Saturday, June 30, 2012

ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်​ရှိပါပြီ

သီတင်း နှစ်ပတ်ကြာ ဥရောပ ခရီးစဉ်မှ ပြန်လည် ရောက်ရှိလာသည့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ရန်ကုန် နိုင်ငံတကာ လေဆပ်မှ စတင်ကာ တက္ကသိုလ် ရိပ်သာလမ်း ခရီးစဉ် တစ်လျှောက် လမ်းဘေး ၀ဲယာတွင် ကြိုဆိုသူ အထူး များပြားကာ အနည်းဆုံး လူတစ်သိန်း ကျော်ခန့် ကြိုဆို ကြသည်ဟု သိရသည်။ 

သတင်းရင်းမြစ် - Freedom News Group(Burma) 

 

မှတ်တမ်းဓါတ်ပုံကို facebook အင်တာနက်စာမျက်နှာမှ ကူးယူခဲ့ပါသည်။

လဂျားယန် တိုက်ပွဲတွင် KIA,ဘက်မှ (၃)ဦးကျ


 


KIA,တပ်မဟာ(၅)ဒေသ၊ KIO, ဋ္ဌာနချုပ်အနီး လဂျားယန် ဘက်သို့ထိုးစစ်ဆင် ကျူးကျော်ဝင်ရောက် လာသော မြန်မာ အစိုးရစစ်တပ် (ခ.မ.ရ- ၃၂၀- ၃၈၃) တပ် စစ်ကြောင်း နှင့် KIA, ဗဟိုလုံခြုံရေး တပ်ဖွဲ့တို့ (၂၈.၆.၂၀၁၂) ရက်နေ့ နံနက်မှ စ၍ ယခု သတင်းရေးနေချိန်အထိ အပြင်းအထန် တိုက်ပွဲ ဖြစ်ပွားလျှက်ရှိရာ (၂၉.၆.၂၀၁၂)ရက်နေ့တွင် KIA, ဘက်မှ (၃) ဦးကျဆုံးပြီး အစိုးရ တပ်ဘက်မှ ထိခိုက် ကျဆုံးမှူ များကြောင်း သတင်းရရှိ ။

Copy from - Lachid Kachin

ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုရန် စောင့်​ဆိုင်းနေကြသည့် ပြည်သူများ

Photo by  - The Voice Weekly

အစိုးရနှင့် KIO တိုက်ပွဲ ပြင်းထန်နေစဉ် KIO နှင့် UKA ပူးပေါင်း

KIO နှင့် KNO တို့ လှိုင်ဇာမြို့တွင်တွေ့ဆုံဆွေးနွေး ၊ Photo by - Lachid Kachin

 ဇွန်လ ၂၉ ရက် ၂၀၁၂ ခုနှစ်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့နှင့် ခြောက်မိုင် အကွာရှိ ဒေါ့ဖုန်းယန် မြို့နယ်ခွဲတွင် အစိုးရတပ်နှင့် KIO တပ်တို့ နှစ်ရက်ကြာ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။

ဒေါ့ဖုန်းယန်မြို့နယ်ခွဲ လဂျားယန်ကျေးရွာနှင့် နားလုံကျေးရွာ အကြားတွင် အစိုးရ၏ တပ်အင်အား ၁၀၀ ကျော်ခန့် တက်လာရာမှ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု KIO မှ ဒု-ဗိုလ်မှူးကြီး ဂျီးနောင်က ပြောသည်။

“မနေ့က နားလုံဘက်မှာ မနက်ကနေ ည ၈ နာရီထိ တိုက်နေတယ်။ ဗန်းမော် ဘက်ကရော၊ မြစ်ကြီးနားဘက်က (အစိုးရတပ်များ) တက်လာလို့ တိုက်ပွဲဖြစ်တယ်။ ဒီမနက်ပိုင်းလည်း ဆက်ဖြစ်နေတယ်” ဟု မဇ္ဈိမကို ပြောသည်။

နှစ်ရက်ကြာ တိုက်ပွဲအတွင်း နှစ်ဖက်လုံးမှ ကျဆုံး ဒဏ်ရာရမှုများ ရှိသည်ဟု KIO ၏ ရှေ့တန်းမှ အရာရှိတဦးက ပြော သည်။

“ကျနော်တို့ဘက်က ဒီမနက် ၈ နာရီ ၁၁ မိနစ်မှာ ဗိုလ်တဦး ကျသွားပြီ။ အစိုးရဘက်ကလည်း တော်တော် ကျတယ်။ တချို့က ဒေါ့ဖုန်းဘက်ကနေ လာတယ်။ တချို့က ရှထန်ပါ ဘက်ကနေ တက်လာတယ်။ မနေ့က တိုက်ပွဲမှာက တဦးကျ၊ တဦး ဒဏ်ရာရတယ်” ဟု သူက မဇ္စျိမကို ပြောသည်။

ထိုသို့ အစိုးရတပ်နှင့် KIO တပ်အကြား တိုက်ပွဲများ နေ့စဉ်လို ဖြစ်ပွားနေစဉ် KIO နှင့် ပြည်ပ အခြေစိုက် ကချင် အမျိုးသားအစည်းအရုံး KNO တို့ ပူးတွဲ လုပ်ဆောင် သွားရန် လိုင်ဇာ ဌာနချုပ်တွင် နှစ်ရပ်ကြာ တွေ့ဆုံ ဆွေးနွေးခဲ့ကြ သည်။ ထို့နောက် KNO ၏ United Kachinland Army - UKA တပ်ဖွဲ့ကို ရုတ်သိမ်း လိုက်ပြီး KIA တပ်ဖွဲ့နှင့်အတူ ပူးပေါင်း ဖွဲ့စည်းလိုက်ကြောင်း ဇွန်လ ၂၈ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန် လိုက်သည်။

“KIO နှင့် KNO သည် ကချင်အမျိုးသားရေးတွင် အတူ လက်တွဲပြီးကာ ပူးပေါင်း လုပ်ဆောင်သွားမှာ ဖြစ်ပြီး လုပ်ကိုင်ရ မယ့် လုပ်ငန်းစဉ်တွေကို စုပေါင်းညှိနှိုင်းပြီ လုပ်ဆောင်သွားမည်။ သဘောတူညီချက် အတိုင်း KNO ကနေ ဖွဲ့စည်းထား တဲ့ UKA ကို ရုပ်သိမ်းလိုက်ပြီး KIA နဲ့အတူ ပူးပေါင်းသွားမည်” ဟု ကချင်ဘာသာဖြင့် ဖော်ပြပါရှိသည်။

ဒေါ်အောင်ဆန်းစုကြည် ပြင်သစ်ခရီးစဉ် ရုပ်သံ

 
DVB

ဂျပန် အစိုးရ၏ တရားဝင်ဖိတ်ကြားမှုဖြင့် နိုင်ငံရေးပါတီ ၇ ခုမှ ကိုယ်စားလှယ် သွားရောက်မည်။


ဂျပန် အစိုးရ၏ တရားဝင် ဖိတ်ကြားမှုဖြင့် နိုင်ငံရေးပါတီ ၇ ခုမှ ကိုယ်စားလှယ် ၄၂ ဦး ဇူလိုင်လ ၃ ရက်တွင် ဂျပန်နိုင်ငံသို့ တစ်ပတ်ကြာ သွားရောက်မည် ဖြစ်သည်။

ဂျပန်နိုင်ငံသို့ သွားရောက်ရာတွင် ပါဝင်သော နိုင်ငံရေး ပါတီများမှာ ပြည်ခိုင်ဖြိုး၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ပါတီ၊ ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီတို့ဖြစ်သည်။

ယခုအကြိမ် ဖိတ်ကြားမှုသည် ဂျပန်အစိုးရ၏ ဒုတိယ အကြိမ်မြောက် တရားဝင်ဖိတ်ကြားမှု ဖြစ်ပြီး ၂၀၁၁ ဇူလိုင် လဆန်းက ပထမ အကြိမ်အဖြစ် နိုင်ငံရေးပါတီ ၆ ခုမှ ကိုယ်စားလှယ် ၂၀ ဦး သွားရောက်ခဲ့သည်။

Copy from -  Popular Myanmar News Journal

““သောက်ရေကန်အဆိပ်ခတ်မှုကြောင့် မြေပုံမြို့တွင် နှစ်ဖက် တင်းမာ””


ရန်ကုန်၊ ဇွန် - ၂၉

ရခိုင်ပြည်နယ်၊ မြေပုံမြို့ ဈေးအနီး တစ်ရာတန် သောက်ရေ ကန်တွင် အဆိပ်ခတ် မှုကြောင့် ရခိုင်တိုင်း ရင်းသားများနှင့် ဘင်္ဂါလီ လူမျိုးများကြား ယနေ့ မွန်းလွဲပိုင်းမှ စတင်၍ နှစ်ဖက် တင်းမာမှု စတင်ဖြစ်ပွား ခဲ့ကြောင်း မြေပုံမြို့ခံများက 7Day News သို့ ပြောကြားသည်။
တစ်ရာတန်ကန်တွင် ငါးများ သေဆုံး နေခြင်းတွေ့ရှိရာမှ ယင်းကန်အား အဆိပ်ခတ်ခြင်းရှိ၊ မရှိ အုပ်ချုပ်ရေးမှူး၊ မြို့နယ်ဆရာဝန်ကြီးနှင့် မြို့မိမြို့ဖများက နေ့လယ် ၁ နာရီ၌ သွားရောက် စစ်ဆေးခဲ့သည်။
အဆိပ် ခတ်ထားသည်မှာ သေချာသောကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများက မြေပုံမြို့ပေါ်တွင် ယင်းကန်ရေ သောက်သုံးခြင်း မပြုကြရန် အသံချဲ့စက်များဖြင့် လိုက်လံ အသိပေးခဲ့ကြောင်း မြေပုံမြို့နေ ကိုထွန်းထွန်းနိုင်က ပြောသည်။
လူနှစ်ဦး သေဆုံးခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း သေဆုံးမှု မရှိကြောင်း မြို့ခံအများစုက ပြောသည်။
ယနေ့ မွန်းလွဲ ၁၂ နာရီခန့်က နှစ်ဖက် တင်းမာရာမှ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သော်လည်း နေ့လယ် ၃ နာရီတွင် ငြိမ်သက်သွားကြောင်း၊ မြေပုံမြို့ပေါ်တွင် တစ်ရာတန်ကန်အပြင် ကန်ဒူကြီးကန်ရှိပြီး  ယင်းကန်မှာမူ အဆိပ်ခတ်ထားခြင်း မရှိကြောင်း လိုက်လံ စစ်ဆေးရာတွင် လိုက်ပါခဲ့သူ ဦးဘခင်က ပြောသည်။


Copy from - 7Day News Journal

KNPP နှင့် အစိုးရတပ် တိုက်ပွဲဖြစ်

KNPP နှင့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်များ ကယားပြည်နယ် လွိုင်ကော်မြို့တွင် မတ်လ ၇ ရက်နေ့က သဘောတူလက်မှတ် ရေးထိုးစဉ် (ဓာတ်ပုံ – ကန္တာရဝတီတိုင်းမ်)


အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ပဏာမ သဘောတူညီချက် ပြုလုပ်ထားသော ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) တပ်ဖွဲ့ဝင်များနှင့် အစိုးရတပ်ဖွဲ့များ ယမန်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ကယားပြည်နယ် မော်ချီးမြို့နယ်အတွင်းရှိ ဘွာဒိုကျေးရွာအနီး မော်ချီးမြို့နှင့် တောင်ငူမြို့သို့ ဆက်သွယ်ထားသော ကားလမ်း ဟောင်း အနီးတွင် KNPP အမှတ် ၁ တပ်ရင်းနှင့် အင်အား ၈၀ ကျော်ပါဝင်သော မော်ချီးမြို့နယ် အခြေစိုက် ခြေမြန်တပ်ရင်း(ခမရ) ၅၃၀ တို့ တနာရီခန့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း KNPP အတွင်းရေးမှူး ၁ ခူးဦးရယ် က ပြောပြသည်။

“သူတို့အကြောင်း ပြတာကတော့ တောင်ငူ-မော်ချီး ကားလမ်းကို တိုင်းတာဖို့ အတွက် သွားတာလို့ ပြောတာပဲ၊ ဒါပေမယ့် စစ်တပ် ကတော့ ဒါမျိုးအလုပ်တွေ လုပ်နေကြ မဟုတ်ဘူးလေ၊ သူတို့က ကျွံပြီး ဝင်လာတော့ ကျနော်တို့ တပ်တွေနဲ့ ပစ်ခတ်ကြတာပါ”ဟု ခူးဦးရယ် ကပြောသည်။

တိုက်ပွဲကြောင့် အစိုးရတပ်ဘက်မှ ၅ ဦး ကျဆုံးကြောင်း KNPP ဘက်မှပြောဆိုသော်လည်း ဧရာဝတီက

Friday, June 29, 2012

ဒီမိုကရေစီ ဘက်တော်သားတိုင်း သတိပြုသင့်သော ဒေါ်အောင်ဆန်းစုကြည်၏ သတိပေး သံချောင်းခေါက်သံ



မြန်မာ့ဒီမိုကရေစီ စနစ်အတွက် ရုန်းကန်ချင်တဲ့ လူတွေအနေနဲ့ အခုကတည်းက စပြီး ကြိုးစားဖို့လိုတယ် လို့ မြန်မာ့ဒီမိုကေရစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါသည်။

မြန်မာပြည်မှာ လောလောဆယ် ရှိနေတဲ့ အခွင့်အရေးမျိုး လွန်ခဲ့တဲ့ ရာစုနှစ်ဝက်အတွင်း အရင်က တခါမှ မကြုံခဲ့ရဖူးလို့ လက်ရှိအခွင့်အေရးကို မှန်မှန်ကန်ကန် အသုံးချရမယ်လို့ ဥ...ရောပခရီးစဉ်ရဲ့ နောက်ဆုံး နိုင်ငံအဖြစ် ပြင်သစ်ကို ရောက်နေစဉ် မှာ ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်တာပါ၊ အခုကတည်းက ကြိုးစားမှ ၂၀၁၅ ရွေးကောက်ပွဲကို ကိုယ်လိုချင်တဲ့ အခြေအနေမျိုး ဖန်တီးနိုင်မယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါ တယ်။

“အားလုံးက ၂၀၁၅၊ ၂၀၁၅ လို့ ပြောနေကြတယ်။ ဒါပေမယ့် ၂၀၁၅ မှ လှုပ်ရှားလို့ရှိရင် အင်မတန်မှ နောက်ကျသွား လိမ့်မယ်။ အခုကတည်းက စပြီးလှုပ်ရှားရမယ်။ ကျမ အမြင်မှာတော့ အခု ၂၀၁၂၊ ၂၀၁၃၊ ၂၀၁၄ ဟာ ၂၀၁၅ ထက် အများကြီး ပိုပြီး အရေးကြီးပါတယ်။ ဒီနှစ်တွေဟာ ၂၀၁၅ ဘယ်လိုပုံစံနဲ့ ထွက်လာမလဲဆိုတာ အဆုံးအဖြတ်ပေးမယ့် နှစ်ဖြစ်လို့ အခု နှစ်တွေအတွင်းမှာ အထူးရုန်းကုန်ဖို့၊ ကြိုးစားဖို့ သတိရှိဖို့ လိုတယ်လို့ ကျမက သတိပေးချင်ပါတယ်။”

သူခိုး - သူခိုး - သူခိုး

 
သူခိုးဖမ်းမှာ လမ်းကြားမှာလား - ပန်ကာအောက် မှာလား ... သူခိုးကြီးတော့ ဘုရားကြီးကြီးလှူ - သူခိုးသေးတော့ ဘုရားသေးသေးလှူ ... 

