Thursday, May 31, 2012

ဒ်ါအောင်ဆန်းစုကြည်နှင့် ထိုင်း ဒုတိယ ၀န်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေးနေစဉ် -
ဓာတ်ပုံ -Natty Tangmeesan
ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ယနေ့နေ့ခင်းပိုင်းက ထိုင်း ဒုတိယ ၀န်ကြီးချုပ် Dr. Chalerm Yubamrung နှင့် တွေ့ဆုံကြရာတွင် မြန်မာ ရွှေ့ပြောင်း အလုပ်သမား များနှင့် ဒုက္ခ သည်များအကြောင်း ဆွေးနွေး ပြောဆိုကြတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ၏ သားသမီးများ ထိုင်းစာသင်ကျောင်းများတွင် တက် ရောက် ပညာသင်ခွင့်ရရေး အတွက် ထိုင်းအစိုးရဘက်က ကူညီပေးရန် တိုက်တွန်း ပြောကြားခဲ့တယ် လို့ လည်း သိရပါတယ်။

ဒု ၀န်ကြီးချုပ် Chalerm ကလည်း မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် သူ့အနေနဲ့ အကောင်းဆုံး အကူအညီ ပေးသွားမှာဖြစ်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို ကတိပေးစကား ပြောခဲ့တယ်လို့ သတင်းများက ဆိုပါတယ်။

ဒီအပြင်သူက မြန်မာနိုင်ငံသား ၂ သန်းနီးပါး ထိုင်းနိုင်ငံတွင် ရှိရာ ၈ သိန်းလောက်သာ အထောက်အထား ထုတ်ပေးထား နိုင်သေးကြောင်း၊ ထိုင်း အစိုးရအနေနဲ့ အထောက်အထားရှိတဲ့ အလုပ်သမားများအတွက် တနေ့ လုပ်အားခ ဘတ် ငွေ ၃၀၀ ရရှိရေးနဲ့ ကျန်းမာရေး ရန်ပုံငွေအတွက် ဘတ် ၃၀ စနစ်ကို အတည်ပြု လုပ်ဆောင် ပေးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်တဲ့။

ဒေါ်အောင်ဆန်းစုကြည်က အထောက်အထားမရှိတဲ့ အလုပ်သမားတွေအတွက် ဘယ်လိုအခြေအနေ ရှိလဲ လို့ မေးမြန်း ရာတွင် ဒု ၀န်ကြီးချုပ် Chalerm က မြန်မာအစိုးရဘက်က အထောက်အထားမရှိတဲ့ မြန်မာ ၁.၂ သန်းကို အတည်ပြု ပေးဖို့လိုကြောင်း ပြန်လည် ဖြေကြားခဲ့ပါတယ်တဲ့။

ပုံပါကျင်တိုက်ပွဲအတွက် RCSS/SSA အား တပ်မတော်မှ တောင်းပန်

ကျိုင်းတုံဆွေးနွေးပွဲ၌ တွေ့ရသော ဒုတိယ ဗိုလ်ချုပ်ကြီးစိုးဝင်း

ကျိုင်းတုံဆွေးနွေးပွဲ၌ တွေ့ရသော ဒုတိယ ဗိုလ်ချုပ်ကြီးစိုးဝင်း
ပြည်ထောင်စုအဆင့် ဒုတိယ အကြိမ်ဆွေးနွေးသဘောတူညီချက်ရခဲ့ပြီးဖြစ်သော်လည်း မေလ ၂၃ ရက်နေ့က ထပ်မံဖြစ်ပွါးခဲ့သော တိုက်ပွဲကြောင့် သျှမ်းပြည်တပ်မတော်အား တပ်မတော်ဘက်မှ တရားဝင် တောင်းပန် ခဲ့ကြောင်း RCSS ခေါင်းဆောင်က ပြောသည်။

“ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဌ (၁) တပ်မတော် ဒုတိယကာ ကွယ်ရေးဦးစီးချုပ်/ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်ကြီးစိုးဝင်းက ကျနော်တို့ဆီကို တရားဝင် တောင်းပန်ခဲ့တယ်။ သျှမ်းပြည်တွင်း အခြေစိုက်တဲ့ စစ်တိုင်း ရုံးတွေဆီကိုလဲ RCSS/SSA နဲ့ အပစ်ရပ်ဖို့ အမိန့်စာပေးပို့လိုက် ပြီလို့ သူကပြောပါတယ်” - ဟု သျှမ်းပြည် တပ်မတော် ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ် က သျှမ်းသံတော် ဆင့်အား ပြောပြသည်။

ရှေ့တန်းရောက် ရဲဘော်များ

bag

ကချင်ဒေသအနှံ့တွင် မြန်မာ့တပ်မတော်မှ ထိုးစစ်ကို ပြင်းပြင်းထန်ထန် ဆင်နွဲကာ တပ်အင်အား ဖြည့်တင်းခြင်း၊ လက်နက် ခဲယမ်းဖြည့်တင်းခြင်း၊ တပ်ဖွဲ့ အလဲအလှယ် ပြုလုပ်ခြင်းများကို စဉ်ဆက်မပြတ် လုပ်ဆောင် နေကြသည်။ ရှေ့တန်းတပ်စခန်းမှ တပ်အလဲအလှယ်ပြု၍ မိမိ၏ တပ်ရင်းဌာနချုပ်သို့ ဆင်းသွားသော တပ်ဖွဲ့များကို နေ့ခင်းပိုင်းတွင် မော်တော်ယာဉ်များဖြင့် ထင်သာမြင်သာ သယ်ဆောင် သွားကာ တပ်ယုတ် သယောင်ပြုနေကြသည်။ ၎င်းတပ်ရင်းပြန်တို့၏ ရှေ့တန်းနေရာသို့ အစားထိုး ပို့ဆောင်သော တပ်ဖွဲ့များကို ညအချိန်နှင့် မြို့များမှဖြတ်သွားရန် လိုအပ်ပါက လမ်းမီးပိတ်၍ အမှောင်ထုအတွင်း သွားလာ နေကြကြောင်း သိရသည်။

ရှေ့တန်းရောက် ရဲဘော်များ၏ ကံအကျိုးပေးမှု မတူညီကြချေ။ အချို့မှာ သေနတ် ထမ်းစရာမလိုဘဲ အရာရှိများ၏ ကျေးကျွန် သဖွယ် လိုက်ပါကြရသည်။ အချို့တပ်မိသားစု၏ ဘ၀မှာ ငွေကြေးစည်းစိမ် ပြည့်စုံသွားကြသကဲ့သို့ အချို့မှာ မိသားစု ဘ၀ ပျက်စီး သွားကြလေပြီ။

အချို့တပ်ဖွဲ့များ ရှေ့တန်းတွင် တာဝန် ထမ်းဆောင်စဉ် ကာလအတွင်း သစ်မှောင်ခိုသမားများထံမှ ငွေကြေး မြောက်များစွာ လက်ခံ ရရှိသူများလည်း ရှိသည်။ တပ်ဖွဲ့ဝင်များအကြား ရာထူး၊ အဆင့်အလိုက် ၎င်းငွေကြေးများကို ခွဲဝေယူကြရာ အချို့တပ်သားများ ဝေစုကို မကျေနပ်မှုများ ပေါ်ပေါက်၍ ပြဿနာများ

တအာင်းအမျိုးသားတပ်မတော်(TNLA) နှင့် အစိုးရတပ် တိုက်ပွဲထပ်ဖြစ်

Thursday, 31 May 2012

၂၀၁၂ခုနှစ်၊ မေလ၂၉-ရက်နေ့ မနက်ပိုင်း၈-နာရီ ၄၅ နာမိနစ်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့နယ် ပန်ဆွေရွာနှင့် ထာတ်ကျဲတ်ရွာ အကြားတွင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)နှင့် နမ့်လင်း အခြေစိုက် မြန်မာအစိုးရ တပ်တို့မိနစ်(၂၀)ကြာ တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲတွင် အစိုးရတပ်စခန်းမှ တပ်သား ၃ဦးကျဆုံးပြီး TNLAဘက်တွင် ထိခိုက် ဒဏ်ရာရရှိမှု မရှိကြာင်းလည်း သိရသည်။ အစိုးရတပ်နှင့်အတူ ထွန်းမြတ်လေးဦးအောင်သည့် နမ့်ဆန်ပြည်သူ့စစ် အဖွဲ့လည်း ပါဝင်ကြောင်း TNLAမှ တားဟိုဝ်ပ္လါင် ပြောပြချက်အရ သိရသည်။

တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်မှ တပ်ရင်း-၁၁၂ မှတပ်ခွဲ(၁) ဒုဗိုလ်မှူးလွယ်ဆိုင် တာဝန်ယူ ဦးဆောင်ပြီး တိုက်ခိုက်ခဲ့ကြောင်း သူက ဆက်ပြောပြခဲ့သည်။

Copy from - www.palaungland.org

KIA မှ မန္တလေး-မူဆယ် ကုန်သွယ်ရေး လမ်းမကြီးကို ညပိုင်းပိတ်

30 May 2012 

 မြန်မာနိုင်ငံရှိ အကြီးဆုံးနယ်စပ်ကုန်သွယ်ရေးလမ်းမ မန္တလေး-မူဆယ် ကားလမ်းမကို ဇွန်(၁)ရက်မှ စပြီး ညပိုင်းတွင် သွားလာခြင်းပိတ်ပင်သည့် ကြိုတင်အသိပေးစာကို KIO မှ ဖြန့်ဝေထားကြောင်းသိရသည်။

 မြန်မာအစိုးရစစ်တပ်သည် အရပ်ဝတ် ၀တ်ဆင်ကာ၊ အရပ်သားများ၏ ကားကိုအသုံးပြု၍၊ ညပိုင်းတွင် စစ်တပ် သွားလာ လှုပ်ရှားမှုများ ပိုတိုး လာသဖြင်၊့ လားရှိုးနှင့် မူဆယ် ကြားတွင် ပိတ်ပင် ထားခြင်းဖြစ်သည် ဟု တပ်မဟာ (၄) KIA အရာရှိ တစ်ဦးပြောသည်။

ဤ ပိတ်ပင်ခြင်းသည် ညပိုင်တွင်သာဖြစ်ပြီး၊ နေ့ခင်းပိုင်းတွင်မူ ပုံမှန် သွားလာနိုင်ကြောင်း သိရသည်။ ဝေစာများကို လမ်းများတွင် ကပ်ထားခြင်း၊ ဖြန့်ကြဲထားခြင်းဖြင့် ဖြန့်ဝေကြောင်း ၎င်းအရာရှိက ပြောသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး KIA ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ဂွမ်မော်က ဗပိာုကော်မတီမှ အမိန့်ထုတ်ထားခြင်းမရှိ ကြောင်းနှင့် ရှေ့တန်းမှ လုံခြုံရေးအခြေအနေကြောင့် သတိပေး တားမြစ်ခြင်း ဖြစ်နိုင်သည်ဟု ဒီဗီဘီသတင်းဌာနှ ၂၈ ရက်နေ့ ရေဒီယို သတင်းတွင် ပြောဆိုသွားခဲ့သည်။

လူပင်လယ်ကြီးကြားမှာ တွေ့ရတဲ့ ကျွန်တော်တို့ ခေါင်းဆောင်နဲ့ လူထုရဲ့ မြင်ကွင်းပါ...

ယနေ့ ထိုင်းသတင်း ဋ္ဌာနတွေက တအံ့တသြ ထုတ်လွှင့်သွားတဲ့ မဟာချိုင်ရောက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မဟာချိုင်မှ ရွှေ့ပြောင်းအလုပ်သမား ပြည်သူများရဲ့ မြင်ကွင်းပါ...။

လူပင်လယ်ကြီးကြားမှာ တွေ့ရတဲ့ ကျွန်တော်တို့ ခေါင်းဆောင်နဲ့ လူထုရဲ့ မြင်ကွင်းပါ...။ တဝကြီးကြည့်ကြပါ.. (ထိုင်းလိုတလုံးမှ နားမလည်ပေမယ့် ကြည့်ရင်း ပီတိမျက်ရည်ဝဲရပါတယ်..)

