Saturday, March 31, 2012

ဒေါ်စု တည်းခိုမည့် ၀ါးသင်္ခအိမ်တွင် ကရင်လူငယ်များ လုံခြုံရေး တာဝန်ယူ

March 31, 2012

ဒေါ်အောင်ဆန်းစုကြည် ညအိပ်ခရီး သွားရောက် နေထိုင်မည့် ၀ါးသင်္ခကျေးရွာရှိ နေအိမ်တွင် ဒေသခံကရင် လူငယ် အယောက် (၃၀) က လုံခြုံရေး တာဝန်ယူထားသည်။

 “အန်တီ နေမကောင်းလို့ နောက်ပြီး သူတည်းမယ့် အိမ် တစ်ခုထဲအတွက် မဟုတ်ဘူး။ သူသွားတဲ့ နေရာမှာ နှုတ်ဆက်သူတွေ လမ်းတစ်လျှောက်လုံး လမ်းမပိတ်အောင် မီဒီယာတွေက ပိတ်ပြီး ဓါတ်ပုံ ရိုက်တာတွေ မရှိအောင် တာဝန် ပေးထားတာလို့ သိရတယ် ” ဟု ရွေးကောက်ပွဲ စောင့်ကြည့်မည့် သတင်းထောက် တစ်ဦးက ပြောသည်။

ကြားဖြတ် ရွေးကောက်ပွဲကျင်းပမည့် ဧပြီလ(၁)ရက်နေ့အမှီ ယနေ့ညနေ(၄)နာရီတွင် ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ရုံးချုပ်မှ အိမ်ထောင်စု စာရင်းဝင် ထားသည့် ကော့မှူးမြို့နယ်သို့ ထွက်ခွာခဲ့ပြီး ယနေ့ညတွင် ၀ါးသင်္ခနေအိမ်၌ ညအိပ်မည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းရင်းသားအရေး အလေးနက် ထားသည့်အနေဖြင့် ကော့မှူးမြို့နယ် ၀ါးသင်္ခ ကျေးရွာရှိ ဆင်းရဲနွမ်းပါးသည့် မိသားစုထံတွင် အိမ်ထောင်စု စာရင်းဝင်ကာ ရွေးကောက်ပွဲဝင်ပြိုင်ခြင်း ဖြစ်သည် ဟု ပြောထားသည်။

ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဒေါ်အောင်အောင်ဆန်းစုကြည်နှင့် ၀င်ရောက် ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ရေးပါတီက ဒေါက်တာစိုးမင်းနှင့် ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီက ဦးတင်ရီ ဖြစ်သည်။

(ကရင်သတင်းဌာန အတွက် သတင်းထောက် နန်းသူးလေ ရေးသားသော သတင်းဖြစ်သည်။)
J-School ရွေးကောက်ပွဲ သတင်းများ -  facebook မှ ကူးယူခဲ့သည်။

ရွာထဲက ဒေါ်အောင်ဆန်းစုကြည်ရဲ့အိမ်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၀ါးသင်္ခကျေးရွာ နေအိမ် (ဓာတ်ပုံ - ခင်သြ/ဧရာဝတီ)
ဒေါ်အောင်ဆန်းစုကြည် သန်းကောင်စာရင်းသွင်းထားဝါးသိင်္ခကျေးရွာရှိ ကရင်မိသားစုနေအိမ်။


ကော့မှူးမြို့ ၀ါးသင်္ခကျေးရွာဟာ မကြာသေးခင်ကထိ လူမသိ သူမသိ ဒေသတခု ဖြစ်ပါတယ်။
အခုတော့ နိုင်ငံတကာ သတင်းဌာနများ အာရုံကျနေကြတဲ့အတွက် ဒီရွာကို ကမ္ဘာက သိသွားပါပြီ။ ဒီရွာမှာ ရှိတဲ့ အိမ်တအိမ်မှာ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ မတိုင်ခင် ဒီတည ညအိပ် နေထိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် မီဒီယာသမားများလည်း ၀ါးသင်္ခကို ရောက်နေကြပါပြီ။

သတင်းရင်းမြစ် - ဧရာဝတီ

ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှ ကော့မှူးသို့ ထွက်ခွာပြီ

ကြားဖြတ်ရွေးကောက်ပွဲအတွက် ကော့မှူးမဲဆန္ဒနယ်မြေသို့ သွားရောက်မည့် ဒေါ်အောင်ဆန်းစုကြည် စီးနင်းလိုက်ပါလာသည့်ကား နေအိမ်မှထွက်ခွာစဉ် ပြည်တွင်း၊ ပြည်ပမှ သတင်းသမားများနှင့်အတူ မတ်လ ၃၁ ရက် ၂ဝ၁၂ ခုနှစ် ညနေ ၄ နာရီအချိန်က တွေ့မြင်ရစဉ်။
(ဓါတ်ပုံ-လင်းဘိုဘို၊ မဇ္ဈိမ)
ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမြို့နယ် ဝါးသိင်္ခကျေးရွာတွင် စနေနေ့ည ညအိပ်နားခိုမည်ဖြစ်သည်။
gonetokomoo1

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ မိမိတို့၏ မဲပေးပိုင်ခွင့်ကို တောင်းဆိုကြမည်

ဧပြီလ (၁)ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် အသက်(၁၈)နှစ် ပြည့်ပြီးသူ မြန်မာနိုင်ငံသားတိုင်း လစ်လပ်သော မဲဆန္ဒ နယ်မြေများတွင် နေထိုင် မွေးဖွားခဲ့သူဖြစ်ပါက မိမိရောက်ရှိရာ နိုင်ငံ၏ မြန်မာ သံရုံးများ၌ လွတ်လပ်စွာ မဲပေးပိုင်ခွင့် ရှိရမည် ဖြစ်သော်လည်း ဂျပန်နိုင်ငံရှိ မြန်မာသံရုံးသည် ဂျပန်နိုင်ငံရှိ မြန်မာနိုင်ငံသားများအား မဲပေးခွင့်ပြုရန် သိသာ ထင်ရှားသော တရားဝင် ထုတ်ပြန် ကြေငြာခြင်းများ လုံးဝမရှိဘဲ သံရုံးနှင့် အဆက်အသွယ် လုပ်ထားသူများသာ မဲပေးခွင့်ရှိတယ်လို့ သတင်းဌာနတခုအား ပြောကြားခဲ့ပါသည်။

သို့ဖြစ်ပါ၍ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ မိမိတို့၏ မဲပေးပိုင်ခွင့်ကို  တောင်းဆို ကြဖို့အတွက် မပျက်မကွက် လာရောက် ဆန္ဒ ထုတ်ဖေါ်ကြပါရန် နှိုးဆော် တိုက်တွန်းလိုက်ရပါသည်။


နေရာ....ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ SHINAGAWA မြန်မာသံရုံးရှေ့
အချိန်.... ၂၀၁၂ခုနှစ်၊ ဧပြီလ(၁)ရက်
           ဂျပန်စံတော်ချိန်မနက်(၉)နာရီမှ နေ့လည်(၁၁)နာရီအထိ။

မှတ်ချက်........မြန်မာနိုင်ငံသား ဖြစ်ကြောင်း အထောက်အထားတခုခု (ဥပမာ.. မြန်မာနိုင်ငံကူးလက်မှတ် -passport, မှတ်ပုံတင်..စသည်) တို့ ယူဆောင်လာကြပါရန်။

တိုင်းရင်းဆေးဦးစီးဋ္ဌာနက အကျင့်ပျက်ခြစား ညွှန်ချုပ် အကြောင်း

ကျနော်တို့ နေပြည်တော် တိုင်းရင်းဆေး ဦးစီးဋ္ဌာနတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်မြင့် အမည်ရ ခွေးသူရမ်း ကြီး လွတ်နေပါသည်။

(၁) ဦးစီးဋ္ဌာနပိုင် မြေကို အထက် ခွင့်ပြုချက်မရဘဲ လက်သိပ်ထိုး ရောင်းစားထားခြင်း။
(၂) တိုင်းရင်းဆေး မှတ်ပုံတင်နှင့် လိုင်စင် လျှောက်ထားရာတွင် အခွန်အခ၊ ဒဏ်ကြေးများ တရားဝင် မဟုတ်ဘဲ သူ့အ တွက် သိန်းရာပိုင်း၊ ထောင်ပိုင်း ရအောင် အာဏာ အလွှဲသုံးစားပြု ပြောင်ပြောင်တင်းတင်း ကောက်ခံနေခြင်း။
(၃) ရုံးအလုပ်တွင် စိတ်မ၀င်စားဘဲ ရသမျှ ဂွင်ဖန်နေခြင်း။ ရုံးသုံးစရိတ်များ အထက်မှကျလာလျှင် အရာရှိများထံမှ တဦး လျှင် သိန်းဂဏန်းဖြတ်ခုတ်ခြင်း။
(၄) ၀န်ထမ်း အချင်းချင်းကြား သပ်ရှိုသွေးခွဲ အုပ်ချုပ်ခြင်းကြောင့် ရုံးတွင်းစည်းလုံးရေး အင်အားပျက်စီး စေခြင်း။
(၅) သူ့ဂွင်ဖန် လုပ်ငန်းများ ကို ပူးပေါင်းမလုပ်ပါက ထိုသူများကို ပညာပြခြင်း၊ နှိပ်ကွပ်ခြင်း၊ နယ်ပြောင်းခြင်း စသည်ဖြင့် ရမ်းကားချင်တိုင်း ရမ်းကား အကျင့်ပျက် နေပါသည်။

ထို့ကြောင့် နိုင်ငံတော် သမတနှင့် ကျန်းမာရေး ပြည်ထောင်စုဝန်ကြီးများထံ အကြိမ်ကြိမ် တင်ပြ တိုင်ကြား ခဲ့ပါသည်။ သို့ ပါသော်လည်း အဘယ်ကြောင့် မသိပါ။ အရေးယူ စစ်ဆေးခြင်း မရှိသေးပါ။ ထိုတိုင်စာများနှင့် ပက်သက်ပြီး ညွှန်ချုပ် ဒေါက်တာအောင်မြင့်က "ကျန်းမာရေး ၀န်ကြီးဋ္ဌာန ၀န်ကြီးက ငါ့သူငယ်ချင်း၊ သမတရုံး ၀န်ကြီးက ငါနဲ့ တမြို့တည်းသား၊ မင်းတို့ ဘာလုပ်ချင်လဲ၊ မင်းတို့ တိုင်စာတွေ ဘာတတ် နိုင်လဲ၊ မင်းတို့ကို ကြမ်းကြမ်း ကိုင်မယ်။ ဖြုတ်ပစ်မယ်။ နယ်ရွေ့ ပစ် မယ်" လို့ ကြိမ်းဝါးပြီး ရုံးချုပ်မှာ ထင်တိုင်း ကြဲနေပါသည်။

မကြာခင်ကလည်း ရုံးချုပ်မှာ ကွန်ပြူတာများ ပျောက်ပါသည်။ သူနှင့် မတည့်သူများကို အမည်နာမ များဖြင့် စွပ်စွဲပြီး ရဲ လက်အပ်ပါသည်။ "ဆေးဆရာလို့လည်း မမြင်နဲ့၊ အရာရှိလို့လည်း မမြင်နဲ့၊ သူခိုးကို သူခိုးလို့မြင်ပြီး ရိုက်စစ်ပါ။ ရိုက်စစ် ခွင့်ပေးတယ်" ဆိုပြီး အနိုင်ကျင့် နှိပ်ကွပ်ပါသည်။ အမှုစစ်ပြီးသွားသောအခါ ရုံးစောင့် နှင့် ပြင်ပလူ များကိုမိပါသည်။ မ တရားစွပ်စွဲခံရသူ အရာရှိနှင့် ၀န်ထမ်းများ နစ်နာလှပါသည်။

ညွှန်ချုပ် ဒေါက်တာအောင်မြင့်၏ နိုင်ငံတော်၊ ပြည်သူလူထု နှင့် မိမိ ၀န်ထမ်းများအပေါ် အကျင့်ပျက် ကိုယ်ကျိုးရှာ အဂတိ လိုက်စား အာဏာ အလွဲသုံးစားပြုနေပုံ အချို့ကို ဖေါ်ပြပါမည်။

(၁) ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့သစ်၊ မြေတိုင်းရပ်ကွက်အမှတ် ၆၄ ရုံးအကွက်၊ မြေကွက်အမှတ် ၁၁၂ (က) ဖြင့် ပေ ၆၀၊ ပေ ၂၀၀ အကျယ်အ၀န်းရှိ တိုင်းရင်းဆေးဦးစီးဋ္ဌာန နှင့် တိုင်းရင်း ဆေးဆရာအသင်း ပူးတွဲ အမည်ပေါက် မြေတကွက်ရှိပါ သည်။ စီးပွားရေး ကွက်ကွင်းနေရာ အလွန်ကောင်းပြီး ကျပ်သိန်း ၃၀၀၀၊ ၄၀၀၀ တန်ဘိုးရှိပါသည်။ ထိုမြေကွက်ကို ဦးခင် တိုး၊ မှတ်ပုံတင် အမှတ် ၁၂/ဒကန(နိုင်) ၀၂၂၆၃၈၊ လိပ်စာ၊ အမှတ် ၉၇၊ လှည်းတန်းလမ်း၊ ကမာရွတ်အား ကျပ်သိန်း တထောင် တည်းဖြင့် လက်သိပ်ထိုး

တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမား တစ်ထောင်ကျော် ဒီကနေ့ ဆန္ဒပြကြပြီး ရဲတပ်ဖွဲ့တွေနဲ့ အပြန်အလှန် အဓိကရုဏ်းဖြစ်...

ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန်က တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမား တစ်ထောင်ကျော် ဒီကနေ့ ဆန္ဒပြကြပြီး ရဲတပ်ဖွဲ့တွေနဲ့ အပြန်အလှန် အဓိကရုဏ်းဖြစ်လို့ အလုပ်သမား အနည်းဆုံး ၃ ဦးလောက် ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
Copy from - RFABurmeseVideo

သစ်တောရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း၏ မ ရှုပ်လို့ မီး ရှို့လိုက်ရတဲ့ မြန်မာ့သစ်လုပ်ငန်း အရှုပ်တော်ပုံအပိုင်း (၁)

၂၆-၃-၂၀၁၂ နေ့က သီလဝါ မီးလောင်မှု မြင်ကွင်း ဓာတ်ပုံ China News

ရှုပ်လို့ မီး ရှို့လိုက်ရတဲ့ မြန်မာ့သစ်လုပ်ငန်း 
အရှုပ်တော်ပုံအပိုင်း (၁)
March 31, 2012  
ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းထွန်း၏ အရှုပ်တော်ပုံကြောင့် ပြည်သူ့ဘဏ္ဍာမှ ပံ့ပိုးထားတဲ့ စာရင်း ကွာဟမှုများကို ဖြေရှင်းရန်အတွက် ၂၆-၃-၂၀၁၂ နေ့ ညနေ ပိုင်း မှ ၂၇-၃-၂၀၁၂ နေ့ နံနက် စောစောအထိ ကျောက်တန်းမြို့နယ်၊ သီလ၀ါ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း တွင် ပြည်ပသို့တင်ပို့ရန် စုပုံထားသည့် ကျွန်းသစ်လုံးကြီးများ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

သစ်ဆိပ်များတွင် မီးမကြာခဏ လောင်ကျွမ်းလေ့ရှိသော်လည်း ယခု လောင်ကျွမ်းမှုမှာ မြန်မာ နိုင်ငံတွင် အကြီးမားဆုံး လောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။ ကျွန်းသစ်တန်ချိန် ၈၁၀၀ လောင်ကျွမ်း ကြောင်း စာရင်းဖေါ်ပြခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၁၀၀ကျော်ခန့်နှင့် စုစုပေါင်း ဒေါ်လာ ကိုးသန်းနီးပါးခန့်  မီးလောင် ဆုံးရှုံးခဲ့ရကြောင်း သက်ဆိုင်ရာ တင်ပြခဲ့သည်။

ယင်းမီးလောင်မှုမှာ ဦးတေဇ ပိုင် ထူး Co ပိုင် သစ်များဟု ပြင်ပတွင် သတင်းဖြစ်ပေါ်နေသော် လည်း အမှန်တကယ် နိုင်ငံတော်အစိုးရပိုင် သစ်များ ဖြစ်သည်ဟု သိရသည်။ အကြောင်းမှာ မြန်မာ နိုင်ငံမှ ပြည်ပသို့ သစ်ရောင်းချရာတွင် သဘောင်္တင်ရုံနှင့် စီးပွားရေးလုပ်ငန်းရှင် ပိုင်သစ်များဟု ပြောဆိုမရပဲ၊ ပြည်ပသို့ သဘောင်္ထွက်ခွာပြီး မြန်မာ့ရေပိုင်နက် ၁၂ မိုင်ကျော်လွန်မှ သာ သစ်လုပ်ငန်းက ယင်း စီးပွားရေး လုပ်ငန်းရှင်ထံသို့ Invoice ထုတ်ပေးကြောင်း၊ Invoice ရမှ သာလျှင် လုပ်ငန်းရှင်ပိုင် ဖြစ်သွားကြောင်း သိရသည်။ သီလ၀ါ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတွင် သစ်လုံးတန်ချိန် ၃၀၀၀၀ ကျော် စုပုံထားသည့် အနက်မှ ယခု လောင်ကျွမ်းမှု သည် တန် ၈၁၀၀ ဟု ပြသော်လည်း အမှန် တကယ် ၈၁၀၀ လောင်ကျွမ်းခြင်း မရှိပဲ စာရင်း ပိုပြခဲ့ခြင်း ဖြစ်သည်။

ယင်းမီးလောင်ကျွမ်းမှုတွင် သီလ၀ါ ဆိပ်ကမ်း သစ်လုံးရောင်းဌာန တာဝန် ခံ မန်နေဂျာ ဦးမြင့်သိန်း၊ ဒု အထွေထွေ မန် နေဂျာ ဦးတင်ဦး ၊ အထွေထွေ မန်နေဂျာ ဦးအေးကျော်  ဦးဆောင်ညွန်ကြားရေးမှူး ဦးခင်မောင်ရီ တို့တွင် အပြည့်အ၀ တာဝန်ရှိကြောင်း၊ ယင်း လူများမှာ လက်ရှိ ပြည်ထောင်စု ၀န် ကြီး ဦးဝင်းထွန်း ၏လူများဖြစ်နေကြသည့်အတွက် ယင်းမီးလောင်ဆုံးရှုံးမှုမှာ စာရင်းဖျောက်မှု သက်သက်သာ ဖြစ်သည် ။

လတ်တလော စစ်ဆေးချက်များအရ ပြည်ပသစ်လုံးအရောင်းဌာန ၁/၂/၃ ဟု ရှိရာ တွင် အရောင်းဌာန ၁ နှင့် ၂ မှာ ကျွန်းသစ်အရောင်းဌာနများဖြစ်ပြီး၊ အရောင်းဌာန ၃ မှာ ပျဉ်းကတိုး အရောင်းဌာန များဖြစ်သည်။ ပြည်ပ အရောင်းဌာန ၃ မှ ပျဉ်းကတိုး တန် ချိန် ၁၃၀၀၀ ကျော်နှင့် ပြည်ပအရောင်းဌာန ၁ / ၂ တို့မှ ကျွန်းတန်ချိန် ၇၀၀၀ စုစုပေါင်း တန် ချိန် ၂၀၀၀၀ ကျော် ကွာခြားနေပြီး အရေးယူနိုင်ခြင်း မရှိသေးသလို စစ်ဆေးရခြင်း မရှိသေးသော သစ်လုံးတန် ချိန် စုစုပေါင်း ၆၀၀၀၀၀ ကျော်ရှိနေသေးသည် ။

ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန တွင်ဖြစ်ပေါ်နေသော စာရင်းကွာဟ မှုများ နှင့် နိုင်ငံတော်ဘဏ္ဍာ ဆုံးရှုံးမှုများမှာ ပြည်ထောင်စုအဆင့်ဝန်ကြီး နှင့် စီးပွားရေးဖက် Great Apex Co,Ltd မှ ချစ်တီးကုလား ဦးအေးမောင်တို့၏ အလွဲသုံးမှုများကြောင့် ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များ အတွင်း ရေပန်းစားလျက်ရှိသည်။

ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းကို ပြည်ထောင်စုဝန်ကြိးအဖြစ် တာဝန်မပေးခင် ကတည်းက မြန်မာ့သစ်လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး လက်ထက်ကတည်းက တပ်မတော် ဂေါက်ကွင်း (ရန်ကုန် ) တွင် Golf Carry ကျောနံပတ် ၀၄၉ မသန်းသန်းညွန့် နှင့် ညှိစွန်းခဲ့ပြီး တိုက်ခန်း ရှစ် ခန်း ၊ အင်းစိန်ဈေးတွင် ရွှေဆိုင်တစ်ဆိုင်၊ ၂၀၁၁ နှစ်ဆန်း ပိုင်းက ပဲခူးသစ် ထုတ်လုပ်ရေး - ရောင်း/ စက်သို့ မသန်းသန်းညွန့် နာမည်နှင့် သစ်ရောင်းချပေးရန်၊ ဦးဝင်းထွန်း၏ လက်မှတ်ဖြင့် မဖြစ်မနေရောင်း ချပေးရန် မှတ်ချက်ရေးထိုး ပေးခဲ့ကြောင်း၊ ယခု မသန်းသန်းညွန့် အင်းစိန် ဈေးမှ ရွှေဆိုင်ကို ရောင်းချပြီး ဦးဝင်းထွန်း နှင့် ညှိစွန်းနေသည့် အကြောင်း ဖေါ်ကောင်လုပ် နေသော သူမ၏ ခင်ပွန်းကို Taxi ကားတစ်စီး ၀ယ်ပေးထားရကြောင်း သိရသည်။ ဂေါက်ကွင်းတွင်လည်း သန်းသန်းညွန့်ပိုင် ဆိုင်တစ်ဆိုင် ဖွင့်ပေးထားသည် ဟုသိရသည်။
 
 
လက်ရှိပြည်ထောင်စု ၀န်ကြီးဖြစ်လာသည့်အခါ ဦးဝင်းထွန်းသည် Golf Carry မသန်းသန်းညွန့်နှင့် တင်းတိမ် ရောင့်ရဲ ခြင်းမရှိတော့ပဲ နိုင်ငံကျော် အဆိုတော် ရုပ်ရှင် မင်းသမီးများ အတွက်ပါ ပံ့ပိုး ညှိစွန်းမှုများ ပြုလုပ် လာခဲ့ကြောင်း သိရသည်။ ၁၁-၁၀-၂၀၁၁ ရက်စွဲဖြင့် သစ်ကုန်သည် မဟုတ်သူ မင်းသမီး နန်းဆုရတီစိုးကို ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း က whole sale ဖြင့် ကျွန်းသစ် တန် ၅၀၀ ရောင်းချ ပေးခဲ့ကြောင်း၊ ယင်းရောင်းချခွင့် ပါမစ်အတွက် တစ်တန်လျှင် ဒေါ်လာ ၅၀၀ နှုန်းဖြင့် မင်းသမီး နန်းဆုရတီစိုး က အမြတ် ရခဲ့ပြီး မြန်မာကျပ်ငွေ သိန်းနှစ်ထောင် ရရှိအောင် ပံ့ပိုး ပေးခဲ့ကြောင်း သိရသည်။  ယင်း သိန်းနှစ်ထောင်ဖြင့် ၃၀-၁၀-၂၀၁၁ နေ့တွင် နန်းဆုရတီစိုးက Hotel တစ်ခုတွင် ဂျာနယ် သတင်းထောက်များနှင့် မီဒီယာ ရှင်းလင်းပွဲပြုလုပ်ကာ ၂၀၀၈ ခုနှစ်ကတည်းက အသံစီးရီး ထွက်ခဲ့သည့် သူမ၏ မိုးမမြင်လေမမြင် တေးစီးရီးကို MTVနှင့် VCD ချပ်များ ထုတ်ရန် ကြေငြာခဲ့ကြောင်း သိရသည်။ သူမ၏ မိုးမမြင်လေမမြင် တေးစီးရီး VCD ချပ်များ ထုတ်ဝေရန် စီစဉ်ပြီးသည်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းနှင့် မင်းသမီး နန်းဆုရတီစိုးတို့ ထိုင်းနိုင်ငံတွင် ချိန်းဆို တွေ့ဆုံကာ အပန်းဖြေ ခဲ့ကြကြောင်း သိရသည် ။

လက်ရှိ အကယ်ဒမီ မင်းသမီး သက်မွန်မြင့်အား တစ်လလျှင် ဒေါ်လာ ငါးထောင်နှုန်းဖြင့် တစ်နှစ်စာ ဒေါ်လာ ခြောက်သောင်း ပံ့ပိုး ပေးလျှက်ရှိပြီး ပြည်ထောင်စုဝန်ကြီးနှင့် အထက်အဆင့် လူကြီးများနှင့် စီးပွားရေး လုပ်ငန်းရှင်ကြီးများအတွက် ပြုလုပ်သော ဦးဝင်းထွန်း၏ ပါတီပွဲများတွင် ပင်တိုင်ဧည့်ခံပေးရန် စီစဉ်ထားသည့်အတွက် မြန်မာ့သစ်လုပ်ငန်းကို စာရင်းစစ်မရှိပဲ ထင်တိုင်းကြဲ ခွင့်ရအောင် ဆောင်ရွက်ထားသည်။

အဆိုတော် ရုပ်ရှင်မင်းသမီးများနှင့် တွေ့ဆုံပေးခဲ့သော Great Apex Co,Ltd မှ ချစ်တီးကုလား ဦးအေးမောင်အား မြန်မာ့သစ်လုပ်ငန်း၏ အစဉ်အလာဖြစ်သော သစ်ရောက်ငွေချေ စံနစ်အစား ဖားအံသစ် ထုတ်လုပ်ရေးမှ တဆင့် မြန်မာ့သစ်လုပ်ငန်း ဘဏ္ဍာရေးဌာန ရုံးချုပ်က ကျပ်သိန်း ၆၀၀၀ ကို စရံငွေအဖြစ် ပေးထားကြောင်း သိရသည်။

ယခုအခါ လွှတ်တော်အတွင်း ၀န်ကြိးဌာနများ၏ အလွဲသုံးစားမှုများကို အရေးယူရန် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း ကလည်း ၀န်ကြီးဌာနများ၏ အကျင့်ပျက် ခြစားမှုများကို ဖေါ်ထုတ်ရန် ဆောင်ရွက်လျက်ရှိရာ ကွာခြားနေသော သစ်တန်ချိန် များအား စာရင်းဖျောက်ရန် အတွက် ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း၏ လူယုံ သီလ၀ါ သစ်ဆိပ် တာဝန်ခံ ပြည်ပသစ်လုံး ရောင်းဌာန မှ မန်နေဂျာ ဦးမြင့်သိန်းအား စာရင်းဖျောက်နိုင်ရေး စီစဉ်ညွှန်ကြားခဲ့ ကြောင်း သိရသည်။ ထပ်မံရရှိမည့် သတင်းများကို ဆက်လက်ဖေါ်ပြပါမည်။

