Monday, April 30, 2012

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အမတ်များ လွှတ်တော် တက်မည်


 
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံရပြီး ဖြစ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ရွေးကောက်ခံ NLD အမတ်များ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုတော့မည် ဖြစ်ကြောင်း ဧပြီလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် NLD ရုံးချုပ်၌ ပြုလုပ်သော မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားလိုက်သည်။

အလျှော့ပေး လိုက်တာလားလို့ မေးရင် ဟုတ်ပါတယ်။ အလျှော့ပေးလိုက်တာပါ။ ပြည်သူ့ဆန္ဒအတွက်ပါ
ဟု ၎င်းက ဆိုသည်။
Copy from - The Voice Weekly

UNFC နှင့် AUN-Japan တွေ့ဆုံပွဲ အခမ်းအနား

ဂျပန်နိုင်ငံသို့ ခေတ္တရောက်ရှိလာသော UNFC ကိုယ်စားလှယ် တိုင်းရင်းသားခေါင်းဆောင်များထံမှ သြ၀ါဒ ခံယူပြီး လက်ရှိမြန်မာနိုင်ငံရေး အခြေအနေများကို ရှင်းလင်းပြောဆိုခြင်းနှင့် ဆွေးနွေးခြင်းများ အစီအစဉ်များကို Takadanobaba ရှိ AUN ရုံးခန်း၌ ဧပြီလ ၂၈ ရက် ညနေ ၅း၀၀ နာရီမှ ၈း၃၀ နာရီအထိ ကျင်းပခဲ့ကြပြီး AUN Japan အဖွဲ့အစည်ဒးအသီးသီးမှ ကိုယ်စားလှယ်များ နှင့် တာဝန်ခံများ အဖွဲ့သားများပါ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum

ဘန်ကောက် ဘီဘီစီရုံးရှေ့တွင် မြန်မာများ ဆန္ဒပြ


ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ရှိ ဘီဘီစီ ရုံးရှေ့တွင် မြန်မာနိုင်ငံသား ၅၀၀ နီးပါးခန့်က ဧပြီလ ၂၉ ရက် တနင်္ဂနွေနေ့က သွားရောက် ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြရသည့် အကြောင်းအရင်းမှာ ရခိုင်ပြည်နယ် မြေပုံ နေရာတွင် ရခိုင်လူမျိုးများ၏ ဓါတ်ပုံကို မဖေါ်ပြဘဲ ဘင်္ဂလာဒေခ်ျ့မှ အခြေချ ၀င်ရောက်နေထိုင်သူ ဘင်္ဂလီများ ဓါတ်ပုံကို ရိုဟင်ဂျာ အမည်ဖြင့် ဖေါ်ပြခဲ့၍ ဖြစ်ကြောင်း ဦးဆောင်သူ တစ်ဦးဖြစ်သူ ကိုအန်းမောင်က ပြောသည်။

" ဆန္ဒပြရတဲ့ အဓိက အကြောင်းရင်းက ဘီဘီစီ အာရှ ပစိဖိတ်ဌာနက အကြီးတန်း သတင်းထောက် အန်နာဂျုံး Anna Jone ကနေ မြန်မာနိုင်ငံက ရခိုင်ပြည်နယ် မြေပုံမှာ ဘင်္ဂလား ဒေ့ခ်ျဘက်က မတရား ခိုးပြီး ၀င်လာကြတဲ့ ဘင်္ဂလီ လူမျိုး တွေရဲ့ပုံကို ရိုဟင်ဂျာ အမည်နဲ့ ဖေါ်ပြခဲ့တယ်။ ဒါကို မကျေနပ်တဲ့ အတွက် နိုင်ငံ အသီးသီးမှာ ဘီဘီစီက အန်နာဂျုံးကို မြန်မာပြည်သူတွေကို ၀န်ချ တောင်းပန် ရမယ်ဆိုပြီး ဆန္ဒပြ တောင်းဆိုကြတယ်။ ဒါပေမဲ့ အန်နာဂျုံး အနေနဲ့ မြန်မာပြည်သူကို အခုအချိန်ထိ ၀န်ချတောင်းပန်မှု မရှိသေးသလို ဘီဘီစီကလည်း တရားဝင် ဖြေရှင်းချက် မထုတ်ပြန်ပေးသေးဘူး။ အဲဒါကြောင့် သူမအနေနဲ့ မြန်မာပြည်သူတွေကို ၀န်ချ တောင်းပန်ဖို့နဲ့ ဘီဘီစီက တရားဝင် ဖြေရှင်း ပေးဖို့ ခုလို တောင်းဆို ဆန္ဒ ပြရတာဖြစ်ပါတယ်" ဟုပြော သည်။

မန္တလေး မြစ်ကြီးနား (၃၃)အဆန် အိပ်စင်ရထား မိုင်းခွဲ ဖျက်ဆီးခံရ(ဓာတ်ပုံ)


(၂၉.၄.၂၀၁၂)


(၃၃)အဆန် အိပ်စင်ရထားသည် နန့်စီးအောင်ဘူတာ မှ (၂၉.၄.၂၀၁၂) နံနက် (၀၀း၅၆)နာရီအချိန်တွင် ထွက်လာပြီး နံနက် (၁း၁၀)နာရီအချိန် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မော်ဟန်ဘူတာနှင့် နန့်စီးအောင် ဘူတာအကြား မိုင်တိုင် ၆၁၆/၁ နှင့် ၆၁၆/၃ အကြား တံတားအမှတ်(၅၃၄) နေရာတွင်မိုင်း (၂)လုံး ဆက်တိုက် ပေါက်ကွဲခဲ့သည်။

ဗုံးပေါက်ကွဲမှုကြောင့်ရထားတွဲ (၁၂)ပါဝင်ရာ၊ (၈)တွဲ လမ်းချော်ခဲ့ပါသည်။ အထက်တန်း အိပ်ခန်းတွဲ(၁) ၁၂၆၆၉ နှင့် တွဲ (၇)၁၂၆၅၄BREZ 10919 စားသောက်တွဲတိမ်းမှောက်ခဲ့ပါ သည်။

အိပ်စင် တွဲ(၁) D ခန်းတွင် လိုက်ပါလာသောမျိုးမင်းထိုက် (၂၈)နှစ် ညာဘက်ခြေထောက် ကျိုးသွားပြီး၊ အိပ်စင်တွဲ(၁) B ခန်းတွင် လိုက်ပါလာသောရှင်စန္ဒောဘာသ ခြေမျက်စိ ဒဏ်ရာရရှိခဲ့ပါသည်။ ရထားသံလမ်း ကွန်ကရစ်တုံး(၉၅)တုံး ပျက်စီးပြီးတံတား အမှတ်(၅၃၄)ပျက်စီးခဲ့ကြောင်း ရထားထိန်း ဦးစစ်လှိုင် မှပြောကြား ခဲ့ပြီး မီးရထားဌာနမှတာဝန်ရှိသူများ မှ နံနက် (၈)နာရီအချိန်မှ စပြီး ရထားလမ်း က

စင်ကာပူ အငြိမ့်

Sunday, April 29, 2012
ဒီနေ့ညပွဲ။ လူရွှင်တော် ဇာဂနာ၊ မေတ္တာ၊ အရိုင်း၊ ကင်းကောင်၊ ငှက်ပျောကြော်၊ ဗေဒါ။
မင်းသမီး ချောအိငြိမ်းနဲ့ အရိုင်းရဲ့သမီးလေး ပန်းနု။
ပြက်လုံးက အဟောင်းတွေကော အသစ်တွေကောပါတယ်။

လူတွေက အရိုင်းနဲ့ ဇာဂနာ အလုပ်အင်တာဗျူးမှာ အမေးအဖြေလုပ်တာ သဘော
ကျကြတယ်။ ဇာဂနာကမေး၊ အရိုင်းကဖြေ။ မြန်မာပြည်မှာ လောလောဆယ် ဘာအပေါဆုံးလဲ ဆိုတော့ “ဖောင်ဒေးရှင်း“ တဲ့။ လောလောဆယ် ခေတ်အစားဆုံး စကားလုံး ၂ လုံးကိုပြောပါ ဆိုတော့ “အမေ” နဲ့ “အဘ” တဲ့။

အဲဒါကို တော်တော် သဘောကျကြတယ်။ လူ ၂၀၀ လောက်ရှိမယ်။ ရုံပြည့်ပဲ။ သီချင်း၊ သံချပ်ပြီး ခဏ ပွဲနား၊ ပြီးတော့ အငြိမ့်ထွက်။ သံချပ်က အသီးတွေ လုပ်တဲ့ ဟာမျိုးကိုပြန် အပ်ဒိတ် လုပ်ထားတာ။ အလုပ်သမားတွေ အကြောင်း သံချပ် ထိုးတာပါတယ်။
မြန်မာပြည်မှာတော့ သင်္ကြန်ကပြီးပြီ စင်ကာပူမှာတော့ သင်္ကြန်ကို မျှင်းပြီး လုပ်နေတုန်း မပြီးသေး :P

Sunday, April 29, 2012

ဂျပန်နိုင်ငံရောက် UNFC တိုင်းရင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ


ဂျပန်နိုင်ငံရောက် ဧည်သည်တော်များ ဖြစ်ကြသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (United Nationalities Federal Councle (Union of Burma) မှ  တိုင်းရင်းသား ခေါင်းဆောင်များ ဖြစ်သော အဖွဲ့ခေါင်းဆောင် UNFC ဒုတိယ ဥက္ကဌ ဖဒိုစောဒေးဗစ်တာကဘော၊ အထွေထွေအတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး ခွန်ဥက္ကာ နှင့် UNFC ဗဟို ကော်မတီဝင် KIO အထွေထွေ အတွင်းရေးမှူး ဒေါက်တာ လဂျာ တို့နှင့် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီရေး လိုလားသော ပြည်ထောင်စုဖွား တိုင်းရင်းသားများ၏ တွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့ ၂၀၁၂. ဧပြီလ.၂၉ နေ့တွင် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ SHIMAOCHIAI အရပ်ရှိ……..တွင် ကျင်းပ ပြုလုပ် ခဲ့ပါသည်။

အခန်းအနားတွင် ဧည့်သည်တော် တိုင်းရင်းသား ခေါင်းဆောင်တို့မှ ပြည်ထောင်စုဖွား တိုင်းရင်းသားများအတွက် စစ်မှန်တဲ့ ပြည်ထောင်စု အခွင့်အရေး ရရှိရေးအတွက် ကြိုးပမ်းနေကြတဲ့ ဂျပန်ရောက် မြန်မာ့ ဒီမိုကရေစီကွန်ယက်  NDBနှင့် ဂျပန်ရောက် တိုင်းရင်းသားများအားလုံးကို လေးစားပါကြောင်း၊ ယခုနောက်ပိုင်းမှာ ဂျပန်နိုင်ငံအနေနဲ့ မြန်မာ့အရေးကို စိတ်ဝင်စားလာမှု ပိုမိုများပြား လာတဲ့အပြင်၊ တိုင်းရင်းသားများရဲ့ အခန်းကဏ္ဍဟာလည်း အရေးကြီးကြောင်း သိလာတာနဲ့အမျှ တိုင်းရင်းသားများကိုလည်း ပိုမိုအလေးပေး ဆက်ဆံလာကြောင်း တွေ့ရတဲ့အတွက် ဝမ်းသာကြောင်း၊ UNFC  ရဲ့  အပစ်အခတ် ရပ်စဲရေးအတွက်  ပဏာမအနေနဲ့ အပစ်အခတ် ရပ်ဆိုင်းရေး လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေရှိသလို လက်မှတ် မထိုးတာထားတဲ့အဖွဲ့တွေလည်း ရှိကြောင်း၊  UNFC အနေနဲ့ အောက်ခြေ လုပ်ငန်းစဉ်တွေ မတူပေမယ့် မဟာ မူဝါဒအရ တသဘောထားတည်း ဖြစ်ကြောင်း၊ UNFC က အဖွဲ့အားလုံးရဲ့ မဟာ မူဝါဒ သဘောထားအရ စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စုကိုသာ ရရှိရေးသာ ဖြစ်ကြောင်း UNFC အနေနဲ့ နှစ်ခြမ်းကွဲနေတာ မဟုတ်ကြောင်း ၇ှင်းလင်းပြောကြခဲ့ပါသည်။

ဆက်လက်ပြီးလည်း မြန်မာပြည်မှာ ခေတ်အဆက်ဆက်အစိုးရက တိုင်းရင်းသားအပေါ် နိုင်ငံရေး ထိုးစစ်များ ဆင်လာတိုင်း တိုင်းရင်းသားများအနေနဲ့ ဖရိုဖရဲ ဖြစ်ရကြောင်း၊ သို့ဖြစ်ပါ ယခုအခါ လက်ရှိအစိုးရရဲ့ တိုင်းရင်းသား အဖွဲ့များအား နိုင်ငံရေး ထိုးစစ် ဆင်လာမှုများကို သတိထား နေရကြောင်းကိုလည်း ပြောကြားခဲ့ပါသည်။
-UNFC အနေဖြင့် လက်ရှိ မြန်မာ အစိုးရအား....
(၁) ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် အဖွဲ့လိုက်နဲ့ ဦးသိန်းစိန် အစိုးရ တွေ့ဆုံဆွေးနွေးရေး
(၂) အပစ်အခတ် ရပ်စဲရေး လုပ်ကိုင် ရာတွင်လည်း တနေရာချင်း တနေရာချင်း အပစ်အခတ် ရပ်စဲရေးမျိုး မဟုတ်ဘဲ တနိုင်ငံလုံးရှိ တိုင်းရင်းသားဒေသများအား တပြည်လုံးအတိုင်းအတာအနေနဲ့ အပစ်အခတ် ရပ်စဲရေးကိုအစိုးရက တရားဝင် ကြေငြာပေးရေး
(၃)၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး….စတဲ့ အချက်(၃) ချက်ကို ဂျပန်ရောက်  ပြည်ထောင်စုဖွား တိုင်းရင်းသားများအားလုံးအနေနဲ့ လက်ရှိ အစိုးရကို တိုက်တွန်း နှိုးဆော်ပေးကြပါရန်လည်း ပြောကြားသွားခဲ့ပါသည်။

