Wednesday, February 29, 2012

ဂျပန်နိုင်ငံသားက ဟိုတယ်ဝန်ထမ်းအား ပါးရိုက်မှုရုံးချိန်း


 ဂျပန်နိုင်ငံသား အိုကာဟာရှီ
ဖေဖေါ်ဝါရီ ၂၉၊ ၂၀၁၂။
ယခင်လ ၂၈ ရက်နေ့က ရန်ကုန်မြို့ အောကစ် ဟိုတယ်၌ ဖြစ်ပွားခဲ့သည့် ဟိုတယ်ဝန်ထမ်း မအေးအေးကြည်အား ပါးရိုက်မှုဖြင့် တရားစွဲ ခံထားရသည့် အမှုကို ပုဇွန်တောင်မြို့နယ် တရားရုံးက မတ်လ ၉ ရက်နေ့သို့ ထပ်မံ ချိန်းဆိုလိုက်သည်။
ယနေ့နံနက် ၁၁နာရီတွင် စတင် စစ်ဆေးရန် ချိန်းဆိုထားသည့် အမှုမှာ ယနေ့ စစ်ဆေးခြင်း မရှိသေးပဲ လာမည့်မတ်လ ၉ ရက်နေ့သို ချိန်းဆို လိုက်ကြောင်း သိရှိရသည်။
ပါးရိုက်ခံရသူ ဟိုတယ်ဝန်ထမ်း မအေးအေးကြည်က ဂျပန်နိုင်ငံသား အိုကာဟာရှီကလည်း တားဆီးမှုဖြင့် ပြန်လည် တရားစွဲဆိုထားသဖြင့် တရားရုံးမှ အာမခံတောင်းခံသဖြင့် ဟိုတယ်ဝန်ထမ်းများ ထဲမှ အာမခံပေးထားရသည်ဟုလည်း သိရှိရသည်။
Copy from - Yangon Press International

နိုင်ငံရေးပြဿနာများကို ဖြေရှင်းရန်အတွက် အားလုံးပါဝင်တဲ့ အစည်းအဝေးတခု အမြန်လို

၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ ရန်ကုန် လေဆိပ်၌ သတင်းစာ ရှင်းလင်းပွဲပြုလုပ်


လက်တလော နိုင်ငံရေးပြဿနာများကို ဖြေရှင်းရန်အတွက် အားလုံးပါဝင်တဲ့ အစည်းအဝေးတခု အမြန် လိုအပ်နေကြောင်း ကချင်ပြည်နယ်၊ မြစ်ကြီးနား ခရီးစဉ်မှ ပြန်လည် ရောက်ရှိလာတဲ့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့မှ ကိုမြအေးက ရန်ကုန်လေဆိပ်မှာ ဖေဖော်ဝါရီလ၂၈ ရက်နေ့ ညနေ ၆ နာရီခွဲမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောလိုက် ပါတယ်။

ရန်ကုန်၊မန္တလေးစသည့် မြို့ကြီးများတွင်သာ ယခုကဲ့သို့ သတင်းစာ လွတ်လပ်ခွင့် အချို့ကို ခံစား နေရသော်လည်း တိုင်းရင်းသားများမှာ ၎င်းတို့ ဒေသတွင် စစ်မက်အမြဲ ဖြစ်ပွားနေခဲ့သည့် အတွက် တစုံတရာ အပြောင်းအလဲ ဖြစ်နေသည်ဟု မမြင်ကြောင်း ကိုမြအေးက ပြောပါတယ်။

