Friday, August 31, 2012

KIA အား လေကြောင်းဖြင့် တိုက်ခိုက်ရန် အစိုးရ ရှေ့တန်း တပ်များက တောင်းဆိုလာ -

( KIA ၏ခံကတုတ်များ (ဓါတ်ပုံ KIA)
 Friday 31 August 2012
ထိုးစစ်အတွက် ရှေ့မတိုးသာဖြစ်နေသော အစိုးရ တပ်ဖွဲ့များသည် စစ်ဆင်ရေး အခြေအနေကို ပြောင်းလဲပစ်ရန် လေကြောင်း စစ်ဆင်မှုကိုပါ အသုံးပြုလာဖွယ် ရှိသည်ဟု ကချင်ပြည် လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဌာနချုပ်မှ တပ်မှူး တဦးက ရွှေဟင်္သာသတင်း ဌာနကို ပြောကြား ခဲ့ပါသည်။

“ KIA ကလည်း တန်ပြန်နေတယ်လေ။ သူတို့ကတော့ ရှေ့မတိုးနိုင်ဘူးဖြစ်နေတယ်။ ဒါကိုကျော်လွှားဖို့ ထင်ပါတယ်။ အရေးကြီးတဲ့ ပွိုင့် တွေကိုလေကြောင်းနဲ့ ဗုံးကျဲ ဖို့လိုအပ်တယ်ဆိုပြီး၊ အချင်းချင်း ဆက်သွယ်ရေးစက်နဲ့ အကူအညီတောင်းနေ တယ်။ နေပြည်တော်ကတော့ ဘာအမိန့်ချမလဲတော့ မသိဘူး။ လောလောတော့ငြိမ်နေတယ်။ စောင့်ကြည့်နေတယ်။ ကျနော်တို့ကတော့ အဲဒီအတွက် အစကတည်းက ပြင်ထားပြီးသားပါ ”ဟုဆိုပါသည်။

အထူးသဖြင့် လိုင်ဇာ စစ်မျာက်နှာရှိ KIA တပ်များနေရာယူထားသော တောင်ကုန်းပွိုင့်များကို ဗုံးကြဲဖွယ် ရှိသည်ဟု KIA ဖက် မှခန့်မှန်း ထားပါသည်။ သို့သော် KIA ၏ အစိုးရရှေ့တန်း စစ်တပ်အတွက် ထောက်ပံ့ရေး ရိက္ခာ လမ်းကြောင်းများကို ဖြတ် တောက်သည့် တိုက်ပွဲများကြောင့် ရှေ့တန်း တပ်ဖွဲ့များတွင် ရိက္ခာ ပြသနာဖြစ်ဖွယ် ရှိနေပါသည်။ ဤပြသနာကို အစိုးရဖက်က လေကြောင်းနည်းဖြင့် ရိက္ခာနှင့် ခဲယမ်းမီးကျောက်များ ချပေးနိုင်ဖွယ်ရှိ နေပါသည်။

KIA သည် ၄င်းတို့၏ တန်ပြန် ထိုးစစ်ကို၊ စခန်းသိမ်း ချေမှုန်းရေး တိုက်ပွဲများ အပါဝင် ပျောက်ကျား စနစ်နှင့်၊ မိုင်းစစ်ဆင်ရေး နည်းလမ်းများကို အသုံးပြုပြီး အစိုးရ တပ်ဖွဲ့များအား ပြန်လည် တိုက်ခိုက်

မြန်မာပြည်မြောက်ပိုင်း ကျောင်းသားရဲဘော်ဟောင်းများ သတင်းစာရှင်းလင်းပွဲ


 

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မြန်မာပြည်မြောက်ပိုင်း-ပါဂျောင်) ဒေသတွင် ၁၉၉၁-၁၉၉၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သော သတ်ဖြတ်မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို တော်ဝင်နှင်းဆီခန်းမ၌ ယနေ့ နံနက် ၁၀ နာရီခွဲခန့်တွင် စတင်ကျင်းပလျက် ရှိနေပါသည်။ ယခု သတင်းစာ ရှင်းလင်းပွဲကို မြန်မာပြည်မြောက် ပိုင်း ကျောင်းသား ရဲဘော်ဟောင်းများမှ ဦးဆောင်ကျင်ပနေခြင်းဖြစ်ပြီး ၎င်းဖြစ်စဉ်တွင် ထွက်ပြေး လွတ်မြောက်လာသည့် နှိပ် စက်ခံခဲ့ရသော ကျောင်းသားများနှင့် အသတ်ခံခဲ့ရသည့် ကျောင်းသားများ၏ မိသားစုဝင်များလည်း တက်ရောက်ရှင်း လင်းနေကြောင်း သိရပါသည်။

မြန်မာပြည်မြောက်ပိုင်း ပါဂျောင်ဒေသတွင် ဖြစ်ပွားခဲ့သော သတ်ဖြတ်မှုများနှင့် စပ်လျဉ်းပြီး အဓိကတာဝန်ရှိသူများဟု စွပ်စွဲခံထားရသူများအနက်မှ ဒေါက်တာနိုင်အောင်မှာ ယနေ့ မွန်းလွဲ (၂) နာရီတွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာမည် ဖြစ် ပြီး မိုးသီးဇွန်မှာ စက်တင်ဘာလ (၁) ရက်နေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာမည် ဖြစ်သည်။

မြန်မာပြည်မြောက်ပိုင်း ကျောင်းသား ရဲဘော်ဟောင်းများ၏ ၁၉၉၂ ပါဂျောင်ရှင်းတမ်း သတင်းစာ ရှင်းလင်းပွဲကို မြောက် ပိုင်းတွင် ကျဆုံးခဲ့သူများ၏ မိသားစုဝင်များမှ တရားရေးဆိုင်ရာ လမ်းကြောင်းများဖြင့် ချဉ်းကပ် ဖြေရှင်းမှုများတွင် ပူးပေါင်း ကူညီဆောင်ရွက်ရန်၊ ဒီမိုကရက်တစ် လူ့ဘောင်

မြန်မာအစိုးတပ်၏ စောင့်ကြိုပစ်ခတ်မှုတွင် KIA ပြည်သူ့စစ် ၂ ဦးသေဆုံး

MHH ခေါ် KIA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ

ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် ဆမ်ပိုင် (Sambai) သွားလမ်းမှ မိုင် ၄၀ ကျော်ရှိသည့် ဒါဂါယန် (Daga Yang) နှင့် လိုင်ဖောန် (Lai Hpawng) ကြားတွင် ၂၉ ရက် ဗုဒ္ဓဟူးနေ့ ညနေ ၃ နာရီအချိန်က ကချင်လွတ် မြောက်ရေးတပ်ဖွဲ့ KIA ပြည်သူ့စစ် ၂ ဦး မြန်မာအစိုးရတပ်၏ စောင့်ကြိုပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။
 
၎င်းတို့ ၂ ဦးသည် ဆိုင်ကယ်ဖြင့် လိုင်ဖောန် (Lai Hpawng) KIA ပြည်သူ့စစ်တပ်ဖွဲ့ရှိရာသို့ အစားအသောက်နှင့် လိုအပ်သည့် ပစ္စည်းများကို လာပို့သည့်အချိန်တွင် မြန်မာစစ်တပ် ခမရ (၃၀၁) စစ်သားများ ခြုံခိုပစ်ခတ်ခြင်းဖြစ် သည်။
 
“အရင်ကတော့ ထိုလမ်း လွတ်လွတ်လပ်လပ် ကျနော်တို့ သွားနေတဲ့ လမ်းဖြစ်တယ်။ ဒါမဲ့ ထိုတပ်က ပြောက်ကျားနည်းလို့ ပြောရမယ်ထင်တယ်။ ကျနော်တို့ သွားနေတဲ့လမ်းမှာ ဒီလိုနဲ့ အသင့်စောင့်နေပြီး ပစ်လိုက်တာ။”
 
ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၅) အောက် တပ်ရင်း (၃)ဒေသတွင် ပြည်သူ့စစ်တပ်ဖွဲ့များအား ကူညီပေးနေသော တပ်ဖွဲ့ဝင် ၂ ဦးသည် ဂါးရာယန်ကျေးရွာ (Gara Yang mare)မှ ကို မဂျီဆိုင်းအောင် (Maji Seng Awng)ဖြစ်ပြီး၊ ဝါးရှောင် (Washawng)မှ ဦးခေါင်ဇယ် (Hkawng Je) ဖြစ်ကြောင်းသိရသည်။ ၎င်းတို့တွင် သေနတ်တလက်လည်းပါကြောင်းသိရသည်။

ကချင်ဒေသ တိုက်ပွဲများရပ်ရန် တောင်းဆို



ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ချက်ချင်း ရပ်တန့်ပေးရန် ကချင် အဖွဲ့ ၁၁ ဖွဲ့ ပူးပေါင်း၍ စစ်အစိုးရကို ယမန်နေ့က တောင်းဆို လိုက်သည်။

ထိုင်းနိုင်ငံ အခြေစိုက် ကချင်အမျိုးသမီး အစည်းအရုံး (KWAT)၊ ကချင်ဖွံ့ဖြိုးရေး ကွန်ရက်(KDNG)၊ ကချင် ပြည်လုံးဆိုင်ရာ ကျောင်း သား သမဂ္ဂ(AKSYU)၊ ကချင် အမျိုးသား
အဖွဲ့ (Kachin National Organization-KNO) အပါအ၀င် ၁၁ ဖွဲ့ က ပူးပေါင်း ထုတ်ပြန် ထားခြင်း ဖြစ်သည်။

စစ်ပွဲများကို ရပ်တန့်ပြီး အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို ဖော်ဆောင်မည့် စစ်မှန်သော နိုင်ငံရေး တွေ့ဆုံဆွေးနွေး ပွဲများ စတင်နိုင်ရန် အတွက် ရည်ရွယ်ပြီး တောင်းဆိုခြင်း ဖြစ်ကြောင်း KWAT

(၄၁) နှစ်မြောက် တအောင်းစာပေနဲ့ ယဉ်ကျေးမှုနေ့ အခမ်းအနား (ထိုင်း မြန်မာ နယ်စပ်)

30 August 2012
(၄၁) နှစ်မြောက် တအောင်းစာပေနဲ့ ယဉ်ကျေးမှုနေ့ကို ထိုင်း မြန်မာ နယ်စပ်ရောက် တအောင်းလူငယ်တွေ စုပေါင်း ကျင်းပတဲ့အကြောင်းကို ဒေါ်ခင်မင်းဇော် သတင်းပေးပို့ထားပါတယ်။
 
ရိုက်ကူး ဖိုးစီ
DVB TV

Thursday, August 30, 2012

KIA နဲ့ အစိုးရစစ်တပ် တိုက်ပွဲပြင်းထန်


29.08.2012

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင်းမှာ KIA ကချင်လွတ်မြောက်ရေးတပ်မတော် နဲ့ မြန်မာအစိုးရ တပ်တွေ အကြား တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတာမှာ မနေ့ညကတော့ တိုက်ပွဲအခြေ အနေ တော်တော်လေး ပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲအတွင်း ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေဟာ ဖားကန့်မြို့နယ်တွင်း ရွာတွေမှာပါ ကျရောက်တဲ့အတွက် ဒုက္ခသည်တွေ ထပ်မံ ထွက်ပြေးတာတွေ ရရှိနေပါတယ်။ ဒီလို အခြေအနေမှာ စစ်ရပ်စဲရေးကို အမြန်ဆုံး လုပ်ဆောင် ဖို့ ပြည်ပအခြေစိုက် ကချင်တိုင်းရင်းသားအဖွဲ့အစည်းတွေကနေ သမ္မတဦးသိန်းစိန် အစိုးရကို တောင်းဆို လိုက်ပါတယ်။ အသေးစိတ်ကို မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

မြန်မာ အစိုးရတပ်တွေက KIA တပ်ဖွဲ့တွေကို အခုရက်ပိုင်းအတွင်း ဆက်တိုက် ထိုးစစ်တွေ ဆင်နွှဲနေ တာမှာ အင်္ဂါနေ့ညက ဖားကန့်မြို့နယ်တွင်း ဖြစ်ခဲ့တဲ့ တိုက်ပွဲက အတော်လေး ပြင်းထန်တယ်လို့ ဒေသ ခံတွေက ပြောပြပါတယ်။ အစိုးရဘက်က လက်နက်ကြီး အပါအ၀င် လေကြောင်း အကူတွေပါ ရှိခဲ့ပြီး - အဲ့ဒီအနီး တ၀ိုက်မှာရှိတဲ့ ဒေသခံတွေ ညကတည်းက ထွက်ပြေးကုန်ကြတယ်လို့ ကချင်တိုင်းရင်း သူ ဒေါ်ဘောက်ဂျာ က ပြောပြပါတယ်။

“ဖားကန့်မှာကတော့ နေ့တိုင်းပဲ။ ဒီမနက်လည်း အစောကြီးကတည်းက တိုက်ပွဲတွေ ဖြစ်နေလို့ ဒီမနက် လုံး ည သန်းခေါင် ကနေ ရွာသားတွေက ထွက်ပြေးနေကြတာ။ တဒုံးဒုံး တဒိုင်းဒိုင်း ဖြစ်နေတယ်။ အခု ဖားကန့်ဘက်မှာကျတော့ တောက် လျှောက်လိုဖြစ်နေတာ။ ည ၁ နာရီ ၂ နာရီကနေ ဖြစ်နေတာ မနက် ၉ နာရီ ၁၀ နာရီလောက်အထိ မပြီးသေးဘူး။ လေယာဉ်တွေနဲ့ပါ စစ်တပ်ဘက်က လာကူပေး တယ်။ လာကူတယ်ဆိုတာက လက်နက်တွေ လာချပေးတယ်။ လက်နက်တွေ ကျည်ဆံတွေ လာချပေး တယ်။ ပြီးလို့ရှိရင် အပြန်ကျတော့လည်း ဒီဒဏ်ရာရတဲ့သူတွေကိုလည်း လေယာဉ်နဲ့ပဲ သယ်သွား တာပေါ့။

ထာဒ်ကျတ်တိုက်ပွဲတွင် မြန်မာတပ်ဖွဲ့ ဗိုလ်ကြီး တဦးဒါဏ်ရာရ၊ ၂ ဦးသေဆုံး

၃၀ ရက်၊သြဂုတ်လ၊ ၂၀၁၂ ခုနှစ်။
 
၂၀၁၂ ခုနှစ်၊ သြဂုတ်လ၊ ၂၈ ရက်နေ့ နံနက် ၉ နာရီခန့်တွင် တအာင်းဒေသ မန်တတုန်မြို့နယ် ထာဒ်ကျတ်ရွာအနီး တောစပ်တွင် TNLA တပ်ရင်း - ၂၅၆ နှင့် KIA တပ်ရင်း - ၃၄ မှ တအာင်း ကချင် ပူးတွဲ တပ်ဖွဲ့နှင့် မြန်မာတပ်ဖွဲ့ ခမရ ၅၀၁ တို့ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြရာ ဦးသိန်းစိန် အစိုးရ တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၂ဦး ကျဆုံးပြီး ၊ ဗိုလ်ကြီး တဦးအပါအ၀င် ၃ ဦး အပြင်းအထန် ထိခိုက် ဒါဏ်ရာရရှိကြောင်း ဒေသခံ ပြောကြားချက်အရ သိရှိရပါသည်။
 