ဆက်လက်ပြီး ကချင်တိုင်းရင်းသားအနေနဲ့ မြန်မာပြည်က အမှန်တကယ်ပင် ချစ်မြတ်နိုးကြောင်း၊ ကချင် တိုင်းရင်းသားများအနေနဲ့ ဗမာ စစ်တပ်နှင့် စတင်၍ တိုက်ပွဲဖြစ်ရခြင်း အကြောင်းရင်းများကို သမိုင်း အထောက်အထားများနှင့်တကွ ရှင်းလင်း ပြောကြားခဲ့ပါသည်။ ယခုကဲ့သို့ ကချင်ဒေသကို ထိုးစစ်ဆင်နေရုံနဲ့ စစ်မှန်တဲ့ အဖြေတခု ထွက်ပေါ်မလာနိုင်ကြောင်းလည်း ပြောကြားခဲ့ပါသည်။

ထို့နောက် ဂျပန်ရှိ  မြန်မာ့ ဒီမိုကရေစီ ကွန်ယက် NDB တွင် ပါဝင်သော အဖွဲ့အစည်းအသီးသီးတို့၏ တာဝန်ခံ ကိုယ်စားလှယ်များနှင့် လည်ကောင်း၊ တက်ရောက်လာသော ပရိသတ်များနှင့်လည်းကောင်း ဧည့်သည်တော်များက မိတ်ဆက်စကားပြောခြင်း အစီအစဉ်ကို ပြုလုပ်ခဲ့ပါသည်။

ထို့နောက် ဧည့်သည်လူကြီးများနှင့် တက်ရောက်လာကြသော ပရိသတ်များ တိုင်းရင်းသားအရေးနှင့် ပါတ်သက်၍ အပြန်အလှန် သိလိုသည်များကို  မေးမြန်းခြင်း၊ ဆွေးနွေးပြောကြားခြင်းများကို ပြုလုပ်ခဲ့ကြပြီး အခန်းအနားကို ရုတ်သိမ်းခဲ့ပါသည်။

သတင်း.......အေးနန္ဒာအောင်
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum

““ခွပ်ဒေါင်းတို့ ပျံလေပြီ””

““ခွပ်ဒေါင်းတို့ ပျံလေပြီ””

ဧပြီ ၂၈၊ ၂ဝ၁၂
ဦးဖြိုးဇေယျာသော်၊ဒေါ်စန္ဒာမင်း၊ ဦးဖြိုးမင်းသိန်းနှင့်ဦးလင်းလင်း တို့လေးဦးကို မင်္ဂလာဒုံလေဆိပ်တွင် တွေ့ရစဉ်

ဒီ/ချုပ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်သစ် သုံးဦးဖြစ်တဲ့ ဒေါ်စန္ဒာမင်း၊ ဦးဖြိုးမင်း သိန်း၊ ဦးဖြိုးဇေယျာသော် (ဇေယျာသော်)နဲ့ တေးသံရှင် လင်းလင်းတို့ လေးဦးဟာ ဒီနေ့ နံနက် ၉း၃ဝ နာရီ တွင် မင်္ဂလာဒုံ လေဆိပ်မှ သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့သို့ ထွက်ခွာ သွားခဲ့ပါတယ်။

သြစတေးလျ နိုင်ငံမှာ လက်ရှိအာဏာရပါတီဖြစ်တဲ့ လေဘာပါတီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ကမ်းလှမ်း ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး ဆစ်ဒနီတက္ကသိုလ် (University of Sydney’s Graduate School of Government) မှာ ဧပြီလ ၃ဝ မှ မေလ ၄ ရက်နေ့ အထိ ဒီ/ချုပ်ပါတီဝင် လေးဦးဟာ နိုင်ငံရေးနှင့် မူဝါဒ ရေးဆိုင်ရာ အကြံပေး သင်တန်းကို တက်ရောက် သင်ကြားလေ့လာမှာ ဖြစ်ပါတယ်။

““ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံကို ပြန်ရောက်ရောက်ချင်း ပုဗ္ဗသီရိမြို့နယ် ကို အမြန်ဆုံးပြန်လာမယ်လို့ ပုဗ္ဗသီရိက မဲဆန္ဒရှင် များကို ပြောခဲ့ပါရစေ”” လို့ ဦးဖြိုးဇေယျာသော်က မထွက်ခွါမီ မင်္ဂလာဒုံ လေဆိပ်မှာ မြန်မာ အင်ဒီပဲန်ဒင့်ကို ပြောကြား ခဲ့ပါတယ်။ ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ ပုဗ္ဗသီရိမြို့နယ်မှာ အကြိတ်အနယ် ယှဉ်ပြိုင် အနိုင်ရခဲ့တဲ့ ဦးဖြိုးဇေယျာသော်ဟာ ပုဗ္ဗသီရိကို လွမ်းဆွတ် နေပုံရပါတယ်။

ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းကတော့ ““ ဒီခရီးစဉ်ဟာ သြစတေးလျ လေဘာပါတီနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အကြား ပထမဆုံး ဖိတ်ကြားခဲ့တဲ့ ခရီးစဉ်ပါ””လို့ မြန်မာ အင်ဒီပဲန်ဒင့်ကို မင်္ဂလာဒုံ လေဆိပ်မှာ ပြောကြားခဲ့တာပါ။

ကချင်ပြည်နယ် တိုက်ပွဲတွေ အဆက်မပြတ် ဖြစ်ပွါးနေ

အစိုးရတပ်က ကေအိုင်အို ဗဟိုဌာနချုပ်ကို အခုရက်ပိုင်းအတွင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့ အပြင် တိုက်ပွဲတွေလဲ အဆက်မပြတ် ဖြစ်ပွါးနေတာကြောင့် ဗဟိုဌာနချုပ်လုံခြုံရေး အတွက် စိုးရိမ် စရာ ဖြစ်နေတယ်လို့ ကေအိုင်အို အရာရှိတွေ က ပြောပါတယ်။

ဒီနေ့ဆိုရင် လက်နက်ကြီးတွေနဲ့ မနက်စောစော ပစ်ခတ် ခဲ့ကြောင်း ကေအိုင်အို ပြောရေး ဆိုခွင့်ရှိသူ ဦးလနန်က ခုလို ပြောပြပါတယ်။

"ဒီနေ့မနက် အစောကြီး တနာရီ ပတ်ဝန်းကျင်မှာ ၁၀၅ မမ ဟောင်ဝင်ဇာ အမြောက်နဲ့ ပစ်တုံးပဲ ကျနော်တို့ရဲ့ ဗဟိုဌာနချုပ်ရဲ့ နယ်မြေအတွင်း ကျရောက်တာတွေရှိတယ် ၂၇ ရက်နေ့ မနက်အစောကြီး ၃နာရီလောက်မှာ လဲ ပစ်တယ် ဗဟိုဌာနချုပ်ရဲ့ တပ်နယ်မြေလို့ ပြောလို့ရတယ် ဗဟိုဌာနချုပ်ရဲ့ အထက်ဖက် တောင်ကုန်းပေါ်မှာ ကျတယ် ဒါပေမဲ့ ၂၆ ရက်နေ့တုံးက ဂန်ဒေါ်ယန်ဘက်ကနေ ၁၀၅ မမ ဟောင်ဝစ်ဇာနဲ့ ပစ်တယ် ကျနော်တို့ရဲ့ ဗဟိုဌာနချုပ် ဒေသဖွံ့ဖြိုးရေး မိုင်ဆတ်ပါ ကျေးရွာမှာကျတယ်။"

Saturday, April 28, 2012

တိုကျိုတွင် ကျင်းပပြုလုပ်သည့် ပထမဆုံယအကြိမ် ကချင်ရိုးရာ မနောပွဲတော်

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ( KUMRUM MANAU ) ကချင်ရိုးရာ မနောပွဲတော်ကို TOKYO TOWER အနီးရှိ ရှိဘပန်းခြံ၌ ၂၀၁၂ ခုနှစ် ဧပြီလ (၂၈)ရက် နံနက် ၁၀း၃၀ နာရီမှ ညနေ ၅း၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့သည် သတင်းဓါတ်ပုံများ ။
သတင်းမှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum/ Thar Htet

ဒုက္ခသည်စခန်း မီးလောင်၊ အဆုံးအရှုံး များပြား

April 28, 2012 

 ဒီနေ့ ထိုင်း-မြန်မာ နယ်စပ်မဲဆောက်မြို့ကနေ ကီလိုမီတာ ၆၀ အကွာမှာရှိတဲ့ မဲလ ဒုက္ခသည်စခန်းက ကော်သူးလေ ကရင်နှစ်ခြင်း အသင်းတော် ကျမ်းစာကျောင်း ကောလိပ် မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

စခန်းရဲ့ ဇုန် စီ (Zone C) ရပ်ကွက်မှာ သီးခြား တည်ရှိတဲ့ ကျောင်းမီးလောင်မှုမှာ ကျောင်းဝင်းထဲရှိတဲ့ ကျောင်းသား ဘော်ဒါ ဆောင်၊ ရုံးခန်း၊ စာသင်ဆောင်၊ ကွန်ပြူတာဌာန အပါအ၀င် အဆောင် ၅ ခု မီးထဲ ပါသွား ခဲ့ပါတယ်။

ထိုင်းဘတ်ငွေ ၂ သန်းကျော်ဘိုး ဆုံးရှုံးသွားတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ကျောင်းသား ၃၀၀ ကျော်ရှိတဲ့ ကျမ်းစာကျောင်း မီးလောင်မှုကြောင့် လူထိခိုက် သေဆုံးတာ မရှိပါဘူး။

ဒီမီး လောင်မှုဟာ ပေါ့ဆမီးကြောင့်ဖြစ်နိုင်တယ် လို့ စခန်းဥက္ကဌစောထွန်းထွန်းက ဆိုသော်ငြားလည်း ကျောင်းတာဝန်ရှိသူတွေကတော့ လျှပ်စစ်မီး ရှော့ဖြစ်တာလို့ ပြောနေကြပါတယ်။

နေ့လည် ၁၂ နာရီခွဲက စလောင်တဲ့ မီးဟာ ၁ နာရီခွဲမှာ မီးငြိမ်းသွားပေမဲ့ ကျောင်းဝင်းကြီး တခုလုံးကတော့ ၁ နာရီအတွင်းမှာ ပြာကျသွားခဲ့တယ် လို့လည်း ရပ်ကွက်မှူး တဦးက ပြောပါတယ်။
မီးလောင်ပြာကျအပြီးမှာ ထိုင်းမီးသတ်ကား ရောက်ရှိလာပါတယ်။

နယ်စပ်က အကြီးဆုံး ဒုက္ခသည် စခန်းဖြစ်တဲ့ မယ်လစခန်း၊ အရပ်အခေါ် ဘဲကလော် စခန်းမှာ လက်ရှိ မြန်မာပြည်သား ဒုက္ခသည် ၅၀,၀၀၀ ခန့် ရှိတယ်လို့ စခန်းဥက္ကဌ အဆိုအရ သိရပါတယ်။

ပန်ဝါတွင် မြန်မာအစိုးရတပ်နှင့် KIA ကြား တိုက်ပွဲဖြစ်နေဆဲ

28 April 2012

ယခင် ကချင်ဒီမိုကရေစီသစ် တပ်မတော် (NDA-K) ဌာနချုပ် ပန်ဝါ တွင် မြန်မာအစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေး တပ်ဖွဲ့(KIA) ကြား တိုက်ပွဲများ ဆက်ဖြစ်နေဆဲ ဖြစ်ကြောင်း ပန်ဝါမှ လာသော သတင်းများ ဆိုသည်။

ဧပြီ ၂၆ ရက်နေ့ KIA တပ်ဖွဲ့များ ပန်ဝါမြို့ကို ၀ိုင်းထားရာမှ မြန်မာ့ တပ်မတော်လက်အောက်  နယ်ခြားစောင့်တပ် (ယခင် NDA-K) နှင့် တိုက်ပွဲများ ဖြစ်လာခြင်း ဖြစ်သည်။ တရုတ်နယ်စပ် ပန်ဝါမြို့အား ဧပြီ ၂၈၊ စနေနေ့မနက်ပိုင်းတွင် KIA မှ ၀င်ရောက်သိမ်းပိုက်ထားပြီး၊ KIA စစ်သား ၈ ဦးလည်း ကျဆုံးသည်ဟု  Jinghpaw Kasa blog (http://www.jinghpawkasa.blogspot.com) က ဖော်ပြသည်။

သို့သော် ပန်ဝါသို့ မြစ်ကြီးနား အခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ လက်နက်များ ရဟတ်ယာဉ်ဖြင့် သယ်ပို့ပေးနေခြင်းကြောင့် တိုက်ပွဲများ ဆက်ဖြစ်နေဆဲ အခြေနေဖြစ်သည်ဟု KIA ဗဟိုဌာနချုပ် လိုင်ဇာမှ အရာရှိများ ဆိုသည်။ တိုက်ပွဲကြောင့် ပန်ဝါရှိ ပြည်သူများနှင့် အစိုးရ၀န်ထမ်းများ တရုတ်နယ်စပ်သို့ ထွက်ပြေး နေကြသည်ဟု ပန်ဝါ သတင်းရပ်ကွက်က ဆိုသည်။