ရင်ထဲကို အင်မတန် ထိသွားတဲ့ ပြိုင်ပွဲဝင်ကားလေး... ဇတ်ကား နံမယ်က Thief သူခိုးတဲ့ ... အကျင့်ပျက် ချစားမှုတွေ - နည်းအမျိုးမျိုးနဲ့  လာဘ်ပေး လာဘ်ယူမှုတွေ - ဆင်းရဲ မွဲတွေမှုတွေ ကြီးစိုးနေတဲ့ ဒီခတ်ကြီးမှာ ထမင်းကြမ်းခဲနဲ့ ငါးကြော်လေး တကောင်ရဘို့ အတွက် အသက်နဲ့ ပေးဆပ်သွားရတာ ရင်နာစရာ.. သူ့ကို ၀ိုင်းရိုက်တော့ ကျနော် လူကောင်းပါ သူခိုး မဟုတ်ပါဘူးတဲ့ ... 

အသက် မထွက်ခင် ပြန်မြင်နေတာက ထမင်း ဆာလောင်နေတဲ့ အပြစ်ကင်းစင်တဲ့ လူမမယ် သမီးငယ်နဲ့ သား ... . ဒါရိုက်တာ ငြိမ်းသစ်နဲ့ ပါဝင်ခဲ့ကြတဲ့ ကဗျာဆရာတွေ ကျေးဇူးအထူးပါ ..
DVB

၂ဝ၁၄ မတိုင်မီ လွှတ်တော်ပြင်ပ တွေ့ဆုံပွဲ လုပ်မည်ဟု ဝန်ကြီးပြော

 ဇွန်လ ၂၈ ရက် ၂၀၁၂ ခုနှစ်။


အစိုးရမှ ‘ပင်လုံကဲ့သို့ ကျယ်ပြန့်သော ညီလာခံ’ ဟု ခေါ်ဆိုနေသည့် လွှတ်တော်ပြင်ပ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ တရပ်အား ၂ဝ၁၄ ခုနှစ် မတိုင်မီ ပြုလုပ် သွားရန် ရှိကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်း က မဲဆောက်၌ ဒီမိုကရေစီ အင်အားစုများ၌ တွေ့ဆုံစဉ် ပြောကြားသွားသည်။

“၂ဝ၁၂ ဒီဇင်ဘာ မတိုင်မီ စနိုင်ဖို့ ကြိုးစားမယ် နောက်အကျဆုံး ၂ဝ၁၄ မှာ ဖြစ်ရမယ်လို့ ပြောသွားတယ်။ အဲဒီ အစည်းအဝေးမှာ ငြိမ်းချမ်းရေးအဆင့် ဒုတိယ အဆင့်မှာ မကြေလည်တဲ့ ကိစ္စတွေကို ဆက်ဆွေးနွေးမယ်။ အစိုးရက ဆုံးဖြတ်ပေးလို့ ရတဲ့ဟာ တခါတည်း သဘောတူမယ်၊ အဆုံးအဖြတ် ပေးခွင့် မရှိတဲ့ဟာကို လွှတ်တော်ကို ဆက်လက် တင်ပြမယ်” ဟု မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ် FDB မှ ဒေါက်တာ နိုင်အောင်က ပြောသည်။

ဇွန်လ ၂၆ ရက်နေ့က မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ် FDB အပါအဝင် အခြား ဒီမိုကရေစီ အင်အားစုများနှင့် ဦးအောင်မင်း ဦးဆောင်သည့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံခဲ့သည်။

ယခု အစိုးရသည် ၂ဝ၁၅ ခုနှစ်၌ သက်တမ်း ကုန်ဆုံးမည် ဖြစ်၍ ထိုမတိုင်ခင် လွှတ်တော်ပြင်ပ ဆွေးနွေးပွဲအား မဖြစ်မနေ လုပ်ဆောင် သွားရန် ဆန္ဒရှိကြောင်း ဝန်ကြီးက ပြောသည်။

အဆိုပါ လွှတ်တော်ပြင်ပ တွေ့ဆုံပွဲ၌ မြန်မာနိုင်ငံရှိ တိုင်းရင်းသား ၁၃၅ မျိုးကို ကိုယ်စားပြုသည့် အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများ၊ NGO အဖွဲ့အစည်းများ၊ လူထု လူတန်းစား အလွှာပေါင်းစုံမှ ကိုယ်စားလှယ်များ တက်ရောက်ကြဖွယ် ရှိသည်ဟု ဝန်ကြီးမှ ပြောကြားခဲ့သည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လူတစ်သန်းကြိုဆိုရေး campaign လုပ်ဆောင်နိုင်ရန် ပြည်သူလူထုအား ဖိတ်ခေါ်ခြင်း

 
June 28, 2012

မြန်မာ့သမိုင်းတွင် မော်ကွန်း ထိုးရမည့်ဖြစ်စဉ်ကြီးများ ယနေ့ မြန်မာ့ပြည်တွင် ဖြစ်ပေါ်လျှက် ရှိပါသည်။ မိမိတို့ နိုင်ငံမှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ချီးမြင့်သော ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်လ်ဆုအား နိုင်ငံ့ ဂုဏ်၊ မြန်မာ တမျိုးသားလုံး ကိုယ်စား ဆောင်ယူ မြင့်တင်ကာ လက်ခံရယူအပြီး အလွန် ကြီးမြတ်လှသော တိုင်း ကမ္ဘာသိ မွန်မြတ်လှသော ငြိမ်းချမ်းမှု ဆုတံဆိပ်များ၊ ကမ္ဘာ့ခေါင်းဆောင်များဧ။် မြန်မာ့နိုင်ငံရေးအပေါ် ကောင်းကျိုး သက်ရောက်စေမည့် ထောက်ခံ အားပေးမှုများကို ဆောင်ယူပြီး နိုင်ငံအနာဂတ် ရောင်ခြည်အလင်းများ တပွေ့တပိုက်ဖြင့် အမိမြေဆီသို့ ယခုရက်ပိုင်းအတွင်း ဆိုက်ရောက်တော့မည် ဖြစ်ပါသည်။ 

လာမည့် 30 ရက်နေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ လူထုခေါင်းဆောင်ကြီး ရောက်ရှိ ခြေချတော့မည်ဖြစ်ပါသည်။ သမိုင်းတခေတ်တွင် တကြိမ်တခါမျှသာ ကြုံဆုံခွင့် ရနိုင်သော ယခု ကဲ့သို့ ထူးခြား အံ့ဘနန်း အဟုန် အရှိန်ပြင်းစွာ ဂုဏ်ယူလေးစားဖွယ် အောင်ပွဲခံ အပြန်ခရီးကို မြန်မာပြည်ကို ချစ်သော မြန်မာ့ အနာဂတ် အရေးကို စိတ်ဝင်စားသော ပြည်သူပြည်သား မြန်မာနိုင်ငံသားများ အနေဖြင့် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် လမ်းခရီးတလျောက် စောင့်ဆိုင်း ကြိုဆို ဂုဏ်ပြုခြင်းဖြင့် မြန်မာဟူသည် ဒီလို ဟု ဇာတိဂုဏ် ပြသကြပါရန် လှုံ့ဆော် တိုက်တွန်းပါသည်။ 

မြန်မာ့ ဂုဏ်ဆောင် မြန်မာ့ လူထုခေါင်းဆောင်ဧ။် အောင်ပွဲခံ အပြန်ခရီး အား လေဆိပ်မှ နေအိမ်ထိ

Thursday, June 28, 2012

ဂျပန်မှာ (၅)

ဂျပန်မှာ (၅)
 ဂျပန်ပြည်ကို ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် ရောက်လာပြီဆိုရင်တော့ မြန်မာလူမျိုးအများစုဟာ “ပေါက်တဲ့နဖူး မထူး” လို့ပဲပြောပြော၊ “ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက်” လို့ပဲဆိုဆို ကိုယ့်အရင်းပြန်ရရေးအတွက် ရေကုန်ရေခမ်း ကြိုးစားကြတာ များပါတယ်။ ကြိုးစားတဲ့ အတိုင်း အောင်မြင်သူတွေလည်း ရှိသလို ဘယ်လိုမှ မခံနိုင်တော့ဘဲ ပြန်ပြေးကြတဲ့ လူတွေလည်း ဂျပန်ခေတ်ကောင်းစဉ် လွန်ခဲ့တဲ့ အနှစ်(၂၀)ကျော်လောက် ကတည်းက ရှိခဲ့ကြပါတယ်။ အဲလိုပြန်ပြေးတဲ့ အထဲမှာ မြန်မာနိုင်ငံမှာ ယနေ့ခေတ် နိုင်ငံကျော် ရုပ်ရှင်မင်းသားကြီး တယောက်တောင် ပါသေးတယ်။
 
အထက်က စာတွေမှာ ရေးခဲ့တာကို ပြန်ကောက်ပြီး Training Visaနဲ့ လာခဲ့သူတွေရဲ့ စက်ရုံအလုပ် လုပ်ငန်းခွင်ကိုပဲ အဓိကထားပြီးပြောကြပါစို့။

KIA နှင့် အစိုးရတပ် သျှမ်းပြည် (မြောက်ပိုင်း)၌ တိုက်ပွဲဖြစ် အစိုးရတပ်မှ ၅ ဦးကျ


ကချင်လွတ်လပ်ရေးတပ်မတော် (ဓါတ်ပုံ http://abbsoluteright.blogspot.com)
ကချင်လွတ်လပ်ရေးတပ်မတော် (ဓါတ်ပုံ http://abbsoluteright.blogspot.com)
 
အစိုးရ က ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး မဆောင်ရွက်နိုင် သေးသည့်အပြင် စစ်တပ်က ရှမ်းပြည်နယ် အတွင်းရှိ ဘိန်းစိုက်ပျိုးသူ များထံမှ ငွေကြေး ကောက်ခံ၍ စိုက်ပျိုးခွင့် ပေးနေဆဲဖြစ်ကြောင်း သိရသည်။

အစိုးရတပ် ခလရ ၁၂၃ နှင့် KIA တပ်ဖွဲ့တို့ တစ်နာရီကြာခန့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ခလရ ၁၂၃ မှ တပ်သား ၅ ဦး ကျဆုံးကြောင်း စစ်ဘက်နှင့်နီးစပ်သည့် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“အစိုးရတပ်ဘက်က ခလရ ၁၂၃ ပေါ့ ၊ စစ်ကြောင်းထိုးလာတာ KIA ဘက်ကတော့ မိုင်းတွေခွဲပြီးတိုက်ခိုက် တာပေါ့ ၊ တိုက်ပွဲ ထဲမှာတော့ ခလရ ၁၂၃ က ၂ ယောက်သေသွားတယ် ၃ ယောက်ကတော့ ဒဏ်ရာရပြီး အခု ပန်ဆိုင်းဆေးရုံရောက်မှာသေသွားတယ် ” ဟု သူက ဆိုသည်။

စစ်တပ်က ငွေကြေးယူ၍ ဘိန်းစိုက်ခွင့်ပေးနေ

မြန်မာနိုင်ငံမှ ဘိန်းခင်းတခု (ဓာတ်ပုံ – UNODC)

အစိုးရ က ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး မဆောင်ရွက်နိုင် သေးသည့်အပြင် စစ်တပ်က ရှမ်းပြည်နယ် အတွင်းရှိ ဘိန်းစိုက်ပျိုးသူ များထံမှ ငွေကြေး ကောက်ခံ၍ စိုက်ပျိုးခွင့် ပေးနေဆဲဖြစ်ကြောင်း သိရသည်။

‘‘ရှမ်းပြည်နယ် မိုင်းတုံမှာ အခြေစိုက်တဲ့ တပ်မ ၆၅ ဆိုရင် နှစ်တိုင်း ဘိန်းခွန် ကောက်စားတယ်။ သူမကောက်တဲ့ နှစ်ဆိုတာ မရှိပါဘူး”ဟု ရှမ်းပြည်နယ် မူးယစ်ဆေးဝါး လေ့လာရေး အဖွဲ့မှ ဦးခွန်စိုင်းက ဧရာဝတီကို ပြောသည်။

စစ်တပ်ကို စိုက်ပျိုးသည့် မြေဧက တဧကလျှင် ကျပ် ၄ သိန်း ပေးရပြီး တချို့နေရာများတွင် ပေါက်ပြား တလက်စာ အတွက် ကျပ် ၅၀၀၀ ပေး ရကြောင်း သိရသည်။

အစိုးရ၏ မူးယစ်ဆေးဝါး ပပျောက်ရေး ၁၅ နှစ် စီမံကိန်းမှာ ထိရောက်မှု မရှိကြောင်း၊ ပအို့ဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင်လည်း ဘိန်း စိုက်ပျိုးမှုမှာ ယခင်ထက် နှစ်ဆခန့် ပိုမိုများပြားလျက် ရှိကြောင်း ဇွန် ၂၆ ရက်နေ့ ချင်းမိုင် တက္ကသိုလ်တွင် ကျင်းပသည့် ကမ္ဘာ့မူးယစ်ဆေးဝါး ပပျောက်ရေးနေ့ အခမ်းနားတွင် ပအို့ဝ် လူငယ်အစည်းအရုံး(PYO)ကလည်း ပြောသည်။