ထိုင်းလုံခြုံရေးရဲ ၄၀၀ကျော် ချထားခဲ့ပါတယ်...။ မြန်မာပြည်သူတွေကတော့ မြင်ရတဲ့ အတိုင်းကြိကြိတ်တိုး ဝက်ဝက်ကွဲပေါ့...။ ပြည်ပရုပ်သံ သတင်းတွေမှာ အဆိုပါသတင်းဟာ ယနေ့ အထူးထုတ်လွှင့်ရတဲ့ သတင်းတစ်ခု ဖြစ်ပေမယ့် မြန်မာပြည်မှ ပြည်တွင်း သတင်းတွေမှာတော့ ဗလာနတ္ထိပါ..။ ထိုင်းသတင်းရုပ်သံတွေက တအံ့တသြ ထုတ်လွှင့်နေရတဲ့ ယနေ့ မဟာချိုင်မှ လူထုခေါင်းဆောင်နဲ့ ရွှေမြန်မာများ (ရုပ်သံ)


ဒါကတော့ ရိုက်တာ သတင်းရုပ်သံပါ..
Copy from - demowaiyan.

ထိုင်းနိုင်ငံ မဟာချိုင်မြို့ တွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သောမိန့်ခွန်း

video by - DVB TV News

အလုပ်သမား အခွင့် အရေး ဆောင်ရွက်မည် ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

May 30, 2012
 
ယနေ့ နံနက်က မဟာချိုင်ဒေသ စမွတ်စခွန်တွင် ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည် မြန်မာအလုပ်သမားများကို နှုတ်ဆက်နေ စဉ်(ဓာတ်ပုံ - Reuters)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရောက်ရှိနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မြန်မာ အလုပ်သမားများကို ဥပဒေအရ ကာကွယ် စောင့်ရှောက် ပေးနိုင်ရန် ကြိုးစား ဆောင်ရွက် ပေးသွားမည်ဟု ယနေ့ နံနက်ပိုင်းတွင် ပြော ဆိုလိုက်သည်။

မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ လုပ်ငန်းခွင်များရှိရာ ဘန်ကောက်မြို့အနီး မဟာချိုင်မြို့နယ်ကို သွားရောက် လေ့လာရာတွင် ကြိုဆိုနေသော အလုပ်သမား ၂၀၀၀ ကျော်ကို ပြောကြားသည့် မိန့်ခွန်း၌ ယင်းသို့ ထည့်သွင်း ပြောဆိုသွားခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က“ကျမတို့အနေနဲ့ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေ၊ ကာကွယ်စောင့်ရှောက်ဖို့ ဘယ်လို လုပ် ရမလဲဆိုတာ လေ့လာပြီးတော့ ဖြစ်မြောက်အောင်လို့ ကြိုးစားပါ့မယ်”ဟု ရွှေ့ပြောင်း မြန်မာအလုပ်သမားများကို ပြောသည်။

“ကျမတို့ရဲ့ ရွှေ့ပြောင်း အလုပ်သမားတွေတင် မကဘူး။ အလုပ်သမားအားလုံးရဲ့ အခွင့်အရေးတွေကို တတ်နိုင်သမျှ ဥပဒေဘောင် အတွင်းက နေပြီးတော့ ကာကွယ်စောင့်ရှောက်မယ်။ ဒီလို ကာကွယ်စောင့်ရှောက်တဲ့နေရာမှာ စနစ်တကျနဲ့ အေးအေးချမ်းချမ်းပဲ လုပ်စေချင်တယ်”ဟုလည်း ၎င်းက ထပ်မံပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ပခရီးစဉ် အဖြစ် ၂၄ နှစ်အတွင်း ထိုင်းနိုင်ငံသို့ ပထမဆုံး ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများကို ပထမဆုံး ပြောဆိုသော မိန့်ခွန်းလည်း ဖြစ်သည်။

Wednesday, May 30, 2012

မေ(၃၀)ဒီပဲယင်း နိုင်ငံတော် လုပ်ကြံမှုကြီး (၉)နှစ်ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနား(တိုကျို)။

ဂျပန်နိုင်ငံ တိုကျို မြန်မာသံရုံးရှေ့တွင် ကျင်းပပြုလုပ်သည့် မေ(၃၀)ဒီပဲယင်း နိုင်ငံတော် လုပ်ကြံမှုကြီး (၉)နှစ်ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနား သတင်းမှတ်တမ်းဓါတ်ပုံ ။
Lian Khan Sum

ဘန်ကောက်လေဆိပ်သို့ ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည် ရုပ်သံသတင်း

video by - DVBBurmese

တရုတ်စီးပွားရေးသမား သံမဏီ စက်ရုံ အလုပ်သမားတွေ အားဖိနှိပ်ရက်မှု

အလုပ်သမား အခွင့်အရေး အချိန် (၈) နာရီစာလုပ် ၁၃၅ ကျပ်ပဲ ရပါတဲ့ လုံးဝမခံမရနိုင်ဖြစ် တိုက်ပွဲဝင်နေခြင်း ဖြစ်ပါသည် ။ တနိုင်ငံလုံး အလုပ်သမားတွေ ကိုယ်စားပြု တိုက်ပွဲ ၀င်နေခြင်းဖြစ်ပါသည်။ တတ်နိုင်တဲ့ဖက်မှ
ဝိုင်းဝန်းကူညီ အားပေးကျပါ၊

သံမဏီ စက်ရုံပိုင်းရှင် ကွန်မြုနစ် တရုတ်စီးပွားရေးသမား တယောက်ဖြစ်ပြီး အလုပ်သမားများ ကို လူမဆန်းစွာ ပြုလုပ် နေပါတယ် ။

အလုပ်သမား ခေါင်းဆောင်းတဦး ဖြစ်တဲ့ ကိုနော်အောင် (ကချင်းလူမျိုး)ပါ ရိုးသား ဖြုစင်ပါတယ် ။ကျန်အလုပ်သမားတွေနဲ့  အတူ ပါဝင် အလုပ်သမား အရေးတော်ပုံ ကြီး ဆင်နွဲ နေပါတယ် ။

မိမိ တတ်နိုင်သမျှ နိုင်ငံသားတို့ အား မတရား မိနှိပ်တဲ့ တရုတ်ပိုင်ဆိုင်သော သံမဏိစက်ရုံ ။ ပြတ်သားစွာ ၀ိုင်းဝန်ဆန့် ကျင်ကျပါစို့ ။ သတင်း မျှဝေးပေးကျပါ ။

အဖိနှိပ်ခံ အလုပ်သမား လုပ်သားပြည်သူအတူရှိနေမယ်
အေသင် ၈၈မျိုးဆက်  facebook မှကူးယူခဲ့ပါသည်။

အစာငတ်ခံ ဆန္ဒပြရင်း လဲကျသူ ၁၀ ဦးအထိရှိလာ

အစာငတ်ခံ ဆန္ဒပြစဉ် လဲကျသူ တဦး(ဓာတ်ပုံ - မျိုးမင်းသွင် ဖေ့စ် ဘုတ် မှ)

ရန်ကုန်တိုင်း မှော်ဘီမြို့နယ် မြောင်းတကာ စက်မှုဇုန်ရှိ Yangon Crown သံမဏိ စက်ရုံတွင် အစာငတ်ခံ ဆန္ဒပြနေကြသော အလုပ်သမား ၄၁ ဦးအနက်မှ အားပြတ်လဲကျခဲ့သူ ၁၀ ဦးအထိရှိသွားပြီဖြစ်ကြောင်း အလုပ်သမားကူညီရေးအဖွဲ့များက ပြောသည်။ အခြေခံလစာ တိုးမြှင့်ပေးရေးနှင့် အလုပ်သမားအခွင့်အရေးများ ပေးရေးတို့ကို ယခုလ ၂၅ ရက်နေ့က စ၍ အစာငတ်ခံတောင်းဆို ခဲ့ကြရာ တတိယမြောက်နေ့တွင် ကိုဇော်မင်းလတ်ဆိုသူမှာ လဲကျခဲ့ပြီး မှော်ဘီဆေးရုံကြီးသို့ ဆေးကုသရန်တင်ပို့ခဲ့ရသည်။ ယမန် နေ့ ညနေပိုင်းအထိ ယင်းသို့ ဖြစ်ပွားသူ စုစုပေါင်း ၁၀ ဦး ရှိပြီး ဆေးကုသမှု ခံယူနေကြောင်း သိရသည်။
Yangon Crown သံမဏိ စက်ရုံမှ အလုပ်သမားများ အစာငတ်ခံ ဆန္ဒပြ နေသည်ကို ယမန်နေ့က တွေ့ရစဉ်(ဓာတ်ပုံ - မျိုးမင်းသွင် ဖေ့စ် ဘုတ် မှ)

“မနေ့ကအထိတော့ သွေးဝမ်းကိုက်တဲ့ တယောက်ကို မှော်ဘီဆေးရုံကြီးမှာ တင်ထားပါတယ်။ ကျန်တဲ့ကိုးယောက်ကိုတော့ ဆန္ဒပြ နေတဲ့ တဲနားမှာ အနားယူ ကုသပေးထားပါတယ်။ သူတို့က အနားမယူဘဲ ဆန္ဒပြတဲ့ နေရာကိုပဲ တွဲတွဲပြီး ပို့ခိုင်းနေတာပဲ၊ အဲဒီလိုပဲ သွားပြလိုက် လဲသွားလိုက်နဲ့”ဟု အလုပ်သမားများ ဆန္ဒပြမှုကို ကူညီဆောင်ရွက်ပေးနေသူ ကိုမျိုးမင်းသွင်က ဧရာဝတီသို့ ပြော သည်။

Yangon Crown သံမဏိ စက်ရုံတွင် အစာငတ်ခံဆန္ဒပြ အဖွဲ့အပြင် လူ ၁၅၀ ပါဝင်သော ထိုင်သပိတ်ဆင်နွှဲနေသည့် အဖွဲ့ တဖွဲ့လည်း ရှိနေပြီး နှစ်ဖွဲ့လုံးက အခြေခံလစာတိုးပေးရန်နှင့် လုပ်သက်ခွင့်၊ ရှောင်တခင်ခွင့်၊ ဆေးခွင့်နှင့် လုပ်ငန်းခွင် အကာအကွယ် ပစ္စည်းများ လုံလောက်စွာ ထားရှိပေးရန်တို့ကို တညီတညွှတ်တည်း တောင်းဆိုနေကြခြင်းဖြစ်သည်။

မှော်ဘီဆေးရုံကြီးသို့ တင်ပို့ကုသနေရသော ကိုဇော်မင်းလတ်မှာ သွေးဝမ်းများပါသွားနေပြီး စိုးရိမ်နေရကြောင်း၊ နောက်ထပ် အားပြတ် လဲကျခဲ့သူ ကိုတင်ဦး၊ ကိုတင်မိုးဝင်း၊ ကိုသန်းလှစိုး၊ ကိုရဲကိုဦးနှင့် အခြား ၅ ဦးမှာ အစာအိမ်အောင့်ခြင်း ဖျားနာခြင်းနှင့် ကြွက် တက် ဝေဒနာများခံစားနေရပြီး စောင့်လျှောက်ပေးနေလျက်ရှိကြောင်း ဆန္ဒပြသူများကို ကူညီပေးနေသော ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင်များကလည်း ပြောဆိုသည်။

ဒေါ်အောင်ဆန်းဆုကြည် ၂၄ နှစ်တွင်း ပထမဆုံး နိုင်ငံတကာ ခရီးစဉ် စတင်

Photo by - Reuters

ရန်ကုန်၊ မေ ၂၉
ဒေါ်အောင်ဆန်းစုကြည်သည် TG-306 လေယာဉ်ဖြင့် Business Class တွင် လိုက်ပါကြောင်း သိရှိရသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း ၊ ကိုယ်ရေးအရာရှိ ဒေါက်တာ ဒေါ်ငယ်ငယ် ၊ ကိုစိုးဝင်း (လုံခြုံရေးအရာရှိ) တို့ လိုက်ပါသွားကြောင်း .....