သစ်လုပ်ငန်းရှင်များ
Copy from - demowaiyan

တိုင်ရီအလုပ်သမားများ လုံခြုံရေးရဲများ၏ အကြမ်းဖက်ခံရ

Saturday, 31 March 2012
လုပ်ခလစာ တိုးမြှင့်ပေးရေးနှင့် ပတ်သက်၍ လွန်ခဲ့သည့် နှစ်လခန့်မှ စတင် ဆန္ဒပြခဲ့သော လှိုင်သာယာမြို့နယ် တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမားများသည် ယနေ့နံနက်တွင် ရန်ကုန်တိုင်းဒေသကြီး ၀ါဏိဇ္ဇရုံးသို့ သွားရောက်ရန် ပြင်ဆင် နေချိန်တွင် လုံခြုံရေး ရဲများမှ အကြမ်းဖက် တားဆီးခဲ့ကြောင်း ယင်းအလုပ်သမားများနှင့်  မျက်မြင် သက်သေများက ပြောသည်။

ယင်းသို့  အကြမ်းဖက်ရိုက်နှက်မှုကြောင့် တိုင်ရီဖိနပ်စက်ရုံမှ အမျိုးသမီးအလုပ်သမား ငါးဦး ဦးခေါင်းပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ပြီး အခြား အလုပ်သမားများလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု  တိုင်ရီစက်ရုံမှ အလုပ်သမားများက ပြောသည်။

တိုင်ရီ ဖိနပ်စက်ရုံ လုပ်သားများ ဆန္ဒပြနေသည်ကို ယခင်သီတင်းပတ် က ယခုကဲ့သို့ တွေ့မြင်ရသည်။

အလုပ်သမားတစ်ဦးဖြစ်သည့် မယဉ်ယဉ်ထိုက်က “ ကိုယ့်မြန်မာအချင်းချင်း ဆက်ဆံသလိုမဟုတ်ဘူး။ ဂျပန်ခေတ်က ဖက်ဆစ်ပုလိပ်တွေလိုပဲ ကျွန်မတို့ကို ၀င်ရိုက်တာ။ ဒီကိစ္စကို သမ္မတကြီး ဦးသိန်းစိန် သိအောင် ပြောချင်တယ်” ဟု YPI သို့ ပြောသည်။

နေအိမ်အတွင်း ဗလီဆောက်ဖို့ ကြိုးပမ်းသည့်အတွက် ကျောက်ပန်းတောင်းမြို့ခံမျာ...

Copy from - Burma VJ Media


By ဇာဏီ၊ မတ်လ ၃၀ ရက်နေ့၊ ၂၀၁၂ ခုနှစ်။

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် ဘုရားနီ ဘုရားအနီးရှိ အိမ်တအိမ်အတွင်း ဗလီ ဆောက်လုပ်ရန် ကြိုးစားသည့်အတွက် ကျောက်ပန်းတောင်းမြို့ခံ လူဦးရေ တသောင်းခွဲ ဝန်းကျင်ခန့် လာရောက် ဖြိုဖျက်နေသည်လို့ မြို့ခံပြည်သူတဦးက ဘားမားဗီဂျေ မီဒီယာကို သတင်းပေးပို့ပါသည်။
 အခုလို ဖြစ်ပွားနေသည့် ပြဿနာအပေါ် ကျောက်ပန်းတောင်းမြို့နယ် နိုင်ငံရေး အသိုင်းအဝိုင်းက ပြောနေကြတာကတော့ “ အရင်တုန်း ကတည်းက ကျောက်ပန်းတောင်းက  လူမျိုးခြားကုလား လက်မခံတဲ့ မြို့ ဖြစ်တယ်၊ ညအိပ် ညနေတောင် လက်မခံဘူး။ အပြင်ဘက်မှာ ထွက်နေတဲ့ အသံက ကျောက်ပန်းတောင်းမှာ ကုလားတွေ ဗလီ ဆောက်တယ်ဆိုပြီး သတင်းရလို့ မြို့ခံတွေ စုပေါင်းပြီး ဝင်ဖျက် နေတာ၊ လူထုက တသောင်းခွဲလောက် ရှိတယ်၊ ကားအစီး ၁၀၀ လောက် ရှိသွားပြီ၊ တကယ်က ကုလားနဲ့

အမှန်တရားအတွက် မှန်ရာကို ခြစ်မည့် ပြည်သူ့ တပ်မတော်သားများ...


အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ လက်ကမ်း စာစောင်တွေကို ဝမ်းပန်းတသာ ရယူပြီး ပြန်လည် အသိအမှတ်ပြုနေကြတဲ့ ပြည်သူ့တပ်မတော်သားများ..

Saturday, March 31, 2012
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး မဲဆွယ် စည်းရုံးရေး ခရီးစဉ်အတွင်း တပ်မတော်သားများမှ အဖွဲ့ချုပ် လက်ကမ်းစာစောင်များအား ဝမ်းပန်းတသာ လက်ခံ ရယူပြီး အပြန်အလှန် အသိအမှတ်ပြုနေကြတဲ့ မြင်ကွင်း ဓာတ်ပုံတွေပါ...။ အကြောင်းကြောင်းကြောင့် မည်သည့်မြို့ မည်သည့်တပ်ဆိုတာကို ကာယကံရှင်များရဲ့ လုံခြုံရေးကြောင့် မဖော်ပြနိုင်တာကိုတော့ နားလည်စေချင်ပါတယ်..။

ပြီးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲတွေမှာ တပ်မြို့တွေဖြစ်တဲ့ မင်္ဂလာဒုံ၊ မှော်ဘီ အစရှိတဲ့ နေရာတွေမှာ အဖွဲ့ချုပ်က ပြတ်ပြတ်သားသား အနိုင်ရခဲ့တာ မှတ်မိကြဦးမှာပါ..။ လတ်တလော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေး ခရီးစဉ်တွေမှာလည်း ယူနီဖောင်းကို ချွတ်ပြီး လာရောက် အားပေးကြတဲ့ သူတွေဒုနဲ့ဒေးပါ..။ ကလောမြို့က တပ်သားလေး ကျော်ဇင်ဝင်းတို့ အဖွဲ့ချုပ်ကို လာရောက် တိုင်ကြားတဲ့ ရေတပ်သား သူရိန်တို့ သတင်းတွေဟာလည်း အင်တာနက် သတင်းစာမျက်နှာတွေမှာ မြင်တွေ့နေရတာပါ..။ လူထု ခေါင်းဆောင်မှလည်း မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲရေးတွေမှာ တပ်မတော်မှ ပူပေါင်းပါဝင် ဆောင်ရွက်ဖို့ ပြောဆိုနေတာလည်း အများသိပြီး ဖြစ်ပါတယ်..။ တကယ့် အရာခံ၊ အကြပ်၊

ဖိုးလပြည့်နှင့် ၀တ်မှုံရွှေရည် ရန်ကုန်မြစ်တွင်း သင်္ဘောစီး

ဇန်န၀ါရီ ၂၀၊ ၂၀၁၀
          ပြီးခဲ့သည့် အောက်တိုဘာလ ရန်ကုန်မြို့ ကားပြပွဲတွင် တွေ့ရသည့် ဖိုးလပြည့်
ခေါ် နေရွှေသွေးအောင် (ဓာတ်ပုံ-မိုးမခ)
         
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အချစ်တော် မြေးဖြစ်သူ ဖိုးလပြည့်သည် နာမည်ကြီး မော်ဒယ် သရုပ်ဆောင် ၀တ်မှုန်ရွှေရည် နှင့် ယခုလ ၁၃ရက်နေ့က ရန်ကုန်မြစ်အတွင်း သင်္ဘောဖြင့် လည်ပတ်ခဲ့သည် ဟုသိရသည်။

နေ့ဝက်ကြာ လည်ပတ်သည့် ၎င်းခရီးစဉ်တွင် မြပုဏ္ဏမီ အပျော်စီး ဇိမ်ခံသင်္ဘောဖြင့် နန်းသီတာဆိပ်ကမ်းမှ စတင် ထွက်ခွာခဲ့ပြီး မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်အဖွဲ့၏ သင်္ဘောတစ်စီးဖြင့် ရဲအရာရှိများ၊ ရဲထောက်လှမ်းရေးများ လိုက်ပါ  စောင့်ရှောက် ပေးခဲ့ရသည်ဟု လုံခြုံရေး တာဝန်ယူခဲ့ရသည့် အမည်မဖော်လိုသူ တဦးက ပြောသည် ။
၎င်းခရီးစဉ်အတွက် ကုန်ကျစရိတ်များ ပေးဆောင်ခြင်း မရှိကြောင်း၊ မြပုဏ္ဏမီ သင်္ဘောကို ပို့ဆောင်ရေး ၀န်ကြီးဌာနမှ အရာရှိကြီး တစ်ဦး ပိုင်ဆိုင်ကြောင်း သိရှိရသည်။ ၎င်းသတင်း မပေါက်ကြားရေးစေရန်  လိုက်ပါဆောင်ရွက်ပေးခဲ့သူများကို ညွှန်ကြားထားသည်ဟု ဆိုသည်။
 ဖိုးလပြည့်သည် ပြီးခဲ့သည့် သြဂုတ်လက ဗဟန်းမြို့နယ် ချင်းချောင်း နန်းတော်ရှေ့တွင် ဖွင့်လှစ် ထားသည့် ဆဲဗင်း လက်ကာ အမည်ရှိ အဆင့်မြင့်ကော်ဖီဆိုင်အား ဖျက်ဆီးရန် အမိန့်ပေး စေခိုင်းခဲ့သဖြင့် ရန်ကုန်မြို့ရှိ လုပ်ငန်းရှင်များနှင့် အစိုးရ အရာရှိ အသိုင်းအ၀ိုင်းကြား နာမည်ကြီးခဲ့သူဖြစ်သည်။
 
တချို့ကလည်း ထိုသို့ အနိုင်ကျင့် ခြိမ်းခြောက်ခြင်းကို ရွံ့ရှာစွာ ဝေဘန် ပြောဆိုခဲ့ကြသည်။
 
Copy from - thespiritfruit.com

နာမည်ကြီး အနုပညာရှင်တွေ ပြင်ဦးလွင်မှာ အန်အယ်ဒီ အတွက် မဲဆွယ်(ရုပ်သံ သတင်း)


နာမည်ကြီး အနုပညာရှင်တွေ ပြင်ဦးလွင်မှာ အန်အယ်ဒီ အတွက် မဲဆွယ် ဧပြီလ ၁ ရက်နေ့ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် နာမည်ကြီးအနုပညာရှင်တွေ စုပေါင်းပြီး သူတို့ရဲ့အနုပညာနဲ့ ပြင်ဦးလွင်မြို့နယ်က ပြည်သူလူထုကို ဖျော်ဖြေရင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အတွက် မဲဆွယ်စည်းရုံးရေး ပြုလုပ်သွားခဲ့ပါတယ်။

 ပြင်ဦးလွင်မြို့နယ်မှာ ၀င်ရောက် ယှဉ်ပြိုင် အရွေးခံမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးကျော်သီဟကို ဒေသခံတွေ မဲထည့်ပေးကြဖို့ သူတို့က တိုက်တွန်းခဲ့ကြပါတယ်။

ပရိသတ် ၂၀၀၀၀ သောင်းကျော် တက်ရောက်လာတဲ ဒီပွဲမှာ ဒါရိုက်တာဝိုင်း ၊ လူမင်း ၊ ဝေဠုကျော် ၊ ရဲတိုက် ၊ ထွန်းအိန္ဒြာဗိုလ် ၊ ချစ်သုဝေ တို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးကြဖို့ ရိုက်ကူးထုတ်လွှင့်ထားတဲ့ ဒီလိုလေးခြစ်တက်ရင်ရပြီ ဆိုတဲ့ ပြဇတ်ကို ခင်းကျင်းပြသခဲ့သလို ဆောင်းဦးလှိုင် ၊ မာရဇ္ဇ ၊ အာဇာနည် ၊ အနဂ္ဂ ၊ လင်းလင်း ၊ သံသာဝင်း ၊ ကဗျာဘွဲ့မှူး စတဲ့နာမည်ကြီးအဆိုတော်တွေကလည်း သူတို့ရဲ့သံစဉ်တွေနဲ့ သီဆိုဖျော်ဖြေ သွားခဲ့ ကြတာပါ။
Copy from, BurmaVJMedia

အနုပညာရှင်တွေက NLD ကို တဖက်ဇောင်းနှင်း အားပေးနေကျလို့တဲ့ စာပေစိစစ်က ဒီစာမျက်နှာကို ပိတ်သတဲ့ဗျာ

စာပေစိစစ်က ဒီစာမျက်နှာကို ပိတ်သတဲ့ဗျာ
အဂ္ဂမဟာ ဒီမိုဖက်တီး facebook မှ ကူးယူခဲ့တာပါ

ရွေးကောက်ပွဲရဲ့ တရားမျှတမှုကို ခြိမ်းခြောက်နေ

ပြည်တွင်း ပြည်ပသတင်းထောက် ၃၀၀ ကျော်နဲ့ သံတမန်တွေ တက်ရောက်ခဲ့ကြသည့် သတင်းစာရှင်းလင်းပွဲ
(ဓါတ်ပုံ - ၇ ရက်သတင်းဂျာနယ်)
2012-03-30

