဲ့ရင် အန္တရယ်များပါတယ် လူတွေအတော်များများက လစ်လျှုရူ့ သတိမထားမိတာပါ တစ်ချို့သူတွေက အကျင့် ဖြစ်နေတာလဲ ပါတယ်အကောင်းဆူံးက မသုံးလျှင်ပိုကောင်းပါတယ် အစားစားပီးတိုင်း ပါးလုပ်ကျင်း သွားတိုက်ခြင်းဖြင့်လဲ ခံတွင်းကို သန့်ရှင်းစေတယ်။ ဘဝမှာ မမြင်နိင်တဲ့ လုသတ်သမားက အများကြီးပါ တတ်နိင်သလောက် ကာကွယ်နိင်ရင်တော့ ကောင်းပါတယ် ။ ဘာကြောင့် ငါဖြစ်နေရတာလဲလို့  နောင်တမရစေနဲ့ ။ တူကို သုံးခါနီးမှာ ရေနွေးဖြင့် သုံးမိနစ်လောက် ရေစိမ်ကြည်လိုက်ပါ့အစွန်းချွတ်ဆေးတွေကို တွေ့မြင်ရပါလိမ့်မယ်...

သင့်ရဲ့ ကျန်းမာရေးအတွက် ကိုယ်တိုင်အသုံးပြုဖို့ စတီးတူကို အမြဲဆောင်ထားပါ။ ငွေမကုန် ကျန်းမာရေးအတွက် အသင့်တယ်ဆုံးပါ ။ များသောအားဖြင့် တစ်ခါသုံးတူများက တရုတ် (Made in China) ဖြစ်ပါတယ် ။

တူတွေမှာ အများပြားဆုံးက မှိုတက်(ဖားဥ )နေတာကို တွေ့ရတယ် .။ တူလုပ်နေတဲ့ ပထမ အဆင့်က မပုတ်သိုးတဲ့ ဆေးတစ်ထပ် ဒုတိယက အရောင်ချွတ်ဆေး (လှအောင် များများ ထည့်သုံးထား၏)အားလုံးက ကင်ဆာဖြစ်စေတဲ့ (carcinogen) ကာဆီနိဂျင်ဖြစ်၏ ။ ဒါကြောင့်မို့ တစ်ခါသုံးတုနှင့် အပုခံပလက်စတိတ် သွားကြားထိုးတံများ သုံးခြင်းမှရှောင်စေချင်တယ် ................... ***** တကယ့်အဖြစ်တွေမို့ သူငယ်ချင်းတို့ကို သိစေချင်တယ် သယ်ချင်းတို့ အားလုံး ကျန်းမာချမ်းသာ ပျော်ရွှင်ပါစေ ။

Copy from - satekuupuyar.blogspot

Saturday, September 29, 2012

နွေရာသီ ရန်ကုန်မီးမပျက်ရန် ဂျပန်ကူမည် -

ရန်ကုန်-စက်တင်ဘာ၂၉

နွေရာသီ ရန်ကုန်မြို့လျှပ်စစ်မီး မပျက်စေရေး အတွက်ဂျပန်နိင်ငံမှ ကူညီမည်ဖြစ်၍ ယခုနှစ်ကုန်မှစ ကြုံတွေ့ရတော့မည် မဟုတ်ကြောင်း လျှပ်စစ်ဝန်ကြီးဌာနမှ အရာရှိ တစ်ဦးကပြောသည်။

"ဂျပန်က မီးစက်၁၃လုံး ပေးသွားမယ်လို့ သဘောတူထားပြီးဖြစ်တယ်။မီးစက် တလုံးကို လျှပ်စစ်ဗို့အား ၄၀၀ ထွက်ရှိနိင်၍ ပြည်တွင်းတွင် အသုံးပြုနေသော ထရန်စဖော်မာ တစ်လုံး၏ လျှပ်စစ်ထွက်ရှိမှုထက်၂ဆ နီးပါးပိုထွက်မည် ဖြစ်ကြောင်း၊ မီးစက်တလုံး၏ တန်ဖိုးမှာ ကန်ဒေါ်လာ ၁၀ သန်းခန့် ရှိကြောင်း၊ အဆိုပါ မီးစက်များကို ရန်ကုန်တိုင်း ဒေသကြီးတစ်ခုထဲအတွက် အသုံးပြုသွားမည် ဖြစ်ကြောင်း လျှပ်စစ်ဝန်ကြီးဌာနမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ပြောသည်။ မီးစက်များကို လှော်ကား၊ သာကေတ၊အင်းစိန် ၊ ရွာမနှင့် အလုံစသည့် သဘာဝဓါတ်ငွေ့ စက်ရုံများတွင် ထားရှိသွားမည်ဟု သိရသည်။
 
Copy from - Myanmar Online News

နာမည်ကျော် ဟားဗတ်တက္ကသိုလ် ကြီးမှာ ဒေါ်အောင်ဆန်းစုကြည် ဟောပြောချက်ကို ပြန်လည်မျှဝေလိုက်ပါတယ် ...

 

ခေါင်းဆောင်မှုညံ့လို့ ပြည့်စုံတဲ့ နိုင်ငံဟာ နောက်ကျ ကျန်ခဲ့တာလို့ဆိုတဲ့ မင်းကိုနိုင်

 
Democratic ခေါင်းဆောင်တစ်ယောက်ဟာ ဒီမိုကရေစီကို လေးစား လိုက်နာရုံနဲ့ မရဘူး။ ဒီမိုကရေစီရဲ့တန်ဖိုးကို ကျန်တဲ့သူတွေ သိအောင်ပါ မျှဝေပေးနိုင်ရမယ်။ ဒီမိုကရေစီကို ကျင့်သုံးတဲ့ လူ့အဖွဲ့အစည်းဟာ ဘယ်လောက် ဂုဏ်သိက္ခာ ပြည့်ဝတယ်။ 
 
ဒီမိုကရေစီကြောင့် လူ့စွမ်းဆောင်ရည်တွေ ဘယ်လောက် တက်လာနိုင်တယ် ဆိုတာတွေကို ရှင်းပြနိုင်ရမယ်။ ဒီမိုကရေစီရဲ့တန်ဖိုးကို အများသိအောင် စွမ်းဆောင် နိုင်ရမယ်။ ဒီမိုကရေစီ ကျင့်စဉ်ဖြစ်တဲ့ အများဆန္ဒ သဘောထား ခံယူမှုအပေါ်မှာ ဆုံးဖြတ်ရတဲ့အခါ ကိုယ်တိုင်ကလည်း ကျိုးကျိုးနွံနွံ အဆုံးဖြတ်ခံရဲဖို့ လိုတယ်။
 
Autocracy ကတော့ ဒါတွေရဲ့ ဆန့်ကျင်ဘက်ပေါ့ဗျာ။
မင်းကိုနိုင်
August 2012

 Copy from - Eternal Light Magazine

Vaclav Havel ဆုကို လက်ခံရယူခဲ့တဲ့ စုမေမေ ပုံရိပ်များ

မနေ့က စက်တင်ဘာ ၂၈ရက်နေ့ ဆန်ဖရန်စ္စကိုမြို့မှာ ဒုတိယမြောက်ပွဲအဖြစ် လူ့အခွင့်အရေးရန်ပုံငွေအဖွဲ့ရဲ့ ဂုဏ်ပြုအခမ်းအနားမှာ တက်ရောက်မိန့်ခွန်းပြောကြားပြီး တီထွင်ဆန်းသစ်သောအတိုက်အခံများကို ချီးမြှင့်တဲ့ Vaclav Havel ဆုကို လက်ခံရယူခဲ့တဲ့ စုမေမေ ပုံရိပ်များ (28-9-2012)
by: ခွန် ဒီးယမ် အင်တာနက်စာမျက်နှာ သတင်းဓါတ်ပုံ

KIA အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်မှု တွင် မြန်မာစစ်သား ၅ ဦး သေဆုံး

ရှေ့တန်းမထွက်မီ ဆုတောင်းနေသော KIA စစ်သားများ။
28 September 2012

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ KIO/KIA ဗဟိုဌာနချုပ်လိုင်ဇာ သွားလမ်းရှိ လဂျားယန်ကျေးရွာ လုံရောက် (Lung Rawk) စခန်းရှိ မြန်မာအစိုးရ တပ်ပေါင်းစုမှ တပ်သား ၁၀ ဦးကျော်အား KIA တပ်မဟာ (၅) တပ်ရင်း (၂၄) မှ အဝေးထိန်းမိုင်း (remote mine) ဖြင့် တိုက်ခိုက်ရာတွင် ၅ ဦး သေဆုံးခဲ့ကြောင်း ရှေ့တန်းမှ KIA အရာရှိတဦး KNG ကချင်သတင်းဌာန သို့ပြောသည်။
 
၎င်းမြန်မာအစိုးရ တပ်ပေါင်းစုသည် လဂျားယန် (Laja Yang) အနီး ထိုးစစ်ဆင် လှုပ်ရှားနေပြီး ယမန်နေ့ စက်တင်ဘာ၂၇ ရက်တွင် တပ်သားအချို့သည် ၄င်းတို့ စခန်းအောက်ဘက်သို့ ရေချိုးဆင်းလာချိန် ညနေ ၅ နာရီချိန်တွင် ယခုလို ပေါက်ကွဲလာပြီး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်းပြောသည်။
 
“ကျနော်တို့ ဘက်က remote မိုင်းနဲ့ ၂ ကြိမ် ဆက်တိုက် ပေါက်ကွဲလိုက်တာ။” ဟုဆိုသည်။

ဇွတ်ခေါ်တဲ့လွှတ်တော်

မနှစ်တုံးကတော့ ချွတ်ချော်တဲ့လွှတ်တော် တင်ပြခဲ့ပြီးပါပြီ... အခုတော့ ဇွတ်ခေါ်တဲ့လွှတ်တော် .. လွှတ်တော်အတွင်း ဘာတွေဖြစ်နေသလဲဆိုတာကို အပြုသဘောနဲ့  အပျော်ဖွဲ့  တင်ဆက်ထားတာမို့  အားပေးကြည့်ရှုကြပါဦး ... အမျိုးသမီးများ အဖွဲ့ ချုပ် (မြန်မာနိုင်ငံ) က တင်ဆက်ထားတာပါ...

ဘားအံမြို့တွင်ဖွင့်မည့် ဆက်ဆံရေးရုံး ဗဟိုက စီစဉ်ခြင်းမဟုတ်ဟု ကေအန်ယူ ထုတ်ပြန်

( ဓါတ်ပုံ - ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး )
ကရင်ပြည်နယ် ဘားအံမြို့မှာ ဒီလကုန်ဖွင့်လှစ်ဖို့ ပြင်ဆင်နေတဲ့ ဗဟိုဆက်ဆံရေးရုံးနဲ့ ပတ်သက်လို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က သူတို့နဲ့ မပတ်သက်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။
 
လာမယ့် စက်တင်ဘာ ၂၉ ရက် ဘားအံမြို့မှာ ရုံးဖွင့်ဖို့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ကေအန်အယ်လ်အေ) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ဦးဆောင်တဲ့ အဖွဲ့ဝင် ၃၀ ကျော် ဘားအံမြို့ကို မနေ့က ရောက်ရှိသွားပြီးနောက် ကေအန်ယူဘက်က သဘောထား ထုတ်ပြန်ခဲ့တာပါ။

အဲဒီခရီးစဉ်ဟာ ကေအန်ယူနဲ့သာမက ကေအန်အယ်လ်အေ ဗဟိုစစ်ဌာနချုပ်ရဲ့ အစီအစဉ်လည်း မဟုတ်ကြောင်း ကေအန်ယူ (ဗဟို) က စက်တင်ဘာလ ၂၇ ရက်နေ့ ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။

ကေအန်အယ်လ်အေ တပ်မတော်ဟာ ကရင်အမျိုသားအစည်းအရုံးရဲ့ ဌာန ၁၄ ခုထဲက တခုဖြစ်တဲ့ ကာကွယ်ရေးဌာနရဲ့ အုပ်ချုပ်ဦးဆောင်မှုမှာသာ တည်ရှိတယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရနဲ့ ဆွေးနွေးသဘောတူလက်မှတ်ထိုးတဲ့ အကြိမ်တိုင်းဟာ မြန်မာ အစိုးရနဲ့ ကေအန်ယူအကြား သဘောတူတာသာဖြစ်ပြီး ကေအန်အယ်လ်အေတပ်နဲ့ အစိုးရအကြား အထူးသီးသန့် သဘောတူညီတာ မဟုတ်ဘူးလို့ ရှင်းထားပါတယ်။

ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ)ဟာ စစ်မှန်သော ငြိမ်းချမ်းရေးရရှိဖို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားပြီး တွေ့ဆုံဆွေးနွေးရေး အစီအစဉ်တွေကို တဆင့်ပြီးတဆင့် လုပ်ဆောင်သွားဖို့ ဆုံးဖြတ်ချက် ချထားပြီးပြီလို့ ကြေညာချက်က ဆိုပါတယ်။