ဦးခွန်သာမြင့် မှာ ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ ကြိုတင်ရောက်ရှိကာ ဒေါ်အောင်ဆန်းစုကြည် နှင့်အဖွဲ့ ကို လာရောက် ကြိုဆိုမည် ဖြစ်ကြောင်း ....
သတင်းရင်းမြစ် - အဂ္ဂမဟာ ဒီမိုဖက်တီး
ဒေါ်အောင်ဆန်းစုကြည် နှင့်အဖွဲ့သည် အခြား WEF ဧည့်သည်တော်များ တည်းခိုရာ BKK Shangrila Hotel မှာ
တည်းခိုမှာ ဖြစ်ပါတယ


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၂၄ နှစ်အတွင်း ပထမဆုံး နိုင်ငံတကာ ခရီးစဉ်အဖြစ် ယနေ့ညနေ ၇ နာရီ ၄၅ မိနစ် အချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် TG-306 လေယာဉ်ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ထွက်ခွာရန် ရှိပြီး ၎င်းနှင့်အတူ NLD ပါတီဝင် အချို့လိုက်ပါရန် ရှိကြောင်း ရန်ကုန်မြို့ လေယာဉ် လက်မှတ် အရောင်း ကိုယ်စားလှယ်များထံမှ
စုံစမ်းသိရှိ ရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD တာဝန်ရှိသူများသည် ယနေ့ည ကိုးနာရီ မိနစ် ၄၀ အချိန်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ရှိ သုဝဏ္ဏဘူမိ လေဆိပ်သို့ ရောက်ရှိမည် ဖြစ်ကြောင်းနှင့် လေဆိပ်တွင် သတင်းစာ ရှင်းလင်းပွဲနှင့် မိန့်ခွန်းပြောရန် အစီအစဉ် တစုံတရာ မရှိဟု သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မေလ ၃၀ ရက် ဘန်ကောက်မြို့၌ စတင် ကျင်းပမည့် ကမ္ဘာ့စီးပွားရေး ဖိုရမ်သို့ တက်ရောက် မိန့်ခွန်းပြောမည် ဖြစ်ပြီး ထိုင်း - မြန်မာ နယ်စပ်ရှိ မယ်လ ဒုက္ခသည် စခန်းသို့လည်း သွားရောက် လေ့လာရန် ရှိကြောင်း NLD ပါတီဝင် အချို့က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဘန်ကောက်မှ ရန်ကုန်မြို့သို့ ဇွန်လ ၃ ရက်နေ့တွင် ပြန်လည် ရောက်ရှိမည် ဟု ဘန်ကောက်မှ လာသော သတင်းများအရ သိရှိရသည်။
သတင်းရင်းမြစ် - The Voice Weekly

Tuesday, May 29, 2012

ရိုဟင်ဂျာ မြန်မာတိုင်းရင်းသားမဟုတ်ဟု ပြည်ထောင်စုဝန်ကြီးဦးခင်ရီ ပြော

မေလ ၂၈ ရက်နေ့က လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကို ကရင်ရိုးရာဝတ်စုံဖြင့် တွေ့ရစဉ်
မေ ၂၉၊ ၂၀၁၂ - သူရမျိုး (YPI)

ရိုဟင်ဂျာ ဆိုသည်မှာ မြန်မာတိုင်းရင်းသား မဟုတ်ကြောင်း လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဌာန ၊ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက နိုဝင်ဘာလ ၂၈ ရက်နေ့ က ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် ကျင်းပပြုလုပ်သော KNU ရွှေ့ပြောင်းဒုက္ခသည်များအား မှတ်ပုံတင် ထုတ်ပေးသည့် အခမ်းအနားတွင် သတင်းထောက် တစ်ဦး၏ မေးမြန်းချက်အား ပြန်လည် ဖြေကြားလိုက်သည်။

“ ကျွန်တော်တို့ဆီမှာ ရိုဟင်ဂျာဆိုတာ မရှိဘူး ကျွန်တော်တို့ တိုင်းရင်းသား လူမျိုးစုထဲမှာ ရိုဟင်ဂျာ ဆိုတာရှိလည်းမရှိဘူး ။ ကျွန်တော်တို့ တိုင်းရင်းသားလည်း မဟုတ်ဘူး ” ဟု ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောသည်။

ရိုဟင်ဂျာ ဆိုသည်မှာ အင်္ဂလိပ်မြန်မာ ပထမ စစ်ပွဲအပြီး မြန်မာနိုင်ငံ အနောက်ခြမ်းမှ အင်္ဂလိပ်များနှင့်အတူ ၀င်ရောက် လာသော လူမျိုးများ ဖြစ်ပြီး ဂျပန်ခေတ် အင်္ဂလိပ်များ ဆုတ်ခွာ သွားသည့်အခါ လက်နက်ကိုင် တော်လှန်ရေးအတွက် ထားခဲ့သူများဖြစ်ကြောင်း ထိုသူများမှ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာဟု ကြေငြာခြင်း ဖြစ်ကြောင်း ပြန်ထောင်စု ၀န်ကြီးဦးခင်ရီ ကပြောကြားသည်။

အမှတ်(၁) လျှပ်စစ်ဝန်ကြီးဦးဇော်မင်းနှင့် သမ္မတအကြံပေး ဦးကိုကိုလှိုင်တို့ ဖြေရှင်းပါရန်..

ယခုမြင်ကွင်းဟာ ယခုလဆန်းပိုင်းက မှတ်တမ်းတင်ရိုက်ကူးထားတဲ့ ဓာတ်ပုံပါ.

လျှပ်စစ်မီးထိန်ထိန်လင်းနေတဲ့ ပြည်ပနိုင်ငံတခုမှ မြင်ကွင်းမဟုတ်ပါ...။ တရုတ်CNICO ကုမ္ပဏီရဲ့ တကောင်းတောင် နီကယ်စီမံကိန်းမှ စက်ရုံနဲ့ ကွန်ဗေယာလိုင်း မြင်ကွင်းပါ...။ ရွှေလီ(၁) စီမံကိန်းမှ လျှပ်စစ် ဓာတ်အားတွေ ပေးပို့ရာမှာ မြန်မာ၊ တရုတ်ယူနန်နဲ့ တကောင်းတောင် စီမံကိန်း ပါဝင်ပါတယ်..။

ဒီစက်ရုံအတွက် ဓာတ်အားတွေ မည်၍ မည်မျှ အသုံးပြု နေပါလဲ..။ ဒီလိုတောကြီး မျက်မည်းထဲမှာ မီးတွေ ထိန်ထိန်ညီးအောင် ထွန်းညှိထားတာ မည်သည့် အတွက်ကြောင့်ပါလဲ၊ ညဘက် လုပ်ငန်းခွင်လို့ ဖြေမယ် ဆိုရင်တော့ မီးချွေတာတဲ့ အနေနဲ့ နေ့ဘက်မှာ လုပ်ငန်းခွင် ဝင်လို့ မရပေဘူးလား။ ညဘက်မှ လုပ်ငန်းခွင် လုပ်ပါတယ် ဆိုရင်လည်း ရိုးသားမှု ရှိပါရဲ့လား၊ လုံခြုံရေး အကြောင်းပြချက်လို့ ပြောရအောင်လည်း ပစ်မှတ်ကို မီးထွန်းပေးထား လေသလား၊ အဆိုပါ စီမံကိန်းမှာ တရုတ် ဝန်ထမ်းတွေ ၆၀ ကျော်ရှိပါတယ်...။ ဖယောင်းတိုင် ထွန်းပြီး နေထိုင်နေတာ မဟုတ်ပဲ အခန်းတိုင်းမှာ လေအေးစက်နဲ့ လျှပ်စစ် မီး ထိန်ထိန်လင်း လျှက်ပါ..။

ဒီစီမံကိန်းထဲက ရရှိတဲ့ အကျိုးအမြတ်တွေကို ပြည်သူတွေ ရရှိခံစားဖို့ ဘေးဖယ်ထား၊ သိရှိခွင့် ရှိပါလေလား..။ ဖြုန်းနေတာလား သုံးနေတာလားဆိုတာ ခွဲခြားသိနိုင်ဖို့ ဒီမြင်ကွင်း မှတ်တမ်းတွေကို

တရုတ်ရွာတည်ဖို့ ကြိုးစားနေပြီလား??????



စကိုင်းတိုင်း အထက်ပိုင်းမှာ ဒုတိယမောင်းကုန်း (တရုတ်ရွာတည်ဖို့) လုပ်ဖို့
ကြိုးစားနေကြပြန်ပြီ.....

ပြီးခဲ့တဲ့နှစ်က အင်တာနက်တွေထဲမှာ ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာမှာ ပြည်ပက တယုတ်တွေ ကြီးစိုး လာမှုအကြောင်းလေး ဖတ်မိ လိုက်ပါတယ်၊ ဒီဆောင်းပါးလေး ဖတ်ရတဲ့(အမျိုးချစ်တဲ့သူတိုင်း)တက် တခေါက်ခေါက်နဲ့ ခံပြင်းကြတယ်၊ မကျေမနပ် ဖြစ်ကြရပါတယ်။

အဲဒီ တရုတ်တွေ ဘယ်လို ရောက်လာတာပါလဲ၊ ကျွန်တော်တို့သိချင်တယ်၊ ဒါပေမယ့် ဘဲဥ အစရှာမရသလို ပါပဲ၊ ဘယ်လိုလုပ်ပြီး အုံနဲ့ကျင်းနဲ့ရောက်လာတာလဲ မသိ၊ ဒါနဲ့ ဒေသခံတွေကို စုံစမ်းကြည့်တော့ တရုတ်တွေ မရောက်လာခင်မှာ မန္တလေးက လုပ်ငန်းရှင်ကြီးတစ်ဦး ထီးချိုင့်မြို့နယ် မောင်းကုန်းရွာမှာ သကြားစက်စတည်တယ်၊ အဲဒီလုပ်ငန်းရှင်က စစ်ကိုင်းတိုင်း ဒေသကြီးတိုင်းမှူး (ယခု စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်) ကို သူကအတော် ပိုင်ပါတယ်။

ပိုင်အောင်ကလည်း ရက်ရက်စက်စက် ပေးကမ်းထားတာကိုဗျ၊ သူ့ရဲ့ကုမ္မဏီမှာလည်း စစ်ကိုင်းတိုင်း ဒေသကြီးဝန်ကြီးချုပ် ရဲ့သားကို ငွေထည့်စရာ မလိုပဲ ရှယ်ယာ ၀င် လုပ်ပေး ထားလိုက်တယ်၊ နောက် စစ်ကိုင်းတိုင်း ဒေသကြီး ၀န်ကြီးချုပ် သမီးကိုလည်း မန္တလေး ရတနာပုံဈေး အနားမှာရှိတဲ့ ၃ထပ် တိုက်တစ်လုံး အလကား ပေးထားလိုက်သေးတယ်။

တိုက်နံပါတ်(C3)ပါ၊ ကပ်လျှက်(C2)ကတော့ အဲဒီအချိန် မန္တလေးမြို့တော်ဝန်လုပ်နေတဲ့ ဗိုလ်မှူးချုပ် ရန်သိမ်းကို ပေးထားတာပါ၊ သူ အလကားပေးတဲ့ တိုက်တစ်လုံးရဲ့ တန်ဘိုးဟာ သိန်း ၃,၀၀၀ လောက် တန်ပါတယ်။

ကချင်ပြည်နယ်အတွင်း ဦးသိန်းစိန်အစိုးရမှ ထိုးစစ်ဆင်မှုအား ရှုတ်ချကန့်ကွက်ပွဲနှင့် UNFC ၏ ထုတ်ပြန် ကြေညာချက်အား ထောက်ခံသည့် AUN-Japan နှင့် KNO-Japan ၏ သဘောထား ကြေညာချက်။

Support UnfcStatement

Monday, May 28, 2012

အစိုးရသတင်းစာ စွတ်စွဲချက်အား ကေအိုင်အေ ဒုစစ်ဦးစီးချုပ် ဗိုလ် ချုပ်ဂွမ်မော်ဆက်သွယ်မေးမြန်းချ​က် ...