မဲဆွယ်စည်းရုံးရေးတွေမှာ ပေါ်ပေါက်နေတဲ့ အခြေအနေတွေအရ အခုကြားဖြတ် ရွေးကောက်ပွဲဟာ တရားမျှတမှု အပြည့်အ၀မရှိဘူးလို့ အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

လွန်ခဲ့တဲ့လပိုင်းအတွင်း ဖြစ်ပျက်ခဲ့တာတွေကို ကြည့်မယ်ဆိုရင် လွတ်လပ်ပြီး တရားမျှတမှု အစစ်အမှန်ရှိတဲ့ ရွေးကောက်ပွဲတစ်ခုလို့ မသတ်မှတ်နိုင်ပါဘူး။ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်မှု မရှိတာတွေဟာ ရွေးကောက်ပွဲရဲ့ တရားမျှတမှုကို ခြိမ်းခြောက်နေပါတယ်။

ခြိမ်းခြောက်မှုပေါင်းများစွာ အပါအ၀င် အန်အယ်လ်ဒီ ပါတီရဲ့ ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရတာတွေဟာ ဒီမိုကရေစီ ရွေးကောက်ပွဲကျင့်စဉ်နဲ့ သွေဖည်နေပါတယ်။ ဒါပေမယ့် အခြေအနေတွေကို သည်းခံပြီး ပြည်သူလူထု လိုလားတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ရရှိရေးအတွက် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

ဒီကနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲကို CNN, CBS, BBC, RFA စတဲ့ အနောက်တိုင်းသတင်းဌာနတွေ အပါအ၀င် ပြည်တွင်း ပြည်ပသတင်းထောက် ၃၀၀ ကျော်နဲ့ သံတမန်တွေ တက်ရောက်ခဲ့ကြပါတယ်။
ဒီသတင်းစာရှင်းလင်းပွဲမှာ အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

Copy from - rfa.org/

Friday, March 30, 2012

မဲဆွယ်စည်းရုံးပွဲကို သွားရောက်နေတဲ့ စစ်ကိုင်းတိုင်း ဝင်းကုန်းရွာ ရွာလုံးကျွတ် မီးလောင်မှုဖြစ်ပွား

Friday, 30 March 2012
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဝင်းကုန်းရွာမှာ မတ်လ ၂၉ ရက်နေ့ ညနေပိုင်းက ရွာလုံးကျွတ် မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
 
လူမင်း၊ ထွန်းအိန္ဒြာဗိုလ်၊ ရဲတိုက်၊ ဝိုင်း၊ ချစ်သုဝေ၊ လင်းလင်း၊ မာရဇ္ဇ စတဲ့ အနုပညာရှင်တွေက မဲပညာပေး စည်းရုံးရေး ခရီးစဉ်နဲ့ ဖျော်ဖြေရေး ခရီးစဉ်အဖြစ် စစ်ကိုင်းတိုင်းကို လာရောက် ဖျော်ဖြေနေချိန်မှာ တရွာလုံး သွားရောက် အားပေးနေစဉ် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
 
 မီးလောင်ကျွမ်းခံခဲ့ရတဲ့ အဲ့ဒီရွာဟာ အိမ်ခြေ ၃၀၀ ကျော် လူဦးရေ ၁၀၀၀ ကျော် ရှိတယ်လို့ သိရပြီး တရွာလုံး နီးပါး မီးလောင်သွားတယ်လို့ သတင်းရရှိပါတယ်။  စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဝင်းကုန်းရွာဟာ အလောင်းတော်ကဿပ တောင်ခြေမှာ ရှိပြီးတော့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့အပြင် သောက်ရေသုံးရေ အလွန် ရှားပါးတယ်လို့ သိရပါတယ်။
 
ပုလဲမြို့က မီးသတ်ကားတွေ လာရောက် ငြှိမ်းသတ်ခဲ့ပေမဲ့ မီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်ဖို့ အခက်အခဲတွေ အများအပြား ကြုံတွေ့ခဲ့ရပြီး တရွာလုံးနီးပါး လောင်ကျွမ်း ခံခဲ့ရတာ ဖြစ်ပါတယ်။ ဘယ်ကနေ စတင် လောင်ကျွမ်းတယ် ဆိုတာကိုတော့ စုံစမ်းဆဲဖြစ်ပြီး မီးဘေးသင့်ပြည်သူတွေ အတွက် အကူအညီတွေ လိုအပ်တယ်လို့ သိရှိရပါတယ်။

Copy from - BurmaVJ Media Network

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သတင်းစာရှင်းလင်းပွဲ

လာမည့် ကြားဖြတ် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲတစ်ခု ဖြစ်မည်ဆိုသည်ကို စဉ်းစားလို့ မရနိုင်ကြောင်း၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သတင်းစာ ရှင်းလင်းပွဲကို ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ယနေ့နံနက်ပိုင်း ကျင်းပခဲ့ပြီး ပြီးခဲ့သည့်လများအတွင်း ဖြစ်ပျက်ခဲ့သည်များကို စဉ်းစားပါက လာမည့် ကြားဖြတ် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲတစ်ခု ဖြစ်မည်ဆိုသည်ကို စဉ်းစားလို့ မရနိုင်ကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ထုံး လုပ်နည်းများ မှားယွင်းမှုများသည် ဒီမိုကရက်တစ် ကျသည့် ရွေးကောက်ပွဲ တစ်ခုက လက်ခံနိုင်သည့်...ထက် ကျော်လွန်ကြောင်း၊ သို့ရာတွင် ကျွန်မတို့ပြည်သူများ လိုချင်သည့် အရာဖြစ်သည့်အတွက် မိမိတို့အနေဖြင့် ရှေ့ဆက်လက် ဆောင်ရွက်သွားရန် ဆုံးဖြတ် ထားပါကြောင်း၊ လာမည့် ကြားဖြတ် ရွေးကောက်ပွဲသည် နိုင်ငံတွင်း နိုင်ငံရေး အသိတရား နိုးကြားမှု တိုးမြှင့် ပေးပါကြောင်း၊ မိမိကျန်းမာရေး အနေဖြင့် သိပ်ကြီးတော့ နေမကောင်း သေးပါကြောင်း၊ လုံခြုံရေးနှင့်ပတ်သက်၍ စိတ်မပူရန် ပြည်သူများကို ပြောကြားလိုပါကြောင်း၊ ပြုပြင် ပြောင်းလဲရေးနှင့် ပတ်သက်၍ ကိုယ့်လမ်းကို ကိုယ်ခင်းပြီး သွားရမှာဖြစ်ကြောင်း၊ မြစ်ဆုံရေကာတာ စီမံကိန်း ထာဝရ ရပ်ဆိုင်းရေးနှင့် ပတ်သက်၍ ဂျာနယ်လစ် တစ်ဦး၏ မေးမြန်းမှုအပေါ် အားလုံးက လက်ခံနိုင်သည့် ထာဝရ အဖြေတစ်ခုကို ရှာဖွေ ရမည်ဖြစ်ကြောင်း၊ စသဖြင့် ထည့်သွင်း ဖြေကြားခဲ့ပါသည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ လာမည့် ကြားဖြတ် ရွေးကောက်ပွဲသို့ လာရောက် စောင့်ကြည့် လေ့လာသူများ အပါအ၀င် ပြည်တွင်း ပြည်ပ မီဒီယာ ၃၀၀ ကျော် တက်ရောက်ခဲ့သည်။
Copy from - Eleven Media Group

ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီချုပ်ခေါင်းဆောင်များ စဉ်းစားချင့်တွက်စေချင်

ရေးသင့်တာကတော့ အတော်ကြာသွားပါပြီ။ ဒါပေမဲ့ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည် ဖန်ကလပ်ဗ်က ဝက်ဝက်ကွဲ ဆိုတော့ အကျယ်အကျယ်တွေ လာနေမှာ စိတ်ရှုပ်တာနဲ့ မရေးဖြစ်ဘူး။ ကျနော်ထင်ပါတယ်၊ မနေနိုင်တော့တဲ့ အဆုံးမှာသာ သတ္တိမွေးပြီး ဇွတ်ရေးချလိုက်ကြရတာပါ၊ ဒေါ်အောင်ဆန်းစုကြည် ရွှေဘောတော်ငြိုမှာ အမျက်တော်ရှမှာမျိုးကို ဘယ်သူမဆို လက်ရှောင်ချင်ကြမှာ ကျိန်းသေပါတယ်။ ကျနော်လဲ ဆိုရေးရှိက ဆိုအပ်စွ၏ ဆိုစများလျား ထားပချေမိ ငါ့ဝန်ရှိခဲ့ အဖြစ်မခံချင်လို့ ချရေးလိုက်ပါပြီ။

ဒေါ်စုတို့ ပြည်နယ်တွေမှာ ဝင်မပြိုင်သင့်၊
ကိုယ့်သွေးချင်းတွေရဲ့ နေရာကို အထူးသဖြင့် အခုလို ပြည်ထောင်စုသားတွေ ရင်ကြားစေ့ဖို့ အဖက်ဖက်က ကြိုးစား နေရတဲ့အချိန်မှာ ဒီလို လုံးဝမလုပ်သင့်။
ဒီချုပ်နဲ့ တိုင်းရင်းသားအဖွဲ့တွေကြားမှာ မဲတွေ ပြားမသွားသင့်။
ဖျံ ၂ကောင် အစာလုရင်း မြေခွေးက ရင်ဘတ်ပိုင်းရသွားအောင် မလုပ်သင့်။

ပြောတော့ စာနယ်ဇင်းတို့ မီဒီယာတို့ဆိုတာ တိုင်းပြည်ရဲ့ စတုတ္ထမဏ္ဍိုင်တဲ့၊ အဖက်ဖက်က အကျင့်ပျက်နေတဲ့ နိုင်ငံမို့ ချက်ခြင်း အားလုံးကောင်း မလာသေးတာ နားလည်ပါတယ်။ ဒါပေမဲ့

ကိုမိုးသီးဇွန် ဖြေရှင်းချက်

မြောက်ပိုင်းသတ်ဖြတ်မှုအပေါ် ကိုနိုင်အောင် အဖွဲ့မှာသာ တာဝန်ရှိကြောင်း အချက်အလက်များ
(မတ်လ ၂၈ ရက်၊ ၂၀၁၂)
ရဲဘော်များနှင့် မိတ်ဆွေများ ခင်ဗျား

မြောက်ပိုင်းကိစ္စကို ကျနော် သိပ်မပြောလိုတော့သော်လည်း ကိုနိုင်အောင် ရဲ့ မတ်လ ၂၅ ရက်၊ ၂၀၁၂ ခုနှစ် နေ့စွဲပါ စာ မှာ အေဘီအက်စ်ဒီအက်ဖ် မကွဲခင်က ကျနော်က ဘာညွှန်ကြားခဲ့သလဲ မသိပါလို့ ကောက်ချက်ဆွဲထားပြန်သဖြင့် ဒီဖြစ် ရပ်ကို မသိသူများ အနေနဲ့ ဖြစ်ရပ်မှန်အပေါ် သို့လောသို့လောဖြစ်ဖွယ် သူရေးထားတဲ့အတွက် ကျနော့် အနေနဲ့ ရှင်းလင်း တင်ပြဖို့ လိုလာပါတယ်။

မြောက်ပိုင်းသတ်ဖြတ်မှုဟာ ကိုနိုင်အောင်အဖွဲ့မှာသာ လုံးဝတာဝန်ရှိနေပါတယ်။ ဖမ်းဆီးမှုများကို ကျနော်တို့ သတင်းရရှိ စဉ်က ကျနော်တို့ကန့်ကွက်ခဲ့တယ်။ သူလျှိုလို့ ဖမ်းထားသူတွေကို မသတ်ဖို့၊ သူလျှိုလို့ ယူဆရင်တောင် မသတ်ဘဲ လွှတ် ပေးဖို့ ကချင်ခေါင်းဆောင်တွေကတဆင့် ကြေးနန်းပေးပို့ခဲ့တယ်။ ဖမ်းဆီးမှုဖြစ်ပြီး ရက်ပိုင်းအတွင်းမှာ နှစ်ဖွဲ့ကွဲသွားပါ တယ်။ မြောက်ပိုင်းကော်မတီက ကိုနိင်အောင် အဖွဲ့ကို ထောက်ခံခဲ့ကြပါတယ်။ နှစ်ဖွဲ့ကွဲပြီးနောက် မြောက်ပိုင်းကော်မတီ က ကိုနိုင်အောင် ဗဟိုကိုထောက်ခံ ပြီးနောက်ပိုင်းမှာ သတ်ဖြတ်မှုများ ဖြစ်ပွားလာခြင်း ဖြစ်ပါတယ်။
ကျနော်တို့ အနေနဲ့ နိုင်ငံတကာတရားရုံး အပါအ၀င် ဘယ်တရားရုံးမှာမဆို သက်သေခံ (Testimony) လုပ် ပေးနိုင်ပါ တယ်။

လုပ်ဖေါ်ကိုင်ဖက်ရဲဘော်များ၊ မိတ်ဆွေများ  အတွက် အောက်ဖေါ်ပြပါ အချက်အလက်များကို ပြန်လည်အမှတ်ရစေ နိုင် ဖို့အတွက် တင်ပြလိုက်ပါတယ်။