စစ်ဦးစီးချုပ်ရဲ့ ခရီးစဉ်အပေါ် အစည်းအရုံးကရော၊ တပ်ဘက်ကပါ တာဝန်မယူပေမယ့် ဒီဆောင်ရွက်ချက်နဲ့ ပတ်သက်လို့ စစ်ဦးစီးချုပ်အပေါ် ဘယ်လို သဘောထား ရှိတယ်ဆိုတာကိုတော့ ကြေညာချက်က

မောင်တော ဒေသခံ တိုင်းရင်းသားများကို ပြည်သူ့စစ် သင်တန်းပေးပြီ


ရခိုင်ပြည်နယ် မောင်တောမြို့ မြောက်ပိုင်း လူနည်းစုများ ဖြစ်ကြသည့် ရခိုင်၊ မြို၊ ဒိုင်းနက်၊ သက် စသည့် လူမျိုးများကို ပြည်သူ့ စစ်သင်တန်း စတင်ပေးနေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

မိမိတို့၏ ကျေးရွာများကို မိမိတို့မှ ကာကွယ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် သက်ဆိုင်ရာမှ ဒေသခံ တိုင်းရင်းသားများကို ပြည်သူ့ စစ်သင်တန်း ပေးနေခြင်း ဖြစ်သည်ဟု ဆိုသည်။

ပြည်သူ့စစ် သင်တန်းကို မောင်တောမြို့နယ် မြောက်ပိုင်း နစက နယ်မြေ(၄) ကြိမ်ချောင်းတွင် ပြုလုပ်နေခြင်း ဖြစ်ပြီး ရွာပေါင်း ၃၀ က လူပေါင်း ၃၀၀ ခန့် ပါဝင်သည်ဟု ပြောသည်။

ကြိမ်ချောင်းအနီး တည်ရှိသော နံ့သာတောင် ဆရာတော်က ပြည်သူ့စစ် သင်တန်းနှင့် ပတ်သက်ပြီး သူသိသလောက်ကို ယခုလို နိရဉ္စရာသို့ မိန့်ကြားသည်။

“သင်တန်းက စက်တင်ဘာ ၈ရက်နေ့က စပါတယ်။ တရွာက ၁၀ ယောက်ကျော် သွားပြီး ပြည်သူ့စစ် တက်နေ ကြပါတယ်။ နယ်မြေ(၄) နစက စခန်းမှာ သင်တန်းတက်နေတာ ဖြစ်ပါတယ်။ စုစုပေါင်းလူ ၃၀၀

RCSS/SSA စစ်ကြောင်းနောက် အစိုးရတပ် နောက်ယောင်ခံလိုက်နေ


 September 28, 2012,

သျှမ်းပြည်တောင်ပိုင်းအတွင်း လှုပ်ရှားနေသည့် သျှမ်းပြည်တပ်မတော် RCSS/SSA သွားလာ လှုပ်ရှားရာလမ်း တလျှောက် အစိုးရတပ်က နောက်ယောက်ခံ လိုက်နေကြောင်း ဒေသအတွင်း တပ်မှူးတဦးများက ပြောပါသည်။

 “စက်တင်္ဘာ ၇ ရက်နေ့ ဆားတောမှာ ဖြစ်တဲ့ တိုက်ပွဲက အစိုးရတပ် ၁၀ ယောက် လောက်ကျတယ်။ သေနတ်နှစ်လက် ရှုံးတယ်။ အဲဒါ ပြန် ၏ပေးလိုက်ပြီ။ ဒါပေမယ့် ကျနော်တို့နောက်ကို နောက်ယောင်ခံ လိုက်နေတုန်း၊ လူထုတွေကိုလဲ ပြောတယ်၊ သူပုန်တွေကို အထောက်အပံ့ မပေးဖို့လဲ လူထုကို တားမြစ်ထား တယ်။ ဘာသဘောလဲမသိဘူး” - ဒေသအတွင်း လှုပ်ရှားသည့် တပ်မှူးတဦးကပြောပါသည်။

ယခုလဆန်းပိုင်းမှစဉ် မိုင်းကိုင်၊ ရပ်စောက်၊ ကျေးသီး နှင့် သီပေါမြို့နယ်အကြား နယ်မြေအတွင်း လှုပ်ရှားနေ သော သျှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့နောက် အစိုးရတပ် ခလရ ၁၃၁ နှင့် ခလရ ၂၉၂ က နောက် ယောက်ခံ လိုက်နေကြောင်း၊ တိုက်ပွဲမ ဖြစ်စေရန် အထူး ရှောင်ရှားမှု ပြုနေရကြောင်း၊ အပစ်မရပ်စဉ်ကာလနှင့် အခြေအနေ ဘ၀ တူနေကြောင်း၊ ဒေသခံလူထုလည်း ထို့နည်းတူ စစ်ဘေးစစ်ဒဏ်

မြန်မာသမ္မတ ဦးသိန်းစိန်က မြန်မာ သတင်းသမားတွေကို နယူးယောက် မြန်မာမစ်ရှင်ရုံးမှာ လက်ခံတွေ့ဆုံပြီး ဘီဘီစီ အပါအ၀င် သတင်းထောက်တွေရဲ့ မေးမြန်းမှုတွေ ဖြေကြား

စက်တင်ဘာ ၂၈ က နယူးယောက်မှာ ရောက်နေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်က မြန်မာ သတင်းသမားတွေကို နယူးယောက် မြန်မာမစ်ရှင်ရုံးမှာ လက်ခံတွေ့ဆုံပြီး ဘီဘီစီ အပါအ၀င် သတင်းထောက်တွေရဲ့ မေးမြန်းသမျှကို စိတ်ရှည်လက်ရှည်နဲ့ ဖြေကြား ပေးခဲ့ပါတယ်။ အပြည့်အစုံကို နားဆင်နိုင်ပါတယ်။
Copy from - BBC Burmese

Friday, September 28, 2012

ရှားခဲကျေးရွာ ပဋိပက္ခဖြစ်ပွားမှုကြောင့် ၃ ဦးသေ၊ ၂ ဦးဒဏ်ရာရ

 
‎"ပြည်သူတွေကို အာဏာပိုင်တွေ ဧရာဝတီတိုင်း ကျုံပျော်တွင် ပစ်ပြီ"
"ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး ကြားပါစေသား"
 
ဧရာဝတီတိုင်း ကျုံပျော်မြို့နယ် ရှားခဲတိုက်နယ်ကျေးရွာမှာ ဒေသခံ အင်းလုပ်သားနဲ့ အင်းလုပ်ငန်းရှင်တွေ ခိုက်ရန်ဖြစ်ပွားရာမှာ ၁ ဦး သေဆုံးခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဝင်က ၀င်ရောက် ပစ်ခတ် နှိမ်နင်းတဲ့အတွက် နောက်ထပ် ၂ ဦး ထပ်မံသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
 
အခင်းစတင် ဖြစ်ပွားပုံကတော့ စက်တင်ဘာလ ၂၇ ရက်ည ၈ နာရီလောက်က ငါးလုပ်ငန်း သမ၀ါယမ ဦးမြင့်ဟန် ဦးဆောင်တဲ့ အင်းသူဌေး အဖွဲ့သား လူတစု လက်ချက်နဲ့ အင်းလုပ်သား ရွာသား ကိုတရုတ် ခေါ် ကိုဝင်းနိုင် သေဆုံးခဲ့ပါတယ်။
 
ဒီကိစ္စကို အရေးယူ ဖော်ထုတ်ပေးဖို့ ကျေးရွာသားတွေက အုပ်ချုပ်ရေးမှူးရုံးကို သွားရောက်တဲ့ အချိန်မှာ ရဲက ၀င်ရောက်ပစ်ခတ် နှိမ်နင်းခဲ့တဲ့အတွက် နောက်ထပ်ရွာသား ၂ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိ သွားတယ်လို့ အခင်းဖြစ်ပွားချိန်မှာ ရှိနေတဲ့ ဒေသခံ ကိုထွန်းထွန်းမိုးက ပြော ပါတယ်။
 
“ဦးမြင့်ဟန်တို့ ဦးကြည်တို့ခေါ်ခိုင်းထားတဲ့ ဖိုးလူဝနဲ့ အပေါင်းအပါတစုက ကိုတရုတ်ကို ဓားနဲ့ ခုတ်သတ်လိုက်တယ်။ အဲ့ကိစ္စနဲ့ပတ်သက်ပြီး ညပိုင်းမှာ ဓားနဲ့ခုတ်သတ်တဲ့ သူတို့အဖွဲ့ကို တာဝန်ရှိ

အစိုးရ လုပ်ရပ်များအပေါ် တိုင်းရင်းသားများ သံသယရှိကြောင်း အမေရိကန်ကို ပြော

မြန်မာအစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်များ လက်တွေ့ လုပ်ဆောင်ရာတွင် တိုင်းရင်းသားများအနေနှင့် မေးခွန်းထုတ်စရာ သံသယများ ရှိနေဆဲ ဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် တိုင်းရင်းသား မဟာမိတ်အဖွဲ့အစည်းများက ပြောဆိုလိုက်သည်။

နယူးယောက်မြို့တွင် အမေရိကန် နိုင်ငံခြားရေးဌာန အရာရှိကြီးများနှင့် တွေ့ဆုံစဉ် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ NCUB တို့မှ ကိုယ်စားလှယ် များက ပြောဆိုခဲ့ကြခြင်း ဖြစ်သည်။

အရှေ့အာရှနှင့် ပစိဖိဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကင်းဘဲ Kurt Campbell ၊ လက်ထောက် ဒု-နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ဝိုင်ယွန်တို့ အပါအဝင် အမေရိကန် အစိုးရအရာရှိများနှင့် စက်တင်ဘာလ ၂၄ ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း NCUB ၏ အမေရိကန် ပြည်ထောင်စု ဒါရိုက်တာ ကိုမိုးချမ်း က ပြောသည်။

“တိုင်းရင်းသားတွေက အပစ်အခတ် ရပ်စဲရေး မအောင်မြင်တဲ့ ကိစ္စတွေ၊ ကချင်နဲ့ ရှမ်းမှာ တိုက်နေတဲ့ကိစ္စတွေ၊ စစ်အစိုးရက ဒီအချိန်အထိ လူတွေကို ခွဲခြား ဆက်ဆံပြီးတော့မှ အုပ်ချုပ်နေသလားဆိုတဲ့ မေးခွန်းတွေ သူတို့မှာ ရှိနေတယ်။ အစိုးရ ဆက်ဆံနေတဲ့ ပုံစံက အမြဲတမ်း ခွဲထုတ်ပြီးတော့မှ တောင်ပိုင်းမှာတော့ ငြိမ်းချမ်းရေးလုပ်တယ်။ မြောက်ပိုင်းမှာတော့ ကချင်နဲ့ ရှမ်းကို ထိုးစစ်ဆင်နေတယ်ဆိုတော့ ဘာသဘောလဲဆိုတာ သူတို့မှာလည်း မေးခွန်းတွေ မေးဖို့ ရှိနေပါတယ်။

ပြည်ထောင်စု မစစ်မှန်ခဲ့သောကြောင့် ရခိုင်ပြည်သူလူထု ဆင်းရဲနေရကြောင်း ဒေါက်တာအေးမောင်ပြော

ခေတ်အဆက်ဆက် အစိုးရလက်ထက်တွင် ပြည်ထောင်စု မစစ်မှန်ခဲ့သောကြောင့် ရခိုင်ပြည်သူလူထု ဆင်းရဲတွင်း နစ်နေရကြောင်း ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၏ ဥက္ကဌ ဒေါက်တာအေးမောင်က ပြောသည်။
 
" စီးပွားရေးကို ရခိုင်သားတွေက ဖန်တီးပိုင်ခွင့် မရှိ၊ လက်ရှိ ကျွန်တော်တို့ ငပလီကိုပဲ ကြည့်ပါ။ ငပလီကမ်းခြေ တလျှောက် ဂွထိကြည့်၊ အားလုံး ကမ်းရိုးတမ်း တလျှောက်လုံးမှာ ရခိုင်လူမျိုး ပိုင်ဆိုင်တယ်ဆိုတာ တစ်ရာခိုင်နှုန်းရာကျော်တယ်။ ကျန်တာအားလုံးက လုပ်ငန်ရှင်တွေ၊ အာဏာရှိတဲ့ ပုဂ္ဂိုလ်တွေ လုပ်ပိုင်ခွင့်ရတဲ့ လူတွေသာ ကမ်းရိုးတလျှောက်လုံးကို ယူသွားကြတယ်။ ဒီဖက်က ငပလီကမ်းခြေကို ပြန်ကြည့်ရင် ရခိုင်လုပ်ငန်းရှင် နှစ်ယောက်သာရှိပါတယ်။ ပြည်ပက ပုဂ္ဂိုလ်တွေ နိုင်ငံခြားသားတွေ ဖက်စပ်လုပ်တဲ့လူတွေ အဲ့ဒါကို ကြည့်ခြင်းအားဖြင့် ရခိုင်ပြည် စီးပွားရေးကို