ကျောက်မဲ အခြေစိုက် ၅၀၁ တပ်ဖွဲ့ မန်တုန်ဘက် ပြန်သွားတာ တွေ့ရတယ်။ ဒါဏ်ရာရ သူတွေလည်း ပါတယ်။ အထမ်းတွေနဲ့ ထမ်းတာတွေ့တယ်။ ဗိုလ်ကြီး တယောက်လည်း ဒါဏ်ရာ အတော်ပြင်းတယ်လို့ ပြောတယ်။ အခုတလော သူတို့တပ်တွေ ကျနော်တို့ဘက်ကို အရမ်းလာနေတယ်။ အရာရှိတွေလည်း များတယ်။ " ဟု ရေပုံး ရွာသားတဦး ပြောပြသည်။
 
ပလောင်ပြည်နယ်လွတ်မြောက်ရေး PSLF ၏ နိုင်ငံရေး ဦးဆောင်မှုဖြင့် ဖွဲ့စည်းထားသော တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA အနေဖြင့် တအာင်းဒေသအတွင်း နယ်မြေ စိုးမိုးရေး၊ လူထု စည်းရုံးရေးများ ပိုမိုလုပ်လာသည်ကို ဟန့်တားရန် ဦးသိန်းစိန် အစိုးရတပ်ဖွဲ့များက စစ်ဗျူဟာများ ထပ်မှန်တိုးချဲ့ကာ ပိုမို ထိုးစစ်ဆင်မှုများ ပြုလုပ်လျှက်ရှိသည်။
 
တအာင်းဒေသ အချို့ဖြစ်သည့် နမ့်ခမ်း၊ ကွတ်ခိုင်နှင့် မန်တုန်မြို့နယ်များတွင် TNLA ၊ SSA နှင့် KIA တပ်ဖွဲ့တို့ ပူးတွဲစစ်ဆင်ရေး တပ်ဖွဲ့များရှိပြီး၊ မြန်မာတပ်ဖွဲ့နှင့် နေ့စဉ် တိုက်ပွဲငယ်များ ဖြစ်ပွါးနေလျှက်ရှိသည်။
 
တိုက်ပွဲ ဖြစ်ပွားခြင်းကြောင့် ခိုကိုးရာမဲ့ စစ်ဘေးဒုက္ခသည်များမှာ နေ့စဉ်နှင့်အမျှ တိုးများလာပြီး မန်တုန်မြို့နယ် တရွမ်းရွာ(တုန်ဟုန်း) အနီးတောတွင်းတွင်ပင် စစ်ဘေးဒုက္ခသည် တထောင်ဝန်းကျင် ရှိနေပြီဟု သိရှိရပါသည်။ စစ်ဘေးဒုက္ခသည်များမှာ တအာင်းနှင့် ကချင်လူမျိုးများ ဖြစ်ကြပြီး နယ်စပ်နှင့် ဝေးခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း တို့ကြောင့် ကူညီသူများ အနည်းအကျဉ်းသာရှိပြီး ဖျားနာသူများလာသည်ဟု စစ်ဘေး ဒုက္ခသည်များကို သွားရောက် ကူညီသည့် တအာင်းလူငယ်များက ပြောပြသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး - PSLF

ကချင်ဒုက္ခသည်တွေကို နယ်စပ်ဖွင့်ပေးဖို့ တရုတ်ကို အမေရိကန် တိုက်တွန်း

ကချင်ဒုက္ခသည်များ။

မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်က စစ်ပွဲတွေကြောင့် ထွက်ပြေး တိမ်းရှောင်ကြရတဲ့ အရပ်သား ဒုက္ခသည်တွေကို တရုတ်နိုင်ငံဘက်က လက်ခံ အကူအညီပေးဖို့ အမေရိကန်ပြည်ထောင်စုက တရုတ် နိုင်ငံကို တိုက်တွန်း လိုက်ပါတယ်။ ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆွေးနွေးနေတဲ့ ကြားကပဲ ကချင်ပြည်နယ်အတွင်း တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေတာကြောင့် အရပ်သားတွေ ထွက်ပြေးရာမှာ တရုတ် နိုင်ငံဘက်က သူ့နိုင်ငံတွင်း မ၀င်နိုင်အောင် နယ်စပ် ပိတ်ဆို့ထားတယ်လို့ သတင်းတွေ ဖြစ်နေ တာပါ။ ဒီအကြောင်းကိုတော့ မအေးသန္တာကျော်က တင်ပြပေးထားပါတယ်။

KIA ကချင်လွတ်မြောက်ရေး လက်နက်ကိုင်အဖွဲ့နဲ့ မြန်မာအစိုးရ အကြားမှာ ညှိနှိုင်း ဆွေးနွေးမှုတွေ ဆက်ပြီး လုပ်နေကြပေမယ့် ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေ၊ စစ်ပွဲတွေ အရှိန်ကတော့ ရပ်မ သွားသေးပါဘူး။ အဓိကအားဖြင့် နယ်မြေ သတ်မှတ်မှု စစ်ရေးကိစ္စတွေမှာ နှစ်ဘက် တင်းတင်း မာမာ ရှိနေကြပါတယ်။ အခုလို စစ်ပွဲတွေကြောင့် ဒေသခံ အရပ်သားတွေ မိမိတို့ကျေးရွာတွေကို စွန့်ခွာ ထွက်ပြေးကြရာမှာ နယ်ချင်းစပ် တရုတ်နိုင်ငံ ဘက်ကိုလည်း ကူးကြပါတယ်။

ကနဦးပိုင်းမှာ တရုတ်ဘက်က လက်ခံထားပေမယ့်လို့ နောက်ပိုင်းမှာ ကချင်အရပ်သား ဒုက္ခ သည်တွေ နေရပ်ကို ပြန်ဖို့ တရုတ် အာဏာပိုင်တွေဘက်က ဖိအားပေးမှုတွေ ရှိလာပါတယ်။ ဒုက္ခသည်သစ်တွေကိုလည်း လက်မခံဘဲ နယ်စပ်မျဉ်းကို ပိတ်ထားတယ်လို့ သိရပါတယ်။ အခြား တဘက်မှာလည်း တရုတ်နိုင်ငံ ဘက်မှာရှိတဲ့ ဒုက္ခသည်တွေကို ကုလသမဂ္ဂဘက် က အကူအညီပေးဖို့လည်း အခက်အခဲတွေ ရှိနေပါတယ်။ ဒီအခြေအနေမှာ ဒီ ဒုက္ခသည်တွေအတွက် တရုတ်ဘက်က

နာမည်ပျက် စာရင်းက ပယ်ဖျက်လိုက်သည့် လူ ၂၀၀၀ ကျော်ကို သမ္မတရုံး ကြေညာမည်



August 29, 2012
 
နာမည်ပျက် စာရင်း(Blacklist)ကနေ ပယ်ဖျက်လိုက်တဲ့ လူပုဂ္ဂိုလ် ၂ ထောင်ကျော် စာရင်းကို သမ္မတရုံးဝက်ဘ်ဆိုဒ်မှာ အခုရက်ပိုင်းအတွင်း ဖော်ပြ ပေးသွားမယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားလိုက်ပါတယ်။

ဒီ နာမည်ပျက် စာရင်းကို နိုင်ငံခြားသားနဲ့ နိုင်ငံသားဆိုပြီး ပယ်ဖျက်စာရင်း ၂ ခုခွဲပြီး ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။ ပယ်ဖျက် စာရင်းဝင်သူတွေဟာ ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားရာမှာ အရင်လို ကြန့်ကြာမှုမရှိဘဲ လျင်မြန် လွယ်ကူလာတော့မှာလည်း ဖြစ်ပါတယ်။

အရင်က ပြည်တော်ပြန်လိုတဲ့ မြန်မာတွေ ဗီဇာ လျှောက်တဲ့အခါ သက်ဆိုင်ရာသံရုံးက နာမည်ပျက်စာရင်း ၀င် မ၀င် နေပြည်တော်ကို ပြန်လည်ပေးပို့ စိစစ်နေရလို့ အချိန် ကြန့်ကြာခဲ့ပါတယ်။ အခုတော့ သမ္မတရုံး ၀က်ဘ်ဆိုဒ်မှာ ၀င်ကြည့်လိုက်ပြီး အလျင်အမြန် ခွင့်ပြုပေးနိုင်တော့မယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။

“မျိုးစုံပဲ။ နိုင်ငံခြားသားတွေလည်း ရှိတယ်ဗျ။ ဟိုးအရင်တုန်းက နိုင်ငံခြားတော်သစ္စာဖောက်မှုနဲ့ ပြည်ပထွက်သွားတာတွေ ရှိတယ်။ နောက်ပြီး ၈၈ မှာ အပြင်ထွက်သွားတဲ့သူတွေ ရှိတယ်။ ဟိုဘက်မှာ နိုင်ငံရးခိုလှုံသွားတာ ရှိတယ်။ ဒီဘက်မှာ ပြစ်မှုတွေ ကျူးလွန်လို့ ပြည်ပကို ထွက်ပြေး သွားတဲ့သူတွေပေါ့။

သမိုင်းမတင်မီခေတ်မွန်တိုင်းရင်းသားများအကြောင်းသိကောင်းစရာ


 မွန်ခမာ အုပ်စုဝင် မွန်အမျိုးသားများသည် လွန်ခဲ့သောသမိုင်းမတင်မီခေတ် နှစ်ပေါင်း ထောင်ပေါင်းများစွာက တရုတ်ပြည် ယန်စီကျန်မြစ်ဝှမ်း (Yangtze Kiang) မှ တောင်ဘက်သို့ တဖြည်းဖြည်း ဆင်းသက်လာကြသည်။ မြန်မာနိုင်ငံအတွင်းသို့ အရင်ဆုံး ဆလုံ နှင့် မလေးတို့ ဝင်ရောက် လာပြီးနောက် မွန်၊ ပလောင်၊ ဝ အုပ်စုဝင် လူမျိုးများ ဝင်ရောက် လာကြသည်။ ထိုသူတို့မှာ ဆလုံမလေးအုပ်စုဝင်တို့ထံမှ ယဉ်ကျေးမှု အချက်အလက် များကို ယူဆောင် လာကြသည်။ သီးနှံအဖြစ် စပါး၊ နှံစား ပြောင်း၊ ပဲကြီး၊ ပဲလွန်း၊ ကြံ၊ ပိန်းဥ၊ မျောက်ဥ၊ ကျောက်ဖရုံနှင့် ဗူး စသောအသီးအနှံများ စိုက်ပျိုးပုံ လက္ခဏာရှိခဲ့သည်။

လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ခန့်အခါမှပင်လျှင် မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိနေထိုင်သော မွန်၊ ပလောင်၊ ဝ ရှေ့ပြေး လူမျိုးတို့ စိုက်ပျိုးရေးကို လုပ်ကိုင်လာကြသည်။ ထို့နောက် တောင်ယာ စိုက်ပျိုးမှုသာမက မြေပြန့်တွင်လည်း ထွန်ယက်စိုက် ပျိုးလာကြသည်။ ရှေးအခါက စိုက်ပျိုးရေးလုပ်ကိုင်မှုကို အခြေပြု၍ ပေါ်ပေါက်ခဲ့သော ရွာတည်း ဟူသောအုပ်စုဝင်များမှာ တဖြည်းဖြည်း ကျယ်ပြန့်လာ၍ ရွာကြီးများ ဖြစ်လာ၏။ ၎င်းမှတဆင့် မြို့များ ၎င်းတို့ကို စုရုံးလျှက် နိုင်ငံငယ်များ

အစိုးရတပ်များ ဖားကန့်ရှိ ကျေးရွာ ၁၁ ရွာရှိ ဒေသခံများအား တိမ်းရှောင်ရန် သတိပေးကြေငြာ

အစိုးရတပ်များ ဖားကန့်ရှိ ကျေးရွာ ၁၁ ရွာရှိ ဒေသခံများအား တိမ်းရှောင်ရန် သတိပေးကြေငြာ
        တိုက်ပွဲများကြောင့် ဖါးကန့်မှ ထွက်ခွာရန် ကြိုးပမ်းနေသည့် ကုမ္ပဏီ စက်ယန္တယားများ။
29 August 2012
ကချင်ပြည်နယ် ဧရာမကျောက်စိမ်းတူးဖော်ရာဒေသဖြစ်သော ဖားကန့်မြို့ရှိ ကျေးရွာ ၁၁ ရွာကို မြန်မာအစိုးရတပ်ဖွဲ့များမှ အသံချဲ့စက်အသုံးပြုကာ မိမိနေအိမ်မှ ပစ္စည်းများတစ်ခု မကျန် သိမ်းဆည်းကာ ပြောင်းရွှေ့သွားရန် ယနေ့မနက်တွင် လိုက်လံသတိပေးပြောဆိုခဲ့ကြောင်း ဒေသခံများပြောသည်။

သြဂုတ်လ ၂၇ ရက်နေ့တွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားပြီးနောက် အစိုးရတပ်များမှ ဖားကန့်မြို့နယ်တွင်း မှော်မောင်းလယန်၊ မှော်မောင်ကုန်း၊ အင်ဗလခ၊ တောင်ပြို၊ မျောက်ဖြူ၊ ရှရော်ခ၊ ဆိုင်းဂျာဘွမ်၊ မနား၊ ကလောမှော်၊ ပီကျောင်၊ မှော်ဝမ်းကလေး စသည့်ကျေးရွာရှိဒေသခံများအား ပြောင်းရွှေ့ရန် သတိပေးခဲ့ခြင်း ဖြစ်ကြောင်း ဖားကန့်ဒေသခံတစ်ဦးပြောသည်။

“ဒီမနက် ၁ နာရီလောက်မှာ အဲလိုပြောတော့ ၂ နာရီခန့်ကတော့ ပစ္စည်းတွေသိမ်းပြီး တစ်ရွာလုံးက လူတွေ ပစ္စည်းတွေတင်ပြီးပြောင်းနေကြတယ်။ အခု ကျနော်တို့ ဖားကန့်မြို့ ငှက်ပျောတော ခရစ်ယာန် ဘုရားကျောင်းမှာ ရောက်နေတယ်။ ကျနော်တို့ရွာကတော့ အများပိုင်းက တနင်္ဂနွေနေ့က ပြောင်းပြီလေ။ ဒါပေမဲ့ အကုန်ပြောင်းတာက ဒီမနက်ပဲ။ ရွာမှာက ကျေးရွာကော်မတီ ၅ ယောက် ထက်ကျော်ပြီး မနေရဘူးတဲ့” ဟု မှော်မောင်းလယန်မှ ဒေသခံ တစ်ဦးကပြောသည်။

မနန်းဝိုးဖန် အမှု၊ စသုံးလုံးဝန်ထမ်း ၅ ဦး ကို အရေးယူမည်


သေဆုံးသူ မနန်းဝိုးဖန် (ဓာတ်ပုံ - YPI)
ဂျပန်နိုင်ငံသား တစ်ဦးနှင့် လက်ထပ်ပြီး အိမ်ခြံမြေများ ၀ယ်ယူဈေး ကစားမှုဖြင့် စစ်ဆေးခံရရင်း အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာန အဆောက်အအုံမှ ပြုတ်ကျသေဆုံးခဲ့ရသော မနန်းဝိုးဖန်မှာ မတော်တဆ ပြုတ်ကျသေဆုံး ခဲ့ခြင်းဖြစ်သည်ဟု စုံစမ်းဖော်ထုတ် ရရှိကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနမှ သိရှိရသည်။

