Tuesday, July 31, 2012
ဂျပန်မှာ (၉)
ဂျပန်မှာ (၉)
ဒီနေ့ ခေတ်အချိန်အခါမှာ ကမ္ဘာတဝှမ်းမှာရှိကြတဲ့ မြန်မာနိုင်ငံသားတွေအလည်မှာ ရေပန်းအစားဆုံး စကားလုံးများကို ပြပါဆိုလျှင် (နိုင်ငံရေး၊ ဒီမိုကရေစီနဲ့ ဒုက္ခသည်)စတဲ့ စကားလုံး ၃လုံးဟာ မပါမဖြစ် အနေအထားမှာ ရှိနေပါတယ်။
ဒီတော့ ဂျပန်မှာလည်း လွန်ခဲ့တဲ့ ခြောက်နှစ် ၇နှစ်လောက်ကတည်းက ဒုက္ခသည်ဆိုတဲ့ စကားလုံးဟာ ရေပန်းစားခဲ့တယ်ဆိုပါတော့။
ဒီအကြောင်းရေးဖို့ ကျွန်ုပ်အနေနဲ့ အချိန်များစွာယူရပါတယ်။ အများကြီးလည်း ဆင်ခြင်ပြီး၊ တတ်သိနားလည်သူ၊ ကိုယ်တိုင်တွေ့ကြုံသူ စတဲ့ လူများစွာနဲ့လည်း တိုင်ပင်ပြီး ခဏခဏပြန်ပြင်ရေးရပါတယ်။ ကျွန်ုပ်အနေနဲ့ မည်သူတဦးတစုံတယောက်ကိုမှ အရှက်ခွဲလိုစိတ်၊ သူတပါး၏ ရည်ရွယ်ချက်၊ ယုံကြည်ချက်တို့ကို ထိပါးစော်ကားလိုစိတ် အလျဉ်းမရှိပါ။
ဤဆောင်းပါးကို ရေးရသော ရည်ရွယ်ချက်မှာ ( ဂျပန်လေဆိပ်အထိရောက်အောင်သွားလိုက်၊ ဟိုရောက်ရင် ဒုက္ခသည်လျှောက်လိုက်၊ ပြီးရင်ပြီးပြီ) လို့ ကိုယ်မခံရတိုင်း ပိုက်ဆံမျက်နှာတခုတည်းကို ကြည့်ပြီး လက်လွတ်စပယ် လွယ်လွယ်လေး ပြောတတ်ကြသော ပွဲစားများ၏ စကားကို ဆင်ခြင်သုံးသပ် သတိထားမိကြစေရန် စေတနာ သက်သက်ဖြင့် ရေးခြင်းဖြစ်ပါသည်။
ဤဆောင်းပါး မရေးရ၍လည်း ကျွန်ုပ်ထမင်းမငတ်ပါ။ အလုံးအရပ်လည်း မလျော့ပါ။ ဘာဆို ဘာမှ ယုတ်လျော့သွားခြင်းမရှိပါ။ ဤဆောင်းပါး ရေးခြင်းကြောင့်သာ ကျွန်ုပ်အချိန်များစွာ ပေးရပါသည်။ အခန့်မသင့်၍ အနာပေါ်တုတ်ကျသူများနှင့် တွေ့ပါက ဆဲဆိုခြင်း၊ ကိုယ်ရေးကိုယ်တာများကိုပါ ထိခိုက်၍ ရိုင်းစိုင်းစွာ အပြောခံရခြင်းများသာ ကျွန်ုပ်အတွက် ရလာဒ်များ ဖြစ်နိုင်ပါသည်။
စီးပွားရေးသမားဆိုတာကတော့ ခေတ်အဆက်ဆက် နေရာတိုင်းမှာ အချိန်တိုင်းမှာ ခေတ်ကာလ ရေစီးကြောင်းအတိုင်း ဗယ်ကွေ့ရောက်ရင် ဗယ်တက်၊ ညာကွေ့ရောက်ရင် ညာတက်နဲ့ လှော်ခတ်ပြီး ကာလဒေသကို လိုက်ပြီး စီးပွားရှာကြစမြဲပါ။ ဒါကိုအပြစ်ပြောလို့ မရနိုင်ပါဘူး။ ငါ့ဝမ်းပူဆာ မနေသာလို့ပဲ သဘောထားပါသည်။
မြန်မာပြည်ကြီး ခေတ်မကောင်းတော့ ခေတ်မကောင်းတဲ့ အလျောက် စီးပွားရှာကြရာမှာ ဂျပန်မှာ ဒုက္ခသည်အဖြစ် ခိုလှုံခွင့်လျှောက်တဲ့ ကိစ္စတခုဟာလည်း စီးပွားရေးဈေးကွက် တခုဖြစ်ခဲ့ပါတယ်။ ဒုက္ခသည်အဖြစ် ခိုလှုံခွင့် လျှောက်ထားခြင်းကို ဂျပန်မှာ (ဒုက္ခသည်လျှောက်တယ်) လို့ ပြောကြပါတယ်။ ဒီ့ထက် တိုအောင် ပြောတတ်ကြတာကတော့ (လျှောက်တယ်) တဲ့။
၂၀၀၇ခုနှစ် ရွှေဝါရောင် တော်လှန်ရေးကြီးပြီးတဲ့ နောက်ပိုင်းမှာ မြန်မာပြည်ကနေ ဂျပန်ကို ဒုက္ခသည်အဖြစ် ခိုလှုံဖို့ ရည်ရွယ်ချက် သက်သက်နဲ့ လာခဲ့သူတွေ အတော်ကလေး ရှိခဲ့ပါတယ်။ ဂျပန်ကို ဒုက္ခသည် လျှောက်ဖို့လာသူ မြန်မာနိုင်ငံသား တယောက်ရဲ့ ယေဘုယျ လုပ်ထုံးလုပ်နည်း အဆင့်ဆင့်ကတော့
လယ်သမားတွေ ဆန္ဒပြမှာကို စိုးရိမ်ပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ကျောက်လှဲဘိန်းရွာမှာ ဒေသခံ လယ်သမားတွေ ဆန္ဒပြမှာကို စိုးရိမ်ပြီး ဒေသခံ ခြေမြန် တပ်ရင်း ၁၄၈ က ပြီးခဲ့တဲ့ ၂၆ ရက်နေ့ကစပြီး အပြင်မထွက်ရ အမိန့် ထုတ်ပြန် ထားတယ်လို့ သိရပါတယ်။
တောင်သူ လယ်သမားတွေရဲ့ အခက်အခဲကို လိုက်ပါကူညီ ဆောင်ရွက်ပေးနေတဲ့ သပိတ်ကျင်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့  တာဝန်ခံတွေက အဲဒီ ခမရ ၁၄၈ က မြေသိမ်းယူခံထားရတဲ့ လယ်ပိုင်ရှင် ဒေသခံ လယ်သမားတွေနဲ့ တွေဆုံ ဆွေးနွေးတဲ့ နေ့မှာပဲ အခုလို ထုတ်ပြန်လိုက်တာလို့ ကျောက်လှဲဘိန်းရွာက လယ်သမားကြီး ဦးဝင်းကြိုင်က ပြောပါတယ် ။
"ကျွန်တော်တို့ ကျောက်လှဲဘိန်းရွာမှာ ၁၄၄ ကို ၂၆ ရက်နေ့က ထုတ်ပါတယ်ခင်ဗျ။ သူတို့ ပိတ်ထားတဲ့ လယ်တွေ ကျွန်တော်တို့က လုပ်မလို့ လုပ်တဲ့အခါကျတော့ ၁၄၄ အမိန့်ထုတ်တယ်။ တောထဲကို နေ့လည်နေ့ခင်း မြစ်မချိုးရဘူး။ ဝါးမခုတ်ရဘူး။ အဲတာတွေ ပိတ်ပင် တားမြစ်တယ်ဗျ။ သူတို့က ပစ်မယ်၊ ခတ်မယ်ပေါ့။ အဲဒီလိုမျိုး။ ကျွန်တော်တို့ရဲ့ စားဝတ်နေရေး အခက်အခဲတွေ ဖြစ်နေတယ်ခင်ဗျ"
ကျောက်လှဲဘိန်းရွာ လယ်သမားတွေ ဘိုးဘွား လက်ထက်ကတည်းက လုပ်ကိုင်လာခဲ့တဲ့ လယ်ယာမြေ ဧက ၃၀၀ ကျော်ကို ခမရ ၁၄၈ က ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်မှာ သိမ်းယူ ခဲ့တယ်လို့ ပြောပါတယ်။
နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုအတွက် ကောင်းမွန်သောအစိုးရအဆင့် သတ်မှတ်ချက်
မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှု မြင့်မား နေခြင်းသည် အနောက် နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့ထားခြင်း (Sanction) ကြောင့် ဖြစ်တယ်လို့ စစ်ခေါင်းဆောင်များက ဝေဖန်တတ်လေ့ ရှိပါတယ်။
ဆိုင်သလား၊ မဆိုင်ဘူးလား ဆိုတာ ကြည့် ကြရအောင်ပါ။ စင်ကာပူ အခြေစိုက် VRIENS & PARTNERS အဖွဲ့ဟာ နိုင်ငံတကာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုမှာ စီမံခန့်ခွဲမှု စိတ်ချရတဲ့ အစိုးရကောင်း (good governance) အဆင့် သတ်မှတ် ပေးလေ့ရှိပါတယ်။ ၂၀၁၁ ခုနှစ်အတွက် အာရှ-ပစိဖိတ်ဒေသ နိုင်ငံ ၁၉ နိုင်ငံ ကို မဏ္ဍိုင် ၆ ခု (Six Pillars) နဲ့ တိုင်းတာပြီး အဆင့် သတ်မှတ်ရာမှာတော့ မြန်မာနိုင်ငံက အားလုံးရဲ့ အောက်ဆုံး အဆင့် ၁၉ ဆွဲပါတယ်။ Laos နိုင်ငံတောင် မြန်မာနိုင်ငံ အဆင့်ရဲ့ အပေါ်မှာပါ။ အံ့သြဖို့ကောင်းတာက စီးပွားရေး ပိတ်ဆို့တာနဲ့ လားလားမျှ မဆိုင်တာ တွေ့ရပါတယ်။ Sanction မလုပ်ထားတဲ့ အာရှနိုင်ငံတွေလည်း ဘာဖြစ်လို့ မလာသလဲဆိုတော့ အခုအောက်မှာ ဖော်ပြပါ အချက်အလက်တွေကို ကြည့်ပြီး ကြောက်လို့ မလာတာ ပိုများပါသတဲ့။ ရင်းနှီး မြှုပ်နှံသူတွေဟာ အစိုးရကောင်း အဆင့် သတ်မှတ်ချက်မှာ မူတည်ပြီး စိတ်ချရတဲ့ နိုင်ငံတွေမှာ သူတို့ငွေတွေကို ဖြုန်းတတ် လေ့ရှိပါတယ်။ အစိုးရအနေနဲ့ အောက်ဖော်ပြပါ အရေးကြီး ကဏ္ဍတွေမှာတောင် စည်းကမ်း မရှိရင်တော့ ဘယ်လုပ်ငန်းရှင်မှ ရေရှည်အတွက် စဉ်းစားမှာ မဟုတ်ပါဘူး။ သယံဇာတ နှိုက်ယူမယ့် လုပ်ငန်းရှင် အပေါစားတွေ လောက်ပဲ လာမှာပါ။
အဲဒီ အဆင့်သတ်မှတ်ချက် မဏ္ဍိုင် ၆ ခု ကတော့ ...