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီပဲယင်းအကြောင်း ပါတဲ့ ဟောပြောပွဲ



အမေရိကန် ပြည်ထောင်စုကို ရောက်နေသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ယေး တက္ကသိုလ်မှာ တရားဥပဒေ စိုးမိုးရေးအကြောင်း ယမန်နေ့ စက်တင်ဘာလ ၂၇ ရက်နေ့က ဟောပြောခဲ့ ပါတယ်။

ဒီဟောပြောမှုထဲမှာ ဒီပဲယင်း ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တော်တော် ပြောဆိုသွားခဲ့ပါတယ်။ သမိုင်း မှတ်တမ်းတခု ဖြစ်နေမှာမို့ ဖော်ပြ ပေးလိုက်ပါတယ်။

"ကျမ ကိုယ်တိုင်ကြုံတွေ့ခဲ့ အဖြစ်အပျက်ကတော့ ဒီပဲယင်း အရေးအခင်းပေါ့လေ။ ၂၀၀၃ ခုနှစ် ကပါ။ အထက်မြန်မာပြည် စည်းရုံးရေး ခရီးသွားနေတုန်းက အဖြစ်အပျက်လေး တစ်ခုပါ။ ပြည်သူတွေက စိတ်ဝင် တစား အားပေးမှုတော့ ကျမတို့ ပါတီလည်း ကြီးမားလာခဲ့တာပါ။ အချိန်က ညနေပိုင်းရောက်နေပြီ။ ခရီး သွားနေရင်း ဆိုတော့ တနေရာကနေတနေရာ သွားနေရတာ။

အဲဒီမှာ ကျွန်မတို့ ကားတန်းကို ဘုန်းကြီး တပါးက တားတယ်။ တားပြီး မိန့်ခွန်း ပြောခိုင်းတယ်။ အချိန် က

ဒီမိုကရေစီယဉ်ကျေးမှု ပြန်လည်ဖော်ဆောင်ရမည်

မြန်မာသမ္မတ ဦးသိန်းစိန် နယူးယောက် အာရှ လူ့အဖွဲ့အစည်း တွင် ဆွေးနွေးပွဲ ပြုလုပ်စဉ် Sept. 27, 2012. (Kenji Takigami/Asia Society)

မြန်မာနိုင်ငံမှာ ကာလတော်တော်ကြာက ပျောက်ဆုံးနေတဲ့ ဒီမိုကရေစီ ယဉ်ကျေးမှု တရပ်ကို ပြန်အသက်သွင်းနိုင်မှသာ ဒီမိုကရေစီအသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်တွေ အောင်မြင်မယ် လို့ မြန်မာသမ္မတ ဦးသိန်းစိန်က ပြောကြားလိုက် ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင် ကူးပြောင်း လာတာဟာ ဆယ်စုနှစ် ၂ ခုလောက် အချိန်ယူ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ အာရှ လူ့အဖွဲ့အစည်း Asia Society မှာ ပြုလုပ်တဲ့ ဒီဆွေးနွေးပွဲ အခန်းအနားမှာ ပြောခဲ့သလို ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနာဂတ် အခန်းကဏ္ဍ အပြင် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ ကိုဖြေကြား သွားခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ အပြည့်အစုံကို ကိုရန်နိုင်က ပြောပြပေးမှာ ဖြစ်ပါတယ်။

မြန်မာသမ္မတ ဦးသိန်းစိန် ဦးဆောင်ပြီးတော့ အစိုးရအဖွဲ့ဝန်ကြီးတွေဟာ ကြာသာပတေးနေ့က အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ရှိတဲ့ Asia Society ကို သွားရောက်ခဲ့ပြီး လက်ရှိ သူ့အစိုးရရဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီးတော့ လုပ်ဆောင် နေတာတွေကို ပြောကြား ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ထွန်းကာလာဖို့အတွက် ဒီမိုကရေစီ ယဉ်ကျေးမှုတွေ ပြန်ပြီး ရှင်သန်လာဖို့ အရေးကြီးပုံကိုလည်း သမ္မတဦးသိန်းစိန်က အခုလို ပြောကြားခဲ့ပါတယ်။

”မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖြစ်စဉ်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်လာရုံ၊ လွှတ်တော်တွေ ပေါ်ပေါက်လာရုံ၊ နောက်တခါ ရွေးကောက်ပွဲတွေ လုပ်ရုံနဲ့ အောင်မြင်မှု ရနိုင်မယ်မဟုတ်ပါဘူး။ အဲ့တော့ မြန်မာ့ လူ့အဖွဲ့အစည်းအတွင်းမှာ ကာလရှည်ကြာ ပျောက်ဆုံးနေတဲ့

သမ္မတဦးသိန်းစိန် အမေရိကန်ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးစဉ် စစ်ပွဲရပ်ဖို့ ကချင်တိုင်းရင်းသားများ တောင်းဆို

Photo: သမ္မတဦးသိန်းစိန် မြန်မာမစ်ရှင်ရုံးထဲရောက်ပြီး ၁၀ မိနစ်ကျော် အကြာမှာပဲ ကချင်တွေက မစ်ရှင်ရုံးရှေ့ တဘက်စင်္ကြံပေါ်ကနေ ဆန္ဒပြကြပါတယ်။ သူတို့က ကချင်ဒေသမှာ ကချင်ပြည်သူတွေ သေကျေနေကြရတာအပြင် စစ်ပွဲတွေ ရပ်ဖို့၊ ကချင့်အရေး ကချင်ဆောင်ရွက်ခွင့်ရဖို့တွေ တောင်းဆို ဆန္ဒပြကြပါတယ်။ 


Photo: ကချင်အမျိုးသားတွေက ရှေ့တတန်းကနေ၊ နောက်တတန်းမှာက ကချင်အမျိုးသမီးတွေကနေ ကျား/မ အားလုံးက ရိုးရာဝတ်စုံတွေဝတ်ပြီး ကချင့်အရေး/ စစ်ပွဲတွေ ရပ်ရေး ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။
သမ္မတဦးသိန်းစိန် မြန်မာမစ်ရှင်ရုံးထဲရောက်ပြီး ၁၀ မိနစ်ကျော် အကြာမှာပဲ ကချင်တွေက မစ်ရှင်ရုံးရှေ့ တဘက်စင်္ကြံပေါ်ကနေ ဆန္ဒပြကြပါတယ်။ သူတို့က ကချင်ဒေသမှာ ကချင်ပြည်သူတွေ သေကျေနေကြရတာအပြင် စစ်ပွဲတွေ ရပ်ဖို့၊ ကချင့်အရေး ကချင်ဆောင်ရွက်ခွင့်ရဖို့တွေ တောင်းဆို ဆန္ဒပြကြပါတယ်။
BBC အင်တာနက်စာမျက်နှာမှ

ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာသမ္မတ ဦးသိန်းစိန် ပြောကြားတဲ့ မိန့်ခွန်း တိုက်ရိုက်ထုတ်လွှင့်ချက်

27 September 2012

- DVB TV LIVE

သမ္မတဦးသိန်းစိန် ရာစုနှစ်ဝက်အတွင်း ပထမဆုံး မြန်မာနိုင်ငံ သမ္မတ အနေဖြင့် ကုလသမဂ္ဂအထွေထွေ ညီလာခံတွင် ပြောကြားခဲ့သော မိန့်ခွန့်မှ...


 Rio+3 သဘာဝ ၀န်းကျင်ထိန်းသိမ်းရေး ဆောင်ရွက်ချက်တွေကို ထောက်ခံ ပြောကြားခဲ့ပြီး၊ ဆက်သွယ်ရေး နည်းပညာကြောင့် ကမ္ဘာကြီးကို ပိုသေးငယ်စေတယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။ မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွေဟာ အခွင့်အလမ်းနဲ့ စိန်ခေါ်မှုတွေ ရှိနေတယ်၊ ဒီအချိန်မှာ သမ္မတအဖြစ် တာဝန် ထမ်းဆောင်နေရတာကို ဂုဏ်ယူပါတယ်လို့ သမ္မတဦးသိန်းစိန်က ပြောပါတယ်။

ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန်နိုင်ငံမှ ဒီမိုကရေစီ ဖော်ဆောင်းရေး လုပ်ဆောင်မှုများ အတွက် ဆုများချီးမြင့်ခြင်းကို မြန်မာနိုင်ငံသား တစ်ယောက်အနေဖြင့် ဂုဏ်ယူမိပါကြောင်း ... ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လွှတ်တော်တွင်း ၀င်ရောက်လို့ လွှတ်တော် အမတ် ဖြစ်နေပြီး.. ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်း ရေး ကော်မတီ ဥက္ကဋ္ဌ အဖြစ် မြန်မာနိုင်ငံရေးမှာ ပါဝင်နေပြီဖြစ်ပါသည်..။၊
...

From Wars to Peace ““စစ်ပွဲများမှသည် ငြိမ်းချမ်းရေးဆီသို့”” ဆောင်ပုဒ်နဲ့ ငြိမ်းချမ်းရေး ရအောင် ဆောင်ရွက် နေပါကြောင်း သမ္မတ ဦးသိန်းစိန်က ကုလ သမဂ္ဂ အထွေထွေ ညီလာခံမှာ ပြောကြား သွားပါတယ်။

ရခိုင့်အရေးကို မျှော်လင့်မထားဘဲ ပေါ်ပေါက်လာတဲ့ ပြဿနာပါလို့ သမ္မတက ရည်ညွှန်း ပြောသွားပါတယ်၊ ဒီကိစ္စကို စုံစမ်းရေး ကော်မတီဖွဲ့ပေးလို့ စုံစမ်းစစ်ဆေးနေကြတယ်၊ ပြီးရင် သူ့ဆီကို အစီရင်ခံ တင်သွင်းလိမ့်မယ်၊ ရခိုင်ဒေသမှာ နှစ်ဘက်စလုံးကို ကူညီမယ်ဆို ဘယ်သူ့ကိုမဆို အကူအညီပေးဖို့ အခွင့် ပေးထားပြီးဖြစ်တယ်၊ ရခိုင့်အရေးဟာ ရေရှည် ဖြေရှင်းရမယ့် ပြဿနာဖြစ်တယ်။ နိုင်ငံတကာ စံနှုန်းတွေနဲ့ ညီညွတ်အောင် ဆောင်ရွက်သွားပါ့မယ်လို့ သမ္မတက ပြောပါတယ်။

မြန်မာနိုင်ငံကို အကူအညီတွေပေးဖို့ သမ္မတက ပြောပါတယ်။ ကမ္ဘာ့အလယ် ကဏ္ဍပေါင်းစုံမှာ ပါဝင် ဆောင်ရွက်သွားမယ်၊ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ဒုတိယ သက်တမ်း အရွေးခံရတာ ဂုဏ်ယူကြောင်း ပြောပါတယ်။ ကုလသမဂ္ဂရဲ့ တတိယမြောက် အတွင်းရေးမှူးချုပ် ဦးသန့်က တခုတည်းသော ကမ္ဘာဆိုတာကို ပြောခဲ့ပြီးဖြစ်တယ်လို့ သမ္မတက ပြောပါတယ်။ ဦးသန့်ရဲ့ ဆောင်ရွက်ချက်တွေကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူးလို့ သမ္မတကြီးက ထည့်သွင်း ပြောကြား သွားပါတယ်။
 
အင်တာနက်သတင်းစာမျက်နှာမှ

ကြွေးဟောင်းများ ဆပ်ရန် မြန်မာကို အမေရိကန်ဒေါ်လာ သန်း ၁ ထောင် ဂျပန်ချေးမည်

တိုကျို၊စက်တင်ဘာ ၂၇

ယခင်က အထီးကျန် နိုင်ငံအဖြစ်မှ အရပ်သား အစိုးရသစ် လက်ထက်တွင် နိုင်ငံတကာ၏ ကြိုဆိုထောက်ခံမှု တိုးမြှင့်ရရှိလာသော မြန်မာနိုင်ငံအနေဖြင့် ကြွေးဟောင်းများ ဆပ်နိုင်ရန် ဂျပန်ဘဏ်များက အမေရိကန်ဒေါ်လာ သန်း ၁ ထောင် ချေးငွေများပေးအပ်မည်ဟု ကတိပြုလိုက်ကြောင်း အစီရင်ခံစာ တစ်ခုကို ကိုးကား၍ CNA သတင်းတွင်ဖော်ပြထားသည်။
 ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့၊ အာရှဖွံ့ဖြိုးရေးဘဏ် တို့သည်မြန်မာနိုင်ငံကို ထောက်ပံ့ ကူညီရန်အတွက် အမေရိကန်ဒေါ်လာ သန်း၉၀၀ ချေးငွေအကူအညီ ထပ်မံပေးအပ်ရန် စဉ်းစားလျက်ရှိကြောင်း အဆိုပါ အစီရင်ခံစာတွင်ဖော်ပြထားသည်။