မြန်မာအစိုးရ ငြိမ်းချမ်းရေးအဖွဲ့ ထိုင်း-မြန်မာနယ်စပ် ဆွေးနွေးပွဲခရီးစဉ် (ရုပ်/သံ)

မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး အဖွဲ့ဟာ ဒီရက်ပိုင်းတွေအတွင်း ထိုင်း-မြန်မာနယ်စပ်မှာ ကရင် အမျိုးသား အစည်းအရုံး KNU အပါအဝင် ပြည်ပ အခြေစိုက် နိုင်ငံရေး အဖွဲ့အစည်းတွေ၊ လူမှုရေး အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံ ဆွေးနွေး ကြပါတယ်။

source by :  http://www.youtube.com/user/RFABurmeseVideo

ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြင်သစ် သမ္မတ ပူးတွဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်(ရုပ်/သံ)


by - DVB

Wednesday, June 27, 2012

ဂျပန်မှာ (၄)

ဂျပန်မှာ (၄)
ခြင်္သေ့တို့မည်သည် သားကောင်ကို ဖမ်းဆီးရာတွင် သားကောင် အကြီးအငယ် မခွဲခြားဘဲ တူညီသော လုံ့လခွန်အားကို ပြုသကဲ့သို့ ဂျပန်လူမျိုးအများစုဟာလည်း အလုပ်တခုလုပ်တဲ့နေရာမှာ  အလုပ်ကြမ်းပဲဖြစ်ဖြစ်၊ အလုပ်ချောပဲဖြစ်ဖြစ် ဘယ်အလုပ်ကိုမှ ပေါ့ပေါ့တန်တန် လုပ်လေ့မရှိဘူး။ သူတို့ကို အလုပ်တခု အပ်လိုက်ပြီဆိုတာနဲ့ အဲသည့်အလုပ်ကို သူတို့ လုပ်နိုင်မနိုင် အရင်ဆုံး စဉ်းစားလေ့ရှိတယ်။ တော်ရုံ တန်ရုံတန်နဲ့တော့ ငြင်းလေ့ မရှိပေမယ့် တကယ် မတတ်နိုင်ရင်လည်း ပြတ်ပြတ်သားသား ငြင်းလေ့ရှိတယ်။ ကိုယ့်ကိုကိုယ် မသေချာတဲ့ အလုပ်မျိုးကို ငွေရချင်တဲ့ စိတ်တခုတည်းနဲ့ လောဘတကြီး လက်ခံလေ့မရှိဘူး။

အဲဒီလို ဆင်ခြင်နိုင်ခြင်းကြောင့် အလုပ်ကို သတ်မှတ်ချိန်မှာ သေသပ်လှပစွာ အိနြေ္ဒသိက္ခာရှိစွာနဲ့ အချိန်မီပြီးစီးခြင်း၊ သတ်မှတ်ချိန်အတိုင်း အလုပ်အပ်သူအပေါ် ကတိတည်နိုင်ခြင်းကြောင့် နောက်ထပ် အခွင့်အလန်းကောင်းများ ရနိုင်ခြင်း၊ ကိုယ့်ကိုကိုယ်လည်း ယုံကြည်မှုရှိလာခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ခံစားရပါတယ်လို့ ကျွန်ုပ်မြင်ပါတယ်။

အလုပ်တခုကို လက်ခံလိုက်ပြီဆိုရင်လည်း လုပ်နေရင်းနဲ့ ဘယ်လို အခက်အခဲမျိုးနဲ့ပဲတွေ့တွေ့ မဖြစ်ဖြစ်အောင်၊ မရရအောင်၊ မပြီးပြီးအောင် သေကောင်ပေါင်းလဲကို ကြိုးစားပြီးလုပ်လေ့ရှိတယ်။ သူတို့ တာဝန်ယူထားတဲ့ အလုပ်တခုကို အလုပ်မပြီးသေးဘဲ လက်လျှော့လိုက်ချိန်ဟာ...

ဒေါ်စုနဲ့ ပြင်သစ်သမ္မတ ပူးတွဲသတင်းစာရှင်းလင်းပွဲ


ပြင်သစ်နိုင်ငံကိုရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ကတော့ ပြင်သစ် သမ္မတ ဖရန်ဆွာ အော်လန်းနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံတွင်း ဒီမိုကရေစီစနစ်ကို အထောက်အကူ ဖြစ်စေမယ့် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကြဖို့ တိုက်တွန်းသွားပါတယ်။

 ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ပြင်သစ်နိုင်ငံ၊ ပါရီမြို့ကို လန်ဒန်ကနေ အဝေးပြေး ရထားနဲ့ ရောက်ရှိ လာတာဖြစ်ပြီး အဲဒီမှာတော့ ပြင်သစ် တာဝန်ရှိသူတွေ က ကြိုဆိုခဲ့ပါတယ်။ ညနေပိုင်းမှာတော့ ပြင်သစ်သမ္မတ ဖရန်ဆွာ အော်လန်းနဲ့ တွေ့ဆုံပြီး ပူးတွဲသတင်းစာ ရှင်းလင်းပွဲတရပ် ပြုလုပ်ပါတယ်။ လက်ရှိ မြန်မာ နိုင်ငံရေး အခြေအနေတွေအပြင် ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်လို့ သတင်းထောက်တွေရဲ့ မေးမြန်းချက်တွေကို ဖြေကြားခဲ့ပါတယ်။ အဲဒီ သတင်းစာရှင်းလင်းပွဲ အတွင်း ဒေါ်အောင်ဆန်းစုကြည် ပြောဆိုသွားတာတွေနဲ့ပတ်သက်လို့တော့ ကိုသားညွန့်ဦးက အကျဉ်းချုပ် တင်ဆက်ပေးပါလိမ့်မယ်။

“တကယ့် ဒီမိုကရေစီအခြေခံဆိုတာလူထုပါ၊ ဒါကြောင့် လူထုကို စွမ်းရည် မြှင့်တင်ပေးမယ့် အကူအညီ မျိုးတွေ လိုအပ်ပါတယ်။ ပြည်သူ လူထုရဲ့ လုပ်နိုင်စွမ်းရည်တွေ ဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ပေးမယ့် အကူအညီမျိုးတွေ၊ အခွင့်အလမ်းသစ်တွေ ဖန်တီးပေးမယ့် အကူအညီမျိုးတွေ လိုပါတယ်။”

ပြည်သူသာ အမိ၊ ပြည်သူသာ အဖ ဖြစ်တယ်။

Sinwa Sha-chyang facebook မှ ကူးယူခဲ့ပါတယ်

ပထမဆုံး ကြိုးပေး အသတ်ခံခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင် ဆလိုင်း တင်မောင်ဦး ကျဆုံးခြင်း (၃၆) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနား


မဆလ စစ်အစိုးရ လက်ထက်မှာ ပထမဆုံး ကြိုးပေး အသတ်ခံခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင် ဆလိုင်း တင်မောင်ဦး ကျဆုံးခြင်း (၃၆) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။ 
Copy from - RFABurmeseVideo

ဂျပန်နိုင်ငံ MIYAGI KEN, ISHINOMAKI စေတနာဝန်ထမ်း ခရီးစဉ်

ဂျပန်ရောက် မြန်မာနိုင်ငံသားများခင်ဗျား-

လွန်ခဲ့သော ၂၀၁၁ ခုနှစ်၊ မတ် ၁၁ ရက်နေ့၊ အရှေ့ဂျပန် ငလျင်နှင့် ဆူနာမိ ဘေးဒဏ်သင့် ဒေသများမှ ဂျပန်ပြည်သူများအတွက် စိတ်ဓာတ်မြှင့်တင် အားပေးခြင်း အထိမ်းအမှတ် ပွဲတော်တခုကို Miyagi ken, Ishinomaki တွင် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက် တနင်္ဂနွေ နေ့၌ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
အဆိုပါ ပွဲတော် အခမ်းအနားတွင် ယမန်နှစ်က Ishinomaki သို့ လုပ်အားပေးအလှူနှင့် အကျွေးအမွေး ခရီးသွားရောက်ခဲ့ကြသော မြန်မာနိုင်ငံသားများ၏ မှတ်တမ်းတင်ရုပ်ရှင်ကားကို ပြသမည်ဖြစ်ပြီး အစားအစာ ဈေးရောင်းပွဲနှင့် အနုပညာဖျော်ဖြေရေးအစီအစဉ်များ ပါဝင်မည်ဖြစ်သည်။
အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံသားများမှလည်း ပါဝင်ဆင်နွှဲရန် ကမ်းလှမ်းလာပါ၍ အောက်ပါ အစီအစဉ်များဖြင့် ပူးပေါင်းပါဝင် မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာအပ်ပါသည်။

(၁)။    ။မြန်မာ့ရိုးရာ အစားအစာ ၃ မျိုးအား ဈေးရောင်းပွဲတွင် ထဲ့သွင်းရောင်းချမည်ဖြစ်ပါသည်။
(၂)။    ။ မြန်မာ့ရိုးရာယဉ်ကျေးမှု အက၊ တိုင်းရင်းသား ရိုးရာအကများဖြင့် ပါဝင်တင်ဆက်မည်ဖြစ်ပါသည်။
(၃)။    ။ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့ည (စနေနေ့) ၁၂ နာရီတွင်ထွက်ခွာမည်။ ၂၉ ရက်နေ့ နံနက်တွင် ishinomaki သို့ ရောက်ရှိမည်။
(၄)။    ။ ဇူလိုင်၂၉ ရက် နေ့ ညနေ ၄ နာရီအထိ ပွဲတော်တွင် ပါဝင်ဆင်နွှဲပြီး တိုကျိုသို့ ပြန်လည်ထွက်ခွာမည်ဖြစ်သည်။ တိုကျို သို့ ည ၁၀ နာရီခန့်တွင် ပြန်လည်ရောက်ရှိမည်ဖြစ်ပါသည်။

လိုက်ပါကူညီလိုသူများ၊ လှူဒါန်းလိုသူများ  ဆက်သွယ်စာရင်း ပေးကြပါရန် ပန်ကြားအပ်ပါသည်။
စိတ်ဓာတ်မြှင့်တင်ရေး စေတနာဝန်ထမ်း ခရီးစဉ်ဖြစ်ပါ၍ မိမိစားရိတ်ဖြင့် လိုက်ပါရမည်။ ခန့်မှန်းခြေ ယန်း ၆၀၀၀ မှ ၇၀၀၀ ကျသင့် မည်ဖြစ်သည်။ အကယ်၍ အဖွဲ့အစည်းတခုခု၏ sopnsor ထောက်ပံ့မှုရှိခဲ့ပါက စားရိတ် ကျသင့်ငွေလျော့နည်းသွားမည်ဖြစ်
ပါသည်။

ဆက်သွယ်ရန်၊ စာရင်းပေးရန်၊ စုံစမ်းရန်
ကိုသန်းဆွေ ၀၉၀ ၄၉၆၄ ၉၇၁၈
ကိုကျော်ကျော်စိုး ၀၉၀ ၆၀၃၁ ၄၃၉၄
ကိုမိုင်ကျော်ဦး ၀၉၀ ၉၈၃၁ ၇၁၉၂
ကိုမင်းအောင်ခိုင် ၀၈၀ ၆၈၁၈ ၁၀၆၂
ကိုမြင့်ဆွေ။ ၀၈၀ ၄၁၅၅ ၆၀၉၉
မြန်မာ့ဒီမိုကရေစီကွန်ယက်/ Network for Democracy in Burma (NDB)

NDFအဖွဲ့က (ရိုဟင်ဂျာ)ကို မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား လူမျိုးတမျိုးအနေနဲ့ အသိအမှတ်မပြု



ထိုင်းမြန်မာနယ်စပ် အခြေစိုက် အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု​ NDFအဖွဲ့က (ရိုဟင်ဂျာ)ကို မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား လူမျိုးတမျိုးအနေနဲ့ အသိအမှတ် ပြုမှာ မဟုတ်ကြောင်း ဒီကနေ့ ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက် ပါတယ်။ 

 ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ရခိုင်ပြည်နယ်တွင်းမှာ ရိုဟင်ဂျာ မူဆလင်တွေနဲ့ ဒေသခံ ရခိုင်တိုင်းရင်းသားတွေကြား အဓိကရုဏ်းတွေ ဖြစ်ပွါးခဲ့တဲ့အပေါ်​ အခြေခံပြီး အခုလို ကြေညာချက် ထုတ်ရတာ ဖြစ်ကြောင်း NDFအဖွဲ့ အထွေထွေ အတွင်းရေးမှူး (ခွန်အိုး)က ပြောပါတယ်။ အခုလို ရခိုင်ပြည်နယ်တွင်း အဓိကရုဏ်းတွေ​ ပေါ်လာရတာဟာ မြန်မာအစိုးရ အဆက်ဆက်ရဲ့ မှန်ကန်တိကျတဲ့ တရားဥပဒေ စိုးမိုးရေး မရှိခြင့်ကြောင့်ပဲ ဖြစ်ကြောင်း NDFအဖွဲ့ရဲ့ ကြေညာချက်က ဆိုပါတယ်။ 

ရခိုင်ပြည်နယ်တွင်း ပေါ်ပေါက်ခဲ့တဲ့ မငြိမ်မသက်မှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ် ပူပန်ကြောင်း ၊ ပြစ်မှု ကျူးလွန်သူတွေကို ဥပဒေကြောင်းအရ တိတိကျကျ အရေးယူ အပြစ်ပေးဖို့နဲ့ ၊ အသက်အိုးအိမ် ဆုံးရှုံးခဲ့ရတဲ့ ရခိုင်ပြည်သူတွေအတွက် ကူညီ ကယ်ဆယ်ရေးတွေကို မြန်မာအစိုးရကရော နိုင်ငံတကာ အစိုးရတွေကပါ ဝိုင်းဝန်းပံ့ပိုးပေးဖို့ အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစုအဖွဲ့က ထုတ်ပြန်တဲ့ကြေညာချက်ထဲမှာ တိုက်​တွန်းထားပါတယ်။ 