ကေအိုင်အေ ဒုစစ်ဦးစီးချုပ် ဗိုလ် ချုပ်ဂွမ်မော် ဆက်သွယ်မေးမြန်းချ​က် အရပ်ဖက် ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ အောက်ခြေတပ်တွေကို ညွန်ကြားထားတာ မရှိဘူးလို... Copy from - dvbradio

ကချင်ပြည်နယ်အတွင်း ဦးသိန်းစိန်အစိုးရမှ ထိုးစစ်ဆင်မှုအား ရှုတ်ချကန့်ကွက်ပွဲနှင့် UNFC ၏ ထုတ်ပြန် ကြေညာချက်အား ထောက်ခံသည့် အခမ်းအနား


၂၀၁၂ ခုနှစ် မေလ (၂၈)ရက်။

ကချင်ပြည်နယ်အတွင်း ဦးသိန်းစိန်အစိုးရ စစ်တပ်မှ ထိုးစစ်ဆင်မှုအား ရှုတ်ချကန့်ကွက်သည့်  ဆန္ဒပြ အခမ်းအနားနှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC မှ ၂၀၁၂ ခုနှစ် မေလ (၁၀)ရက် နေ့စွဲပါ ထိုးစစ်ဆင်နေမှုကို ရပ်စဲခြင်းမပြပါက မိမိတို့ UNFC အဖွဲ့ဝင်များအနေနှင့်လည်း ပဏာမ သဘောတူညီထားသော အပြစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ပြန်လည် သုံးသပ်မည့် ကြေညာချက်အား ထောက်ခံသည့် အခမ်းအနားကို ဂျပန်ရောက် တိုင်းရင်းသား အင်အားစုများတို့မှ စုပေါင်း၍ ယနေ့ ညနေ ၃း၀၀ နာရီမှ ၄း၀၀ နာရီအထိ တိုကျို မြန်မာသံရုံးရှေ့တွင် ကျင်းပခဲ့ကြပသည်။

တိုင်းရင်းသား အချင်းချင်းအပေါ် မျိုးဖြုတ်သတ်ဖြတ် စစ်ဆင်နေမှုအား  ပြင်းထန်စွာ ကန့်ကွက်ကြောင်း၊ အပြစ်မဲ့ ကချင်လူထုအပေါ် စစ်ရာဇ၀တ်မှု ကျူးလွန်မှု ၊ ကချင်အမျိုသမီးများအား အဓမ္မပြုကျင့်မှုနှင် လူအခွင့်အရေး ချိုးဖေါက်မှုတွေ ချက်ခြင်း ရပ်တန့်ဖို့ တောင်းဆိုခဲ့ကြကြောင်း သိရှိရပါသည်။

ဆက်လက်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် တန်းတူရေး ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး အတွက် တိုက်ပွဲဝင် ကချင်တိုင်းရင်းသားများအား ၀ိုင်းရံ ထောက်ခံ အားပေးရန်ကြဖို့ ပြောဆိုသွားခဲ့ကြပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum

Sunday, May 27, 2012

မြန်မာ့ကျောက်စိမ်း

"ကျောက်စိမ်းလုပ်ကွက်တွင် တနည်းနည်းဖြင့် ဆက်စပ်နေသော စစ်ဗိုလ်ချုပ်များ၊ ၎င်း၏ မိသားစုဝင် များ၊ ကုမ္ပဏီများသည် သတ္တုတွင်းဝန်ကြီးဌာနသို့ ပေးသွင်းရန် အခွန်ငွေများ၊ လုပ်ကွက်ကြေးများကို ပေးဆောင်ရန် ပျက်ကွက်လျက်ရှိ"


စစ်တပ်၏ ဦးပိုင်ကုမ္ပဏီက ကျောက်စိမ်းလုပ်ကွက်အားလုံးကို လက်ဝါးကြီးအုပ် ချယ်လှယ်ခဲ့သည်။ တနိုင်တပိုင်လုပ်ငန်းရှင်များသည် ဦးပိုင်ကုမ္ပဏီ မှ တဆင့် လုပ်ကွက်ဝယ်ယူနေကြရသည်။ ၁၉၉၅ ခုနှစ်ခန့်မှ စတင်၍ တပ်မတော်အစိုးရသည် အကျိုးတူကျောက်စိမ်းလုပ်ကွက်များကို သတ်မှတ်ပေးကာ စစ်ဗိုလ်ချုပ်များ၊ ၎င်း၏မိသားစုဝင်များနှင့် တရုတ်ကုမ္ပဏီများပူးပေါင်းကာ ကျောက်စိမ်းကို အထိန်း အကွပ်မရှိ ပရမ်းပတာတူးဖေါ်ခဲ့ကြသည်။

စက်ယန္တရားကြီးများဖြင့် နေ့၊ ည မရပ်မနားတူးဖေါ်မှုကြောင့် အချိန်တိုကာလအတွင်း ဖါးကန့်ဒေသ သည် မူလနယ်မြေအနေအထားများ လုံးဝပျက်စီးနေရသည်။ မြေဇာကို စနစ်တကျသွန်ချမှု မရှိသော ကြောင့် နှစ်စဉ်

Saturday, May 26, 2012

လှိုင်သာယာစက်မှုဇုန်အတွင်းဆန္ဒထုတ်ဖော်နေသည့်အလုပ်သမားများ

မေလ ၉ ရက် နေ့မှစတင်၍ အလုပ်သမားများဘက်မှ တောင်းဆိုမှုများ ပြုလုပ်ခဲ့ပြီး လက်ရှိအချိန်တွင်လည်း လှိုင်သာယာ စက်မှုဇုန်အတွင်းရှိ Hi Mo ဆံပင်တုစက်ရုံ၊ ပုလဲ၊ စပယ်ပွင့်၊ နေမင်းအောင်၊ YJ အထည်ချုပ် စက်ရုံများနှင့် တိုးမြတ်အောင် ဇာထိုးပန်းထိုးစက်ရုံ၊ Ocean shoes ဖိနပ်စက်ရုံများမှ အလုပ်သမားများလုပ်ငန်းခွင် ပြင်ပမှ တောင်းဆိုလျက်ရှိနေကြောင်းနှင့် အဆိုပါစက်ရုံများမှ တောင်းဆိုနေသည့် စုစုပေါင်း အလုပ်သမားအရေအတွက်မှာ ဦးရေ ၆၀၀၀ ၀န်းကျင်ခန့်ရှိကြောင်း သိရှိရသည်။

မေလ(၂၂)ရက်နေ့တွင် စတင်တောင်းဆိုခဲ့သော တိုးမြတ်အောင် ဇာထိုး ပန်းထိုးစက်ရုံ၌ မေလ(၂၃)ရက် နေ့၊ မနက်(၆)နာရီ ၀န်းကျင်တွင် အ လုပ်သမများအား စက်ရုံတာဝန်ရှိသူ တစ်ဦးမှ ကိုယ်ထိလက်ရောက်ကျူး လွန်ခဲ့မှုကြောင့် ကျူးလွန်ခံရသူ အ လုပ်သမ(၃)ဦးမှ လှိုင်သာယာရဲစ ခန်းတွင် အမှုဖွင့်တိုင်ကြားထားကြောင်း သတင်းရရှိသည်။
မေလ ၉ ရက် နေ့မှစတင်၍

ဘယ်သူမှတော့ နေပူထဲမှာ အငတ်မခံချင်ဘူး


အစာငတ်ခံဆန္ဒပြနေသူ ၂၅ ဦးကို စက်ရုံရှေ့တွင် ယခုလိုတွေ့မြင်ရသည်။၆ ရက်တာကြာမြင့် လာသည့် မြောင်းတကာ စက်မှုဇုန် ရန်ကုန်ကရောင်း သံမဏိစက်ရုံမှဆန္ဒပြ လုပ်သားများ ထဲမှ ၂၅ဦးသည် ယနေ့နံနက်ပိုင်းတွင် အစာငတ်ခံဆန္ဒပြမှုကို စတင်လိုက်ကြသည်။

Friday, May 25, 2012

ပြည်သူကို စော်ကားခဲ့တဲ့ သမတအကြံပေးအဖွဲ့ ထဲက နိုင်ငံရေးအကြံပေးခေါင်းဆောင် ကိုကိုလှိုင်

 
ပြည်သူကို စော်ကားခဲ့တဲ့ သမတအကြံပေးအဖွဲ့ ထဲက နိုင်ငံရေးအကြံပေးခေါင်းဆောင် ကိုကိုလှိုင်။ သမတရဲ့  နိုင်ငံရေးအကြံပေးအဖွဲ့  ခေါင်းဆောင် ကိုကိုလှိုင်အကြောင်း စပြီးပြောပြဖို့  ဖေါ်ပြဖို့  လိုပါပြီ။

ဒီ နိုင်ငံရေးအကြံပေးအဖွဲ့  ခေါင်းဆောင် ကိုကိုလှိုင်ကို မြန်မာ့ရုပ်မြင်သံကြား MRTV 4 ကြည့်ဖူးသူတွေကတော့ မြင်တွေ့ မှာပါ။ နိုင်ငံတကာရေးရာတွေကို မစားရ၀ခမန်း လျှာအရိုးမရှိတဲ့အတိုင်း ပြောနေသူတစ်ဦးဆိုတာကို။ တကယ်တော့ ကိုကိုလှိုင်ဟာ ဒီ နအဖလက်ပါးစေ အကြီးစားတစ်ဦးပါ။

 စာရေးဆရာလိုလို နိုင်ငံတကာရေးရာသုတေသီလိုလိုနဲ့  နအဖပြန်ကြားရေးဝန်ကြီး ကျော်ဆန်းရဲ့  သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်းမှာ အကြံပေးအရာရှိအဖြစ် လုပ်နေခဲ့သူပါ။ ၁၉၇၆ ခုနှစ်က ပြင်ဦးလွင် DSA စစ်တက္ကသိုလ်ဆင်းဖြစ်ပြီး ကကကြည်းမှာ တာဝန်ယူခဲ့ကာ ၂၀၀၄ ခုနှစ်အထိ စစ်ဦးစီး (ပထမတန်း) သုတေသနအဆင့်နဲ့  နအဖသန်းရွှေတို့ အတွက် အကြီးစားလက်ပါးစေဖြစ်ခဲ့သူပါ။ဒီ​လို နအဖပြန်ကြားရေးဝန်ကြီး ကျော်ဆန်းလက်အောက်မှာ သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်း အကြံပေးအရာရှိ ဖြစ်နေခဲ့ချိန်မှာ နအဖတို့ ရဲ့  ၀ါဒဖြန့် ချီရေးခြေလှမ်းတစ်ခုဖြစ်တဲ့ နိုင်ငံရေးသတင်းဂျာနယ်ဆိုပြီး Northern Star Journal ကို စတင်ထုတ်ခဲ့တဲ့သူတွေထဲက တစ်ဦးပါ။ ကိုကိုလှိုင်တို့ ဟာ ဒီ Northern Star ဂျာနယ်ကနေ ကလောင်အမည်ခွဲတွေအမျိုးမျိုးနဲ့  သူရဲဘောကြောင်စွာ ဆောင်းပါးတွေကို အမည်ရင်းတွေ မဖေါ်ရဲဘဲ ရေးသားခဲ့ကြပါတယ်။

ကိုကိုလှိုင်ဟာ ဖော်လံဖားလုပ်ပြီး နအဖ သန်းရွှေရဲ့  အတုအယောင် အမျိုးသားညီလာခံ အောင်မြင်ရေးအတွ​က် ကလောင် နာမည်အမျိုးမျိုးနဲ့  ဆောင်းပါးတွေ ရေးခဲ့တယ်။ အာဏာရှင် သန်းရွှေ အလိုကျ ဆောင်းပါးတွေရေးသားဖေါ်ပြခဲ့တယ်။ သိန်းစိန် အခု သမတဖြစ်လာတဲ့ နောက်ခံပါတီ ကြံ့ဖွတ်က

ပြည်သူတွေကိုတော့ လျှပ်စစ်ခြွေတာသုံးဖို့ ညွှန်ကြားနေတဲ့ သမ္မတရဲ့ အကြံပေးဆိုသူ ဦးကိုကိုလှိုင် စကားကို စဉ်းစားချင့်ချိန်ပြောဆိုပါ..