ရွေးကောက်ပွဲနီးသည့်တိုင် မဲစာရင်း မတည်ငြိမ်သေး

Thursday, 29 March 2012


ဧရာဝတီတိုင်း မြောင်းမြမြို့ မဲပေးခွင့်ရှိသူများစာရင်းတွင် အမှားအယွင်းများစွာရှိနေပြီး ယခုအချိန်ထိ အနည်းငယ်သာ ပြင်ဆင်ခွင့် တင်ပြနိုင်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အောင်နိုင်ရေး အဖွဲ့တာဝန်ခံ ဦးမြင့်လွင်ကပြောသည်။

မြောင်းမြမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၁၄ ခုရှိပြီး ကော်မရှင်မှ ကြေငြာခဲ့သည့် စာရင်းအရ မဲပေးခွင့်ရှိသူ ၁၈၂၃၄၆ ရှိသည့် အနက် မှားယွင်းမှုမှာ လူဦးရေ တစ်သောင်းမှ ငါးသောင်းခန့်အထိ ရှိမည်ဟု ခန့်မှန်းသည့် အနက် ထောင်ဂဏန်းမျှသာ ပြင်ဆင်ဖို့ တင်ပြနိုင်ကြောင်း ၎င်းကပြောသည်။


မြောင်းမြမြို့မှ အန်အယ်လ်ဒီပါတီ ထောက်ခံသူများ မဲစာရင်းအသီးသီးတွင် ပါဝင်ခွင့်မရှိသူများပါဝင်နေခြင်း၊ ပါဝင်ခွင့် ရှိသူများကျန်ခဲ့ခြင်း၊ စာရင်းထပ်ခြင်း စသည်တို့ဖြင့် မှားယွင်းလျှက်ရှိကာ မဲစာရင်းများကို လွယ်လွယ်ကူကူ ကူးယူမရခြင်းကြောင့် ပြင်ဆင်ရန် များစွာ ခက်ခဲကြောင်းကို ဦးမြင့်လွင်က ရှင်းပြသည်။


တိုင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်က ယင်းကဲ့သို့ အမှားများရခြင်းမှာ ကွန်ပျူတာ စာစီ အမှားနှင့် လ၀က မှ တင်ပြရာတွင် မှားယွင်းခြင်းတို့ကြောင့် ဖြစ်နိုင်ကြောင်း ရှင်းပြသည်ဟု ဦးမြင့်လွင်က ပြောသည် '' ဘယ်သူပဲလုပ်လုပ် မှားမှာပဲလို့ပြောတယ်။ ဒါဟာ တာဝန်မဲ့တဲ့ စကားပါ'' ဟု ၎င်းကပြောသည်။


အချို့ကျေးရွာများတွင် မတ် ၃ ရက်ခန့်တွင်မှ မဲစာရင်း ကြေငြာခဲ့ခြင်းနှင့် လက်ရေးဖြင့် ကူးယူခွင့် မပြုခဲ့ခြင်းကြောင့်လည်း နှောင့်နှေးခဲ့သည်ဟု ၎င်းက ပြောသည်။

စာရင်းများကို မတ် ၂၂ ခန့်တွင် ကူးယူခွင့်ရရှိခဲ့သော်လည်း CD မပေးဘဲ ရုံးတွင် မိတ္တူကူးစက်ဖြင့် လာရောက် ကူးယူစေခဲ့သဖြင့် ယခုအချိန်ထိ ကူး၍မပြီးသေးကြောင်း ဦးမြင့်လွင်ကပြောသည်။
''စက်ပျက်၊ မီးပျက်နဲ့ အလုပ်ကမတွင်ဘူး။ ပြီးတော့ တစ်မျက်နှာမှာ ၁၀ ယောက်ပဲပါတော့ ဒီနေ့အထိကူးလို့မပြီးသေးဘူး''ဟု မတ် ၂၇ ၎င်းက YPI သို့ပြောသည်။



မတ် ၂၆ ရက်က ခရိုင်ကော်မရှင်ရုံးတွင် ပြုလုပ်သော အစည်းအဝေးတွင် NLD ကိုယ်စားလှယ်လောင်း ဦးမန်းဂျော်နီက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ဧရာဝတီတိုင်း တာဝန်ခံ ဒေါက်တာဒေါ်မြင့်ကြည်အား ထိုကိစ္စများကို တင်ပြရာ ဒေါက်တာဒေါ်မြင့်ကြည်က မဲစာရင်းတွင် မပါဝင်ခဲ့သူများ အိမ်ထောင်စု စာရင်း ယူဆောင်လာပြီး မဲပေးနိုင်သည်ဟုရှင်းပြခဲ့ကြောင်း ဦးမြင့်လွင်က ပြောသည်။ ။
Copy from - Yangon Press International
ပြည်ခိုင်ဖြိုးပါတီဝင်များမှ ပခုက္ကူမြို့နယ်ရွေးကောက်ပွဲကော်မရှင်များအား လက်သီးဖြင့်
ဝင်ရောက်ထိုးနှက်
ပြည်တွင်းမှ ရေးသား ပေးပို့လိုက်သော သတင်းဖြစ်ပါသည်။ နီးစပ်ရာများ စုံစမ်းကြည့်ရာ ဟုတ်မှန်ကြောင်း သိရသည်။

တံတားဦးမြို့နယ်တွင် NLD ပါတီဝင်များမှ ပြည်ခိုင်ဖြိုးပါတီဝင်များအား အမှုဖွင့်
(၂၈.၃.၂၀၁၂)

တံတားဦးမြို့နယ်၊ ဇီးပင်ကွေ့ကျေးရွာရှိ ပြည်ခိုင်ဖြိုးပါတီဝင်များမှ NLD ပါတီဝင်များကို ဆဲဆိုကြိမ်းမောင်းသည့်အမှုမှာ ယနေ့တွင် ပိုမိုပြင်းထန်လာပါသည်။ ယနေ့တွင် ဇီးပင်ကွေ့ကျေးရွာရှိ ပြည်ခိုင်ဖြိုးရုံးဖွင့်ထားရာအိမ်တစ်အိမ်တွင် လော်စပီကာများ တပ်ဆင်၍ NLD ပါတီဝင်များကို မိုက်ခရိုးဖုန်းများဖြင့် ဆဲဆိုကြိမ်းမောင်းနေသည်ဟု သိရှိရပါသည်။ ယမန်နေ့ကအတိုင်း"ကော်မရှင် ဥက္ကကြီး ဦးတင်အေးခင်းပေးထားတဲ့ လမ်းကို လျှောက်ပြီး  စည်းရုံး ဆင်းရဲသေးတယ်"ဆိုပြီး တစ်နေ့လုံး ဆဲဆိုကြိမ်းမောင်း နေပါသည်။

ည(၁၀)နာရီကျော်သည့်အခါတွင် ရွာသားများက သည်းမခံနိုင်လောက်အောင် မခံမရပ်နိုင် ဖြစ်လာကြသောကြောင့် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ရွာသားများ ပဋိပက္ခဖြစ်ပေါ်လာမည် စိုးရိမ်သောကြောင့် ရွာသားများ၏တိုက်တွန်းချက်အရ NLD ပါတီဝင်ဒေါက်တာအောင်စိုးမြင့်မှ တာဝန်ခံ၍ တံတားဦးမြို့နယ်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားပေးခဲ့ပါသည်။ သို့သော် ရဲစခန်းမှ ဤကဲ့သို့အမှုမျိုးမကိုင်တွယ်ဖူး၍ လက်မခံရဲပဲ ကော်မရှင်နှင့်သာ ညှိုနှိုင်းဆောင်ရွက်ရန် ပြောဆို၍ အမှုကို လက်ခံခဲ့ခြင်းမရှိပေ။ ရွေးကောက်ပွဲကော်မရှင်ထံ ချက်ချင်းဖုန်းဆက်သည့်အခါတွင် မနက်ကျမှ လက်ခံတွေ့ဆုံမည်ဟုပြောဆိုခဲ့သည်။ ထပ်မံပြီး တံတားဦးမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်မှ ၎င်းတို့လည်း မည်သို့ကိုင်တွယ်ဆောင်ရွက်ရမည်မသိကြောင်းလည်း ပြန်လည်ဖြေကြား ခဲ့ပါသည်။ တံတားဦးမြို့နယ်ပါတီဝင်များမှ ရွေးကောက်ပွဲ နီးကပ်လာပြီဖြစ်သောကြောင့် ရွာသားများနှင့် ပြည်ခိုင်ဖြိုးပါတီဝင်များကြား ပြင်းထန်သည့်ပြသနာများ ပေါ်ပေါက်လာမည်ကိုစိုးရိမ်၍ မနက်ဖြန်တွင် ကော်မရှင်ရုံးအဆင့်ဆင့်သို့ တိုင်ကြား၍ တိုင်စာများပေးပို့မည်ဖြစ်ကြောင်း သိရှိရပါသည်။

ပြည်ခိုင်ဖြိုးပါတီဝင်များမှ ပခုက္ကူမြို့နယ်ရွေးကောက်ပွဲကော်မရှင်များအား လက်သီးဖြင့်
ဝင်ရောက်ထိုးနှက်
 (၂၈.၃.၂၀၁၂)
ပခုက္ကူမြို့နယ်၊ မြင်းဝင်းကျေးရွာတွင် ပခုက္ကူမြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ မဲရုံတွင် မဲပေးခြင်းသရုပ်ပြ သွားရောက်လုပ်ကိုင်နေစဉ် အရက်များမူးနေသော ကိုလွင်၊ ကိုဦး၊ ကိုဟန်သိမ်းမြင့်(၃)ဦးတို့ သရုပ်ပြရာနေရာသို့ ၀င်ရောက်လာခဲ့သည်။ ပခုက္ကူမြို့နယ်ရွေးကောက်ပွဲကော်မရှင်လူကြီးမင်းများအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင်များဟု ထင်မှတ်ကြပြီး NLD မှ စည်းရုံးရေးဆင်းနေသည်ဟု ယူဆကာ ၎င်းတို့ထဲမှ တစ်ဦးက "မင်းတို့ခွပ်ဒေါင်းထဲ မဲထည့်ရင် ထည့်တဲ့သူကို ဒူးတွေ၊ ခြေထောက်တွေချိုးပစ်မယ်"လို့ ခြိမ်းခြောက်ပြီး ကျေးရွာရွေးကောက်ပွဲကော်မရှင်ဥက္ကဌဦးမြင့်အေးနှင့် အတွင်းရေးမှူးဦးအောင်ဌေးဝင်း တို့ကို ၎င်းတို့ထဲမှ နှစ်ဦးက လက်သီးဖြင့်ဝင်ရောက်ထိုးနှက်ခဲ့ပါသည်။

သမ္မတအမိန့်ကို မနာခံသော တပ်မတော်မှ ကချင်ကျေးရွာများအား တိုက်ခိုက်။

(၂၈.၃.၂၀၁၂)ရက်နေ့ ညနေ(၃း၄၅)အချိန် တွင်မြန်မာအစိုးရ စစ်တပ် ခမရ-၃၉၀ မှ အင်ပွန်(Npawn)ရွာ ထဲသို့ လက်နက်ကြီး များဖြင့် ပစ်ခတ်သည့် အပြင် ရွာသားများ ၏နေအိမ်(၄)အိမ် အားမီးရှို့ ဖျက်ဆီး လိုက်ကြောင်း သတင်း ရရှိပါသည်။

 (၂၅.၃.၂၀၁၂)ရက်နေ့ က မြန်မာ အစိုးရ စစ်တပ် ခမရ-(၃၈၈) မှ မီးရှို့လိုက်
သော "နန်ဆမ်ယန်" ကျေးရွာ၏ မြင်ကွင်းတစ်ခု။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနှင့် မျှော်လင့်ချက်များ (လူငယ်ရေးရာ)

Copy from - DVBBurmese

မြန်မာစစ်တပ်မှ အပြစ်မဲ့ရွာသွားနှစ်ဦးအား ရိုက်နှပ်ချုပ်နှောင်

Mar 29 2012

မြန်မာစစ်တပ်မှ အပြစ်မဲ့ နောင်ကောင်းလုတ် ရွာသားနှစ်ဦးအား ဖမ်းဆီး ရိုက်နှပ်သည့်အပြင် ဝိန်းပတ် ကျေးရွာတွင် တညကြာ ကြိုးဖြင့် ချုပ်နှောင် ထားကြောင်း သိရှိရသည်။

ဖြစ်ပွားပုံမှာ ၂၀၁၂ခုနှစ်၊ မတ်လ(၂၀) ရက်နေ့ ညနေတွင်၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် နောင်ကောင်းလုတ် ရွာသားများဖြစ်သော အလုမ်(၁၇နှစ်) နှင့်အောင်သန်း(၁၈နှစ်) နှစ်ဦးအား တောထဲမှ ထွက်လာသော လားရှိုးတပ် (ကာယကံရှင် ပြောပြချက်) ဟုယူဆရသော မြန်မာ စစ်သားများက ဖမ်းဆီး ရိုက်နှပ်ခဲ့သည်။

“ကျတော်တို့နှစ်ယောက် ရွာကနေ လုံဗလ(ဝိန်းပတ်)ရွာ ကို အလုပ်လုပ်ဖို့အတွက် သွားတဲ့အချိန်မှာ ဖြစ်တာ ဝိန်းပတ်ရွာနားရောက်တော့ တောထဲကနေ ဗမာစစ်သား အယောက်(၃၀) လောက် ထွက်လာတယ်၊ ပြီးတော့ ကျတော်တို့ နှစ်ယောက်ကို ရပ်ခိုင်းပြီး မေးမြန်းတယ်၊ ကချင်စစ်သားတွေနဲ့ ဆက်သွယ်တယ် ဆိုပြီးတော့ ရိုက်တယ်၊ နောက်ထပ် အတင်းပဲ KIA ဖြစ်တယ်လို့ ပြောခိုင်းတယ်၊ ကျတော်တို့ နှစ်ယောက်ကို ဝိန်းပတ်မှာပဲ တည ဖမ်းချုပ်နှောင်ထားသေးတယ်၊ နောက်နေ့နေ့လည်မှ ပြန်လွတ်ပေးတယ်” ဟု အရိုက်ခံရသူမှ ပြောပြခဲ့သည်။