ဒေါ်စုအား မိုင်ဂျာယန်သို့ လာရောက်ရန် ကချင်အဖွဲ့အစည်းများ ဖိတ်ခေါ်

 Suu-Kyi-with-Asia-Society-Global-Vision-award-1
ဒေါ်အောင်ဆန်းစုကြည်အား ကချင် စစ်ပြေးဒုက္ခသည် စခန်းများကို လာရောက်ကြည့်ရှုရန် ကချင်အဖွဲ့အစည်း ၂၃ ဖွဲ့က အိတ်ဖွင့်ပေးစာဖြင့် ဖိတ်ခေါ် (Photo: Asia Society/Joshua Roberts)
 
ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးမှုကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား တရုတ်-မြန်မာ နယ်စပ်ရှိ ကချင် စစ်ပြေးဒုက္ခသည် စခန်းများကို လာရောက်ကြည့်ရှုရန် ကချင်အဖွဲ့အစည်း ၂၃ ဖွဲ့က အိတ်ဖွင့်ပေးစာဖြင့် ဖိတ်ခေါ်လိုက်သည်။

၁၅ လကြာ အစိုးရစစ်တပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့အကြား တိုက်ပွဲများကြောင့် ပြောင်းရွှေ့နေထိုင် နေရသော မိုင်ဂျာယန်နယ် ဒုက္ခသည်စခန်းများသို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လာရောက် ကြည့်ရှုပါရန် ဗုဒ္ဓဟူးနေ့က ဖိတ်ကြားလိုက်ခြင်း ဖြစ်သည်။

နိုဘယ် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ ရောက်ရှိနေစဉ် ကချင်တိုင်းရင်းသား အဖွဲ့အစည်းများက ဖိတ်ခေါ်လိုက်ခြင်း ဖြစ်သည်။
 
“ကျနော်တို့ ပင်လုံစိတ်ဓါတ်နဲ့ ဖိတ်ခေါ်တာပါ။ ပြည်ထောင်စု တိုင်းရင်းသား ညီအစ်ကိုတွေ ကြားထဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ စီးပွားရေး အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့မှ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မျက်မြင် ကိုယ်ကျ လာပြီးတွေ့ရင် ပိုကောင်းမယ်ဆိုပြီးတော့ ကျနော်တို့ ဖိတ်ခေါ်တယ်”

Thursday, September 27, 2012

တက္ကသိုလ်ဝင်ခွင့် အမှတ်သတ်မှတ်ချက် ရန်ကုန်နည်းပညာတက္ကသိုလ် အမြင့်ဆုံးဖြစ်


၂၀၁၂-၂၀၁၃ ပညာသင်နှစ်၊ နာမည်ကြီး အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များ၏ ၀င်ခွင့် တန်းစီဇယားတွင် ရန်ကုန်နည်းပညာ တက္ကသိုလ်က တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ်အမြင့်ဆုံး သတ်မှတ်ချက်ဖြင့် ထိပ်ဆုံးက ရပ်တည်နေကြောင်း သတင်းရရှိသည်။

ယခုနှစ် ပြန်လည်စတင်ဖွင့်လှစ်မည့် ရန်ကုန်နည်းပညာတက္ကသိုလ်တွင် တက်ရောက်ပညာသင်ယူရန် အမျိုးသားများ အထူးစိတ်ဝင်စားခဲ့ကြပြီး ဦးစားပေး လျှောက်ထားခဲ့ကြကြောင်း တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေး ဆောင်ရွက်ခဲ့သူက ပြောသည်။

နာမည်ကြီး အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များ၏ ကျောင်းသားလက်ခံမှု လျှော့ချခဲ့ခြင်းကြောင့် ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲရမှတ် သတ်မှတ်ချက်သည် ယခင်နှစ်ကထက် သိသိသာသာ မြင့်တက်သွားခဲ့သော်လည်း ဆေးဝါးတက္ကသိုလ်မှာ ယခင်နှစ်ထက် တက္ကသိုလ်ဝင်စာမေးပွဲရမှတ်

ထိုင်းနိုင်ငံအတွက် မြန်မာစာ အရေးပါလာမှု

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုတွေ့ လုပ်လာပြီးနောက်ပိုင်းမှာ ထိုင်းနိုင်ငံမှာ မြန်မာ အကြောင်း စိတ်ဝင်စားမှု ကလဲ အရှိန် အဟုန်မြင့်တက်လာနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းခရီးစဉ်နောက်ပိုင်း မြန်မာ အပေါ် ထိုင်းနိုင်ငံရဲ့ စိတ်ဝင်စားမှုတွေပိုတိုးလာပါတယ်။

မြန်မာနဲ့ ထိုင်း ဆက်ဆံရေးကိုလည်း ပိုပြီး ခိုင်မာ ချင်တာတွေလည်း တွေ့ရပါတယ်။ တဖက်ကလည်း မြန်မာအလုပ်သမားတွေကို အားထားပြီး အဓိက လည်ပတ်နေတဲ့ ထိုင်းစီးပွားရေး လုပ်ငန်းကြီးတွေ အတွက် မြန်မာရဲ့ပွင့်လင်း လာမှုကြောင့် မြန်မာ အလုပ်သမားတွေ ပြည်တော်ပြန် သွားခဲ့ရင် ထိုင်းအတွက် လုပ်အားရှားပါမှု ပြဿနာ ရင်ဆိုင်လာရမှာကိုလည်း စိုးရိမ်ပူပန်မှုတွေလည်း တိုးလာပါတယ်။

 ချင်းမိုင်တက္ကသိုလ်မှာ မြန်မာစာ သင်ယူနေတဲ့ ကျောင်းသူ ကျောင်းသားများ

ဒီလိုအကြောင်းတွေနဲ့ အတူ အခုဆိုရင်တော့ မြန်မာစာ မြန်မာ စကားဟာ အရှေ့တောင် အာရှနိုင်ငံများမှာ တထောင့် တ နေရာက အရေး ပါလာကြောင်းကို ပြသနေပါပြီ။ ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်မှာ မြန်မာစာ ဌာနမှာ မြန်မာစာကို တတိယ ဘာသာ အနေဖြင့် မြန်မာ စာလေ့လာသူ ကျောင်းသား ဦးရေဟာလဲ

ဒေါ့ဖုန်းယန်အနီး အစိုးရတပ်များ ဖြတ်သန်း သွားလာသော ဒေသခံများကို ဖမ်းဆီးနှိပ်စက်

မြန်မာစစ်သားတဦး

ကချင်ပြည်နယ် မြစ်ကြီးနား-ဒေါ့ဖုန်းယန် သွားလမ်းတွင် လတ်တလော အစိုးရတပ်များနှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြားတိုက်ပွဲ ပြင်းထန်ခဲ့ပြီးနောက် အစိုးရတပ်များသည် ဖြတ်သန်း သွားလာသော ပြည်သူလူထုများကို ဖမ်းဆီး နှိပ်စက်စစ်ဆေးမှုများ ပြုလုပ် နေကြောင်းသိရသည်။
 
ဒေါ့ဖုန်းယန်မှ ၄ မိုင်အကွာရှိ ဖာဂီ (Hpagyi) နှင့် နမ့်ဝိုင်း (Namwai) ကြား စက်တင်ဘာ၂၄ ရက် မနက်က မြန်မာအစိုးရတပ် ခြေလျင်တပ်ရင်း ခလရ (၁၄၂) နှင့် KIA တပ်မဟာ (၅)လက်အောက်ခံ တပ်ရင်း (၂၄) တို့ တိုက်ပွဲဖြစ်ပွားခဲ့စဉ် မြေမြုပ်မှိုင်းကြောင့် အစိုးရတပ်ဖက်မှ ၃ ဦးကျဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း KIA အရာရှိများပြောသည်။
 
မြေမြုပ်မှိုင်းပေါက်ကွဲပြီး ၁ နာရီကျော် ခန့်တွင် ထိုလမ်းမှဖြတ်လာသော ပြည်သူများကို စစ်ဆေးပြီး အမျိုးသမီးများနှင့် ရှမ်းအမျိုးသားများကို လွတ်ပေးခဲ့သော်လည်း ကချင်အမျိုးသားများကိုမူ ဖမ်းဆီး

မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးမှာ ရန်ကုန်မြို့တွင် ယိမ်းယိုင်နေပြီး မန္တလေးမြို့တွင် ပြိုကျသွားပြီဟု တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဝင်က ပြောကြား

 

၂ဝ၁၂၊ စက်တင်ဘာ၊ ၂၆။

မြန်မာနိုင်ငံ၏ တရားဥပဒေ စိုးမိုးရေးမှာ ရန်ကုန်မြို့တွင် ယိမ်း ယိုင်နေပြီး မန္တလေးမြို့တွင် ပြိုကျ သွားပြီဟု တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဝင် ဦးသိန်းညွန့်က ရန်ကုန်တိုင်းဒေသ ကြီး အရှေ့ပိုင်းခရိုင် တရားရုံးရှေ့ တွင သတင်းမီဒီယာများကို ပြော ကြားခဲ့သည်။

ပြည်သူ့လွှတ်တော် တရား ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေးကော်မတီမှ ကော်မတီဝင် ၅ ဦးသည် တရားရေးအဖွဲ့အစည်း များမှ တရားဥပဒေနှင့်အညီ နေထိုင် ပြုမှု ဆောင်ရွက်ရေးအတွက် နှိုးဆော်ခြင်း၊ တိုက်တွန်းခြင်းနှင့် ထိန်းညှိ ကူညီခြင်းများ ပြုလုပ်ရန်အတွက် တရားရုံး သုံးရုံးသို့ သွားရောက်စဉ် အရှေ့ပိုင်းခရိုင် တရားရုံးရှေ့တွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

''ကျွန်တော်ရဲ့ ကျန်သေးတဲ့ လွှတ်တော်သက်တမ်း သုံးနှစ်မှာ တရားရေး မဏ္ဍိုင်ကိုပြန်ပြီး တည့် မတ်ဖို့ ကျွန်တော်ကြိုးစားမယ်။ တိုင်း ပြည်မှာ တရားတာကို မတရားလုပ်ရင်၊ မတရားတာကို တရားအောင်လုပ် ရင် ဒီပြည်ပျက်မှာပဲ။ ဒါကျွန်တော် ပြောတာ မဟုတ်ပါဘူး။ တရားသူ ကြီးချုပ်ဖြစ်ခဲ့တဲ့ ဒေါက်တာဦးသိမ်း

ရသေ့တောင် ညီလာခံ ကန့်ကွက်ချက်...