တောကြီးမျက်မည်းထဲက လျှပ်စစ်မီးကို ဖြန်းနေတဲ့ နီကယ်စီမံကိန်း

သမ္မတရဲ့ အကြံပေးဆိုသူ ဦးကိုကိုလှိုင် ဒီပုံကို ကြည့်ပြီးမှ.. စကားကို စဉ်းစားချင့်ချိန်ပြောဆိုပါ..။ (ဒုတိယ ဦးဇော်မင်း ဖြစ်ချင်တယ် ဆိုရင်တော့ မဆင်မခြင် ဆက်ပြောပါ)

ဒီမိုဝေယံ ဘလော့ဂ်မှာ မကြာမှီ ဖော်ပြပေးပါမယ်..။ လောလောဆယ် ဖေ့စ်ဘွတ် ပရိသတ်နဲ့ အများသိအောင် တင်ပေး လိုက်ပါတယ်..။ တရုတ်နဲ့ ဖက်စပ် တကောင်းတောင် နီကယ်စီမံကိန်းရဲ့ တောကြီးမျက်မည်းထဲက ညဘက်မြင်ကွင်းပါ။ နေ့ဘက် မြင်ကွင်းတွေ ကိုတော့ ယခင်တင်ထားတာ ပြန်ယှဉ်ကြည့်နိုင် ပါတယ်..။ http://www.demowaiyan.org/2012/03/blog-post_3829.html
See more

ဒီဓာတ်ပုံကတော့ ယခုရက်ပိုင်းအတွင်း မြင်တွေ့ရတဲ့ တရုတ်နဲ့ ဖက်စပ်တူးဖော် ထုတ်လုပ်နေ...တဲ့ ဒေါ်လာ သန်း ၈၀၀တန် နီကယ် သတ္တုထုတ်လုပ်ရေး စီမံကိန်းရဲ့ ညဘက်မြင်ကွင်းပါ..။

ပြည်သူတွေကိုတော့ လျှပ်စစ်ခြွေတာသုံးဖို့ ညွှန်ကြားနေတယ်။ သပိတ်ကျင်းခရိုင် တောကြီး မျက်မည်းထဲက စီမံကိန်း ကွန်ဗေယာလိုင်း ကိုတော့ ထိန်ညီးနေအောင် လျှပ်စစ်မီးတွေ ထွန်းထားတယ်...။

သမ္မတရဲ့ အကြံပေးဆိုသူ ဦးကိုကိုလှိုင်ခင်ဗျား ..... ဒီမိုဝေယံမှ မတ်လက တင်ပြထားတဲ့ အဆိုပါ စီမံကိန်းကို www.demowaiyan.org/2012/03/blog-post_3829.html မှာ ပြန်ဖတ်နိုင်ပါ။

သတင်းရင်းမြစ် - ဒီမိုဝေယံ 

အင်အားသုံး ဖြေရှင်းမှု ဆန္ဒထုတ်ဖော်သူများ မကျေနပ်

ပြည်မြို့တွင် ၂၄ နာရီ လျှပ်စစ်မီးရရေး ဆန္ဒထုတ်ဖော်သူများနှင့် လုံခြုံရေးများကို ယနေ့ ဤသို့တွေ့ရသည်
photo by: Flygon Thapyay
ရန်ကုန်အပါအဝင် မြန်မာနိုင်ငံ မြို့ကြီးတချို့တွင် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုများကို လုံခြုံရေးများက တားဆီးခြင်း၊ အင်းအားသုံးရိုက်နှက် ဖမ်းဆီးခြင်းများ ရှိနေသောကြောင့် မကျေနပ်မှုများ ကျယ်ပြန့်လာကာ နိုင်ငံရေးအရ ပြဿနာ ကြီးထွားလာမည်ကို ဆန္ဒထုတ်ဖော်သူ ပြည်သူများက စိုးရိမ်နေကြသည်။

ယနေ့နံနက်ပိုင်းက ပဲခူးတိုင်း အနောက်ခြမ်း ပြည်မြို့တွင် လျှပ်စစ်မီး ၂၄ နာရီ ရရှိရေးအတွက် လမ်းမတော် လမ်းမတလျှောက် လမ်းလျှောက် ဆန္ဒထုတ်ဖော်သူများကို ၀တ်စုံပြည့် ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက်၍ လူ ၆ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားရာ ဒေသခံများ မကျေမနပ်ဖြစ်နေပြီး ဖမ်းဆီးခံလိုက်ရသောသူများ ပြန်လွှတ်ပေးရေးအတွက် ပြည်အကျဉ်းထောင်ရှေ့တွင် လူအင်အား ၃၀၀၀ ကျော်ခန့် စုဝေးနေကြောင်း သိရသည်။

“ရဲတွေက ရှေ့ကနေ ဒိုင်းတွေနဲ့ ၀င်ပြီး တားတယ်။ အဲဒီ အချိန်မှာ ဘေးက လူငယ်လေး တယောက်က ဒါဟာ ကျနော်တို့ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၂၁ အပိုဒ် ခွဲ (ဃ) အရ လုပ်တာ၊ ခင်ဗျားတို့ တားဆီးပိုင်ခွင့် မရှိဘူးဆိုပြီး ပြောနေတုန်းပဲ ချက်ချင်း ဖမ်းကွာဆိုပြီး ရိုက်ပြီးဖမ်းကြတယ်” ဟု ပြည်မြို့ခံ ကိုရဲထင်က ဧရာဝတီကို ပြောသည်။

ပြည်မြို့ ဒေသခံများက “၂၄ နာရီ လျှပ်စစ်မီး ရရှိရေး ဒို့အရေး” ဟူ၍ ကြွေးကြော်ကြကြောင်း၊ စတင် ဆန္ဒ ထုတ်ဖော်စဉ်က လူ ၃၀၀ ခန့် ရှိပြီး ရိုက်နှက်ဖမ်းဆီး ခံရသူများထဲတွင် ပြည်မြို့၌ လူ့အခွင့်အရေး ပညာပေးရေး လုပ်ဆောင်နေသော ကိုကျော်ဆွေနှင့် ရှေ့နေ ဦးမြင့်အေးတို့ ပါဝင်ကြောင်း သိရသည်။

“ဒီမိုကရေစီ အသွင်ကူးပြောင်းခါစမှာ ဒီလို ပြည်သူကို အကြမ်းဖက်တယ်ဆိုတာမျိုးက လက်ရှိ အပြောင်းအလဲ တခုလုံးကို အယုံအကြည်မရှိ ဖြစ်သွားနိုင်တယ်။ အပြောင်းအလဲကို အေးအေးချမ်းချမ်းပဲ သွားချင်ကြတာပါ။ ဒီအတိုင်းဆို အသွင်ကူးပြောင်းနေတဲ့ ကိစ္စ နောက်ပြန်လည်သွားနိုင်တယ်၊ လူထု တိုက်ပွဲတွေလည်း ဖြစ်သွားနိုင်တယ်” ဟု ကိုရဲထင်က ဆိုသည်။

ယခုကဲ့သို့ ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က အင်အားသုံး၍ ရိုက်နှက်ဖမ်းဆီးခြင်းမှာ ယနေ့ ပြည်မြို့ဖြစ်ရပ်သည် ပထမဆုံးဖြစ်ကြောင်း သူက ဆက်ပြောသည်။
ရန်ကုန်လျှပ်စစ်မီးရရှိရေး ဆန္ဒဖော်ထုတ်မှု တတိယနေ့။စာရေးဆရာ ဝေမှူးသွင်ကို တွေ့ရစဉ်။
ဓါတ်ပုံ - အဘ ဥက္ကာကိုကို
ယမန်နေ့ ညကလည်း ရန်ကုန်မြို့ မြို့တော်ခန်းမနှင့် ဆူးလေ စေတီအနီးသို့ ဖယောင်းတိုင်မီးများ ထွန်းညှိကာ ငြိမ်းချမ်းစွာ ဆန္ဒပြရန် လုပ်ဆောင်နေစဉ် ဆန္ဒဖော်ထုတ်သူ တဦးဖြစ်သည့် ကိုဟန်ဝင်းအောင်နှင့် ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က တားဆီးခဲ့ပြီး ရန်ကုန် အနောက်ပိုင်းခရိုင် ရဲမှူးကြီး မျိုးအောင်၏ လက်မှတ်ဖြင့် သတိပေးစာကို ပေးခဲ့ကြောင်း၊ အခြေအနေ တင်းမာမည်ကို စိုးရိမ်၍ အေးချမ်းစွာ ဆန္ဒဖော်ထုတ်ကာ လူစုခွဲခဲ့ကြကြောင်း ရန်ကုန်မြို့ခံ ဆန္ဒဖော်ထုတ်သူ တဦးထံမှ သိရသည်။

ရဲမှူးကြီး လက်မှတ်ဖြင့် သတိပေးစာတွင် ယခင် န၀တ စစ်အစိုးရ အမိန့်အမှတ် ၂/ ၈၈ သည် ယခုအချိန်အထိ အသက်ဝင်နေသဖြင့် လူ ၅ ဦးအထက် စုဝေးလျှင် ဖမ်းဆီးအရေးယူနိုင်ကြောင်း ပါရှိသည်။ ထို့အပြင် ဆန္ဒပြခွင့်ကို အခြေခံ ဥပဒေက ပြဌာန်း ထားသော်လည်း လုပ်ထုံးလုပ်နည်း ရေးဆွဲမှု မပြီးစီးသေး၍ ဆန္ဒပြခွင့် မရှိကြောင်း၊ ဆက်လက် ဆန္ဒပြပါက တည်ဆဲ ဥပဒေအရ ဖမ်းဆီး အရေးယူနိုင်ကြောင်း သတိပေးထားသည်။

ယမန်နေ့ညက ရန်ကုန်တိုင်း တောင်ဒဂုံမြို့သစ်တွင်လည်း ဗိုလ်ကြီးဟောင်း နေမျိုးဇင်နှင့် လူ ၁၀၀ ခန့်တို့ ဖယောင်းတိုင် မီးထွန်း၍ လမ်းလျှောက်ခြင်းကို ရဲမှူးများ၊ ခရိုင်မှူးများက ဟန့်တားခဲ့ကြောင်း၊ သို့သော် အေးချမ်းစွာ ပြောဆို၍ လျှပ်စစ်ရုံးရှေ့သို့ သွားကာ လျှပ်စစ် ၀န်ကြီးစကားအရ လျှပ်စစ်မီး ပိုလျှံနေသည်များကို ယခုပြည်သူများ လျှပ်စစ်မီး မလုံလောက်၍ ပြန်ပေးစေလိုသည်ဟု ပြောဆိုပြီ

ဘေးသင်.နေသော မြန်မာနိုင်ငံ နှင်. ထိပ်တန်း ခြစား မှုတွေ

Burma at Risk and High-Profile Corruption Cases

ဦးသူရရွှေမန်းရဲ့ မကြာသေးခင်က ဖေဖေါ်ဝါရီ ၇ ရက် ၂၀၁၂ လွှတ်တော် မိန်.ခွန်းမှာ အကျင့်ပျက် ချစားမှုတွေ နေရာတိုင်းမှာ ရှိနေတယ်လို့ သွယ်ဝိုက် ပြောဆို ဝန်ခံခဲ့တယ်။ ဒါကို သူ့မိန့်ခွန်း ခေါင်းစဉ်က "သန့်ရှင်းသော၊ ကောင်းမွန်သော အစိုးရဖြစ်ရေး" ဆိုတဲ့ အထူးပြု ပြောဆိုမှုက သက်သေ ပြခဲ့ပါတယ်။ သန့်ရှင်း ကောင်းမွန်တဲ့ အစိုးရ တရပ်ရှိပြီးသားဆို ဒီလိုမိန့်ခွန်းမျိုးက လုံးဝကို မလိုအပ်တာ အမှန်ပါ။ ဘာပဲဖြစ်ဖြစ် နိုင်ငံရဲ့ နာတာရှည် ပြဿနာဖြစ်နေတဲ့ အစိတ်အပိုင်းတွေကို သွယ်ဝိုက်ပြီး ဝန်ခံ လိုက်တာဟာ နားထောင်လို့ ကောင်းတဲ့ မိန့်ခွန်းတခုပါ။ ဒီ့အပြင် နေရာတိုင်းမှာ ဆင်းရဲမွဲတေမှု၊ ချစားမှုတွေ ဖြစ်နေတာကို ဦးရွှေမန်းက တိုက်ရိုက် မပြောသော်လည်း ဝန်ကြီးဌာနတွေ အသီးသီးမှာ စွမ်းဆောင်ရည် နည်းပါးညံ့ဖျင်း နေတာတွေကို ပြောခြင်းဖြင့်၊ ဝန်ထမ်းတွေကို လစာတိုးပေးပေးမယ်လို့ ပြောခြင်းဖြင့်၊ လူ့စွမ်းဆောင်ရည်မြင့် လုပ်ငန်းတွေ ဖွင့်ပေးတော့မယ်လို့ ပြောခြင်းဖြင့် စေတနာ ကောင်းလေးတွေ တစိုးတစ စီပေါ်လာပြီဆိုပြီး အကောင်းမြင်တဲ့သူတွေ အများကြီး ရှိခဲ့ပါတယ်။ စိတ်လှုပ်ရှားလွယ်သူ အချို့က အဲဒီ Speech ကို ဂန္ဓဝင်တွင်မဲ့ မိန်.ခွန်းလို့တောင် ရေးကြပြောကြ၊ ကုန်ဈေးနှုံးတွေ တက်သွားမှာ စိုးရိမ်လို့ ထင်ပါ ရဲ.။
ဘာပဲဖြစ်ဖြစ် သန့်ရှင်း ကောင်းမွန်တဲ့ အစိုးရတရပ် ဖြစ်ပေါ်ရေးနဲ့ နိုင်ငံ ပုံမှန် ပြန်တည်ဆောက်ရေး တွေကို ဦးရွှေမန်း ဒီလိုစိတ်ပါလက်ပါ ပြောကြား လိုက်တာဟာ တကယ်စေတနာမှန် တယ်ဆိုရင် အရေးပါတဲ့ သမိုင်းအချက်တခု ဖြစ်လာပါ လိမ့်မယ်။ ။ဒါပေမဲ့ ဒီအကျင့်ပျက် ခြစားမှုတွေကို ထိန်းသိမ်းဖို့ လက်တွေ့အရ ဆောင်ရွက် ရမယ်ဆိုရင် လွှတ်တော်မှာ ဒီမိန့်ခွန်းကို တရားဝင်ပြောခဲ့တဲ့ ဦးရွှေမန်း အတွက် conflict of interest ကိုယ့်အကျိုးနဲ့ သူ့အကျိုး ဘယ်ဟာ ရွေးရမလဲ ဆိုတဲ့ ပဋိပက္ခ ဖြစ်လာ နိုင်လိမ့်မယ်။
သန့်ရှင်း ကောင်းမွန်တဲ့ အစိုးရတရပ် ဖြစ်ပေါ်ရေးနဲ့ ထူးထူးကဲကဲ Htoo Group ကိုဆက်စပ်ကြည့် ကြရအောင်...အဲဒီထူးထူး ကဲကဲ ထူးထရိတ်ဒင်းရဲ့ လက်တံခြေတံတွေ ဘယ်ကထွက်လာ တယ်ဆိုတာ နဲနဲပါးပါး ပဲသိထားရင် ဒီလက်ဝါးကြီးအုပ် ဂုတ်သွေးစုပ်သူ လူတစုရဲ. စီးပွားရှာနည်းတွေ ကမ္ဘာပျက်မှ ပျောက်ပြယ်မှာလားလို. တွေးမိပြီး နင်းပြားပြည်သူ တွေသာမက တိုးတက်သော အတွေးအခေါ်ရှိသူများပါ မျှော်လင့်ချက်မဲ့၊ စိတ်ငယ်တတ် ကြတာ သဘာဝကျပါတယ်။ Htoo Group ကသူတို့အကြောင်း ကိုတော. နိုင်ငံက တိုးတက်သော လူငယ်တွေရော၊ မတိုးတက်သောသူတွေရော အားလုံးသိကြမှာပါ... ဒါပေမဲ. ကြီးပွားတိုးတက်လိုသော သူအပေါင်း နဲနဲပါးပါး အတုခိုးလို့ ရလိုရငြား ဆိုပြီး ဒီ posting လေးမှာ Htoo Tradingရဲ. တနင်္သာံရီက မြေပိုင်ဆိုင် မှုတွေကို တချက်အတူတူကြည့်ကြ ရအောင်။