ဖမ်းချုပ် ရိုက်နှပ် ခံနေရစဉ်အတွင်း ဝိန်းပတ် ရွာသူကြီးမှ ကချင်စစ်သားများနှင့် စပ်ဆက်မှု မရှိသည့်အပြင် ကချင်စစ်သားများ မဟုတ်ကြောင်း တောင်းပန် ပေးသော်လည်း မြန်မာစစ်သားများက မလွတ်ပေးသည့်အပြင် ပြင်းထန်စွာ ဆက်ရိုက်နှပ် ခဲ့ကြောင်း ၄င်းက ဆက်လက်ပြောပြခဲ့သည်။
ထိုရွာသား နှစ်ဦးပြန်လွတ် လာချိန်တွင် ကိုယ်ခန္ဒာတခုလုံး ရောင်ကိုင်းနေပြီး ယခုချိန်ထိ နေအိမ် နောင်ကောင်းလုတ် ကျေးရွာ တွင်ဆေးကုသခံနေရကြောင်း သိရှိရသည်။

သတင်းမှတ်တမ်းနှင့်သုတေသနဌာန
တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး
ဆက်သွယ်ရန်- (+၆၆)၀၈၄၅၇၃၉၃၃၁

နိုင်ငံပိုင်သတင်းစာတွင်ကြော်ညာခဲ့သည့် စင်္ကင်္ာပူနိုင်ငံကဲ့သို့ခေတ်မှီမြို့ဖြစ်လာတော့မယ်ဆိုတဲ့ ရန်ကုန်မြို့တွင့် ဧပြီ(၂)ရက်မှစရ်ျ တရက်လျင်လျှပ်စစ်မီး(၆)နာရီ အလှည့်ကျပေးမည်။


သမ္မတကြီး ဦးသိန်းစိန် လက်ထက်တွင် ရန်ကုန်မြို့အား စင်္ကာပူ နိုင်ငံအတိုင်း ခေတ်မှီဖွံ့ဖြိုး တိုးတက် စေရန် စီမံကိန်းများ ရေးဆွဲကြောင်း နိုင်ငံပိုင် သတင်းစာများတွင် အကျယ်တဝင့် ဖေါ်ပြပြီး ကြွေးကြော် ခဲ့သော်လည်း ကြားဖြတ် ရွေးကောက်ပွဲအပြီး နောက်ရက် ဧပြီလ (၂)ရက်မှ စတင်ကာ လျှပ်စီမီး တရက်လျင် (၆)နာရီသာ ပေးဝေတော့မည် ဖြစ်သည်။ ရန်ကုန်မြို့အား ဇုံ A, B, C ဇုံ(၃)ခု ခွဲပြီး အလှည့်ကျ ပေးပြီး VIP ရပ်ကွက် အိမ်ရာများ၊ လုံခြုံရေး ဆိုင်ရာနေရာများ၊ ဆေးရုံများ၊ သံရုံးများ၊ပုဂ္ဂလိက ဘဏ်များကို တော့ ၂၄ နာရီ မီးပေးမည်ဟု သိရသည်။
ဧပြီ ၂ ရက်နေ့မှစ အလှည့်ကျမီးပေးစနစ်နှင့် တွေ့မြင်ရတော့မယ့် ရန်ကုန်ညများ
Photo by - Movie Crazies
နေပြည်တော်မှာတော့ လမ်းမီးများကို ၂၄ နာရီ ထိန်ထိန်ငြီးအောင် ထွန်းထားပြီး မန္တလေး၊ မိထ္ထီလာနှင့် မြန်နိုင်ငံ အနှံအပြား မှာမြို့များတွင် တရက်လျင် လျှပ်စစ်မီး (၃)နာရီတောင် ရက်ခြား ရနေသည် ကြားသိရသည်။ မြန်မာ့နိုင်ငံမှ ထွက်ရှိတဲ့ သဘာဝဓါတ်ငွေ့ အားလုံးနီးပါးကို တရုပ်နှင့် ထိုင်းသို့တင်ပို့ရောင်းရာမှရရှိသော ဒေါ်ဘီလျံချီသည့် ငွေများ စာရင်းမရှိ ပျောက်ဆုံးနေသည့် အပြင် ပြည်ပ အကြွေးဆပ်ရန် ဒေါ်ဘီလျံ ပေါင်းများစွာ အကြွေးတင် နေမှုများကို ပြည်သူများအကြား  ပြောဆို ဆွေးနွေး လာကြသည်ဟု သိရှိသည်။
မန္တလေးတိုင်း၊ အမရပူမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ ရပ်ကွက်အတွင်းရှိ စက်မှုလုပ်ငန်းများအား လျှပ်စစ် အသုံးမပြုရန် အချိန်ဇယား ထုတ်ပြီးစာဖြင့် တားမြစ်။
Copy from - komoethee


Thursday, March 29, 2012

နန်းဝိုးဖန် ထိုးသွားခဲ့တဲ့ အချက်ပေးခေါင်းလောင်း

လူတစ်ယောက် မတရား အလွဲသုံးစား လုပ်သွားတာကို သူ တရားစွဲမိကာမှ ဘယ်နှယ့်လုပ် သူက ခံရရှာသလဲ?
ရုတ်တရက်ကြည့်ရင်တော့ ဒါဟာ မိန်းမပျိုလေးတစ်ယောက် သနားစဖွယ် အမှတ်မထင် သေဆုံး သွားခဲ့တာပါပဲ။ ဒါပေမဲ့ ဒီ့ထက်မကတဲ့ သတိထားစရာတွေ ရှိနေတယ်။
သတင်းတွေကို လိုက်ဖတ်တယ်။

နန်းဝိုးဖန်က တရားလိုတဲ့။
သူ့ဆီက လူတစ်ယောက် မတရား အလွဲသုံးစားလုပ်သွားတာကို သူ တရားစွဲမိကာမှ ဘယ်နှယ့်လုပ် သူက ခံရရှာသလဲ?
ကျနော်တို့ တိုင်းပြည်က လည်သူ စားစတမ်းလား?
ရိုးသားသူတွေအဖို့ ပြဿနာတစ်ခုခုဖြစ်ရင် ဒီလိုပဲ ငုံ့ခံကြရတော့မှာလား?
ဒါကို ထုံးတမ်းစဉ်လာ တစ်ခုလို ဖြစ်မသွားစေချင်ဘူး ဆိုရင် ကျနော်တို့ အားလုံး ဒီကိစ္စကို လေးလေး နက်နက် ၀ိုင်းဝန်းဖို့ လိုမယ်။

ကိုလိုနီခေတ် အကျင့်ဆိုးတွေကို ဖျောက်ဆိုတဲ့စာတမ်းကို ကျနော်တွေ့ဘူးသလိုပဲ။
ဒါပေမဲ့ တကယ်တမ်း အဲဒီလို အကျင့်ဆိုးတွေ ဖျောက်နိုင်ရဲ့လား။
ကိုလိုနီခေတ်တုန်းက ပုလိပ်ဆိုတာတော့ အတော်ဆိုးတာပဲ။ ဂွင်ဖန် လိုက်တာကလည်း နူရာဝဲစွဲ လဲရာ ပုလိပ်ထောင်းခဲ့တယ်။

“တရားလိုဖြစ်တဲ့ မနန်းဝိုးဖန်ကို ဘာလို့ တနေကုန်၊ တညလုံး စစ်ရသလဲ။ တရားလိုကို တရားခံလို ဘာကြောင့် စစ်တာလဲ။ ဒါတွေ မေးခွန်းထုတ်စရာတွေပဲ” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးက ပြောသည်။ ဆိုတဲ့စာသား တစ်ခုကို သတင်း တစ်ပုဒ်ဆီမှာ ဖတ်ရတယ်။

ကျနော်တို့လည်း အဲဒီ မေးခွန်းကို ရိုးသားစွာ သိချင်မိပါတယ်။
ဒီလို သနားကမား ကောင်မလေး တစ်ယောက်ကို တစ်ညလုံး စစ်လို့ရသလား?
စစ်ခွင့် ရှိသလား?
ဒီမိုကရေစီ ဆိုတဲ့ နိုင်ငံတော်ကြီးမှာ ဒါမျိုးကို ခွင့်ပြုထားပါသလား?

ကျနော်ပြောချင်တာက တစ်ခုတည်းပါ။
ဒီကိစ္စကြောင့် အဲဒီတုန်းက စစ်တဲ့ ဒုရဲအုပ် အလုပ်ပြုတ်သွားမယ်။
ထောင်ကျကောင်းကျမယ်။ ဒါပဲ။
ဒီလောက်နဲ့ ပြီးသွားမှာကို မြင်နေတယ်။
အပြစ်အားလုံး အဲဒီ ရဲအုပ်အပေါ် ပုံချလိုက်လိမ့်မယ်။
တကယ်ဖြစ်သင့်တာက အတွင်းလှိုက်စားနေတဲ့ ပြဿနာကို ဖြေရှင်းရမှာ ...

ဒီလိုလုပ်ရပ်မျိုးတွေ နောက်ထပ်မဖြစ်အောင်၊ အားနည်းတဲ့ ပြည်သူတွေအပေါ် မတရားအနိုင်ကျင့်တာမျိုး မဖြစ်အောင် တားဆီးရမှာ။

နိုင်ငံတကာမှာတော့ ဒီလိုဖြစ်ရပ်မျိုး ဖြစ်လာရင် ဟိုးထိပ်ဆုံး ၀န်ကြီးကစပြီး နှုတ်ထွက်ရတာမျိုး တွေ့ကြုံ မှတ်သားဘူးပါတယ်။

တည်ဆဲအစိုးရအဖွဲ့တွေတောင်မှ ကုလားထိုင်လှုပ်သွားတတ်သတဲ့။
အဲဒီလောက်ထိ ကျနော် တောင်းဆိုလိုခြင်း မဟုတ်ပါ။
ဒါပေမဲ့ ပွဲပြီးမီးသေဖြစ်သွားမှာတော့ မကြိုက်ရိုး အမှန်ပါ။
နောက်ထပ် အပြစ်မဲ့ ပြည်သူတွေ အနှိပ်စက် မခံရအောင် ထိထိရောက်ရောက် ကိုင်တွယ်သင့်တယ်။

တကယ်တော့ ဒီမိုကရေစီစနစ်မှာ (ဒီမိုကရေစီ စနစ် စစ်စစ်မှာ) အာဏာဆိုတာ ပြည်သူက နှင်းအပ် ထားတာပါ။ ပြည်သူက ယုံကြည်စိတ်ချအောင် တနည်းပြောရရင် ပြည်သူ နောက်ကျော လုံအောင်

အခက်အခဲတွေကြားက ဖွဲ့စည်းလိုက်တဲ့ ချည်မျှင်နဲ့ အထည်ချုပ် အလုပ်သမားများ သမဂ္ဂ

ချည်မျှင်နဲ့ အထည်ချုပ် အလုပ်သမားများ သမဂ္ဂနဲ့ ဆောက်လုပ်ရေး အလုပ်သမားများ သမဂ္ဂ ဖွဲ့စည်းခြင်း မိတ်ဆက်ပွဲ အခမ်းအနားတစ်ခုကို ရွှေပြည်သာမြို့နယ် ပန်းခြံ (၇) စိန်စည် ဂုဏ်ရောင်လမ်းမှာ ရှိတဲ့ ကျော်ဟိန်းလက်ဖက်ရည်ဆိုင်မှာ မတ်လ (၂၇) ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။

ချည်မျှင်နဲ့ အထည်ချုပ် အလုပ်သမားများ သမဂ္ဂ္ဂကို Excel garment ၊ Popular နဲ့ Ever First အထည်ချုပ်စက်ရုံတွေမှ အလုပ်သမားတွေ စုပေါင်းဖွဲ့စည်းခဲ့တာဖြစ်ပြီး သမဂ္ဂကို ဖွဲ့စည်းဖို့ ကြိုးပမ်းခဲ့စဉ်က စက်ရုံအာဏာပိုင်တွေဘက်က အလုပ်သမားတချို့ကို ခြိမ်းခြောက် ပြောဆိုမှုတွေ၊ အလုပ်က ထုတ်ပစ်တာတွေနဲ့ ရာထူးမှ လျော့ချခဲ့တာတွေ လုပ် ခဲ့တယ်လို့ သိရပါတယ်။
Copy from - BurmaVJMedia

မြန်မာနိုင်ငံရဲ့ အဓိက လေဆိပ်နှစ်ခုကို တရုတ်လူမျိုးတစ်ဦး ၀ါးမြိုလိုက်ခြင်း

မြန်မာနိုင်ငံရဲ့လေကြောင်းတံခါးပေါက်လို့ ပြောလို့ရတဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ အစိုးရ ရုံးတွေစိုက်တဲ့မြို့တော်ဖြစ်တဲ့ နေပြည်တော်ရှိ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့ကို တရုတ်လူမျိုးတစ်ဦးက ၀ါးမြိုလိုက်ပြီ ဖြစ်ကြောင်း စစ်ဘက်နီးစပ်သူများက သတင်းပေးပို့လာပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့အတူ ဘိန်းဘုရင် လော်စစ်ဟန်သား ဦးထွန်းမြင့်နိုင် (ဘယ်ဘက်အနီးကပ်)