 Copy from - RFA Burmese

ပြည်သူ့ ခေါင်းဆောင်၊ ပြည်သူ့ ကိုယ်စားလှယ်တော် ဒေါ်အောင်ဆန်းစုကြည် ပြင်သစ်နိုင်ငံသို့ ရောက်ရှိ

 
BBC WORLD NEWS - 
26. 6. 2012

လားရှိုး-မူဆယ်လမ်းမှ စစ်ယာဉ်တန်း တိုက်ခိုက်ခံရ

june 26

June 26, 2012

လားရှိုးမြို့မှ မူဆယ်မြို့သို့ ချီတက်လာသော စစ်ကား(၈)စီးပါသော စစ်ယာဉ်တန်းကို ဇွန်လ(၂၅) ရက်နေ့ (၁၁)နာရီခွဲအချိန် ကွတ်ခိုင်မြို့နယ်၊ နမ်ဖလွမ်ဒေသတွင် KIA တပ်ဖွဲ့မှ မိုင်းဖြင့်တိုက်ခိုက်ရာ စစ်ကား(၂)စီးမှာ လုံးဝပျက်စီးသွားကြောင်း သတင်းရရှိသည်။ ထိခိုက်ကျဆုံးမှု သတင်းကို ဆက်လက် စုံစမ်းဆဲဖြစ်သည်။ မြန်မာအစိုးရသည် ကချင်ဒေသတွင် စစ်တပ်ပို့လွှတ်ခြင်း၊ ရိက္ခာ၊ လက်နက်များကို စဉ်ဆက်မပြတ် ဖြည့်တင်းခြင်း ပြုလုပ်လျက်ရှိသည်။

မြန်မာအစိုးရအဖွဲ့မှ KIO အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမှု ပြုနေသော် လည်း၊ စစ်တပ်မှာမူ မိုးရာသီ ထိုးစစ်အတွက် ပြင်ဆင်မှုများကို ဆက်လက် ပြုလုပ်နေကြသည်။ မြန်မာ အစိုးရစစ်တပ်သည် စစ်ဆင်ရေး လှုပ်ရှားရာတွင် အရပ်သားယာဉ်များတွင် စီးနှင်းလိုက်ပါခြင်း၊ အရပ်ဝတ်ဖြင့် လှုပ်ရှားခြင်း ပြုလုပ်လေ့ရှိသည်။ ထို့ကြောင့် ခရီးသည်တင်ယာဉ် သွားလာနေရသဖြင့် ခရီးလမ်းကြောင်းတွင် အချိန် ကြန့်ကြာမှု ဖြစ်နေရကြောင်း သတင်းရရှိသည်။

Copy from -  myitkyina

ရခိုင် ပြည်နယ်က ဒုက္ခသည်စခန်း ကို ကူညီကြပါ


ကိုယ့်ပြည်တွင်းမှာနေပြီး ထွက်ပြေး တိမ်းရှောင်နေရတဲ့ ရခိုင်ပြည်သူတွေဘဝ
(မင်းဂံ တရွာလုံးဆိုင်ရာ ဒုက္ခသည်များ ပင်မစခန်း)


ယနေ့ စစ်တွေကို ဘူးသီးတောင် ရသေ့တောင်က ထွက်ပြေးလာတဲ့ ရခိုင်ပြည်သူတွေ ထပ်မံရောက်ရှိလာတယ်လို့ ဒီမိုဝေယံ သတင်းထောက်က ပေးပို့ပါတယ်...။ ကိုယ့်မြေ ကိုယ့်ဒေသမှာ မနေရဲကြလို့ ထွက်ပြေး တိမ်းရှောင်လာကြတာပါ။

ကိုယ်တတ်နိုင်တာလေး စိုက်ထုတ်ပြီး ဒီမိုဝေယံနဲ့ စိတ်တူကိုယ်တူ မိတ်ဆွေ ၂ဦး သတင်း ဓာတ်ပုံတွေအတွက် လုပ်ဆောင်ပေးနေပါတယ်..။ တတ်နိုင်သလောက်လည်း ရခိုင်ပြည်သူတွေကို ကူညီကြဖို့ တိုက်တွန်း လိုပါတယ်..။ အောက်မှာ မြန်မာပြည်၊ စင်ကာပူနဲ့ ဂျပန်နိုင်ငံတွေမှာ လှူဒါန်းနိုင်တဲ့ နေရာတွေကို ရှာဖွေ ဖော်ပြလိုက်ပါတယ်..။

ဓာတ်ပုံမှာလည်း ဖုန်းနံပါတ်တွေ ဖတ်ရှုနိုင်ပါတယ်..။

'' ရခိုင် ပြည်သူတွေကို ကူညီကြပါစို့ ''
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများအတွင်း အသက် အိုးအိမ် ပစ္စည်းများ ပျက်စီးဆုံးရှုံးသွားရသော ဒုက္ခသည်များအတွက် လူသားချင်းစာနာထောက်ထားမှူ့ဆိုင်ရာ အလှူငွေများအား ထည့်ဝင်လှူဒါန်းနိုင်ကြစေရန်အတွက် သဒ္ဒါတရားနည်းများမဆို ပါဝင်လှူဒန်းလိုသော မိတ်ဆွေများအနေဖြင့် အောက်ပါ ပုဂ္ဂိုလ်များအား ဆက်သွယ်၍လှူဒန်းနိုင်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည် ... ။ 
ရခိုင်သဟာယ အသင်း(ရန်ကုန်)ရုံးချုပ် အမှတ်-၄၈၁၊ဒု-ထပ် ၊ ကျိုက္ကဆံလမ်း(တာမွေအခွန်လွတ်ဈေးအနီး၊ ကျိုက္ကဆံအိမ်ယာရှေ့) ၊ တာမွေကြီး(ခ) ရပ်ကွက်တာမွေမြို့နယ် ၊ ရန်ကုန်မြို့။့  
phone-01430172 
email: rta.program@gmail.com
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ အမှတ် (၃၄)၊ ၄ - လွှာ (ဝဲ) ၊ မလွှကုန်းလမ်း ၊ ကျောက်မြောင်းအရှေ့ရပ်ကွက် ၊ တာမွေမြို့နယ် ၊ ရန်ကုန်မြို့။့  ရတပ ဗဟို (ရန်ကုန်) - 0973044927 ဦးသာထွန်းလှ (အတွင်းရေးမှူး) - 098532116 
ဦးမြင့်နိုင် (ဘဏ္ဍာရေးမှူး) - 095105804 
ဦးဇော်အေးမောင်(ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး) - 095140407 
ဦးကျော်သန်းလှိုင်(ဗဟိုကော်မတီ) - 0973044927 
ဦးအေးမောင်(ရန်ကုန်တိုင်း ဥက္ကဋ္ဌ) - 0943043035 
ဦးဦးသန်းရွှေ (ရန်ကုန်တိုင်း ဒုဥက္ကဋ္ဌ) - 095093440

စင်ကာပူမှာ လှူဒါန်းလိုလျှင်
ရခိုင်အသင်း(စင်္ကာပူ)
 ကျော်သူစိုး . - 8337 3123
 သီဟမောင်မောင် - 9003 5845 
လှလွန်းဆွေ - 9230 0580

ဂျပန်မှာ လှူဒါန်းလိုလျှင်
(ကယ်ဆယ်ရေးကော်မတီ ရခိုင်ရောက် ဂျပန်တိုင်းရင်းသားများ)
ကိုဇော်မင်းခိုင် ၀၉၀-၆၀၂၅-၄၆၂၉
ကိုလှအေးမောင် ၀၉၀-၂၅၂၅-၁၉၆၆
ကိုညီညီစံ ၀၉၀-၄၁၇၃-၁၁၄၀
ကိုအလုံး ၀၈၀-၃၅၀၀-၉၃၇၅
ကိုကျော်သန်းလှိုင် ၀၉၀-၄၂၉၆-၃၄၉၀

ဂျပန်မှာ (၃)


ဂျပန်တွေ အလုပ်လုပ်ပုံနဲ့ မြန်မာတွေ အလုပ်လုပ်ပုံ

ကမ္ဘာပေါ်မှာ အလုပ်ချိန်အများဆုံးတိုင်းပြည်များစာရင်း၊ ကမ္ဘာပေါ်မှာ အလုပ်အလုပ်ဆုံး နိုင်ငံများစာရင်းတွေကိုကြည့်ရင် ဂျပန်ဟာ အမြဲလိုလို Top (10) ထဲမှာ ရှိနေပါတယ်။ ကမ္ဘာပေါ်မှာ အလုပ်ချိန်များသလောက် အလုပ်လည်း အရမ်းကြိုးစားတဲ့ လူမျိုးတွေထဲက လူမျိုးတမျိုးကိုပြပါဆိုရင် ဂျပန်လူမျိုးကိုသာ ပြလိုက်ပါ။ သင်မမှားပါဘူး။





ကျွန်ုပ်အနေနဲ့ အခုလက်ရှိ နေထိုင်နေတဲ့ ဂျပန်နိုင်ငံမှာပဲ တရုတ်၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ တူရကီ၊ ကိုးရီးယား၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အီရန်…အစရှိတဲ့ အာရှတိုက်သားများ၊ အမေရိကန်(လူဖြူ၊လူမဲ)များ၊ အင်္ဂလိပ်များ၊ ရုရှများ၊ အာဖရိကတိုက်သားများ၊ ကိုလံဘီယာ၊ ဘရာဇီး၊ ပေါ်တူဂီ၊ တန်ဇန်းနီးယား…အစရှိတဲ့ ကမ္ဘာ့အနောက်ခြမ်း၊ မြောက်ခြမ်း၊ အလယ်ပိုင်းက နိုင်ငံခြားသား မိတ်ဆွေများ များစွာရှိပါတယ်။ သူတို့တွေရဲ့ ဂျပန်လူမျိုးများ အလုပ်လုပ်တဲ့အပေါ်မှာ မြင်တဲ့ အမြင်နဲ့ ကျွန်ုပ်တို့ မြန်မာတွေ မြင်တဲ့အမြင်ဟာ အတူတူပဲ ဖြစ်နေတာကို တွေ့ရပါတယ်။

ကျွန်ုပ်အတွက်တော့ ဂျပန်မှာ နိုင်ငံခြားသားမိတ်ဆွေတွေကို အလွယ်တကူ တွေ့ရှိနိုင်တာ၊ မိတ်ဖွဲ့ရရှိနိုင်တဲ့နေရာကတော့....

Monday, June 25, 2012

အိုလံပစ်နေ့ အထိမ်းအမှတ် ကာယ အလှမယ်ပြိုင်ပွဲ

 
အားကစား သတင်းမှာတော့ မြန်မာ့ရိုးရာဝတ်စုံနဲ့ ခေတ်ပေါ် ၀တ်စုံတို့ ပေါင်းစပ်ပြီး ယှဉ်ပြိုင်တဲ့ အိုလံပစ်နေ့ အထိမ်းအမှတ် ကာယ အလှမယ်ပြိုင်ပွဲမှာ ၀တ်ရည်ဖြိုးက ပထမဆုကို ဆွတ်ခူး သွားပါတယ်။ ဦးဇင်မောင်က တင်ဆက် ထားတာပါ။ 
Copy from - DVB TV News

ရခိုင်ပြည်နယ်ရောက် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ မမီးမီးနှင့် မေးမြန်းခန်း


ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေကို မှန်မှန်ကန်ကန် သိနိုင်ဖို့အတွက် စစ်တွေမြို့ အပါအ၀င် ဘူးသီးတောင်၊ မောင်တောမြို့တွေမှာ ရက်ပေါင်း အတော်ကြာ သွားရောက်လေ့လာနေတဲ့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က မမီးမီးကို မအင်ကြင်းနိုင် (RFA) က ဆက်သွယ်မေးမြန်းထားပါတယ်။
Copy from -  drlunswe

ရခိုင်ပြည်နယ်အရေး ကိုမိုးသီး အမြင်သဘောထား

 
Ye Gyi facebook မှ ကူးယူခဲ့ပါသည်။

နေအိမ်အမွေပိုင်ဆိုင်မှု ဆုံးဖြတ်ချက် ဒေါ်အောင်ဆန်းစုကြည် အယူခံဝင်မည်


"နေအိမ်အမွေပိုင်ဆိုင်မှု ဆုံးဖြတ်ချက် ဒေါ်အောင်ဆန်းစုကြည် အယူခံဝင်မည်"
 
 ၁၉၅၃ ခုနှစ်က ပြဌာန်းထားတဲ့ ဥပဒေအရ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းတွေကို နိုင်ငံခြားသား အနေနဲ့ ပိုင်ဆိုင် တောင်းဆိုခွင့် မရှိဟု ပြဌာန်းထားတယ် "တရားရုံးရဲ့ ဆုံးဖြတ်ချက်မှာ ဥပဒေကြောင်းအရ လွဲချော်မှုတွေ ရှိနေ"

တရားရုံးရဲ့ အမွေပိုင်ဆိုင်မှု ဆုံးဖြတ်ချက်အပေါ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အယူခံဝင်မယ်လို့ ရှေ့နေဦးဥာဏ်ဝင်းက RFA ကို ဒီကနေ့ ပြောဆိုပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့ အမွေဆိုင် အမှုကို ဇွန်လ ၂၂ ရက်နေ့က ရန်ကုန် အနောက်ပိုင်း ခရိုင် တရားရုံးကနေ အမိန့်ချမှတ်ခဲ့တာပါ။
...
အစ်ကိုဖြစ်သူ အမေရိကန် နိုင်ငံသား ဦးအောင်ဆန်းဦးက တရားစွဲဆိုထားတဲ့ အမွေဆိုင် ကိစ္စမှာ သားသမီး နှစ်ဦးလုံး ဖြစ်နေတာကြောင့် အမွေတွေကို အညီအမျှ တ၀က်စီ ခွဲဝေယူဖို့ တရားရုံးရဲ့ ဆုံးဖြတ်ချက်မှာ ဥပဒေကြောင်းအရ လွဲချော်မှုတွေ ရှိနေတာကြောင့် အယူခံဝင်မှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးဥာဏ်ဝင်းက ပြောပါတယ်။