 
 
၁။ ဖြစ်ပေါ်ခဲ့သော ပဋိပက္ခ အခြေအနေများအရ သော်လည်းကောင်း၊ ဘင်္ဂလီများ၏ အတွင်းစိတ်သန္တာန် မမှန်ကန်မှုအရ သော်လည်းကောင်း၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ယဉ်ကျေးမှုနှင့် ကျေးဇူး သစ္စာကို မစောင့်သိ မရိုသေ၍ သော်လည်းကောင်း ရခိုင်ပြည်နယ်အတွင်း ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂလီများ အတူယှဉ်တွဲ နေထိုင်ရန် မဖြစ်နိုင်ပါသောကြောင့် ရခိုင်၊ ဘင်္ဂလီ အတူယှဉ်တွဲ နေထိုင်ရေးကို လုံးဝ ကန့်ကွက်သည်။
 
၂။ မြန်မာပြည်၏ ပြည်တွင်းရေးတွင် O.I.C ၏ နိုင်ငံရေးအရ မတရား ၀င်ရောက်စွက်ဖက်မှုကို လုံးဝ ဆန့်ကျင် ကန့်ကွက်သည်။ ၄င်းအပြင် ရခိုင်ပြည်နယ်ရှိ မည်သည့် နေရာတွင်မဆို O.I.C ရုံးစိုက်ခြင်းကိုလည်း

Wednesday, September 26, 2012

KNU နဲ့ ၎င်း၏ စစ်ရေးအဖွဲ့ သဘောထားကွဲ


မြန်မာအစိုးရအဖွဲ့၏ ငြိမ်းချမ်းရေးဆိုင်ရာ သွေးခွဲစည်းရုံးမှုကြောင့် ကရင်အမျိုးသား အစည်းအရုံး KNU နှင့် ၎င်း၏ စစ်ရေးအဖွဲ့ဖြစ်သော KNLA အကြား သဘောထား တိုက်ဆိုင်ခြင်း မရှိသဖြင့် အဖွဲ့အတွင်း နှစ်ခြမ်း ကွဲသွားပြီဟု လေ့လာသူများက ပြောသည်။
 
လာမည့် စနေနေ့ ဗဟိုအဆင့် ဆက်ဆံရေးရုံး ဘားအံမြို့တွင် ဖွင့်လှစ်ရန်KNLA စစ်ဦးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ဦးဆောင်သော KNU ခေါင်းဆောင်အချို့ ပါဝင်မည့် (၃၁) ဦးပါ ကိုယ်စားလှယ် အဖွဲ့သည် ဗဟို၏ ခွင့်ပြုချက်မပါဘဲ မနက်ဖြန်တွင် နယ်စပ်မှ ထွက်ခွာမည့် ကိစ္စနှင့် ပတ်သက်၍ လေ့လာသူများက သုံးသပ် ပြောဆို နေကြခြင်း ဖြစ်သည်။

လေ့လာသူ တဦးက”KNU မှာ လက်ရှိ ဗဟိုနဲ့စစ်တပ် ကွဲသွားပြီး စစ်တပ်က ဗဟိုအမိန့်ကို နာခံမှုမရှိဘဲ သူလုပ် ချင်တာကို သူရွေးလိုက်ပြီ။ စစ်ဦးစီးချုပ်ကို ဗဟိုက အတန်တန် တားနေတဲ့ကြားကနေ ဘားအံမှာ ဗဟိုဆက်ဆံရေးရုံး သွားဖွင့်ဘို့ မနက်ဖြန်သွားတော့မယ်။ ဒီဖွင့်ပွဲကို သမတရုံးဝန်ကြီး ဦးအောင်မင်းက လာရောက် ဖွင့်လှစ်ပေးမှာ ဆိုတော့ အစိုးရရဲ့ သွေးခွဲစည်းရုံးမှု သဘောထားက ပေါ်လွင်သွားပြီ” ဟု ဆိုသည်။

ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးနှင့် ပြည်ထောင်စုအဆင့် ပြည်တွင်း ငြိမ်းချမ်းရေးဖော် ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ၀န်ကြီးဦးအောင်မင်းတို့ ဦးဆောင်ပြီး KNU ဗဟိုဆက်ဆံရေးရုံးကို ယခုလ ၂၉ ရက်နေ့တွင် ဘားအံမြို့၌ ဖွင့်လှစ်မည်ဖြစ်သည်။

မနက်ဖြန်မဲဆောက်မှ စတင် ထွက်ခွာမည့်အဖွဲ့တွင် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၊ ပဒိုဒေးဗစ်ထော၊ ပဒိုရွှေမောင်း၊ ပဒိုကွယ်ထူးဝင်း၊ ဗိုလ်မှူးချုပ်ဂျော်နီနှင့် ပဒိုအောင်မော်အေးတို့ ပါဝင်ပြီး အများစုမှာKNU တပ်မဟာ ၄-၆-၇ မှ အဆင့်မြင့်ခေါင်းဆောင်များ ဖြစ်သည်။

၎င်းအဖွဲ့ဝင်အချို့သည် ဗဟိုခွင့်ပြုချက်မပါဘဲ ယခုလ ၁၅ ရက်နေ့ညက ဘားအံမြို့ရှိ ဇွဲကပင် ဟိုတယ်တွင် ဆက်ဆံရေးရုံးဖွင့်ရန်နှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် လှို့ဝှက်တွေဆုံခဲ့ကြသည်ဟု

ဒေါ်အောင်ဆန်းစုကြည်နှင့် ဖို့ဝိန်းရောက် မြန်မာမိသားစုများ တွေ့ဆုံပွဲ ရုပ်သံ စဆုံး ...



Copy from - DVB TV

သပိတ်မှောက် ကံဆောင်မှု ပြန်လှန်ရန် ကမ်းလှမ်း

ရွှေဝါရောင် တော်လှန်ရေးကာလ သံဃာတော်များက လုံထိန်းတပ်ဖွဲ့ဝင်များကို လက်အုပ်ချီ တောင်းပန်နေစဉ်
(ဓာတ်ပုံ – Reuters)
 
အစိုးရ အာဏာပိုင်များက ရဟန်း သံဃာတော်များအပေါ် အပြစ် ကျူးလွန်ကြောင်း ၀န်ခံ ပြောကြားလာပါက ပတ္တနိကုဇ္ဇန ကံဆောင် သပိတ်မှောက်ထားမှုကို ကမ္မ၀ါဖတ်၍ ကံလှန်နိုင်ရန် ကမ်းလှမ်း ထားကြောင်း သတင်းရရှိသည်။
 
“သံဃ မဟာ နာယက က တဆင့်ရော၊ သာသနာရေး က ပုဂ္ဂိုလ်များက တဆင့်ရောကို ပတ္တနိကုဇ္ဇန ကံဆောင်ထားတာကို ကျူးလွန်ခဲ့မှုအတွက် တောင်းပန်ရင် ကမ္မ၀ါ ပြန်ဖတ်ပြီး ကံလှန်ပေးလို့ ရတယ်ဆိုတာ အကြောင်းကြားထားတယ်၊ အခုထိ သူ တို့ဘက်က ဘာမှတော့ တုံ့ပြန် မလာသေးဘူး”ဟု ရန်ကုန်တိုင်း သံလျှင်မြို့ ဓမ္မခွန်အား ဘုန်းတော်ကြီးကျောင်းမှ ဆရာတော် ဦးဇ၀န က ဧရာဝတီသို့ မိန့်ကြားသည်။
 
အဆိုပါ ကမ်းလှမ်းချက်သည် စက်တင်ဘာ ၁၈ ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပသည့် ရွှေဝါရောင် ၅ နှစ်ပြည့် နှစ်ပတ်လည် နေ့တွင် သံဃာများ ဆွေးနွေး သဘောတူထားချက်ဖြစ်ကြောင်း၊ ၁၉၉၀ ပြည့်နှစ်က ကံဆောင်မှုသည်လည်း ကံလှန်ထားမှု မရှိသေးကြောင်း၊ ၂၀၀၇ ခုနှစ်က စတုတ္တမြောက် ကံဆောင်မှုလည်း ယခုအထိ တည်ရှိနေသည့်အတွက် ကျူးလွန်ခဲ့သည့် စစ် အစိုးရ တာဝန်ရှိသူများအနေဖြင့် ဗုဒ္ဓဘာသာအရ သံသရာပါမည့် အဖြစ်မျိုး မဖြစ်စေရန် ကမ်းလှမ်းခြင်း ဖြစ်ကြောင်း ဦးဇ၀န က ဆက်လက် မိန့်ကြားသည်။
 
နေပြည်တော် သာသနာရေး ဦးစီးဌာနသို့ ဧရာဝတီက ဆက်သွယ်ရာတွင် အဆိုပါ အကြောင်းအရာကို ဖြေဆိုမည့် အရာရှိများ အလုပ်ရုံ ဆွေးနွေးပွဲ လုပ်ဆောင်နေကြောင်း တယ်လီဖုန်း လက်ခံဖြေကြားသူက ပြောသည်။ ရန်ကုန် ပုဇွန်တောင် ကျောင်းတိုက်ဆရာတော် ဦးပြည်ကျော်ကလည်း ယခုကဲ့သို့ နိုင်ငံပြုပြင်ပြောင်းလဲရေး၊ နိုင်ငံပြန်လည် ထူထောင်ရေး လုပ်ဆောင်နေချိန်တွင် ကံဆောင်ထားမှုသည်

ရှမ်း၊ ပလောင် ဒုက္ခသည်များ သောင်းနဲ့ချီ ဖြစ်လာတော့မည်

 
26 September 2012
 
ရှမ်းပြည်မြောက်ပိုင်း၊ မန်တုံ၊ နမ်းတူ၊ နမ်းခမ်း၊ နမ်းဆန်း ဖက်၌ ပလောင်နှင့် ရှမ်းလူမျိုး ဒုက္ခသည်များ ထောင်ချီဖြစ်လာ နေပြီးဟု ကချင်/ရှမ်းဒေသ စစ်ပြေး ဒုက္ခသည်များ အတွက် တာဝန်ယူ ဆောင်ရွက်နေသည့် တာဝန်ခံ ဦးတွဲပီဆာက ဆိုပါသည်။
 
“မန်တုံမြို့နယ် ဆိုတာ ပလောင်ဒေသပေါ့။ တိုင်းရင်းသား ပေါင်းစုံ နေထိုင်တယ်။ ကချင်လဲပါတယ်။ အရင်တုန်းက ပလောင်ရဲ့ ဌာနချုပ်ပေါ့။ အရင်တုန်းကဆိုရင် (၅၀၀) ပတ်ဝန်းကျင် တော့ရှိတယ်။ အခုတော့ ထောင်ချီဖြစ်နေပြီးပေါ့ အသေအချာတော့ မသိရသေးဘူး” ဟု ဆိုပါသည်။
 
ဤဒေသသည် ကချင် လွတ်လပ်ရေး အဖွဲ့၏ တပ်မဟာ (၄) ဧရိယာ ဖြစ်သလို တအာင်း (ပလောင်) ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF) ၏ ဒေသလည်း ဖြစ်ပါသည်။ ဤဒေသ၌ ပလောင် စစ်ပြေး ဒုက္ခသည် တထောင်ကျော် ရှိကြောင်း (PSLF) က ဆိုပါသည်။
 
ကချင်ပြည်နယ် ဗန်းမော် မြို့နယ်ရှိ ရွှေကျီးနား၊ တံခွန်တိုင်၊ ရိုးကြီးရွာမ၌ နေထိုင်သော ရှမ်းစစ်ပြေး များသည် ဗန်းမော်မြို့သို့ ထွက်ပြေး နေကြပြီး ဒုက္ခသည်ပေါင်း (၅၆၀၀) ကျော် ရှိသည်ဟု ဒေသခံများက ဆိုပါသည်။ အလားတူ မိုးမောက်မြို့နယ် ကောက်စခန်းရွာ နှင့် မံစီ မြို့နယ်မှ ထွက်ပြေးသော ရှမ်းစစ်ပြေး ဒုက္ခသည်များလည်း (၄၇၀၀) ကျော် ရှိကြောင်း ဆိုပါသည်။ ဤဒုက္ခသည်များသည် နယ်စပ်သို့ ထွက်ပြေးခြင်း မဟုတ်ဘဲ မြို့ပေါ်သို့ ရှောင်တိန်းကြခြင်း ဖြစ်ပါသည်။
 
ဗန်းမော်မြို့နယ်မှ စစ်ပြေး ရှမ်းဒုက္ခသည်များသည် ကချင်ပြည်နယ် မိုင်ဂျာယန်း ဖက်သို့လည်း ထွက်ပြေး တိန်းရှောင်ကြ ကြောင်း ဆိုပါသည်။ ရှမ်းပြည်မြောက်ပိုင်းရှိ စစ်ပြေး ဒုက္ခသည် များသည် ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှ စပြီး KIA နှင့် PSLF အား စစ်ဆင်လိုက်သော အစိုးရ၏ ထိုးစစ်ကြောင့် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပါသည်။
 
“ တိုက်ပွဲတွေ ဖြစ်နေတဲ့ နေရာဒေသမှာ ဆက်နေဖို့ မသင့်တော့ဘူး ဆိုတာကို ကျနော်တို့ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦးက သွားရောက် နှိုးဆော်တာတော့ ရှိပါတယ်။ ပြီးခဲ့တဲ့လက ပြောင်းရွေ့သွားတဲ့ ဒုက္ခသည်တွေက (၁၀၀၀) နဲ့ချီရှိ တယ်။ အဲဒီမှာ အမြဲနေထိုင်ဖို့ မဟုတ်ပါဘူး။ တိုက်ပွဲငယ်တွေကလည်း နေ့တိုင်း လိုလို ဖြစ်နေတာတော့ ရှိပါတယ်။ မန်တုံ နန်ခမ်း နမ်းဆန်း ဘက်မှာလေး” ဟုPSLF ဥက္ကဌ မိုင်းအိုက်ဖုန်းက ဆိုပါသည်။

ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ သမိုင်းတွင် ထူးခြားသည့် ခရီးစဉ်အဖြစ် နိုင်ငံတကာ မီဒီယာများ ဖော်ပြနေကြ