Asia World ကုမ္ပဏီပိုင်ရှင် တရုတ်နွယ်ဖွား ဦးထွန်းမြင့်နိုင်က လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန(DCA) ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းကို လက်ဝါးရိုက်စည်းရုံးပြီး Pioneer Aerodromes Services အမည်ဖြင့် လေဆိပ်ဝန်ဆောင်မှုနှင့် လုံခြုံရေးလုပ်ငန်းများကို လွှဲပြောင်း လုပ်ကိုင်ကာ ထိန်းချုပ်လိုက်ကြောင်း သတင်းရရှိ ပါတယ်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်

ဦးထွန်းမြင့်နိုင်ဆိုတာကတော့ ဒုတိယသမ္မတ သီဟသူရ တင်အောင်မြင့်ဦးကို အိပ်ကပ်ထဲ ထည့်ကာ တရုတ်နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်မှာ လိုက်ပါခွင့်ရသူ ဖြစ်ပါတယ်။ သူဟာ ငွေမဲတွေကို ငွေဖြူဖြစ်အောင် လုပ်ပြီး မြန်မာနိုင်ငံရဲ့ ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်ကြီးများ စာရင်းမှာ ပါဝင်လာခဲ့တဲ့ တရုတ်လူမျိုး စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ယောက်ပါ။ သူရဲ့ကုမ္ပဏီက လေဆိပ်ရဲ့လုံခြုံရေးနဲ့ ဧည့်အ၀င်အထွက်တွေကို စစ်ဆေးခွင့် ရတော့မယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံက သူ့ရဲ့မိတ်ဖက် တရုတ် စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကို ရန်ကုန်လေဆိပ်နဲ့ နေပြည်တော် လေဆိပ်တို့ကို ၀င်ထွက်ရာမှာ အထူးဧည့်သည်တော်များ အနေနဲ့ တံခါးမရှိ ဓားမရှိ ၀င်ထွက်ခွင့် ရဖို့အတွက် ငွေကြေး အများအပြား အကုန်ကျခံပြီး လေဆိပ်ဝန် ဆောင်မှုလုပ်ငန်းကို ရအောင် လုပ်ခဲ့တာလို့ သိရပါတယ်။

နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်

ဒီကုမ္ပဏီက တာဝန်ယူပြီးသွားရင် ယခင်တုန်းက အာဏာပါဝါပြခဲ့တဲ့ စရဖ(လေ)၊ လေဆိပ်ရဲနဲ့ အကောက်ခွန်တို့ဟာ ၀င်ရောက် တားဆီးစစ်ဆေးခွင့် အထိုက်အလျောက် လျော့သွားပြီး ယခင်ကလို ထင်တိုင်းလုပ်ချင်တာလုပ်လို့ရမှာ မဟုတ်တော့လို့ အလိုလျောက် ဂွင်ပိတ်သွားပြီလို့ သိရပါတယ်။ စရဖ(လေ)နဲ့ လေဆိပ်ရဲတွေက လေဆိပ်လုံခြုံရေးကို ထိန်းချုပ်ထားလို့ လုပ်ချင်ရာလုပ်ခွင့်မရခဲ့တာကြောင့် အကွက်မြင်တဲ့ ဦးထွန်းမြင့်နိုင်က (DCA) ညွှန်ချုပ် ဦးတင်နိုင်ထွန်းနဲ့ ပေါင်းပြီး စရဖ(လေ) နဲ့ 

ပြည်သူစိတ်ဓါတ် တော်လှန်ရေးကြီး အောင်မြင်ပါစေကြောင်း ဒေါ်အောင်ဆန်းစုကြည် ဆုတောင်း

20120328 DASSK
ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ အနောက်ရွှေဂုံတိုင်လမ်းရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်ရုံးတွင် ကျင်းပတဲ့ ၆၇ နှစ်မြောက် ဖက်ဆစ်ဂျပန်တော်လှန်ရေးနေ့ အခမ်းအနားသို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပေးပို့တဲ့ သ၀ဏ်လွှာတွင် “ဒီကနေ့ဟာ အကြောက်အရား လွှမ်းမိုးမှုကို တော်လှန်ပြီး ကိုယ် လိုလားတဲ့ လူ့အဖွဲ့အစည်း တခု ထူထောင်ရန် ကြိုးပမ်းနေရတဲ့ အချိန်အခါ ဖြစ်ကြောင်း၊ စိတ်ဓါတ် တော်လှန်ရေးကြီး ကာလလို့ ဆိုနိုင်ကြောင်း၊ “ငါ အများကြီး လုပ်ခဲ့ပြီးပြီ၊ ပေးဆပ်ပြီးပြီ“ ဆိုတဲ့ စိတ်ဓါတ်မျိုး ဘယ်တော့မှ မထားပဲ “ငါ လုပ်ပေးစရာတွေ အများကြီး ရှိသေးပါလား“ ဆိုတဲ့ စိတ်ဓါတ်သာ ရှိရမှာ ဖြစ်ကြောင်း၊ ယခု စိတ်ဓါတ်တော်လှန်ရေး ဆင်နွှဲနေရတဲ့ ကာလတွင် တိုင်းချစ်ပြည်ချစ် တိုင်းရင်းသားအားလုံးဟာ မိမိတို့အနေနဲ့ မည်မျှ လုပ်ခဲ့ပြီးပြီလို့ မစဉ်းစားဘဲ မည်မျှလုပ်ရန် ရှိသေးသည်ကိုသာ အာရုံစိုက်စေလိုကြောင်း၊ အခက်အခဲများကို ပြည်သူနဲ့ ဒီမိုကရေစီ အမှန်လိုလားတဲ့ အဖွဲ့အစည်းများက ထက်မြက်တဲ့ သတ္တိ၊ ခိုင်မာတဲ့ ဇွဲ၊ ၀ီရိယတို့နဲ့ ရင်ဆိုင် ကျော်လွှားရမှာ ဖြစ်ကြောင်း၊ နိုင်ငံ အေးချမ်းသာယာစေရန် အဓိက ဆောင်ရွက်ပေးနိုင်တဲ့ အင်အားစုမှာ ပြည်သူများသာ ဖြစ်ကြောင်း၊ ပြည်သူအများ လိုလားနေတဲ့ ဒီမိုကရေစီ ပြည်ထောင်စုကြီး ထူထောင်ရန် ဦးတည်တဲ့ ပြည်သူစိတ်ဓါတ် တော်လှန်ရေးကြီး အောင်မြင်ပါစေရန် ၆၇ နှစ်မြောက် ဖက်ဆစ် တော်လှန်ရေးနေ့တွင် ဆုမွန်ကောင်း တောင်းအပ် ပါကြောင်း“ ဖော်ပြထားပါတယ်။
 
၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ကလည်း ၆၇ နှစ်မြောက် တော်လှန်ရေးနေ့ (တပ်မတော်နေ့) အထိမ်းအမှတ် အခမ်းအနားသို့ သ၀ဏ်လွှာ ပေးပို့ခဲ့ရာ “ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ဒီမိုကရေစီ အနှစ်သာရဆိုသည်မှာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာဟာ နိုင်ငံသားများထံက တိုက်ရိုက် ဆင်းသက်တယ် ဆိုတဲ့ အချက် ဖြစ်ကြောင်း၊ ဒါ့ကြောင့် “အစိုးရကို ပြည်သူစိတ် ပြောင်းလဲလာစေရန်“၊ “ပြည်သူကို အစိုးရစိတ် ပြောင်းလဲလာစေရန်“၊ “အစိုးရ ၀န်ထမ်းအဖြစ်မှ ပြည်သူ့ ၀န်ထမ်းအဖြစ် ပြောင်းလဲ လာစေရန်“ ဟာ ဒီကနေ့ အချိန်တွင် ဦးတည် ပြောင်းလဲ ပစ်ရမယ့် အတွေးအမြင် တော်လှန်ရေး တရပ် ဖြစ်တယ်လို့ အလေးအနက် ယုံကြည် တိုက်တွန်းကြောင်း“ ဖော်ပြထားပါတယ်။

Wednesday, March 28, 2012

သိန္နီတံတား​မှာ ဗုံး​ပေါက်ကွဲမှုများ​ ဖြစ်ပွား



March 28, 2012

ကြား​ဖြတ်​ ရွေး​ကောက်ပွဲ ကျင်း​ပဖို့​ ရက်ပိုင်း​အလို ရှမ်း​ပြည်​မြောက်ပိုင်း​ သိန္နီမြို့​မှာဒီ​နေ့​ မနက်က ဗုံး​ပေါက်ကွဲမှု​တွေ ဖြစ်ပွား​ခဲ့​ပါတယ်။

ဗုဒ္ဓဟူး​နေ့​ မနက် အာရုံတက်အချိန် ၄ နာရီ​လောက်မှာ သိန္နီမြို့​အဝင် တံတား​မှာ ဗုံး​ပေါက်ကွဲမှု​တွေ ဆက်တိုက် ဖြစ်ပွား​တာ ဖြစ်တယ်လို့​ ​ဒေသခံပြည်သူ့​ လွှတ်​တော် ကိုယ်စား​လှယ် တဦး​က ဒီဗွီဘီကို ​ပြောပါတယ်။

သိန္နီမြို့​ အဝင် တံတား​မှာ ၅ မိနစ်ခြား​ ဗုံး​ ၂ လုံး​ ​ပေါက်ကွဲခဲ့​ပြီး​တော့​ ​နောက်ထပ် မ​ပေါက်ကွဲ​သေး​တဲ့​ဗုံး​ ၂ လုံး​ ကိုလည်း​ ရှာ​ဖွေ​တွေ့​ရှိခဲ့​တယ်လို့​ သီန္ဒီမြို့​နယ် ရှမ်း​တိုင်း​ရင်း​သား​ ဒီမိုကရက်တစ်ပါတီ အတွင်း​ရေး​မှူး​လည်း​ဖြစ် ပြည်သူ့​လွှတ်​တော် အမတ်လည်း​ဖြစ်တဲ့​ စိုင်း​ဝင်း​ခိုင်က ​ပြောပါတယ်။

“ဒီမနက်က ​လေး​နာရီနဲ့​ငါး​မိနစ်မှာ တလုံး​၊​ ​လေး​နာရီဆယ်မိနစ်မှာ တလုံး​၊​ တံတား​အဝင်မှာ ​ပေါက်ကွဲတာ။ နှစ်လုံး​တော့​ ကျန်​နေတယ်။ အား​လုံး​ ​လေး​လုံး​ပေါ့​။ တံတား​တော့​ ဘာမှ မဖြစ်ဘူး​။ မနက်အ​စောကြီး​ဆို​တော့​ လူ​တွေလည်း​ မရှိဘူး​။ အဲဒီ​တော့​ ထိခိုက်မှု ဘာမှမရှိပါဘူး​။”

VOA နှင့် ဦးခွန်ထွန်းဦး တွေ့ ဆုံမေးမြန်းခန်း

"ဗမာက ဒီမိုကရေစီနဲ့ လွပ်လပ်ရေးကို ကြိုက်တယ်
တိုင်းရင်းသားတွေက ဘာကိုမြတ်နိုးလည်းဆိုတော့ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌန်းခွင့် စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကိုပဲ ကြိုက်တယ်
ခွဲထွက်ရေးဆိုတာ လုံးဝ မစဉ်းစားပါဘူး"
ခွန်ထွန်းဦး
Copy from - voaclips

ကချင်ရွာသား (၅)ဦးအား တပ်မတော်မှ အရှင်လတ်လတ် မြေမြုပ် သတ်ဖြတ်။


ကချင်ပြည်နယ် မြစ်ကြီးနား ဗန်းမော်လမ်း နမ်ဆန်ယန်ရွာ အနီး ဘန်ဒေါင်ယန်ရွာမှ ရွာသား (၅) ဦးကို ဗမာစစ်တပ်က မတ်လ (၂၆) ရက်နေ့တွင်အရှင်လတ်လတ် မြေမြုပ် သတ်ပစ် လိုက်ကြောင်း သတင်း ရရှိပါသည်။
 
အရှင်လတ်လတ် မြေမြုပ် သတ်ဖြတ် ခံလိုက်ရသူများမှာ ဘန်ဒေါင်ယန်ရွာမှ ဖြစ်ပြီး ကျား (၂)ဦး၊ မ (၃)ဦး ဖြစ်ကြောင်း သတင်းရရှိပါသည်။ ဗမာစစ်တပ် များသည် ရွာသားများကို သတ်ဖြတ်ယုံ သာမက ရွာသူရွာသားများ၏ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီး ခဲ့ကြောင်း သတင်းရရှိပါသည်။
 
(Jinghpaw Kasa) ဒုက္ခသည် အရေအတွက်မှ နေ့စဉ် တိုးပွားနေပြီး ရေအခက်အခဲ အစားအစာ အခက်အခဲ မျိုးစုံကြုံတွေ့နေရပြီး  ကျမ္မာရေး အခြေအနေမှာ စိုးရိမ်ဖွယ် ကောင်းနေသည်ဟု ဒေသခံNGO ဝန်ထမ်း တဦးက ပြောပြသည်။
 
Copy from - komoethee

လောပိတ လျှပ်စစ်တာဝါတိုင်တွင် မြုပ်နှံတဲ့မိုင်း ပေါက်ကွဲရာမှ ကလေး၂ ဦး ပွဲချင်းပြီး သေဆုံး