သတင်းရင်းမြစ် - ကချင်သတင်းဌာန

UNFC တိုင်းရင်းသား ခေါင်းဆောင်များ ဆွေးနွေးဟောပြောပွဲအခမ်းအနား ဖိတ်ကြားခြင်း

ဂျပန်ရောက် မြန်မာ့အရေး လှုပ်ရှားသူများ ခင်ဗျား

ဂျပန်နိုင်ငံသို့ ခေတ္တရောက်ရှိလာသော UNFC ကိုယ်စားလှယ် တိုင်းရင်းသား ခေါင်းဆောင်များတို့မှ အနာဂတ် ဖက်ဒရယ် ပြည်ထောင်စုအရေးနှင့် လက်ရှိမြန်မာနိုင်ငံရေး အခြေအနေများကို ရှင်းလင်းပြောဆိုခြင်းနှင့် ဆွေးနွေးခြင်းများ ပြုလုပ်မည် ဖြစ်ပါ၍ အောက်ပါ အစီအစဉ်အတိုင်း တက်ရောက် ပေးကြပါရန် လေးစားစွာ ဖိတ်ကြား အပ်ပါသည်။

နေ့ရက် ။ ဧပြီလ ၂၉ ရက် (တနင်္ဂနွေနေ့)
အချိန် ။ နေ့လည် ၁ နာရီမှ ၃ နာရီအထိ
နေရာ ။ Ochiai Daiichi Chiiki Center
4-6-7 Shimo-Ochiai, Shinjuku-ku, 03-3951-9196

UNFC ကိုယ်စားလှယ်များ တိုကျိုခရီးစဉ်နှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်


၂၀၁၂ ခုနှစ် ဧပြီလ ၂၇ ရက်။

ဂျပန်နိုင်ငံသို့ ရောက်ရှိလာသော ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ တိုင်းရင်းသား ခေါင်းဆောင် UNFC ကိုယ်စားလှယ် တိုသည် ယနေ့ ၂၇ ရက် နေ့တွင် တိုကျို Yurakucho ရှိ The Foreign Correspondents' Club of Japan နိုင်းငံခြားသတင်းထောက်များ အသင်းရုံး၌ ဂျပန်ခရီးစဉ်နှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲတရပ်ကို  ညနေ ၃း၀၀ နာရီမှ ၄း၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့သည့် သတင်းမှတ်တမ်း ဓါတ်ပုံများဖြစ်ပါသည်။

သတင်းမှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum

Friday, April 27, 2012

နောက်ကြောင်းပြန်လှည့်ရင် အမေရိကန် အရေးယူမှုတွေ ပြန်လုပ်နိုင်

 အမေရိကန် ပြည်ထောင်စုအနေနဲ့ ကတိပြုထားတဲ့အတိုင်း မြန်မာနိုင်ငံရဲ့ ဖြစ်ထွန်းတိုးတက်မှု  တချက်ခြင်းအပေါ်မှာ လုပ်ရပ်တခုချင်းအလိုက် တုံ့ပြန် ကိုင်တွယ်နေတယ် လို့ နိုင်ငံခြားရေးဌာန အဆင့်မြင့် အရာရှိတဦးက ပြောပါတယ်။ ဒီလိုဖြစ်ထွန်းမှုတွေ နောက်ကြောင်း ပြန်လှည့်သွားရင်လည်း၊ အရေးယူမှု လျှော့ပေါ့ထားတာတွေ ချက်ခြင်းဆိုသလို ပြန်လည် တင်းကျပ်နိုင်တဲ့ အနေအထားမှာ အသင့်ရှိနေတယ်လို့လည်း ပြောပါတယ်။ အခုအခြေအနေအရတော့ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာလူထုအပေါ် အကူအညီတွေ ထိထိရောက်ရောက် ပေးနိုင်တော့မယ်လို့လည်း အမေရိကန်တာဝန် ရှိသူတွေက ပြောပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက တင်ပြပေးပါမယ်။

မနေ့က ပြုလုပ်တဲ့ အမေရိကန်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေးကော်မတီရဲ့ မြန်မာ့အရေး ကြားနာမှုမှာ အမေရိကန်ပြည်ထောင်စု အစိုးရပိုင်းက ပုဂ္ဂိုလ်တွေ တက်ရောက်ပြီး လက်ရှိ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဆောင်ရွက်ချက်တွေ မျှော်မှန်းထားချက်တွေကို လွှတ်တော်တာဝန်ရှိသူတွေကို ရှင်းပြသွားတာပါ။ အထူးသဖြင့် မြန်မာ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကြောင့် အမေရိကန် ပြည်ထောင်စုရဲ့ မြန်မာအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ ဘယ်လို ရှေ့ဆက် ဆောင်ရွက်သွားမလဲ ဆိုတာနဲ့ပတ်သက်လို့ အထက် လွှတ်တော်ကနေ အမေရိကန် အစိုးရပိုင်း တာဝန်ရှိသူတွေနဲ့ မြန်မာ့အရေး ကျွမ်းကျင်သူတွေကို ခေါ်ယူ ကြားနာ စစ်ဆေး မေးမြန်းတဲ့ပွဲဖြစ်ပါတယ်။ လက်ရှိ အစိုးရပိုင်းအနေနဲ့ကတော့ ကတိပြုထားတဲ့အတိုင်း မြန်မာနိုင်ငံရဲ့ ဖြစ်ထွန်းမှုတွေအပေါ် တဆင့်ပြီးတဆင့် အရေးယူမှုတွေ လျှော့ချသွားပြီး၊ ပြုပြင်ပြောင်းလဲမှုတွေ အရှိန်အဟုန်ကောင်းလာရေး ပူးပေါင်းဆောင်ရွက်သွားဖို့ စီစဉ်ထားတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန အာရှပစိဖိတ်ဆိုင်ရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက် ယွန်းက ပြောသွားပါတယ်။

“ပြီးခဲ့တဲ့နှစ်ကစပြီး မြန်မာနိုင်ငံ အပြောင်းအလဲတွေအပေါ်မှာ အခိုင်အမာ အခြေအနေတွေနဲ့ ကျနော်တို့ တုံ့ပြန် ဆက်ဆံခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်ကုန်ပိုင်း နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ရဲ့ သမိုင်းဝင် မြန်မာနိုင်ငံခရီးစဉ် အတွင်း မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုတွေ ကို ထောက်ခံကြောင်းနဲ့ လုပ်ရပ် တခုချင်းအပေါ်မှာ မဟာဗျူဟာကျကျ တုံ့ပြန်သွားမယ် ဆိုတာကို ရှင်းရှင်းလင်းလင်း ချပြခဲ့ပါတယ်။

တကမ္ဘာလုံး ကျွန်းသစ် သစ်တောရဲ့ တ၀က်နီးပါး ပိုင်ဆိုင်ထား။



တကမ္ဘာလုံးမှာ သဘာဝ ကျွန်းသစ် သစ်တော ပြုန်းတီးမှု များလာနေပြီး မြန်မာနိုင်ငံဟာ တကမ္ဘာလုံး ကျွန်းသစ် သစ်တောရဲ့ တ၀က် နီးပါးလောက် ပိုင်ဆိုင်ထားဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ကုလသမဂ္ဂ စိုက်ပျိုးရေး နဲ့ စားနပ်ရိက္ခာအဖွဲ့က ပြောပါတယ်။

တကမ္ဘာလုံးမှာ သဘာဝ ကျွန်းသစ်သစ်တော အကျယ်အ၀န်း ဟက်တာ ၂၉ သန်း ရှိပြီး၊ တ၀က်နီးပါး လောက်ဟာ မြန်မာနိုင်ငံမှာ ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဟာ အကောင်းဆုံး ကျွန်းသစ် အမျိုးအစား ထွက်ရှိတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

၁၉၉၂ ခုနှစ်ကနေ ၂၀၁၀ ခုနှစ် ကိုးနှစ်တာ ကာလအတွင်း တကမ္ဘာလုံးမှာ သဘာဝ ကျွန်းသစ် သစ်တောပြုန်းတီးမှု အကျယ်အ၀န်း သုံးသိန်း ရှစ်သောင်း ငါးထောင် ဟက်တာ ရှိတယ်လို့လည်း FAO က ပြောပါတယ်။

အာရှတိုက်ဟာ တကမ္ဘာလုံးရဲ့ ကျွန်းသစ် သစ်တော အကျယ်အ၀န်းရဲ့ ၉၀% ရှိတဲ့ ဒေသလည်း ဖြစ်ပါတယ်။
 
by; RFA Burmese

မြန်မာ့နိုင်ငံရေး အကြပ်အတည်းကြီးတခု ကြုံရတော့မယ့် အနေအထား ရောက်နေပြီဟု ဦးဝင်းတင် ဆွေးနွေး။

ကျမ်းသစ္စာ ကျိန်ဆိုခြင်းနှင့် လက်ရှိအခက်အခဲ အပေါ် ဦးဝင်းတင် နှင့် စကားပြောခြင်း
ဝါရင့် နိုင်ငံရေးသမားများအဖွဲ့က ဦးထွေးမြင့်က RFA တယ်လီဖုန်း လိုင်းပေါ်ကတဆင့် ဆရာဦးဝင်းတင်နဲ့ တိုက်ရိုက် ပြောဆိုထားတာကို နားဆင်နိုင်ပါတယ်။
Copy from -rfa.org/

ရှင်မဖြူကျွန်း နားက သဘာဝ ဓါတ်ငွေ့ လုပ်ကွက် ၂ ခုဟာ ဘင်္ဂလားဒေ့ရှ် ရေပိုင် နက်ထဲမှာမပါ

 
မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ရေပိုင်နက် အငြင်းပွားခဲ့တဲ့ St. Martin ကျွန်း မြန်မာအခေါ် ရှင်မဖြူကျွန်း နားက သဘာဝ ဓါတ်ငွေ့ လုပ်ကွက် ၂ ခုဟာ ဘင်္ဂလားဒေ့ရှ် ရေပိုင် နက်ထဲမှာ မရှိပဲ၊ မြန်မာ ရေပိုင်နက်ထဲမှာသာ ရှိကြောင်း ကုလသမဂ္ဂ နိုင်ငံတကာ ရေပိုင်နက် တရားရုံး ITLOS က ဆုံးဖြတ် လိုက်ပါတယ်။

သဘာဝဓါတ်ငွေ့ လုပ်ကွက် A1 နဲ့ A3 ၂ ခုစလုံး ဟာ မြန်မာ့ရေပိုင်နက် အတွင်းမှာသာ ဖြစ်ပြီး ၂ခုပေါင်း ထွက်ရှိနိုင်တဲ့ သဘာဝဓါတ်ငွေ့ပမာဏ ဟာ ကုဗပေ ၆ တရီလီယမ် ရှိပါတယ်။ အဲဒီ လုပ်ကွက် ၂ ခုစလုံးမှာ အိန္ဒိယအစိုးရပိုင် GAIL India ကုမ္ပဏီက ရင်းနှီးမြှပ်နှံမှု ပမာဏ ၂၅ ရာခိုင်နှုန်း ရှိတယ်လို့ ဆိုပါတယ်။

A1 လုပ်ကွက်ကို ရွှေလို့ အမည်ပေးထားပြီး A3 လုပ်ကွက်ကို ရွှေဖြူလို့ အမည် ပေးထားပါတယ်။ လာမယ့် ၂၀၁၃ ခုနှစ်မှာ အဲဒီ လုပ်ကွက် ၂ ခုကနေ တရက်ကို သဘာဝဓါတ်ငွေ့ ကုဗပေ သန်း ၂၀၀ တင်ပို့ရောင်းချ နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်အတွင်းက အဲဒီ A1 နဲ့ A3 လုပ်ကွက်နားမှာ မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ် ပိုင်ဆိုင်မှု အငြင်းပွားပြီး စစ်ရေးအရ တင်းမာလာခဲ့ရာမှာ ဘင်္ဂလားဒေ့ရှ်က ရေတပ် သင်္ဘောတွေ စေလွှတ် ခဲ့တဲ့အတွက် မြန်မာအစိုးရနဲ့ ပူးတွဲဖက်စပ် လုပ်နေတဲ့ ဒေ၀ူးကုမ္ပဏီ လုပ်ငန်းတွေ St. Martin ကျွန်း အနီးကနေ ရုပ်သိမ်း ပေးခဲ့ရပါတယ်။
သစ်ထူးလွင် 
 
Copy from - RFA Burmese

အခွန်ထမ်း ပြည်သူတွေအား မောက်မာစွာ ဆက်ဆံပြီး စနစ်ဟောင်းကို ဖက်တွယ်ထားတဲ့ စင်္ကာပူရှိ မြန်မာ သံရုံးဝန်ထမ်းတို့ကို အရေးယူဖို့လိုပြီ။

ဧပြီလ၂၃ ရက်နေ့က မြန်မာသံရုံးရှေ့တွင် အခွန်ပေးဆောင်ရန်အတွက် တန်းစီ( Photo- Khin Kayalah Soe )

စင်ကာပူနိုင်ငံ မြန်မာသံရုံး (Pls share this note if you think it is not fair )
by Ei Chaw Sanon Thursday, April 26, 2012 at 9:21am

မြန်မာ မီဒီယာ အသိုင်းအ၀ိုင်းနှင့် ဂုဏ်သိက္ခာရှိ မြန်မာအမှုထမ်း အရာထမ်းများရှင့် ကျွန်မ စင်ကာပူနိုင်ငံ တွင် ကွန်ပျူတာပညာဖြင့် အလုပ်လုပ်ကိုင်လျက်ရှိတဲ့ မြန်မာ အမျိုးသမီးတစ်ဦးပါရှင်။