မြန်မာ အစိုးရစစ်တပ်မှKIA ဘက်သို့ လက်နက်ကြီးများဖြင့်ပစ်ခတ်နေ


(၂၃.၅.၂၀၁၂)ရက်နေ့ နံနက်(၉)နာရီမှ ည(၉)နာရီ အတွင်း KIA, တပ်မဟာ(၅)ဒေသ၊ တပ်ရင်း(၃)နယ်မြေ နန်ဇော်ရန် အနီး အင်လုံခ ဘက်သို့ ရောက်ရှိလာသော မြန်မာ စစ်တပ်(ခ.မ.ရ-၃၀၁) စစ်ကြောင်းသည် KIA တပ်ရင်း(၃)၏ နန်းဇော်ရန် Post အား လက်နက်ကြီးဖြင့် စတင်ပစ်ခတ်ရာမှ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားကြောင်း သတင်းရရှိ။
(၂၃.၅.၂၀၁၂)ရက်နေ့ ည(၇း၃၀) အချိန်၊ KIA တပ်မဟာ(၅)ဒေသ၊ ဂန်ဒေါင်ယန် မြန်မာ စစ်တပ်မှ အင်ပွန်း ဖဂါ တောင်ဘက်သို့ (၁၀၅မမ)လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း သတင်းရရှိပါသည်။
KIA, တပ်မဟာ(၅)“ဒွမ်ဘမ်ဘွမ်” ဒေသတွင်တိုက်ပွဲဖြစ်
 
ကချင်ပြည် ကေအိုင်အို အစိုးရ တပ်မဟာ (၅) နယ်မြေဖြစ်သော ဒွမ်ဘမ်တောင် သို့ ဗမာအစိုးရ စစ်တပ်မှ မေလ (၂၃) ရက်နေ့တွင် မြင်းအကောင်း (၃၀) ကျော်ဖြင့် စာနပ်ရိက္ခာများ သွားရောက် ပို့ဆောင်သော ဗမာစစ်တပ်ကို ကေအိုင်အေ မျိုးချစ်ရဲဘော်များမှ မနက် (၈း၀၀) နာရီတွင် တစ်ကြိမ်၊ (၁၀း၀၀) နာရီခန့်တွင် တစ်ကြိမ် (၂) ကြိမ် တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိပါသည်။          

source - jinghpawkasa

SSA နှင့် အစိုးရတပ် ငြိမ်းချမ်းရေး ရယူပြီး ၅ရက်အကြာတွင်တိုက်ပွဲ ပြန်ဖြစ်

မကြာသေးခင်က အစိုးရနှင့် ပြည်ထောင်စု အဆင့် ငြိမ်ချမ်းရေး သဘာတူညီထားသည့် ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S) တပ်ဖွဲ့နှင့် အစိုးရတပ်များ ယမန်နေ့က တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်ခွဲ အတွင်း လှုပ်ရှားနေသော SSA- S တပ်ဖွဲ့နှင့် အစိုးရ ခြေလျင်တပ်ရင်း အမှတ် ၆၅ တပ်ဖွဲ့ ၀င်များနှင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း SSA တောင်ပိုင်း ပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းဆိုင်မိဏ်းကပြောကြားခဲ့ပါတယ်။

ဖြစ်စဉ် အသေးစိတ်ကို မသိရှိရသေးသော်လည်း အစိုးရဘက်က တပ်ပြေး တချို့ကို လိုက်လံ ဖမ်းဆီးခဲ့ရာ SSA နယ်မြေသို့ ကျူး ကျော်လာသောကြောင့် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“တပ်မတော်ဘက်က တပ်ပြေးတွေကို သူတို့ ဘက်က လိုက်ရင်း ကျနော်တို့ အဖွဲ့နဲ့ သွားပြီတော့ ထိတွေ့မှုတွေ ဖြစ်သွားတယ်” ဟု စိုင်းဆိုင်မိဏ်းက ဆက်ပြောသည်။

ယခုလ ၁၉ ရက်နေ့က ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် SSA-S မှ ဒု ဗိုလ်ချုပ်ကြီး ယွက်ဆစ် ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့က အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ၅ ရက်ခန့် အကြာ ပထမအကြိမ် တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ယင်းတိုက်ပွဲတွင် နှစ်ဘက် အကျအဆုံးနှင့် ဒဏ်ရာ ရရှိမှု မရှိခဲ့ကြောင်း သိရသည်။

မြန်မာစစ်တပ် စစ်ရာဇဝတ်မှုများကျူးလွန်နေဟု AI ထုတ်ပြန်

မြန်မာစစ်တပ်အနေဖြင့် စစ်ရာဇဝတ်မှု သို့မဟုတ် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု ဟု နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က စွပ်စွဲလိုက်သည်။ (ဓာတ်ပုံ- Reuters )

လက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားနေသော တိုင်းရင်းသားဒေသများတွင် မြန်မာစစ်တပ်က လူသားမျိုးနွယ်စုအပေါ် ဆန့်ကျင် သော ရာဇဝတ်မှုများ ကျူးလွန်နေကြောင်း လန်ဒန် အခြေစိုက် အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေးအဖွဲ့ Amnesty International (AI) က ထုတ်ပြန် ကြေညာလိုက်သည်။

ယမန်နေ့က ထုတ်ပြန်သော AI ၏ ၂၀၁၂ ကမ္ဘာလုံးဆိုင်ရာ အစီရင်ခံစာတွင် မြန်မာစစ်သားများက အရပ်သားများအပေါ် လိင်ပိုင်း ဆိုင်ရာစော်ကားမှုများ ကျူးလွန်ခဲ့သည့်အပြင် သောင်းချီရှိနေသော ဒုက္ခသည်များအား ထောက်ပံ့မည့် လူမှုရေးအကူ အညီများကိုလည်း ပိတ်ပင်ခဲ့ကြောင်းဆိုသည်။

“အစိုးရက နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ကန့်သတ်ဖြင့်ပြုလုပ်ခဲ့သည်။ သို့ရာတွင် ယမန်နှစ်တလျှောက်လုံး လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် နိုင်ငံတကာ လူမှုအထောက်အကူပြုရေး ဥပဒေ ချိုးဖောက်မှုများ တိုင်းရင်းသားဒေသများတွင် တိုးပွားလာခဲ့သည်” ဟု ယင်းအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး ပြည်ပခရီးစဉ်

၂၀၁၂ ခုနှစ် မေလ ၂၂ ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ရုံးခန်းဖွင့်ပွဲ၌ မိန့်ခွန်းပြောကြားနေစဉ်။Photo courtesy of NLD
2012-05-23
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ လာမဲ့ ရက်သတ္တပတ်အတွင်း ကျင်းပမဲ့ ၂၀၁၂ အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေး ညီလာခံကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်း ပြောမယ်လို့ သိရပါတယ်။

၂၀၁၂ အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေး ညီလာခံကို မေလ ၃၀ ရက်ကနေ ဇွန်လ ၁ ရက်နေ့ အထိ ကျင်းပမှာ ဖြစ်ပါတယ်။

ဒီညီလာခံကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့် ခွန်းပြောမယ်လို့  NLD ပါတီက အတည်ပြု ပြောဆိုပါတယ်။ ဒေါ်အောင်ဆန်းကြည် အနေနဲ့ အခု သွားရောက်မဲ့ ခရီးစဉ်ဟာ ၂၄ နှစ်တာ ကာလအတွင်း ပထမဦးဆုံး အကြိမ်အဖြစ် ပြည်ပခရီး ဖြစ်ပါတယ် ။

အဲဒီ ဘန်ကောက်မြို့က ညီလာခံကို သမ္မတ ဦးသိန်းစိန်လည်း တက်ရောက် မိန့်ခွန်းပြောမယ်လို့  သိရပါတယ်။

ဒီအတောအတွင်း ဇွန်လ ၂၁ ရက်နေ့ မှာ ဗြိတိန်ပါလီမန် လွှတ်တော် အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်း ပြောမယ်လို့ မနေ့က ကျင်းပတဲ့ ဗြိတိန် အောက်လွှတ်တော် အစည်းအဝေးမှာ အောက်လွှတ်တော် ဥက္ကဋ္ဌ Mr.John Bercow က ထုတ်ဖော်ပြောပါတယ် ။

Copy from - rfa.org/

Thursday, May 24, 2012

အသက် ၂ဝ အောက် အမျိုးသမီးများ ဆေးသောက်၍ ကိုယ်ဝန်ဖျက်ချမှု များလာ

ဆေးဆိုင်များတွင် အလွယ်တကူ ဆေးဝယ်ခွင့် ရရှိခြင်းကြောင့် အသက် ၂ဝ အောက် အမျိုးသမီးများ ကိုယ့်သဘောနှင့်ကိုယ် ကိုယ်ဝန်ဖျက်ချမှု ပိုမိုများပြားလာကြောင်း သားဖွားနှင့် မီးယပ်ဆရာဝန် ဒေါက်တာမြင့်မြင့်ကြူက ပြောသည်။ ”ကိုယ့်သဘောနဲ့ ကိုယ် ဆေးတွေသောက်ပြီး သွေးဆင်း လွန်လို့ ဆေးရုံရောက်တာတွေ ပို များလာတာတွေ့ရတယ်။
 
လူ ငယ်မိန်းကလေးနဲ့ ချစ်သူတွေ လွန်ကျူးမိပြီး ကိုယ်ဝန်ရလာတဲ့ အခါကျမှ ကြောက်လန့်ပြီး ကြား ဖူးနားဝနဲ့ ဆေးဆိုင်တွေမှာ အ လွယ်တကူ ဝယ်လို့ရတဲ့ သွေးပုပ် ချဆေးတွေ၊ေ ဆးပြင်းတွေသောက် ပြီး ကိုယ်ဝန် ဖျက်ချတာတွေဟာ အသက် ဆုံးရှုံးတဲ့ အထိဖြစ်နိုင်တယ်” ဟု အထက်ပါဆရာဝန်က ပြောသည်။
 