ဂျပန်နိုင်ငံသား Mr.Namase Motohiko ဖြစ်သူသည် မနန်းဝိုးဖန်နှင့်လက်ထပ်ပြိး မြေကွက်များကိုဝယ်ယူဈေးကစားနေကြောင်း တိုင်ကြားချက်ကို ၂၀၁၂ ခုနှစ်မတ်လအတွင်းက ရရှိခဲ့သဖြင့် ပြည်ထဲရေးဝန်ကြီးဌာနက အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနကို စုံစမ်းစစ်ဆေး ဖော်ထုတ်ရန် ညွှန်ကြားခဲ့ကြောင်း၊ ဆင့်ဆို အကြောင်းကြားချက်အရ မနန်ဝိုးဖန်က ၄င်း၏ ရှေ့နေဖြစ်သူ မအိအိအောင်နှင့် မတ်လ ၂၁ရက်နေ့တွင် လာရောက် သတင်းပို့ခဲ့ပြီး အဓမ္မ ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်း မဟုတ်ကြောင်း၊ မနန်းဝိုးဖန်အား ပြစ်မှုကြောင်းအရ တရားခံအဖြစ်ခေါ်ယူ စစ်ဆေးခဲ့ခြင်း မဟုတ်ကြောင်း၊ မနန်းဝိုးဖန်အား ပြစ်မှုကြောင်းအရ တရားခံအဖြစ် ခေါ်ယူစစ်ဆေးခဲ့ခြင်း မဟုတ်ဘဲ အမှုနှင့်ပတ်သက်သည့် သက်သေ အထောက်အထားများနှင့် စာရွက်စာတမ်း သက်သေခံချက်များ ရှာဖွေ စုဆောင်းခြင်း၊ ဆက်စပ်အတည်ပြု

Wednesday, August 29, 2012

ပြည်ပမှ မြန်မာနိုင်ငံသို့  ပြန်လည်ရောက်ရှိသူ ထောင်ချခံရ။

ပြည်ပမှ မြန်မာနိုင်ငံသို့ ပြန်လည် ၀င်ရောက်ခဲ့သူ စောကျော်ကျော်မင်း ယနေ့မနက်မှာ မြောက်ပိုင်း ခရိုင်တရားရုံး (အင်းစိန်) ၏ မတရား ဆောင်ရွက်မှုကြောင့် အင်းစိန်ထောင်တွင် ထောင် (၆) လ ကျခံ ရကြောင်း သိရှိရပါတယ်။

စောကျော်ကျော်မင်းဟာ ရှေ့နေ တစ်ဦးဖြစ်ပါတယ်။ မြန်မာပြည်ကနေ ပြည်ပကို မထွက်ခွာခဲ့မီက အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ကိုသန်းဇင်မျိုး အပါအ၀င် (၁၁) ဦးရဲ့ အမှုကို ရှေ့နေ စောကျော်ကျော်မင်းနဲ့ ရှေ့နေ ညီညီထွေးတို့က လိုက်ပါ ကူညီဆောင်ရွက် ခဲ့ကြပါတယ်။ ကိုသန်းဇင်မျိုးတို့  အမှုအတွက် ကူညီဆောင်ရွက်နေစဉ်အတွင် တရားရုံးအတွင်း အမှုစစ်စဉ် တရားသူကြီးက တရားရုံးကို ကျောပေးထိုင်တဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး ရှေ့နေတွေကို တရားခံတွေကို ရှေ့လှည့်ထိုင်ခိုင်းဖို့ အမိန့်ပေးခဲ့တဲ့အခါမှာ ရှေ့နေ စောကျော်ကျော်မင်းတို့က အမှုသည်ရဲ့ ညွှန်ကြားချက် မဟုတ် တဲ့အတွက် မပြောပေးနိုင်ဘူး ဆိုခဲ့တာကြောင့် စောကျော်ကျော်မင်းတို့ကို တရားရုံး မထီမဲ့မြင်ပြုမှု ပုဒ်မ ၂၂၄ နဲ့  တရားစွဲပါတယ်။ တရားစွဲဆဲ အမိန့် မချခင်ကာလမှာ စောကျော်ကျော်မင်း ပြည်ပကို ထွက်ခွါခဲ့ခြင်း ဖြစ်ပါတယ်။

၎င်းနောက် သမ္မတဖြစ်သူ သိန်းစိန်ရဲ့  ပြည်ပရောက်နေသူတွေကို ဖိတ်ခေါ်မှုအရ စောကျော်ကျော်မင်းဟာ မြန်မာပြည်ကို ပြည်ပကနေ ပြန်လည် ၀င်ရောက်ခဲ့တာဖြစ်ပြီး ယခုလို ထောင်ချခံရတာ ဖြစ်ပါတယ်။

သီလ၀ါ အထူးစီးပွားရေးဇုန် ဂျပန်ကုမ္ပဏီနှင့် ပူးတွဲ တည်ဆောက်မည်

2012-08-28
 
မြန်မာနိုင်ငံရဲ့ စီးပွားရေး စီမံကိန်းတွေမှာ ပါဝင် ရင်းနှီး မြှုပ်နှံနိုင်ဖို့အတွက် ဧကပေါင်း ခြောက်သောင်းနီးပါး ကျယ်ဝန်းတဲ့ သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းကို ဂျပန်ကုမ္ပဏီ လုပ်ငန်းစုတစ်ခုနဲ့ ပူးတွဲ တည်ဆောက်ဖို့ မြန်မာအစိုးရက သဘောတူ လက်မှတ်ရေးထိုး လိုက်ပါတယ်။
 
အဲဒီလုပ်ငန်းစုမှာ မစ်ဆူဘီရှီ၊ မာရူဘီနီနဲ့ ဆူမီတိုမို ဆိုတဲ့ ဂျပန် ကော်ပိုရေးရှင်းကြီး သုံးခုပါဝင်ပြီး စီမံကိန်းရဲ့ ရှယ်ယာ ၄၉ ရာနှုန်း ပိုင်ဆိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်းက အများပြည်သူတွေကိုလည်း ရှယ်ယာတွေ ပါဝင်ကြဖို့ အစိုးရက ခေါ်ယူထားပါတယ်။
 
ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံတစ်ရုံ အပါအ၀င် စက်မှုလုပ်ငန်း အများအပြား ပါဝင်မယ့် သီလ၀ါ အထူးစီပွားရေးဇုန် စီမံကိန်းအတွက် ဂျပန်အစိုးရက ဘဏ္ဍာရေး အကူအညီတွေ ပေးမှာ ဖြစ်ကြောင်းလည်း ပြည်ထောင်စု ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောပါတယ်။
 
သမ္မတ ဦးသိန်းစိန် ဂျပန်နိုင်ငံကို သွားရောက် လည်ပတ်ခဲ့စဉ်အတွင်း ဂျပန်အပေါ် မြန်မာက တင်ရှိနေတဲ့ 

ကချင်ဒေသက စစ်ပွဲတွေရဲ့ အခြေအနေတွေကို မြန်မာပြည်သူ တရပ်လုံး သိရှိနိုင်ဖို့နဲ့ စစ်ပွဲတွေ ရပ်တန့်ရေးအတွက် ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲ (ရုပ်သံ သတင်း)

တနှစ်ကျော်လာပြီ ဖြစ်တဲ့ ကချင်ဒေသက စစ်ပွဲတွေရဲ့ အခြေအနေတွေကို မြန်မာပြည်သူ တရပ်လုံး သိရှိနိုင်ဖို့နဲ့ စစ်ပွဲတွေ ရပ်တန့်ရေးအတွက် အားလုံး ပါဝင်ဆောင်ရွက်လာဖို့ ရည်ရွယ်ပြီး ကချင် ငြိမ်းချမ်းရေး ကွန်ယက် အဖွဲ့က ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲ RFABurmeseVideo

ဦးသန်းရွှေရဲ့ တပည့်မွေးဗျူဟာ - အပိုင်း (၂)


 
( ဓါတ်ပုံ - အာဏာရှင် ထိုင်ခုံတည်မြဲရေးအတွက် တပည့်များမွေးကာ လိုသလိုအသုံးချခဲ့သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ )

28 August 2012
 
ဒီတစ်ကြိမ်တော့ လုံခြုံရေးအရ မေးမြန်း ဆွေးနွေးခန်း ပုံစံထက် သတင်းဆောင်းပါး အနေအထားဖြင့် အငြိမ်းစား တပ်ရင်းမှူးဟောင်း ဒုဗိုလ်မှူးကြီး တစ်ဦးရဲ့ ကိုယ်တွေ့ ပေးပို့လာချက်ကို ဖေါ်ပြ ပေးလိုက်ပါတယ်။

ဦးသန်းရွှေရဲ့ တပည့်မွေးဗျူဟာ - အပိုင်း (၁)ကို ဒီနေရာတွင် http://www.pnsjapan.org/2012/08/blog-post_26.html နိုပ်၍ ပြန်လည် လေ့လာ ဖတ်ရှုနိုင်ပါသည်။

ဦးသန်းရွှေရဲ့ တပည့်ရင်း တစ်ဦးဖြစ်တဲ့ စစ်ဘက်လက်ထောက် ဗိုလ်ချုပ်နေဝင်းဟာ အလုပ်သင်ဗိုလ်၊ ဗိုလ်လောင်း အပတ်စဉ် (၁) တေဇကျောင်းဆင်း ဖြစ်ပါတယ်။ ဦးသန်းရွှေ ခလရ (၁) တပ်ရင်းမှူး ဖြစ်ကတည်းက ဒုဗိုလ်၊ ဗိုလ်အဆင့်နဲ့ အနီးကပ် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ ၁၉၈၈ခုနှစ် နဝတ တက်ခါစက ခလရ (၉၁) မှော်ဘီမှာ တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်မှူးနေဝင်းကို စမ်းချောင်းမြို့နယ် မဝတဥက္ကဌအဖြစ် ပူးတွဲတာဝန်ယူစဉ် ကျွန်တော် ဦးစွာဆုံတွေ့ခဲ့ပါတယ်။ သူ့ကို ကျွန်တော် အလုပ်ကိစ္စတစ်ခုနဲ့ သွားရောက် အကူအညီ တောင်းခံခဲ့ရာ ကိုနေဝင်းဟာ လျောလျောလျူလျူ လုပ်ပေးခဲ့ပါတယ်။ ထိုစဉ်က ကျွန်တော်ဟာ အထက်ဌာန (စစ်ဌာနချုပ်) ရုံးတစ်ခုမှာ တာဝန်ထမ်းဆောင်နေလို့ အကိုကြီး လိုအပ်တာရှိရင် ဖုန်းဆက်ပါလို့ ကွန်တော်ပြောခဲ့ရာ ကိုနေဝင်းက ရီကြဲကြဲနဲ့ မောင်ရင်တို့ အထက်ဌာနဆိုရင် ကြောက်နေရတယ်။ မတောင်းဝံ့ဘူးကွာ လို့ ပြန်ပြောပါတယ်။ ထိုစဉ်က ကျွန်တော်လည်း သူ့ကို ဦးသန်းရွှေ တပည့်ရင်းမှန်း မသိသေးလို့ လျှော့တွက်မိပါတယ်။

ဒါနဲ့ ကျွန်တော်လည်း အလုပ်ကိစ္စတစ်ခုနဲ့ နောင် ၃ နှစ်ခန့်အကြာ စစ်ရုံးကိုရောက်ရာ သူ့ကို ဗိုလ်ချုပ် နေဝင်းအဖြစ် တပ်ချုပ် ဦးသန်းရွှေရဲ့ ရုံးခန်းဘေးမှာ ခန့်ခန့်ကြီး ထိုင်နေတာကို အံ့သြဖွယ်ရာ တွေ့ရပါတော့တယ်။ ရာထူး တက်ပေးထားတာက “အပ်ချလောင်း” ဆိုပြီး မျက်လှည့်ပြသလို ဖြစ်နေတာမို့ပါ။ ကျွန်တော်က “အကိုကြီး မှတ်မိသေးလား! အကိုကြီး စမ်းချောင်း မဝတ ဥက္ကဌ လုပ်တုန်းက ကျွန်တော် လာခဲ့တာလေ။ အကိုကြီးက လျှိုတယ်ဗျာ၊ ကျွန်တော်က အကိုကြီးကို လိုအပ်တာရှိရင် မှာပါလို့ ပြောခဲ့တာတောင် ရှက်တောင် ရှက်မိသေးတယ်” လို့ပြောလိုက်ပါတယ်။ သူက “ငါ့ညီရာ ကိစ္စမရှိပါဘူး။

လိုင်ဇာဌာနချုပ်ကို ထိုးစစ်ဆင်နေသော အစိုးရ တပ်ဖွဲ့အား KIA မှ တန်ပြန် ထိုးစစ်ဆင်နေ


 
28 August 2012

ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO) သည် လိုင်ဇာ စစ်ဌာနချုပ်သို့ စစ်ဆင်လာနေသော အစိုးရ တပ်ဖွဲ့များကို ပြင်းထန်စွာ တန်ပြန် ထိုးစစ်ဆင်နေပြီးဟု KIA စစ်ရုံးချုပ်မှ တပ်မှူး တဦးက ဆိုပါသည်။

 “ လိုင်ဇာ ဌာနချုပ် အနားမှာကို နှစ်နေရာလောက် တိုက်ပွဲ အပြင်းထန် ဖြစ်နေတုန်းပါဘဲ။ စတာက မနေ့ကတည်းကပါ။ ဒီနေ့ မှာတော့ ပိုပြီး ပြင်းထန်လာပြီး တိုက်ပွဲတွေဟာလည်း ပိုပြီး ကြာလာပါတယ်။ ပြီးတော့ လိုင်ဇာဌာနချုပ် အ၀င်ထောက်ပို့ လမ်း ကြောင်းတွေမှာလည်း နေရာအနှံ့မှာ တိုက်ပွဲတွေ ဖြစ်နေတယ်။ အနဲဆုံးတော့ နေရာ (၅-၆)နေရာမှာ ဖြစ်နေတယ်။ ပြင်းထန် တယ်။ အသေးစိပ်တော့ မပြောနိုင်သေးဘူး” ဟု ဆိုပါသည်။

တိုက်ပွဲများသည် ဗဟိုဒေသ လိုင်ဇာ အပြင် တပ်မဟာ (၅) ဧရိယာရှိ နေရာအနှံ့တွင် ဖြစ်ပွား နေခြင်းဖြစ်ပါသည်။ အစိုးရ တပ်ဖွဲ့ များသည် လိုင်ဇာ ဌာနချုပ်ကို နေ့စဉ် ပစ်ခိုက် တိုက်ခိုက် နေသော်လည်း ရှေ့မတိုးနိုင်ဘဲ လနှင့်ချီ ရှိနေခဲ့ရာမှ KIA တပ်ဖွဲ့များက ယခုကဲ့သို့ တန်ပြန် စစ်ဆင်မှုများ၊ ဖြစ်လာခဲ့သည်ဟု ဆိုပါသည်။

KIA, တပ်မဟာ (၅) ဒေသတွင် အစိုးရ (ခ.လ.ရ-၅၆)တပ်နှင့် KIA, ဗဟို လုံခြုံရေး တပ်တို့ ကြား သြဂုတ်လ (၂၇)ရက်နေ့ တွင် ဒေါ့ဖုန်းယန် စာသင်ကျောင်း အနီး၌ တိုက်ပွဲ ဖြစ်ပွား ခဲ့ပါသည်။ အလားတူ သြဂုတ်လ ၊၂၇ ရက်နေ့၌ပင် အစိုးရ (ခ.လ .ရ-၂၆၀)တပ်နှင့် KIA, တပ်ရင်း (၃) တပ်တို့သည် ၀ူထောင်နှင့် လောဒ်ခေါင် ကြားတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။ ထို့အပြင် အစိုးရ (ခ.မ.ရ-၃၀၁)တပ်နှင့် KIA, တပ်ရင်း