“မြန်မာနိုင်ငံကို လာတဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေ စိတ် အဆင်းရဲဆုံးမှာ အခွန် ဘယ်မှာ ဆောင်ရမလဲ ဆိုတဲ့အချက် ဖြစ်ပါသတဲ့။ လမ်းကြော ရှင်းတဲ့ကိစ္စ သူတို့ နားမလည်ပါ။ ၀န်ကြီး အိမ်မှာလား၊ လက်ဖက်ရည် ဆိုင်မှာလား၊ ၀ါးတားဂိတ် (၀ါးလုံးနဲ့ တားပြီး တောင်းတဲ့ ဂိတ်တွေ) မှာ ဆောင်ရင် ပြီးတာလား၊ ဘယ်တော့ ဆောင်ရမလဲ၊ ဘယ်လောက် ဆောင်ရမလဲ၊ ဘယ်ရုံးများ သွားရမလဲ၊ တခါ ဆောင်ပြီးရင် ပြီးပြီလား။ ဘာမှ ရှင်းရှင်းလင်းလင်း မရှိတဲ့ နေရာမှာ အခွန် ဆောင်မယ့်ကိစ္စသည် သူတို့ လုပ်ငန်းကို စီမံ ခန့်ခွဲတာထက် ပိုခက်တယ်တဲ့။”
(၁) ဥပဒေစိုးမိုးရေး (Rule of Law)
မြန်မာပြည်မှာ သိတဲ့အတိုင်း ဗိုလ်ချုပ်များက ဥပဒေရဲ့အပေါ်မှာ ခွထိုင်ထားတယ်၊ သူတို့ပါးစပ်က အရက်နံ့နဲ့အတူ ထွက်လာတဲ့ စကားက ဥပဒေထက် ပြင်းတယ်။ လိုတမျိုး၊ မလိုတမျိုး သုံးတဲ့ ဥပဒေမျိုးကလည်း ဖောင်းပွနေတယ်။ ဗြိတိသျှခေတ် ဥပဒေတောင် ပါသေး။ ဒီလိုနဲ့ အုပ်ချုပ်တာ နှစ်ပေါင်း ၅၀ ကျော်ပါပြီ။ အခုလည်း မပြောင်းသေးဘူး ဆိုတဲ့ သဘောပဲ။
(၂) နိုင်ငံတကာစီးပွားရေးနှင့် ကုန်သွယ်မှုမှာ ထင်သာမြင်သာရှိမှု (Openness to International Trade & Business)
ဗိုလ်ချုပ်တွေနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းလောက်က ဘယ်အချိန်၊ ဘာတင်ပို့မှန်းလဲ မသိ၊ ပြည်သူ အများပိုင်းက ဘယ်သူ့ကို လျှောက်လွှာ တင်ရမှန်းမသိ၊ ဘယ်ဌာန အရေးကြီးမှန်းလဲ မသိ၊ ဘယ်နေ့ ဘာလုပ်ပိုင်ခွင့် ချပေးမှန်းလဲ မသိ။ ဘာတင် သွင်းခွင့်ရှိမှန်းလဲ မသိ။ အများသိအောင်လဲ မကြေညာ။ ဖုံးဖုံးဖိဖိနဲ့ လုပ်စားနေတဲ့ အုပ်စုသာလျှင် ရှိသမျှ လုပ်ပိုင်ခွင့် အားလုံး သိမ်းကျုံးယူလိုက်မှ ... အော် ... သူက ကားပါမစ်၊ ဟော ... နောက်တယောက်က ကိုယ့်ရဲ့ ဘိုးဘွားပိုင် ခြံမြေယာမြေရဲ့ ပိုင်ရှင်ဖြစ်သွား၊ ဟိုအဖွဲ့က ရှိရှိသမျှ သယံဇာတ အားလုံး ပိုင်သတော်မူသော အရှင်သခင်ဖြစ်သွား၊ ဒီအဖွဲက ထွက်ကုန် အားလုံးရဲ့ သခင်ဖြစ်သွား ... ဆိုတာမျိုးတွေပေါ့။ အခုလည်း ဒေါ်စု ပြောနေပြီ။ ရခိုင်ကမ်းလွန် သဘာဝ
Monday, July 30, 2012
ပြည်ပအကူအညီမပါဘဲ ကျွနု်ပ်တို့ဖြေရှင်းနိုင်ပါသည်။
မြန်မာသံရုံးများရှေ့မှာ ဆန္ဒပြခြင်း၊ အလံမီးရှို့ပြခြင်း၊ သမ္မတ၏ဓာတ်ပုံအား မဖွယ်မရာပြုလုပ်ခြင်း၊ မြန်မာနိုင်ငံ၏ အကျိုးစီးပွားများအား တိုက်ခိုက် ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ခြင်းများသည် "မည်သည့် အကျိုးတရားကိုမှ ရရှိလာမည်မဟုတ်ဘဲ - ပြည်တွင်းမှ အစ္စလာမ်ဘာသာဝင်များအတွက် ပိုမို ခက်ခဲကျပ်တည်းသော အခြေအနေတရပ်သို့ တွန်းပို့ပေးသလိုသာဖြစ်မည်ကို သတိချပ်သင့်ပါသည်" ဆိုပြီး ရေးထားတဲ့ မေတ္တာရပ်ခံချက် တစောင်ကို ကိုမောင်မောင် (မောင်မောင်/ရွှေကရ၀ိတ်) ရဲ့ facebook မှာ တွေ့ရပါတယ်။
အပြည့်အစုံက ဒီလိုပါ -
ပြည်ထောင်စု မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များ၏ သဘောထား။ 
နိုင်ငံတကာသို့ မေတ္တာရပ်ခံခြင်း။ 
ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း အေးချမ်း တည်ငြိမ်စွာနေလိုသော နိုင်ငံတော်ကို ချစ်မြတ်နိုးသော မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် တစ်ယောက် အနေနှင့် နိုင်ငံတကာရှိ အစ္စလာမ်ဘာသာဝင်များ၊ အစိုးရအဖွဲ့များ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ လူ့အခွင့်အရေး အဖွဲ့အစည်းများ၊ အစ္စလာမ် ဘာသာရေး အဖွဲ့အစည်းများ သို့ အောက်ပါအတိုင်း မေတ္တာရပ်ခံအပ်ပါသည်။
ကျွန်ုပ်တို့ မြန်မာမွတ်စလင်မ် လူ့အဖွဲ့အစည်းသည် ရှေးယခင် နှစ်ပေါင်းများစွာ ရှေးမြန်မာဘုရင်များ လက်ထက်ကထဲက လူမျိုးစုံ ဘာသာတရားမျိုးစုံနှင့် အတူ အေးအတူပူအမျှ ကောင်းတူဆိုးဖက် ငြိမ်းချမ်းစွာ အတူလက်တွဲ နေထိုင်နေခဲ့ကြသူများ ဖြစ်ပါသည်။
တမိထဲမှ မွေးဖွားလာသော တအူတုံဆင်း ညီအစ်ကိုမောင်နှမ အရင်းအချာများ အတွင်းတွင်ပင် ပြသနာဆိုသည်မှာ ရှိတတ်ပါသည်။
ကျွန်ုပ်တို့ လူ့အဖွဲ့အစည်းတွင်လည်း လူမျိုးစုံ ဘာသာစုံ ဖြစ်သည့်အားလျှော်စွာ  သဘောထား အမြင်ကျဉ်းမြောင်းသူများ - အယူသီးသူများ - တယူသန်သူများ ထိပ်တိုက် တွေ့သောအခါ ပဋိပက္ခ အထိကရုန်း အသွင်ဆောင်သော ပြသနာများ ဖြစ်ပွားခဲ့သည်မှာ မငြင်းနိုင်သော ကိစ္စများ ဖြစ်ပါသည်။
မကြာခဏ ဖြစ်ပွားခဲ့သော ပြသနာများကို နိုင်ငံတော်မှ တာဝန်ရှိသူများက မှန်မှန်ကန်ကန် ဖြေရှင်းပေးသည်ဖြစ်စေ - မဖြေရှင်းပေးသည် ဖြစ်စေ ကျွန်ုပ်တို့ အချင်းချင်း ဖြစ်သည့်နည်းနှင့်  ပြေလည်အောင် တည်ငြိမ်မှု ရှိအောင် ဖြေရှင်းခဲ့သည်သာ ဖြစ်ပေသည်။
ကျွန်ုပ်တို့ အချင်းချင်းဖြစ်သော ပြသနာများအတွက် မည်သည့် ပြည်ပအကူအညီမှ မပါဘဲ ကျွန်ုပ်တို့ ဖြေရှင်းနိုင်ပါသည်။
ပြည်ပမှ ကျွန်ုပ်တို့၏ ပြသနာများအတွင်း ဝင်ရောက် စွက်ဖက်မှုများ ရှိလာသည့်အခါ ကျွန်ုပ်တို့ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော အစ္စလာမ် ဘာသာဝင်များအတွက် ပိုမိုခက်ခဲသော အခြေအနေများကိုသာ ဖြစ်ပေါ်စေခဲ့သော သာဓကများ ရှိခဲ့ပါသည်။
မည်သည့် အကြောင်းပြချက်နှင့် ပြုလုပ်သည်ဖြစ်စေ တာလီဘန်များက ဗုဒ္မရုပ်ပွားတော်များကို ဖျက်စီးခဲ့သည့် အကျိုးဆက်များသည် ကျွန်ုပ်တို့အတွက် ဆိုးယွားလှစွာသော ဘာသာရေး စော်ကားမှု အမည်းစက်အဖြစ် အပြစ်တင် ခံနေရဆဲဖြစ်နေပါသည်။ ရုပ်ပွားတော်များကို ဖျက်ဆီးခဲ့သူများ
"၂၀၁၄ မြန်မာတစ်နိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ယူမှုတွင် ရိုဟင်ဂျာ ပါမည်မဟုတ် "
၂၀၁၄ မြန်မာတစ်နိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ယူမှုတွင် ရိုဟင်ဂျာ ပါမည်မဟုတ်ဟု လ၀က ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီ က ယနေ့ နိုင်ငံခြားရေး ၀န်ကြီးရုံးဟောင်းတွင် ရခိုင်အရေးနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား ခဲ့ခြင်းဖြစ်သည်။ 
ထို့ အပြင် ဘင်္ဂလားဒေရှ် သံ အမတ်ကြီး၏ “ရိုးဟင်ဂျာများမှာ မြန်မာတိုင်းရင်းသား ၁၃၅ မျိုးတွင် ပါဝင်ခြင်းရှိမရှိ “ ဟူသော အမေးကိုလည်း ၄င်းက ရိုဟင်ဂျာများမှာ ပထမ အင်္ဂလိပ် ကျူးကျော်စစ်ပြီးနောက်ပိုင်းမှ မြန်မာနိုင်ငံသို့ ရောက်ရှိ လာခဲ့ခြင်းဖြစ်ပြီး မြန်မာတိုင်းရင်းသား မဟုတ်ကြောင်း တရားဝင် ငြင်းဆို လိုက်သည်။
Copy from - Popular Myanmar News Journal
အမိန့် မနာခံသည့် ရှေ့တန်းတပ်မှူးများ ရှိလာ
July 30, 2012
ကချင်ဒေသတွင် ထိုးစစ်ဆင် တိုက်ခိုက်နေသော တပ်ဖွဲ့ဝင်များတို့သည် နောက်တန်း စစ်ဆင်ရေး ကွပ်ကဲရေး ဗျူဟာစခန်း မှ စစ်ဆင်ရေး ညွှန်ကြားမှုကို လိုက်နာရန် ငြီးငွေ့လာနေကြောင်း သိရှိရသည်။
 အချို့တပ်ဖွဲ့ဝင်များသည် တစ်နှစ်ကျော်ခန့် ရှေ့တန်းတွင်သာ အချိန်ဖြုန်းနေရပြီး တပ်ဖွဲ့ဝင်အင်အား များစွာ ပြုန်းတီး နေကြရသည်။ အနေဆင်းရဲ၊ အစားဆင်းရဲ၊ ကျန်းမာရေး ယိုယွင်းဖြစ်ကြရကာ စိတ်ဓါတ်ကျဆင်းနေကြရသည်။ ဤကဲ့သို့ အခက်အခဲများစွာကို ရင်ဆိုင် နေကြရသဖြင့် အထက်မှ ညွှန်ကြားချက်အတိုင်း လိုက်နာ ဆောင်ရွက်ခြင်း မရှိကြတော့ချေ။
ဗျူဟာမှူး မှ ညွှန်ကြားလာသော KIA ကို နေ့စဉ် ရင်ဆိုင်တိုက်ခိုက်ရန် ညွှန်ကြားချက်ကို လိုက်နာရန် ဆန္ဒ မရှိတော့သဖြင့်၊ ရှေ့တန်းရောက် စစ်ကြောင်းမှူးများသည် အထက်သို့ အစီရင်ခံစာကို လိမ်လည်၍ တင်ပြ နေကြကြောင်း သိရှိရသည်။ နေ့စဉ် KIA နှင့် မည်သည့် အရပ်တွင် ရင်ဆိုင် တိုက်ခိုက်နေကြ ကြောင်း၊ ရန်သူအလောင်း မည်မျှသိမ်းဆည်း ရမိကြောင်းကို မဟုတ်မမှန် အစီရင်ခံ တင်ပြနေကြ ကြောင်း သိရှိရသည်။
Copy from -  myitkyina
၂၀၁၃ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် ဂျပန်သွားမည်
July 30, 2012
မနေ့က ဒေါ်စု ကနေပြည်တော်မှာ သတင်းထောက်တွေကို ပြောလိုက်ပါတယ်။ လာမယ့် နှစ် ၂၀၁၃ ခုနှစ် ချယ်ရီပန်းတွေ ပွင့်ချိန် မတ်လ ကုန်လောက် ဂျပန်နိုင်ငံကို သွားဖို့ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မနေ့က သတင်းထောက်တွေကို နေပြည်တော်မှာ ပြောလိုက်တာကို AP သတင်း တပုဒ်မှာ ဖော်ပြ ထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဂျပန် နိုင်ငံခြားရေး ၀န်ကြီး မြန်မာနိုင်ငံကို လာစဉ်ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခဲ့ပြီး ဂျပန်နိုင်ငံကို လာရောက် လည်ပတ်ဖို့ ဖိတ်ကြား ခဲ့ပါတယ်။
သတင်းရင်းမြစ် - ဧရာဝတီ
သင်္ခါရ တရား နဲ့ စစ်အာဏာရှင်များ - အပိုင်း (၁)၊(၂)
သင်္ခါရ တရား နဲ့ စစ်အာဏာရှင်များ - အပိုင်း (၁)
ဒီနေ့ စစ်အာဏာရှင် ပေါက်စလေးတွေလည်း သင်္ခါရတရားကို နမူနာယူကြဖို့ လိုကြောင်းနဲ့ နောက်နေ့တွေမှာ အထူး သတင်းဆောင်းပါးတွေ အဖြစ် ဆက်လက် တင်ပြသွားမှာ ဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်။ ဗိုလ်ခင်ညွှန့် လျှမ်းလျှမ်းတောက် တန်ခိုးအာဏာ ထွားခဲ့စဉ်က ကက(ကြည်း)ကို ကိုင်ထားတဲ့ ဗိုလ်မောင်အေး အနေနဲ့ တိုင်းမှူးတွေကို “မင်းတို့ ထောက်လှမ်းရေးက ခိုင်းတိုင်း လိုက်မလုပ်နဲ့”“ငြိမ်းချမ်းရေးအဖွဲ့တွေ များလာတိုင်း အထင်ကြီးစရာမရှိဘူး” လို့ မှာကြားခဲ့ဘူးပါတယ်။ ဒါပေမဲ့ အဲဒီလို မှာကြားထားတဲ့ကြားထဲက တိုင်းမှူး တွေဟာ ဗိုလ်ခင်ညွှန့်ကို ကြောက်ရွံ့ကြလို့ ကက(လှမ်း)နဲ့ ကက(ကြည်း) စစ်ဦးစီး (ဗိုလ်မှူးချုပ်) စစ်ဆင်ရေး တို့ တိတ်တဆိတ် ညှိနှိုင်းကာ အောက်ခြေမှာ နားလည်မှု ယူ ကာလုပ်ပေးကြ ရတယ်လို့ သိရှိ ရပါတယ်။ မပခ တိုင်းမှူး ဖြစ်ခဲ့ဘူးတဲ့ ဗိုလ်ချုပ် စောလွင်ဆိုရင် ကေအိုင်အေနှင့် ဆက်ဆံရေးမကောင်းလို့ ကကလှမ်း Report နှင့် ဌာနလက်ကိုင်မရှိ ၀န်ကြီးအဖြစ် လွှင့်သွား ခဲ့ဘူးပါတယ်။
ရမခတိုင်း သို့ စစ်သံမှူးများနဲ့ နိုင်ငံတကာက သံတမန်များ သွားရောက် လည်ပတ်တဲ့ ခရီးစဉ် တစ်ခုမှာ ကက (လှမ်း) က ကက(ကြည်း) ရဲ့ အရှိန်အ၀ါကို အသုံးပြုပြီး တိုင်းမှူးအား ခိုင်းလိုက်တာကြောင့် ဗိုလ်မောင်အေး မသိလိုက်ရတာမို့ ဒေါသူပုန် ထခဲ့ပါတယ်။ ဗိုလ်သန်းရွှေက သူတို့နှစ်ယောက် မတည့်တာကို အကြောဖြေခိုင်းတဲ့အနေနဲ့ သင်္ကြန် အခါတော်ရက် ကျတိုင်း ဗိုလ်ခင်ညွှန့်ရဲ့ ထောက်လှမ်းရေး ရေပက်ခံ မဏ္ဍပ်သို့ ဗိုလ်မောင်အေးအား သွားခိုင်းပါတယ်။ နှစ်တစ်နှစ်ရဲ့ သင်္ကြန်ကာလမှာ ဒေါက်တာဒေါ်တင်ဝင်းရွှေက အမျက်တော်ပြေ အဓိပ္ပာယ် စာသားပါတဲ့ သီချင်းကို အေ၀မ်းစိုးမြင့် တီးဝိုင်းနှင့် သီဆိုပြီး မြန်မာ့ရုပ်မြင်သံကြားတွင် ပြတဲ့အထိ ဖြစ်ခဲ့ဖူးပါတယ်။ ကျောက်တော်ဘုရားကြီး တည်ခဲ့တဲ့ ဗိုလ်ခင်ညွှန့်အပေါ် ဗိုလ်သန်းရွှေက ဘ၀င်မကျ ဖြစ်ခဲ့ပါတယ်။ ဒေါက်တာ ဒေါ်ခင်ဝင်းရွှေ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးတို့တွင် လှုပ်ရှားဆောင်ရွက်မှုတို့ အပေါ် ဒေါ်ကြိုင်ကြိုင်အား နေရာမပေးတဲ့အတွက် အမျက်တော် ရှတာကိုံခံရပါတယ်။ ရွှေတိဂုံဘုရားရင်ပြင် အထက်ပစ္စယံ ပတ္တမြား မျက်ရှင် ဘုရားကြီးပေါ်သို့ ရွှေတိဂုံဘုရား ထီးမတင်ခင် ဗိုလ်ခင်ညွှန့် မနက်တိုင်း သွားရောက် ပုတီးစိတ် ဘုရားဝတ်ပြုတာကို ဗိုလ်သန်းရွှေက သဘောမကျကြောင်း သိရှိရပါတယ်။ အမျိုးသားညီလာခံ စတင်ကျင်းပစဉ် အချိန်ကာလက ဒေါ်အောင်ဆန်းစုကြည်အား လွှတ်မယ်ပြောပြီးမှ ပြန်လည် ရုတ်သိမ်းခိုင်းတဲ့ ဗိုလ်သန်းရွှေနဲ့ ဗိုလ်ခင်ညွှန့် သဘောထား ကွဲလွဲခဲ့တယ်လို့ သိရှိရပါတယ်။
အခုအချိန် မှာတော့ ဗိုလ်ချုပ်ကြီး ခင်ညွှန့်ဟာ လှောင်အိမ် ထဲက ငှက်ငယ်လေး သဖွယ် အကျယ်ချူပ် စံမြန်း နေရတာ ဟာဖြင့် တရား ကျစရာ ကောင်းလှပါတယ်။ ဗိုလ်ချုပ်ကြီး ခင်ညွှန့်ဟာ နအဖ အဖွဲ့အတွင်း တန်ခိုးအာဏာ အထက်ဆုံးလို့ ပြည်တွင်းက သတ်မှတ် ခဲ့ကြပါတယ်။ သူ့လက်သူ့ခြေနဲ့ ၁၉၈၈ မှ ၂၀၀၃
အရှေ့ဂျပန် ငလျှင်နှင့် ဆူနာမိဘေးသင့်ခဲ့သော ဒေသသို့ စိတ်ဓာတ်မြင့်တင်ရေး စေတနာ့ ၀န်ထမ်း ခရီးစဉ်..
၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၂၉  ရက်။
၂၀၁၁ ခုနှစ်၊ မတ်လ အရှေ့ဂျပန် ငလျှင်နှင့် ဆူနာမိဘေးသင့်ခဲ့သော Miyagi-ken, Ishinomaki မြို့သို့ စိတ်ဓာတ် မြင့်တင်ရေး အစီအစဉ်ကို မြန်မာ့ဒီမိုကရေစီကွန်ယက်/ Network for Democracy in Burma (NDB)မှ တာဝန်ယူပြီး ဂျပန်ရောက် မြန်မာနိုင်ငံသားများက ဒီကနေ့ ဇူလှိုင်လ ၂၉  ရက်မှာ သွားရောက် ဆင်နွဲခဲ့ကြပါတယ်
ဇူလှိုင်လ ၂၁ ရက်မှသြဂုတ်လ ၁ ရက်နေ့အထိ ငလျင်ဒေသ ပြန်လည် ထူထောင်ရေး အထူး အစီအစဉ်ဖြင့် ငလျင်နှင့် ဆူနာမိဒဏ်ခံရသော မီယာဂိခရိုင် အီချိနောမခိ မြို့နယ်ရှိ ဒေသခံ ဂျပန် ပြည်သူများကို နိုင်ငံတကာနှင့် အခြားဂျပန်ဒေသ အသီသီးတို့မှ လာရောက်ပြီး အားပေး မြင့်တင် ခဲ့ကြပါသည်။
အမျိုးသား ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အပါအ၀င် ၂၀၁၁ခုနှစ် အတွင်း ၂ ကြိမ်တိုင် လာရောက် လုပ်အားပေးနှင့် မြန်မာအစားအစာ ချက်ပြုတ် ကျွေးမွေးခဲ့သည့် အီရှိနိုမတ်ခိ ငလျင်လှုတ်ခတ် ခဲ့သည့် ဒေသတ၀ှိက် မြို့ပြ ပြည်လည် တည်ဆောက်မည့် ဧရိယာကို နံနက်ပိုင်း ၉း၀၀    နာရီမှာ လည်လှယ် သွားရောက် ကြည့်ရှုခဲ့ပါတယ် ။ ဂျပန်ရောက် မြန်မာများ လုပ်အားပေး သန့်ရှင်းပေးခဲသော စက်ရုံများမှာ တနှစ် ၂လ အတွင်းမှာ မြန်ဆန်စွာ လုပ်ငန်းပြန်လည် လည်ပတ် နိုင်သည်ကို တွေ့ရှိရပါသည်။
ခရီးစဉ်တွင် ပွဲတော် ကျင်းပသည့် နေရာသို့ မြန်မာ တိုင်းရင်းသားများ ရိုးရာ အစားအသောက်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချခဲ့ကြသည့်အပြင် ဖျော်ဖြေရေး တာဝန်ယူထားသည့် အဖွဲ့များမှလည်း ယဉ်ကျေးမှု ဖလှယ်သည့် အနေဖြင့် မြန်မာရိုးရာအက နှင့်မြန်မာ့တိုင်းရင်းသားများရဲ့ ယဉ်ကျေးမှု ဖျော်ဖြေရေး အစီအစဉ်များဖြစ်  တင်ဆက်ခဲ့ကြ ပါသည်
၂၀၁၁ ခုနှစ် ငလျင်လှုတ်ခတ်ဒေသသို့ ဂျပန်ရောက် မြန်မာနိုင်ငံသားများ ၃ ကြိမ်တိုင်တိုင် သွားရောက် ကူညီခဲ့ကြသည့် " မှတ်တမ်းကို ဂျပန်ဒါရိုက်တာ ခီတဂျီမက ဖန်တီးထားသော သင်ရဲ့အနားမှာရှိသော သူငယ်ချင်း TOMODACHI " ရုပ်သံမှတ်တမ်းကို ညနေပိုင်းမှာ ပြန်လည်ပြသပါသည်။ ယနေ့ ခရီးစဉ်တွင် တိုကျိုမှ မြန်မာနိုင်ငံသား ၅၃ ဦး သွားရောက် ဆင်နွဲခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းမှတ်တမ်း ။ မိုင်းကျော်ဦး
သတင်းဓါတ်ပုံ ။ Lian Khan Sum / ကိုသာထက်
Saturday, July 28, 2012
ကမ္ဘာ့အသေးဆုံးနိုင်ငံ
 Vatican city (ဗက်တီကန်စီးတီး) နိုင်ငံ မှာ ကမ္ဘာ့အသေးဆုံးနိုင်ငံ (ကုန်းတွင်းပိတ်နိုင်ငံ) ဖြစ်ပြီး ဧက ၁၁၀ အကျယ်အဝန်းရှိ ၊(၂၀၁၁ ဇူလှိုင်လ စစ်တမ်းအရ) လူဦးရေ ၈၃၀ ကျော်သာ ရှိသော နိုင်ငံ ဖြစ်ပါသည်။ တည်နေရာမှာ ဥရောပတိုက်၊ အီတလီနိုင်ငံ၊ ရောမမြို့လယ်တွင် ဖြစ်သည်။
ကမ္ဘာ့ အသေးဆုံး အချုပ်အခြာ အာဏာပိုင် နိုင်ငံဖြစ်ပြီး သမိုင်းတစ်လျှောက် ဆွစ်ဇာလန် လုံခြုံရေးတပ်များ တာဝန်ယူလာသည့် ကိုယ်ပိုင် စစ်တပ်လည်း ရှိသည်။
ရုံးသုံး ဘာသာစကားမှာ အီတလီဖြစ်ပြီး ကိုယ်ပိုင် တယ်လီဖုန်း ကုမ္ပဏီ၊ ရေဒီယို၊ ရုပ်မြင် သံကြားဌာန၊ ငွေကြေးနှင့် တံဆိပ်ခေါင်း လုပ်ငန်းများ တည်ရှိသော နိုင်ငံငယ် ဖြစ်သည်။ နေ့အခါတွင် နိုင်ငံ မြို့တံခါးဖွင့်ကာ အဝင်အထွက် ရှိသော်လည်း ညအခါတွင် နိုင်ငံနယ်နမိတ် တံခါးကို ပိတ်ထားသည်။
Copy from - International news for myanmar
ဂျိမ်းစ်ဘွန်း၊ မစ္စတာဘင်း၊ ပန့်ခ်ဂီတ၊ ဘုရင်မကြီး၊ ဒေးဗစ်ဘက်ကမ်တို့နဲ့ လန်ဒန် ၂၀၁၂ အိုလံပစ် ဖွင့်ပွဲမြင်ကွင်း
Copy from - DVB Sports
အကြိမ် ၃၀ မြောက် နွေရာသီ အိုလံပစ် ပွဲတော် ကို လန်ဒန် မှာ ဖွင့်လှစ်
၂၀၁၂ လန်ဒန် အိုလံ ပစ် ပွဲ တော် ဖွင့် ပွဲ ဉ် တွေ့ ရသည့် မီးရှုးမီးပန်းများ
Photo : London 2012 Facebook
အိုလံပစ် မီးရှုး တိုင် ကို အမြန်ရှပ် ပြေး ရေယာဉ် ဖြင့် သိမ်းမြစ် တွင်း ဉ် သယ်ဆောင်လာသည့်  ဗြိတိသျှ ဘောလုံး အကျော် အမော် ဒေးဗစ် ဘက်(ခ)ဟမ်း  Photo : Zinbio
အိုလံပစ် မီးရှုး တိုင် ကို အမြန်ရှပ် ပြေး ရေယာဉ် ဖြင့် သိမ်းမြစ် တွင်း ဉ် သယ်ဆောင်လာသည့်
ဗြိတိသျှ ဘောလုံး အကျော် အမော် ဒေးဗစ် ဘက်(ခ)ဟမ်း Photo : Zinbio
၂၀၁၂ လန်ဒန် အိုလံပစ်ပွဲတော် ဖွင့်ပွဲဉ် တွေ့ ရသည့် မီးရှုးမီးပန်းများ
Photo : (Doug Mills/The New York Times)
July 28, 2012
၂၀၁၂ နွေရာသီ အိုလံပစ် ပွဲတော် လို့လည်း ခေါ်တဲ့ London 2012 အိုလံပစ် ပွဲတော်ကို ဒီနေ့ ဖွင့်လှစ် လိုက်ပြီ ဖြစ်ပါတယ်။ ဗြိတိန်ရဲ့ နာမည်ကျော် ဂျိမ်း(စ)ဘွန်း ၊ ၀ီလျှံ ရှိတ်စပီးယား ၊ The Beatles တေးဂီတ အဖွဲ့တွေကို ဂုဏ်ပြုပြီး အိုလံပစ် ပွဲတော်ကို ဖွင့်လှစ် ခဲ့တာလည်း ဖြစ်ပါတယ်။
ပွဲတော် မဖွင့်လှစ်ခင်မှာ ဗြိတိသျှ တော်ဝင် လေတပ်က တိုက်လေယာဉ်တွေက အလှပြခဲ့ပြီး ၊ Slumdog Millionaire ဇာတ်ကားနဲ့  အော်စကာဆု ရရှိသွားခဲ့တဲ့ ဗြိတိသျှ ဒါရိုက်တာ ဒန်နီဘွိုင်းလ်က ဦးဆောင်ပြီး ကျင်းပခဲ့ ပါတယ်။
ဇာတ်လမ်း တွ တစ်ခုပြီးတစ်ခု တင်ဆက်မှုနဲ့ အတူ ပြသခဲ့ရာမှာ ရှိတ်စပီးယား ဇာတ်ကောင်တွေ ၊ အိုလံပီယာ တောင်ခြေမှာ အိုလံပစ် အားကစား ပေါ်ပေါက်လာပုံ ၊ နာမည်ကျော် ဗြိတိသျှ ၀တ္ထုထဲက ဇာတ်ကောင်တွေနဲ့  ပုံဖော် ခဲ့ပါတယ်။ ဒီနှစ် နိုဝင်ဘာလမှ ပြသမယ့် ဂျိမ်း(စ)ဘွန်းရုပ်ရှင် ကားသစ် ဖြစ်တဲ့ Skyfall ဇာတ်ကားထဲက လေထီး အလွတ် ခုန်တဲ့ ဇာတ်ဝင်ခန်း တစ်ခုကို ပြန်လည် သရုပ် ပြသခဲ့ရာမှာ ရင်သပ်ရှုမော ဖွယ်ရာ ဖြစ်ခဲ့တာကြောင့် ပရိသတ်ကလည်း လက်ခုပ် လက်ဝါးတီးပြီး အားပေးခဲ့ကြ ပါတယ်။
မကြာခင် ရုံတင်မယ့် Skyfall ဇာတ်ကားမှာ ဘုရင်မကြီး ကိုယ်တိုင် သရုပ်ဆောင်မှုကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ အိုလံပစ် ပွဲတော် ဖွင့်ပွဲကိုလည်း ဘုရင်မကြီး ကိုယ်တိုင် တက်ရောက်ခဲ့ ပါတယ်။ အိုလံပစ် ပြစ် ပြိုင်ပွဲ မဖွင့်လှစ်ခင် နံနက် အစောပိုင်း ကတည်းက လန်ဒန် မြို့  တစ်ဝှမ်းမှာ လာရောက် လည်ပတ်သူတွေ ၊ မြို့ ခံတွေက အိုလံပစ်ပွဲတော်အတွက် အလွန်အမင်း တက်ကြွ လှုပ်ရှား နေကြပါတယ်။
မနက် အစောပိုင်းက အိုလံပစ် ပြိုင်ပွဲ စတင်မှု ခေါင်းလောင်း ထိုးပြီး နောက်ပိုင်း လန်ဒန်မြို့ ကြီး သက်ဝင် လှုပ်ရှား လာလိုက်တာ ကျွန်တော် ရောက်ဖူးတဲ့ ဘယ်မြို့ နဲ့မှ မတူအောင်ပါပဲလို့  ဘောလိဝုဒ် မင်းသားကြီး အမီတာ ဘဂျမ်းက ပြောပါတယ်။ အိုလံပစ် ပွဲတော်တွေကို နွေရာသီ အိုလံပစ်ပွဲတော်နဲ့  နှင်းလျှောစီး ၊ ရေခဲပြင် စကိတ်စီးတို့  ပါဝင်တဲ့ ဆောင်းရာသီ အိုလံပစ်ပွဲတော် အဖြစ် နှစ်မျိုးခွဲပြီး ကျင်းပပါတယ်။ နွေရာသီ အိုလံပစ် ပွဲတော်ကို လေးနှစ် တစ်ကြိမ် ကျင်းပရာမှာ ၂၀၀၈ ခုနှစ်က တရုတ်ပြည်မှာ နောက်ဆုံး ကျင်းပခဲ့ ပါတယ်။
အိုလံပစ် ပွဲတော်တွေကို နာမည်ကျော် သရုပ်ဆောင်တွေ ၊ အဆိုတော်တွေ ၊ ကျော်ကြားသူတွေ လည်း တက်ရောက် ကြပြီး ၂၀၀၂ ခုနှစ် အမေရိကန်နိုင်ငံ ဆော့လိပ်မြို့ မှာ ကျင်းပခဲ့တဲ့ ဆောင်းရာသီ အိုလံပစ် ပွဲတော်ရဲ့  ဥက္ကဌ နဲ့  အခု ရီပတ်ဘလီကန် ပါတီရဲ့  သမ္မတလောင်း မစ်ရွမ်နီ ၊ အမေရိကန် သမ္မတ အိုးဘားမားရဲ့  ကတော် မစ်ချလ် အိုဘားမားတို့  တက်ရောက် ခဲ့ကြပါတယ်။
သြဂုတ် လ ၁၂ ရက်နေ့ အထိ ကျင်းပမယ့် အကြိမ် ၃၀ မြောက် အိုလံပစ ပြိင်ပွဲကို နိုင်ငံပေါင်း၂၀၄ နိုင်ငက အားကစားသမား ၁၆၀၀၀ က ပြိုင်ပွဲ ၂၆ မျိုးမှာ ရွှေတံဆိပ်ဆု ၃၀၂ ဆုကို ရရှိဖို့ ယှဉ်ပြိုင်ကြမှာ  ဖြစ်ပါတယ်။
Copy from - freedomnewsgroup
တိုင်းရင်းသားကာကွယ်ရေး ဥပဒေ သတ်သတ်မှတ်မှတ်ရှိသင့်
ကရင်အမျိုးသား အစည်းအရုံး ဒုဥက္ကဋ္ဌ ပဒိုစောဒေးဗစ်သကဘော
ဇူလိုင်လ ၂၇ရက်၊ ၂၀၁၂ခုနှစ်။
မြန်မာပြည်တွင် လူနည်းစု ဖြစ်သည့် တိုင်းရင်းသား လူမျိုးများကို ကာကွယ် စောင့်ရှောက်သည့် ဥပဒေ ပြဋ္ဌာန်းချက် လွှတ်တော် အတွင်း သတ်သတ်မှတ်မှတ် ရှိသင့်ကြောင်း လက်နက်ကိုင် တိုင်းရင်းသား ခေါင်းဆောင် တချို့က ပြောဆိုသည်။
ဇူလိုင်လ ၂၅ရက်နေ့က ပြည်သူ့လွှတ်တော် စတုတ္ထ ပုံမှန် အစည်းအဝေးတွင် ကွတ်ခိုင်မဲဆန္ဒနယ် ဦးတီခွန်မြတ်က တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ် စောင့်ရှောက်သည့် ဥပဒေပြဌာန်းပေးရေး အဆို တင်သွင်း ဆွေးနွေးသွားခြင်းနှင့် ပတ်သက်ပြီး တိုင်းရင်းသား ခေါင်းဆောင်တချို့က ယင်းကဲ့သို့ ပြောဆို လိုက်ခြင်းဖြစ်သည်။
“လူနည်းစုကို ကာကွယ် စောင့်ရှောက်တဲ့ ဥပဒေပြဋ္ဌာန်း သင့်ပါတယ်။ လူနည်းစု ဆိုတာက တိုင်းရင်းသားတွေ ပါတာပေါ့ဗျာ။ လွှတ်တော်မှာ သင့်လျော်တဲ့ တိုင်းရင်းသား လူနည်းစုကို ကာကွယ်တဲ့ ဥပဒေ ရှိသင့်တယ်။ အနည်းဆုံး သူတို့ လူ့အခွင့်အရေးပေါ့။ အဲဒါကို ကာကွယ်ပေးဖို့။ ဘာလို့လဲဆိုတော့ ကျနော်တို့ တိုင်းပြည်မှာ လူမျိုးစုံရှိတယ်။ လူအများစုက လူအနည်းစုကို အနိုင်ကျင့်တာမျိုး ဖြစ်တတ်တယ်။