(Updated) iPhone ပေါ်မှာ Zawgyi မြန်မာ Font နှင့် Zawgyi မြန်မာ Keyboard တို့ကို အသုံးပြုနည်း


http://3.bp.blogspot.com/-DCPnibxLczg/TjfXInzrtpI/AAAAAAAAAWs/sQutzqGJI1g/s1600/IMG_0346.PNG
iPhone ပေါ်မှာ မြန်မာစာ ဖတ်ဖို့၊ မြန်မာစာ ရိုက်ဖို့ အတွက် မြန်မာ Font နဲ့ မြန်မာ Keyboard တို့ကို iPhone ထဲမှာ Install လုပ်ပေးဖို့ လိုပါတယ်။ မြန်မာ Font နဲ့ မြန်မာ Keyboard တို့ကို Install မလုပ်ခင် iPhone ကို Jailbreak အရင်လုပ်ဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ iPhone version iOS 4.3.x, iOS 5.0 နဲ့ iOS 5.0.1 တို့အတွက် မြန်မာ Font နဲ့ မြန်မာစာ keyboard ထည့်နည်းတွေကို အဆင့်ဆင့် ပြောပြပေးသွာမှာပါ။

KIO ရှိ ကချင်ဒုက္ခသည် ကူညီရေးကိစ္စ ကုလနှင့် မြန်မာအစိုးရ ညှိနှိုင်းနိုင်

KIO ဒုတိယအကြီးဆုံးမြို့ မိုင်ဂျာယန်ရှိ ဒုက္ခသည်စခန်းတခု။
27 Feb 2012

KIO ကချင်လွတ်မြောက်ရေး အဖွဲ့ဒေသရှိ စစ်ပြေး ဒုက္ခသည် များထံသို့ လူသားချင်း စာနာသည့် အကူအညီ ပေးနိုင်ရန် မြန်မာအစိုးရနှင့် သဘောတူညီမှု ရရှိထားသည်ဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး အရာရှိ မစ္စတာ ဗီဂျေနမ်ဘီးယား (Mr. Vijay Nambiar) က ဖေဖော်ဝါရီလ ၂၄ ရက်က ပြောဆိုလိုက်သည်။

၎င်းသည် ကုလ၀န်ထမ်း လေးဦးပါ အဖွဲ့ငယ်ကို KIO ဗဟိုဌာနချုပ် လိုင်ဇာ ဒေသို့သွားရောက် ကူညီရန် မြန်မာ အစိုးရက ခွင့်ပြုခဲ့ပြီး နှစ်လအကြာ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဖေဖော်ဝါရီလ ၁၃ ရက်မှ ၁၇ ရက်အထိ ငါးရက်ကြာ ခရီးစဉ်အတွင်း ကုလ အထူးသံတမန်က မြန်မာအစိုးရနှင့် ယင်းသို့ ကူညီရန် ညှိနှိုင်း နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မည်သည့် အချိန်တွင် ဒုက္ခသည် ၄၅၀၀၀ ကျော်ရှိ KIO ဒေသသို့ ကုလ အကူအညီများ ရောက်ရှိ လာမည်ကို မသိရသေးပေ။

မြန်မာအစိုးရက ၎င်းတို့ အကူအညီများပါ ပေါင်းထည့်လို
ကုလအကူအညီ ညှိနှိုင်းမှု ကြန့်ကြာ နေရခြင်းသည် ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မတီ၏ တောင်းဆို ချက်ကြောင့် ဖြစ်သည်ဟု မစ္စတာနမ်ဘီးယား (Mr. Vijay Nambiar) က Inner City Press မှ Matthew Russell Lee ၏ မေးမြန်းချက်ကို ဖြေဆိုထားသည်။

“အခက်အခဲ နည်းနည်းရှိနေတာက အစိုးရကသူတို့ အကူအညီပါ တပါးထဲ ပါဝင် စေချင်တယ်” ဟု ဆိုသည်။ “ဆက်ပြီး ညှိနှိုင်းနေတယ်။ အစိုးရနဲ့ ကုလ အကူအညီတွေကို နယ်စပ်ဆီ တပါးထဲ သယ်သွား စေချင်တော့ နဲနဲ ပြဿနာရှိတယ်။ ဒါက အစိုးရ အကူအညီကို လက်မခံရင် ပြန်သယ်လာဖို့ရှိပြီး။ ကုလ အကူအညီတော့ လက်ခံဖို့ ရှိတယ်။” ဟု သူ ဆက်ဆိုသည်။