ဒေါ်အောင်ဆန်းစုကြည်က ဦးသိန်းစိန်ကို လေယာဉ်အကြာကြီး စီးခဲ့ရလို့ ခရီးပန်းနေလား၊ အဆင်ပြေလားလို့ မေးမြန်းတော့ သမ္မတကြီးက နေ့/ည မှားနေလို့ အနားယူချင်နေကြောင်းကို ပြောပါတယ်။ သမ္မတကြီးကလည်း ဒေါ်အောင်ဆန်းစုကြည်ကို `မစု... ပိန်သွားတယ်` လို့ ပြန်ပြောတဲ့ အကြောင်း သူတို့နှစ်ဦးကို ဓာတ်ပုံ ရိုက်ခွင့်ရခဲ့တဲ့ သမ္မတနဲ့ အတူ အမေရိက ခရီးစဉ်ကို လိုက်ပါလာတဲ့ မီဒီယာသမား တဦးက ဘီဘီစီကို ပြောပါတယ်။ Copy from :BBC Burmese
 

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အမေရိကန်ပြည်ထောင်စုသို့ စက်တင်ဘာလ ၂၄ ရက်နေ့က စတင် ထွက်ခွာသွားခဲ့ပြီး ယခုခရီးစဉ်မှာ နိုင်ငံတော် အကြီးအကဲ တစ်ဦးအနေဖြင့် နှစ်ပေါင်း ၄၆ နှစ်အတွင်း အမေရိကန်ပြည်ထောင်စုသို့ ပထမဆုံးသွား ရောက်မှု ဖြစ်ခဲ့ပါသည်။

၁၉၆၆ ခုနှစ်တွင် ထိုစဉ်က ၀န်ကြီးချုပ် ဦးနေ၀င်းမှာ အမေရိကန်သို့ သွားရောက်ခဲ့ပြီး ယင်းနောက်တွင် ယခုနိုင်ငံတော် သမ္မတဦးသိန်းစိန်၏ ခရီးစဉ်မှာ နှစ်ပေါင်း ၄၆ နှစ်ကြာပြီးနောက် တရားဝင် သွားရောက်ရသော နိုင်ငံတော် အကြီးအကဲတစ်ဦး၏ ခရီးစဉ်လည်း ဖြစ်ခဲ့ပါသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ တွင်ကျင်းပမည့် (၆၇)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက် ရန်သွားရောက်ခဲ့ခြင်းလည်း ဖြစ်ပြီး ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် စက်တင်ဘာလ ၂၇ ရက်နေ့၌ မိန့်ခွန်း ပြောကြားမည်ဖြစ်သည်။

ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် အမေရိကန် အစိုးရ တာဝန်ရှိသူများ၊ နိုင်ငံတကာမှ ခေါင်းဆောင်များ၊ ထင်ရှားကျော်ကြားသည့် ပုဂ္ဂိုလ်များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် နယူးယောက်မြို့ရှိ Asia Society တွင်လည်း စက်တင် ဘာလ ၂၇ ရက်နေ့၌ မိန့်ခွန်း ပြောကြားရန် စီစဉ်ထားသည်။

နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက''ကျွန်တော်တို့ကလည်း တစ်စိတ်တစ်ပိုင်း အားဖြင့် နိုင်ငံနဲ့ လူမျိုးအကျိုးကို ဒီခရီးစဉ်မှာ မြှင့်တင်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ မျှော်လင့်ထားတယ်ဆိုတာ ဘယ်လိုလည်း ဆိုတော့ ကျွန်တော် တို့သမ္မတကြီးက အသစ်ပြန်ပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ ပေါင်းစည်းခြင်းပေါ့။

အသစ်ပြန်လည် ပေါင်းစည်းတဲ့သဘော သူသွားတာပါ။ သွားတဲ့အခါ အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်တဲ့ သူ့ရဲ့မူဝါဒတွေ၊ အလားတူ နိုင်ငံတကာက အထင်မြင် လွဲမှားနေတဲ့ ရခိုင်ပြည်နယ် ကိစ္စတို့၊ ငြိမ်းချမ်းရေး ကိစ္စတို့ကိုလည်း သူရှင်းမှာပါ။

အလားတူ သူကြုံတွေ့နေတဲ့ စိန်ခေါ်မှုတွေကိုလည်း နိုင်ငံတကာက ဘယ်လို ကူညီပေးသလဲ ဆိုတာကို သူပြောမှာပါ''ဟု ပြောကြားခဲ့သည်။ ''အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ခ ရီးစဉ်နဲ့ တိုက်နေတဲ့ အခါကျတော့ မီဒီယာတော်တော်များများက မေးတဲ့အခါမှာ အဲဒါရဲ့သဘောထားကတော့ သမ္မတကြီးရဲ့စကားအတိုင်းပေါ့။ အဲဒါကို အသိအမှတ်ပြုရမယ်။

အဲဒါကြောင့် ဦးအောင်မင်းကို အစိုးရ ကိုယ်စားတက်ပြီးတော့ ဂုဏ်ပြုပေးပါ။ ကိုယ့်နိုင်ငံက လူတစ်ယောက်ရ တာ ဘာပဲပြောပြော ဂုဏ်ယူရမယ်။ ဒါဝမ်းမြောက် ၀မ်းသာ ဖြစ်တယ်ပေါ့။ အဲဒီအတွက်လည်း သမ္မတကြီး အနေနဲ့ ဘယ်လိုမှ စနိုးစနောင့် မဖြစ်တဲ့အပြင် ပိုပြီးတောင် ၀မ်းသာ ပါတယ်''ဟု ဦးဇော်ဌေးက ဆက်လက်ပြောကြားခဲ့သည်။

နိုင်ငံတကာ မီဒီယာများကမူ နိုင်ငံတော် သမ္မတ၏ အမေရိကန် ခရီးစဉ်မှာ သမိုင်းတွင် ထူးခြားသည့် ခရီးစဉ် တစ်ခုအဖြစ် ဖော်ပြနေကြပြီး မြန်မာနိုင်ငံအတွက် ရလဒ်ကောင်းများကို သမ္မတအနေဖြင့် ရယူ ပေးနိုင်လိမ့်မည်ဟု သုံးသပ်မှုများလည်း ရှိနေပါသည်။



နိုင်ငံတော်သမ္မတသည် အမေရိကန်ခရီးစဉ်အတွင်း စက်တင်ဘာလ ၂၅ ရက်နေ့က (ဒေသစံတော်ချိန်) ဒေါ်အောင်ဆန်းစုကြည်နှင့် တည်းခိုရာ The Mark ဟိုတယ်တွင် ၁၅ မိ နစ်ကြာ ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြောင်းလည်း သိရသည်။

လက်ရှိတွင် မြန်မာလူထုနှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ၁၇ ရက်ကြာမြင့်မည့် အမေရိက ခရီးစဉ်အရ အမေရိကန်ပြည်ထောင်စုတွင် ရှိနေပြီး မြန်မာနိုင်ငံသို့ အောက်တိုဘာလ ၃ ရက်နေ့

ဖို့ဝိန်းတွင် ပြောကြားခဲသည့် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း ....

Photo
လူ ၅၀၀၀ အမေစုကို ဖို့ဝိန်းမှ မြန်မာများခ မ်းခမ်းနားနား ကြိုဆိုကြပါတယ်
 


သူတို့လေးတွေရဲ့ တောက်ပတဲ့အကြည့် .... သန်းချီတန်တဲ့ ဓါတ်ပုံ ....
Photo: သူတို့လေးတွေရဲ့ တောက်ပတဲ့အကြည့် .... သန်းချီတန်တဲ့ ဓါတ်ပုံ ....

Ford Wyne - 25-9-2012

ဓါတ်ပုံ - ဒီမိုဖက်တီး
video by VOA

ကင်တပ်ကီ ပြည်နယ်မှ မြန်မာမိသားစုများကို နိုင်ငံရေးအရ လုံခြုံမှုတွေ အာမခံနိုင်တဲ့ အခြေနေမျိုး မရှိသေးဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံခြားတိုင်းပြည်တွေမှာ ရောက်ရှိနေကြတဲ့ မြန်မာပြည်သားတွေ ပြန်လာနိုင်ဖို့ ဖွံ့ဖြိုးရေးအပါအ၀င် နိုင်ငံရေးအရ လုံခြုံမှုတွေ အာမခံနိုင်တဲ့ အခြေနေမျိုး မရှိသေးဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဦးအံ့ဘုန်းမြတ် တင်ဆက်ထားပါတယ်။
Copy from - DVB TV News

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များရဲ့ သတင်းစာရှင်းလင်းပွဲ (ရုပ်သံ)


 
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ကချင်ငြိမ်းချမ်းရေး၊ ရခိုင်ပြည်နယ်အရေး၊ ကရင်နီဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ ဧရာဝတီတိုင်းဒေသကြီး ရေကြီးရေလျှံမှုတွေ၊ စစ်ကိုင်းတိုင်း လက်ပတောင်းတောင် ကြေးနီစီမံကိန်း ပြဿနာတွေနဲ့ ပတ်သတ်တဲ့ သတင်းစာရှင်းလင်းပွဲတခုကို စက်တင်ဘာလ ၂၄ ရက်နေ့ ညနေ ၃ နာရီက ၈၈ မျိုးဆက်ကျောင်းသားများရုံးခန်းမှာ ပြုလုပ်ခဲ့ပါတယ်။
 
ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီ၊ ကိုဌေးကြွယ်၊ ကိုမြအေး စတဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေက သူတို့ တာဝန်ယူ လုပ်ဆောင်နေတဲ့ ဒေသတွေနဲ့ ပတ်သတ်ပြီး ရှင်းလင်း ပြောကြား ခဲ့ကြပါတယ်။

Copy from - BurmaVJMedia

ရခိုင်ဒေသလုံးဆိုင်ရာ လူထုအစည်းအဝေးကြီး

25 September 2012

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၊ အလိုတော်ပြည့် ကျောင်းတိုက် ဗောဓိသုခ ဓမ္မာရုံတွင်ပြုလုပ်သော ရခိုင်ဒေသလုံးဆိုင်ရာ လူထုအစည်းအဝေးကြီး ပထမနေ့ကို စက်တင်ဘာ ၂၅ ရက်၊ နံနက် (၇: ၃၀) တွင် စတင်ကျင်းပကာ ညနေ ၅ နာရီတွင် အောင်မြင်စွာ ပြီးဆုံးခဲ့သည်။
 
လူထုအစည်းအဝေးတွင် ရခိုင်အရေး ကျွမ်းကျင်သူ (၁၆)ဦး၏ ရခိုင်အရေးနှင့် ပတ်သက်သော စာတမ်းများအား ဖတ်ကြားခဲ့ကြပြီး၊ မြို့နယ်(၆)ခုမှ ကိုယ်စားလှယ်များကလည်း သဘောထားအမြင်များ တင်ပြခဲ့ကြသည်။
 
စာတမ်းများ ဖတ်ကြားရာတွင် ရခိုင်သမိုင်း ဖြစ်စဉ်များ၊ ရိုဟင်ဂျာဆိုသည်မှာ သမိုင်း အဆက်ဆက်ကပင် ရခိုင်ပြည်နယ်မှာ လုံးဝ မရှိခဲ့ကြောင်း၊ တိုင်းတစ်ပါးမှ ခိုးဝင်လာသူ ဘင်္ဂလီများနှင့် အတူနေ၍ လုံးဝမဖြစ်နိုင်ကြောင်းကို မီးမောင်းထိုးပြ ထားသလို ယနေ့ရခိုင် လူငယ်များအနေဖြင့် ရခိုင်သမိုင်းဆိုင်ရာ ဖြစ်ရပ်မှန်များကို သိရှိနားလည်စေသည့် စာတမ်းများဖြစ်သည်။
 
ယနေ့ အစည်းအဝေးတွင် ဆွေးနွေးချက်များအား အားရကျေနပ်မှု ရှိကြောင်းကို ၀ံလက်ဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံက "အစိုးရဟာ ဘင်္ဂလီနှင့် အတူနေ၍ ရမရဘူးဆိုပေမယ့် workshop ပြုလုပ်တဲ့နည်း၊ စုံစမ်း မေးမြန်းတဲ့နည်းလမ်းနဲ့ လမ်းကြောင်းပေးေ ဆာင်ရွက်နေတာကို တွေ့မြင်ရတယ်၊ ယခု ရခိုင်လူထုစည်းဝေးပွဲကြီးက ရခိုင်လူမျိုးတွေဟာ ဘင်္ဂလီနှင့်အတူ ယှဉ်တွဲနေထိုင်ဖို့ လုံးဝမဖြစ်တော့တာကို ရှင်းရှင်းလင်းလင်း သက်သေပြရာရောက်တယ်၊ ဒါကြောင့် ယခုလို လူထုစည်းဝေးပွဲကြီး