စင်ကာပူနိုင်ငံတွင် မြန်မာလူမျိုး အများစုကြုံတွေ့နေရတဲ့ ဒုက္ခတစ်ချို့နှင့် မြန်မာလူမျိုးများကို ကာကွယ်ခြင်း ကူညီခြင်း မရှိတဲ့ စင်ကာပူနိုင်ငံ မြန်မာသံရုံးအကြောင်း ပြောပြချင်ပါတယ်ရှင်။

ရှေးဦးစွာ သံရုံးသို့ ဖုန်းခေါ်ခြင်း အကြောင်းကို ပြောပြချင်ပါတယ်။ မြန်မာလူမျိုးများ အကြောင်း ကိစ္စကြီးငယ် ရှိသည်ဖြစ်စေ စုံစမ်း မေးမြန်းစရာရှိသည်ဖြစ်စေ သံရုံးကို ဆက်သွယ် မေးမြန်းနိုင်ကြောင်း အွန်လိုင်း Website များတွင် ဖော်ပြထားသော်လည်း အမှန်တကယ်တွင် မည်သူကမျှ အရေးတယူ ဖြေကြားခြင်းမရှိပါဘူးရှင်။ အကြောင်းကြီးငယ်ရှိပါက မိမိအလုပ်အကိုင်ကို ဖျက်ကာ သံရုံးကို ကိုယ်တိုင် သွားရပါတယ်။ သို့သော် ကောင်းမွန်ပျူငှါသော ဆက်ဆံရေးကိုမူ မည်သည့်အခါမျှ မျှော်လင့်၍မရနိုင်ပါ။

လွန်ခဲ့သည့် ၂ နှစ်ခန့်က သံရုံးသို့ ဖုန်းခေါ်သည့် အတွေ့အကြုံနှင့် လွန်ခဲ့သည့် တစ်လခန့်ကသံရုံးဖုန်း

UNFC ကိုယ်စားလှယ်များ နိုင်ငံခြားရေးဌာနနှင့် လွတ်တော်ရုံးသို့ သွားရောက်တွေ့ဆုံ

၂၀၁၂ ဧပြီလ ၂၆ ရက်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနနှင့် ဂျပန်လွတ်တော် အမတ်များတို့ကို သွားရောက်တွေ့ဆုံခဲ့ကြပါသည်။
ဂျပန်အစိုးရမှ မြန်မာနိုင်ငံသို့ ODA အကူအညီပေးရာတွင် နှစ်ပေါင်း ၆၀ ကျော်ကြာ ပြည်တွင်းစစ် ဒဏ်ကြောင့် စစ်ဘေးဒဏ်ခံခဲ့ကြရသည့် တိုင်းရင်းသား လူမျိုးများ နေထိုင်ရာ ဒေသများ၌ လူသားခြင်း စာနာသည့် အကူညီအဖြစ် ပညာရေး ကျမ္မာရေး စိုက်ပျိုးရေး အကူအညီများတို့ကို အစိုးရများမှတဆင့် မဟုတ်ပဲ NGO များ ပြည်သူမှ ပြည်သူထံတို့ ကူညီပေးဖို့ ဆွေးနွေးခဲ့ကြပါသည်။
ဂျပန်အစိုးရမှ မြန်မာအစိုးရအား ပေးအပ်သည့် ODA အကူအညီကို အခြေခံပြီး စစ်မှန်သည့် အပြောင်းအလဲ ဖြစ်အောင် တိုက်းတွန်းပေးဖို့နဲ့ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန်အတွက် ဂျပန်အစိုးရမှ ငြိမ်းချမ်းရေး အကျိုးဆောင်အဖြစ် ကြားဝင် ဆောင်ရွက်ပေးဖို့ကိုလည်း တိုက်တွန်း ပြောဆိုသွားခဲ့ကြကြောင်း  သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo

Thursday, April 26, 2012

လယ်သိမ်းခံ လယ်သမား ၆ဝ ကျော် ရန်ကုန် အိုးအိမ်ဌာနရှေ့စုဝေး

ရန်ကုန်တိုင်း အတွင်းရှိ လှိုင်သာယာ၊ မဂင်္လာဒုံ၊ ဆိပ်ကြီးခနောင်တိုနဲ့ သဃင်္န်းကျွန်း မြို့နယ်တွေထဲက လယ်မြေ အသိမ်းခံထားရတဲ့ လယ်သမား အယောက် ၆၀ ကျော်ဟာ ဒီနေ့ မနက်ပိုင်းက ဗိုလ်ချုပ်အောင်ဆန်းလမ်း ပေါ်မှာရှိတဲ့ မြို့ရွာနဲ့ အိုးအိမ်ဦးစီးဌာန ရုံးရှေ့မှာ စုဝေး ခဲ့ကြပါတယ်။

လယ်မြေ အသိမ်းခံရတဲ့ လယ်သမားတွေအရေး ကြားဝင် ဆောင်ရွက်ပေးနေတဲ့ မတူကွဲပြားခြင်းနဲ့ငြိမ်းချမ်းေ​ရး ပါတီဥက္ကဋ္ဌ ဦးနေမျိုးဝေနဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက တသီးပုဂ္ဂလ ဝင်ပြိုင်ခဲ့ဖူးတဲ့ ဦးဝင်းချိုတို့ အပါအဝင် မြို့နယ် ၄ ခုက လယ်သမားတွေဟာ အိုးအိမ် ဦးစီးရုံးရှေ့မှာ စုဝေးခဲ့ပြီး အသိမ်းခံထားရတဲ့ လယ်မြေတွေကိစ္စ ဘယ်သူက ဆောင်ရွက် ပေးမှာလဲလို့ မေးခွန်း ထုတ်ခဲ့ကြတာပါ။

လယ်သမား ၅၀၀ ကျော်ပိုင် လယ်ဧက ထောင်နဲ့ချီ အသိမ်း ခံထားရတာကို သက်ဆိုင်ရာ တာဝန်ရှိသူတွေထံ အကြိမ်ကြိမ် တင်ပြခဲ့တာ အကြောင်းမထူးလို့ စုဝေး ဖြစ်ခဲ့တဲ့ အကြောင်း ဦးနေမျိုးဝေက ပြောပါတယ်။

“စုဝေးတာကတော့ တနိုင်ငံလုံးမှာ ရှိတဲ့ မြေယာ မှုခင်းတွေထဲပါတဲ့ သုံးလေးရွာလောက်က လယ်သမားတွေပါ။ နောက်ပြီး အိုးအိမ်ကို မေးတဲ့ အကြောင်းရင်း ခေါင်းစဉ်ကတော့ ဒီ အုပ်ချုပ် လုပ်ကိုင်မှုတွေက ဘယ်သူ့ရဲ့ စီမံခန့်ခွဲမှု အောက်မှာ ရှိသလဲဆိုတာပဲ မေးတာပါ။ အဓိက က ဘာလဲဆိုတော့ ကျနော်တို့ အဲဒီမြေယာ မှုခင်းတွေ အကုန်လုံးကို ကျနော်တို့ နည်းမျိုးစုံ တင်ပြထားပြီးပြီ။ အချက်အလက်အစုံနဲ့ လွှတ်တော်ထဲလည်း ပို့ပြီးပြီ။ အုပ်ချုပ်ရေးဘက်တွေကိုလည်း ပို့ပြီးပြီ။ အဲဒါကို သူတို့က မလုပ်တဲ့အတွက် ကျနော်တို့က လူသိရှင်ကြား လုပ်တာပါပဲခင်ဗျ။”

ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ဆေးရုံကြီးကိုသွား

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဟာ ရန်ကုန်မြို့ ပြည်သူ့ဆေးရုံကြီးအတွင်းက ဦးနှောက်နှင့် အာရုံကြော ဆေးရုံမှာ ခွဲစိတ်ကုသမှု ခံယူနေတဲ့ မအိပပဖြိုးကို ဧပြီလ ၂၅ ရက်နေ့ နေ့လည် ၁၁ နာရီ ခွဲက သွားရောက် တွေ့ဆုံပြီး အားပေးစကား ပြောခဲ့ပါတယ်။


အသက် ၁၂ နှစ်အရွယ်သာ ရှိသေးတဲ့ ဧရာဝတီတိုင်း မြန်အောင်မြို့နယ် စာဖြူစု ကျေးရွာသူ မအိပပဖြိုဟာ ဦးနှောက်နဲ့ အာရုံကြော ဝေဒနာ ခံစား နေရသူဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဧရာဝတီတိုင် ပါတီ စည်းရုံးရေး သွားရောက်စဉ် တွေ့ဆုံခဲ့ရာက တာဝန်ယူ ခွဲစိတ်ကုသဖို့ စီစဉ်ပေးခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်က မအိပပဖြိုးအတွက် အစားအသောက်အချို့ ကိုလည်း သွားရောက် တွေ့ဆုံရင်း လှူဒါန်းခဲ့တာပါ။

တဆက်ထဲမှာလည်း မအိပပဖြိုးရဲ့ မိခင်နဲ့လည်းတွေ့ဆုံပြီး အားပေးစကား ဆိုခဲ့သလို ခွဲစိတ် ဆရာဝန်တွေ သူနာပြု ဆရာမတွေ နဲ့လည်း တွေ့ဆုံပါသေးတယ် ခင်ဗျာ။

Copy from -Burma VJ

ထွက်ပေါက်မရှိသည့် နိုင်ငံရေးလမ်းစဉ်ဖြစ်အောင် NLD မလုပ်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော် ကိုယ်စားလှယ် ကျမ်းကျိန်လွှာ စကားရပ် ပြင်ဆင်ပေးရေးသည် ထိပ်တိုက် ရင်ဆိုင်ရေးနှင့် ထွက်ပေါက် မရှိသည့် နိုင်ငံရေးဖြစ်စဉ်သို့ ရောက်ရှိအောင် လုပ်ဆောင်သည်ဆိုသော ပြောဆိုမှုများကို ပယ်ချလိုက်ပြီး ပူးပေါင်း ဆောင်ရွက်မှုဖြင့် မကြာမီ ပြေလည် သွားမည်ဟု ပြောဆိုလိုက်သည်။

ယနေ့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်တွင် အီတလီ နိုင်ငံခြားရေးဝန်ကြီး Mr. Giulio Terzi di Sant’Agata နှင့် တွေ့ဆုံအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောဆို လိုက်ခြင်းဖြစ်သည်။

“ကျမတို့က ကျမ်းကျိန်လွှာ ပြဿနာကို ထွက်ပေါက်မရှိတဲ့ နိုင်ငံရေး လမ်းစဉ်အထိ၊ ကျယ်ကျယ်ပြန့်ပြန့်  ဖြစ်လာတဲ့အထိ တွန်းပို့နေတာ မဟုတ်ဘူး။ ဒီကိစ္စက လုပ်ထုံးလုပ်နည်းဆိုင်ရာ အခက်အခဲ တခုဖြစ်တယ်။ နိုင်ငံရေးပြဿနာ မဟုတ်ဘူး။ မကြာခင် ပြေလည်သွားပါလိမ့်မယ်။ ကျမအနေနဲ့ အားလုံးက သဘောတူ ရမယ်ဆိုတာမျိုး စိတ်တူကိုယ်တူ ဖြစ်ရမယ်လို့ မဆိုလိုဘူး။ ဒါက ဒီမိုကရေစီပဲ။ ကျမ ထောက်ခံသူတွေကို ပြောချင်တာက ဒါက သိပ်မကြာခင် ပြေလည်သွားမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အစိုးရသည် NLD ရွေးကောက်ပွဲ ၀င်နိုင်ရေးအတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ ရွေးကောက်ပွဲ ဥပဒေများတွင် ဖွဲ့စည်းပုံအခြေခံကို ထိန်းသိမ်းကာကွယ် စောင့်ရှောက် ပါမည်ဆိုသော စကားရပ်အစား လေးစား လိုက်နာပါမည်ဟု ပြင်ဆင် ပေးထားပြီးဖြစ်ကြောင်း၊ ယင်းပြင်ဆင်ချက်နှင့် ကျမ်းကျိန်လွှာသည် လိုက်လျောညီထွေ ဖြစ်ရမည်ဖြစ်ကြောင်း၊ ယခုကိစ္စသည် သာမန် လုပ်ထုံးလုပ်နည်းဆိုင်ရာ ပြဿနာ (Technical problem) တခုမျှသာ ဖြစ်ကြောင်း ၄င်းက ဆိုသည်။

ထောင်တွင်းသို့ သွင်းယူရန် ကြိုးပမ်းခဲ့လို့ တရားစွဲခံခဲ့ရဖူးတဲ့ သက်သေခံ ပစ္စည်း

 
ကျနော် အကျဉ်းကျနေစဉ် ထောင်တွင်းသို့ သွင်းယူရန် ကြိုးပမ်းခဲ့လို့ တရားမ၀င် ပစ္စည်း သွင်းယူရန် ကြိုးပမ်းမှုနဲ့ တရားစွဲခံခဲ့ရဖူးတဲ့ သက်သေခံ ပစ္စည်း ဗိုလ်ချုပ်အောင်ဆန်း ပုံပါ အကျီနဲ့ ဓါတ်ပုံ စတစ်ကာ လေးတွေ ရင်ထိုးလေးတွေကို မနေ့က အင်းစိန် တရားရုံးကနေ သွားပြန် ယူလာပါတယ်။

တရားရုံးက တရားရေး ၀န်ထမ်းတွေက ကျနော့်ကို တွေ့တွေ့ချင်း ၀မ်းသာအားရ ဖြစ်ကုန်ကြပါတယ်။ ဒီပုံလေးတွေ ဒီ တံဆိပ်လေးတွေကို လိုချင်နေတာ တရားစွဲ အမှုအခင်းကနေ အပြီးပြတ် လွှတ်လိုက်တဲ့ နေ့ကတည်းကပါတဲ့။ သူတို့ချစ်တဲ့ ဗိုလ်ချုပ် ပုံလေးတွေကို အခုလို သက်သေ အဖြစ်သိမ်းဆည်း ထားရတာကို သူတို့လည်း မလိုချင်ပါဘူးတဲ့။ ကျနော့်ဖုန်းကိုလည်း မသိတော့ ဆက်သွယ်လို့ မရဖြစ်နေတာ အခု ၀မ်းသာ သွားကြပါတယ်တဲ့။