ယင်းသို့သော အချိန်မျိုးတွင် ဝမ်းဗိုက်ထဲရှိ ကလေးအသက် အန္တရာယ် ရှိ၊မရှိ အာရ်ထရာဆောင်း ရိုက်ကာ ကလေး အခြေအနေမကောင်း ပါက သားအိမ်ခြစ်ပစ်ရပြီး ကလေး ဖျက်ချပြီးမှ ပိုးတစ်ခုခုသားအိမ်၊ သား ဥပြွန်၊ မွေးဖွားရာလမ်းေ ကြာင်းတို့သို့ ဝင်ရောက်သွားပါက သားအိမ်ပြွန် လမ်းကြောင်း ပိတ်သွားကာ နောင်

လျှပ်စစ်မီး ရရှိစေရန် ရန်ကုန်မြို့ခံများ ဒုတိယနေ့ ဆန္ဒဖော်ထုတ်


 
ဆူးလေ ဘုရားဆီသို့စီတန်းလှည့်လည်လာကြသော လျှပ်စစ်မီးရရှိရေးဆန္ဒဖော်ထုတ်သူ များ။
 ဓာတ်ပုံ- ဥက္ကာကိုကို
လျှပ်စစ်မီး အပြည့်အ၀ ရရှိစေရန်အတွက် ရန်ကုန်မြို့နေလူထုသည် ဒုတိယ မြောက်နေ့အဖြစ် ယခုလ ၂၃ ရက်ည ၇ နာရီမှ စတင်ကာ ၈ နာရီခွဲခန့် အထိ ဆူးလေဘုရားလမ်းပေါ်တွင် စီတန်းလှည့်လှည် ဆန္ဒ ဖော်ထုတ် ခဲ့ကြသည်။ ဆန္ဒ ဖော်ထုတ်သည့်လူထုမှာ ပထမနေ့ကထက် များပြားခဲ့ပြီး ဆူးလေ ဂုံးကျော်တံတားကို ကျော်ဖြတ်ကာ ဆူးလေ ဘုရားရင်ပြင်တော်ပေါ်သို့ တက်ရောက်၍ သုံးပတ် ပူဇော်ခဲ့ကြသည်။ ထို့နောက် ဆီမီးတိုင်များကိုဘုရားပေါ်တွင် ကပ်လှူခဲ့ ကြသည်။ ဆန္ဒဖော်ထုတ်သည့် လူထုအင်အားမှာ တစ်ထောင် ၀န်းကျင်ခန့်ရှိပြီး လာရောက် အားပေးသည့် လူထုများမှာလည်း ပိုမို များပြား လာခဲ့သည်။
by: ‎7Day News Journal

ပြည်သူတွေနဲ့တသားထဲရှိနေတဲ့လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်။

Ko Thaw's photos
ပြည်သူတွေနဲ့တသားထဲရှိနေတဲ့လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်။
by: Ko Thaw

ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့ လျှပ်စစ်မီးအကြောင်း ကောက်နှုတ်ချက်(ရုပ်သံသတင်း)

ဒဂုံမြို့သစ် အရှေ့ပိုင်း အန်အယ်ဒီရုံးဖွင့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့ လျှပ်စစ်မီးအကြောင်း ကောက်နှုတ်ချက်
video by - DVBBurmese

ပို့ဆောင်ရေးဝန်ကြီးဌာန လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနနှင့် ကုမ္ပဏီတစ်ခု၏ နိုင်ငံတော် ငွေကြေးအလွဲသုံးမှု

ပို့ဆောင်ရေး ၀န်ကြီးဌာန လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနအောက်ရှိ လေကြောင်း ဆက်သွယ် လမ်းညွှန် ကွပ်ကဲ​ရေးဌာနခွဲသည် ပြည်တွင်း လေယာဉ်များနှင့် မြန်မာနိုင်ငံ လေကြောင်း ပိုင်နက်​အတွင်း ဖြတ်ကျော် ပျံသန်းလျှက်ရှိသော လေယာဉ်များ ဘေးကင်း လုံခြုံစွာ ပျံသန်း သက်ဆင်းနိုင်ရေးအတွက် လိုအပ်သော ဆက်သွယ်ရေး စက်များ၊ လေကြောင်း လမ်းညွှန်စက်များနှင့် လေကြောင်းသုံး ရေဒါများအား အစဉ်ကောင်းမွန်မှု ရှိနေစေရေး တာဝန်ယူ ဆောင်ရွက်ရသော ဌာနခွဲဖြစ်ပါသည်။

ယခုအခါ ၎င်းဌာနခွဲဟ၏ စက်ပစ္စည်းများ ပြုပြင် ထိန်းသိန်းခြင်း လုပ်ငန်း​အား ပုဂ္ဂလိကကုမ္ပဏီ တစ်ခုဖြစ်သော PARTNER ASSOCIATES INTERNATIONAL ကုမ္ပဏီ၏ လက်ခွဲတစ်ခုဖြစ်သော  TRACTION TECHNOLOGIES Pte. Ltd မှ တစ်နှစ်လျှင် ပြုပြင် ထိန်းသိမ်းစားရိတ် အမေရိကန်ဒေါ်လာ (၁. ၅) သန်းဖြင့် ရယူ လုပ်ဆောင်လျှက် ရှိနေပါသည်။

သို့ရာတွင် အမှန်တကယ် တာဝန်ယူနေရသော လေကြောင်းဆက် သွယ်လမ်းညွှန် ကွပ်ကဲရေးဌာနခွဲရှိ

Atrocities In Kachin Land အစိုးရ၏လူ့အခွင့်အရေးချိုးဖောက်မှ

ဦးသိန်းစိန် ဦးဆောင်သော ဗမာအစိုးရ တပ်မတော်၏ တိုင်းရင်းသားများနှင့် ကချင် လူထုအပေါ် မတရားပြုကျင့်မှူ၊ လူ့အခွင့်အရေး ချိုးဖောက် မှူပေါင်းများစွာမှ ကမ္ဘာ့မီဒီယာများတွင် တင်ပြသော
မှတ်တမ်း ရုပ်သံဗီဒီယိုအချို့။
Copy from - Lachid Kachin

Wednesday, May 23, 2012

ယူနန်-မြန်မာ ရေကာတာ ပြဿနာ



မြန်မာနိုင်ငံမှာ ရေအားလျှပ်စစ် စက်ရုံ အကြီးအသေး (၁၇) ခုရှိကြောင်း သြဂုတ်လ (၉) ရက်ထုတ် အစိုးရ သတင်းစာမှာ ဖော်ပြ ထားပါတယ်။ ကချင်၊ ကယား၊ ရခိုင်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်း ၊ တနင်္သာရီ၊ ပဲခူး၊ မန္တလေး နဲ့ မကွေးတိုင်းတွေမှာ တည်ဆောက်ဖို့ စီမံကိန်းချထားတဲ့ ရေအားလျှပ်စစ်စက်ရုံ (၃၀) ကျော် ရှိပါတယ်။ ဒါပေမဲ့ ဧရာဝတီနဲ့ သံလွင်မ...ှာ ရေကာတာတွေ တည်ဆောက်ပြီး ယူနန်ပြည်နယ်နဲ့ ထိုင်းနိုင်ငံကို လျှပ်စစ်ဓါတ်အား ရောင်းစားဖို့ လုပ်ကိုင်လာတာကို ဝိုင်းဝန်းကန့်ကွက်လာကြတာကို တွေ့ရပါတယ်။

သံလွင်မြစ်နဲ့ ဧရာဝတီမြစ်ညာမှာ ရေကာတာတွေ တည်ဆောက်ပြီး ရေအားလျှပ်စစ်ထုတ်ယူမယ့် စီမံကိန်းကို ဒေသခံတိုင်းရင်းသားနဲ့ နိုင်ငံခြားရောက် မြန်မာပြည်သားတွေ ကန့်ကွက်နေတာ အတော်လေးကြာနေပါပြီ။ ရေကာတာတွေ တည်ဆောက်ပြီး လျှပ်စစ်ဓါတ် အား ထုတ်ယူမယ့် အစီအစဉ်မှာ အကျိုးအမြတ် ခံစားရမှာက ဗမာအစိုးရ၊ ထိုင်း နဲ့ တရုတ်သာဖြစ်ပြီး ဒေသခံပြည်သူလူထုကတော့ နစ်နာဆုံးရှုံးပြီး ဘဝပျက်ဖို့သာရှိတာကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို စိတ်ဝင်စားတဲ့ အဖွဲ့အစည်းတွေစုပေါင်းပြီး Burma Rivers Network ခေါ် မြန်မာနိုင်ငံ မြစ်ချောင်းကွန်ယက်ကို တည်ထောင်ထားပါတယ်။ ရေကာတာအကြောင်း ပညာပေးပြီး သတင်းဖြန့်ချီတဲ့ လှုပ်ရှားမှု ဖြစ်ပါတယ်။

တရုတ်ပြည် အရှေ့ ပိုင်းဒေသက မြို့ ကြီးပြကြီးတွေမှာ လျှပ်စ်ဓါတ်အား အမြဲတမ်း အလုံအလောက် ရရှိစေဖို့အတွက် အနောက်ပိုင်း ဒေသက လျှပ်စစ်ဓါတ်အား ပို့ပေးရမယ်ဆိုတဲ့ တရုတ်အစိုးရ ပေါ်လစီအတိုင်း ယူနန်မှာ ရေအားလျှပ်စစ် စီမံကိန်းတွေ အကောင် အထည် ဖော်နေပါတယ်။

NLD အောက်ခြေ အနေနဲ့ တပ်မတော်ကို စည်းရုံးစေချင်


သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ ဆွေးနွေး ခဲ့ကြပြီးသကာလ နိုင်ငံတကာက အံ့သြ ယူလောက်အောင် ပြုပြင်ပြောင်းလဲရေးတွေကို အထိုက်အလျောက် တွေ့မြင် ခဲ့ရပါတယ်။ နိုင်ငံတွင်းရှိ  ဝန်ကြီးဌာနများနဲ့ မူဝါဒများကို ပြုပြင်ဖို့၊ စီးပွားရေးဆိုင်ရာ ကြိုးနီ စနစ်များ ပြုပြင်ဖို့ သမ္မတက တွန်းအားပေး လုပ်ခိုင်း နေပါတယ်။ ဒါပေမဲ့ ပြုပြင် ပြောင်းလဲရေးကို ဘယ်လိုဘဲလုပ်လုပ် တပ်မတော်ရဲ့အခြေခံ ပင်ရင်း စိတ်ဓါတ်က အဲ့ဒီပြုပြင်ပြောင်းလဲရေးကို အသာတကြည် စိတ်ရောကိုယ်ပါ လက်ခံမှ ဖြစ်တယ်လို့ စစ်တပ်တွင်း အရာရှိတချို့က ဆိုကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း တပ်မတော် ကိုယ်တိုင် ဒီမိုကရေစီ အသွင်ဖေါ်ဆောင်ရေးကို  လေးလေးနက်နက် ထိထိရောက်ရောက် ဆောင်ရွက် သွားမယ်ဆိုတဲ့ သံန္နိဌာန်ကို ခိုင်ခိုင်မာမာ ချမှတ်ဖို့ လိုကြောင်း ပြောသွား ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး စစ်တပ်မှ အရာရှိတစ်ဦးက NLD ကို အားမလို အားမရ အခုလို သူ့အမြင်ကို ထောက်ပြလာပါတယ်။


“ဒေါ်အောင်ဆန်းစုကြည်ကို တပ်မတော်သား အများစုက ဗိုလ်ချုပ်အောင်ဆန်းသမီးလို့သာ သိကြပြီး ကျန်တဲ့ ဒေါ်စုရဲ့စိတ်နေ စိတ်ထားကိုတော့ သိပ်မသိကြဖူးဗျ။ ခက်တာက NLD အသိုင်းအဝိုင်း အထူးသဖြင့် အောက်ခြေတချို့က စစ်တပ်ကို အဆိုးမြင်ဝါဒနဲ့ သိမ်းကျုံး မြင်နေတုံးဘဲဗျ။ တကယ်တော့ တပ်မတော်သားတွေမှာ တရားတဲ့ အမိန့်၊ မတရားတဲ့ အမိန့်ဆိုပြီး ခွဲခြားလက်ခံလို့ရတဲ့ အခြေအနေ မရှိဘူး။ တပ်မတော်ရဲ့ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ Commading officer တပ်ရင်းမှူးမှ တိုင်းမှူး အဆင့်လောက်ထိကို NLD က စည်းရုံး သိမ်းသွင်းဖို့ ကောင်းတယ်။