ဆိုင်ကယ် ၆ စီး … လူ တစ် ယောက်



Copy from - thithtoolwin.com

လူပုဂ္ဂိုလ်၂၀၈၂ ဦးကို အမည်မဲစာရင်းထဲမှ ပယ်ဖျက်

2012-08-28
 
အရင် စစ်အစိုးရလက်ထက် ကတည်းက နံမည်ပျက်စာရင်း black list ထည့်သွင်း ခံထားရသူ မြန်မာနိုင်ငံသားနဲ့ နိုင်ငံခြားသား စုစုပေါင်း ၆၁၆၅ ထဲက ၂၀၈၂ ဦးကို စာရင်းထဲကနေ ပယ်ဖျက် ပေးလိုက်ကြောင်း အစိုးရ သတင်းစာမှာ ဒီကနေ့ ဖော်ပြပါတယ်။
 
အဲဒီလို နံမည်ပျက် စာရင်းကနေ ပယ်ဖျက်ခံရသူ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ မြန်မာနိုင်ငံကို ပြန်လာနိုင်ပြီ ဖြစ်ကြောင်းလည်း အစိုးရ သတင်းစာမှာ ထည့်သွင်း ဖော်ပြထားပါတယ်။
 
နိုင်ငံတော်ရဲ့ အမျိုးသား အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်နိုင်ရန် အလို့ငှာ ကုမ္ပဏီတွေ၊ နယ်ပယ် အသီးသီးက လူပုဂ္ဂိုလ်တွေ၊ သတင်း မီဒီယာသမားတွေ အပါအ၀င် လူတချို့ကို အကြောင်း အမျိုးမျိုးနဲ့ နံမည်ပျက် စာရင်းထဲ ထည့်သွင်းခဲ့တာလို့ ဆိုပါတယ်။
 
အစိုးရရဲ့ ဒီအစီအစဉ်အရ အရင်က နံမည်ပျက်စာရင်း ထည့်သွင်းခံခဲ့ရတဲ့ ရှစ်လေးလုံး အရေးတော်ပုံ ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးမိုးသီးဇွန်၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ NLD-LA ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးညိုအုန်းမြင့်နဲ့ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် FTUB ခေါင်းဆောင် ဦးမောင်မောင်တို့ အပါအ၀င် တခြားကျောင်းသား ခေါင်းဆောင်ဟောင်း တချို့ကို အစိုးရက ပြန်လာခွင့်

ဝန်ကြီး အပြောင်းအလဲတွင် အရပ်သားနှင့် ပညာရှင်များ ပိုမိုပါဝင်လာ

 
နိုင်ငံတော် သမ္မတရုံးမှ ယနေ့နေ့စွဲဖြင့် ပြည်ထောင်စုဝန်ကြီး (၉) ဦးနှင့် ဒုတိယ၀န်ကြီး (၁၅) ဦးတာဝန်ပေး ခန့်အပ်လိုက်ကြောင်း ကြေညာလိုက်ရာ ဒုဝန်ကြီး (၁၅) ဦးထဲတွင် အရပ်သား ပညာရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်လာသည်ကို တွေ့ရသည်။ထို့ပြင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောဝန်ကြီးဋ္ဌာန၊ ဘဏ္ဍာအခွန်ဝန်ကြီးဋ္ဌာန၊ ကျန်းမာရေး ၀န်ကြီးဋ္ဌာန တို့တွင်လည်း ဒေါက်တာဘွဲ့ရ ပညာရှင်များအား ဒုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးအပ် လိုက်သည်ကိုတွေ့ရသည်။

ကွန်ပျူတာ လုပ်ငန်းရှင် ဦးသောင်းတင်မှာ ဆက်သွယ်ရေး ဒုဝန်ကြီး အဖြစ်၎င်း၊ စီးပွားရေးပညာရှင် ဒေါက်တာဒေါ်ခင်စန်းရီ၊ နိုင်ငံသမ္မတ စီးပွားရေး အကြံပေး ဦးဆက်အောင်တို့မှာ အမျိုးသား စီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်မှု ဒုဝန်ကြီးအဖြစ်၎င်း အသီးသီးပါဝင်လာသည်ကို တွေ့ရသည်။
ယခင် စစ်အစိုးရလက်ထက်က ၀န်ကြီး၊ ဒုဝန်ကြီး အားလုံးနီးပါးမှာ တပ်မတော်အရာရှိကြီးများ ဖြစ်ခဲ့ကြရာမှ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲဖြင့် အာဏာရလာသည့် ဦးသိန်းစိန် အစိုးရသစ်လက်ထက်၌ ပြည်ထောင်စု ၀န်ကြီးတာဝန်ပေးအပ်ရာတွင် အရပ်သား အနည်းငယ်ပါဝင်လာခဲ့သည်။
ထို့နောက် တနှစ်ကျော်အကြာတွင် ယခုကဲ့သို့ ဒုဝန်ကြီး များ ခန့်အပ်တာဝန်ပေးအပ်ရာ၌ သက်ဆိုင်ရာနယ်ပယ် ကျွမ်းကျင်သူ ပညာရှင်နှင့် စီးပွားရေး လုပ်ငန်းရှင်အချို့ ပါဝင်လာခြင်းဖြစ်သည်။
ယနေ့ ညထုတ်ပြန်သည့် ကြေညာချက်များအရ ၀န်ကြီးဋ္ဌာန အချို့၏ ပြည်ထောင်စု ၀န်ကြီးများ ရွှေ့ပြောင်းတာဝန်ပေးအပ်ခြင်းသာ ပါဝင်၍ ၎င်းတို့ရွှေ့ပြောင်းသွားသည့် နေရာများတွင် တာဝန်ပေးအပ်ခြင်း ခံရသူအချို့အား ကြေညာရန် ကျန်ရှိနေသေးသည်ကို တွေ့ရသည်။ ဥပမာအားဖြင့် ရထားပို့ဆောင်ရေး ၀န်ကြီးဋ္ဌာန၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဋ္ဌာန တို့တွင် လစ်လပ်သွားသည့် ၀န်ကြီးနေရာတွင် မည်သူ့အား တာဝန်ပေးအပ်မည်ကို ကြေညာခြင်း မပြုသေးပေ။

Tuesday, August 28, 2012

JICA က ချင်းပြည်နယ်ကို ကျပ်ငွေ သန်းပေါင်း ၉၉၀၀ ခန့် ထုတ်ချေးမည်

 
ချင်းပြည်နယ်ရဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေး လုပ်ငန်းတွေမှာ အသုံးပြုဖို့ အတွက် (JICA) လို့ခေါ်တဲ့ ဂျပန်နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီက မြန်မာကျပ်ငွေ သန်းပေါင်း ၉၉၀၀ ခန့် ထုတ်ချေးမှာဖြစ်ကြောင်း ချင်းပြည်နယ် စိုက်ပျိုးရေးနဲ့ မွေးမြူရေး ၀န်ကြီး ဦးဗန်ထောင်းက ပြောပါတယ်။
 
“ဂျပန်အစိုးရရဲ့ ODA (Oversea Development Agency) ကနေပြီးတော့ ချေးငွေ ထုတ်ချေးမယ့် အစီစဉ်ဖြစ်ပါတယ်။ ပြည်ထောင်စု အစိုးရကနေ MOU ထိုးပြီးမှ လုပ်ပေးတဲ့ အစီစဉ်ဖြစ်ပါတယ်။ ပြည်ထောင်စုအစိုးရ တဆင့်ဖြစ်ပါတယ်။ စုစုပေါင်း သန်းပေါင်း ၉၉၀၀ ဖြစ်ပါတယ်။ အဓိက ကတော့ စိုက်ပျိုးရေး၊ မွေးမြူရေးအတွက်ပါ’’
 
ဂျပန်နိုင်ငံ အစိုးရက ထောက်ပံ့ထားတဲ့ အဲဒီ JICA အဖွဲ့က အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းနဲ့ ချင်းပြည်နယ် အစိုးရကို ထုတ်ချေးပေးမှာဖြစ်ပြီး ချင်းပြည်နယ်အတွက် စိုက်ပျိုးရေးနဲ့ မွေးမြူရေး ကဏ္ဍမှာ

မြန်မာပြည်ကို ဖျက်စီးခဲ့သူ လူသတ်သမား ၃ ဦး


သမိုင်းဆိုတာ မအ ရအောင် သင်ရတယ်ပြောပြော ... သင်ခန်းစာ ယူရတယ်ပြောပြော .. မြန်မာ့ လက်တလော သမိုင်းမှာ အဆိုးရွားဆုံး လူပုဂ္ဂိုလ်များကို မှတ်တမ်းတင်ပြီး ... နောင်လာ နောင်သားများနှင့် မည်သည့်လူမျိုး၊ တိုင်းပြည်မဆို .. အဆိုပါ ပုဂ္ဂိုလ်များ၏ မကောင်းမှုများကို သင်ခန်းစာယူနိုင်ပြီး ... ၄င်းတို့ကဲ့သို့ ယုတ်မာသော အပြုအမူများ ဘယ်သောအခါမှ မပြုလုပ်နိုင်အောင် .. ရက်စက်ခဲ့သမျှကို မှတ်တမ်း တင်ရမည်မှာ .. မြန်မာနိုင်ငံသားတိုင်း၏ သမိုင်းပေး တာဝန် ဖြစ်ပေသည်။
 
Ko Htike facebook - အင်တာနက်စာမျက်နှာမှ

ကချင်လယ်သမားများ ဗဟန်းမြို့နယ်မှာ ဆန္ဒပြခွင့်လျှောက်ထား


 2012-08-27

ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်း ဒေသမှာ ယုဇနကုမ္ပဏီ အသိမ်းခံရတဲ့ လယ်ယာမြေများ ပိုင်ရှင် ကချင်တောင်သူ လယ်သမားဦးကြီးတွေက ဗဟန်းမြို့နယ်ရှိ ယုဇနကုမ္ပဏီ ရှေ့မှာ သုံးရက်ဆက် ဆန္ဒပြခွင့် လျှောက်ထားရာမှာ ဒုတိယနေ့အတွက် လျှောက်လွှာ တင်သွင်းတာကို ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက လက်ခံခြင်း မရှိဘူးလို့ သိရပါတယ်။

သြဂုတ်လ ၃၀၊ ၃၁ ရက်နေ့တွေနဲ့ စက်တင်ဘာ ၁ ရက်နေ့ တို့ အတွက် ဆန္ဒပြခွင့်၊ စီတန်း လှည့်လည်ခွင့်တို့ လျှောက်ထားရာမှာ ၃၀ ရက်နေ့အတွက် ၂၅ ရက်နေ့က လျှောက်လွှာတင်တာ လက်ခံခဲ့ပေမဲ့ ၃၁ ရက်နေ့ အတွက် ၂၆ ရက်နေ့ မနေ့ကလျှောက် လွှာတင်တာ လက်သင့်ခံဖို့  ငြင်းဆိုခဲ့ကြောင်း လယ်သမားကြီးတွေကို အကူအညီပေးနေတဲ့ NDF ပါတီက ဒေါ်ဘောက်ဂျာက ပြောပြပါတယ်။

၃၁ ရက်နေ့ အတွက် ငါးရက်ကြို လျှောက်ရမယ်ဆိုတဲ့ ဥပဒေပါ ပြဋ္ဌာန်းချက်အရ လျှောက်လွှာတင်ရာမှာ ဆက်တိုက်ဖြစ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ငြင်းပယ်ခဲ့တာလို့  ဒေါ်ဘောက်ဂျာက ပြောပြပါတယ်။

(ယနေ့ လက်ရှိ) ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ စာရင်း


 နိုင်ငံတော်သမ္မတ - ဦးသိန်းစိန်

ဒုတိယသမ္မတ - ဦးညဏ်ထွန်း
ဒုတိယသမ္မတ - ဒေါက်တာစိုးမောက်ခမ်း(ခ)မောင်အုန်း


ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး - ဗိုလ်ချူပ်လှမင်း

ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီး - ဒုတိယဗိုလ်ချူပ်ကြီးကိုကို

နယ်စပ်ရေးရာဝန်ကြီးဌာနနှင့်စက်မှုဖွံ့ဖြိုးရေး ၀န်ကြီး - ဗိုလ်ချူပ်သိန်းဋ္ဌေး

နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး - ဦးဝဏ္ဏမောင်လွင်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ၀န်ကြီး- (လစ်လပ်)

ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီး - ဦးအောင်ကြည်

ယဉ်ကျေးမှု ၀န်ကြီးဌာန ၀န်ကြီး- (လစ်လပ်)

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၀န်ကြီး - ဦးမြင့်လှိုင်

သစ်တောဝန်ကြီးဌာန ၀န်ကြီး - ဦးဝင်းထွန်း

ဘဏ္ဍာရေးနှင့်အခွန် ၀န်ကြီးဌာန ၀န်ကြီး - (လစ်လပ်)

ဆောက်လုပ်ရေးဝန်ကြီးဌာန ၀န်ကြီး - ဦးခင်မောင်မြင့်

အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ၀န်ကြီး- (လစ်လပ်)

မွေးမြူရေးနှင့်ရေလုပ်ငန်း ၀န်ကြီး - ဦးအုန်းမြင့်

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး - ဦးဝင်းမြင့်

ဆက်သွယ်ရေးနှင့်ကြေးနန်းဝန်ကြီးဌာန ၀န်ကြီး - ဦးသိန်းထွန်း

အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး- (လစ်လပ်)

သတ္ထုတွင်း ၀န်ကြီးဌာန ၀န်ကြီး - ဦးသိန်းထောက်

သမ၀ါယမ၀န်ကြီးဌာန ၀န်ကြီး - ဦးကျော်ဆန်း

ပို့ဆောင်ရေးဝန်ကြီးဌာန ၀န်ကြီး - ဦးညဏ်ထွန်းအောင်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ၀န်ကြီး- (လစ်လပ်)

အားကစားဝန်ကြီးဌာန ၀န်ကြီး -ဦးတင့်ဆန်း

စက်မှုဝန်ကြီးဌာန ၀န်ကြီး - ဦးအေးမြင့်

ရထားပို့ဆောင်ရေးဝန်ကြီးဌာန ၀န်ကြီး - (လစ်လပ်)

စွမ်းအင်ဝန်ကြီးဌာန ၀န်ကြီး - ဦးသန်းဋ္ဌေး

အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး - ဦးဇော်မင်း

အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး - ဦးခင်မောင်စိုး

ပညာရေးဝန်ကြီးဌာန ၀န်ကြီး - ဒေါက်တာမြအေး

ကျမ်းမာရေးဝန်ကြီးဌာန ၀န်ကြီး - ဒေါက်တာဖေသက်ခင်

သာသနာရေးဝန်ကြီးဌာန ၀န်ကြီး - သူရဦးမြင့်မောင်

သိပံ္ပနှင့်နည်းပညာဝန်ကြီးဌာန ၀န်ကြီး - (လစ်လပ်)

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီး- ဦးခင်ရီ

သမ္မတရုံးဝန်ကြီးဌာန ၀န်ကြီး-ဦးစိုးသိန်း

သမ္မတရုံးဝန်ကြီးဌာန ၀န်ကြီး - ဦးအောင်မင်း

သမ္မတရုံးဝန်ကြီးဌာန ၀န်ကြီး- ဦးလှထွန်း

သမ္မတရုံးဝန်ကြီးဌာန ၀န်ကြီး- ဦးတင်နိုင်သိန်း

သမ္မတရုံးဝန်ကြီးဌာန ၀န်ကြီး - ဦးသိန်းညွန့်

သမ္မတရုံးဝန်ကြီးဌာန ၀န်ကြီး - ဦးစိုးမောင်

ပြည်ထောင်စုရှေ့နေချူပ် - ဒေါက်တာထွန်းရှင်

မြန်မာ့တပ်မတော်အထက်တွင် မည်သူမျှမရှိ


 