ဒီးမော့ဆိုမြို့နယ် ဒေါမြလေး၊ ၆ မိုင် အနီးရှိ ဂျေလားပါလို ကျေးရွာမှ ငှက် လိုက်ပစ်သည့် ကလေး ၄ ဦးတို့ ဓါတ်တိုင်အောက်ရှိ မြေမြုပ်မိုင်းကို တွေ့ရှိပြီး ဆော့ကစားရာမှ ပေါက်ကွဲခြင်း ဖြစ်သည်ဟု လွိုင်ကော် ဒေသခံလူငယ် တဦးက ပြောသည်။

လွန်ခဲ့သည့် မတ်လ ၂၁ ရက်နေ့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အသက် ၇ နှစ်အရွယ် ကလေးများ ဖြစ်သည်ဟု ဆက်လက် ပြောသည်။

"သူတို့ စစခြင်းကတော့ လေးယောက် စလုံးပေါ့နော့်။ လွိုင်ကော် ဆေးရုံကို ပို့ထားတယ်။ ဒါပေမဲ့ နှစ်ယောက် ကတော့ တစစီကို ထိသွားတော့ ပွဲချင်းပြီး သေသွားတယ်။ ရင်ခွဲရုံမှာ စစ်ဆေးပြီတော့ နောက် တမနက်မှ ရွာကို ယူပြန်လိုက်တယ်။ ကျန်နှစ်ယောက်ကတော့ တယောက်ကတော့ လက်နဲ့ ခြေထောက်မှာ ဒဏ်ရာက ပြင်းထန်နေတယ်။ နောက်တစ်ယောက်ကတော့ သိပ်တော့ မပြင်ထန်ဘူး။ ဒါပေမဲ့ သူတို့ နှစ်ယောက် စလုံး အခု လွိုင်ကော် ဆေးရုံမှာ ရှိနေတယ်။"

အစိုးရတို့နှင့် ကရင်နီပြည် တပ်မတော်တို့ တိုက်ပွဲ ဖြစ်စဉ်တုန်းက အဆိုပါ လျှပ်စစ် ဓါတ်တိုင်အား ကရင်နီ လက်နက်ကိုင် တော်လှန်းရေး အဖွဲ့များ လာရောက် ဖျက်ဆီးမည် ဆိုသည့် အကြောင်းပြချက် ပေးပြီး မြေမြုပ်မိုင်းများ ထောင်ထားခြင်း ဖြစ်သည်။ 

အဖေတူ သမီး


ဓာတ်ပုံ Burma VJ Media Network http://www.facebook.com/burmavjmedia

March 27, 2012  

မြန့်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြိတ် ခရီးစဉ်က အပြန်ရန်ကုန် လေဆိပ်သို့ အ၀င် သူများ နည်းတူ စစ်ဆေးရေး ဂိတ်တွင် စစ်ဆေးမှု့ ခံယူနေသည့် ပုံကို facebookမှာ တွေ့ရှိရပါတယ်။

အများနည်းတူ အခွင့်အရေး မယူဘဲ သူ့ရဲ့ လုပ်ဆောင်မှု့ ကိုကြည့်ခြင်း အားဖြင့် ခေါင်းဆောင်ကောင်း ပီသကြောင်းကို ဖော်ပြနေသလို ပါဘဲ။

တခြား ခေါင်းဆောင်တွေလို့ ပြောနေသူတွေကို ဒီလိုပုံမျိုး တခါမျှ မမြင်ဘူးသေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဟာလည်း ပြည်သူနဲ့ တသားတည်း မာန်မာန မထားဘဲ နေခဲ့၊ ကျင့်ကြံခဲ့တာလဲ သမိုင်းမှာ အထင်အရှားပါ။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ ဖခင်နဲ့ တူတဲ့ သမီးတဦးလို့လည်း ပြောနိုင်ပါတယ် လို့

သတင်းရင်းမြစ် - ဧရာဝတီ

facebook မှာ ပြောဆို နေကြပါတယ်။

Tuesday, March 27, 2012

သတိ... မြေမြို၍ လူမျိုး မပျောက် လူမြို၍ လူမျိုးပျောက်မည်...!!!

တရုပ် Gas ပိုင်းလိုင်း Project တွင် လာရောက် လုပ်ကိုင်နေသော တရုပ်များ မြန်မာတွေကို တရားဝင် လူမြိုဖို့ ကြိုးစားနေကြပြီ မကွေးတိုင်း စကုမြို့ နယ်တွင် ယခု အခါတွင် မြန်မာနိုင်ငံမှ တရုပ်နိုင်ငံသို့  Gas များပေးပို့ ရန် ပိုက်လိုင်း မြုတ်နှံမှု့ များလာရောက် လုပ်ကိုင်နေပါသည်။

ထိုကုမ္ပဏီမှ တရုတ်များသည် စကုမြို့ နယ်ရှိကျေးရွာ တစ်ရွာသို့ ရောက်ရှိလာပြီး ကျေးရွာ လူကြီးကို တွေ့ဖို့
တောင်းဆိုကာ သူတို့  ဤ Project ကို လုပ်ကိုင် နေစဉ်အတွင်း မြန်မာ အမျိုးသမီး မိန်းမ လိုချင်ကြောင်း ကောင်းကောင်း ထောက်ပံ့ ထားပေးမည် ဖြစ်ကြောင်း ရှာဖွေပေးရန်  လာရောက် တောင်းဆိုကြောင်း သိရပါသည်။

ကျေးရွာ လူကြီးမှ စိတ်ဆိုး၍ ဤကဲ့သို့  မိန်းမမျိုး ဒီရွာမှာ မရှိကြောင်း နောင်အခါ လာရောက် ပြောဆိုရင် ရိုက်ထုတ်မယ် ဖြစ်ကြောင်း ပြောလိုက်မှ ထွက်သွားကြောင်း စကားပြန်ဖြစ်သူမှ ဒီရွာမရ နောက်ရွာများ ရှိသေးကြောင်း ပြော၍ ပြန်ခေါ်သွားကြောင်း ဒေသခံရွာသားများမှ Myanmar News Now ကို ပြောပြ ပါသည်။

မြေမြို၍ လူမျိုး မပျောက် လူမြို၍ လူမျိုးပျောက်ဟု နယ်စပ် လ၀က တွင်ချိပ်ဆွဲထားသော  စာတန်း များသည် အလှပလား။ တရုပ်လူမျိုးများကို ယခုလို တရားဝင် လူမြိုဖို့ ကြိုးစားမှု ခွင့် ပြုထားသည်မှာ ဘယ်သူတွေပါလဲ?
Copy from - Myanmar News Now

ဆိုင်းငံ့ ရွေးကောက်ပွဲ နယ်မြေတွေမှာ တိုက်ပွဲများ မရှိ

ကချင် လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ အဆင့်မြင့် အစိုးရ ကိုယ်စားလှယ် အဖွဲ့တို့ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၉ ရက်နေ့က တရုတ်နိုင်ငံ ရွှေလီမြို့တွင် ပြည်ထောင်စုအဆင့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲပြုလုပ်နေစဉ်။
(Photo courtesy of a citizen journalist) RFA
2012-03-26

ကချင်ပြည်နယ်အတွင်း မြို့နယ် ၃ မြို့နယ်မှာ လုံခြုံရေးအရ ကြားဖြတ် ရွေးကောက်ပွဲ ဆိုင်ငံ့ခဲ့တာနဲ့ ပတ်သက်ပြီး အဲဒီဒေသတွေမှာ KIA နဲ့ အစိုးရတပ်တွေကြား တိုက်ပွဲဖြစ်ပွားမှု မရှိကြောင်း KIO က ပြောဆိုပါတယ်။

 ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့က ကချင်ပြည်နယ် ဗန်းမော်၊ ဖားကန့်နဲ့ မိုးကောင်း မဲဆန္ဒ နယ်မြေတွေမှာ လြုံခုံရေးအရ ရွေးကောက်ပွဲ ဆိုင်းငံ့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာ ခဲ့ပါတယ်။
 
ဒီကိစ္စနဲ့ ပတ်သက်ပြီး KIA အဖွဲ့ ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က အာအက်ဖ်အေ ကို အခုလို ပြောပါတယ်။

" အခုပြောတဲ့ ဗန်းမော်တို့၊ ဖားကန့်တို့၊ မိုးကောင်းတို့မှာ တိုက်ပွဲ မရှိပါဘူး။ တိုက်ပွဲတွေ ဖြစ်နေတာက တပ်မဟာ ၅၊ ဌာနချုပ်၊ တပ်ရင်း ၃၊ တပ်မဟာ ၄ ဒီနေရာတွေမှာ ဖြစ်နေတာ။ အခု ရွေးကောက်ပွဲ ကျင်းပမယ့် နေရာတွေမှာတော့ တိုက်ပွဲတွေ ဖြစ်နေတာ မဟုတ်ဘူး။ ဥပမာ KIO နဲ့ တိုက်ပွဲ ဖြစ်နေလို့ ဆိုရင်တော့ ကျွန်တော်တို့နဲ့ ဆွေးနွေးလို့ ရတာပေါ့။ KIO နဲ့ တိုက်ပွဲဖြစ်နေတယ် မဟုတ်ဘဲနဲ့ လုံခြုံရေးအရ ဆိုရင်တော့ အဓိပ္ပါယ်ကတော့ ကျယ်ပြန့်ပါတယ်"

အလားတူ NLD ပါတီ ဌာနချုပ်ကလည်း အဲဒီ ဒေသတွေမှာ ရွေးကောက်ပွဲ ဖြစ်မြောက်နိုင်ရေး အတွက် KIA-KIO နဲ့ ဆွေးနွေး ညှိနိုင်းဖို့ ဆန္ဒရှိကြောင်း မတ်လ ၂၆ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန် ခဲ့ပါတယ်။

သီလဝါဆိပ်ကမ်းတွင် မီးလောင်ကျွမ်းမှုမြင်ကွင်းများ

Copy from - Eleven Media Group

Monday, March 26, 2012

မြန်မာအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း (သီလ၀ါ) မီးလောင်ကျွမ်းမှု ဓာတ်ပုံများ

(၂၆-၃-၂၀၁၂)
Copy from - 7Day News Journal
(ဓာတ်ပုံ ဝေယံ)

    ကချင်ပြည်နယ်တွင် မဲပေးနိုင်ခွင့်ရရှိရန် NLD မှ ထုတ်ပြန်ချက်ထုတ်။

    ကချင်ပြည်နယ်တွင် မတ်လအတွင်း တိုက်ပွဲပေါင်း (၇၈)ကြိမ် ဖြစ်ပွားခဲ့ပြီး ကျေးရွာအချို့ကို မြန်မာ့တပ်မတော်မှ မီးရှို့။

    နမ်ဆန်ယန် ကျေးရွာ အတွင်းရှိ ရိုမာန်ကက်သလစ်(RC)ဘုရားကျောင်း အနီးပတ်န်းကျင်မှ ရွာသားများ၏ လူနေအိမ်(၃)အိမ်အား (၂၅.၃.၂၀၁၂)ရက်နေ့ တွင် မြန်မာ အစိုးရ စစ်တပ် (ခမရ-၃၈၈) မှ မီးရှို့ ဖျက်ဆီး နေစဉ်အေးမှ ဤသို့မြင်ရ။ ထို့ပြင် လက်နက်ကြီးများဖြင့် ရွာအတွင်းရှိ လူနေအိမ်များအား ပစ်ခတ်ဖျက်ဆီး။ (source-kachinnet)

    ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်မဟာ(၃)ဒေသ မိုင်ဂျာယန် နှင့် လွယ်ဂျယ်မြို့ အကြား (၂၄.၃.၂၀၁၂)ရက်နေ့တွင် မြန်မာ အစိုးရ စစ်တပ် နှင့် (KIA) ကချင် လွတ်လပ်ရေး တပ်မတော် တို့အပြင်းအထန် တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင်း သတင်းရရှိသည်။
    င်းတိုက်ပွဲ တွင်မြန်မာ အစိုးရစစ်တပ်ဘက်မှ တပ်ရင်းမှူး(၁)ဦး ကျဆုံးကြောင်း သတင်း ထပ်မံ သိရှိရသည်။ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံ ဆွေးနွေး နေသော်လည်း မြန်မာ့ အစိုးရဘက်မှ စစ်ရေး အရှိန် နေ့စဉ် တိုးမြှင့်လာမှုကြောင့် မတ်လအတွင်း တိုက်ပွဲပေါင်း (၇၈) ကြိမ် ဖြစ်ပွားခဲ့သည်ဟု ကေအိုင်အို တာဝန်ရှိသူမှ ပြောဆိုခဲ့သည်။ တိုက်ပွဲများကြောင့် ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ဖျက်ဆီးခြင်း၊မီးရှို့ ဖျက်ဆီးခြင်း များကြောင့် စစ်ဘေး ဒုက္ခသည်များ ပိုမိုများလာခဲ့သည်။
    မတ်လ ၂၅ရက်နေ့က ကုလသမဂ္ဂမှစစ်ဘေးဒုက္ခသည်၁၀၀၀ကျော်အတွက် ရိက္ခာ အကူအညီ ပေးရန်ရောက်ရှိခဲ့သော်လည်း မြစ်ကြီးနား အနီးတဝိုက်ရှိ ဒုက္ခသည်များကိုသာ ကူညီ ပေးနိုင်သေးသည်။ ကချင်ပြည်နယ်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်မှာ (၁၀)ကျော်ကြာမြင့်ခဲ့ပြီဖြစ်သည်။
    Copy from - komoethee