ရွှေ့ပြောင်း နိုင်တဲ့ အမွေပစ္စည်းတွေကို မြန်မာဓလေ့ ထုံးတမ်းအရ အညီအမျှ ခွဲဝေလို့ ရပေမယ့် ၁၉၅၃ ခုနှစ်က ပြဌာန်းထားတဲ့ ဥပဒေအရ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းတွေကို နိုင်ငံခြားသား အနေနဲ့ ပိုင်ဆိုင် တောင်းဆိုခွင့် မရှိဘူးလို့ ဦးဥာဏ်ဝင်းက ဆိုပါတယ်။

ဖခင်ဖြစ်သူ မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ မိခင် ဒေါ်ခင်ကြည်တို့ ပိုင်ဆိုင်တဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ လက်ရှိ နေထိုင်နေတဲ့ ညီမဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက သူ့အနေနဲ့ တ၀က် ပိုင်ဆိုင်တယ် ဆိုပြီး နှစ်အတန်ကြာကတည်းက တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
 
Copy from - rfa 

Friday, June 22, 2012

ဒေါ်အောင်ဆန်းစုကြည်၏ ဗြိတိန်ပါလီမန်မိန့်ခွန်း အပြည့်အစုံ


"အမေစုရဲ့....ဗြိတိန်ပါလီမန်မိန့်ခွန်း အပြည့်အစုံ"

လွှတ်တော်ဥက္ကဌ၊ ၀န်ကြီးချုပ်၊ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် အမတ်များရှင့် -

ခမ်းနားတင့်တယ်တဲ့ ဒီခန်းမကြီးမှာ စကားပြောဖို့ ဖိတ်ခေါ်ခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒီဂုဏ်ပြုမှုရဲ့ ထူးခြားတဲ့ သဘောသဘာဝကိုလည်း ကျမ သတိပြုမိပါတယ်။ ဒီနေရာမှာ စကားပြောဖို့ ခွင့်ပြုသင့်သလား ဒါမှမဟုတ် ဒီအဆောက်အအုံထဲက တခြားတနေရာမှာဘဲ ပြောခွင့်ပေးမလား ဆိုတာတောင် အစောပိုင်းက အငြင်းအခုံဖြစ်ခဲ့တာကိုလည်း သိရှိခဲ့ပါတယ်။ ဒီလိုအခြေအတင် ဆွေးနွေးတာတွေဟာ ကောင်းပါတယ်။ ဒါဟာ ပါလီမန် လွှတ်တော်ရဲ့ အလုပ်ပါဘဲ။

ကျမ အခုဘဲ ဒေါင်းနင်းလမ်းက လာခဲ့တာပါ။ ကျမအတွက် ...

Monday, June 18, 2012

အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၇)နှစ်မြောက် မွေးနေ့ပါတီ အထိမ်းအမှတ် အခမ်းအနား(ဂျပန်)

အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၇)နှစ်မြောက် မွေးနေ့ပါတီ အထိမ်းအမှတ် အခမ်းအနားအား ဂျပန်နိုင်ငံအခြေစိုက်  မြန်မာ့ဒီမိုကရေစီကွန်ယက်( Network for Democracy in Burma-NDB)မှ တာဝန်ယှူု၍  မြန်မာ့အရေးကို အားပေး ကူညီလျက်ရှိကြသော ဂျပန်အဖွဲ့အစည်းများနှင့် ပူးတွဲကာ ယနေ့ ၂၀၁၂ခုနှစ်၊ ဇွန်လ၊ ၁၇ ရက်နေ့တွင် ဂျပန်နိုင်ငံတိုကျိုမြို့ရှိ NAKANO SUN PLAZA တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခန်းအနားသို့ ဂျပန်နိုင်ငံအစိုးရအဖွဲ့၏ လက်ရှိ အာဏာရပါတီဖြစ်သော မြန်မာ့ဒီမိုကရေစီ ရရှိရေးအတွက် အားပေးထောက်ခံနေသော ဒီမိုကရက်တစ်ပါတီမှ ဂျပန်လွှတ်တော် အမတ်များ သမဂ္ဂ၏ ဥက္ကဌဖြစ်သူ မစ္စတာ Mr.Azuma Konno၊ ဂျပန်နိုင်ငံ ဆိုရှယ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ လွှတ်တော်အမတ် Mrs. Mizuho Fukushima၊ လွှတ်တော်အမတ်များ ဖြစ်ကြသောMr.Naoto Sakaguchi၊ Mr. Shooichi Takahashi တို့နှင့်တကွ၊ Amnesty International Japan မှ ဂျပန်လူမျိုးဧည့်သည်တော်များ၊ People' Forum on Burmaမှ ဧည့်သည်တော်များ၊ Tokyo University (Todai)၊ Meiji University မှ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစားကြသော ဂျပန်လူမျိုး တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၊ ဂျပန်နိုင်ငံရှိ NGO အဖွဲ့အစည်းများမှ ဂျပန်လူမျိုး ဧည့်သည်တော်များ၊ ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားနေကြသော အဖွဲ့အစည်းများ၊ ဂျပန်နိုင်ငံရှိ တိုင်းရင်းသား အဖွဲ့အစည်းများမှ ဧည့်သည်တော်များ စုံလင်စွာ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ အခန်းအနားသို့ မွေးနေ့ရှင်ဖြစ်သောနော်ဝေနိုင်ငံရောက် အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံမှ....မွေးနေ့ပွဲအတွက် ဝမ်းမြောက်ကျေးဇူးတင်ကြောင်း e mail messageကို ပေးပို့ခဲ့ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ ယခုကဲ့သို့ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲကို ဂျပန်နိုင်ငံတွင် ခန်းနားစွာ ကျင်းပခြင်းအတွက် ဝမ်းသာဂုဏ်ယူကြောင်း နှုတ်ခွန်းဆက် စကားကိုလည်း မြန်မာပြည်တွင်းမှနေ၍ တယ်လီဖုန်းဖြင့် ဆက်သွယ် လက်ခံရရှိခဲ့ပါသည်။

တက်ရောက်လာကြသော ဂျပန်လူမျိုးများနှင့် မြန်မာနိုင်ငံသားများ ချစ်ကြည်ရင်းနှီးစွာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အဖြစ် ဂျပန်ရိုးရာ Kanpai ပြုလုပ်ကြပြီးနောက် တက်ရောက်လာကြသော ဂျပန် အဖွဲ့အစည်း အသီးသီးမှ ဂျပန်လူမျိုး ဧည့်သည်တော်များက ဒေါ်အောင်ဆန်းစုကြည်အား ကျန်းမာချမ်းသာပါစေကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံအားပေးလျက်ရှိကြောင်း ဆုတောင်းစကားများကို ပြောကြားခဲ့ကြပါသည်။ ဆက်လက်၍ ဂျပန်နိုင်ငံရောက် ပြည်ထောင်စုဖွားတိုင်းရင်းသားများမှလည်း မိမိတို့ တိုင်းရင်းသား လူမျိုးစုကိုယ်စား ဒေါ်အောင်ဆန်းစုကြည်အား မွေးနေ့ဆုတောင်းစကားများကို လှိုက်လှိုက်လှဲလှဲပြောကြားခဲ့ကြပါသည်။ 

ထို့နောက်တွင်မူ အခန်းအနားအစီအစဉ် အဆုံးသပ် ကျေးဇူးတင်စကားကို မွေးနေ့ပါတီ ကျင်းပရေး ကော်မတီကိုယ်စား ရခိုင်တိုင်းရင်းသားခေါင်းဆောင် ဦးဇော်မင်းခိုင်မှ ပြောကြားပြီး၊ တက်ရောက်လာကြသော ဧည့်သည်တော်များအားလုံးက ( ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ ဒေါ်အောင်ဆန်းစုကြည် သက်တော်ရာကျော်ရှည်ပါစေ) ဟု တညီတညွတ်တည်း သံပြိုင်ဆုတောင်းကာ (၆၇) နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပါတီ အခန်းအနားအား အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။

ဓါတ်ပုံ...Thar Htet (BCJP)
ဗီဒီယို...ဇေယျာ

ပြန်ကြားရေး
မြန်မာ့ဒီမိုကရေစီကွန်ယက် (ဂျပန်)


Sunday, June 17, 2012

သျှမ်းပြည်တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ (ဂျပန်) ၏ (၆)လပတ်ညီလာခံ အခမ်းအနား


ဒီကနေ့ ၂၀၁၂ ဇွန်လ ၁၇ ရက်နေ့ မှာ Tokyo,takadanobaba AUN officeတွင် သျှမ်းပြည် တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ (ဂျပန်) သည် ၆ လပတ် ညီလာခံ အခမ်းအနားကိုပြုလုပ် ကျင်းပခဲ့ပါသည်။ 

အခမ်းအနားတွင် ဥက္ကဌ နှင့် အလုပ်မှုဆောင်ကော်မတီများကို အသစ်ပြန်လည်ရွေးကောက်ပွဲ ကျင်းပခဲ့ပါသည်။ ဥက္ကဌ အဖြစ် ဦးမိုင်ကျော်ဦးတွဲဘက် ဥက္ကဌ အဖြစ် စိုင်းကျန်မွန်း ဒုတိယတွဲဘက်ဥက္ကဌအဖြစ် ကျာမွန် တို့ ကို ရွေးကောက်တင်မြောက်ခဲ့ပါသည်။ အတွင်းရေးမှုးအဖြစ် စိုင်းနွဲ့ နှင့် တွဲဘက် အတွင်းရေးမှုးအဖြစ် ဦးတင့်လွင်ကိုရွေးကောက်တင်မြောက်ခဲ့ပါသည်။ ကျန်ရှိသော အခြား အလုပ်မှုဆောင်သစ်များလည်း ဆက်လက်ဖေါ်ပြပေးပါမည်။