KIA အား စစ်ဆင်ရန် အစိုးရ တပ်ဖွဲ့၏ အရေးပေါ် အစည်းအဝေး
ယမန်နေ့၌ ကျင်းပ ပြီးစီးခဲ့သော ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း ဦးဆောင်သည့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် အစည်းအဝေးသည်၊ KIA အား စစ်ဆင်ရေး တိုးမြုင့်ရန် ကျင်းပသည့် အစည်းအဝေးဖြစ်သည်ဟု KIO ပြောရေး ဆိုခွင့်ရှိသူ ဆလန်ကဘာလနန်းခေါ် ဦးလာနန်း က ပြောပါသည်။
“အဲဒီ အစည်းအဝေးက မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှာ ကျင်းပခဲ့တယ်။ ဒေသ စစ်ဗျူဟာမှူးတွေလည်း ခေါ်ထားတယ်။ အဲဒီ အစည်းအဝေးမှာ ဗိုလ်ချုပ်ကြီး စိုးဝင်းက ကချင် ဒေသကို ထိုးစစ်မြှင့်တင်ဖို့ ညွှန်ကြား ခဲ့တယ်လို့ ကျနော်တို့ကြားရတယ်။ ဒီနေ့ မှာလည်း တိုင်းမှူးကနေ ဗျူဟာမှူးတွေကို အဆင့်ဆင့် ဆက်လက်ညွှန်ကြားနေတယ်လို့ ထပ်သိရတယ်။ သူတို့က ကျနော် တို့ ဗဟိုဌာနချုပ်အနီးတဝိုက်မှာလည်း တပ်ဖွဲ့တွေ တိုးချဲ့ချထားတာ တွေ့ရပါတယ်။ ကျနော်တို့က အဲဒါတွေကိုကြည့်ပြီး တော့ စစ်ဆင်ရေးတွေ တိုးမြှင့်လာနိုင်ဖွယ်ရှိတယ် လို့ ခန့်မှန်းတာပါ” ဟုဆိုပါသည်။
Kachin_030076y
သို့သော်လည်း သုံးသပ်သူများကမူ အစိုးရသည် ကချင် ဒုက္ခသည်များနှင့် ရခိုင်ဒုက္ခသည်များ၏ အခြေအနေကို ကြည့်ရှု လေ့လာရန် မြန် မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့် အရေး အထူး စုံစမ်းစစ်ဆေးရေးမှူး မစ္စတာ သောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) အား ဖိတ်ကြား ထားပါသည်။ သူသည် လာမည့် ဇူလိုင်လ (၃၀) ရက်မှ သြဂုတ်လ (၄) ရက်နေ့အ ထိ ကချင် ပြည်နယ်သို့ လာရောက်ရန်ရှိပါသည်။ ဤသို့ကြောင့် ဗိုလ်ချုပ်ကြီးစိုးဝင်း၏ ထိုအစည်းအဝေး သည်၊ မစ္စတာ ကင်တားနား ခရီးစဉ်အတွက် လိုအပ်သည်များကို ညွှန်ကြားသည့် အစည်းအဝေးလည်း ဖြစ်နိုင်သည်ဟု နိုင်ငံရေး အကဲခတ်များကသုံး သပ်ပါသည်။
အစိုးရ တပ်ဖွဲ့သည်၊ နည်းဗျူဟာ အသစ်ဖြင့် တိုးမြှင့်ထားသော ကချင်ဒေသ စစ်ဆင်ရေးကို ချက်ချင်း
ပြည်တွင်း မိုဘိုင်း ဈေးကွက် အတွင်းသို့ ပြည်ပဖုန်း ကုမ္ပဏီ သုံးခု ဝင်ရောက် ရန်ရှိ
Copy from - thithtoolwin
Friday, July 27, 2012
စေတနာ့ဝန်ထမ်း ခရီး လိုက်ပါမည့်သူများသို့ ထုတ်ပြန်ကြေငြာချက်။
စေတနာ့ဝန်ထမ်း ခရီး လိုက်ပါမည့်သူများသို့ ထုတ်ပြန်ကြေငြာချက်။
၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်။
၂၀၁၁ ခုနှစ်၊ အရှေ့ဂျပန် ငလျှင်နှင့် ဆူနာမိဘေးသင့်ခဲ့သော Miyagi-ken, Ishinomaki မြို့သို့ စိတ်ဓာတ် မြင့်တင်ရေး စေတနာ့ ၀န်ထမ်း ခရီးစဉ်သို့ လိုက်ပါရန် စာရင်းပေးထားသူများ သိသာရန် အောက်ပါတို့ကို ထုတ်ပြန် ကြေငြာပါသည်။
၁။ ခရီး လိုက်ပါမည့်သူများသည် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက် (စနေနေ့) ည ၁၂ နာရီ နောက်ဆုံးထား၍ သတ်မှတ် နေရာဖြစ်သော Takadanobaba ဘူတာအနီး ကွက်လပ်တွင် ရောက်ရှိ ရမည်ဖြစ်ပါသည်။
၂။ ဇူလိုင်လ ၂၉ ရက်၊ နံနက် ၁ နာရီတွင် စတင် ထွက်ခွာမည် ဖြစ်ပါ၍ သတ်မှတ်ချိန်ထက် နောက်မကျပါရန် တိုက်တွန်း နှိုးဆော်အပ် ပါသည်။
၃။ ခရီးစဉ်အတွက် ထည့်ဝင်ရမည့် ငွေမှာ ယန်း ၅၀၀၀ ဖြစ်ပါသည်။ ခရီးစဉ်အတွင်း ဇူလိုင်လ ၂၉ ရက်၊ နေ့လည်စာအား တာဝန်ယူ ကြွေးမွေးမည်ဖြစ်ပြီး ဇူလိုင်လ ၂၉ ရက် နံနက်စာ၊ ညနေစာတို့အား မိမိအစီအစဉ်ဖြင့် စားသောက် ကြရန်ဖြစ်ပါသည်။ ခရီးစဉ် တလျှောက် ရပ်နား စခန်းများတွင် စားသောက်နိုင်ရန် စီစဉ်ပေးပါမည်။
၎။ ခရီးစဉ်တလျှောက် အစီအစဉ်များအား စနစ်တကျ အချိန်ကိုက် လုပ်ဆောင်နိုင်ရန်နှင့် တိုကျိုမြို့သို့ သတ်မှတ်အချိန်ပြန်လည် ရောက်ရှိနိုင်ရန်အတွက် ခရီးလိုက်ပါမည့်သူများအားလုံး စုပေါင်းသွားလာကြရန်ဖြစ်ပြီး မိမိအစီအစဉ်ဖြင့် သီးခြားလုပ်ဆောင်ခြင်းကို သည်းခံကြပါရန် မေတ္တာရပ်ခံပါသည်။
၅။ မြန်မာနိုင်ငံသားများ၏ မွန်မြတ်သော စေတနာ လုပ်အားပေး ခရီးဖြစ်ပါ၍ ခရီးစဉ်တလျှောက် အရက် သေစာ သောက်စားခြင်း၊ ခိုက်ရန် ဖြစ်ပွားခြင်းတို့ကို လုံးဝ ရှောင်ကြဉ်ခြင်းဖြင့် ပူးပေါင်း ပါဝင်ကြပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။
၆။ ကိုယ်ပိုင် အသုံးအဆောင် ပစ္စည်များ (သွားတိုက်ဆေး၊ သပွတ်တံ၊ မျက်နှာသုပတ်ပုဝါ၊ ဆေးဝါး စသဖြင့်) မိမိ အစီအစဉ်ဖြင့် ယူဆောင်လာကြရန် ဖြစ်ပါသည်။
၇။ အစားအသောက် ချက်ပြုတ်ရောင်းချရန် တာဝန်ယူထားသူများ၊ ဖျော်ဖြေရေးတာဝန် ယူထားသူများ အနေဖြင့် လိုအပ်သည့်ပစ္စည်း များအား သေချာစွာ စီစစ် ယူဆောင်လာရန် လိုအပ်ပါသည်၊ ခရီးစဉ် သွားရောက်မည့် နေရာသည် ဆူနာမိဘေးသင့်ခဲ့ရာ ပင်လယ်ကမ်းစပ်နှင့် ကပ်လျှက် တည်ရှိနေပြီး ပြန်လည် ထူထောင်ကာစဖြစ်၍ လိုအပ်သည့်များအား အလွယ်တကူ ၀ယ်ယူနိုင်ရန် အခက်အခဲ ရှိနိုင်ပါသည်။
၈။ ဒေသခံ ဂျပန်ပြည်သူများနှင့် ရင်းနှီးဖော်ရွေစွာ ဆက်ဆံခြင်း၊ အားပေး ကူညီဖြင်းတို့ဖြင့် မြန်မာနိုင်ငံသားတို့၏ ယဉ်ကျေးမှုဂုဏ် သိက္ခာကို မြင့်တင်ကြပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။
၉။ အလွန် ပူပြင်းသော နွေရာသီ ခရီးစဉ်ဖြစ်ပါ၍ ကျန်းမာရေး အထူး ဂရုပြုရန် လိုအပ်ပါသည်။ ပွဲတော် ကျင်းပရာနေရာသည် ကွင်းပြင် ကွက်လပ်တွင် ဖြစ်ပါသည်။
၁၀။ တာဝန်ရှိသူများ၏ မေတ္တာရပ်ခံချက်ကို ပူးပေါင်း ဆောင်ရွက်ပေးကြပါရန် လေးစားစွာ မေတ္တာရပ်ခံ အပ်ပါသည်။
မြန်မာ့ဒီမိုကရေစီကွန်ယက်၊ ပြန်ကြားရေး
Network for Democracy in Burma (NDB)
စစ်အာဏာရှင်ကြီးများနဲ့ မြန်မာ့သယံဇာတ
စာဖတ်ပရိသတ်များ ခင်ဗျား
သယံဇာတပေါကြွယ်ဝလှတဲ့ ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံဟာ ကိုယ်ကျိုးရှာ စီးပွားရေး သောင်းကျန်းသူ စစ်အာဏာရှင် များကြောင့် ဖွတ်ဖွတ် ညက်ညက် ကြေနေရတဲ့ အကြောင်း ဒေသခံ တိုင်းရင်းသား ပြည်သူလူထုတွေ ခမျာမှာတော့ ဒေသဆိုင်ရာ စစ်ဖက် အကြီးအကဲတွေနဲ့ အာဏာပိုင် အဆင့်ဆင့်တွေကြောင့် အဘက်ဘက်က ဆင်းရဲ နိမ့်ကျနေကြတဲ့ အကြောင်းတွေကို တရားခံ ဖော်ထုတ် တင်ပြထားချက်အား စစ်ဖက် နီးစပ်သူ တစ်ဦးက ပေးပို့လာရာ စာဖတ် ပရိသတ်များအား ဒီကနေ့ တင်ပြလိုက်ရပါတယ်။ အခုလိုပေးပို့လာတဲ့ စစ်ဖက်နဲ့ နီးစပ်သူအား ကျွန်တော် ကိုဖိုးတရုတ်က အထူးပင် ကျေးဇူးတင်ရှိပါကြောင်း “စည်းလုံးခြင်းရဲ့အင်အား” ဝက်ဘ်ဆိုဒ်မှ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်။
ကချင်ပြည်နယ်တွင် သစ်သူခိုး တရုတ်များနှင့် ကိုယ်ကျိုးရှာ မြောက်ပိုင်းတိုင်း (မပခ) တိုင်းမှူး အဆက်ဆက် အကြောင်းများ
ပေးပို့သူ - ပြည်တွင်းမှ စစ်ဖက်နဲ့နီးစပ်သူ (ကချင်ပြည်နယ် တောစောင့်နတ်)
တရုတ် နယ်စပ်နဲ့ ထိစပ်နေတဲ့ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ သဘာဝသစ်တောများမှ သစ်များကို တရုတ်တို့နဲ့ ၄င်းတို့ရဲ့ လက်ပါးစေ နယ်မြေခံများက တရားမ၀င် ခုတ်လှဲပြီး တရုတ်ပြည်ဘက်ကို ခိုးထုတ်နေကြတာ အခုဆိုရင် ဆယ်စုနှစ် တစ်ခုမက ကြာမြင့်ခဲ့ပါပြီ။ အဲဒီလို ခိုးထုတ် နိုင်အောင် မြန်မာစစ်တပ်က တိုင်းမှူးအပါအ၀င် ထောက်လှမ်းရေး တပ်မှူး၊ ဗျူဟာမှူး၊ စစ်ကြောင်းမှူး၊ တပ်ရင်းမှူး၊ တပ်ခွဲမှူးများသာမက ဒေသဆိုင်ရာ အုပ်ချုပ်ရေး ဌာနများ၊ ရဲ၊ ဌာနဆိုင်ရာ၊ သစ်တောဌာန စတဲ့ တာဝန်ရှိသူ အားလုံးဟာ တစ်နည်းမဟုတ် တစ်နည်း ပါဝင် ပတ်သက် ခဲ့ကြပါတယ်။
န၀တ အစိုးရတက်လာပြီး ၁၉၉၃ ခုနှစ်လောက်ကစလို့ တရုတ်တွေဟာ မြန်မာပြည်နယ်စပ် ကချင်ပြည်နယ်မှာရှိတဲ့ ကျွန်းသစ်တွေကို အကြီးအကျယ် စတင်ခိုးယူခဲ့တာ ဖြစ်ပါတယ်။ အဲဒီကာလတုံးက တရုတ်နိုင်ငံမှ ထုတ်တဲ့ ကျွဲချိုထော်လာဂျီတွေ စပေါ်လာတော့ ထော်လာဂျီနဲ့ တင်လို့ရမဲ့ အရွယ်လောက် ကျွန်းတုံးတွေကို တောထဲမှာ ဖြတ်တောက် ခွဲစိတ်ပြီး အကောင်းဆုံး သစ်သားတွေကိုသာ တရုတ်ပြည်ဘက် တင်သွားကြတာပါ။ တပ်မတော်က စစ်ကြောင်းနဲ့ ထွက်ပြီး ဖမ်းရင်လည်း မကောင်းလို့ တောထဲမှာ လွှင့်ပြစ်ထားခဲ့တဲ့ အတိုအစလောက်သာ အဖမ်းပြပြီး သစ်အကောင်းတွေနဲ့ ကုန်သည် တွေကိုတော့ လွှတ်ပေးပြီး ငွေယူပြန်ခဲ့ကြတာပါဘဲ။
အဲဒီလိုနဲ့ မြန်မာ့သစ်တောထဲမှာ သစ်ခိုးယူမှုဟာ အဆမတန် များပြားလာလိုက်တာ ပွဲတော်ကြီးတစ်မျှပါပဲ။ ၁၉၉၅ ခုနှစ်မှာ ဗန်းမော် ဒေသကွပ်ကဲရေး စစ်ဌာနချုပ် (ဒကစ)နဲ့ ပေါင်းပြီး ခိုးတဲ့ သစ်သူခိုး တရုတ်တွေရဲ့ ကားအုပ်စုကြီးကို မြစ်ကြီးနားဖက်မှ တိုင်းစစ်ဌာနချုပ် မပခ အုပ်စုက ဖမ်းထည့် လိုက်တာ (အဝေမတည့် တာလား ဗန်းမော် ဒကစနဲ့ ဂွင်ရိုက်ထားတာ မသိလို့လား မသိဘူး) ပြဿနာ အကြီးအကျယ် တက်သွားကာ အဲဒီခေတ်က ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ခင်ညွှန့် ကိုယ်တိုင် သွားရှင်းရတာ သစ်ခိုးကားတွေက အစီး တစ်ရာတောင် ကျော်ပါရောလား။ တရုတ်တွေလည်း အယောက် တစ်ရာကျော် ပါတယ်။