August 27, 2012

မြန်မာ့တပ်မတော် စစ်ကြောင်းများသည် အရပ်သားများကို အကြောင်းမဲ့ ပစ်ခတ် သတ်ဖြတ်မှုများကို ဆက်လက် လုပ်ဆောင်လျက်ရှိသည်။ ရှေ့တန်းဒေသ မဟုတ်သော ကျေးရွာများတွင်လည်း ပစ်ခတ်မှုများ၊ ပစ္စည်းလုယက်မှုများကို အစဉ်ပြုလုပ်လျက်ရှိသည်။ မြန်မာအစိုးရ စစ်ကြောင်းက ကျူးလွန်နေသော လူသားဆိုင်ရာ ကျူးလွန်ဖောက်ဖျက်မှုများကို မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က ကာကွယ် ဖုံးဖိပေးထားခြင်းဖြင့် စစ်တပ်သည် အဆုံးမရှိ ကန့်သတ်မဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများကို စိတ်ကြိုက် လုပ်ဆောင်ခွင့် ရထားပေသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စစ်တပ်၏ လုပ်ဆောင်ချက်ကို ဝေဖန်ပြောဆိုခြင်း၊ သြဇာပေး အမိန့်ပေးခြင်း၊ လမ်းညွှန်မှုပေးနိုင်ခြင်း အခွင့်အာဏာကို ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများတွင် မထားရှိထားခြင်းသည် မြန်မာ့တပ်မတော်က တိုင်းရင်းသားဒေသများတွင် စိတ်ကြိုက်ပြုမူနိုင်ခွင့်ကို

ယနေ့ ဖြစ်ပွားသော ဖားကန့် တိုက်ပွဲတွင် KIA တပ်ဖွဲ့ ဝင်များ မှ အောင်ပွဲခံ


27.08.2012

KIA တပ်ရင်း ( ၆) လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ ခွဲ (၅) နှင့် ဗမာအစိုးရတပ်တို့ သြဂုတ် ၂၇ ရက်နေ့ နံနက် ၉ နာရီမှ ညနေ ၄း ၃၀ အထိ တိုက်ပွဲ ဖြစ်ခဲ့ကြပါသည်။ ဗမာအစိုးရတပ် အင်အား ၆၀ ခန့်သည် ဖားကန့်မြို့နယ် မျောက်ဖြူမှော်၊ ဆိုင်းဂျာဘွမ်၊ ဆွတ်နန်ကောင် စသည့် နေရာများသို့ အဖွဲ့များခွဲကာ ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့ပါသည်

KIA မျိုးချစ်ပြည့်သူစစ် တပ်ဖွဲ့တို့၏ ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်မှုကို ခံရကာ ညနေ ၄း၃၀ ခန့်တွင် တပ်ဦးကျိုးသွားကြောင်း၊ ဗမာစစ်သား ၁၀ ဦးထက်မနည်း ကျဆုံးပြီး၊ ၂၀ ကျော် ဒဏ်ရာရှိကာ လက်နက်များလည်း သိမ်းဆည်း ရရှိကြောင်း KIA ရှေ့တန်း အရာရှိတစ်ဦးက ဆိုပါသည်။
 
ညနေ ၆ နာရီခန့်တွင် ဘာသာရေး ဆ၇ာများက ဆုတောင်းကောင်းချီးပေးပြီး အောင်ပွဲခံခဲ့ပါသည်။ လက်ကျန် စစ်သားများကို လိုက်လံ တိုက်ထုတ်လျှက်ရှိကြောင်း၊ ဤသို့ ဆက်လက်၍ ထိုးစစ်ဆင်လာပါ KIA က ပြင်းထန်စွာ တုံ့ပြန် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
 
Copy from - Jade Land

Monday, August 27, 2012

ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးဆိုင်ရာ အဆိုနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ ဆွေးနွေးချက် အပြည့်အစုံ


ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးဆိုင်ရာအဆိုနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်၌ ယနေ့ ဒေါ်အောင်ဆန်းစုကြည်(ကော့မှူးမဲဆန္ဒနယ်)၏
ဆွေးနွေးချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

အခု ဦးမြင့်စိုးအဆိုကို တရားဥပဒေရှုထောင့်က ကြည့်နိုင်သလို နိုင်ငံရေးရှုထောင့်ကလည်း ကြည့်နိုင်ပါတယ်။ တရားဥဒေရှုထောင့်ကနေ အများအပြား ဆွေးနွေးသွားပြီး ဖြစ်ပါတယ်။ အဲဒါကိုတော့ ထပ်ပြီးမဆွေးနွေးတော့ပါဘူး။ နိုင်ငံရေးရှုထောင့်ကနေပဲ ဆွေးနွေးပါရစေ။ နိုင်ငံရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ဒီမိုကရေစီကိုကျင့်သုံးတဲ့ နိုင်ငံတွေမှာ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်တို့အကြား ချိန်ခွင်လျှာညီမျှရေးအတွက် ဆောင်ရွက်ကြရတာ ဖြစ်ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အငြင်းအခုံတွေ ဖြစ်ကြတာ ပြသနာတွေတက်တာ မထူးဆန်းပါဘူး။ ထိုနည်းတူပဲ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေ ဖြစ်တာ။ သဘော မတူညီမှုတွေဖြစ်တာ၊ ပြသနာတွေတက်တာလည်း မထူးဆန်းပါဘူး။ ဒီလိုအခြေအနေတွေ ရောက်ခဲ့ရင် ကြိုက်သလို မကြိုက်သလို ဒီဘက်ဟိုဘက် ဝေဖန်တာ တိုက်ခိုက်တာ ပြောဆိုတာတွေ ရှိတတ်ပါတယ်။ ဒီလိုပြသနာတွေတက်လို့ ကျွန်မတို့အနေနဲ့လည်း စိတ်ပျက
်စရာလည်း မရှိပါဘူး။ ကြောက်ရွံ့စရာလည်း မရှိပါဘူး။ ဘယ်လောက်ပဲ အရေးကြီးတဲ့ ပြသနာတွေပဲဖြစ်ဖြစ် တယ်အရေးကြီးတာက ဒီပြသနာကို ဘယ်လိုဖြေရှင်းမလဲ ဆိုတာပါပဲ။ ပြသနာကို ဖြေရှင်းတဲ့နေရာမှာ တကယ့် ဒီမိုကရေစီစံနှုန်းစံထားတွေနဲ့ ညီရဲ့လား။ တကယ်ကို ပြည်သူပြည်သားတွေရဲ့ အေးချမ်းသာယာရေးကို ဦးတည်ရဲ့လားဆိုတာကို စဉ်းစားပြီးတော့ ဖြေရှင်းရမှာ ဖြစ်ပါတယ်။ ပြသနာဖြေရှင်းပုံ ဖြေရှင်းနည်းက မှန်လို့ရှိရင် ကျွန်မတို့ နိုင်ငံရဲ့ သိက္ခာလည်းတက်ပါလိမ့်မယ်။ ပြည်သူတွေကလည်း ဒီဖြေရှင်းပုံဖြေရှင်းနည်းရဲ့ရလဒ်ကို တလေးတစားနဲ့ လက်ခံမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မပြောချင်တိာက အခုကိစ္စက တရားဥပဒေကိစ္စဖြစ်တဲ့အပိုင်းမှာ တရားဥပဒေအရ ကျေကျေနပ်နပ် နှစ်ဦးနှစ်ဖက် ဆွေးနွေးဖို့လိုပါတယ်။ တစ်ဖက်နဲ့တစ်ဖက် လေးစားဖို့လိုပါတယ်။ ကိုယ့်အမြင်နဲ့မတူတဲ့သူဟာ အားလုံးမှားတယ်ဆိုပြီးတော့ စွပ်စွဲလို့မရပါဘူး။ ကိုယ့်အမြင် သူ့အမြင် နှစ်ဖက်စလုံးကို လေးစားဖို့လိုပါတယ်။ နားလည်အောင် လုပ်ဖို့လိုပါတယ်။ ပြည်သူတွေလည်း နားလည်အောင် လုပ်ဖို့လိုပါတယ်။ အဓိကကတော့ ပြည်သူတွေပါပဲ။ ပြည်သူတွေအတွက်ဆိုတဲ့ ဒီပြည်ထောင်စုလွှတ်တော်ဟာ ပြည်သူတွေရဲ့ လေးစားမှုခံနိုင်မှ ပြည်ထောင်စုလွှတ်တော်ဆိုတဲ့ ဂုဏ်နဲ့ကိုက်ညီမှာ ဖြစ်ပါတယ်။ ဒါကြောင့်အခု ပြသနာတက်နေတာ မှန်ပါတယ်။ ဒီပြသနာကို ဖြေရှင်းတဲ့နေရာမှာ အားလုံးဟာ ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင် သဘောထားကြီးကြီးနဲ့ အမြော်အမြင်ရှိရှိနဲ့ ဖြေရှင်းဖို့ကိုပဲဦးတည်ကြပါလို့ ကျမအနေနဲ့ မေတ္တာရပ်ခံရင်း နိဂုံးချုပ်ပါတယ်။
https://www.facebook.com/PopularNewsJournal
ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးဆိုင်ရာအဆိုနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်၌ ယနေ့ ဒေါ်အောင်ဆန်းစုကြည် (ကော့မှူးမဲဆန္ဒနယ်)၏ ဆွေးနွေးချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။


အခု ဦးမြင့်စိုးအဆိုကို တရားဥပဒေ ရှုထောင့်က ကြည့်နိုင်သလို နိုင်ငံရေး ရှုထောင့်ကလည်း ကြည့်နိုင်ပါတယ်။ တရားဥဒေ ရှုထောင့်ကနေ အများအပြား ဆွေးနွေးသွားပြီး ဖြစ်ပါတယ်။ အဲဒါကိုတော့ ထပ်ပြီး မဆွေးနွေးတော့ပါဘူး။ နိုင်ငံရေး ရှုထောင့်ကနေပဲ ဆွေးနွေးပါရစေ။ နိုင်ငံရေး ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ဒီမိုကရေစီကို ကျင့်သုံးတဲ့ နိုင်ငံတွေမှာ အုပ်ချုပ်ရေး မဏ္ဍိုင်၊ ဥပဒေပြု မဏ္ဍိုင်၊ တရားစီရင်ရေး မဏ္ဍိုင်တို့အကြား ချိန်ခွင်လျှာညီမျှရေးအတွက် ဆောင်ရွက်ကြရတာ ဖြစ်ပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အငြင်းအခုံတွေ ဖြစ်ကြတာ ပြသနာတွေ တက်တာ မထူးဆန်းပါဘူး။ ထိုနည်းတူပဲ

ဖားကန့်မြို့နယ်တွင် KIA နှင့် အစိုးရတပ်မတော် တိုက်ပွဲများကြောင့် ဒေသခံ ခြောက်ထောင်ခန့် နေရပ် စွန့်ခွာ


ကမ္ဘာကျော် ကျောက်စိမ်းများ ထွက်ရှိရာ ဖားကန့်မြို့နယ်တွင် အစိုးရ တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော်( KIA ) နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားလာမှုကြောင့် ကျေးရွာ ၁၃ ရွာမှ စွန့်ခွာလာသည့် ဒုက္ခသည် ၅၉၃၅ ရှိကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူး အဖွဲ့က သြဂုတ်လ ၂၆ ရက်နေ့တွင် ပြောကြားသည်။

အဆိုပါ နေရပ်စွန့်ခွာ ဒုက္ခသည်များကို ဖားကန့်မြို့ပေါ် ရပ်ကွက်နှင့် အနီးတ၀ိုက် ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်း ၊ ခရစ်ယာန် ဘုရားကျောင်း တို့တွင် ဒုက္ခသည် စခန်း ဖွင့်လှစ်ထားသည်မှာ ၁၉ ခု ရှိကြောင်း ၄င်းတို့ထံမှ သိရသည်။

“ တိုက်ပွဲကတော့ ရက်ဆက်ပေမယ့် သိပ်မပြင်းထန်သေးဘူး။ ဒါပေမယ့် စစ်အင်အား တိုးချဲ့နေကြတာတွေ များတော့ ဒေသခံတွေ ကြောက်ပြီး ပြေးလာတာပါ” ဟု ဖားကန့်မြို့မှ ပြည်ခိုင်ဖြိုး ပါတီဝင် တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။

ဖားကန့်မြို့ပေါ် ရပ်ကွက်ဖြစ်သော ငှက်ပျောတော ရပ်ကွက်တွင် နေထိုင်သူ အမျိုးသားတစ်ဦးက “ တိုက်ပွဲ ဖြစ်တဲ့ နေရာက မြို့နဲ့ တစ်မိုင် နှစ်မိုင်လောက် ဝေးတဲ့ နေရာမှာ နေ့တိုင်း ဖြစ်နေတယ်။

တစ်နှစ်အရွယ် ကောင်မလေးက အမွှာပူး ယောက်ျားလေးနှစ်ယောက်ကို ကိုယ်ဝန် လွယ်

 
Mengru Kang ဆိုတဲ့ တစ်နှစ်အရွယ် ကောင်မလေးက အမွှာပူး ယောက်ျားလေးနှစ်ယောက်ကို ကိုယ်ဝန် လွယ်ထားတယ်လို့ သိရပါတယ်။
 
တစ်နှစ်သမီးလေးက ကိုယ်ဝန် လွယ်ထားတယ်ဆိုတဲ့ အကြောင်းကို သိလိုက်ရတဲ့ အချိန်မှာတော့ တရုတ်နိုင်ငံက ဆေးဖက်ဆိုင်ရာ လောက မှာတော့ တော်တော် အံ့သြ တုန်လုပ် သွားကြပါတယ်။ Mengru Kang ရဲ့ဗိုက်ဟာ ဘာဖြစ်မှန်းမသိ တဖြည်းဖြည်း ကြီးလာတော့ ဆေးရုံခေါ်သွား ပြီး ဓါတ်မှန် ရိုက်ကြည့်တဲ့အခါမှာတော့ ဆရာဝန်က ထူးဆန်းစွာနဲ သူမ ကိုယ်ဝန်ရှိတယ် ဆိုတာ သိလိုက်ရပါတယ်။
 
လွယ်ထားရဲ့ကိုယ်ဝန်ကလည်း ယောက်ျားလေး အမွှာပူး ဖြစ်နေပါတယ်။ ဆရာဝန်ကတော့ သူမကို ကိုယ်ဝန် ဆောင်နေတဲ့အချိန်မှာ နောက်ထပ် မျိုးအောင်လာတဲ့ သူ့မိဘနှစ်ပါးရဲ့ သန္ဓေသားဟာ သူမရဲ့ဝမ်းထဲဝင်ပြီး ကြီးလာတာ ဖြစ်တယ်လို့ ဆရာဝန်က ပြောပါတယ်။ ဒါဟာ အလွန့်အလွန် ဖြစ်ခဲတဲ့ ဖြစ်ရပ်ပါ လူအယောက် ၅သိန်း မှာမှ တစ်ယောက်တောင် ဖြစ်ခဲတဲ့ ဖြစ်ရပ်ဖြစ်တယ်။
 
မွေးဖွားမဲ့ အချိန်ကြရင်တော့ နာကျင်စွာနဲ့ ခွဲမွေးရပါလိမ့်မယ်လို့ ဆက်လက်ပြော ကြားသွားပါတယ်။ ဒါထက်ပိုပြီး သူမဝမ်းဗိုက်ဟာ ပိုပြီးကြီးလာမှာ ဖြစ်ပါတယ်။ အကြောင်းကတော့ ဝမ်းဗိုက်ထဲက သန္ဓေသားက ဆက်လက် ကြီးထွားနေလို့ဘဲဖြစ်ပါတယ်။ ဆရာဝန်တွေကတော့ သူမဟာ အောင်မြင်စွာ မွေးဖွား နိုင်လိမ့်မယ်လို့ ယုံကြည်နေကြသလို အခုဆိုရင် သူမကလဲ ဝမ်းထဲက သူ့မရဲ့ အမွှာမောင်လေး နှစ်ယောက်ကို ခွဲမွေးဖို့အတွက် စောင့်နေကြတယ်လို့ သိရပါတယ်။
 