သတင်း။ ။SSND

Monday, June 11, 2012

နိုင်ငံတော်သမ္မတဦးသိန်းစိန် ပြည်သူလူထုသို့ ပြောကြားသည့်မိန့်ခွန်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ရခိုင်ပြည်နယ်အတွင်းရှိ ဖြစ်စဉ်များနှင့်စပ်လျဉ်း၍ မိဘပြည်သူများသို့ မေတ္တာရပ်ခံချက် နေပြည်တော် ဇွန် ၁၀ ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူများခင်ဗျား မိဘပြည်သူများနဲ့ ညီအစ်ကိုမောင်နှမအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။ မိဘပြည်သူများသိရှိပြီးဖြစ်တဲ့အတိုင်း ၂၀၁၂ ခုနှစ် မေလ ၂၈ ရက်က ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်၊ ကျောက်နီမော် ဖြစ်စဉ်ကိုအခြေခံပြီး ရခိုင်ပြည်နယ် အတွင်း မတည်ငြိမ်မှု များ၊ အကြမ်းဖက်မှုများ ပိုမိုကျယ်ပြန့်စွာဖြစ်ပွား လာပါတယ်။ ဒါ့ကြောင့် ဒီအခြေအနေဟာ ဘာသာရေး အဖွဲ့အစည်းများ၊ ဘာသာ ရေး ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများအပါအဝင် ကျွန်တော်တို့အားလုံး စည်းစည်းလုံးလုံးနဲ့ သတိပြုပြီး ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ကြရမယ့် အနေအထား ရောက်ရှိလာတာကို တွေ့ရပါတယ်။ မိဘပြည်သူများခင်ဗျား...... ကျွန်တော်ဦးဆောင်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အနေနဲ့ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေး တာဝန်များကို တာဝန်ယူခဲ့ချိန်မှစတင်ပြီး မိဘပြည်သူများရဲ့ အဓိကလိုအင်ဆန္ဒ (၂) ရပ် ဖြစ်တဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ တစ်နည်းအားဖြင့် ပြည်သူများရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထားပြီး နိုင်ငံရေးနဲ့စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေကို အရှိန်အဟုန်နဲ့ တစ်စိုက်မတ်မတ် ဆောင်ရွက်ခဲ့ပါတယ်။ လက်ရှိ အချိန်မှာလည်း ပြည်သူလူထုကို အခြေပြုတဲ့ ပြုပြင်ပြောင်းလဲရေးမဟာဗျူဟာကို ဒုတိယ အဆင့် တက်လှမ်းပြီးတော့ ကြိုးပမ်းဆောင်ရွက်နေပြီဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ရှေးအစဉ်အဆက်ကပင် ကွဲပြားတဲ့ ဘာသာရေး ကိုးကွယ်ယုံကြည်မှုတွေ ရှိခဲ့ပေမယ့်လည်း မြန်မာနိုင်ငံအတွင်း အချင်းချင်းအပြန်အလှန် လေးစားမှု ချစ်ကြည်ရင်းနှီးမှုများနဲ့ အတူတကွ ယှဉ်တွဲနေထိုင်လာခဲ့ကြတဲ့ အစဉ်အလာ ကောင်းတဲ့ သမိုင်းကြောင်း ရှိခဲ့ပြီးဖြစ် ပါတယ်။ ကျွန်တော်တို့အစိုးရလက်ထက်မှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ ဖွဲ့စည်းခွင့်၊ လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့် အစရှိတဲ့ နိုင်ငံသားများရဲ့ မူလအခွင့်အရေးများကို ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီ ခံစားရရှိနိုင်ကြစေရန်အတွက် ဥပဒေ၊ နည်းဥပဒေ တွေကို ပြင်ဆင်ဖြည့်စွက်အသစ်ပြဌာန်းပြီး အကောင်အထည်ဖော်ဆောင်ရွက် ပေးလျက် ရှိပါတယ်။ မိဘပြည်သူများရဲ့ အခက်အခဲများ၊ ပြဿနာများ၊ လိုလားချက်များကို အသင့်မြတ်ဆုံးနဲ့ အတတ်နိုင်ဆုံးဖြစ်အောင် ဖြေရှင်းဆောင်ရွက်ပေးဖို့ ကျွန်တော်တို့အစိုးရမှာ အပြည့်အဝတာဝန်ရှိတယ်လို့ ကျွန်တော်တို့ခံယူထားပါတယ်။ ကျွန်တော်တို့အစိုးရအနေနဲ့လည်း ရခိုင်ပြည်နယ်အတွင်း မတည်ငြိမ်မှု အကြမ်းဖက်မှု များ ဖြစ်ပွားလာတဲ့အချိန်ကစပြီး ဖြစ်ပွားရာနေရာများမှာ ချက်ခြင်းတည်ငြိမ် အေးချမ်းသွားအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ အလားတူ အခြားဆက်စပ်ဖြစ်ပွား နိုင်ဖွယ်ရှိသော နေရာများတွင်လည်း ဆက်စပ် ဖြစ်ပွားလာခြင်းမရှိအောင်၊ ဖြစ်ခဲ့ပါကလည်း ဖြစ်စတွင်ပင် ပြီးပြေအေးငြိမ်းသွားအောင် ကြိုတင်ပြင်ဆင်စီမံမှုအတိုင်း လက်တွေ့ ဆောင်ရွက် ခဲ့ပါတယ်။ ဖြစ်စဉ်များနဲ့ ဆောင်ရွက်မှုအခြေအနေများ၊ ထိခိုက်ဆုံးရှုံးမှု အခြေအနေ များကိုလည်း မိဘပြည်သူများအား အချိန်နဲ့တပြေးညီ ချပြအသိပေးလျက်ရှိပါတယ်။ ကျွန်တော့်အနေနဲ့လည်း ဒီဖြစ်စဉ်များဖြစ်ပွားစကပင် မိဘပြည်သူများထံ အခြေအနေ အရပ်ရပ်ကို ရှင်းလင်းပြောကြားဖို့ စီစဉ်ခဲ့သော်လည်း အခြေအနေ အရပ်ရပ်ကျယ်ပြန့် လာခြင်းမရှိနိုင်ဘူးလို့ ယူဆတဲ့အတွက်လည်းကောင်း၊ မိဘပြည်သူများ စိတ်သောက မဖြစ်စေလိုတဲ့ အတွက်လည်းကောင်း ယခင်က ရှင်းလင်းပြောကြားမှုမပြုခဲ့ခြင်းဖြစ်ပါတယ်။ သို့သော်လည်း ဇွန်လ ၉ ရက်နေ့ညက စစ်တွေမြို့မှာ အကြမ်းဖက် ဆောင်ရွက်မှုများ၊ အကြမ်းဖက်ရန်ပြင်ဆင်ကြိုပမ်းမှုများ ထပ်မံဖြစ်ပေါ်ခဲ့တဲ့ အတွက် ဥပဒေနဲ့အညီ ထိန်းသိမ်း ကာကွယ်မှုများ ဆောင်ရွက်ခဲ့ရပြန်ပါတယ်။ ဒီအခြေအနေများအရ မိဘပြည်သူများကပါ သိရှိပါဝင်ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်လာပြီလို့ယူဆတဲ့အတွက် ယနေ့ မိဘပြည်သူများကို ယခုလိုရှင်းလင်း ပြောကြားခြင်းဖြစ်ပါတယ်။ မိဘပြည်သူများခင်ဗျား လက်ရှိရခိုင်ပြည်နယ်အတွင်းမှာဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်များဟာ ဘာသာရေးနဲ့ လူမျိုးရေးကို အခြေခံပြီး မကျေနပ်မှု၊ မုန်းတီးမှု၊ လက်စားချေလိုမှုတွေကို ရှေ့တန်းတင် လှုံ့ဆော်ဆောင်ရွက်မှုများကြောင့် မင်းမဲ့စရိုက်လုပ်ရပ်များ ကျယ်ပြန်ကြီးမားလာတာ ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ဒီလို လူမျိုးစွဲ ဘာသာစွဲ တွေကို ရှေ့တန်းတင်ပြီး မဆုံးနိုင်တဲ့မုန်းတီးမှုတွေ လက်စားချေလိုမှုတွေနဲ့ မင်းမဲ့စရိုက်တွေကို ရှေ့တန်းတင်လျက်၊ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် အကြမ်းဖက် သတ်ဖြတ်နေကြမယ်ဆိုရင် ရခိုင် ပြည်နယ်တွင်သာမက ပိုမို ကျယ်ပြန့် ဖြစ်ပွားလာစေနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ အခြားသော အမှောင့် ပယောဂများလည်း ပါဝင်ပူးကပ်လာနိုင်ပါတယ်။ ဒီလိုသာဖြစ်လာခဲ့ရင် အသွင်ကူးပြောင်းစသာရှိသေးတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေး၊ ဒီမိုကရေစီ ဖော်ဆောင်ရေးနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအပေါ် ပြင်းပြင်းထန်ထန် ထိခိုက်ဆုံးရှုံးမှု ဖြစ်ပေါ်လာစေနိုင်တာကို မိဘပြည်သူများအားလုံး အထူး သတိထားကြစေချင်ပါတယ်။ ကျွန်တော်တို့အစိုးရအနေဖြင့် ဖြစ်ခဲ့ပြီးတဲ့ ကိစ္စရပ်တွေအပေါ်မှာ ဥပဒေနဲ့အညီ ဖြေရှင်း ဆောင်ရွက်သွားမှာဖြစ်သလို ဒီလိုဖြစ်စဉ် ဖြစ်ရပ်မျိုးတွေ နောက်ထပ် မဖြစ်ပွား ရအောင်လည်း တည်ဆဲဥပဒေ စည်းမျဉ်းစည်းကမ်းများနဲ့အညီ စနစ်တကျ ထိန်းသိမ်း ဆောင်ရွက်သွားပါမယ်။ ဒီဖြစ်စဉ်များမှာ နစ်နာဆုံးရှုံးခဲ့ကြရတဲ့သူများအတွက်လည်း တရားမျှတမှုရှိအောင် အလေးထားဆောင်ရွက် ပေးသွားမှာဖြစ်တဲ့အတွက် အားလုံးက သဘောထားကြီးကြီးထားပြီး အစစအရာရာ နားလည်ပေးကြဖို့ ပြောကြားလိုပါတယ်။ ဆက်လက်ပြီး ကျွန်တော်တို့အစိုးရအနေနဲ့ တရားဥပဒေစိုးမိုးမှု ရရှိအောင်လည်း အလေးထား ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။ ထို့အတူ ဘာသာရေးအဖွဲ့အစည်းများနဲ့ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေး ပါတီများ၊ လူထုလူတန်းစားအဖွဲ့အစည်းများ၊ မြို့မိမြို့ဖ၊ ရပ်မိရပ်ဖ ပြည်သူများနဲ့လည်း ပူးပေါင်းပြီး ဖြေရှင်းဆောင်ရွက်လျက်ရှိပါတယ်။ မိဘပြည်သူများခင်ဗျား ကျွန်တော်တို့အားလုံး မျှော်မှန်းတည်ဆောက်နေကြတဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များဟာ တည်ငြိမ်အေးချမ်းမှုနဲ့ တရားဥပဒေစိုးမိုးမှု ပတ်ဝန်းကျင်ကောင်းရှိမှသာ ဖော်ဆောင် အောင်မြင်နိုင်မှာဖြစ်ပါတယ်။ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးရှိဖို့ဆိုတာဟာလည်း နိုင်ငံတော်အစိုးရ အပေါ်မှာသာ တာဝန်ရှိတာမဟုတ်ပါဘူး၊ ပြည်သူများအပိုင်း ကလည်း အသိတရားနဲ့ယှဉ်ပြီး ဥပဒေများကို လေးစားလိုက်နာကြဖို့ လိုအပ်ပါတယ်။ ထို့အတူ ဘာသာရေး အဖွဲ့ အစည်းများ၊ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများနဲ့ နိုင်ငံရေးသမားများ၊ လူထုလူတန်းစား အဖွဲ့အစည်းများနဲ့ မီဒီယာများအားလုံးရဲ့ အသိတရားနဲ့ယှဉ်ပြီး သတိတရားနဲ့ ပူးပေါင်း ဆောင်ရွက် ကြဖို့လည်း အထူးလိုအပ်ပါတယ်လို့ ပြောကြားလိုပါတယ်။ ဒါ့ကြောင့် မိဘပြည်သူများ၊ ဘာသာရေးအဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများ၊ လူထုလူတန်းစားအဖွဲ့အစည်းအားလုံးတို့က လက်ရှိဖြစ်ပေါ်နေသော မတည်ငြိမ်မှုများ တည်ငြိမ်အေးချမ်းသွားအောင်၊ ပိုမိုကျယ်ပြန့်ဖြစ်ပွားလာခြင်း မရှိအောင် သတိတရားကို အခြေခံ၊ အသိတရားနဲ့မေတ္တာတရားကို ပေါင်းစပ်ပြီး နိုင်ငံတော်အစိုးရနဲ့အတူ ဝိုင်းဝန်းပူးပေါင်း ကာကွယ်ထိန်းသိမ်း ဖော်ဆောင်ပေးကြဖို့ မေတ္တာရပ်ခံပန်ကြားအပ်ပါတယ်။ ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူများအားလုံး ဘေးဘယာဝေးကွာပြီး ကျန်းမာ ချမ်းသာကြပါစေကြောင်းနဲ့ နိုင်ငံတော်အစိုးရနဲ့လက်တွဲပြီး အေးချမ်းသာယာ ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ် ဖြစ်ထွန်းပေါ်ပေါက် လာအောင် ဆောင်ရွက်နိုင်ကြ ပါစေကြောင်း ဆုတောင်းမေတ္တာပို့သရင်း နိဂုံးချုပ် လိုက်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
ရင်းမြစ်....The Irrawaddy (Burmese Version)

Saturday, June 9, 2012

ရန်ကုန် ၊ မိတ္ထီလာ လေတပ် နှင့် စစ်တွေ ရေတပ် မောင်တော သို့  ထွက်ခွာ

Linn Yaung

မောင်တော မြို့ နယ် တွင်း ရှိ လက်နက် ကိုင် အကြမ်းဖက် ဘင်္ဂလီ ရိုဟင်ဂျာများ အား ရှင်းလင်းရန်
အလို့ ငှာ မြန်မာ့ တပ်မတော် လေတပ် နှင့် စစ်တွေ ရှိ ရေတပ် များ မှ မောင်တော မြို့ သို့  စတင် ထွက်
ခွာ လျှက် ရှိ သည်။ ဘူးသီးတောင် ၊ ရသေ့တောင် နှင့် စစ်တွေ အခြေစိုက် တပ် များ မှ ယနေ့ ည ၁၀
နာရီ တွင် မောင်တော မြို့  တွင်း သို့  ၀င်ရောက်လာရာ တစ်ဖက် နိုင်ငံ မှ AK – 47 , ပခုံးထမ်း လောင်
ချာ စသည့် လက်နက် များ တပ် ဆင် ထား သည့် အကြမ်းဖက် ရိုဟင်ဂျာများ နှင့် ထိတွေ့ မှု ဖြစ်ပွား
ပြီး နောက် ပိတ်မိနေသည့် ရွာများ မှ ဒေသခံ အချို့  ကယ် ထုတ် နိုင် ခဲ့ သည်။

ည ၁၁ နာရီ ကျော် အချိန် တွင်....

ကချင်ပြည်နယ် ထိုးစစ် ချက်ခြင်းရပ်ဆိုင်းရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး တောင်းဆို ဆန္ဒပြပွဲ

ဒီမိုကရေစီ အစိုးရတရပ်အဖြစ် ပေါ်ထွက်လာခဲ့ပြီး ပြည်သူလူထု တရပ်လုံးမှ အစဉ်တစိုက် တောင်းဆိုနေသည့် ကြားထဲမှ။ နိုင်ငံဥသျှောင် အကြီးဆုံး အချုပ်အချာ အာဏာပိုင် သမတကြီးမှ ချက်ခြင်း ရပ်တန့်ရန် အမိန့်ပေးထားသည့်ကြားထဲမှ ကချင်ပြည်နယ်အတွင်း စစ်မီးများ တောက်လောင်နေရာ ဇွန်လ ၉ ရက်ဆိုလျှင် ၁ နှစ်ပြည့်မြောက် ခဲ့ပြီဖြစ်ပါတယ်။ ကချင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော်တို့ရဲ့တိုက်ပွဲများအကြား ထွက်ပြေးတိမ်းရှောင် လာကြရတဲ့ ကချင်လူမျိုးပေါင်းစုံ ဒုက္ခသည်တွေဟာ စစ်ဘေး ဒုက္ခသည် စခန်းတွေမှာ ၈၀၀၀၀ ကျော်ခန့် ရှိနေပါပြီ။ စစ်ဘေးဒုက္ခသည် အိမ်ထောင်စုတွေ၊ သက်ကြီး ရွယ်အိုတွေနဲ့ ကလေးသူငယ်တွေရဲ့နေရာထိုင်ခင်း၊ ကျန်းမားရေး၊ ပညာရေး၊ အလုပ်အကိုင်၊ အစာအဟာရ လိုအပ်ချက်တွေဟာ တစတစ များပြားလာနေပါတယ်။ နေရပ်ရင်း ဒေသရင်းကို စွန့်ခွာ ထွက်ပြေး လာခဲ့ရတဲ့ သူတို့အားလုံးဟာ တိုက်ပွဲများ လုံးဝအဆုံးသတ်သွားမယ့် ငြိမ်းချမ်းရေးကို မျှော်လင့်ရင်း နေရင်းဒေသကို ပြန်ဖို့ ဒုက္ခသည်စခန်းတွေမှာ စောင့်ဆိုင်းနေကြပါတယ်။ ကချင်ပြည်နယ်ဟာ ကျနော်တို့နိုင်ငံရဲ့ အစိတ်အပိုင်းပဲဖြစ်ပါတယ်။ ကချင်ပြည်နယ်သားတွေဟာ ကျနော်တို့ရဲ့ သွေးချင်းတွေ ကျနော်တို့ရဲ့ မိသားစုတွေပဲ ဖြစ်ပါတယ်။ ကျနော်တို့အားလုံး ၀ိုင်းဝန်း တောင်းဆိုခဲ့ကြပါသည်။ မြန်မာ့ဒီမိုကရေစီကွန်ယက်/ Network for Democracy in Burma (NDB)