အဲဒီနောက်တော့ နဲနဲငြိမ်သလို ရှိလိုက် သစ်ခိုးမှုတွေ ပြန်ပေါ်လာလိုက်နဲ့ ဖြစ်နေပြီး ဗန်းမော်မှာလည်း ဒကစ မထားတော့ပဲ စကခ (၂၁) ပြောင်းထိုင် လိုက်ပါတယ်။ ဒကစက ပြဿနာ အကြီးအကျယ် တက်ပြီး နောက်ပိုင်းမှာ ထောက်လှမ်းရေးက တန်ခိုး ထွားလာပြီး သစ်သူခိုးတွေဟာ ထောက်လှမ်းရေးနဲ့ ပေါင်းကာ ပိုမို အတင့်ရဲစွာ လုပ်လာပါတော့တယ်။ ထောက်လှမ်းရေးက သတင်းအရ စုပေါင်းအဖွဲ့နဲ့ ဖမ်းမယ်ဆိုပြီး ရဲ၊ သစ်တော၊ မယက၊ တပ်တို့ကိုဖွဲ့ပြီး ဖမ်းခိုင်းပါတယ်၊ တကယ်က သူတို့ သတင်းအရသာ သွားလာ လှုပ်ရှားရပြီး သူတို့ကတော့ တကယ်ခိုးထုတ်တဲ့ အဖွဲ့နဲ့ပေါင်းကာ လမ်းကြောင်း လွှဲထားပါတယ်။ အဲဒီအဖွဲ့ကတော့ သူကိုယ်သူ ခင်ညွှန့် မွေးစားသားဆိုပြီး သတင်းလွှင့်ခဲ့တဲ့ စိုးမင်းပိုင် ဆိုသူဖြစ်ပြီးတော့ ထောက်လှမ်းရေး (၈) တပ်မှူးကတော့ ဗိုလ်မှူးမင်းလွင် ဆိုသူ ဖြစ်ပါတယ်။
မင်းလွင်ကတော့ ခင်ညွှန့်ပြုတ်ပြီး ကကလှမ်းက လူတွေ အပြစ်ပေးတဲ့အထဲမှာ ပါသွားပါတယ်။ စိုးမင်းပိုင်ကတော့ မင်းလွင်တို့ အခြေအနေ မကောင်းတာ ကြားတာနဲ့ တရုတ်ပြည်ဘက်ကို တိမ်းရှောင် သွားပါတယ်။ အဲဒီနှစ်လောက်က တိုင်းမှူးဟာ ဗိုလ်ချုပ်မောင်မောင်ဆွေ ဖြစ်ပါတယ်။ သူကလည်း အေးတိအေးစက်နဲ့ ဆိုပေမဲ့ ခေသူတော့ မဟုတ်ပါဘူး။ ဒေသဖွံဖြိုးရေးအတွက် ဆိုပြီး သစ်သယ်ယူခွင့်တွေကို ပယက မှ စာနဲ့တရားဝင် သဘောမျိုး ခွင့်ပြုလာခဲ့ပါတယ်။ ဒေသအတွင်းရှိ ကျေးရွာ စာသင်ကျောင်းများ အမည်ခံ၍သော်၎င်း၊ အပစ်အခတ် ရပ်အဖွဲ့များ အတွက်သော်၎င်း နာမည်အမျိုးမျိုး၊ အကြောင်း အမျိုးမျိုးပြပြီး ခွင့်ပြုလာခဲ့ပါတယ်။ အလကားတော့မဟုတ်ပါ။ ပယက ရန်ပုံငွေအဖြစ် သစ်တစ်တန်ကို ကျပ်၂၀၀၀၀ိ/ နှုန်း ကောက်ခံတာ ဖြစ်ပါတယ်။
ပြီးတော့ ဒီတိုင်းမှူးက စာတော့နဲနဲတတ်ဟန် တူပါတယ်။ ကျွန်းသစ်ကိုတော့ စာဖြင့် တရားဝင် ခွင့်ပြုခြင်း မရှိပါဘူး။ သစ်မာကိုသာ ခွင့်ပြုပါတယ်။ အဲဒီအခါ ကချင်ပြည်နယ်မှာ ပိတောက်ပွဲတော်/တမလန်း ပွဲတော်ကြီးကို ဒေသခံများရော တရုတ်များရော ကချင်ငြိမ်းချမ်းရေးများပါ သူ့ထက်ငါ ဦးအောင် အလုအယက် ပါဝင်ဆင်နွဲပါတော့တယ်။ စစ်တိုင်းရဲ့ ခွင့်ပြုစာပါလာတော့ သစ်မာသာမက ကျွန်းသစ်ကိုပါ ရောယောင် ခုတ်လှဲထုတ်ယူလာပြီး ဒေသခံ/ တိုင်းရင်းသားများသာမက တရုတ်လူမျိုး အစစ်တွေပါ မြန်မာပြည်ထဲ ၀င်လာကာ ကားကြီးကားငယ် အသွယ်သွယ်နဲ့ ထင်သလို ခိုးယူပါတော့တယ်။
ကချင်ငြိမ်းချမ်းရေးကလည်း သစ်ကွက်များကို ဧရိယာအလိုက် ရောင်းစားပါတော့တယ်။ အဲဒီနှစ် (၂၀၀၂) ကူမင်းကုန်စည်ပြပွဲ လုပ်တော့ မြန်မာဘက်က သွားတဲ့အဖွဲ့မှာ အဲဒီအချိန်က စီးပွား/ကူးသန်း ဒုဝန်ကြီး ဗိုလ်မှူးချုပ် တင်နိုင်သိန်းလည်း ပါသွားရာ ဒေသ လေ့လာရေးအဖြစ် ကူမင်းအနီးတ၀ိုက်က ရင်ကျန်း၊ ထိန်ချုံး၊ လိုင်ဇာဘက် သွားလည်ရာမှ မြန်မာဘက်က ခိုးထုတ်သယ်ယူ စုပုံထားတဲ့ ကျွန်းသစ်၊ ပိတောက်၊ တမလန်းသစ်တွေကို တန်ချိန် သောင်းဂဏန်းနီးပါး တွေ့ရတဲ့အတွက် VIDEO ရိုက်ယူသွားပြီး နေပြည်တော်က သစ်တောဝန်ကြီးနဲ့ ဗိုလ်သန်းရွှေတို့ကို တင်ပြနိုင်ခဲ့ရာ တရုတ် - မြန်မာနယ်စပ်က
ရိုဟင်ဂျာကိစ္စအတွက် ပါကစ္စတန်အစိုးရကို တာလီဘန်က ခြိမ်းခြောက်
TTP အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Ehsanullah Ehsan
ပါကစ္စတန်အစိုးရအနေနဲ့ အစ္စလာမ်မာဘတ်မြို့မှာရှိတဲ့ မြန်မာသံရုံးကို ပိတ်ပစ်ပြီး မြန်မာအစိုးရနဲ့ အဆက်အသွယ် မှန်သမျှကို ဖြတ်တောက် ရမယ်လို့ ပါကစ္စတန်နိုင်ငံမှာရှိတဲ့ TTP တာလီဘန်အဖွဲ့က တောင်းဆိုလိုက်ပြီး အဲဒီလို မဆောင်ရွက်ဘူးဆိုရင် မြန်မာနိုင်ငံမှာ မူစလင် ရိုဟင်ဂျာတွေကို နှိပ်ကွပ်နေမှုအတွက် မြန်မာနိုင်ငံကို မိမိတို့က တိုက်ခိုက်ရလိမ့်မယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။
ဒါ့အပြင် တာလီဘန် TTP အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Ehsanullah Ehsan (အက်ဆန်အူလာ အက်ဆန်) က တကယ်လို့ မိမိတို့ တောင်းဆိုချက်တွေကို ပါကစ္စတန်အစိုးရက မဆောင်ရွက်ဘူးဆိုရင် မိမိတို့ အဖွဲ့အနေနဲ့ မြန်မာပြည်ရဲ့ အကျိုးစီးပွား မှန်သမျှကိုသာမက မြန်မာအစိုးရနဲ့ ဆက်ဆံနေတဲ့ ပါကစ္စတန် မှန်သမျှကိုလည်း တိုက်ခိုက်မှာ ဖြစ်တယ်လို့ ပြောပါတယ်။
ပါကစ္စတန်မှာ လုံခြုံရေးတပ်ဖွဲ့တွေ မကြာခဏ အတိုက်ခိုက်ခံနေရတာနဲ့ ပတ်သက်ပြီး TTP က သူတို့ အဖွဲ့ရဲ့ လက်ချက်ဖြစ်တယ်လို့ ဆိုပေမယ့် အဲဒီအဖွဲ့ရဲ့ အမှန်တကယ် စွမ်းဆောင်နိုင်စွမ်းကိုတော့ ဝေဖန်သူတွေက သံသယ ရှိနေကြပါတယ်။
အမေရိကန် အရာရှိတွေရဲ့ ပြောဆိုချက်အရ ၂၀၁၀ ခုနှစ်တုန်းက အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့လယ်ခေါင် Time Square မှာ ဗုံးခွဲဖို့ ကြိုးစားခဲ့တာဟာ အဲဒီ တာလီဘန် TTP အဖွဲ့ရဲ့ လက်ချက် ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီအဖွဲ့ရဲ့ ခေါင်းဆောင် ဟာကီမူလာ Hakimullah ကိုတော့ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်က အာဖဂန်နစ္စတန်မှာရှိတဲ့ အမေရိကန်စစ်စခန်းမှာ အသေခံ ဗုံးခွဲမှုတစ်ခုကြောင့် အမေရိကန် ဗဟိုထောက်လှမ်းရေး စီအိုင်အေ အဖွဲ့ဝင် ၇ ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုမှာ စွဲချက်တင်ထားပါတယ်။
Copy from - thespiritfruit
" ဒီ ပွဲကြီးက ဘယ်တော့ပြီးမှာလည်းတဲ့"
ပြည်ထောင်စုကြီး အမြန်ဆုံး ငြိမ်းချမ်းပါစေ
ဒီ ပွဲကြီးက ဘယ်တော့ပြီးမှာလည်းတဲ့..... ကလေးလေး တစ်ယောက်က သူ့အမေကို မေးလိုက်တယ်... ဟိုးအရင် နှစ်တွေမှာ လိုင်ဇာနဲ့ မိုင်ဂျာယန်ဆိုတဲ့ ကေအိုင်အေ ထိန်းချုပ်ရာ ဒေသ တွေဆီသွားရင် မနောပွဲ၊ ဒါမှမဟုတ်ရင် တော်လှန်ရေးပွဲ လိုဟာမျိုးရှိမှ သွားတတ်ကြပါတယ်... ကလေး လေးက ခါတိုင်း သွားသလိုမျိုး ပွဲလန်းသဘင် တခုခုဆီ သွားနေတယ် လို့အထင် ရှိပုံရပါတယ်... သူ့အမေကို မေးတာက “ဒီပွဲ ဘယ်တော့ ပြီးမှာလဲ” တဲ့။ မသိတော့ဘူး သားရယ်... မင်းတို့ လူကြီးဖြစ်ရင်တောင်​ ပြီးတော့ မလားမသိဘူး... လို့ ပြန်ပြောလိုက်သတဲ့။
သဘာဝရဲ့ ရင်သွေးငယ်များကို ထွေးပိုက်လျှက် ထာဝရ ငြိမ်းချမ်းမဲ့ တနေရာအတွက်... အားအင် ကုန်ခန်း သော်ငြားလည်း... မပြေးမလွတ်.... မသွားမရောက် နိုင်တာမို့... ရှိရာလက်စွဲ... အသက်ကို ဖက်နဲ့ထုပ်လျှက်... ခြေဦးတည့်ရာ... ဦးတည် မနေတော့ဘူး.... လုံခြုံမှုပေးနေသူ.. မိခင်ဌာနကို ... ပြေးကြပါလေ....
Kachin Duwa, facebook မှ ကူးယူခဲ့ပါသည်။
Thursday, July 26, 2012
ပါကစ္စတန်နိုင်ငံမှ ပါကစ္စတန်နိုင်ငံမှ အကြမ်းဖက်တာလီဘန်များက ဘင်္ဂလီခေါ်တောများအတွက် ကလဲ့စားချေမည်ဟု ခြိမ်းခြောက်
ယနေ့ထုတ် ထိုင်းသတင်းစာ တစ်စောင်က ပါကစ္စတန်မှ အကြမ်းဖက် တာလီဘန်အုပ်စု TTP က ပါကစ္စတန်နဲ့ မြန်မာ သံတမန် ဆက်ဆံရေး ရပ်တန်းဖို့နဲ့ ဘင်္ဂလီ ခေါ်တောများအတွက် (သင်တို့သွေးအတွက် ကလဲ့စားချေမည်) ဟု ခြိမ်းခြောက်ခြင်းကို ဖော်ပြ ထားပါတယ်။
မြန်မာတို့ရဲ့အ ကျိုးစီးပွားကို တိုက်ခိုက်ရုံမက မြန်မာနှင့် ဆက်ဆံသော ပါကစ္စတန် များကိုပါ တိုက်ခိုက် သွားမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။
http://www.manager.co.th/IndoChina/ViewNews.aspx?NewsID=9550000091875
facebook သတင်း
UNFC က တွေ့ဆုံရေးအတွက် အစိုးရကို ကမ်းလှမ်း
UNFC လို့ခေါ်တဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီက အစည်းဝေး တစ်ခုကို ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းထိုင်း မြန်မာနယ်စပ် တစ်နေရာမှာ ပြုလုပ်ခဲ့ပြီးနောက် ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ UNFC တို့ လွတ်လပ်တဲ့ ကြားဒေသ တစ်ခုမှာ တွေ့ဆုံဖို့ တောင်းဆို လိုက်ပါတယ်။
၂၀၁၂ ခုနှစ် ဧပြီလ ၁၉ ရက်က ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ UNFC သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
ဇွန်လ (၁၆) ကနေ (၁၈) ရက်ထိ နှစ်ရက်ကြာ ကျင်းပတဲ့ UNFC အစည်းအဝေးကနေ အခုလို တောင်းဆို လိုက်တာပါ။ UNFCအနေနဲ့ တစ်တိုင်းပြည်လုံး အပစ်ရပ်ထားဖို့ တောင်းဆို ခဲ့ပေမယ့် အစိုးရ တပ်တွေဘက်က စစ်ဆင်ရေးတွေ ဆက်လက် လုပ်ဆောင် နေတာဟာ မဖြစ်ဘူးလို့ UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက အာအက်ဖ်အေ ကို ပြောပါတယ်။
"ဇွန်လ၁၀၇က်နေ့ မတိုင်မီမှာကချင်ကို တိုက်နေတာကို ရပ်တန့်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုထားတဲ့ ကိစ္စ၊ အဲဒီအပေါ်မှာ ရပ်တန့်မှုမရှိပဲနဲ့ ပေါ့နော်၊ ရှမ်းကိုပါ ဆက်ပြီးတော့ တိုက်လာတဲ့ သဘောကို ကျွန်တော်တို့ မြင်ရတယ်လေ။ ဒီလို အပစ်အခတ် ရပ်စဲပြီးတော့မှ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ဆိုတဲ့ အပေါ်မှာ
မလေးရှားတွင် ရခိုင် အမျိုးသား နှစ်ဦး အသတ်ခံရ....