ဒါနဲ့ပဲ သက်သေခံ ပစ္စည်း ပြန်ထုတ်ခွင့် ပုံစံကို အမြန်ဖြည့်ပြီး တရားသူကြီးကလည်း ချက်ချင်း လက်မှတ်ထိုးပေးပါတယ်။ အားလုံး ပြုံးပျော်ရွှင်နေကြပုံပါ။ ပစ္စည်းတွေ စစ်ပြီးတာနဲ့ တရားရေး ၀န်ထမ်း မမ ညီမ များက သူတို့ မြတ်နိုးတဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံ၊ အမေစု ပုံလေးတွေကို ပေးပါလို့ တောင်းပါတယ်။

ဒါနဲ့ပဲ ကျနော် တရားရုံး ကော်ရစ်ဒါမှာပဲ ကျနော့်ဆီကနေ တရားမ၀င် ပစ္စည်းအဖြစ် အကျဉ်းထောင် ပိုင် ဦးသက်ရှည် က တရားစွဲ တင်သွင်းထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံပါ ရင်ထိုးလေးတွေ နဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံပါ သော့ချိတ်ကလေးတွေ ဓါတ်ပုံလေးတွေ စတစ်ကာလေးတွေကို တရားရေး ၀န်ထမ်း တွေဆီ မျှဝေပေးလိုက်ပါတယ်

ခေတ် ပြောင်းခဲ့ပြီလေ။ စနစ်ဟောင်း က လွန်မြောက်ခဲ့ပြီလေ။ ဒါပေမယ့် လောလောဆယ်တော့ လွှတ်တော်တွင်းက တိုင်းပြည် အနာဂတ် ရှုမြင် ကြည့်မျှော်သူနဲ့ လတ်တလော တာတိုကိုပဲ ကွက်မြင်သူတို့ လွန်ဆွဲပွဲက ဇာတ်ရှိန်အမြင့်ဆုံးကို ရောက်နေတော့ ဘုရားပဲ တ ရမလို၊ ရင်တထိတ်ထိတ်တော့ ဖြစ်နေမိတယ်။ လူကြီးလူကောင်းတွေ အနာဂတ် သားကောင်းတွေ ပြည်သူ့ ကိုယ်စားလှယ်ကြီးတွေ မျက်စိတဆုံး ရှုမျှော်တွေးဆ နိုင်ကြပါစေဗျာ။
 
by: Nay Myo Zin

"အရက်တွေမူးပြီးတော့ အချစ် နယ်ကျွံတာ က မှ ပြဿနာ"

အဝတ်အစား ကို ပေါင်ပဲပေါ်ပေါ်၊ ချက်ပဲပေါ်ပေါ် ဝတ်ချင်သလို ဝတ်ပါ စေ။ အဲလိုဝတ်တာက ပြဿနာမဟုတ် သေးဘူး။ အရက်တွေမူးပြီးတော့ အချစ် နယ်ကျွံတာ က မှ ပြဿနာ
From :The Voice

 သင်္ကြန်တွင်း အရေးပေါ် သန္ဓေတားဆေးများ အရောင်းမြင့် နှစ်သစ်ကူးကာလ သင်္ကြန်ရက်များတွင် အရေးပေါ် သန္ဓေတားဆေးများ ရောင်းအားသုံး၊ လေးဆခန့်အထိ မြင့်တက်ခဲ့ကြောင်း ရန်ကုန်မြို့တော် အတွင်းရှိ ဆေးပစ္စည်း အရောင်းဆိုင်များထံမှ စုံစမ်းသိရှိရသည်။ "ပုံမှန် တစ်ရက်ကို ဆေးကတ် လေးကတ် လောက် ရောင်းရတယ်ဆိုရင် သင်္ကြန် ရက်အတွင်း ၁၆ ကတ်၊ ၁၈ ကတ်လောက် ရောင်းရတယ်" ဟု အနော် ရထာ လမ်းမပေါ်ရှိ ဆေးပစ္စည်းအရောင်း ဆိုင်တစ်ဆိုင်မှ အသက် ၃၀ အရွယ် အမျိုးသား တစ်ဦးက ပြောကြားသည်။

"ဆေးလာဝယ်တာ အသက် ၂၀ ကျော် အရွယ်တွေ အများဆုံးပဲ" ဟု အနော်ရထာ လမ်းမကြီးနှင့် ၃၆ လမ်း အနီးရှိ ဆေးဆိုင် တစ်ဆိုင်မှ အမျိုး သား တစ်ဦးက ဆိုသည်။ မြန်မာအမျိုးသမီးများ ရိုးရာ ယဉ်ကျေးမှုနှင့်အညီ ဝတ်စားဆင်ယင်ခြင်း မရှိတော့ဘဲ လူအများ အမြင် မသင့်လျော် သော ဝတ်စား ဆင်ယင်ပုံပြောင်းလဲလာ ကြောင်း အမျိုးသမီးအချို့ကဆိုကြသည်။

"ဝတ်တာစားတာတွေ အရမ်းရိုင်း လာကြတယ်" ဟု သင်္ကြန်တွင်းမဏ္ဍပ် ၌ ရေကစားခဲ့သော အမျိုးသမီးတစ်ဦး က ပြောကြားသည်။ "အဝတ်အစား ကို ပေါင်ပဲပေါ်ပေါ်၊ ချက်ပဲပေါ်ပေါ် ဝတ်ချင်သလို ဝတ်ပါ စေ။ အဲလိုဝတ်တာက ပြဿနာမဟုတ် သေးဘူး။ အရက်တွေမူးပြီးတော့ အချစ် နယ်ကျွံတာ က မှ ပြဿနာ" ဟု ကမာရွတ် မြို့နယ် ရွာမကွေ့မှ အသက် ၃၀ အရွယ် အမျိုးသား တစ်ဦးက သုံးသပ်သည်။ အနောက်တိုင်းနှင့် ကိုရီးယား ရုပ်ရှင် များကြည့် ကာ မိမိနိုင်ငံ ယဉ်ကျေးမှုနှင့် မကိုက်ညီသော ယင်းနိုင်ငံများ၏ လူနေမှုပုံစံ ယဉ်ကျေးမှုများကို မြန်မာ လူငယ်များ၊ လူမျိုးများ အတုခိုး၍ လုပ်ဆောင် လာကြခြင်း၊ သင်္ကြန်ရက် အတွင်း အရက်သေစာ၊ မူးယစ်ဆေးဝါး များ သုံးစွဲခြင်းများကြောင့် ယင်းသို့ မဖြစ်သင့်သော ပြဿနာရပ်များ ပေါ်ပေါက် လာခြင်းဖြစ်ကြောင်း အင်းစိန် မြို့နယ် သီရိစန္ဒာ ဆေးရုံမှ ဒေါက်တာ မြင့်ဦးက ပြောကြားသည်။

ယင်းသို့ အချစ်နယ်ကျွံကြသူများ တွင် ခေတ်ပညာတတ်သော အမျိုးသမီး များ မပါဝင်နိုင်ကြောင်း၊ ကာရာအိုကေ၊ ကေတီဗီ အစရှိသော လုပ်ငန်းများမှ ထိတွေ့ဖူးသော အမျိုးသမီးများဖြစ်နိုင် ကြောင်း၊ သင်္ကြန်ရက် အတွင်းတွင် အဝတ်အစား ဝတ်ဆင်ကြရာ၌ ပုံမှန် ဝတ်ဆင်ခြင်းမျိုး မဟုတ်၍ လိင်ဖောက် ပြန် မှု ပြဿနာများကို ပိုမိုဖြစ်ပွားနိုင် ကြောင်း အထက်ပါပုဂ္ဂိုလ်က သုံးသပ်သည်။ "သင်္ကြန်ရက်ဆိုရင် မူးယစ်ဆေး ဝါးတွေသုံးစွဲ၊ အရက်တွေသောက်ပြီးတော့ ကချင်သလိုက၊ လုပ်ချင်သလို လုပ်ကြတာပဲ။

မြန်မာနိုင်ငံတွင် အလုပ်သမား အဖွဲ့အစည်းများကို လွတ်လပ်စွာဖွဲ့စည်းခွင့်ပြုလုပ်ပြီ...။

မြန်မာနိုင်ငံတွင် အလုပ် သမားများ အဖွဲ့အစည်းများကို လွတ်လပ်စွာ ဖွဲ့စည်းခွင့် ပြုလုပ်ပြီးကြောင်း  သိရှိရသည်။ ထိုသို့ အလုပ်သမားများအဖွဲ့ များအပြင် အလုပ်ရှင်များ အဖွဲ့အစည်းများ ကိုလည်ဖွဲ့စည်း ခွင့်ပြုသွား မည်ဖြစ်ကြောင်း သိရသည်။

”ကျွန်တော်တို့ အနေနဲ့အလုပ် သမားများ အဖွဲ့အစည်း ကိုရန်ကုန်မှာ ပထမဆုံး ဖွဲ့စည်း ခွင့်ပြုတာ ဖြစ်ပါတယ်...။ လက်ရှိ ရန်ကုန်မှာ ဧပြီလဆန်းက လျှောက်ထားကြ တဲ့အလုပ်သမား အဖွဲ့အစည်း ရှစ်ဖွဲ့နဲ့ အသင်းချုပ် တစ်ခုထဲက အလုပ်သမား အဖွဲ့အစည်း ခုနှစ်ခုနဲ့ အသင်းချုပ် တစ်ခုဖွဲ့ကို တရား ဝင် ဖွဲ့စည်းခွင့်ပြုပေး တာဖြစ်ပါတယ်။ ကျန်တဲ့ တစ်ဖွဲ့ကိုတော့ သက်မှတ်ထားတဲ့ စည်းကမ်းတွေ မကိုက်ညီတဲ့ အတွက် ဆက်လက် စိစစ် နေပါတယ်” ဟုအလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ မှတ်ပုံတင် အရာရှိချုပ် ဦးမျိုးအောင်က ပြောသည်

ယင်းအလုပ်သမားအဖွဲ့အစည်း များဖွဲ့စည်း လိုသောအလုပ်သမား များအနေနှင့်အသင်း လူဦးရေ(၃၀)ဦး ရှိရမည်ဖြစ်သည့် အပြင်စက်ရုံရှိ အလုပ်သမား အားလုံး၏ ဆယ်ရာခိုင်နှုန်းက ထောက်ခံရမည်ဖြစ်ကြောင်း သိရသည်။ ”ကျွန်တော်တို့ အခု ဖွဲ့စည်းခွင့် ပြုလိုက်တဲ့ အလုပ်သမား အဖွဲ့အစည်းတွေ နဲ့ပတ်သက်ပြီး ဘာမှ ဝင်ရောက် စွက်ဖက်မှာ မဟုတ်ပါဘူး။ သူတိုအဖွဲ့နဲ့ သူတို့လွတ်လပ် စွာလုပ်ကိုင်ခွင့်ပြုပေး မှာဖြစ်ပါ တယ်။

တရုတ်ထံ ရောင်းပြီး လျှပ်စစ် ပြန်ဝယ်မည်ဟု ရန်ကုန် လျှပ်စစ်ဝန်ကြီးဆို

ရန်ကုန်တိုင်းအစိုးရ လျှပ်စစ်ဝန်ကြီး ဦးဉာဏ်ထွန်းဦး အား ပထမအကြိမ် ရန်ကုန်တိုင်းလွှတ်တော် အထူးအစည်းအဝေး ဒုတိယနေ့ ဖြစ်သည့် ဧပြီလ ၂၅ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)
ဧပြီလ ၂၅ ရက် ၂၀၁၂ ခုနှစ် ။

ရန်ကုန်တိုင်းတွင်း လျှပ်စစ်မီး ပြည့်ဝစွာ ရရှိစေရေးအတွက် ယခင်က တရုတ်နိုင်ငံသို့ ရောင်းချ ထားသော လျှပ်စစ် ဓါတ်အားများထဲမှ မဂ္ဂါဝပ် ၁၀၀ ကို ပြန်ဝယ်ရန် ဆောင်ရွက် နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ် ဝန်ကြီး ဦးဉာဏ်ထွန်းဦးက လွှတ်တော် ကိုယ်စားလှယ်များကို ဖြေကြားလိုက်သည်။

ဗုဒ္ဓဟူးနေ့က ကျင်းပသော ပထမအကြိမ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အထူးအစည်းအဝေး၊ ဒုတိယနေ့တွင် တက်ရောက် လာကြသော ကိုယ်စားလှယ်များ၏ မေးခွန်းများအပေါ် ဝန်ကြီးက ယင်းသို့ ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

“လျှပ်စစ်သုံးစွဲမှုဟာ ဒီနှစ်မှာ ပိုများလာတဲ့အတွက် အလှည့်ကျ ဓါတ်အားပေးတဲ့ စနစ်ကို ဆောင်ရွက်ခဲ့ရတာပါ။ အလှည့်ကျ စနစ်ကို ကျော်လွှားနိုင်ဖို့အတွက် စက်မှုဇုန်တွေကို ပေးတဲ့ လျှပ်စစ်ကို လျှော့ပြီး ပြည်သူသုံးအတွက် ဖြန့်ဝေပေးလျက် ရှိပါတယ်။ ယခင်က ပိုလျှံလို့ တရုတ်ကို ရောင်းချထားတဲ့ လျှပ်စစ်ဓါတ်အား ၁၀၀ မဂ္ဂါဝပ်ကိုလည်း ပြန်ဝယ်ယူပြီးတော့ မိမိပြည်သူတွေအတွက် ဖြည့်ဆည်း ဖြန့်ဝေနိုင်ရေးအတွက် ဆောင်ရွက်နေပါတယ်”ဟု ဦးဉာဏ်ထွန်းဦး က ဖြေကြားသွားခဲ့သည်။