NLD အောက်ခြေ တချို့က တိုင်းပြည်နိမ့်ကျ ယိုယွင်းရောက်ခဲ့ရတာဟာ စစ်တပ်ကြောင့်လို့ သိမ်းကျုံး မြင်တာဟာ မကောင်းဘူးပေါ့ဗျာ။ အာဏာရှင် စနစ်နဲ့ အာဏာရှင်တွေကို ပစ်မှတ်ထား ခွဲခြားမြင်ပြီး တပ်မတော်သားတွေအပေါ် ပြည်သူ့ရဲ့ သားသမီးများအဖြစ် မြင်စေ ချင်တယ်ဗျာ။

နိယာမ သဘောအရ အဲဒီလို အဆိုးမြင်နေရင် ပြုပြင်ပြောင်းလဲချင်တဲ့ တပ်မတော် အရာရှိတွေတောင် တုံ့ဆိုင်း သွားကြတယ်လို့” စည်းလုံးခြင်းရဲ့ အင်အားဝက်ဘ်ဆို​ဒ်ကို ပြောကြားလာကြောင်း တင်ပြ လိုက်ရပါတယ်။

သတင်းရင်းမြစ် - စည်းလုံးခြင်းရဲ့ အင်အား

လူထုခေါင်းဆောင် အမေဒေါ်အောင်ဆန်းစုကြည်ရဲ.ဆန္ဒ

Photo by - mizzima

လျှပ်စစ်မီး ပုံမှန်ရရှိရေးအတွက် ဆူးလေ ဆုတောင်းပွဲ

၂၄ နာရီ လျှပ်စစ်မီး ရရှိရေးအတွက် ပြည်သူလူထုပေါင်း ၂၀၀ ကျော်ခန့်က ဖယောင်းတိုင်များ ကိုင်စွဲလျက် ဆူးလေ ဘုရားပေါ်တက် ဆုတောင်းခဲ့ကြပြီး ဘုရား ရင်ပြင်တွင် လက်ဝဲရစ် တပတ်ရစ်ကာ တောင်းဆို​ ခဲ့ကြကြောင်း မြစ်မခ သတင်းထောက် ထွန်းနေအောင်၊ စောဇင်ညီနှင့် ကောင်းမြတ်ဖြိုးတို့မှ
သတင်းပေးပို့သည်။
ဗီဒီယို- ထွန်းနေအောင်(မြစ်မခ)
Copy from - Shwe Myitmakha Media Group

ILO ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမည်

Photo courtesy of NLD
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၂ ခုနှစ် မေလ ၁၁ ရက်နေ့ က NLD ပုဇွန်တောင်ြ​မို့နယ်ရုံးခန်း ဖွင့်ပွဲအခမ်းအနား၌ မိန့်ခွန်းပြောနေစဉ်။
2012-05-22
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဇွန်လ (၁၄) ရက်နေ့မှာ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့က နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် (ILO) ရုံးချုပ်မှာ မိန့်ခွန်းပြောကြားမယ်လို့ ILO ညွှန်ကြားရေးမှူးချုပ် Juan Somavia က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ် (၂၀) ကျော်အတွင်း ပထမဆုံး ပြည်ပခရီးအဖြစ် ဇွန်လမှာ ဥရောပကို ထွက်ခွာမှာ ဖြစ်ပါတယ်။

၁၉၉၃ ခုနှစ်က ချီးမြှင့်ခံခဲ့ရတဲ့ ငြိမ်းချမ်းရေး နိုဘဲလ်ဆုကို ကိုယ်တိုင် လက်ခံဖို့အတွက် နော်ဝေးနိုင်ငံကို အသွား ဂျီနီဗာမြို့က နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် ILO ညီလာခံကို တက်ရောက်မှာ ဖြစ်ပါတယ်။

ILO ညွှန်ကြားရေးမှူးချုပ်က - အခုကျင်းပမယ့် ILO ညီလာခံဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဦးဆုံး ပြည်ပမှာ မိန့်ခွန်းပြောကြားတဲ့နေရာ ဖြစ်သွားပါလိမ့်မယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နော်ဝေးနိုင်ငံကနေ ဗြိတိန်နဲ့ အိုင်ယာလန်နိုင်ငံတွေကို ဆက်လက် သွားရောက်မှာ ဖြစ်ပါတယ်။

Copy from - rfa.org/

မန္တလေးက ၂၄ နာရီ မီးရရှိရေး ဆန္ဒပြပွဲတွေနဲ့ ပတ်သက်ပြီး အမှတ် ၂ လျှပ်စစ်စွမ်းအား ပြည်ထောင်စု ဒု-၀န်ကြီး ဦးအောင်သန်းဦးနဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမြတ်အောင်တို့ မန္တလေးမြို့မှာ ရှင်းလင်းပွဲတခု တနင်္လာနေ့ ညနေပိုင်းမှာ ပြုလုပ် (ရုပ်သံ)

by - DVBBurmese

Tuesday, May 22, 2012

ဆူးလေတွင် ဖယောင်းတိုင်မီးထွန်း ဆန္ဒပြ


ဆူးလေတွင် ဖယောင်းတိုင်မီးထွန်း ဆန္ဒပြ
(၁) ဖယောင်တိုင်မီးများ ထွန်းညှိ ကိုင်ဆောင်ထားသော ဆန္ဒဖော်ထုတ်သူ ၅၀ ခန့်သည့် ယနေ့ည ၇ နာရီခန့်က ရန်ကုန်မြို့လယ် ဆူးလေ မီးပွိုင့်အနီးရှိ လက်ရွေးစင် လက်ဖက်ရည်ဆိုင် ရှေ့မှ ဆူးလေ ဘုရားလမ်းအတိုင်း စတင်ထွက်ခွာ လာခဲ့ပြီး ယခုအခါ မဟာဗန္ဓုလလမ်း အတိုင်း ၂၈ လမ်းဘက်သို့ သွားနေကြောင်း အဆိုပါနေရာသို့ ရောက်ရှိနေသော The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။
(၂) ဖယောင်းတိုင် မီးထွန်း ဆန္ဒပြသူများမှာ မဟာဗန္ဓုလလမ်းအတိုင်း စီတန်း သွားလာနေရာမှ ၃၂ လမ်း အရောက်တွင် ပြန်လှည့်လာကြပြီး ယခုအခါ ဆူးလေဘုရားပေါ်သို့ တက်ရောက် သွားကြကြောင်း အဆိုပါနေရာသို့ ရောက်ရှိနေသော The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

လျှပ်စစ်မီးပုံမှန်ရရှိရေး ဆန္ဒထုတ်ဖော်မှု ရန်ကုန်မြို့မြင်ကွင်းများ 
Photo By:D-Min (တိုက်ရိုက်ပေးပို့သည်)Yangon Media Group

ဂျပန်နိုင်ငံရောက် တိုင်းရင်းသား ညီအကိုများ အားလုံးကို အထူး ဖိတ်ကြားအပ်ပါသည်။

ဂျပန်နိုင်ငံရောက် တိုင်းရင်းသား ညီအကိုများ ခင်ဗျား..
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က မေလ (၁ဝ) ရက်နေ့တွင် ထုတ်ပြန်ကြေညာထားသည့် သဘောထားကြေငြာချက်အား ထောက်ခံပွဲနှင့် ကချင်ဒေသ အတွင်း လက်ရှိသမ္မတ ဦးသိန်းစိန်အစိုးရ၏ မျိုးဖြုတ် ထိုးစစ်ဆင်နေမှုအား ချက်ခြင်းရပ်တန့်ပေးရန်နှင့် နိုင်ငံသား အချင်းချင်း ပြင်းထန်စွာ ထိုးစစ်ဆင် သတ်ဖြတ်နေခြင်းအပေါ် ရှုတ်ချ ဆန့်ကျင်ကန့်ကွက်ကြရန်အတွက် ပူးပေါင်းပါဝင်ပေးကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
ပြန်ကြားရေးမှူး
မိုးမင်းသူ
(AUN-Japan)
နေ့ရက် ။ ( ၂၀၁၂ ခုနှစ် မေလ ၂၈ ရက် ၊ တနင်္လာနေ့)
နေရာ ။ တိုကျို မြန်မာ သံရုံးရှေ့
အချိန် ။ ညနေ ၃း၀၀ နာရီ မှ ၄း၀၀ နာရီအထိ

၂၄ နာရီ လျှပ်စစ်မီး ရရှိရေးအတွက် ငြိမ်းချမ်းစွာ တောင်းဆိုနေကြသည့် မန္တလေး ၂၀ ရက်နေ့ ညနေပိုင်း(ရုပ်သံသတင်း)

You Tube video by - yamounnar

ဂုဏ်ထူးဆောင်ဘွဲ့တစ်ခု ဒေါ်အောင်ဆန်းစုကြည် ထပ်မံရရှိ

၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်တွင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မြစ်ကြီးနားမြို့ဒေသခံ ပြည်သူလူထုနှင့် တွေ့ဆုံနှုတ်ဆက်နေစဉ်။NLD
2012-05-21
အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်၊ Johns Hopkins တက္ကသိုလ်က ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီ ရရှိရေး ငြိမ်းချမ်းစွာ တိုက်ပွဲဝင်မှုအတွက် ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့် လိုက်ပါတယ်။

အခုလို ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ရတာနဲ့ ပတ်သက်ပြီး Johns Hopkins တက္ကသိုလ်ရဲ့ထုတ်ပြန် ကြေညာချက်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ဘ၀တာရဲ့ အချိန်ကာလအများစုကို စစ်အစိုးရ ဆန့်ကျင်ရေးအတွက် ပေးဆပ်ခဲ့ကြောင်းနဲ့ အရင်လအတွင်းက ကျင်းပခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ သူဦးဆောင်တဲ့ ပါတီဝင်တွေ အနိုင်ရရှိတာကို အစိုးရက အသိအမှတ်ပြုခဲ့ရကြောင်း ဖော်ပြထားပါတယ်။
အဲဒီ ဆုပေးပွဲ အခမ်းအနားကို မေလ ၂၄ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ တက်ရောက်နိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

လျှပ်စစ်မီး ရရှိရေး ဆန္ဒပြသူများ အဖမ်းခံရ


မန္တလေးမြို့တွင် လျှပ်စစ်မီးပုံမှန်ရရှိရေး ဆန္ဒပြမှုကြောင့် ဦးဆောင်သူတချို့အပါအ၀င် ဆန္ဒပြသူ ၄၀ ဦးခန့်ကို ယနေ့နံနက်စောစော ပိုင်းတွင် အာဏာပိုင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

 အဖမ်းခံရသူများတွင် စာရေးဆရာ ညီပုလေး၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)မှ ဒေါ်ခင်သန်းမြင့်၊ ဘကြီးအောင်၊ ကိုဝင်းဇော်ဦး၊ ကိုချစ်ရင်၊ ကိုမြင့်စိုး နှင့် မေတ္တာကမ်ပိန်းမှ ဒေါ်အမာနီ တို့ ပါဝင်ကြောင်း မန္တလေးမြို့ခံ သတင်းသမားတဦးက ပြောသည်။ ၎င်းတို့သည် လျှပ်စစ်မီးရရှိရေးအတွက်၂ ရက်ဆက်တိုက်ဆန္ဒပြကြခြင်း ဖြစ်သည်။

သတင်းရင်းမြစ် - ဧရာဝတီ သတင်းတို

အမှတ် (၈) ရဲတပ်ရင်း ရဲတပ်သား ၇ဝ လောက်က ရပ်ကွက် လူထုကို အင်အားသုံး ရိုက်နှက်မှုဖြစ်ပွား

မင်္ဂလာဒုံမြို့နယ် ပတ္တမြားမြို့သစ်မှာ အမှတ် (၈) ရဲတပ်ရင်း ရဲတပ်သား ၇ဝ လောက်က ရပ်ကွက် လူထုကို အင်အားသုံး ရိုက်နှက်မှုတခု မေလ ၁၆ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့ပါတယ်။ အပြည့်အစုံကို RFA အဖွဲ့သား ကိုဂျေက တင်ပြထားပါတယ်။
by -RFABurmeseVideo