 26.july.2012
မလေးရှား နိုင်ငံတွင် ရခိုင်အမျိုးသား (၂) ဦး ဇူလိုင်လ ၂၁ ရက်နေ့က အသတ် ခံခဲ့ရသည်ဟု သိရသည် အသတ်ခံရသူ (၂) ဦးမှာ ပေါက်တောမြို့နယ် ကျိုင်းတောင်ရွာမှ အဖ ဦးမောင်မောင်ချေ၊ အမိ ဒေါ်သောင်းစိန်ဦးတို့၏ သား ကိုစိုးနိုင် (အသက် ၃၈နှစ်) နှင့် မောင်တောမြို့နယ် ဗောဓိကုန်း ကျေးရွာမှ ဦးကျော်သိန်း (ခ) မောင်စောအောင် (အသက် ၃၆)နှစ်တို့ ဖြစ်သည်။
 “ သူတို့နှစ်ယောက်ဟာ ၁၈ ရက်နေ့က အလုပ်တခု အတွက် အင်တာဗျူးဖို့ သွားတယ်လို့ ပြောပါတယ်။ အဲဒီ နေ့ကပင် ပြန်မရောက်ပါ။ ညနေမှာ သူတို့ကို ဖုန်းဆက်တယ်။ ဖုန်းက ရိန်းပေမယ့် ကိုင်သူ မရှိဘူးလို့ ပြောပါ တယ်။ နောက် ၃ရက်လောက် အကြာ ဇူလိုင်လ ၂၁ ရက်နေ့က ကာဂျမ်းမြို့နယ် အူလာလာငန်းမှာ တရုတ် တစ်ယောက်က အလောင်း နှစ်လောင်းတွေ့တယ်ဆိုပြီး ရဲကို တိုင်ပါတယ်။ ရဲက သွားယူပြီး ၂၃ ရက်နေ့မှာ ရဲက ARRC ရုံးကို ဖုန်းဆက်တယ်။ ၂၄ ရက်နေ့မှာ ရုံးက တာဝန်ရှိသူတွေ သွားကြည့်တော့ သူတို့နှစ်ဦး ဖြစ်နေ တယ်” ဟု ရခိုင်အရေးကို ဆောင်ရွက်နေသူ ကိုမင်းအောင်နိုင်က နိရဉ္စရာသို့ ပြောသည်။
 သူတို့နှစ်ဦး၏ အလောင်းအား မလေးရှားနိုင်ငံ ULU LUNGAT ANPANG TOWNSHIP မြို့နယ်တွင် ဇူလိုင်လ ၂၁ ရက် နေ့က တွေ့ရှိခြင်းဖြစ်သည်။ အမည်မသိ လူအုပ်စု တစ်စု တစ်ခုမှ သတ်ဖြတ် သွားခြင်း
မိုဘိုင်းဖုန်းတစ်လုံး၏ လျှို့ဝှက်ချက် ငါးခု
26.july.2012
မြန်မာ နိုင်ငံမှာရှိတဲ့ လူအများ စုဟာ မိုဘိုင်းဖုန်း တစ်လုံးရဲ့ အသုံးဝင်မှု လျှိုဝှက်တွေကို သိရှိ သူတွေ အလွန် နည်းပါး နေပါတယ်။ ကိုင်နေတဲ့ လူအများစုဟာ ဖုန်းတစ်လုံးရဲ့ အသုံးဝင်မှုကို အများအားဖြင့် Camera, Music, Bluetooth, FM, Radio. Alarm နဲ့ Game အစရှိတာတွေ လောက်သာ အသုံးပြု နေကြတာ များပါတယ်။ ဒါကြောင့် ဒီထက်ပိုပြီး အသုံးဝင်မှုနဲ့... လျှို့ဝှက်ချက် အနည်းငယ်ကို ဖော်ပြ ပေးလိုက်ပါတယ်။
(၁) အရေးပေါ် ကွန်ရက်ရှာရန် Keypad ကို Locked လုပ်ထား ရင်တောင် မိုဘိုင်းဖုန်းတွေဟာ 122 ဆိုတဲ့ နံပါတ်ကို နှိပ်လို့ရတာ တွေ့ရပါတယ်။ ဒီနံပါတ်ဟာ တစ်ကမ္ဘာလုံး ဆိုင်ရာ နိုင်ငံတကာ အရေးပေါ်ဖုန်းနံ ပါတ် ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းတွေရဲ့ ဆက်သွယ်မှု ဧရိယာထဲ မှာရှိရင် ဒီနံပါတ်ကို နှိပ်လိုက်တာနဲ့ ဖုန်းဟာ အနီးဆုံး ဆက်သွယ်မှု ကွန်ရက်ကို အလိုလျောက် ရှာမှာဖြစ် ပါတယ်။ ဒီနံပါတ်ဟာ မိုဘိုင်းဖုန်းရဲ့ခလုတ်တွေကို ပိတ်ထားရင်တောင် နှိပ်လို့ ရနေမှာ ဖြစ်ပါတယ်။
(၂) ဘက်ထရီ အရေးပေါ် အားကုန်ရင် မိုဘိုင်းဖုန်းတွေမှာ ဖုန်းအသုံး ပြုရင်း ဘက်ထရီ အားနည်း လာပြီဆို ရင် *3370# ကိုနှိပ် လိုက်တာနဲ့ ဖုန်း တွေမှာ အရေးပေါ် သုံးဖို့ချန်ထားတဲ့ ဓာတ်အားကို ပြန်ဖွင့်ပေးမှာ ဖြစ်လို့ ဖုန်းမှာ ဘက်ထရီ ထက်ဝက်အား ပြန် ပြည့်လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ နောက်တစ်ကြိမ်
ဝိတ်ပြားရှင် ဦးအောင်သိန်းလင်း ငြင်းချက်ထုတ်နေချိန်မှာ တရုတ်ဝက်ဘ်ဆိုက် တချို့မှာတော့ ပြောဆိုချက်တွေကို မျဉ်းကြောင်းတားပြီး အတည်ယူနေပါပြီ..
[ 本帖最后由 山水清音 于 12-7-6 13:32 编辑 ]
တရုတ် နိုင်ငံထုတ် Southern Weekend သတင်းစာနဲ့ အင်တာဗျူး၌ အမှတ်တရ ဓာတ်ပုံရိုက်ခံနေစဉ်
缅甸有人对总统说不
缅甸前仰光市市长、现执政党“巩发党”中央执行委员、国会议员、国会“改革及现代化监督委员会”主席昂丁林接受《南方周末》采访,语出惊人,是个人物!
ညောင်မြစ်တူးတော့ ဖွတ်ဥပေါ်ဆိုသလို တရုတ်ဆိုဒ်တွေမှာတော့ ဝိတ်ပြားရှင် ဦးအောင်သိန်းလင်း ပြောတဲ့ အင်တာဗျူးထဲက အချက်တွေ မျဉ်းတားပြီး ဖော်ပြနေကြပါပြီ.. နားလည်တဲ့သူတွေ မျဉ်းတားထားတဲ့ အကြောင်းအရာတွေကို ဘာသာပြန် ပေးကြပါ..။ ဒီလင့်ခ်မှာ အပြည့်အစုံ သွားကြည့်နိုင်ပါတယ်..။
ဘာသာပြန်တာ မှားလို့ပါဆိုပြီး ဝိတ်ပြားရှင် ဦးအောင်သိန်းလင်း ငြင်းချက်ထုတ်နေချိန်မှာ တရုတ်ဝက်ဆိုက် တွေကတော့ ပြောပြီးစလစ် နံပါတ်တစ် ထွက်ပြီးသား ဆင်စွယ် ပြန်ဝင်ယိုး မရှိ ဘွားတေးမပါ ဆိုပြီး အတည်ယူနေပြီလားပဲ..
ဝိတ်ပြားရှင်နဲ့ အမေးအဖြေ ဒီလင့်ခ်ရဲ့ http://bbs.my0511.com/f152b-t3924362z-1 အထက်က ဒုတိယပုံမှာ လိုင်းတား ထားတဲ့ အထဲက အချက်များအား Google Translate နဲ့ ဘာသာ ပြန်လိုက်တယ်..။
“密松大坝必须继续修建”
မြစ်ဆုံဆည် ဆက်ဆောက်မယ်..
Myitsone dam must continue to build "
是的,这是他一个人的主意,不是国会决议。我们对此有反对意见。他试图隔断中缅的联系。သမ္မတရဲ့ တဦးတည်း ဆုံးဖြတ်ချက်ပါတဲ့ ပါလီမာန်ရဲ့ ဆုံးဖြတ်ချက် မဟုတ်ပါ..။ ဒီ ဆုံးဖြတ်ချက်ကို ရှုံချ ပါတယ်.တဲ့
Yes, this is his idea of a person, not a congressional resolution. We have opposing views. He tried to cut
你觉得大坝有可能继续修建吗?
မြစ်ဆုံဆည် ပြန်စဖို့ ဖြစ်နိုင်ပါလားဆိုတော့
Do you think the dam is possible to continue the construction of it?
必须继续
ဆောက်ကို ဆောက်ရမယ်။
Must continue to
不会的。我们对中国人很友好。当我们落难的时候,是中国人帮了我们。
တရုတ် ပြည်သူတွေနဲ့ အင်မတန် ရင်းနှီးချစ်ခင်ပါတယ်..။ ကျွန်တော်တို့ ဒုက္ခ ရောက်နေချိန်မှာ တရုတ် ပြည်သူတွေက ကူညီ ခဲ့ကြတာပါ..
We Chinese people are very friendly. When we are distressed, the Chinese people to help us.
ဒါကတော့ ယခုတင်ထားတဲ့ ပုံက လိုင်းတားထားတာတွေကို Google Translate ဘာသာပြန် လိုက်ပါတယ်..။ ဒီတော့ ဒီသတင်းကို တရုတ် ဝက်ဆိုဒ်တွေက အတည်ယူပြီး မျဉ်းကြောင်းတွေတား ဖော်ပြနေသလားပဲ..။
မူရင်းလင့်ခ် http://www.infzm.com/content/78148
ဓာတ်ပုံအား မျဉ်းကြောင်းတား ဖော်ပြတဲ့ လင့်ခ် http://bbs.my0511.com/f152b-t3924362z-1 မှာ မျဉ်းကြောင်း တားထားတာတွေ ဆက်လက်ဘာသာပြန်ပေး ကြပါ..။
သတင်းရင်းမြစ်  - ဒီမိုဝေယံ
ကေအိုင်အေ ကချင်တိုင်းရင်းသားတပ်တွေနဲ့အစိုးရ တပ်တွေ အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေ။
Copy from - DVB TV News
ခေတ်စကား၊ ခေတ်တရား၊ ခေတ်ဓား နားမလည်ရင် နားပြတ်လိမ့်မယ် လည်ပြတ်မယ်-
 ဒီနေ့ ကျုပ်အသက် ၈၃ နှစ် ရှိပြီ။ နှစ်ပေါင်း ၆ဝကျော် ၇ဝ နီးပါး လောက်က အကြောင်းတွေကို တစ်ခါ တစ်ခါ ပြန်တွေးမိတယ်။ တစ်ပြည်လုံး ယူကျုံးမရ ဖြစ်ခဲ့ရတဲ့နေ့။ အမှောင်ကြီး ကျခဲ့တဲ့နေ့။ ကျုပ် အသက် ၁၇ နှစ်သားလောက်ရှိပြီ။ တက္ကသိုလ်ဝင်တန်း တက်နေတယ်။ တိုင်းပြည်ကြီး ဒုက္ခရောက်ပြီဆိုတာ သိတယ်။ ကျုပ်တို့ တောမြို့လေးလည်း ငရဲကျပြီဆ...ိုတာ သိတယ်။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေါင်း ဆောင်ကြီးတွေ လုပ်ကြံခံကြရတယ်။ တိုင်းပြည် ဒုက္ခရောက်ပြီပေါ့။ ဒီလောက် တော့ ကျုပ်သဘောပေါက်ခဲ့တယ်။ ဗိုလ်ချုပ်တို့ကို လုပ်ကြံ သူတွေထဲမှာ ကျုပ်တို့ မြို့သား တစ်ယောက်ပါနေ တယ်။ ကျုပ်ထက် အသက် ၅ နှစ်ပဲ ကြီးတဲ့သူ။ ကျောင်းနေဖက်တော့ မဟုတ်ဘူး။ ကျုပ်နဲ့အတူ ပြည်သူ့ ရဲဘော်အဖွဲ့ဝင်။
ကျုပ်တို့ တောမြို့ကလေးက သေးသေးလေး။ ဒါပေမယ့် သူနဲ့ကျုပ် မရင်းဖူး။ ကောင်းကောင်းတော့ သိတာပေါ့။ သူက ဂျပန်ခေတ် တပ်မတော်သားဟောင်း။ စစ်ကြီး ပြီးသွားတော့ ကျုပ်လိုပဲ ပြည်သူ့ရဲဘော် အဖွဲ့ဝင်။ ကျောင်းဘင်ခရာ တီးဝိုင်းတွေ ဘာတွေမှာ ခေါင်းဆောင်ပါတဲ့သူ။ ဗိုလ်ချုပ်အောင်ဆန်း ကိုလည်း အလွန် ကြည်ညို ကိုးကွယ်သူ။ လူက ကိုယ်လုံး တောင့်တောင့် ရုပ်ဖြောင့်ဖြောင့်။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ သူဆုံဖူး တွေ့ဖူးလားတော့ ကျုပ်မသိဘူး။ ကျုပ်ကတော့ ဗိုလ်ချုပ်ကို တွေ့ဖူး ဆုံဖူးတယ်။ စကား တစ်ခွန်းနှစ်ခွန်း ပြောဖူးတယ်။ ကျုပ်လည်း ဗိုလ်ချုပ်ကို အသေအလဲ ကြည်ညိုတဲ့သူ။
ဂျပန် ခေတ်မှာရော စစ်ပြီး ခေတ်မှာပါ ဗိုလ်ချုပ်ကို လူတိုင်း ကြည်ညိုတယ်။ ကိုးကွယ်တယ်။ အဲဒီလူတိုင်းထဲ ကျုပ်လို မြီးကောက်ပေါက်လည်း ပါတာပေါ့။ ဗိုလ်ချုပ်ကို ပစ်သတ်တဲ့ ကိုစိန်ကြီးလို နှစ်ဆယ်ကျော် သမားလဲ ပါတာပေါ့။
ကျုပ်က ၁၉၄၅ မတ်လမှာ တော်လှန်ရေး စစ်မြေပြင်ထွက်လာတဲ့ ဗိုလ်ချုပ်ကို ခရီးသွားဟန်လွဲတွေ့ လိုက်ဖူးတယ်။ ““မင်းကျောင်းနေတယ် မဟုတ်လား။ စာတတ်အောင်သင်။ တို့မှာ စစ်တိုက်မယ့်လူတွေ ရှိတယ်။ စာသင်မယ့်သူတွေ ရှားနေတယ်”” ဆိုတဲ့ စကားကို နားထဲမှာ စွဲနေတယ်။ ၂ နှစ်လောက်ကြာတဲ့
ပြည်တော်ပြန် ဥပဒေ ပြဌာန်းရန် မလိုဟုဆို
ဇူလိုင် ၁၆ ရက်နေ့ လွှတ်တော်မြင်ကွင်း (ဓာတ်ပုံ – ဧရာဝတီ)
အကြောင်း အမျိုးမျိုးကြောင့် ပြည်ပနိုင်ငံ အသီးသီးသို့ ရောက်ရှိနေကြသော မြန်မာများ ပြည်တော် ပြန်လာနိုင်ရေး ဥပဒေတရပ် ပြဌာန်းရန် မလိုကြောင်း ပြည်ထဲရေး ဒု ၀န်ကြီးက ပြောဆိုလိုက်သည်။
“ပြည်ပနိုင်ငံ များရောက် မြန်မာနိုင်ငံသားများ ပြန်လာရေး အတွက် တိကျသည့် ပြဌာန်းချက်တရပ် သို့မဟုတ် ဥပဒေ တရပ် ရေးဆွဲပြဌာန်း သွားရန် အစီအစဉ် ရှိ၊ မရှိ” ဟူသော မေးခွန်းကို ယမန်နေ့က အမျိုးသားလွှတ်တော် အစည်း အဝေးတွင် ကချင်ပြည်နယ် မဲဆန္ဒနယ်မြေ အမှတ် ၁၁ မှ ဦးစံထွန်းက မေးမြန်းရာ ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က အထက်ပါအတိုင်း ပြန်လည် ဖြေကြားခြင်းဖြစ်သည်။