Wednesday, April 25, 2012

UNFC တိုင်းရင်းသားခေါင်းဆောင်များ ဂျပန်ခရီးစဉ်။


၂၀၁၂ ခုနှစ် ဧပြီလ ၂၅ ရက်။

ဂျပန်နိုင်ငံသို့ ရောက်ရှိလာသော တိုင်းရင်းသား ခေါင်းဆောင် UNFC ကိုယ်စားလှယ် တိုအား ယနေ့ ၂၅ရက် နေ့တွင် တိုကျို နာရိတာ လေဆိပ်သို့ ရောက်ရှိလာပြီး ညီညွတ်သော တိုင်းရင်းသားအဖွဲ့အစည်း(AUN-Japan)နဲ့ KNO-Japan တို့မှ သွားရောက် ကြိုဆို ခဲ့ကြပါသည်။

တိုင်းရင်းသား ခေါင်းဆောင်များတို့၏ ခရီးစဉ်တွင် အဖွဲ့ခေါင်းဆောင်အဖြစ် UNFC ဒုတိယ ဥက္ကဌ ဖဒို စောဒေးဗစ်သာကဘောမှ ဦးဆောင်ပြီး အထွေထွေအတွင်းရေးမှူး(၂) ဗိုယ်မှူးကြီး ခွန်ဥက္ကာ နှင့် UNFC ဗဟိုကော်မတီဝင် KIO အထွေထွေ အတွင်းရေးမှူး ဒေါက်တာ လဂျာ တို့ပါဝင်ပြီး ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနနှင့် ဂျပန်လွတ်တော် အမတ်များတို့ကို သွားရောက်တွေ့ဆုံ၍ လက်ရှိဖြစ်ပေါ်နေသော မြန်မာနိုင်ငံရေး အခြေအနေများကို ရှင်းလင်းပြောဆို ဆွေးနွေးခြင်းများ ပြုလုပ်သွားမည်ဖြစ်သလို ဂျပန်ရှိ မြန်မာ့ဒီမိုကရေစီ အင်အားစုများတို့ကိုလည်း တွေ့ဆုံသွားမည် ဖြစ်ပါသည်။

ဤခရီးစဉ်နှင့် ပတ်သက်၍ တိုကျို Yurakucho ရှိ The Foreign Correspondents' Club of Japan နိုင်းငံခြားသား သတင်းထောက်များ အသင်းရုံးသို့ UNFC ကိုယ်စားလှယ်များတို့မှ ဂျပန်ရှိ သတင်းမီဒီယာများတို့ကို ဖိတ်ခေါ်ပြီး သတင်းစာရှင်းလင်းပွဲ တရပ် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ That Htat

မြစ်ကြီးနားတွင် ဆွေးနွေးရန် အစိုးရ ကမ်းလှမ်းချက် KIO ငြင်းပယ်

KIO ဗဟိုဌာနချုပ်အနီး လက်နက်ခဲယမ်းနှင့် စစ်အင်အားများ အစိုးရ လေကြောင်းမှ တဆင့် ဖြည့်တင်း လာမှုများပြုလုပ် လာခဲ့သလို တဖက်မှာ ဆွေးနွေးရန် အစိုးရဘက်မှ ကမ်းလှမ်းတယ် ဆိုတာ  ယုံကြည်နိုင်စရာမရှိပါ
 
မြစ်ကြီးနားမြို့တွင် ငြိမ်းချမ်းရေး ဆွေးနွေးရန် အစိုးရဘက်မှ ကမ်းလှမ်းချက်အား စစ်ရေး တင်းမာ နေချိန်တွင် မဖြစ်နိုင်သေးကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဘက်မှ ငြင်းဆိုလိုက်ပြီး ပြန်လည် မေးခွန်း မေးထားသည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင်များနှင့် KIO က ပြောသည်။

ဧပြီလ ၁၇ ရက်နေ့က အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဘက်မှ KIO သို့ ကမ်းလှမ်းစာအား KIO ဘက်မှ ဧပြီလ ၂ဝ ရက်နေ့တွင် စာပြန် လိုက်ခြင်းဖြစ်သည်ဟု KIO ၏ ပြောခွင့်ရသူ ဦးလနန်က ပြောသည်။

“ဒီတခေါက် ပြန်လည် တွေ့ဆုံတဲ့အခါ ပိုမိုပွင့်လင်း မြင်သာမှု ရှိဖို့အတွက် ပြည်သူလူထုတွေရော ပါဝင် တက်ရောက်နိုင်အောင် မြစ်ကြီးနားမြို့ပေါ်မှာ ဆွေးနွေးမှု ပြုလုပ်ရအောင် ဆိုပြီး အကြောင်း ကြားလာတယ်။ ကျနော်တို့ဘက်က စစ်ရေးအခြေအနေ တင်းမာနေတဲ့ အချိန်မှာ မြစ်ကြီးနားမြို့ပေါ်မှာ ဆွေးနွေးမယ်ဆိုတာ မဖြစ်နိုင်သေးဘူး။ တပ် အခြေအနေ ပတ်သက်လို့ ဆွေးနွေးမှုမှာ လူထုက ဘယ်လို ကဏ္ဍကနေ ပါဝင်မလဲဆိုတဲ့ကိစ္စ ကျနော်တို့ နားမလည် နိုင်တဲ့အကြောင်း ပြန်မေးခွန်း ထုတ်ထားတယ်”ဟု သူက မဇ္စျိမကို ပြောသည်။


မတ်လ အတွင်းက အစိုးရ ငြိမ်းချမ်းရေး ခေါင်းဆောင် ဦးအောင်သောင်း ဦးဆောင်သော ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ပြီးနောက် တိုက်ပွဲအရှိန် ပိုမြင့်လာခြင်း၊ ဧပြီလဆန်းပိုင်းတွင် KIO ဗဟိုဌာနချုပ်အနီး အစိုးရ တပ်အင်အားများ ပိုမို တိုးချဲ့လာသဖြင့် မြစ်ကြီးနားမြို့မှာ တွေ့ဆုံရန် မဖြစ်နိုင်ကြောင်း အစိုးရထံ အကြောင်းပြန် လိုက်သည်ဟု ဦးလနန်က ပြောသည်။

KIO ၏ ဌာနချုပ်ဟောင်းရှိရန် ပါဂျောင်ဘွမ်နှင့် လက်ရှိ လိုင်ဇာဌာနချုပ်အကြားရှိ အစိုးရ၏ နာဖော့စခန်းအတွင်း ယခုရက်ပိုင်းအတွင်း လက်နက်ခဲယမ်းနှင့် စစ်အင်အားများ အစိုးရ လေကြောင်းမှ တဆင့် ဖြည့်တင်းလာမှုများ ရှိသည်ဟုလည်း ဦးလနန် က ဆိုသည်။

ဧပြီ ၂၃ ရက်နေ့တွင်လည်း KIO ဌာနချုပ်ရှိရာ တပ်မဟာ ၅ နယ်မြေအတွင်း တိုက်ပွဲ ငါးကြိမ် ထက်မနည်း ဖြစ်ပွားခဲ့ပြီး ဧပြီလ ၂၂ ရက်နေ့ကလည်း KIO ဗဟိုဌာနချုပ်မှ ၅ မိုင်ခန့် အကွာရှိ အစိုးရတပ်စိုက်ရာ

ကြံ့ဖွံ့ အစိုးရ၀န်ကြီးများ အဂတိလိုက်စားမှုကြောင့် သမ္မတ ဦးသိန်းစိန် ခေါင်းကိုက်နေ


လက်ရှိ အစိုးရသစ်ကို ကျောထောက်နောက်ခံ ပြုထားတဲ့ ကြံ့ဖွံ့ပါတီမှ ၀န်ကြီးများနှင့် အတွင်းရေးမှူး များကြောင့် သမ္မတ ဦးသိန်းစိန်တစ်ယောက် ခေါင်းကိုက် နေရကြောင်း အစိုးရရုံးနှင့် နီးစပ်သူများထံမှ သိရပါတယ်။ Clean Government ဟု ကြွေးကြော် နေသော်ငြားလည်း လက်ရှိ အစိုးရ အဖွဲ့အတွင်း ကြံ့ဖွံ့ အစိုးရ ၀န်ကြီးများ ဖြစ်ကြတဲ့ အမှတ် (၁) လျှပ်စစ် စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဗိုလ်မှူးကြီးဟောင်း ဇော်မင်းနဲ့ လယ်ယာ စိုက်ပျိုးရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဗိုလ်ချုပ်ဟောင်း မြင့်လှိုင် တို့ဟာ အဂတိလိုက်စားမှု၊ လာဘ်ပေး လာဘ်ယူ ပြုလုပ် နေကြကြောင်း သိရှိရပါတယ်။

သူတို့ နှစ်ယောက်ထက် ဆိုးတဲ့သူကတော့ ယခင်စက်မှု (၁) ၀န်ကြီးဟောင်း ယခု ကြံ့ဖွံ့ အတွင်းရေးမှူး တောင်သာ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းဟာ အဂတိ လိုက်စားမှု ကမ်းကုန်အောင် လုပ်ခဲ့တယ်လို့ သိရပါတယ်။ ဦးအောင်သောင်း ပွဲစားခ သန်းနဲ့ ချီပြီး ကော်မရှင် ယူဆောက်ခဲ့တဲ့ စက်မှု ၁ စက်ရုံများ အနက် တ၀က်လောက်က အရှုံးပေါ်နေလို့ ၀န်ကြီးဌာန နှစ်ခုပေါင်းလိုက်ရပေမဲ့ ဦးအောင်သောင်း လူလည်ကြီးကတော့ ချမ်းသာပြီးရင်း ချမ်းသာနေတယ်လို့ ပြောနေကြပါတယ်။ သမ္မတ ဦးသိန်းစိန်အား ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ၀န်ကြီးတွေကို ရွေးချယ်ဖို့ စိတ်ကြိုက်ရွေးချယ်ခွင့် ပေးခဲ့ရာ ၀န်ကြီး ဦးအောင်သောင်းအား ဆက်လက် တာဝန် ပေးဖို့ မနှစ်သက်တဲ့ အတွက် ဖယ်ရှားခဲ့ခြင်း ဖြစ်ပါတယ်။ ကြံ့ဖွံ့ပါတီမှာ သုံးဖွဲ့ ကွဲလျက် ရှိနေကြောင်း သတင်းရရှိပါတယ်။

အဲဒီသုံးဖွဲ့ကတော့ ယခင်ဝန်ကြီးဟောင်း ထိုင်ခုံပျောက် လွှတ်တော် အမတ်တွေရယ်က တအုပ်စု၊ ယခင်တုန်းကလည်း ၀န်ကြီး၊ ယခုလည်း ၀န်ကြီးလုပ်နေတဲ့ ကြံ့ဖွံ့အစိုးရ အဖွဲ့ဝင်တွေက တအုပ်စု၊ အစိုးရသစ်တ က်လာမှ ကြံ့ဖွံ့ပါတီကို ရောက်လာတဲ့ ၀န်ကြီးများနှင့် ပြည်နယ် ၀န်ကြီးချုပ် (ဒုဗိုလ်ချုပ်ကြီးဟောင်း)တွေက တအုပ်စုဆိုပြီး သုံးဖွဲ့ ရှိပါတယ်။ ဦးအောင်သောင်းကတော့ ၀န်ကြီးဟောင်း

ထိုင်းစစ်သား (၅၀၀) SSA ဘက်မှ ကူညီ တိုက်ခိုက်ခဲ့

ထိုင်းသတင်းထောက် “၀ါစနာ နာနွမ်”
April 24, 2012

ဒီမိုကရေစီ ရှိတဲ့နိုင်ငံမှာ မီဒီယာနဲ့ သတင်းထောက်တွေဟာ နိုင်ငံအတွင်းမှာရှိတဲ့ ဖြစ်ပျက်မှုတွေကို စုံစမ်း ထောက်လှမ်းပြီး သတင်း အတိအကျ မှန်ကန်စွာနဲ့ ဖော်ပြနေကြပါတယ်။

ယ္ခုအ ခါမှာတော့ ထိုင်းစစ်တပ်ရဲ့ အတွင်းသတင်း မှန်သမျှနှင့် လူအခွင့်အရေး ချိုးဖောက်မှု့တွေက အစ တော်တော် များများ ကို ဖော်ထုတ် ရေးသား တင်ပြလာသူကတော့ စစ်ဖက်ဆိုင်ရာ ထိုင်းသတင်းထောက် “၀ါစနာ နာနွမ်” ဖြစ်ပါတယ်။

၂၀၀၆ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ထိုင်းစစ်တပ် ယာယီ အာဏာသိမ်းမှုနှင့် ပတ်သက်၍ သတင်းလျှို့ဝှက်ချက် တွေကို ဖော်ထုတ် ရေးသားထားတဲ့ (လျှို့ဝှက်-ဖုံးကွယ်-ဖျောက်ဖျက်) အမည်ရှိ စာအုပ်(အပိုင်း-၁) သူက ရေး ထုတ်ဝေလိုက်ပါပြီ။

အဲဒီစာအုပ်ထဲမှာ ၂၀၀၂ ခုနှစ်တုန်းက မြန်မာ အစိုးရတပ်နှင့် ၀ စစ်တပ် (UWSA) ပူးပေါင်း ထိုးစစ်ဆင် မှုတွေမှာ ထိုင်းစစ်တပ်က (SSA) ဖက်မှ နေ၍ ကူညီပြီး ပစ်ကူပေးခြင်း၊ ထိုင်းစစ်သား (၅၀၀) ကိုလဲ ရုပ်ဖျက် စေပြီး SSA ယူနီဖောင်း ကို ၀တ်စေ၍ မြန်မာ အစိုးရတပ်နှင့် ၀ စစ်တပ်တို့အား ၀င်ရောက် တိုက်ခိုက်ခြင်း တို့ကိုပါ ရေးသား ထားတာကို တွေ့ရှိရတယ်။