Friday, June 8, 2012

martial law ဝင်ပြီ

လေးဝတီ(၅)မိနစ်အရေးကြီး သတင်းပီးပို့ချက်

မြန်မာနိုင်ငံ ညဇာစံတော်ချိန် ၅ နာရီ ၁၅မိနစ်အချိန်မှာ လက်ဟိမောင်တောမှာ ဖြိုက်ပျက်နိန်စော်နန့် ပတ်သတ်လို့ မောင်တောမြို့ ပြင်က ရွာ (၁၄)ရွာမီးတိုက်ဖျက်ဆီးလိုက်ဗျာယ်ဖြိုက်ကြောင်းသိရပါသည်။
မောင်တောဆီးရုံက ဆရာဝန်လင်မယား ဒေါက်တာ ဦးခင်မောင်လတ်နန့် အိမ်ရှင်မ အပြင်းအထန်ဓါးဒါဏ်ရာနန့် အိမ်ရှင်မ သီဆုံးလားရေလို့ သိရပါရေ။
မောင်တောမြို့ ပြင်က အောင်ဗလရွာမှာ နစက ကတပ်ဖွဲဝင်များ ကာကွယ်လို့ သနပ်အချက်ပေါင်း(၄၀)ကျော် ကာပစ်ပစ်နိန်ကေလေး ထိန်းမနိုင်ကုလားလူအုပ်စု များလာရေအတွက် ထပ်လို့ နစကတိ အင်အားဖြည့် ရောက်ဟိနိန်ကြောင်း ကြားသိရပါရေ။
ဒေသတင်းရီးနိန်ချိန်မှာ ဘူးသီးတောင်အခြီစိုက် စစ်တပ်က ချက်ချင်းလိုက်လာနိန်ပြီးကေ မာရှယ်လော အမိန့်ကြေညာနိန်ကြောင်း သိရပါရေ။
ကုလားရခိုင် အတိအကျ အသီအပျောက်စရင်းတိတိကျကျ မသိရပါ။ မြန်မာနိုင်ငံ ဆက်သွယ်ရီး CDMA လက်ကိုင်ဖုန်းလိုင်းတိကို ဖြတ်တောက်ထားကြောင်းလည်း သိဟိရပါသည်။
လေးဝတီ – လွတ်လပ်တေ ရခိုင်သတင်းဌါန

လက်ရှိ မောင်းတော အခြေအနေ

မောင်တောက ဒေါက်တာခင်မောင်လတ် ဇနီးမောင်နံကို သတ်လိုက်တယ်တဲ့
ဆေးရုံအုပ်ကြီးမိန်းမကိုလည်း သတ်လိုက်ပြီလို့ကြားပါတယ်
ရခိုင်ပြည်နယ်မောင်တောဒေသတွင်ဖြစ်ပေါ်နေသောအခြအနေအသေးစိတ်ကိုနိုင်ငံပိုင်မီဒီယာများမှတဆင့် မကြာမီကြေငြာပေးသွားမည်ဖြစ်ပြီး မီးရှို့ခံရသော ရခိုင်ရွာ (၁၄) ရွာကိုလည်း လုံခြုံရေးတပ်ဖွဲ့များဖြင့် အမြန်ဆုံး ကာကွယ်မှု ပေးနေကြောင်း နိုင်ငံတော်သမ္မတရုံးမှသတင်းရရှိသည်။
မောင်တောမြို့ ရွာသစ်ရပ်ကွက်တွင် ရခိုင်လူမျိုးတစ်ဦး ဓါးနှင့်ခုတ်ခံရသဖြင့်သေဆုံးကြောင်း၊
ဒဏ်ရာရတဲ့သူများပြားကြောင်းသိရှိရသည်။ယခုအခါ မောင်တောမြို့ပေါ်တွင် ဘဂီါလီလူမျိုးဦးရေသည် ရခိုင်လူမျိုးဦးရေထက်များစွာရောက်ရှိနေကြောင်းသိရသည် ....
ထပ်မံသိရှိရသော သတင်းများအရ....

Wednesday, June 6, 2012

အယ်လ်ဂျာဇီးယား သတင်းဌာနက ထုတ်လွှင့်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် မယ်လဒုက္ခသည်စခန်းသွား ခရီးစဉ် (ရုပ်သံ)



Copy from - drlunswe

တပ်ပြေးများကို ပစ်ခတ်သတ်ဖြတ်

june 5
June 5, 2012
ကချင်ဒေသသို့ ထိုးစစ်ဆင် တိုက်ခိုက်သည်မှာ (၁)နှစ်ပြည့်ပြီ ဖြစ်သည်။ ထိုးစစ်ဆင် တိုက်ခိုက်ရာ တွင် မြန်မာ့တပ်မတော် အင်အားအလုံးအရင်းဖြင့် ချီတက် တိုက်ခိုက်သော်လည်း အထိအခိုက် အကျ အရှုံး ဖြင့်သာ ရင်ဆိုင်နေရသည်။

ရှေ့တန်း စစ်မျက်နှာပြင်တွင် အသက်စွန့် တိုက်ပွဲဝင်၍ သေကြေ၊ ဒဏ်ရာရသူများ များပြားသဖြင့် အချို့ တပ်မတော်သားများသည် တိုက်ပွဲဝင်ရန် ငြင်းဆန်သူများ၊ တပ်တွင်း အထက်အမိန့်ကို မလိုက်နာသူများ၊ တပ်ပြေးများ အလွန်များပြားလာပြီ ဖြစ်သည်။

အချို့တပ်မတော်သားများသည် ဘေးရန်မှလွတ်မြောက်ကာ မိမိရပ်ကျေးသို့ ဆင်းရဲဒုက္ခခံကာ ပြန်လည် ရောက်လာသူများ ရှိသကဲ့သို့ အချို့မှာ တောတောင်ထဲတွင် လမ်းပျောက်ကာ အစာငတ်ပြတ် သေဆုံးသူများလည်း ရှိပေသည်။ စွန့်စားသူတချို့သည် တရုတ်နိုင်ငံသို့ ၀င်ရောက်ကာ ကြုံရာ အလုပ်တွင် (ကြံခုတ်၊ ကြံစိုက်၊ ဆေးရွက်ခူး၊ ကားရေဆေး၊ ပိုးသတ်ဆေးဖြန်း၊…) အောက်ကြိုးခံကာ တပ်မတော်သား ဘ၀အဖြစ်မှ တရုတ်အလုပ်ရှင်များ၏ ကျေးကျွန်ဘ၀သို့ ရောက်ရှိသွားကြသည်။ အနည်းငယ်သော တပ်မတော်သားတို့သည် KIA တပ်စခန်းသို့လာ အလင်းဝင်၊ အဖမ်းခံကာ KIA တပ်ဖွဲ့က ကြည့်ရှုစောင်မ သည်ကို ကျေနပ်နေကြသည်။

သို့သော် ကံအကျိုးမပေးသော တပ်မတော်သားများသည် တပ်စခန်းမှ ထွက်ပြေးသော်လည်း စစ်ကြောင်း များ လိုက်လံ ပစ်ခတ်သတ်ခြင်းကို ခံနေကြသည်။ တပ်ပြေးများကို တပ်မတော် စစ်ကြောင်းမှ ပြန်လည် ဖမ်းမိလျှင် မည်သူမှ အသက် မရှင်နိုင်တော့ပေ။ ဤကဲ့သို့ ဖြစ်စဉ်ကို နောက်တန်းနေ တပ်မတော်သားများ၊ ၎င်းတို့၏ မိသားစုများ သိရှိနိုင်သည်မဟုတ်။ ၎င်းအပြင် မြန်မာ့တပ်မတော်ကို ဂုဏ်ပြောင် ဂုဏ်ဆောင် ချီးမွမ်း နေကြသူများလည်း ရှေ့တန်းတွင် ဖြစ်ပျက်နေသည့် တပ်မတော်သားများ၏ ဘ၀အမှန်ကို မသိရှိ

Tuesday, June 5, 2012

ခြင်ဆေးခွေကြောင့် မန္တလေးမှ ကလေး တဦး သေဆုံး

ခြင်ဆေးခွေထွန်းပြီး တံခါးပိတ် အိပ်ရာမှ ကလေးငယ် တစ်ဦး သေဆုံးပြီး သုံးဦး ဆေးဝါးကုသမှု ခံယူ နေရဆဲဖြစ်ကြောင်း မန္တလေးနေ့စဉ် သတင်းစာတွင် ဖော်ပြထားသည်။

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၇၈လမ်းနှင့် ၄၂လမ်းထောင့်ရှိ ရဲဝန်ထမ်း လိုင်းခန်းတွင် နေထိုင်သူ ဒုတိယရဲအုပ် ပင်လုံထွန်း နှင့် ၄ မိသားစုဝင်များသည် မေလ ၁၄ ရက် ညပိုင်းက တံခါးများပိတ်ပြီး ကျင်းထုံခြင်ဆေးခွေ ထွန်းကာ အိပ်ခဲ့ကြသည်။ လေအေးပေးစက် ဖွင့်ထားသည်ဟု ဆိုသည်။

နောက်တနေ့ နံနက် ၉နာရီအထိ အိပ်ရာမှ မနိုးကြသေးသဖြင့် အိမ်နီးချင်း မအေးမွန်ခိုင်က သွားရောက် ကြည့်ရှုရာ လေးဦးစလုံး သတိလစ်ေ နသည်ကို တွေ့ရသည်ဟု ဆိုသည်။

မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြပြီး အသက် ၁ နှစ် ၈ လ အရွယ် သားငယ် ဆေးရုံတွင် သေဆုံးသွားကြောင်း သိရသည်။

တရုတ်ပြည်ဘက်မှ တင်သွင်းလာသော ကျင်းထုံ အမှတ်တံဆိပ် ခြင်ဆွေးခွေသည် အလွန် အရောင်းသွက်ခဲ့သည်ဟု သိရသည်။ ထိုခြင်ဆေးခွေတွင် ပိုးသတ်ဆေး ပါဝင်မှု ၀ ဒသမ ၀၈ ရာခိုင်နှုန်း ပါဝင်သဖြင့် အသုံးမပြုရန် အာဏာပိုင်တို့က တားမြစ် ထားသော်လည်း မန္တလေးရှိ ဆိုင်တချို့တွင် ဆက်လက် ရောင်းချလျက် ရှိနေသေးကြောင်း သိရသည်။

မန်းသားလေး
သတင်းရင်းမြစ် - ဧရာဝတီ

"ဗမာစာပါ ပျောက်မှာစိုး"

"ဗမာစာပါ ပျောက်မှာစိုး" 
 ယဉ်ကျေးမှု အနုပညာတွေ ပျောက်ဆုံးသွားရတာဟာ ဘာနဲ့မှကို မတူတဲ့ ဆုံးရှုံးမှုဖြစ်တယ်။ ယဉ်ကျေးမှု ပပျောက်ရင် လူမျိုးပါ ပျောက်တယ်ဆိုတဲ့ ဆိုရိုးစကားအတိုင်း အင်မတန် ကြောက်စရာ ကောင်းတယ်။ ယဉ်ကျေးမှု အနုပညာပျောက် ပြီးတဲ့နောက် ထပ်ပျောက်မှာက ဗမာစကား ဖြစ်တယ်။

အခုတောင် မြို့ထဲက ဆိုင်းဘုတ်တွေမှာ ဗမာစာနဲ့ရေးတဲ့ ဆိုင်းဘုတ် အတွေ့ရ နည်းပြီး အင်္ဂလိပ်စာနဲ့ တရုတ်စာ ဆိုင်းဘုတ်တွေချည်း တွေ့ရတော့တယ်။ မူကြိုကျောင်းနဲ့ ကလေး ထိန်းကျောင်း တွေဆိုရင်လည်း တရုတ်စာပါ သင်ပေးမှ မိဘတွေက အပ်ချင်ကြတယ်။ အဲဒါကြောင့် မန္တလေးသားများက မန္တလေးကို ကာကွယ် စောင့်ရှောက်ကြဖို့ အခွင့်ရတိုင်း ပြောနေရေးနေကြရတာဖြစ်တယ်။

ဒေသစွဲကြီးလို့ အမြင်ကျဉ်းလို့ လုံးဝမဟုတ်ပါဘူး။ မန္တလေးကို ကာကွယ်စောင့်ရှောက်တာဟာ ကိုယ့်လူမျိုးနဲ့ ကိုယ့်နိုင်ငံကို ကာကွယ် စောင့်ရှောက်တာနဲ့ အတူတူပဲဖြစ်ပါတယ်။

(လူထုစိန်ဝင်း)

ကော့သောင်းမြို့နယ်တွင် ပေါက်ကွဲသံကြီး တစ်သံနှင့် ငလျှင် လှုပ်ရှားမှုတစ်ခုဖြစ်ပွား......


ဇွန် ၄ ရက် ၂၀၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်တွင် ယနေ့နေလည် ၁၂ နာရီ ၁၇ မီနစ်ခန့်တွင် ပေါက်ကွဲသံကြီး တစ်ခုဖြစ်ပွားပြီး ကော့သောင်း တစ်မြို့နယ်လုးံ စက္ကန့်အနည်းငယ်ကြာ ငလျှင်လှုပ်ရှားမှု တစ်ခုဖြစ် ပွားခဲ့ပါတယ်။

၎င်းဖြစ်ရပ်နှင့် ပက်သက်ပြီး ကော့သောင်းမြို့နယ်ဘုရင့်နောင်ရပ်ကွက်၊ ကမ်းနားပိုင်း တွင်နေထိုင်သော အသက် ( ၇၅) နှစ်အရွယ် အဘွားအိုတစ်ဦးမှ သူ့သက်တမ်းတလျှောက် ဒီလိုပေါက်ကွဲပြီး မြေကြီးလှုပ်ခက်တာ တခါမှမကြုံဖူးဘူး မြေပြိုသံလို ပေါက်ကွဲသံကြားပြီး ငလျှင် လှုပ်လိုက်တော့ ဆူနာမီများ ဖြစ်လာမလားဆိုပြီး စိုရိမ် မိတယ်လို့ပြောပါတယ်။

ကော့သောင်းမြို့နေ လူလတ်ပိုင်းတစ်ဦးကလည်း ကျွန်တော် ကော့သောင်းမှာ နေတာအနှစ် (၂၀) ရှိပြီ ဒီလိုဖြစ်တာ ဒီတစ်ခါပဲကြုံဖူးတယ် ကျွန်တော်တို့ဒီမှာက သဲစုပ်သင်္ဘောကြီးတွေက ကော့သောင်းနဲ့အနီးကပ် သဲစုပ်ယူမှုတွေက ရှိတော့ တစ်ချို့ကျေးရွာတွေလည်း မြေပြိုမှု တွေနဲ့ရင်ဆိုင်နေရပြီ အခုလည်း

ကချင်ပြည်နယ် ထိုးစစ် ချက်ခြင်းရပ်ဆိုင်းရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် နိုင်ငံတကာ လှုပ်ရှားမှုအဖြစ် တောင်းဆို ဆန္ဒပြပွဲ ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်အပ်ပါသည်။