နိုင်ငံတော် သမ္မတ၏ ဖိတ်ခေါ်ချက်နှင့် အညီ အကြောင်း အမျိုးမျိုးကြောင့် ပြည်ပသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ဟောင်းများ ပြန်လာရေးအတွက် နှောင့်နှေးကြန့်ကြာမှုများ မရှိစေရန် တိကျခိုင်မာသည့် အခြေခံ မူများ ချမှတ် ဆောင်ရွက်လျှက် ရှိသည့်အတွက် ဥပဒေတရပ် ရေးဆွဲပြဌာန်းရန် လိုအပ်မည် မဟုတ်ပါကြောင်း၊ ကာယကံရှင် မြန်မာ နိုင်ငံသားများ အနေဖြင့် လုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်ရန်သာ လိုအပ်ကြောင်း၊ နိုင်ငံတော် သမ္မတ၏ အထူးဖိတ်ခေါ်ချက်အရ ဆောင်ရွက်ပေးသည် ဖြစ်၍ ဥပဒေတရပ် ရေးဆွဲ ပြဌာန်းရန် မလိုအပ် သော်လည်း ပြည်ဝင်ဗီဇာဆိုင်ရာ သတ်မှတ်ထားသည့် စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ မူများ ချမှတ်ကာ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိကြောင်း ပြည်ထဲရေး ဒု ၀န်ကြီးက ပြန်လည် ဖြေကြား သွားသည်ဟု အစိုးရ သတင်းစာ များတွင် ဖော်ပြထားသည်။
ယခုအခါ သမ္မတ၏ ဖိတ်ကြားမှုဖြင့် ပြည်တော်ပြန်လာလိုသူ ပြည်ပရောက် မြန်မာများ အနေဖြင့် ဗီဇာ လျှောက်ထား ရာတွင် မြန်မာနိုင်ငံကို ခေတ္တ ခဏ အလည်ပြန် လာလိုသူများ၊ အပြီးပြန်လာ လိုသူများ ဟူ၍
လပွတ္တာမြို့နယ် သဲဖြူနှင် ညောင်လိန်မှ လယ်သမားများ ဆန္ဒဖော်ထုတ်ခြင်း
လပွတ္တာမြို့နယ် သဲဖြူနှင် ညောင်လိန်မှ လယ်သမားများ ဆန္ဒဖော်ထုတ်
ဇူလိုင် ၂၅
လပွတ္တာမြို့နယ် ညောင်လိန် ကျေးရွာနှင့် သဲဖြူ ကျေးရွာတို့မှ လယ်သမားများ ပါဝင်သော ဆန္ဒ ထုတ်ဖော်သူ ၅၀ ခန့်သည် ယနေ့ နေ့လယ်ပိုင်းတွင် လပွတ္တာ မြိုနယ်အတွင်း လှည့်လည် ဆန္ဒ ဖော်ထုတ် ခဲ့ကြကြောင်း Myanmar News Now မှ သတင်း ရရှိပါသည်။
ဆန္ဒ ဖော်ထုတ် ရသည့်အကြောင်းရင်းမှာ ၄င်းတို့၏ လယ်များ အသိမ်းခံရခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။ မြောင်းမြမြို့မှ ရှေ့နေ ဦးဖိုးဖြူ လာရောက်ပြီး လယ်သမားများနှင့် ဆိုင်သော အခွင့်အရေးများ အကြောင်းကို ရှင်းလင်း ပြောပြသွားကြောင်းလည်း သိရသည်။ ဆန္ဒထုတ် ဖော်ပွဲသို့ လပွတ္တာမြို့နယ်မှ  အဖွဲ့အစည်းများ လိုက်ပါ တက်ရောက် ခဲ့ကြောင်းလည်း သိရသည်။
Copy from - Myanmar News Now
KIA ဗုံးခွဲတိုက်ခိုက်မှုကြောင့် အစိုးရစစ်သား ၅ ဦး ကျ
ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော်လမ်းရှိ နှစ်ဖက်တပ်များ လှုပ်ရှားနယ်မြေ ဘန်ကောင်မူ (Bankawng Mu) တွင် ဇူလိုင်၂၄၊ အင်္ဂါနေ့က မြန်မာအစိုးရ တပ်ဖွဲ့များကို ကချင်လွပ်မြောက်ရေး တပ်ဖွဲ့ (KIA) မှ ဗုံးဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ အစိုးရ စစ်သား ၅ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
KIA တပ်မဟာ (၅) တပ်ရင်း (၂၄) နယ်မြေ ဘန်ကောင်မူတွင် မြန်မာ အစိုးရတပ် ခလရ (၁၄၂) တပ်များ လှုပ်ရှားလာစဉ် MHH ခေါ် KIA ပြည်သူ့စစ် တပ်ဖွဲ့မှ ယမန်နေ့ ညနေ ၅ နာရီခန့်တွင် ဗုံးပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဗဟိုဌာနချုပ် လိုင်ဇာမှ အရာရှိတဦး အတည်ပြု ပြောဆိုသည်။
“သေနတ်နဲ့ ပစ်ခတ်တာတော့ မဟုတ်ဘူး။ သူတို့တပ်ဖွဲ့က အဲဒီ ပတ်ဝန်းကျင်မှာပဲ လှုပ်ရှားနေတဲ့ အဖွဲ့တွေဖြစ်တယ်။ ကျနော်တို့ တပ်တွေက သူတို့ လှုပ်ရှားဖို့ ထွက်လာတဲ့ အချိန်မှာ ပစ်လိုက်တာ ဖြစ်တယ်။”
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချူပ် လိုင်ဇာ (Laiza) အနီး ထိုနယ်မြေ တဝိုက်တွင် နေ့စဉ် နှစ်ဖက်ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားသော နေရာများဖြစ်သည်။
ထို့ပြင် KIA တပ်မဟာ (၂) တပ်ရင်း (၆) နယ်မြေ ကားမိုင်းတွင်လည်း မြန်မာစစ်တပ်များနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ နှစ်ဖက် ကျဆုံးမှုကို အတိအကျ မသိရသေးပေ။
တိုင်းရင်းသား လူမျိုးတွေရဲ့​ အခွင့်အရေးနဲ့ ပတ်သက်၍ လွှတ်တော်တွင်းမှာ ဒေါ်အောင်ဆန်း စုကြည်က ပြောကြား
တိုင်းရင်းသား လူမျိုးတွေရဲ့​ အခွင့်အရေးတွေကို ကာကွယ် စောင့်ရှောက်တယ် ဆိုတာ​ဟာ ဘာသာစာကား၊ ယဉ်ကျေးမှုကို ထိန်းသိမ်းတယ် ဆိုတာထက် များစွာ ကျယ်ပြန့် နက်နဲတယ်လို့ လွှတ်တော်တွင်းမှာ ဒေါ်အောင်ဆန်း စုကြည်က ပြောကြား လိုက်ပါတယ်။
ဦးအံ့ဘုန်းမြတ် တင်ဆက်ထားပါတယ်။
ရိုက်ကူး - ခွန်ခေါင်
Copy from - DVB TV News
Wednesday, July 25, 2012
ရပ်ကွက်လူမိုက်နှင့် တူသည့် မြန်မာအစိုးရ... (ရေးသားသူ Myo Set)
မြန်မာ အစိုးရသည် ဘာနဲ့ တူသည်လဲဆိုတော့ ငယ်စဉ်က ရပ်ကွက်ထဲ၊ အိမ်ထဲမှာသာ မိုက်ရဲသော လူမိုက်၊ လူရမ်းကားနှင့် တူနေသည်။
၂ဝဝ၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးတုန်းက ပြလိုက်သည့် သေနတ် ကျည်အစွမ်း။ ကချင်ဒေသတွင် ထုလိုက်၊ နှက်လိုက်သည်မှာ ကမ္ဘာစစ် ဖြစ်လျှင်ပင် မြန်မာက အောင်ပွဲ ဆင်မည့်အလား။
သို့ရာတွင် ခေတ်သစ် Globalization အခင်းအကျင်းတွင် အထီးကျန် မြန်မာနိုင်ငံသည် နိုင်ငံတကာ ဆက်ဆံရေး စာမျက်နှာနှင့် နိုင်ငံခြားရေး ပေါ်လစီကိစ္စတွင် လူမမယ် လသားအရွယ်မျှသာ ရှိနေသေးသည်နှင့် တူနေသည်။ ဘင်္ဂလားဒေ့ရှ်လို 1971 မှ ပါကစ္စတန်ထံမှ လွတ်လပ်ရေး ရသော နိုင်ငံတစ်ခု၏ ဒစ်ပလိုမေစီ ပရိယာယ် လက်အောက်တွင် ၁၉၄၈ ခုနှစ်ကတည်းက လွတ်လပ်ရေး ရခဲ့သော မြန်မာနိုင်ငံ၏ မြန်မာအစိုးရ ကောင်းကောင်းကြီး ပါးရိုက် ခံနေရသည်။
ရေပိုင်နက် ကိစ္စတွင်လည်း မြန်မာအစိုးရက "ဘောအ" ကြီးဖြစ်နေချိန်တွင် ဘင်္ဂလားဒေ့ရှ် ဖက်မှ သတင်းစာ ရှင်းလင်းပွဲကို ပီပီပြင်ပြင် လုပ်ကာ ဟုတ်ဟုတ် မဟုတ်ဟုတ် အသာစီး ယူပြသွားသည်။ ယခု ရိုဟင်ဂျာ ကိစ္စတွင်လည်း လက်နက်များ ဖမ်းမိပါသည်ဟု သတင်းများ ဒင်းကြမ်း ထွက်နေချိန်တွင် ကုလသမဂ္ဂ အရာရှိများကို ဖမ်းထားသည့်တိုင် ပြန်ကြားရေး ဝန်ကြီးဌာနကား သင်္ချိုင်းမှ ဇရပ်ပျက်လို ငုတ်တုတ်မဲတဲ ဘာမှ သုံးမရချေ။ ဘာကို ကြောက်နေသည် မှန်းတော့ မသိချေ။ အချိန်မှီ သတင်းများကို တင်ဆက်နေသော ပြည်တွင်း မီဒီယာများ ကိုကားခေါ်၍ ပင်ကြိမ်းလိုက်သေးသည်။ အာဂ ရပ်ကွက်လူမိုက် အိမ်ကျယ်ကြီးများပါ တကား။
ဘင်္ဂလားဒေ့ရှ်ဖက်မှ နိုင်ငံခြားရေးဝန်ကြီးက အချိန်ကိုက်သတင်းများကို တုန့်ပြန်နေချိန်တွင် မြန်မာအစိုးရသည်ကား ဆိတ်တို့၊ မြည်းတို့ကဲ့သို့သော အဟိတ်တိရစ္ဆာန်များကဲ့သို့ စကားမတတ်သော ရွှေအ သဖွယ် ငုံ့ခံနေရချေသည်။ ယနေ့ရခိုင်ကိစ္စကို တုန့်ပြန်သော လူငယ်များ၏ အမြင်မှကြည့်လျှင် တစ်စက်မှ အားရဖွယ်မရှိချေ။ ခေတ်ဆွေးတို့ကိုဖယ်ရန်အချိန်ရောက်လေပြီလော။
ဘင်္ဂလားဒေ့ရှ်ဖက်မှ မီဒီယာဖြင့် နှပ်ကြောင်းပေး ပုံဖော်သည်မှာ "ရှိသမျှ ရိုဟင်ဂျာများကို မြန်မာမှ ပြန်ခေါ်မည်တဲ့"။ "နိုင်ငံခြားရေး ဒုဝန်ကြီးက ဘင်္ဂါလီများကို ပြန်လက်ခံရန် သဘော တူသည်တဲ့"။ ဘင်္ဂလား မီဒီယာများမှ ထိုကဲ့သို့ ကျယ်ကျယ် လောင်လောင် အော်ဟစ်ချိန်တွင် ပုလင်းတူဘူးဆို့ ဘင်္ဂလား မီဒီယာများဖြစ်သည့် BBC မြန်မာပိုင်း၊ VOA၊ RFA ၊ ဧရာဝတီနှင့် အဆိုးဝါးဆုံး ဒီဗီဘီ တို့မှ ပူးပေါင်းလုပ်ကြံကာ ဘင်္ဂလားသွင်းရေး ခေါ်တော နတ်ကနားပွဲကို လေလှိုင်းမှ မြိုင်မြိုင် ဆိုင်ဆိုင် တီးပြ ကြပေဦးမည်။ ခံပေဦးရော့ ရခိုင်မြေ။
နိုင်ငံတကာ ဆက်ဆံရေးတွင် မြန်မာနိုင်ငံသည် ဗိုလ်ချုပ် ပြောသော "ဖာ" နိုင်ငံစစ်စစ် ဖြစ်သွားရလေပြီ။ တရုတ်က ကြက်ကဲ့သို့ ဖြဲယဲ ယူသမျှ ခေါင်းငုံ့ခံရ၏။ ထိုင်းက နားရင်းရိုက် တောင်းသမျှ သွားဖြဲဖြင့်ပေးရ၏။ ယခုမူ ကိုယ့်ထက် လွတ်လပ်ရေးရတာ အနှစ်သုံးဆယ်မျှ နောက်ကျသော နိုင်ငံ၊ ကိုယ့်နိုင်ငံမှ စစ်ကိုင်းတိုင်း လောက်သာ ရှိသော နိုင်ငံမှ နားရွက် တံတွေးဆွတ်သည်ကို အိမ်ကျယ်၊ လူမိုက်ကြီးများ ခေါင်းငုံ့ခံ နေရလေ၏။ သန္တာရွှေတို့ အလကားနေရင်း လခထုတ်နေသည်ဟူသော Ministry of Foreign Affairs ဟူသည့် ဌာနကြီးသည် သံအမတ် ခန့်အပ်ထားရေးအတွက် ခြများကြီစိုးရာ ခြတွင်းကြီးသာ ဖြစ်နေလေရာ ယနေ့ကဲ့သို့ အရေးပေါ်ခိုက် ဘာမှ သုံးမရသည်မှာ မဆန်းချေ။
သြော် ငါတို့သည် အဖေ ဗိုလ်ချုပ်ပြောခဲ့သလို "ဖာ" နိုင်ငံ တွင် နေရသော ကုသိုလ်ကံ မွဲ ရေနည်း ငါးများသာ ဖြစ်ရချေသည် တကား။
တရုပ်မြန်မာ နယ်စပ် လက်မှတ်တွေ ပတ်စပို့တွေ ရှိရက်နဲ့ အဖမ်းခံရ
တရုပ်မြန်မာ နယ်စပ် မူဆယ်မြိုနဲ့ ထိစပ်နေတဲ့ ရွှေလီမြို့က ထေါင် ၄ ခုမှာ မြန်မာ အလုပ်သမားတွေဟာ လက်မှတ်တွေ ပတ်စပို့တွေ ရှိရက်နဲ့ အဖမ်းခံ နေရတယ်လို့ ဒီဗီဘီက သတင်း ရရှိပါတယ်၊ ဒေါ်ခင်မင်းဇော် ပေးပို့ထားပါတယ်၊
ရိုက်ကူး အိမ်ခိုင်မြဲ
Copy from DVB TV news
၂၄ နှစ်မြောက် ၈၈၈၈ နှစ်ပါတ်လည် အခမ်းအနား
၂၄ နှစ်မြောက် ၈၈၈၈ နှစ်ပါတ်လည်အခမ်းအနား
ဂျပန်ရောက် မြန်မာနိုင်ငံသားများ၏ ၂၄ နှစ်မြောက် ၈၈၈၈ နှစ်ပါတ်လည် အခမ်းအနားကို အောက်ပါ အစီအစဉ် ၂ ရပ်ဖြင့် ကျင်းပ ပြုလုပ်မည် ဖြစ်ပါ၍ ပူးပေါင်း ပါဝင်ကြပါရန် ဖိတ်ကြား အပ်ပါကြောင်း။
၁။  စီတန်းလှည့်လည်ဆန္ဒပြပွဲ။
နေ့ရက်။        ။ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၈ ရက် (ဗုဒ္ဓဟူးနေ့)
အချိန်။        ။ နေ့လည် နာရီ စုရပ်၊ ၂း၃၀ နာရီ အခမ်းအနား စတင်မည်၊ ၃း၀၀ စတင် ထွက်ခွာမည်။
နေရာ။        ။ Gotanda ဘူတာ အနီး၊ Minami Gotanda ပန်းခြံ။
၂။ ၈၈၈၈ နေ့ အထိမ်းအမှတ် နိုင်ငံရေး စာတမ်းဖတ်ပွဲနှင့် ဆွေးနွေးပွဲ။
နေ့ရက်။         ။ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်၊ (တနင်္ဂနွေနေ့)။
အချိန် ။         ။ ညနေ ၆ နာရီ မှ ည ၉ နာရီအထိ။
နေရာ။        ။ Otsuka ဘူတာ၊ Minami Otsuka  hall။
စာတမ်းဖတ်ကြား တင်သွင်းလိုသူ အဖွဲ့အစည်းများ အနေဖြင့် တင်သွင်းမည့် စာတမ်း အရည်အတွက်၊ အချိန် စသဖြင့် ပြင်ဆင်ညှိနှိုင်း မှုးများ လိုအပ်မည် ဖြစ်ပါ၍ ကြိုတင်ဆက်သွယ် စာရင်း ပေးပို့ကြပါရန် မေတ္တာ ရပ်ခံအပ်ပါသည်။