Copy from - mhuthaw

၈၈ မျိုးဆက် အများစု နိုင်ငံကူးလက်မှတ် ထုတ်မပေးသေး

Photo courtesy of 88 Generation Students Group
၈၈ မျိုးဆက်ကျောင်းသားများ ဖြစ်ပါသည်။
2012-08-26
၈၈ မျိုးဆက်ကျောင်းသား ဦးဆောင်သူတွေ ပြည်ပ ခရီးသွားလာဖို့ အတွက် နိုင်ငံကူး လက်မှတ်တွေကို အခုချိန်ထိ သက်ဆိုင်ရာက ထုတ်မပေးသေးဘူးလို့ စုံစမ်း သိရှိရပါတယ်။
 
ထောင်ဒဏ် (၆၅) နှစ်နဲ့အထက် ချမှတ်ခံခဲ့ရတဲ့ ၈၈မျိုးဆက် ကျောင်းသားအဖွဲ့ဝင် (၁၉) ဦးဟာ လွန်ခဲ့တဲ့ (၅) လလောက် ကတည်းက လျှောက်ထားကြတာ ဖြစ်ပြီး အခုချိန်ထိ နိုင်ငံကူး လက်မှတ်တွေကို ထုတ်မပေးသေးဘူးလို့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ပြောခွင့်ရသူ မမီးမီးက ဆိုပါတယ်။
 
"နိုင်ငံသားတိုင်းမှာ တူညီတဲ့ အခွင့်အရေး ရှိရမယ်။ ဒါပေမဲ့ ကျွန်မတို့ဆိုရင် ပတ်စ်ပို့ လျှောက်ထားတာ ၅ လ နီးပါးရှိနေပြီ။ ဒီနေ့အထိ လုံးဝ ပတ်စပို့ ထုတ်မပေးသေးဘူး။ ဒီကြားထဲမှာ တချို့လူတွေ ရတဲ့သူ ရသွားပြီပေါ့နော်။ ထောင်ထဲက ပြန်ထွက်လာတာချင်း အတူတူ။ အဲဒီတော့ ကျွန်မတို့ ၈၈ မျိုးဆက်တွေ အပေါ်မှာ ဘယ်လိုမျိုး ဆက်ဆံနေသလဲဆိုတာ တွေးစရာ ဖြစ်လာပြီ။ သူတို့စာထဲမှာ ၂၁ ရက်အတွင်း ရမယ်ဆိုတာကို အခုချိန်အထိ ဒီ ၆၅ နှစ်တန်းတွေက တယောက်မှ ပတ်စပို့ မရသေးပါဘူး။"
 
ကိုမင်းကိုနိုင် ကိုတော့ လာမယ့် စက်တင်ဘာလမှာ အမေရိကန် ပြည်ထောင်စုခရီးစဉ် ရှိနေတာကြောင့် သူတဦးတည်းကို ပြီးခဲ့တဲ့ရက်ပိုင်း အတွင်းက မှတ်ပုံတင်ရုံးကနေ နိုင်ငံကူးလက်မှတ် ထုတ်ပေးခဲ့တယ်လို့

နေပြည်တော်က သပွတ်အူ ဇာတ်တော်ကြီး


ပြည်သူ့လွှတ်တော်ကို ချုပ်ကိုင်နေတဲ့သူ ရှိနေသလား ဆိုပြီး သောကြာနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အမတ်တဦးက သူရဦးရွှေမန်းကို မေးပါတယ်။

ကဏ္ဋကောစလုပ်နေတဲ့ အခြေခံဥပဒေခုံရုံးနဲ့ ပတ်သက်ပြီး ဆောင်ရွက်စရာ ကိစ္စတွေ ရှိနေတယ်၊ ခဏသီးခံ ဆိုလို့ သီးခံနေတာ လို့ သူက ဆိုပါတယ်။

သူ့ရဲ့ တင်ပြချက်က ဒီလိုပါ -
သမ္မတထံက ပြန်ကြားလာမယ့်ရလဒ်အပေါ်မှာမူတည်လျက် ဆက်လက် လုပ်ဆောင်ရန် ခဏသီးခံပါလို့ လွှတ်တော်ဥက္ကဋ္ဌရဲ့ သဘောထားကြီးမှုကို အလေးထား လေးစားသောအားဖြင့် လည်းကောင်း ကျွန်တော်တို့ပြည်သူ့ကိုယ်စားလှယ်များက သီးခံ စောင့်ဆိုင်းခဲ့ကြပါတယ်။

သို့သော်လည်း ၎င်း သြဂုတ်လ ၂၁ ရက်နောက်ပိုင်းမှာလည်း ဘာမျှ ဆက်လက်ဆောင်ရွက်ပေးခြင်း၊ ထူးခြားမှု မရှိတဲ့အတွက် ကျွန်တော်တို့ အားလုံးရဲ့ အယူအဆတွေဖြစ်ပေါ်လာပါတယ်။ ကျွန်တော်တို့အားလုံးရဲ့ တင်ပြချက်ကို လွှတ်တော်ဥက္ကဋ္ဌကြီးက လျစ်လျူရှုထားပါပြီလား။ သို့တည်းမဟုတ် ကျွန်တော်တို့ လွှတ်တော်ရဲ့အပေါ်မှာ လွှမ်းမိုးထားတဲ့အဖွဲ့အစည်းတစ်ခုရှိပြီလား။ သို့မဟုတ် လွှမ်းမိုးထားတဲ့ လူပုဂ္ဂိုလ်တစ်ဦးဦးရှိနေပြီလားဟု ထင်မြင်ယူဆမိပါတယ်။

သာပေါင်းမဲဆန္ဒနယ်မှ ဦးဝင်းသန်း

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဒီလို ပြန်ရှင်းပါတယ် -
လွှတ်တော်အပေါ်တွင် လွှမ်းမိုးသော အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်မျှ မရှိကြောင်းကိုလည်း လွှတ်တော်ကို အသိပေး တင်ပြလိုပါတယ်။

ယခု ရက်ပိုင်းအတွင်း အမျိုးသား လွှတ်တော်က ဖွဲ့စည်းပုံအ‌ခြေခံ ဥပဒေဆိုင်ရာ ခုံရုံးနဲ့ ပတ်သက်၍ စတင် ဆောင်ရွက်မယ် ဆိုတာလည်း ကြားသိထားရပါတယ်။
ဒါကြောင့် မိမိတို့ လွှတ်တော် ကိုယ်စားလှယ်များ အနေနဲ့ မိမိတို့ လွှတ်တော် အခန်းကဏ္ဍ ရောက်တဲ့အခါမှာ ဆောင်ရွက်ဖွယ်ရာ ဆောင်ရွက်နိုင်အောင် သီးခံ စောင့်ဆိုင်း ‌ဆောင်ရွက်ပေးပါရန် မိမိအနေနဲ့ ထပ်မံ မေတ္တာရပ်ခံပါတယ်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း

ဆက်ပြီးသီးခံကြပါ၊ ခုံရုံးကိစ္စကို ဦးခင်အောင်မြင့်တို့ ကိုင်တွယ်ပါလိမ့်မယ် တဲ့။

နေပြည်တော်မှာ ခုံရုံး ဖြစ်နေကြတဲ့ပြဿနာက ကြီးသထက် ကြီးလာပါပြီ။

သမ္မတက စာပို့လိုက်၊ ကြားဝင်ရှင်းပေးလိုက်။
သမ္မတကပဲ ဦးခင်အောင်မြင့်၊ သူရဦးရွှေမန်းတို့ကို ခေါ်ပြီး ညှိနှိုင်းလိုက်။
ဒါတွေကို ဆက်တိုက် တွေ့နေရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတတို့ တပတ်အတွင်း ၂ ကြိမ်တွေ့စဉ်မှာလည်း နေပြည်တော်ဝင်္ကပါထဲက ဒီ

"ဆီးရီးယား အစိုးရ ဓာတု လက်နက် သုံးပါက စစ်ရေးဖြင့် တိုက်ခိုက်မည်ဟု အိုဘားမား သတိပေး"


ကာလအားဖြင့် တစ်နှစ်ခွဲကျော် ကြာမြင့်လာပြီ ဖြစ်သော ဆီးရီးယား ပဋိပက္ခတွင် ဆီးရီးယား အစိုးရက ဓာတု လက်နက်များကို အသုံးပြုလာပါက အမေရိကန်သည် စစ်ရေးနည်းဖြင့် ၀င်ရောက် တိုက်ခိုက်သည့် နည်းလမ်းကို စဉ်းစားမည် ဖြစ်ကြောင်း အမေရိကန် သမ္မတ အိုဘားမားက သတိပေး ပြောကြား လိုက်သည်။

လက်ရှိ အချိန်တွင် ဆီးရီးယား၌ အစိုးရနှင့် သူပုန်တပ်ဖွဲ့များ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသော်လည်း အမေရိကန် အနေဖြင့် စစ်ရေးနည်းဖြင့် ၀င်ရောက် တိုက်ခိုက်ခြင်း ပြုလုပ်သွားမည် မဟုတ်ဘဲ ဆီးရီးယား အစိုးရကသာ ဓာတုလက်နက်များကို အသုံးပြုခဲ့ပါက အမေရိကန်သည် စစ်ရေးနည်းဖြင့် ၀င်ရောက် တိုက်ခိုက်ခြင်းကို စဉ်းစား သွားမည်ဟု အိုဘားမားက သတိပေး ပြောကြား လိုက်ခြင်း ဖြစ်သည်။

“ဆီးရီးယား အစိုးရရဲ့ ဓာတု လက်နက်တွေ တပ်ဖြန့် ချထားတာပဲ ဖြစ်ဖြစ်၊ အသုံးပြုတာပဲ ဖြစ်ဖြစ် ဒီကိစ္စ ဟာ အစ္စရေး အပါအ၀င် ဒေသတွင်း နိုင်ငံတွေ အတွက် စိုးရိမ်စရာ ဖြစ်လာပါပြီ။ ဒီတော့ ကျွန်တော်တို့အတွက်လည်း စိုးရိမ်စရာ ဖြစ်လာတာပါပဲ” ဟု သမ္မတ အိမ်ဖြူတော်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ သတင်းထောက် တစ်ဦးကို အမေရိကန် သမ္မတ အိုဘားမားက ပြောကြားလိုက်ခြင်း ဖြစ်သည်။

အရပ်ဘက် လူ့အဖွဲ့အစည်း လိုအပ်ချက် ကိုမင်းကိုနိုင် ဆွေးနွေး (အသံ)

အရပ်ဘက် လူ့အဖွဲ့အစည်း လိုအပ်ချက် ကိုမင်းကိုနိုင် ဆွေးနွေး (အသံ)



by - RFA Burmese
 

Sunday, August 26, 2012

မြန်မာနိုင်ငံအား ဗုံးခွဲတိုက်ခိုက်သွားမည်ဟု ခြိမ်းခြောက်ခဲ့သော တာလီဘန်ခေါင်းဆောင် ဒုံးကျည်ထိမှန်သေဆုံး

 
ကူနာပြည်နယ် ရှီဂယ်ခရိုင်အတွင်း ပြုလုပ်ခဲ့သော လေကြောင်း တိုက်ခိုက်မှုကြောင့် အဆိုပါ တာလီဘန်ခေါင်းဆောင် မော်လ၀ီဒါဒူလာရှ်မှာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်းနှင့် အလောင်းအား ရရှိပြီ ဖြစ်ကြောင်း နေတိုးတပ်ဖွဲ့ မှ အတည်ပြု ပြောကြားသည်။

မောင်းသူမဲ့ လေယာဉ်မှ ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အခြားအရပ်သားများနှင့် အဆောက်အဦးများ ထိခိုက်မှု မရှိကြောင်း ဆက်လက် ပြောကြားခဲ့သည်။
 
အဆိုပါ တာလီဘန် ခေါင်းဆောင်အား ဂျမယ်လ်ဟုလည်း လူသိများကာ ၄င်းသည် အာဖဂန်တပ်ဖွဲ့ နှင့်

ထိုင်း ၈ ဦး လက်နက်မှုဖြင့် ထောင်ဒဏ် ထပ်တိုး

တရားမ၀င် ၀င်ရောက်လာသော ထိုင်းလူမျိုးများထံမှ သိမ်းဆည်း ရမိသည် ဆိုသော လက်နက်များနှင့် ဆေးခြောက်များ
(ဓာတ်ပုံ – မြ၀တီ ဖေ့စ်ဘုတ်မှ)

မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ ထိုင်းနိုင်ငံသား ၈ ဦးကို မြန်မာ တရားရုံးတခုက လက်နက်ကိုင်ဆောင်မှု နဲ့ ထောင်ဒဏ် ၇ နှစ် စီ အသီးသီး ချမှတ် လိုက်တယ်လို့ ထိုင်းအာဏာပိုင်တွေက ယမန်နေ့က ပြောလိုက်ပါ တယ်။

လွန်ခဲ့တဲ လက ထိုင်းနိုင်ငံ ရနောင်းဒေသ ခရာဘူရီ ခရိုင် မျက်နှာခြင်းဆိုင် မြန်မာနိုင်ငံဘက်က ကျွန်းတခုမှာ ခွင့်ပြုချက် မရှိဘဲ ၀င်ရောက်နေထိုင် စိုက်ပျိုးရေး လုပ်နေကြတဲ့ အမျိုးသမီး ၁၀ ဦးပါဝင်တဲ့ ထိုင်းနိုင်ငံသား ၉၂ ဦးကို မြန်မာဘက်က ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၃ နှစ် ၆ လ စီ မြန်မာအစိုးရက အပြစ်ပေးခဲ့ပါတယ်။

အဲဒီအထဲက အခုလို ၈ ဦးကို ပြီးခဲ့တဲ့ သောကြာနေ့က ကော့သောင်း တရားရုံးက အခုလို လက်နက်မှုနဲ့ ထပ်မံ ထောင်ဒဏ် ချခဲ့တာကြောင့် စုစုပေါင်း ထောင်ဒဏ် ၁၀ နှစ်နဲ့ ၆ လ ဖြစ်သွားပါတယ်လို့ ဘန်ကောက်ပို့ သတင်းမှာ ဖော်ပြပါတယ်။
ယင်းတို့ကို ဖမ်းဆီးစဉ်က ၄င်းတို့ အသုံးပြုနေသည့် မြေထိုးစက် ၃ စီး၊ မြေတူးစက် Backhoe ကား ၅ စီး၊ ယာဉ်မျိုးစုံ ၁၇ စီး၊ ရော်ဘာပင် ဧက ၁၅၀၀၊ မော်တော် ဆိုင်ကယ် အစီး ၂၀ ၊ M-16 , AK-47, AR-15 အမျိုးအစား သေနတ်များ နှင့် ကျည်ဆန်များ၊ လက်ပစ်ဗုံး၊ မိုင်း၊ ခြောက်လုံးပြူး၊ လုပ်သေနတ် စသည့်

ဒုသမ္မတ ဦးဥာဏ်ထွန်း မလာမှီ လုပ်စားနေကြတဲ့ ဋ္ဌာနဆိုင်ရာ အာဏာပိုင်များ"(ပေးစာ)