မြန်မာ့ဒီမိုကရေစီကွန်ယက်/ Network for Democracy in Burma (NDB)

၂၀၁၂ ခုနှစ်၊ ဇွန်လ ၅ ရက်။

ကချင်ပြည်နယ် ထိုးစစ် ချက်ခြင်းရပ်ဆိုင်းရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး တောင်းဆို ဆန္ဒပြပွဲ။
နိုင်ငံတကာ လှုပ်ရှားမှု / Global campaign

မြန်မာနိုင်ငံသားများခင်ဗျား-

ဒီမိုကရေစီ အစိုးရတရပ်အဖြစ် ပေါ်ထွက်လာခဲ့ပြီး ပြည်သူလူထု တရပ်လုံးမှ အစဉ်တစိုက် တောင်းဆိုနေသည့် ကြားထဲမှ။  နိုင်ငံဥသျှောင် အကြီးဆုံး အချုပ်အချာ အာဏာပိုင် သမတကြီးမှ ချက်ခြင်း ရပ်တန့်ရန် အမိန့်ပေးထားသည့်ကြားထဲမှ ကချင်ပြည်နယ်အတွင်း စစ်မီးများ တောက်လောင်နေရာ ဇွန်လ ၉ ရက်ဆိုလျှင် ၁ နှစ်ပြည့်မြောက် ခဲ့ပြီဖြစ်ပါတယ်။

ကချင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော်တို့ရဲ့တိုက်ပွဲများအကြား ထွက်ပြေးတိမ်းရှောင် လာကြရတဲ့ ကချင်လူမျိုးပေါင်းစုံ ဒုက္ခသည်တွေဟာ စစ်ဘေး ဒုက္ခသည် စခန်းတွေမှာ ၈၀၀၀၀ ကျော်ခန့် ရှိနေပါပြီ။ စစ်ဘေးဒုက္ခသည် အိမ်ထောင်စုတွေ၊ သက်ကြီး ရွယ်အိုတွေနဲ့ ကလေးသူငယ်တွေရဲ့နေရာထိုင်ခင်း၊ ကျန်းမားရေး၊ ပညာရေး၊ အလုပ်အကိုင်၊ အစာအဟာရ လိုအပ်ချက်တွေဟာ တစတစ များပြားလာနေပါတယ်။ နေရပ်ရင်း ဒေသရင်းကို စွန့်ခွာ ထွက်ပြေး လာခဲ့ရတဲ့ သူတို့အားလုံးဟာ တိုက်ပွဲများ လုံးဝအဆုံးသတ်သွားမယ့် ငြိမ်းချမ်းရေးကို မျှော်လင့်ရင်း နေရင်းဒေသကို ပြန်ဖို့ ဒုက္ခသည်စခန်းတွေမှာ စောင့်ဆိုင်းနေကြပါတယ်။

ကချင်ပြည်နယ်ဟာ ကျနော်တို့နိုင်ငံရဲ့ အစိတ်အပိုင်းပဲဖြစ်ပါတယ်။ ကချင်ပြည်နယ်သားတွေဟာ ကျနော်တို့ရဲ့ သွေးချင်းတွေ ကျနော်တို့ရဲ့ မိသားစုတွေပဲ ဖြစ်ပါတယ်။ ကျနော်တို့အားလုံး ၀ိုင်းဝန်း တောင်းဆိုကြရအောင်။

နေ့ရက်။        ။ ၂၀၁၂ ခုနှစ်၊ ဇွန် ၈ ရက်၊ (သောကြာနေ့)
အချိန်။        ။ ညနေ ၃ နာရီမှ ၄ နာရီအထိ။
နေရာ        ။ တိုကျို ကြံဖွတ် အခွန်ရုံးရှေ့ ။

ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံအားပေးသည့် ဂျပန်အဖွဲ့အစည်းများနှင့်အတူ   မြန်မာ့ဒီမိုကရေစီ ကွန်ယက်(ဂျပန်)NDB မှ နိုင်ငံတကာတွင် ရှိကြသော ဒီမိုကရေစီ အင်အားစုများ အားလုံးနှင့် အတူ ပူးတွဲ လှုပ်ရှားမှု ဖြစ်ပါသည်။

NDB ပြန်ကြားရေး။

ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ဒေါ်စု ပြောကြားသည့်မိန့်ခွန်း အပြည့်အစုံ


dasskwef
ဇွန်လ ၀၄ ရက် ၂၀၁၂ ခုနှစ်
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပသည့် အရှေ့ အာရှရေးရာ ကမ္ဘာ့စီးပွားရေးဖိုရမ် WEF သို့ တက်ရောက်ကာ ဇွန်လ ၁ ရက်နေ့က မိန့်ခွန်း ပြောကြားခဲ့သည်။

မိန့်ခွန်းတွင် မြန်မာနိုင်ငံအတွင်း ပြုပြင်ပြောင်းလဲရေး အပေါ်အမြင်၊ ရင်းနှီးမြှုပ်နှံသူများ အပေါ် သတိပေးစကား၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၏ အရေးကြီးပုံနှင့် တိုင်းပြည်တွင်း ခြစားလာဘ်စားမှု တိုက်ဖျက်ရေး အထူး လိုအပ်နေခြင်း စသည်တို့ကို ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားသွားခဲ့သည်။

အဆိုပါ မိန့်ခွန်း အပြည့်အစုံကို မဇ္ဈိမက မြန်မာဘာသာသို့ ပြန်ဆိုဖော်ပြလိုက်သည်။
“ကျမ အခုလို ကမ္ဘာ့စီးပွါးရေး ဖိုရမ်ကို တက်ရောက်ခွင့် ရရှိတဲ့အတွက် Professor Schwab နှင့် တကွ ကမ္ဘာ့စီးပွါးရေး ဖိုရမ် စီစဉ်ပြုလုပ်သူ organizer အားလုံးကို ကျေးဇူးတင်ပါတယ်။ အခုလို တက်ရောက်ခွင့်

Monday, June 4, 2012

တပ်မတော်စစ်ကြောင်းမှ ရွာသားများအား အတင်းအကြပ် လမ်းပြခေါ်ဆောင်

June 3, 2012

boy

June 3, 2012   

ခမရ (၃၈၂) စစ်ကြောင်းသည် (၂၁-၅-၂၀၁၂) ရက်နေ့တွင် ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ဖရဲကျေးရွာတွင် နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး ကျွဲနွား တိရိစ္ဆာန်များကို ပစ်ခတ် သတ်ဖြတ်သဖြင့် ရွာသားများ ထွက်ပြေးကြရာ (၁၃)နှစ် အရွယ် ကလေး အပါရွာသား(၈)ယောက်ကို စစ်ကြောင်းမှ လိုက်လံ ဖမ်းဆီး၍ ရိုက်နှက် ချည်နှောင်ပြီး (၂)ရက်တိုင်တိုင် ကြိုးတုတ် လှောင်ထားသည်။

၎င်းရွာသား(၈)ဦးအား ခမရ(၃၈၂)စစ်ကြောင်းမှ ပေါ်တာနှင့် လမ်းပြအဖြစ် ခေါ်ဆောင်သွားစဉ် (၂၅-၅-၂၀၁၂)ရက်နေ့တွင် KIA အဖွဲ့နှင့် တိုက်ပွဲ ဖြစ်ပွားရာ ရွာသား(၃)ယောက်သည် မိုင်း ထိမှန်ပြီး ဒဏ်ရာ ရရှိသွားသည်။

" ပင်လုံကို ချစ်ပါ "

Love PanglongCopy from - drlunswe

မိုးထိမိုးမိ ဆန္ဒပြ

မန္တလေးတိုင်း၊ ရမည်းသင်းခရိုင် မိုးထိမိုးမိဒေသမှာ အသေးစား တစ်ပိုင်တစ်နိုင် ရွှေတူးလုပ်ငန်းများကို ရပ်ဆိုင်း ခိုင်းတဲ့အတွက် လုပ်ငန်းတွေ ပုံမှန်အတိုင်း ပြန်လည် လုပ်ကိုင်နိုင်ဖို့ ဇွန်လ (၁)ရက်နေ့က စတင်ပြီး အလုပ်သမားတွေနဲ့ မိသားစုဝင်တွေ ထောင်နဲ့ချီ ဆန္ဒပြ တောင်းဆိုနေပါတယ်။
Copy from - DVBBurmese

မြန်မာနိုင်ငံအတွင်း ငတ်မွတ်ခေါင်းပါးမှု တိုက်ဖျက်ရေး လုပ်ငန်းများ လုပ်ကိုင်ရန် WFP ကို အမေရိကန် ဒေါ်လာ ၁၀ သန်းကျော် ဂျပန်အစိုးရပေးအပ်

မြန်မာနိုင်ငံအတွင်း ငတ်မွတ်ခေါင်းပါးမှု တိုက်ဖျက်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ကို ဂျပန်နိုင်ငံ အစိုးရက အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၆ သန်း ပေးအပ် လိုက်သည်ဟု ပြည်ပ သတင်းဌာနများမှ သိရသည်။

WFP ၏ မြန်မာနိုင်ငံအတွင်း လုပ်ဆောင်နေသော လုပ်ငန်းများအတွက် ဂျပန်အစိုးရမှ ပေးအပ်သော လှူဒါန်းငွေမှာ အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၄ သန်း ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။ နောက်ဆုံး ရရှိသော အလှူငွေကို WFP ၏ ရန်ကုန်ရုံး၌ ပြုလုပ်သော လတ်မှတ် ရေးထိုးပွဲတစ်ခု၌ လွှဲပြောင်း ပေးအပ်ခဲ့သည်ဟု ဆိုသည်။

''ဂျပန်ရဲ့အကူအညီက ရက်ရောသလို အချိန်လည်း ကွက်တိပါပဲ။ မြန်မာ့သမိုင်းရဲ့ အရေးပါတဲ့ အချိန်မှာ WFP ဟာ ငတ်မွတ် ခေါင်းပါးမှုနဲ့ အာဟာရချို့တဲ့မှုတွေကို တိုက်ဖျက်ဖို့ အဓိက အခန်းကဏ္ဍကနေ ပါဝင်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုက္ခသည်စခန်းခရီးစဉ် ထိုင်းအစိုးရ ကန့်သတ်

ထိုင်း-မြန်မာနယ်စပ် မယ်လ စစ်ဘေး ဒုက္ခသည်စခန်းကို မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၂ ခုနှစ် ဇွန်လ ၂ ရက်နေ့က သွားရောက်ရာမှာ လူထောင်ပေါင်း များစွာက ကြိုဆိုနေစဉ်။ AFP
2012-06-02
ထိုင်းအစိုးရဟာ မြန်မာအစိုးရနဲ့ ဆက်ဆံရေးထိခိုက်မှာ စိုးရိမ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုက္ခသည်စခန်း ခရီးစဉ်မှာ အကန့်အသတ်တွေ ချမှတ်ခဲ့ကြောင်း နယူးယောက်တိုင်း သတင်းစာက ဖော်ပြလိုက်ပါတယ်။

အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်တဲ့ မယ်လစခန်းကို သွားရောက်ခွင့်ရဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုချက်ကို နောက်ဆုံးအချိန်မှာ ထိုင်းအစိုးရက ခွင့်ပြုလိုက်ပေမဲ့ လူထုဟောပြောပွဲ လုပ်ခွင့်မပြုတဲ့အပြင် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့လည်း တွေ့ခွင့် မပြုခဲ့ပါဘူး။ နိုင်ငံတကာ သတင်းထောက် တွေကိုလည်း သတင်းယူခွင့် ပိတ်ပင်ခဲ့တယ်လို့ နယူးယောက်တိုင်းက ရေးသားပါတယ်။

မယ်လ ဒုက္ခသည်စခန်းရှိရာ တပ်ခရိုင် အုပ်ချုပ်ရေးမှူး ဆူရီယာ ပရာဆပ် ဘန်တစ်ယာက -

Sunday, June 3, 2012

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ ကျင်းပပြုလုပ်ခြင်း(ဂျပန်)

အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၇)နှစ်မြောက် မွေးနေ့ ပါတီအခမ်းအနားအား  ဂျပန်နိုင်ငံတွင် မြန်မာ့ဒီမိုကရေစီကွန်ယက်( Network for Democracy in Burma-NDB)မှ တာဝန်ယှူု၍  ကျင်းပ ပြုလုပ်မည် ဖြစ်ပါသည်။

မြန်မာ့အရေး စိတ်ဝင်စားသော ဂျပန်နိုင်ငံရှိ ဂျပန်အဖွဲ့အစည်းများ၊ ဂျပန်နိုင်ငံရှိ လွှတ်တော်အမတ်များ၊ ဂျပန်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဂျပန်နိုင်ငံရှိ နိုင်ငံခြား သံတမန် အရာရှိများအား ပါဝင်တက်ရောက်ရန် ဖိတ်ကြားထားပါသည်။

အခွင့်အရေးရရှိပါက ဒေါ်အောင်ဆန်းစုကြည်အား တယ်လီဖုန်း/အင်တာနက် အွန်လိုင်းမှတဆင့် ဆက်သွယ်ရန် အစီအစဉ်လည်း ပြုလုပ်ထားပါသည်။

ကျင်းပမည့်နေ့ရက်....... 2012.June.17th.
ကျင်းပမည့် အချိန်........ 17:45 to 20:00
ကျင်းပမည့် နေရာ........ 4-1-1 Nakano-Ku, Nakano, Tokyo
                                NAKANO SUN PLAZA (13) Floor, COSMO ROOM
လက်မှတ်တစ်စောင်...... ယန်း 5000.

မှတ်ချက်......ပါတီပွဲ အခမ်းအနားဖြစ်ပါ၍ အနောက်တိုင်းဝတ်စုံ(suit) သို့မဟုတ် မြန်မာ့ရိုးရာဝတ်စုံ(သို့)  တိုင်းရင်းသားရိုးရာ ဝတ်စုံများကို သပ်ရပ်စွာ ဝတ်ဆင်လာပေးကြပါရန် လေးစားစွာ မေတ္တာရပ်ခံ အပ်ပါသည်။

ဆက်သွယ်ရန် ဖုန်းနံပါတ်များ
090 4964 9718
090 6031 4394
090 9831 7192
070 6651 9525




              ပြန်ကြားရေး
မြန်မာ့ဒီမိုကရေစီကွန်ယက်(ဂျပန်)