Tuesday, April 24, 2012

ဧပြီ ၂၃ ရက်နေ့က ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ

 NLD ပါတီမှ ဒေါက်တာမြတ်ဥာဏစိုး ကို တပ်မတော်သားကိုယ်စားလှယ်များနှင့်အတူတွေ့ရစဉ်။
(ဓါတ်ပုံ-Messenger News Journal)

ပြည်သူတွေ သိချင်နေကြတဲ့ ကုမ္ပဏီ တစ်ခုကနေ ကျပ် ၅၀၀၀ တန် ဆင်းကဒ်တွေ ရောင်းချမယ့် စီမံကိန်းနဲ့ ပါတ်သက်ပြီး အစိုးရက ဘယ်လို ကူညီ ပေးနိုင်မလဲဆိုပြီး အင်န်အယ်လ်ဒီ အမတ် ဒေါက်တာ မြတ်ဥာဏစိုးက မေးပါတယ်။ ဒါကိုဆက်သွယ်ရေး ဒုဝန်ကြီး ဦးတင့်လွင်က လုံးဝ အဖြေမပေးပဲ နောက်နှစ်တွေ ကျမှသာ လက်ရှိ ရောင်းနေတဲ့ ဂျီအက်စ်အမ် ဆင်းကဒ် ဈေးနှုန်း ကျပ် ၂ သိန်း၊ ၂သိန်းခွဲထက် လျော့ချပေးမယ့် အကြောင်း ဖြေဆိုသွားပါတယ်။ ဒုဝန်ကြီးက တကယ်လို့ မိုဘိုင်းဖုန်း စီမံကိန်းကို ပုဂ္ဂလိက ကုမ္ပဏီတွေကို လုပ်ခွင့်ပေးမယ် ဆိုရင်တောင် ထူးကုမ္ပဏီ အပါအ၀င် လက်ရှိ ဆက်သွယ်ရေးနဲ့ ပူးပေါင်း လုပ်ကိုင် နေသူတွေကိုပဲ ဦးစားပေးမယ်လို့ ထည့်သွင်း ပြောကြား သွားပါတယ်။

by ;DVB TV news
ီ

ရပ်ကွက်အာဏာပိုင်နှင့်တရုတ်လောပန်းပူးပေါင်း ဒေသခံလယ်ယာမြေများအား အဓမ္မဝယ်ယူ..။



 တရုတ် စီးပွါးရေးလုပ်ငန်းရှင်များနှင့် ပူးပေါင်းကာ ဒေသတွင်း နယ်မြေများအား အဓမ္မ ဝယ်ယူရန်ကြိုး စားနေသော လားရှိုးမြို့ ရပ်ကွက် ၁၂ နယ်မြေ ၁၉ နယ်မြေမှူးကို ပယ်၍ နယ်မြေမှူး အသစ်ခန့်ရေးအတွက်  ယမန်နေ့က ဒေသခံလူထုက ကျားဖြူပါတီထံ ဆွေးနွေး တိုင်ပင် အကူအညီတောင်းကြောင်း လားရှိုးမြို့ ကျားဖြူပါတီ အသိုင်းအဝိုင်းကပြောသည်။
 
“ရပ်ကွက် ၁၂ - မန်ဆူရွာ၊ နယ်မြေ ၁၉ နယ်မြေမှူး ဦးစိုင်းအောင်ဘက တရုတ်စီးပွားရေးသမား တွေနဲ့ပေါင်းပြီး မြေနေရာ တွေကို ပိုင်ရှင်က ရောင်းချင်ချင် မရောင်းချင်ချင် အတင်း ဝယ်ယူနေတယ်၊ စိုင်းအိုက်မောင်ပိုင်တဲ့မြေနေရာကို မြေဂရံ အတုလုပ်ပြီး စိုင်းအိုက်မောင်ကို ပိုက်ဆံ ၂ သိန်းပေး ညှစ်ယူတယ်။ ပြီးခဲ့တဲ့တစ်ပတ်တုန်းကလည်း စိုင်းအိုက်ကျော် ပိုင်တဲ့မြေကို ၇ သိန်းပေးပြီး အတင်းရောင်းခိုင်းတယ်။ ခင်ဗျားတို့ တခြားနေရာသွားနေလိုက်ပေါ့ လို့တောင်ပြောတယ်။ သူက နယ်မြေမှူးလုပ်လာတာကြာပြီ၊ ဒါပေမယ့် နယ်မြေကောင်းစားရေး ဘာမှမလုပ်ခဲ့ဘူး” ဟု နယ်မြေ ၁၉ မှ ဒေသခံ အမျိုးသမီး တဦးကပြောသည်။

ထို့အပြင် နယ်မြေမှူး ဦးစိုင်းအောင်ဘသည် မန်ဆူရွာ တိုးချဲ့မြေကွက်တွေ ကိုလည်း တရုတ် လောပန်းများထံ ရောင်းစား ကြောင်း အဆိုပါ ဒေသခံအမျိုးသမီး၏ ပြောကြားချက်ကို ကိုးကား၍ လားရှိုး

ဦးတေဇသားများနှင့် ဖိုးလပြည့်အကြောင်း


သူတို့ အဖွဲ့ ပြောနေတဲ့စ ကားတွေက ဘယ်တော့မှ ဒေါ်လာ ငါးသန်းအောက် မရှိဘူး။ သူတို့ ရဲ့ ကားတွေ ကလည်း ဒေါ်လာ လေးငါးသန်းတန် ကားတွေဖြစ်တဲ့ ဖရာရီ (Ferrari) ကားတွေ ဆိုတော့ အင်ဂျင်ပါဝါ အရမ်းကောင်းပါတယ်။ သူတို့ဘေးမှာကလည်း စကတ်တိုတို နဲ့ အရမ်းကို လှတဲ့ ကောင်မလေး သုံးလေးယောက်ကလည်း မှုးယစ်ရီဝေနေတဲ့ မျက်လုံးတွေနဲ့။ အားလုံးလိုလိုက အနောက်တိုင်း စတိုင် မြူးကြွတဲ့ တေးသီးချင်းတွေနဲ့  ပျော်ရွှင် နေကြတဲ့အချိန်။ အချိန်က ညသန်းခေါ်ယံ။ နေရာက မင်္ဂလာဒုံ လေယျာဉ်ကွင်း။ ဒီအချိန်မှာ သူတို့ က ဘာလို့ လေယျာဉ်ကွင်းကို လာတာလဲလို့ မေးစရာရှိတယ်။

သူတို့ရဲ့ကားတွေက နောက်ဆုံးပေါ် အကောင်းဆုံး ကားတွေဖြစ်တော့ အရမ်းမြန်တယ်။ အင်္ဂျင်ပါဝါ ကောင်းတော့ အသံတွေက ဂျက်လေယျာဉ် အလားပဲ။ ဒီတော့ ဒီကားတွေနဲ့ ရန်ကုန်မြို့ ပေါ်က ရှိသမျှ လမ်းတွေပေါ်မှာ တစ်ခုမှ သူတို့ကားတွေနဲ့ မကိုက်ဘူး။ အဆင်မပြေဘူး။ ကားမောင်းပြိုင်ရင် လမ်းကောင်းတာကို ရှာဖွေရတယ်။ သူတို့ ကားတွေအတွက် လမ်းကောင်းတဲ့ နေရာက ရန်ကုန် မင်္ဂလာဒုံ လေယျာဉ်ကွင်း တစ်ခုပဲရှိတယ်။ လေယျာဉ် ပြေးလမ်းပေါ်မှာ ကားမောင်း ပြိုင်တာက အန္တာရယ်လည်း ကင်းတယ်။ ဒ့ါကြောင့် မရွေးချင်ပဲ ရွေးရတဲ့ေ လယျာဉ်ကွင်းဖြစ်တယ်လို့ သူတို့တစ်စုက ကျနော့်ကို ရှင်းပြပါတယ်။

" ခင်ဗျားတို့ ကို လေယျာဉ်ကွင်း ရဖို့ ဘယ်သူက ခွင့်ပြုတာလဲဗျ"
"ဒါများ အဆန်းလုပ်လို့ ။ လေတပ် ဦးစီးချုပ်ဆီကို ဖုန်းဆက်လိုက်ရင် ပြီးတာပဲ"

ညသန်းခေါင်ယံမှာ လေယျာဉ် အတက်အဆင်း မရှိတော့ဘူး ဆိုတော့ သူတို့ တစ်စု ကားမောင်းပြိုင် ကြပါတယ်။ သူတို့ ဆိုတာက သူဌေးကြီး ဦးတေဇသားများနှင့် ဗိုလ်ချုပ်ကြီးသန်းရွှေရဲ့ အချစ်ဆုံး မြေးဖိုးလပြည့်တို့ ပဲဖြစ်ပါတယ်။ သက်တော်စောင့်တွေဖြစ်တဲ့ ဗလကောင်းကောင်း ခပ်မိုက်မိုက် မျက်နှာနဲ့ လူတွေ ကလည်း သူတို့ ဘေးမှာ ရပ်နေကြပါတယ်။ အားလုံးရဲ့ ဂျိုင်းအောက်မှာ သေနတ်ကိုယ်စီနဲ့ ဆိုတော့ ကြည့်ရတာ အင်မတန်ကို အသက်ဝင်တယ်။ အားလုံးက ဘုန်းကြီးကျောင်းမှာ တရား

KIO နဲ့ တိုက်ပွဲတွေ အပြင်းအထန် ပြန်ဖြစ်

photo by - Jade Land
တနင်္လာ, 23 ဧပြီ 2012

အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှုတွေ မပြေလည်နိုင်သေးတဲ့ KIA ကချင် လွတ်မြောက်ရေး တပ်မတော် နဲ့ မြန်မာ အစိုးရတပ်တွေ အကြားမှာ အခုရက်ပိုင်း တွေအတွင်း တိုက်ပွဲတွေဟာ ပိုပြီး ပြင်းထန်လာနေပြီး တိုးချဲ့ တပ်အင်အားအကူနဲ့ KIA ဌာနချုပ်အနီးကို ထိုးစစ်ဆင်နွှဲနေတယ်လို့ KIO ပြောရေးဆိုခွင့်ရှိသူ က ပြောလိုက် ပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ် နေရာတော်တော်များများ တိုက်ပွဲတွေ ဖြစ်ပွား နေတဲ့အတွက်လည်း ထွက်ပြေးကြတဲ့ ဒုက္ခသည် အရေအတွက် ပိုများလာလို့ ဒီဒုက္ခသည်တွေ စားဝတ်နေရေး အခက်အခဲ ဖြစ်နေ ရတယ်လို့လည်း ဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေသူ တွေက ပြောကြပါတယ်။

KIA ဌာနချုပ်ရှိရာ လိုင်ဇာ တ၀ိုက်မှာ တနင်္ဂနွေနေ့ တရက်တည်းမှာတင် တိုက်ပွဲပေါင်း ခြောက် ကြိမ်လောက် ဖြစ်ပွားခဲ့တာပါ။ KIA ဗဟို ဌာနချုပ်ဟောင်း ရှိရာ ပါဂျောင်ဒေသနဲ့ လိုင်ဇာဒေသ ကြားက နားပေါ့လို့ခေါ်တဲ့ အစိုးရ တပ်စခန်းမှာ လေကြောင်း အကူအညီနဲ့ တပ်အင်အား ဖြည့်တင်းတာတွေ မြန်မာတပ်တွေဘက်က လုပ်ခဲ့ပြီး KIA ဌာနချုပ်ကို ပစ်မှတ်ထား ထိုးစစ်ဆင်ဖို့ ဖြစ်နိုင်တယ်လို့ KIO ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလာနန် က အခုလို ပြောပါတယ်။

“အဖြစ်များတာကတော့ ကျနော်တို့ရဲ့ ဗဟိုဌာနချုပ် နဲ့ နီးတဲ့ ဒေသ တ၀ိုက်ပေါ့နော် အဲ့ဒီမှာ အဖြစ်များ တယ်ခင်ဗျ။ သူတို့ရဲ့ ရည်မှန်းချက်က တဖြည်းဖြည်းနဲ့ ကျနော်တို့ရဲ့ ဗဟိုဌာနချုပ်နဲ့ နီးသထက်နီးအောင် စစ်ဆင်ရေး လုပ်တာမျိုး၊ ကျနော်တို့ရဲ့ အရေးကြီးတဲ့ ထန်းကုန်းတွေကို ထိုးစစ်လုပ် သိမ်းပိုက်တာမျိုး ပုံမှန် လုပ်နေကြတယ်ခင်ဗျ။ နောက်ပြီးတော့ လေကြောင်းအကူနဲ့ သူတို့ တပ်အင်အား ချပေးတာမျိုး လက်နက် ခဲယမ်းမီးကျောက် တွေကို လေကြောင်းအကူနဲ့ ပို့ပေးတာမျိုး လုပ်နေကြတယ်ခင်ဗျ။ သိသာထင်ရှားတာက

ဗိုလ်သန်းရွှေ တရုတ်ပြည်မှာ နေမလား

နေပြည်တော်က မိတ်ဆွေတွေက ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အိမ်အကြောင်း အတော်လေး စိတ်ဝင်တစား ပြောနေကြပါကြောင်း သတင်းပါး လာပါတယ်။