တာဝန်ခံ ကျင်းပသော အဖွဲ့အစည်း
(၁) မြန်မာ့ဒီမိုကရေစီကွန်ယက်/ Network for Democracy in Burma (NDB)
(၂) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လွတ်မြောက်နယ်မြေ၊ ဂျပန်ဌာနခွဲ/ NLD (LA)-JB
ဆက်သွယ်ရန်။
ဦးသန်းဆွေ၊ ဦးကျော်ကျော်စိုး၊ ဦးလှဟန်။ဦးသောင်းမြင့်ဦး၊ ဦးမိုင်ကျော်ဦး၊ ဦးဇော်မင်းခိုင်၊ ဦးမြင့်ဆွေ၊ ၀၉၀ ၄၉၆၄ ၉၇၁၈။ ၀၉၀ ၆၀၃၁ ၄၃၉၄။ ၀၉၀ ၆၁၆၈ ၂၀၉၅။ ၀၉၀ ၆၀၄၀ ၈၂၈၂။ ၀၉၀ ၉၈၃၁ ၇၁၉၂။ ၀၉၀ ၆၀၂၅ ၄၆၂၉။ ၀၈၀ ၄၀၀၅ ၇၀၉၈
"ကားလိုမြန်သော ရထား ရန်ကုန်-မန်း ပြေးဆွဲရန် ဂျပန်သုတေသနစတင်"
ရန်ကုန်-မန္တလေး အမြန် ရထား ပြေးဆွဲကြာချိန်ကို ထက်ဝက် လျှော့ချရန် အတွက် ဂျပန် ပညာရှင်များ ဆန်းစစ် သုတေသန ပြုလုပ် နေကြပြီဟု ရထား ပို့ဆောင်ရေး ဝန်ကြီးဌာနမှ သိရသည်။
 လက်ရှိတွင် ရန်ကုန်-မန်း အမြန်ရထား ပြေးဆွဲကြာချိန်မှာ ၁၄ နာရီဖြစ်ပြီး ၈ နာရီဖြင့် အရောက် သွားနိုင်ရန်အတွက် ဂျပန် အစိုးရက ကူညီသွားမည်ဟု သိရသည်။
 ''ရန်ကုန်-မန္တလေးလမ်းပိုင်း ကို ဂျပျန် ပညာရှင်တွေ လေ့လာပြီး တာနဲ့ အစီရင်ခံစာ ထွက်လာပါမယ်။ ဒီအစီရင်ခံစာကို နှစ်ဖက် ညှိနှိုင်းပြီး ဆက် လက် ဆောင်ရွက်ကြပါမယ်'' ဟု ၄င်းကပြောသည်။ ၃၈၅ မိုင် ရှည်လျားသည့် ရန်ကုန်-မန္တလေး လမ်းပိုင်းတွင် အမြန်ရထား၊ စာပို့နှင့် ရိုးရိုး ရထားများ ပြေးဆွဲ နေသော်လည်း ဂျပန်အစိုး ရက အမြန်ရထား ပြေးဆွဲချိန်ကိုသာ ထက်ဝက် လျော့ကျသွားရန် ကူညီပေး မည်ဟု ၄င်းက ဆက်လက်ပြောသည်။
 ရန်ကုန်-မန္တလေး ရထားစီး နင်းသူ မိုးကုတ်မြို့မှ အသက် ၅၅ နှစ်ကျော် အရွယ်ရှိ အမျိုးသမီး တစ်ဦးက'' အရင်တုန်းကဆို ရထားခက ဈေးသက် သာတော့ စီးတာ များကြပေမယ့် အခုနောက်ပိုင်း ရထားနဲ့ ကားခ လက်မှတ် က အတူတူပဲ ဆိုတော့ ရွေးချယ်မှုက ကားဘက်ကို သာနေတယ်။ ကားလက်မှတ် ကျပ်တဲ့ အခါမျိုးနဲ့ ဘူတာနဲ့နီးတဲ့ သူတွေသာ စီးကြတော့တယ်။ ၁၄ နာရီ ခုတ်မောင်းတယ် ဆိုပေမယ့် ရပ်နား ထားတာတွေကိုပါ ထည့်တွက်ရင် အမှန် ၁၈နာရီလောက် ကြာနိုင် တယ်''ဟု ပြောသည်။
 ရန်ကုန်-မန်း အမြန် ရထားများသည် တစ်နာရီလျှင် မိုင် ၃ဝ သာ ခုတ်မောင်း ပြီး ပျော်ဘွယ်-ရမည်းသင်းတို့၌ တစ်နာရီ ၄၅ မိုင်နှုန်း ခုတ်မောင်း နေကြောင်း မြန်မာ့မီးရထားမှ သိရသည်။
 ရထားပို့ဆောင်ရေး ဝန်ကြီးဌာန အကြီးတန်းအရာရှိက ''မြန်နှုန်းမြှင့် ရပါမယ်။ ဒါမှ ခုတ်မောင်းချိန် ကနည်းသွားမှာပါ။ ဒီမှာ ရှိတဲ့ လမ်းပိုင်း၊ သံ လမ်း အခြေအနေတွေကို ကြိုတင်ပြီး မြန်မာ့မီးရထားပိုင်းက စလုပ်နေတာ မျိုးတွေ လုပ်နေပါပြီ''ဟု ပြောသည်။
 ဂျပန်ပညာရှင်များ၏ သုတေသန အစီရင်ခံစာ ပေါ်ထွက်ပြီး မကြာမီ အမြန် ဆုံးပြီးစီးအောင် ဆောင်ရွက် သွားမည်ဟု ရထားပို့ ဆောင်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိ သူက ပြောသည်။
 ရန်ကုန်-မန္တလေးလမ်းပိုင်း နည်းတူ ရန်ကုန်-နေပြည်တော် အား ရထားဖြင့် အချိန် တစ်နာရီကြာ သာစီးနင်းပြီး သွားရောက်နိုင်မည့် အစီအစဉ်ကို ဆောင် ရွက်သွားမည်ဟု ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက မီဒီယာ များနှင့် နေပြည်တော်၌ တွေ့ဆုံစဉ် ပြောခဲ့ဖူးသည်။
Copy from - Popular Myanmar News Journal
တိုင်းရင်းသား လူမျိုးများ ကာကွယ် စောင့်ရှောက်သည့် ဥပဒေ ပြဌာန်းရေးအဆိုကို ဆွေးနွေး ကြမည်
တိုင်းရင်းသား လူမျိုးများ ကာကွယ် စောင့်ရှောက်သည့် ဥပဒေ ပြဌာန်းရေး အဆိုကို
ယနေ့ (ဇူလိုင်လ ၂၅ ရက်နေ့) တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးနေစဉ်
ဓါတ်ပုံ - EMG
ယနေ့ (ဇူလိုင်လ ၂၅ ရက်နေ့) တွင် ကျင်းပမည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ တိုင်းရင်းသား လူမျိုးများ ကာကွယ် စောင့်ရှောက်သည့် ဥပဒေ ပြဌာန်းရေးအဆိုကို ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၉) ဦးက ဆွေးနွေး ကြမည်ဟု သိရသည်။
ထို့အပြင် ယမန်နေ့က တင်သွင်းရန် ရွေ့ဆိုင်းခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်၏ အဆိုကို တင်သွင်းခြင်းနှင့် လက်ခံ ဆွေးနွေးရန် သင့်၊ မသင့် အဆုံးအဖြတ် ရယူသွားမည် ဖြစ်ပါသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပုသိမ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က "Good Governance (ကောင်းမွန်သော အုပ်ချုပ်ရေး)၊ Clean Government (သန့်ရှင်းသော အစိုးရ) ဖြစ်ပေါ်စေရေး အတွက် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ် အစိုးရ အဖွဲ့ဝင်များအဖြစ် တာဝန် ပေးအပ် ခံရသူများသည် ၎င်းတို့၏ ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွေ့ပြောင်းနိုင်သော ပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ်ဖော် ကြေညာပြီး မှတ်တမ်းတင်ထားရန်
မြန်မာ အစိုးရ၏ မူးယစ် ကုန်သည်အား KIA တပ်ရင်း(၆)မှဖမ်း
"ဗမာအစိုးရအား အလုပ်ကျွေး ပြုနေသော တာမခံမှ မူးယစ် ဘုရင်လင်မယားအား KIA တပ်ရင်း ၆ မှ ဖမ်းဆီး"
ဇူလှိုင်လ ၂၂ ရက်နေ့တွင် တာမခံမှ မူးယစ်ဆေးဝါး မျိုးစုံ ရောင်းဝယ် ဖောက်ကားသူ ဦးဒရှီဂမ်မွန်းနှင့် ဒေါ်သက်ရှည် တို့လင်မယားအား ဖားကန့်အခြစိုက် KIA တပ်ရင်း ၆မှ မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးလိုက်ပြီ ဖြစ်ပါသည်။ ထိုလင်မယားအား KIA တပ်ရင်း ၆ မှ ကြိမ်ဖန်များစွာ သတိပေး ခဲ့သော်လည်း လိုက်နာခြင်း မရှိဘဲ ဗမာအစိုးရ ဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီး လိုင်းကြေး ဆောင်ကာ တာမခံတွင် မူးယစ်ဆေးဝါးများကို လွတ်လွတ် လပ်လပ်ေ ရာင်းဝယ် ဖောက်ကားခဲ့ပါသည်။ 
ဦးဒရှီဂမ်မွန်း လင်မယားက အတိုင်းအတာကို လွန်လွန်းနေပြီ၊ နောက်ပြီး ပြည်သူလူထု ကလည်း အရမ်း ထိလာတယ်၊ ဒါကြောင့် အခုလို ဖမ်းဆီးရတာပါ ဟု KIA အရာရှိတစ်ဦးက မှတ်ချက်ပေးပါသည်။ ဦးဒရှီဂမ်မွန်း၏ ထွက်ဆိုချက်အရ ၎င်းတို့သည် ဌာနဆိုင်ရာ များအား တစ်လလျှင် ကျပ်ငွေ ၄၅ သိန်းခန့်ပေးဆာင် ရကြောင်း သိရပါသည်။
ဆက်လက်၍ ၎င်းက မည်သည့် ဌာနဆိုင်ရာများကို မည်မျှပေးရသည်၊ မည်သူက လာယူသည် စသဖြင့်လည်း ထွက်ဆိုသွား ပါ သည်။
 ၁။ တာမခံ ရဲတပ်ဖွဲ့စခန်းအား ၅ သိန်း ပေးဆောင်ရ၊ ကိုဖိုးသား ဆိုသူအားပေးရ။
၂။ တာမခံ အထူးမူးယစ် တပ်ဖွဲ့အား ၁၀ သိန်း ပေးဆောင်ရ၊ ကိုမောင်နိုင် ဆိုသူအားပေးရ။
၃။ စ.ရ.ဖ တပ်ဖွဲ့အား ၃ သိန်း ပေးဆောင်ရ၊ လူစေလွှတ် ယူဆောင်ခိုင်း။
၎။ S.B အဖွဲ့အား ၃ သိန်း ပေးဆောင်ရ၊ ကိုဖိုးသား ဆိုသူအား ပေးဆောင်ရ။
၅။ ခရိုင် (DN) အဖွဲ့အား ၅ သိန်း ပေးဆောင်ရ၊ ကိုဖိုးသားဆိုသူအား ပေးဆောင်ရ။
၆။ ဖားကန့် နယ်ထိန်းအဖွဲ့အား ၅ သိန်း ပေးဆောင်ရ၊ ကိုဖိုးသား ဆိုသူအား ပေးဆောင်ရ။
၇။ တာမခံ ရယက အဖွဲ့အား ၅ သိန်း ပေးဆောင်ရ၊ ကိုလှရွှေ ဆိုသူ လာယူ။
၈။ ဖားကန့် မယက အဖွဲ့အား ၃ သိန်း ဆောင်ရ၊ ကိုထွန်းထွန်း ဆိုသူလာယူ။
၉။ စ.စ.စ အဖွဲ့အား ၃ သိန်း ပေးဆာင်ရ၊ ကိုထွန်းထွန်း ဆိုသူလာယူ။
၁၀။ စစ်ကြောင်းများအား အနည်းဆုံး ၃ သိန်း ပေးဆောင်ရ၊ တပ်ကြပ် တစ်ဦးဦး လာယူ
Copy from - Lachid Kachin's
ရခိုင် နယ်ခြားစောင့်တပ် ဖွဲ့ရေး ကြိုးပမ်းမည်
ပဋိပက္ခ ကာလအတွင်း ရခိုင်ပြည်နယ် စစ်တွေမြို့ တနေရာ (ဓာတ်ပုံ – ခင်သြ / ဧရာဝတီ)
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသနှင့် ရခိုင်ဒေသတွင်း လုံခြုံရေးအတွက် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး၊ ပြည်သူ့စစ် ဖွဲ့စည်းရေး ကိစ္စများအတွက် ရခိုင်ခေါင်းဆောင်များက ကြိုးပမ်းဆောင်ရွက်သွားမည်ဟု သိရသည်။
ရခိုင်ပြည်နယ်၌ မကြာသေးခင်က ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် ဒေသခံတိုင်းရင်းသား လူမျိုးများ၏ အသက် အိုးအိမ်စည်းစိမ်များ ဆုံးရှုံးခဲ့ရကြောင်း၊ ထိုပြဿနာသည် လတ်တလော အခြေအနေတွင် တည်ငြိမ်နေသည့်တိုင် ရေရှည်တွင် စိတ်မချရကြောင်း၊ ထို့ကြောင့် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနှင့် ပြည်သူ့စစ် ဖွဲ့စည်းပေးသင့်ကြောင်း သမ္မတ ဦးသိန်းစိန်ထံ တင်ပြခဲ့သည်ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ အထွေထွေ အတွင်းရေးမှူး ဦးလှစောက ဧရာဝတီသို့ ပြောသည်။
ဘူးသီးတောင်၊ မောင်တော မြို့နယ်များ၌ ရခိုင်လူမျိုးများနှင့် တခြားသော တိုင်းရင်းသားတို့သည် လူနည်းစုများ ဖြစ်နေကြောင်း၊ ၎င်းတို့အား ကာကွယ်စောင့်ရှောက်ရန် ရခိုင်အမျိုးသားများ ကိုယ်စားပြုသည့် တပ်ဖွဲ့များကသာ အပြည့်အ၀ တာဝန်ယူ ကာကွယ်ပေး နိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ဆက်ပြောသည်။
“တပ်ဖွဲ့စည်းရေးကိစ္စ သမ္မတကို တင်ပြတော့ သမ္မတကတော့ ဘာမှတ်ချက်မှ မပေးသေးဘူး။ ဒီကိစ္စဟာ သမ္မတရဲ့ လုပ်ပိုင်ခွင့်လား၊ ကာချုပ်ရဲ့ လုပ်ပိုင်ခွင့်လားဆိုတာ မသိပါဘူး။ ကျနော်တို့က လိုအပ်ချက်အရ တင်ပြတဲ့ သဘောပဲရှိတယ်” ဟု ဦးလှစောက ဆိုသည်။
၎င်းက “ဥပဒေတွေ စည်းကမ်းတွေ ရှိတာမှန်ပေမယ့် ဒီကိစ္စဟာ ပြည်ထောင်စုအတွက် လုံးဝ လက်ခံသင့်တယ်လို့ ကျနော်မြင်တယ်။ သမ္မတကြီးကိုလည်း ပြောခဲ့တယ်။ ကျနော်တို့ဟာ အနောက်ဘက် တံခါးကြီးကို လုံခြုံအောင် ကာကွယ်ပေးနိုင်တယ် ဆိုတာကိုပါ” ဟု ဆိုသည်။
ရခိုင်အမျိုးသားတပ် သို့မဟုတ် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကိစ္စသည် အစိုးရ၊ တပ်မတော်၏