ရှမ်းမြောက် ပန်ဆိုင်း တိုက်ပွဲတွင် မြန်မာအစိုးရ တပ် ဗိုလ်ကြီး အပါအ၀င် ၄ ဦးကျ

 
ရှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်း (ကြူကုတ်)မှ ၁ မိုင်အကွာရှိသည့် ဖိုင်ကောင်း (Hpai Kawng) ရွာဦးပိုင်းတွင် မြန်မာအစိုးရ လားရှိုးတပ် ခလရ (၆၉) တပ်နှင့် ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) အရပ်သား ကာကွယ်ရေး တပ်ဖွဲ့ (MHH) တပ်ခွဲ(၅)တို့ ယမန်နေ့ စက်တင်ဘာ ၂၄ ရက်နေ့တွင် အပြင်းအထန် တိုက်ပွဲဖြစ်ပွားရာတွင် အစိုးရတပ်ဖက်မှ ဗိုလ်ကြီးတစ်ဦးအပါအ၀င် ၃ ဦးဒဏ်ရာရှိသွားခဲ့ကြောင်း သိရသည်။

နှစ်ဖက်တပ်မှ အပြင်းအထန် ပစ်ခတ် တိုက်ခိုက်ကြစဉ် KIA ဖက်မှ တိုက်ပွဲတွင် သယ်ယူပို့ဆောင်ပေးနေသော တပ်သား ၁ ဦး သတ်ခံရပြီး အစိုးရတပ်ဖက်မှ ၄ ဦးနှင့် ၁၀ ဦးကျော်ဒဏ်ရာ ရရှိသွားခဲ့ခြင်း ဖြစ်ကြောင်း ရှေ့တန်းမှ KIA အရာရှိများပြောသည်။

ကပ်နာ (Kapna) ရွာဟောင်းဖြစ်ပွားသော တိုက်ပွဲတွင် ထိုအစိုးရတပ်မျာသည် KIA ကို ပစ္စည်းများ သယ်ပေးနေ သော အသက် ၁၅ နှစ်အရွယ် အမျိုးသားအား ဖမ်းဆီးလိုက်ပြီး မျက်စိ၊ နှာခေါင်း၊ ခေါင်း၊ ဂုတ်တွင် ဓါးဖြင့်ထိုးနှက် နှိပ်စက်၍ ပစ်သတ်ကာ အိမ်တအိမ်ရှေ့တွင် ပစ်ထားခဲ့ခြင်း ဖြစ်ကြောင်း

“တရားရုံးတွေနဲ့ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်းချမ်းရေးကော်မတီ စတွေ့ပြီ”


 ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌ အဖြစ်ပါဝင်သည့် တရား ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီဝင်များ ဖြစ်ကြသည့် ဦးသိန်းညွန့် ဦးဝင်းမြင့် ဒေါ်လဲ့လဲ့ဝင်းဆွေ နှင့်ဦးမင်းဆွေ တို့ ၄ ဦး သည် ဒေါ်အောင်ဆန်းစုကြည် USA သို့ သွားရောက်နေခိုက် ဒေါ်စု၏ တာဝန်ပေးချက်အရ ရန်ကုန်မြို့တွင်း တရားရုံး ၃ ရုံးအား စစ်ဆေးမှု ပြုလုပ်သည့် အစီအစဉ်တွင် ဒီနေ့ ၂၅.၉.၂၀၁၂ နေ့နံက်ပိုင်းတွင် တာမွေမြို့နယ် တရားရုံးသို့ သွားရောက် စစ်ဆေးခဲ့သည်။
 
အဆိုပါ စစ်ဆေးမှုတွင် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်မှ တာမွေတရားရုံးရှိ အချုပ်ခန်းအား ဝင်ရောက်စစ်ဆေးရာ အချုပ်ခန်းထဲတွင် မိသားစု တစ်စုလုံး အဖမ်းခံ နေရသည့် အပြင် အရွယ်မရောက်သေးသည့် အပြစ်မဲ့ ကလေးပါမကျန် အချုပ်ခန်းတွင်း မလိုလားအပ်ဘဲ တွေရှိခြင်းနှင့် ပါတ်သက်ပြီး ဦးသိန်းညွန့်မှ ဘာကြောင့်ဒီလို တစ်မိသားစုလုံး ဖမ်းထားရသလဲ အာမခံ မပေးဘူးလားလို့ ဥပဒေအရာရှိထံ မေးမြန်းရာတွင် ဥပဒေအရာရှိမှ “သူတို့က အာမခံ မလျှောက်လို့ မပေးရခြင်း ဖြစ်ကြောင်း” ပြန်လည် ပြောကြားခဲ့သည်ထိုအခါ ဦးသိန်းညွန့်မှ “ခင်ဗျားတို့က ဥပဒေ အရာရှိတွေလေ ပြည်သူအတွက် ဥပဒေကြောင်းအရ စီစဉ်ဆောင်ရွက်ပေးဖို့ တာဝန်ရှိတယ်လေ” ဟု ပြန်လည် ပြောကြားခဲ့ပြီး တရားရေး ဝန်ထမ်းများအနေဖြင့် ပြည်သူအတွက် လိပ်ပြာသန့်စွာဖြင့် လုပ်ကိုင်ကြရန် ပြောကြားခဲ့သည်။
 
မနက်ဖြန် ၂၆ ရက်နေ့တွင်လည်း သင်္ဃန်းကျွန်းရှိ ခရိုင်တရားရုံးအား နံက် ၉း၃၀ မှာ သွားရောက် စစ်ဆေး ဦးမည်ဖြစ်သည်။
facebook အင်တာနက်စာမျက်နှာသတင်းမှ

KIO မှ ကချင်ပြည်နယ်အတွက် သီးသန့် FM ရေဒီယို အစီစဉ်တစ်ခု စတင်ထုတ်လွင့်


ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIO)မှ ကချင်ပြည်နယ် နေရာအနှံ့တွင် ဖမ်းယူ နားဆင်နိုင်ရန် ရည်ရွယ်၍ FM ရေဒီယို အသံလွှင့် အစီအစဉ်ကို အစမ်းသဘောဖြင့် လိုင်ဇာဌာနချုပ်မှ အစီစဉ်တစ်ခု စတင် ထုတ်လွှင့်လိုက်သည်။

စက်တင်ဘာ ၂၂ ရက်နေ့မှစ၍ FM ရေဒီယို အစီအစဉ်ကို KIO လိုင်ဇာဌာနချုပ်မှ အကွာအဝေးမည်မျှ နားဆင်နိုင်သည်ကို စမ်းသပ်သောအနေဖြင့် “လိုင်ဇာ ရေဒီယို FM”မှ သီချင်းများကို ၂၄ နာရီ စတင် ထုတ်လွှင့်လိုက်ခြင်း ဖြစ်ကြောင်း KIO ဒု အထွေထွေအတွင်းရေးမှူး-၂ ဦးလာနန်က ပြောသည်။

“ကျနော်တို့က ကချင်ပြည်နယ် နေရာတိုင်းက ကြားရအောင် ထုတ်လွှင့်ဖို့ အစီအစဉ်ရှိတဲ့ အတွက်ကြောင့် ဘယ်လောက်ထိ မှီတယ်၊ ရှင်းတယ်ဆိုတာတွေ စက်အင်အား ဘယ်လောက် လုပ်ရမယ်ဆိုတာတွေ စမ်းနေ တဲ့အချိန်ပဲ။ အဲဒါတွေ အကုန်စီစဉ်ပြီးမှ တရားဝင် ထုတ်လွှင့်သွားဖို့ရှိတယ်။ အားလုံးရဲ့ အသံကို ပြန်နားထောင်နေတယ် ဘယ်လိုပြောလာမလဲ ကောင်းကောင်း အတိအကျတော့ မသိသေးဘူး။ မြစ်ကြီးနား ဗန်းမော် ဘက်ကတော့ ကောင်းကောင်းကြားတယ်လို့သိရတယ်။ သီချင်းလွှင့်တဲ့အနေနဲ့ စလွှင့်နေတာလောက်ပဲ။ စမ်းသပ်ကာလလို့ပြောတာပေါ့”

အစမ်းထုတ်လွှင့်နေရာတွင် မြစ်ကြီးနား၊ ဗန်းမော်၊ မိုင်ဂျာယန် အနီးဝန်းကျင်ဒေသတ၀ိုက် ဖမ်းယူနားဆင်နိုင်ပြီး အစီစဉ်အရ မကြာမီနောက်ပိုင်း ပူတာအို၊ အိန္ဒိယနယ်စပ်၊ ဖားကန့်၊ ရွှေဂူ၊ ရှမ်းပြည်နယ်ထိ လုပ်ဆောင်သွားနိုင်ရန် ပြင်ဆင်နေကြောင်း သိရသည်။

ထိုသို့အကောင်အထည်ဖေါ်နိုင်ပါက ကချင်ဘာသာဖြင့် ဦးစွာထုတ်လွှင့်သွားမည်ဖြစ်ပြီး ထုတ်လွှင့်မည်ကဏ္ဍများတွင် KIO ၏အနာဂတ်လမ်းစဉ်နှင့်အတူ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူနေမှုအဆင့်အတန်းနှင့်ပတ်သက်ပြီး သိသင့်သိထိုက်သော အရာများကို ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း

Tuesday, September 25, 2012

KIA တပ်နှင့် တိုက်ပွဲများ ဆက်တို က်ဖြစ်ပွားနေပြီး အစိုးရတပ်ဖက်မှ အနည်းဆုံး ၅ ဦးကျ

Photo: KIA တပ်နှင့် တိုက်ပွဲများ ဆက်တို က်ဖြစ်ပွားနေပြီး အစိုးရတပ်ဖက်မှ အနည်းဆုံး ၅ ဦးကျ

Post 24 September 2012 Kachin News Group

ကချင်ပြည်နယ် မြစ်ကြီးနား-ဒေါ့ဖုန်းယန်မှ ၄ မိုင်အကွာရှိ ဖာဂီ (Hpagyi) နှင့် နမ့်ဝိုင်း (Namwai) ကြားတွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA မှ အစိုးရတပ်များအား ပြောက်ကျားစနစ်ဖြင့် ယနေ့နံနက်တွင် တိုက်ခိုက်ခဲ့ရာ အစိုးရတပ်မှ ၃ ဦးသေဆုံးသွားခဲ့ကြောင်း KIA ရှေ့တန်းမှသိရသည်။

KIA တပ်မဟာ (၅) အောက် တပ်ရင်း (၂၄)မှ နံနက် ၈ နာရီခန့်တွင် မြန်မာအစိုးရတပ် အင်အား ၄၀ကျော်ရှိသည့်  ခြေလျင်တပ်ရင်း ခလရ (၁၄၂) များလှုပ်ရှားနေစဉ် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ အစိုးရတပ်သားများ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရှေ့တန်းမှ အရာရှိတဦး ကချင်သတင်းဌာနသို့ပြောသည်။

“အဲဒီနေရာရောက်တော့ ကျနော်တို့ဘက်မှ တစ်ခါတည်း မိုင်းနဲ့ ပစ်လိုက်တာ ချက်ချင်း ၃ ယောက်လဲသွားတယ်။ ဒဏ်ရာရတဲ့သူလည်းပါမယ်။ ဘယ်နှစ်ယောက်ဆိုတာတော့ အတိကျမသိလိုက်ဘူး” ဟုဆိုသည်။

အဆိုပါ KIA တပ်နှင့် ဘွမ်ဆောန်ဘွမ်အနီး လွယ်မောက်ရွာ (Loi Mawk mare) တွင်လည်း အင်အား ၉၀ ကျော်ရှိ ခြေလျင်တပ်ရင်း ခလရ (၁၄၂) မှ တပ်သား ၇ ယောက်ကို ယမန်နေ့ ညနေတွင် ပြောက်ကျားနည်းဖြင့် တိုက်ခိုက်ခဲ့ရာ အစိုးရတပ်မှ ၂ ဦး သေဆုံးခဲ့ကြောင်း ရှေ့တန်းမှဆိုသည်။

ထိုတပ်သား ၇ ဦးသည် မုန်လိုင်ခ (Mung Lai Hka) ရှိ ၎င်းတို့တပ်သို့ ပြန်လာချိန်တွင် ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ တပ်မဟာ (၅) တပ်ရင်း (၂၄) မှ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ၄င်းအစိုးရတပ်သည် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ မှ ဝိုင်းထားသည့်နေရာတွင် ရှိနေသောကြောင့် အနည်းငယ်မျှလှုပ်ရှား၍ မရသောအခြေအနေဖြစ်နေကြောင်းသိရသည်။

တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အဆိုပါအစိုးရတပ်မှ လက်နက်ကြီး (၁၂၀ မမ) ဖြင့် ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အမြှောက်ဆံ တစ်လုံးသည် ဒိန်ခန်ရွာ (Dinghkang mare) ရှိ အိမ်တအိမ်တွင် ကျရောက်ပေါက်ကွဲ  ပျက်စီးသွားပြီး တစ်လုံးသည် အလယ်တန်းကျောင်းအနီးတွင် ကျရောက်ပေါက်ကွဲကြောင်းသိရသည်။