ထိုဒီဇင်ဘာ ၁၂ ရက်ကုလ ခရီးစဉ်တွင် KIO က မြန်မာအစိုးရက ပေးပို့လာသည့် အကူအညီများကို လက်မခံခဲ့ပါ။ ဒုက္ခသည် များထံသို့ အစိုးရ၀ါဒ မသက်ရောက်စေလိုသည့် အတွက် ဖြစ်သည်ဟု သိရသည်။

အမြန်ဆုံးနည်းနှင့် နိုင်ငံရေးအရ ဆွေးနွေးရန် လိုအပ်ကြောင်း UNFC ချမှတ်

ထိုင်းနိုင်ငံ ဇင်းမယ်မြို့တွင် ကျင်းပခဲ့သည့် သွေးစည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီခေါ် (UNFC)၏ ကြားဖြတ် အစည်းအဝေးသည် (၂၄ ၊၂၇ ) ရက် နေ့၌ထိ လေးရက်တာ ကျင်းပပြီး၊ ပြီးဆုံး သွားပါသည်။ ဤအစည်းအဝေးကို အဖွဲ့ဝင် (၁၀)ဖွဲ့ ရှိသည့် အထဲ၌ (၉)ဖွဲ့ တက်ရောက်ပြီး ကျင်းပခဲ့ခြင်း ဖြစ်သည်ဟု အစည်းအဝေး တက်ရောက်ခဲ့သူ တဦးက ပြောပါသည်။

ဤအစည်းအဝေးသည် လတ်တလော ရင်ဆိုင် နေရသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရကြား အပစ်အခတ် ရပ်စဲရေး ကိစ္စအပေါ် ထားရှိရမည့် သဘောထားများကို ညှိနှိုင်း ခဲ့ကြသည်ဟု ဆိုပါသည်။ အထူးသဖြင့်
- အပစ်ခတ် ရပ်စဲရေးကို လက်မှတ်ထိုးရေး/မထိုးရေး ပြသနာနှင့်
- အပစ်အခတ် ရပ်စဲရေး ပြီးပါက ရက်တိုအတွင်း နိုင်ငံရေး ညှိနှိုင်းမှုများ အမြန်ဆုံး ဆောင်ရွက်ရန် ဟူ၍ ညှိနှိုင်း ခဲ့ကြပါသည်။

UNFC အဖွဲ့တွင် ယခုရက်ပိုင်း၌ အပစ်ရပ်သွားသော မွန်ပြည်သစ်ပါတီနှင့် ချင်းအမျိုးသား တပ်ဦးတို့ အပစ်အခတ် ရပ်စဲရေးကို လက်မှတ်ထိုးခဲ့ပြီး ဖြစ်ပါသည်။ ဤအပစ်ရပ် ခဲ့သော အဖွဲ့များပေါ်၌ အခြား အဖွဲ့ဝင်များက ပြစ်တင် ရှုတ်ချမှု မရှိပါဟု အစည်းအဝေး တက်ရောက်သူက ဆိုပါသည်။

“အဖွဲ့ဝင် အားလုံးကတော့ အပစ်အခတ် ရပ်စဲရေး အတွက် အဆင်သင့် ရှိနေကြပါတယ်။ ဒါပေမဲ့လို့ မတူညီတဲ့ အခြေအနေပေါ်မှာ မူတည်ပြီး၊ စောင့်ကြည့် နေကြသလို အပေးအယူ တချို့အတွက် အချိန်ဆွဲ နေကြ တာဘဲ ရှိပါတယ်။ ဥပမာ ရှမ်းပြဿနာကို ကြည့်ရင် တလောကကမှ လူမှားပြီး ပစ်ခတ် မိတဲ့အတွက် ရှမ်းဖက်က လက်မခံနိုင်တော့ အပစ်ရပ်ရေးကို အချိန်ဆွဲပြီး စောင့်ကြည့် နေသလိုဘဲ ၊ ကချင်ကလည်း အစိုးရ တပ်တချို့ မရုတ်သိမ်း ဘဲနဲ့တော့ အပစ်မရပ် နိုင်ဘူးလို့ ပြောနေပါတယ်။ ဒါကတော့ အခြေအနေချင်း မတူလို့ အချိန်ဆွဲ နေကြတာပါ” ဟု ဆိုပါသည်။
 