ယခင် စစ်အာဏာရှင်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ တရုတ်နိုင်ငံမှာ အိမ်ကြီးတလုံးကို အမေရိကန် ဒေါ်လာ ၁ ဘီလျီကျော်နဲ့ ၀ယ်ထားပြီး အိမ်ကိုလည်း ကမ္ဘာ့အကောင်းဆုံး ပရိဘောဂ ပစ္စည်းများနဲ့ လုံခြုံရေး အစီအမံ များကို ဒေါ်လာ သန်းပေါင်း ၁၀၀ ကျော်ဖိုးလောက် အကုန်အကျခံ ၀ယ်ထားတယ် ဆိုတာပါပဲ။

ဒီအိမ်ကြီးကို နေပြည်တော် ဗိုလ်ချုပ်များရဲ့ လျှို့ဝှက် သင်္ကတ အခေါ်က Mt. Pleasant လို့ ဆိုတယ်။

မနှစ်ကလည်း မြေးတော်မောင် ဖိုးလပြည့်နဲ့ ဒေါ်ကြိုင်ကြိုင်တို့ မိသားစုဝင်များဟာ အဲဒီအိမ်ကြီးကို သွားပြီး ခဏတာ နေထိုင်ခဲ့ကြကြောင်း သံတမန် အသိုင်းအ၀ိုင်းနဲ့ နေပြည်တော်က ဗိုလ်ချုပ်ကတော် အချစ်တော်များက ပြောဆိုခဲ့ ပါကြောင်း လက်တို့လိုက်ပါတယ်။

ဒီကိစ္စဟာ မြန်ပြည်တလွှား လူတော်တော်များများ ပြောနေကြကြောင်း သတင်း မောင်းခတ်လိုက်ပါတယ်။

သတင်းရင်းမြစ် - ဧရာဝတီ

ကေအိုင်အေ အပစ်ရပ်မှ UNFC နှင့် အစိုးရတွေ့ဖွယ်ရှိ

ဧပြီလ 23 ရက် 2012 ခုနှစ်။

အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးရန် အသင့်ဖြစ်ကြောင်း UNFC အဖွဲ့က တရားဝင် ကြေငြာခဲ့သော်လည်း နော်ဝေးနိုင်ငံမှအပြန် ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဦးအောင်မင်းက UNFC အဖွဲ့ဝင် ဖြစ်သော ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ KNPP နှင့်သာ တမြန်နေ့က တွေ့ဆုံခဲ့သည်။

KNPP နှင့်တွေ့ဆုံဆွေးနွေးစဉ်ကတွေ့ရသော အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ခေါင်းဆောင် ဦးအောင်မင်း (photo: KNPP)
KNPP နှင့်တွေ့ဆုံဆွေးနွေးစဉ်ကတွေ့ရသော အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ခေါင်းဆောင် ဦးအောင်မင်း ( photo: KNPP)

အဆိုပါ တွေ့ဆုံပွဲတွင် ကရင်နီပြည်နယ် အဆင့် သဘောတူညီမှု ရရှိခဲ့ပြီးနောက်ပိုင်း UNFC နှင့် ပတ်သက်၍လည်း ဆွေးနွေး ခဲ့ကြောင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖြစ်မြောက်ရေး အကျိုးဆောင် ဦးညိုအုန်းမြင့်က ပြောသည်။

“ တိုင်းရင်းသားတွေနဲ့ အဓွန့်ရှည် အပစ် ရပ်နိုင်ဖို့က အစိုးရနဲ့ရော စစ်တပ် အနေနဲ့ရော လွှတ်တော်အနေနဲ့ ရောပြန်ပြီးတော့ ညှိနှိုင်းဖို့ အချိန်တခု လိုအပ်တယ်။ ဒီအတွက် ဖန်တီးဖို့လိုတယ်။ နောက်တခု UNFC နဲ့မဆွေးနွေး ဖြစ်သေးတာက KIO ကိစ္စကြောင့်လို့ အတိ အကျ မပြောနိုင်ပေမယ့် KIO နဲ့ပတ်သက်တဲ့အချက် အလက်တွေ ရှာဖွေပြီးတော့ အလွတ်သဘော တွေ့ဆုံ ဆွေးနွေးသင့်တယ်လို့

ဒေါ်အောင်ဆန်းစုကြည်မှ လွတ်တော် တက်ရောက်ဖို့ ငြင်းဆိုလိုက်ပြီ သတင်းကို ဂျပန် TBS, သတင်းဌာနမှ ထုတ်လွှင့်

ဒေါ်အောင်ဆန်းစုကြည်မှ သွားနိုင်တဲ့ အခြအနေကို စောင့်နေတာပါလို့

အင်တာဗြူးမှာလဲ တွေ့လိုက်ရပါတယ်

スー・チーさん、議会登院を拒否

Copy from - TBS News-i

“ ကြံ့ဖွံ့ခေါင်းဆောင်တချို့ စစ်တပ်အား အပြစ်တင် ”


Monday, 23 April 2012

(၂၀၁၂) ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် NLD မှ အပြတ်အသတ် အနိုင်ရတဲ့ ရလဒ် ပေါ်ထွက် ခဲ့ပြီးတဲ့နောက် ကြံ့ဖွံ့ခေါင်းဆောင် တချို့က တပ်မတော်ရှိ တပ်မှူး တပ်ရင်းမှူးများကို ပြစ်တင် ဝေဖန် ခဲ့ကြကြောင်း နေပြည်တော် ကြံ့ဖွံ့ ရပ်ကွက်နဲ့ နီးစပ်သူများထံမှ သတင်းရရှိပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရာမှာ တပ်မတော်သား အများစုရှိတဲ့ လှည်းကူးမြို့နယ် ကလောမြို့နယ်၊ နေပြည်တော် မဲဆန္ဒနယ်များက တပ်မတော်သားများနဲ့ မိသားစုဝင်များ၊ ဌာနဆိုင်ရာ ၀န်ထမ်းများဟာ NLD အပေါ် ထောက်ခံမဲ ပေးခဲ့ကြတဲ့အတွက် ကြံ့ဖွံ့ ခေါင်းဆောင်တွေက ဌာနေ တပ်မှူးတွေကို ဝေဖန်ပြစ်တင်

စကာင်္ပူနိုင်ငံမှ ငွေလွှဲလုပ်ငန်းကို ဦးတေဇ ဘဏ်ကို ခွင့်မပြုဘဲ သမဝါယမ ဘဏ်ကိုသာခွင့်ပြု။


သမဝါယမဘဏ်(CB)

စစ်အစိုးရ လက်ထက်တွင် လုပ်ငန်းရှင်ကြီး တဦးဖြစ်လာသော ဦးတေဇပိုင် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေး (AGD)ဘဏ်၏ စင်ကာပူ နိုင်ငံ၌ တရားဝင် ငွေလွှဲလုပ်ငန်း လုပ်ကိုင်ရန် လျှောက်ထားမှုကို စင်ကာပူ ငွေကြေးဆိုင်ရာ အာဏာပိုင်အဖွဲ့ (Monetary Authority of Singapore – MAS) က ခွင့်ပြုခြင်း မရှိဘဲ ယနေ့ ဧပြီ၂၃ရက်နေ့တွင် သမဝါယမ CB ဘဏ်ကို စင်္ကာပူနိုင်ငံရှိ Allbest Exchange Co.Ltdနှင့် ငွေလွဲ ဝန်ဆောင်မှု ပူးတွဲလုပ်ဆောင်ခွင့် ပြုလိုက်ကြောင်း သတင်းရရှိသည်။
 
မြန်မာနိုင်ငံသား တဦးသည် တကြိမ်လျင် စင်္ကာပူဒေါ်လာ ၅၀၀၀အထိ အများဆုံး မြန်မာနိုင်ငံသို့ ငွေလွှဲနိုင်ပြီး ဝန်ဆောင်ခအဖြစ် မည်သည့် ငွေပမာဏမဆို ၁၂ ဒေါ်လာ ကျသင့်မည်ဟု သိရသည်။
 
Copy from - komoethee

ကျမ်းကျိန်စာသား ပြုပြင်စရာမလိုဟု ဦးဌေးဦး ပြော


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အမတ်များက ပြင်ဆင်ရန် တောင်းဆိုသော ကျမ်းကျိန် စာသားကို ပြောင်းလဲ၊ ပြင်ဆင်ရန် မလိုအပ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက ဧရာဝတီ သတင်းဌာနအား ပြောဆိုခဲ့သည်ဟု သိရသည် ။

“ရွေးချယ်ခံထားရတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ တက်ရောက်တာနဲ့ ပတ်သက်လို့ ဒီစကားလုံးက သိပ်ပြီး ထူးခြား၊ ထိရောက်တာလည်း မရှိပါဘူး။ ဒါရေးထားတဲ့အတွက် မပြောရဘူး၊ မဆိုရဘူးလို့ ပိတ်ပင် ထားတာလည်း မရှိဘူးလို့ ကျနော် ထင်ပါတယ်။

အဲဒါကြောင့် ဒီဥစ္စာနဲ့ ပတ်သက်လို့တော့ ဘာမှလည်း သိပ်ထူးထူးခြားခြား မရှိတဲ့အတွက် ဘာမှလုပ်စရာ မလိုဘူးလို့ ထင်ပါတယ်” ဟု ဦးဌေးဦးက ပြောခဲ့တာပါ ။

Source : Irrawaddy
ပုံရိပ်(burmesehearts.com) .

Monday, April 23, 2012

ဘာကြောင့် စစ်တပ် ရာထူးကြီးတွေကို အခုမှ အလျင်အမြန် လွှတ်တော်တွင်း

 ဓါတ်ပုံ - ETSee more
ဘာကြောင့် စစ်တပ် ရာထူးကြီးတွေကို အခုမှ အလျင်အမြန် လွှတ်တော်တွင်း
သွင်းတာလည်း ........ နောက် Session အသစ်ကိုတောင် မစောင့်နိုင်တော့ဘူးလား
 ဓါတ်ပုံထဲမှာ ကြည့် ၊ ဗိုက်ချပ်တာ တစ်ယောက်မှ မပါဘူး။ နောက်ဆို ဗိုလ်မှုးချုပ်
ဟောင်း (ရဲချုပ်ဟောင်း) ဦးခင်ရီ လိုဖြစ်လာမယ့် အုပ်စုလေ ...
. ရှင်းပါတယ် ....


အစားထိုး ပြောင်းလဲ ခန့်အပ်လိုက်သည့် တပ်မတော်သား ကိုယ်စားလှယ်များမှ အမျိုးသား လွှတ်တော်အတွင်း ကျမ်းသစ္စာ ကျိန်ဆိုနေစဉ်

ခရမ်း လ၀ကရဲ့ ငွေတောင်းနည်း

"---ပိုက်ဆံပေးပါ လို့ ပေါ်တင် မပြောပေမယ့် ... အလှူငွေလေး ထည့်ပါတို့ ဘာတို့ ညာတို့ ကပ်ဒိုးလေး တောင်းနေတယ်၊ မထည့်ဘူး၊ မသထာလို့ မထည့်တာ---"

လ၀ကရုံးက ငွေပေးမှ နိုင်ငံသားကတ်ပြား လုပ်ပေးတယ် တဲ့။ ငွေပေးတဲ့သူ ဘယ်လောက် များသလဲ၊ ပေးတော့ ဘာဖြစ်သလဲ?
မပေးတဲ့သူ ဘယ်လောက် ရှိသလဲ၊ မပေးတော့ ဘာဖြစ်သလဲ?
သတင်းရင်းမြစ် - ဧရာဝတီ

သမတ ဦးသိန်းစိန်အား ဂျပန်ရောက်အင်အားစုများမှ တိုက်တွန်းတောင်းဆိုသည့် အိတ်ဖွင့်ပေးစာ သွားရောက်ပေးပို့ ။


April 23, 2012
သမတ ဦးသိန်းစိန် ဂျပန်နိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း ဂျပန်နိုင်ငံတွင် မြန်မာ့အရေး လှုပ်ရှား ဆောင်ရွက်နေသော မြန်မာနိုင်ငံ ဒီမိုကရေစီကွန်ယက် Network for Democracy in Burma (NDB) မှ ယနေ့ဧပြီလ ၂၃ ရက် နေ့လယ် ၃း၀၀ နာရီမှ ၄း၀၀ နာရီအထိ တိုကျိုရှိ မြန်မာသံရုံးရှေ့၌ သမတ ဦးသိန်းစိန်အား မေတ္တာရပ်ခံ တိုက်တွန်း တောင်းဆိုသည့် အိတ်ဖွင့်ပေးစာတစောင် သွားရောက် ပေးပို့ခဲ့ကြပါသည်။

မြန်မာနိုင်ငံ၏ လက်ရှိနှင့် အနာဂတ်အရေးအတွက် သမတ ဦးသိန်းစိန် သို့မဟုတ် သမတ၏ ကိုယ်စားလှယ်နှင့် အမြင်ချင်းဖလှယ် ဆွေးနွေးလိုကြောင်း မြန်မာနိုင်ငံ ဒီမိုကရေစီကွန်ယက် မှ ဂျပန်နိုင်ငံ ဆိုင်ရာ မြန်မာသံရုံးမှ တဆင့် သမတ ဦးသိန်းစိန် ထံလိပ်မူပြီး စာရေးသား ပေးပို့ခဲ့ ပေမဲ့လည်း အကြောင်း ပြန်ကြားတာကို လက်ခံ မရရှိသည့်အတွက်  မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရာ၌ ဆောင်ရွက်ရန် ကျန်ရှိနေသေးသော လုပ်းငန်းစဉ်များကို ဆောင်ရွက်ပေးရန် တိုက်တွန်း တောင်းဆိုသည့် အိတ်ဖွင့်ပေးစာကို သံရုံးသို့ သွားရောက်ပေးပို့ခဲ့ကြကြောင်း သိရှိရပါသည်။

Mai Kyaw Oo
Photo by -Thar Htet