ထိုကျေးရွာရှိ ရွာသားများသည် ၄င်းတို့ပတ်ဝန်းကျင်အနီး အစိုးရနှင့်တိုက်ပွဲများဖြစ်ပွားချိန်တွင် လိုင်ဇာစစ်ပြေးဒုက္ခသည် စခန်းများသို့ ၀င်ရောက်နေထိုင်ပြီး တိုက်ပွဲ မရှိသည့်အချိန်တွင် မိမိနေအိမ်များကိုကြည့်ရှုနေကြောင်းလည်းသိရသည်။

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့မှ သေဆုံးထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်းရှေးတန်းမှ အရာရှိပြောသည်။

ယနေ့ ညနေ ၃ နာရီ ခွဲခန့်တွင် အစိုးရတပ်မှ ရဟတ်ယာဉ်တစ်စီးဖြင့် ခလရ (၁၂၄)တပ်စခန်းရှိရာ ခန်းကိုင်ဘွမ်   (Hkang Kai Bum) သို့ရောက်ရှိလာကြောင်း အရာရှိတဦး ကချင်သတင်းဌာနသို့ ပြောသည်။

 “ခုတလော အစိုးရတပ်က သေဆုံး ဒဏ်ရာရတာ အရမ်းများသွားပြီ ဒါတွေကိုလာသယ်တယ်ထင်တယ်။ ၁၀ မိနစ်လောက်နားပြီး ဗန်းမော်ဘက်ကို ပျံသွားတယ်”

မြန်မာအစိုးရတပ် ခြေလျင်တပ်ရင်း ခလရ (၁၂၄) တပ်စခန်းရှိ ခန်းကိုင်ဘွမ် (Hkang Kai Bum) သည် ယခင်က ဒေါ့ဖုန်းယန် ခရစ်ယာန် ရိုမန် ကက်သလစ်ဘာသာဝင်များ၏ ဆုတောင်းတောင်ဖြစ်ကြောင်းသိရသည်။

အစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ကြား KIO ဌာနချုပ်နယ်မြေဖြစ်သော လိုင်ဇာဒေသ တပ်မဟာ (၅)ဒေသတွင် ယခုရက်ပိုင်း တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်ပြီး အစိုးရဖက်မှ ကျဆုံး ဒဏ်ရာရသူ များနေကြောင်း KIO ရှေ့တန်းမှစုံစမ်းသိရခြင်းဖြစ်သည်။

သို့သော် ခံစစ်ဖြစ်သော KIO ဖက်မှ ကျဆုံးထိခိုက်မှုမရှိကြောင်းနှင့် ထိုးစစ်ဆင်တိုက်ခိုက်နေသောအစိုးရဖက်က ကျဆုံးမှုများကြောင်းကို သက်ဆိုင်ရာ တပ်များမှအတည်ပြုခြင်းပြောဆိုခြင်းကို တိကျစွာမရရှိသေးပေ။
အစိုးရနှင့် ပဋိပက္ခဖြစ်နေချိန်တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဖက်မှ နိုင်ငံရေးနည်းလမ်းဖြင့်ဆွေးနွေး၍ အဖြေရှာရန်လိုလားသောကြောင့် အစိုးရနှင့် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း လက်တွေ့တွင်ပဏာမဆွေးနွေးမှုများသာဖြစ်ပြီး KIO ကိုအပစ်ခတ်ရပ်စဲငြိမ်းချမ်းရေးယူရန်ကိုသာ ဖိအားပေး ကမ်းလှမ်းခဲ့သည်။

နှစ်ဖက်သဘောထားထုတ်ပြန်ကြေငြာချက်တွင်ပါဝင်သည့် အဓိကအချက်ဖြစ်သော ကချင်ပြည်နယ်တွင်တိုက်ပွဲဖြစ်ပွားနေသောနေရာများတွင် နှစ်ဖက်တပ်မှဆွေးနွေးညှိနှိုင်းကာ စစ်ရေးတင်းမာမှုလျှော့သွားအောင် လုပ်ဆောင်ရန် သဘောတူထည့်သွင်းထားသော်လည်း အစိုးရဖက်မှလျစ်လျူရှုကာ ဆက်လက်၍ထိုးစစ်ဆင်လာပြီး စစ်အင်အားများလည်း ထပ်မံတိုးချဲ့လာသောကြောင့် ကချင်ပြည်နယ်တွင်း နေ့စဉ်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး အစိုးရနှင့်ထပ်မံတွေ့ဆုံမှုပြုလုပ်ရန် ညှိနှိုင်းရာတွင်လည်း အခြေအနေတင်းမာမှုကြောင့် ကြံ့ကြာနေကြောင်း သိရသည်။
24 September 2012,
 
ကချင်ပြည်နယ် မြစ်ကြီးနား-ဒေါ့ဖုန်းယန်မှ ၄ မိုင်အကွာရှိ ဖာဂီ (Hpagyi) နှင့် နမ့်ဝိုင်း (Namwai) ကြားတွင် ကချင်လွတ်ေ မြာက်ရေးတပ်ဖွဲ့ KIA မှ အစိုးရတပ်များအား ပြောက်ကျားစနစ်ဖြင့် ယနေ့နံနက်တွင် တိုက်ခိုက်ခဲ့ရာ အစိုးရတပ်မှ ၃ ဦးသေဆုံးသွားခဲ့ကြောင်း KIA ရှေ့တန်းမှသိရသည်။
 
KIA တပ်မဟာ (၅) အောက် တပ်ရင်း (၂၄)မှ နံနက် ၈ နာရီခန့်တွင် မြန်မာအစိုးရတပ် အင်အား ၄၀ကျော်ရှိသည့် ခြေလျင်တပ်ရင်း ခလရ (၁၄၂) များလှုပ်ရှားနေစဉ် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ အစိုးရတပ်သားများ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ရှေ့တန်းမှ အရာရှိတဦး ကချင်သတင်းဌာနသို့ ပြောသည်။
 
“အဲဒီနေရာရောက်တော့ ကျနော်တို့ဘက်မှ တစ်ခါတည်း မိုင်းနဲ့ ပစ်လိုက်တာ ချက်ချင်း ၃ ယောက်လဲ သွားတယ်။ ဒဏ်ရာရတဲ့သူလည်းပါမယ်။ ဘယ်နှစ်ယောက် ဆိုတာတော့ အတိကျ မသိလိုက်ဘူး” ဟုဆိုသည်။
 
အဆိုပါ KIA တပ်နှင့် ဘွမ်ဆောန်ဘွမ်အနီး လွယ်မောက်ရွာ (Loi Mawk mare) တွင်လည်း အင်အား ၉၀ ကျော်ရှိ ခြေလျင်တပ်ရင်း ခလရ (၁၄၂) မှ တပ်သား ၇ ယောက်ကို ယမန်နေ့ ညနေတွင် ပြောက်ကျားနည်းဖြင့် တိုက်ခိုက်ခဲ့ရာ အစိုးရတပ်မှ ၂ ဦး သေဆုံးခဲ့ကြောင်း ရှေ့တန်းမှဆိုသည်။ ထိုတပ်သား ၇ ဦးသည် မုန်လိုင်ခ (Mung Lai Hka) ရှိ ၎င်းတို့တပ်သို့ ပြန်လာချိန်တွင် ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ တပ်မဟာ (၅) တပ်ရင်း (၂၄) မှ ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး ၄င်းအစိုးရတပ်သည် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ မှ ဝိုင်းထားသည့် နေရာတွင် ရှိနေသောကြောင့် အနည်းငယ်မျှ လှုပ်ရှား၍

စစ်ဘေးရှောင် ဒုက္ခသည်များ ဖားကန့်သို့ ထပ်မံဝင်ရောက်


September 24, 2012

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ စစ်ပြေး ဒုက္ခသည်တွေ ထပ်တိုးလာတယ်လို့ ဖားကန့် ကချင်စစ်ပြေးရှောင် ဒုက္ခသည် ကူညီရေးအဖွဲ့ ၁ ဖွဲ့က ပြောကြားလိုက်ပါတယ်။
 
သက်ကြီးရွယ်အိုနဲ့ ကလေး အများစုပါဝင်တဲ့ ရွာသား ၁၅၀ လောက်ဟာ စက်တင်ဘာ ၂၂ နဲ့ ၂၃ ရက်နေ့တွေမှာ ဖားကန့်မြို့ ငှက်ပျောတော ရပ်ကွက် ထဲမှာရှိတဲ့ ရိုမန်ကတ်သလစ် (အာရ်စီ) ခရစ်ယာန် ဘုရားကျောင်းကို ခိုလှုံဖို့ ရောက်လာတယ်လို့ ဘုရားကျောင်း ဒုက္ခသည် ကယ်ဆယ်ရေး တာဝန်ခံ ဆရာနော်ဂျာက ပြောပါတယ်။

ဒုက္ခသည်တွေဟာ ဖားကန့်မြို့ တောင်ဘက် ၁၀ မိုင်ကျော်အကွာက ပဒိုင်းတောင်ရွာနဲ့ နမ့်မော်ရွာက ရွာသားတွေ ဖြစ်ပြီး စက်တင်ဘာ ၂၂ ရက်နေ့က ရွာနားမှာ ကေအိုင်အေ တပ်ရင်း ၆ လက်အောက်ခံ တပ်ဖွဲ့နဲ့ အစိုးရတပ်ကြား တနေကုန်နီးပါး တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် ထွက်ပြေးလာခဲ့ကြတာပါ။ဘုရားကျောင်းမှာ ဩဂုတ်လကုန်ပိုင်းက စပြီး အခုထိ ထွက်ပြေးလာတဲ့ ဒုက္ခသည် ၁၀၀၀ နီးပါးရှိနေပြီ

ရွေးပေးပါ

ရွေးပေးပါ
 
ခွန်ထွန်းဦး ~

Burma လို့ရေးမလား၊ Myanmar လို့ စာလုံးပေါင်းမလား ငြင်းခုန်နေကြတဲ့ နိုင်ငံတစ်ခုမှာ ဒီမိုကရေစီ အပင်လေးတစ်ပင် ရှင်သန်ခွင့် ရလာတာဟာ အချိန်အခါကောင်းတစ်ခုကို ရောက်ရှိနေတာလား၊ ဖြစ်သင့်တဲ့ အနေအထားတစ်ခုကို အချိန်နှောင်းပြီးမှ ရောက်လာတာလားဆိုတာ ကျနော့အနေနဲ့ ဝေခွဲမရ ဖြစ်ခဲ့ရပါတယ်။

အာဏာရှင်စနစ်ရဲ့ သေနတ်ပြောင်းဝအောက်မှာ ကြီးပြင်းလာခဲ့ရတဲ့ အသက် (၆၀) အရွယ် နိုင်ငံသားတစ်ဦးဟာ မွေးကတည်းကရင်း ယခုအချိန်ထိ သူ့ဘဝတစ်လျှောက်လုံးမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ ရေးသားခွင့်၊ လွတ်လပ်စွာ ယုံကြည်ခွင့်၊ လွတ်လပ်တဲ့ မဲပေးပိုင်ခွင့်၊ လွတ်လပ်တဲ့ ရွေးချယ်ပိုင်ခွင့် စတဲ့ ဒီမိုကရေစီ အခြေခံအခွင့်အရေးမျိုးကို ဘယ်သောအခါကမှ ရရှိခဲ့ခြင်း မရှိခဲ့ပါဘူး။ အသက် (၃၈)နှစ် အရွယ်ရောက်နေပြီဖြစ်တဲ့ ဘွဲ့ရအလုပ်လက်မဲ့ လူငယ်တစ်ဦးဟာ သူ့ဘဝ တစ်လျှောက်မှာ လွတ်လပ်စွာ မဲပေးခွင့် တစ်ကြိမ်ကြုံတွေ့ခဲ့ရတာဟာ ဒီမိုကရေစီ အခွင့်အရေးတွေ ခံစားနေရပြီဆိုတဲ့ လုံလောက်တဲ့ သက်သေတစ်ခုလို့ စိတ်ချလက်ချများ သတ်မှတ်နိုင်ပြီလား။

လျှပ်စစ်မီးတွေ ဝင်းထိန်နေတဲ့မြို့တွေ၊ မဲပြောင်နေတဲ့ ကတ္တရာလမ်းမကြီးတွေ ရှိတဲ့နေရာတွေ၊ ခွဲစိတ်ခန်းမှာ ဆရာဝန်တွေ စုပြုံပြီး အလုပ်ရှုပ်နေတဲ့ ဆေးရုံကြီးတွေ၊ ဆရာက ကျောင်းသားတွေကို သေသေချာချာ နားလည်သွားအောင် ရှင်းပြနိုင်တဲ့ တက္ကသိုလ်ကြီးတွေ၊ စက်မှုဇုံကြီးတွေ၊ ကမ္ဘာလှည့်ခရီးသည်တွေ တည်းခိုနေကြတဲ့ ဟိုတယ်ကြီးတွေ၊ ပြီးတော့ စစ်ယူနီဖောင်းတွေ ဝတ်ပြီး