 
ဒုသမ္မတ ဦးဥာဏ်ထွန်း မလာမှီ ခါတော်မှီ လမ်းခင်းနေတဲ့ ခရမ်းမြို့မှ ပြည်သူ့မျက်နှာ မကြည့်တဲ့ လုပ်စားနေကြသူ ဋ္ဌာနဆိုင်ရာ အာဏာပိုင်များ (ပေးစာ)

ရန်ကုန်တိုင်း ခရမ်းမြို့နယ်ကို မနက်ဖြန် (၂၅ရက်နေ့မှာ)ဆိုရင် ဒုသမ္မတ ဦးဥာဏ်ထွန်း လာပါမည်။ ထို့ကြောင့်လမ်းနှင့် ဌာနဆိုင်ရာ အဆောက်အဦးများ ဆေးသုတ်၊ လမ်းခင်း ပြုလုပ်ကြရပါသည်။ တစ်သက်လုံး မပြုပြင် မတည်ဆောက် ခဲ့သော လမ်းများကို ညတွင်းချင်း (တစ်ညတည်းနှင့်) အပြီး လမ်းခင်း ဖာထေး နေကြသည်မှာ အတော် အံသြဖို့ ကောင်းလှပါသည်။ သမ္မတကြီး ပြောကြားထားသော စကား(ပွင့်လင်းမြင်သာမူ)ကို အတည်ပြု ပေးနေပုံမှာ အင်မ တန်မှပင် ချီးကျူးစရာပါ။

ဒုသမ္မတကြီး မလာခင်ည လမ်းများကို (သဲနှင့် ရွံ့) ခင်း၊ မရှိတဲ့ ပလတ်ဖောင်း ထုံးသုတ်၊ ချိုင့်ကြီးလျှင် ကားနှင့် ကာကွယ်ထားပါသည်။ လမ်းဘေးဈေးသည် ဆိုင်ခန်းများ (၁၂၀) ခန့် ကြိုဖျက်ထားသည်။ သမ္မတကြီးပြန်လျင် ၀ါးဝယ်၊ အမိုးဝယ်နှင့် မရှိလို့ ဈေးရောင်းစားပါတယ်။ သမ္မတကြီးလာမှ ဆိုင်အဟောင်း ဖျက် အသစ်ထပ်ဆောက် ရပါမည်။ မြို့အင်္ဂါရပ် ရှိရမည် အချိန်သည် သမ္မတကြီး လာချိန်လို့ ယူဆရမလို ဖြစ်နေပါသည်။ ယခုလို လိမ်လည် လှည့်စားနေသော အောက်ခြေ ၀န်ထမ်းများကို ကောင်းမွန်စွာ သတိပေးသင့် နေပါပြီ။ လူကြီးလာမှ အလုပ်လုပ်၊ လူကြီးမျက်နှာကြည့်၊ လူကြီးကို လိမ်၊ ပြည်သူကို မကြည့် ဒူးခေါင်း လောက်မြုပ်နေတဲ့ လမ်းကို မပြ၊ ခေတ် အဆက်ဆက်လိမ်ခဲ့ ကြသည်မှာ တော်သင့်ပါပြီဗျာ။ ဒုသမ္မတကြီးလာလျှင် ကားစောင့် မှာစိုးလို့ သဲခင်းထားပါသည်။ (ဖြည်းဖြည်းမောင်းနော်

သိန်းဂရုပ်ဆောက်လုပ်ရေးမှ တာဝန်မဲ့လုပ်ရပ်အား ထိရောက်စွာ အရေးယူပေးပါရန်

 
သို့
သက်ဆိုင်ရာသို့

နေ့စွဲ ။ ၂၀ ၊ ၈ ၊ ၂၀၁၂

အကြောင်းအရာ။ ။ သိန်းဂရုပ်ဆောက်လုပ်ရေးမှ တာဝန်မဲ့လုပ်ရပ်အား ထိရောက်စွာ အရေးယူပေးပါရန် တိုင်ကြားခြင်း

၁။ ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ လမ်း(၃၀)၊ အမှတ်(၇၄/၇၆)တွင် သိန်းဂရုဆောက်လုပ်ရေးမှ (Pile) လုပ်ငန်း ဆောင်ရွက်စဉ် (၂၄-၁၂-၂၀၁၀)နေ့ (Pile) စက်မှ ကရိန်းလက်တံဖြင့် အဆောက်အဦးသို့ ရိုက်ခတ်မိသည့်အတွက် ကျွန်တော်/ ကျွန်မ တို့နေထိုင်လျက်ရှိသည့် အမှတ်(၇၀/၇၂) အဆောက်အဦး၏ ပထမထပ်မှ တတိယထပ်အထိ အိမ်ရှေ့/နောက်ဖေး (ဘေးအုတ်နံရံများ)အက်ကွဲသွားခဲ့ပါသည်။

၂။ သို့ကြောင့် သက်ဆိုင်ရာ မြို့နယ်စည်ပင်၊ မယက၊ ရယက၊ အထူးသတင်း တပ်ဖွဲ့၊ စအဖ အဖွဲ့များသို့ ချက်ချင်းအသိပေး တိုင်ကြားခဲ့ရာ လာရောက်စစ်ဆေး မှတ်တမ်းတင်၍ အဆင့်ဆင့်သို့ အကြောင်းကြား ပြောကြားခဲ့ပါသည်။ ထို့ပြင် ပျက်စီးနစ်နာ မှုများအတွက် သိန်းဂရုဆောက်လုပ်ရေးမှ မည်သို့မျှဆောင်ရွက်ပေးခြင်း မရှိသောကြောင့် (၁၄-၁-၂၀၁၁) နှင့် (၁၀-၆-၂၀၁၁)နေ့များတွင် ၀န်ကြီး(ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ)၊ ဌာနမှူး(အင်ဂျင်နီယာဌာန၊ အဆောက်အဦး)များ သို့ ဆက်လက်၍

ဦးသန်းရွှေရဲ့ တပည့်မွေးဗျူဟာ - (၁)

ဦးသန်းရွှေ၏ တပည့် စစ်ဗိုလ်ချုပ်များ

စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးဟောင်း ဦးသန်းရွှေဟာ တပည့်များကို ဘယ်လို နေရာပေး ဆွဲတင် လာခဲ့တယ် ဆိုတာရယ် တပည့်များရဲ့ တပ်တွင်း ဆက်ဆံရေး အနေအထား အခြေအနေတွေ ဘယ်လိုရှိတယ် ဆိုတာတွေကို စာဖတ်ပရိတ်သတ် အများစုက သိချင်နေကြပါတယ်။
 
ဒါကြောင့် စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ် www.photayokeking.org အယ်ဒီတာ အနေနဲ့ ပြည်တွင်းရှိ စစ်ဖက် နီးစပ်သူများနှင့် လက်ရှိ တာဝန် ထမ်းဆောင်နေသူများကို ဆက်သွယ် မေးမြန်းပြီး တင်ပြသွားမှာ ဖြစ်ပါတယ်။
 
အငြိမ်းစား ယူသွားတဲ့ တပ်ရင်းမှူးဟောင်း ဒုဗိုလ်မှူးကြီးတစ်ဦးက “ဦးသန်းရွှေရဲ့ တပည့်များ ရှိတဲ့အနက် ထင်ရှားတဲ့ တပည့်များရှိသလို မထင်မရှား ဖြစ်သွားတဲ့ တပည့်တွေ ရှိတယ်ဗျ။ အဲဒါတွေကတော့ စစ်ဘက် လက်ထောက် စီနီယာဖြစ်တဲ့ ဗိုလ်ချုပ်နေဝင်းနဲ့ ဂျူနီယာဖြစ်တဲ့ ဗိုလ်မှူးချုပ်စိုးရှိန်၊ ကကဝယ် (စစ်လက်နက်ပစ္စည်း ဝယ်ယူရေး) ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဝင်းလှိုင်၊ ကကထုတ် (စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ်) ဗိုလ်ချုပ်ကြီး တင်အေး၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ဗိုလ်ချုပ်ကြီး သိန်းစိန်၊ ဗိုလ်ချုပ်ကြည်အောင်၊ ဗိုလ်ချုပ် ညွှန့်တင်၊ ဒုဗိုလ်ချုပ်ကြီး ( မြင့်ဆွေ၊ ခင်မောင်သန်း၊ အုန်းမြင့်)၊ ရဲချုပ်စိုးဝင်း၊ ဦးကိုလေး၊ ဗိုလ်မှူးချုပ် သူရမြင့်မောင်၊ ဗိုလ်ချုပ် (လှအောင်သိန်း၊ စောလှမင်း၊ ဝေလွင်)၊ တပ်ကြပ်ကြီး ထွန်းထွန်းဦးတို့ ဖြစ်ကြတယ်ဗျ”။
 
ဒယ်ဒီတာ ။ ။ “ဗိုလ်ချုပ်မှူးကြီးဦးသန်းရွှေနဲ့ ဒီလိုရင်းနှီးတဲ့ တပည့်တွေဟာ ဘယ်မှာတွေ့ဆုံပြီး ဘယ်လောက် သံယောဇဉ် ဖြစ်ခဲ့ကြတာလဲ။ သူတို့ရဲ့ တပ်ထဲမှာ တွေ့ဆုံ ဆက်ဆံကြပုံတွေကို ရှင်းပြပေးပါဦး”။
 
ဒုဗိုလ်မှူးကြီး။ ။ “တပ်မှာ တပ်ရင်းမှူးရာထူး တာဝန်ထမ်းဆောင်ခဲ့စဉ် တွေ့ခဲ့ကြတဲ့ တပည့်တွေဆိုရင်

Saturday, August 25, 2012

မေ့မထားသင့်တဲ့ ဘဝတွေ

မေ့မထားသင့်တဲ့ ဘဝတွေ
နာရေးကူညီမှုအသင်း – ရန်ကုန်
သြဂုတ် ၂၅၊ ၂၀၁၂
ကျွန်တော်တို့ ပြည်ထောင်စုကြီးထဲက ကချင်တိုင်းရင်းသားတွေရဲ့ဒေသမှာ တကျော့ပြန် ပြည်တွင်းစစ်မီး တောက်လောင် နေခဲ့တာ (၁) နှစ် ကျော်ခဲ့ပါပြီ။
 
ကျွန်တော်တို့ စစ်ဘေးနဲ့ ဝေးနေတဲ့ ဒေသတွေ၊ မြို့ပေါ်က ပြည်သူတွေ အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် နေကြရပေမယ့် စစ်ဘေးဒုက္ခကြုံ နေကြရတဲ့ ကချင်ဒေသက ပြည်သူတွေ ခမျာမှာတော့ ကျီးလန့်စာ စားဘဝနဲ့ ယမ်းငွေ့တွေအူ ကျည်ဆံတွေ ပလူပျံနေတဲ့ကြားက အမေတကွဲ သားတကွဲ မိသားစုတွေ ဖရိုဖရဲနဲ့ သွေးတွေ၊ မျက်ရည်တွေ အလူးလူးနဲ့ ခြေဦးတည့်ရာ ပြေးရှောင်ပုန်းနေကြရရှာပါတယ်။
 
 
သူတို့ဟာ ကျွန်တော်တို့ရဲ့တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေပါ ပြည်ထောင်စု ဆိုတာ လူတစ်ယောက်ရဲ့ခန္ဓာ ကိုယ်ကြီးနဲ့ တူပါတယ်။ ခန္ဓာကိုယ်ရဲ့ လက်ဖျား ခြေဖျားလေးတွေ ထိခိုက် ဒဏ်ရာရရင် ခန္ဓာကိုယ်ကြီးရဲ့ အသည်း နှလုံးကပါ နာကျဉ် ခံစားရမှာပါ။
 
ဒါကြောင့် ခန္ဓာကိုယ်ကြီးရဲ့ လက်ဖျား ခြေဖျားလေးတွေနဲ့ တူတဲ့ ကျွန်တော်တို့ ပြည်ထောင်စုကြီးရဲ့ အစွန်အဖျား နယ်စပ်ဒေသတွေက တိုင်းရင်းသား ပြည်သူတွေ ဒုက္ခရောက်နေတာဟာ ကျွန်တော်တို့

KIA ၏ စစ်ရေး လှုပ်ရှားမှုများ အစိုးရ၏ နောက်တန်း စခန်းဖက် ဦးတည်လာ


ကချင်ပြည် လွတ်မြောက်ရေး တပ်မတော် (KIA) သည် အစိုးရ၏ နောက်တန်း စခန်းဖက်ကို ပိုမို စစ်ဆင်လာနေ သည်ဟု KIA တပ်မှူးတဦးက ပြောပါသည်။

ယမန်နေ့၌ တိုက်ပွဲ (၅) ကြိမ် ဖြစ်ပွားခဲ့ရာတွင် အများစုသည် လိုင်ဇာ စစ်ဌာနချုပ် နှင့်ဝေးသော အစိုးရ၏  ရှေ့တန်း တပ်ဖွဲ့၏ ထောက်ပို့လ မ်းကြောင်း နေရာများ၌ ဖြစ်ပွားခဲ့ပါသည်။

တိုက်ပွဲသည် ကေအိုင်အေ တပ်မဟာ (၂) မှ တပ်ရင်း (၅) တပ်ဖွဲ့ သည် မိုညင်းခရိုင် မြို့လှမြို့နယ်ခွဲ ပန်ခေါန်ယန်ရွာတွင် အစိုးရခလရ ၂၇၄ တပ်ဖွဲ့နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အစိုးရဘက်မှ (၄) ဦးကျပြီး (၁၀)
ဦးကျော် ထိခိုက် ခဲ့သည်ဟု KIA ဖက်က ဆိုပါသည်။

KIA တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း (၂၅) သည် ခလရ ၁၂၁ တပ်ဖွဲ့နှင့် ဖုတ်တုန်းယန်း မြို့နယ်ခွဲ မြို့သစ်အထက် ငါးကြုံနာင်း အနီးတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

KIA တပ်ရင်း (၆) ဖါကန့်ဒေသ ဂွေခါ (ကျောက်စိန်) အနီး၌ အနောက်တောင်တိုင်း တပ်ဖွဲ့မှ ခမရ (၁၆) နှင့် အရှေ့မြောက် တိုင်းမှ ခလရ (၂၇၂) တို့နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

“ မနေ့က တိုက်ပွဲ (၅) ကြိမ်ရှိတယ် ခင်ဗျ။ တပ်မဟာ (၅) ဒေသ ခမရ (၃၈၄) (၃၈၉) စစ်ကြောင်းတွေနဲ့ ကျနော်တို့ လှုပ်ရှားတပ်တွေနဲ့ (၂၅၄) အဖွဲ့နဲ့ တိုက်ပွဲဖြစ်တယ် မနေ့ကမြစ်ကြီးနား ဗန်မော်လမ်း

''ကြက်ခြံစောင့် မြန်မာအမျိုးသမီး တစ်ဦးအဓမ္မပြုကျင့် သတ်ဖြတ်ခံရ”

ဘန်ကောက်မြို့ အရှေ့ဘက် ကီလိုမီတာ ၈၁ အကွာအဝေးတွင် ရှိသော ချွန်ပူလီမြို့ ဧက ၁၀၀ ရှိသော ကြက်ခြံတွင်ရှိ သောမြန်မာအလုပ်သမား တစ်ဦးအား လောနိုင်ငံသား .နိုင်လတ် ( ၃၀ နှစ် ) က အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ကြောင်း ထိုင်းလတ် သတင်းစာတွင် ဖေါ်ပြထားသည်။

၎င်းဖြစ် စဉ်မှာ သြဂုတ်လ ၁၆ ရက်နေ့ည တွင် ကိုနိုင်လတ် နှင့်သူငယ်ချင်း ၄ ဦးတို့ ဘီယာ ထိုင်သောက် ရင်း စကားပြောနေစဉ် ဘီယာအလုံး ၂၄ အကုန်တွင် ကိုယ့်အခန်းကို ပြန်ရန်ဝိုင်းခွဲ လိုက်ကြ သည်။

ကိုနိုင်လတ်မှာ အခန်းတွင် မိန်းမရှိသော်လည်း အခန်းကို မပြန်ဘဲ မြန်မာအလုပ်သမ မနန်းကြွယ် (၄၀ )နှစ် အိပ်နေသော အခန်းကို ဝင်ပြီး အဓမ္မပြုကျင့်ခဲ့သည်။ မနန်းကြွယ်က လက်မခံသဖြင့် တစ်ဦးနှင့် တစ်ဦး ရုန်းရင်း ဆန်ခတ်ဖြစ်ခဲ့သည်။

သူမက အကူညီတောင်းရန် အပြင်ကိုထွက်ဖို့ ပြင်စဉ် နိုင်လတ်က လည်ပင်းကို ညစ်၍ ကြက်ခြံ အနီးတွင် ရှိသော ကန်စွန်းရွက် စိုက်ထားသော ရေမြောင်းတွင် နှစ်သတ်ခဲ့သည်။

မနက်မိုးလင်း၍ အလုပ်ဆင်းကြသောခါ လုပ်ဖေါ်ကိုင်ဘက် သူငယ်ချင်းများက မနန်းကြွယ်ကို မတွေ့သဖြင့်

“ဖြစ်ချင်တာ ဖြစ်စမ်းပါစေ”

“ဖြစ်ချင်တာ ဖြစ်စမ်းပါစေ”

ဘ၀မှာ ဘာဖြစ်ချင်တယ်၊ ဘာလုပ်ချင်တယ်ဆိုတာ၊ ရီစရာတော့ အကောင်းသား
ငယ်ငယ်က ဒီမေးခွန်းပဲ မေမေက မေးဖူးတယ်၊ ဖေဖေကလည်း မေးဖူးတယ်။
ဆရာဝန်ကြီး ဖြစ်ချင်တယ်၊ စစ်ဗိုလ်ကြီး ဖြစ်ချင်တယ် စသဖြင့်ပေါ့
တကယ်တော့ … အဲဒါတွေဟာ ကလေး အတွေးတွေပါ။
ရုပ်ရှင်ထဲက ဖြစ်ဖြစ်၊ အိမ်နီးချင်း ဆွေမျိုးသားချင်း
အိမ်လာလည်တဲ့ ဧည့်သည်တွေကို ကြည့်ပြီးတော့ဖြစ်ဖြစ်
ဖြုတ်ကနဲ သဘောကျတဲ့ အားကျတဲ့ ပုံပန်းသဏ္ဍန်ကို ၀င်စားပြီးတော့
စိတ်ကူး ယဉ်လိုက်တာလည်း ဖြစ်နိုင်ပါတယ်
အဲဒီ့ အိမ်မက်က နှစ်ရှည်လများ ကြီးကောင်ဝင်တဲ့အထိ
ခိုင်မြဲသွားပြီဆိုရင်တော့ ဟုတ်နိုင်ပြီပေါ့
ဒါလည်း အချိန်အလိုက် ပြောင်းနေနိုင်တာပါဘဲ။
တခါတလေကျတော့

မြန်မာနိုင်ငံ၏ ပို့ဆောင်ဆက်သွယ်ရေး ဖွံ့ဖြိုးမှုအတွက် ဂျပန်ပညာရှင်များနှင့် နည်းပညာဆိုင်ရာ အဆင့်မြင့် ဆွေးနွေးပွဲပြုလုပ်

jica1
 
၂၀၁၂ ခုနှစ် သြဂုတ်လ ၂၄ ရက်။
 
မြန်မာနိုင်ငံ၏ ပို့ဆောင်ဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ဂျပန်နိုင်ငံမှ ပို့ဆောင် ဆက်သွယ်ရေး ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များ၊ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံမှ သက်ဆိုင်ရာ ၀န်ကြီးဌာနများမှ တာဝန် ရှိသူများ နည်းပညာဆိုင်ရာ အဆင့်မြင့် ဆွေးနွေးမှုများကို သြဂုတ်လ ၂၄ ရက်နေ့က Chatrium Hotel တွင် ပြုလုပ်ခဲ့ကြသည်။
မြန်မာနိုင်ငံ၏ ပို့ဆောင်ဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ဂျပန်နိုင်ငံမှ ပို့ဆောင်ဆက် သွယ်ရေးဆိုင်ရာ ကျွမ်းကျင် ပညာရှင်များ၊ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံမှ သက်ဆိုင်ရာ ၀န်ကြီး ဌာနများမှ တာဝန်ရှိသူများ နည်းပညာဆိုင်ရာ အဆင့်မြင့် ဆွေးနွေးမှုများကို သြဂုတ်လ ၂၄ ရက်နေ့က Chatrium Hotel တွင်ပြုလုပ်ခဲ့ကြသည်။

အဆိုပါ အဆင့်မြင့် ဆွေးနွေးပွဲသို့ ပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်၊ ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေး ဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်လင်း၊ ရေကြောင်း

ဘောင်ဘီချွတ် နဲ့ ပညာရေး


ဘောင်ဘီချွတ် နဲ့ ပညာရေး
၂၄.၈.၂၀၁၂
မြန်မာနိုင်ငံ ပညာရေး သုတေသန အဖွဲ့ဦးစီးဌာန ညွှန်ချုပ်နှင့် မြန်မာနိုင်ငံ စာစစ်အဖွဲ့ ဥက္ကဌ ရာထူး နေရာတွင် ဘောင်းဘီချွတ်တွေ ၀င်လာပြန်ပြီ......
 
နိုင်ငံဖွံ့ဖြိုး တိုးတက်ဖို့ ပညာရေး ကောင်းမှ ဖြစ်မယ်ဆိုတာ အများ ပြည်သူ အားလုံး သိကြပါတယ်။ မကြာခင်က ပြုလုပ်တဲ့ ဒုသမ္မတ စိုင်းမောက်ခမ်းရဲ့ အလုပ်ရုံ ဆွေးနွေး ပွဲမှာ ဌာနဆိုင်ရာတွေရဲ့ ထိပ်ပိုင်း ရာထူးတွေမှာ လူမှန်နေရာမှန် ဖြစ်ဖို့နဲ့ စစ်တပ်မှ အကြောင်း အမျိုးမျိုးနဲ့ ရောက်လာတဲ့ ယူနီဖောင်းချွတ်တွေကို ထိပ်ပိုင်း ရာထူးတွေ မပေးတော့ဘူးဆိုလို့ ၀မ်းသာနေမိပါတယ်။ အခုတော့ လစ်လပ်သွားတဲ့ မြန်မာပညာရေး သုတေသနအဖွဲ့ ညွှန်ချုပ်ရာထူးနေရာနဲ့ မြန်မာနိုင်ငံ စာစစ်အဖွဲ့ဥက္ကဌ ရာထူး နှစ်နေရာစလုံးကို ပညာရေးအကြောင်း လုံးဝမသိတဲ့ စစ်တပ် ဘောင်းဘီချွတ် ဗိုလ်မှူးကြီး ကျော်စိုးကို ခန့်လိုက်တဲ့အတွက် ပညာရေးဝန်ကြီးကို ပညာရေး အသိုင်းအ၀ိုင်း အားလုံးက သြဘာ ပေးနေကြပါတယ်။ ပညာရေး သုတေသနမှာ P.hD ဘွဲ့ရရှိပြီး ပညာရေး အတွေ့အကြုံရင့်ကျက်တဲ့ ဒုညွှန်ချုပ် ဒေါက်တာ ဒေါ်ခင်မျိုးမြင့်ကြူ လိုမျိုး ပညာတတ်တွေ ရှိပါလျှက်နဲ့ ဘာကြောင့် ဒီတပ်ထွက်တွေကိုဘဲ ခန့်တာလည်း ဆိုတာ နားမလည်ဘဲ ဖြစ်နေပါတယ်။ ၀န်ကြီး ဒေါက်တာမြအေးကဘဲ တလွဲတွေ လုပ်နေတာလား၊ ဒုဝန်ကြီး ဦးအေးကြူ(ဗိုလ်မှူး-ငြိမ်း၊ OTS-65ဆင်း)ကဘဲ ကြိုးကိုင် လှုပ်ရှားနေတာလား ဆိုတာကို ပညာရေး ၀န်ထမ်းတွေအနေနဲ့ စိတ်ပျက် နေကြပါတယ်။


အရပ်သူ အရာရှိ အမျိုးသမီးတစ်ဦးအား ရုံးအဖွဲ့မှူး တစ်ဦးမှ ကိုယ်ထိလက်ရောက် လက်သီးဖြင့် ထိုးကြိတ်ခဲ့သည် ဆိုခြင်း

နေပြည်တော် ပညာရေးဝန်ကြီးရုံး ဌာနခွဲ(၂)တွင် တာဝန် ထမ်းဆောင်ထမ်းဆောင်နေ သော ဦးစီးအရာရှိ ဒေါ်မြင့်မြင့်စိန်အား ရုံးအဖွဲ့မှူးဖြစ်သူ ဦးဝင်းဆွေမှ တာဝန် ထမ်းဆောင်နေစဉ် စိတ်အလိုမကျမှုဖြင့် မည်သည့် တစ်စုံတစ်ရာ မှားယွင်းမှု မရှိဘဲ ကိုယ်ထိလက်ရောက် လက်သီးဖြင့် ထိုးကြိတ်ခဲ့သည့် ဖြစ်ရပ်ပေါ်ပေါက်ခဲ့ ပါသည်။ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်စိန်မှ မိမိမှ မှားယွင်းမှု တစ်စုံတစ်ရာမရှိဘဲ ကိုယ်ထိ လက်ရောက် စော်ကားခံရမှုနှင့် ပတ်သက်ပြီး ၀န်ကြီး၊ ဒုဝန်ကြီး တို့ထံ သွားရောက်တိုင် ကြားရာ ၀န်ကြီး၏ ကိုယ်ရေးအရာရှိ ဦးအောင်ထိုက်မှ ၀န်ကြီးနှင့် တွေ့မပေးနိုင် ကြောင်း၊ ခင်ဗျားကို နယ်ပြောင်းပစ်မည် ဖြစ်ကြောင်း၊ ကြိမ်းမောင်း ထုတ်ခဲ့ပါသည်။ ဒုဝန်ကြီး ဦးအေးကြူထံ သွားရာတွင်လည်း အိပ်နေသည်ဟု ဆိုကာ တွေ့ခွင့် မရရှိခဲ့ကြောင်း အကြိမ်ကြိမ်တွေ့ရန် ကြိုးစားသော်လည်း ၀န်ကြီး၊ ဒုဝန်ကြီးမှ အတွေ့မခံခဲ့ပါ။ ရုံးအဖွဲ့မှူးအား ၀န်ကြီးနှင့် ဒုဝန်ကြီးတို့မှ အကာအကွယ်ပေး ထားပါသည်။ ထိုကဲ့သို့ အမျိုးသမီး အရာထမ်း တစ်ဦးအပေါ် ရုံးအဖွဲ့မှူးမှ ကိုယ်ထိ လက်ရောက် စော်ကားခဲ့ခြင်းနှင့် ပတ်သက်ပြီး ထိရောက်စွာ အရေးယူပေးနိုင်ရန် နိုင်ငံတော် သမတ္တကြီးထံ တိုင်ကြားထားကြောင်းနှင့် ၀န်ထမ်းများ အနေဖြင့် မကျေမနပ် ဖြစ်လျှက်ရှိကြောင်း သိရပါသည်။

မတရားအနိုင်ကျင့် အဖိနှိပ်ခံ ၀န်ထမ်းတွေရဲ့ဘ၀ကို ကာကွယ်စောင့်ရှောက် ပေးနိုင်ပါရန် နိုင်ငံတော်သမ္မတကြီးအား တင်ပြခြင်း

နေပြည်တော် ပညာရေး ၀န်ကြီးရုံးတွင် တာဝန်ထမ်းဆောင်နေသော ကွန်ပျူကျွမ်းကျင် ၀န်ထမ်း ဦးဝေအောင်ဗျင်နှင့် ဇနီးဖြစ်သူ ကွန်ပျူတာ ကျွမ်းကျင် နော်စေးလာဖော အပါအ၀င် ၀န်ထမ်း(၇)ဦးတို့အား ဒုတိယ၀န်ကြီး ဦးအေးကြူ၏ အမိန့်ဟုဆိုကာ အပြစ်တစ်စုံတစ်ရာ ဖော်ပြခြင်းမရှိဘဲ ဝေးလံ ဒေသများသို့ ပြောင်းရွှေ့ ပြစ်ဒဏ်ပေးခဲ့သဖြင့် ၀န်ထမ်းများအကြားတွင် စိုးရိမ်ကြောက်ရွံ့မှု ပေါ်ပေါက်လျှက် တာဝန် ထမ်းဆောင် နေရပါသည်။ ဦးဝေအောင်ဗျင်အား ဖားအံပညာရေး ကောလိပ်သို့လည်းကောင်း၊ ဇနီးဖြစ်သူ နော်ဆေးလာဖောအား မော်လမြိုင် ပညာရေးကောလိပ်သို့လည်းကောင်း ပြောင်းရွှေ့ ခံခဲ့ရပါသည်။ နော်စေးလာဖောသည် မွေးကင်းစခလေးငယ် တစ်ဦးနှင့်အတူ မိသားစု တကွဲတပြားစီ ဖြစ်ကာ လူမှုရေး အတိဒုက္ခများ ခံစားနေရပါသည်။ ပြောင်းရွှေ့ခံရသူများ အနေဖြင့် မည်သည့်အကြောင်းကိုမူ မသိရှိခဲ့ကြပါ။ ဒုဝန်ကြီးနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှ ပြောကြားချက်အရ ဒုဝန်ကြီး၏ အတွင်းရေး လျှို့ဝှက်ချက်များ ပေါက်ကြားမှုအရ အပြစ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။ ထိုကဲ့သို့ လက်အောက် ငယ်သားများအပေါ် နိုင့်ထက်စီးနင်း လုပ်ကာ သောက်စားမူးယစ်ပြီး မတရား အခွင့်အရေးများယူလျှက် ပညာရေးဌာနတွင် လူကြီးလုပ်နေသော ဒုဝန်ကြီး ဦးအေးကြူအား အရေးယူ ဖယ်ရှားပေးနိုင်ပါရန် တင်ပြအပ်ပါသည်။

ပညာရေးဝန်ကြီးရုံးမှ ၀န်ထမ်းတစ်ဦး
 
Copy from - Myanmar News Now

Friday, August 24, 2012

PASSWORD တွေ လုံခြုံမှု မရှိတော့ဘူးလား ?


YAHOOတို့၊ Gmail တို့မှာ password ရှည်ရှည် ပေးထားရုံနဲ့ မလုံခြုံနိုင်တော့ပါဘူး။

Online sevice တွေမှာ ပါလေ့ရှိတဲ့ မတော်တဆ password မေ့ခဲ့ရင် အလွယ်တကူ ပြန်ဖော်နိုင်တဲ့ secret question တွေဟာ မသမာတဲ့သူတွေအတွက် အလွယ်တကူ ၀င်ရောက်နိုင်တဲ့လမ်းကြောင်း တစ်ခု ဖြစ်နေပါတယ်။

Facebook ၊ twitter စတဲ့ online service တွေများ လာတာနဲ့အမျှတခုနဲ့ တခု အဖောက် ခံရရင် နောက်တစ်ခု လည်း ဖောက်ပြီးသား ဖြစ်သွားတတ်ပါတယ်။

ဘယ်လိုကာကွယ်ကြမလဲ?