Tuesday, February 28, 2012

ဒေါ်စုကို မကြိုဖို့ မြန်မာ့အသံ ဝန်ထမ်းများကို ညွှန်/ချုပ် သတိပေး

လူသတ်မှုကျူးလွန်သည့် စစ်အရာရှိနေရာ တပ်ကြပ်ဖြင့် လူစားထိုး

ဖေဖေါ်ဝါရီလ... 27 ရက် 2012 ခုနှစ်။
 
ယခုလ ၂၄ ရက်နေ့ ည ၈ နာရီကျော်ခန့်က ကချင်ပြည်နယ် ဗန်းမော်မြို့ မလူလာ ကျေးရွာအတွင်း အရပ်သား တစ်ဦး အား စစ်အရာရှိ တစ်ဦးက ပစ္စတို သေနတ်ဖြင့် အနီးကပ် ပစ်သတ်ခဲ့သည့် အမှုတွင် ကျူးလွန်သူ အရာ ရှိ၏ နေရာတွင် တပ်ကြပ် တစ်ဦးဖြင့် လူစားထိုးထားကြောင်း မိသားစုဝင်များက သျှမ်းသံတော်ဆင့်သို့ ပြော သည်။

ဗန်းမော်မြို့ ခွန်သာရပ်ကွက်နေ အသက် ၃၇ နှစ်အရွယ် ကိုမင်းခန့်အား အရက်သေစာ သောက်စားထား သည့် ခလရ ၂၃၇ မှ ဗိုလ်မှူးတစ်ဦးက ငွေတောင်းရာ မပေးသဖြင့် ပစ်သတ်ခဲ့ခြင်း ဖြစ်ကြောင်း သေဆုံးသူနှင့် ဆိုင်ကယ် တစ်စီးတည်း အတူလိုက်ပါသူ မျက်မြင်၏ အပြောကို ကိုးကား၍ ညီဖြစ်သူက ပြန်ပြောသည်။

"သူက သစ်ကယ်ရီ ဆိုတော့ ခလရ ၂၃၇ က အရက်မူးနေတဲ့ အရာရှိတချို့ပါတဲ့ ၄၊ ၅ ယောက်အဖွဲ့က လမ်းရှင်းကြေး တောင်းတာပေါ့နော်။ ကိုမင်းခန့်တို့ နှစ်ယောက်က ဆိုင်ကယ်ပေါ်မှာ။ သူက နောက်မှာ ထိုင်တယ်။ အဲတော့ တပ်ရင်းရုံး မှာ ငွေ ၃ သိန်း ပေးခဲ့ပြီးပြီ လို့ပြောတော့ မင်းခန့်ကို သေနတ်နဲ့ချိန်ထားတယ်။ မချိန်ပါနဲ့ ခဏစောင့်ပေးပါ ဗိုလ်မှူး လို့ ပြော တဲ့အချိန် မင်းခန့် ဆီကို ဖုန်းဝင်လာတယ် ဖုန်း နိုက်ယူတဲ့အချိန် အနီးကပ် ပစ်ထည့်လိုက်တာ " ဟု ဆိုသည်။

ကမ္ဘာ့ ထိပ်တန်းစာရင်း ၀င်လာတဲ့ မြန်မာနဲ့ အောက်ဆုံး ရောက်သွားတဲ့ စင်္ကာပူ


Monday, February 27, 2012

ကမ္ဘာနှင့်အ၀ှမ်း နှစ်စဉ် ပြုလုပ်နေတဲ့ ဘယ်စာရင်းမှာမဆို အောက်ဆုံး ရောက်နေတဲ့ မြန်မာနိုင်ငံက သဘာဝသယံဇာနှင့် ပတ်သက် လာရင် ထိပ်ဆုံး စာရင်းမှာ ပါလာတာကိုတွေ့ရပါတယ်။
ဗြိတိသျှ ကိုလမ်ဘီယာတက္ကသိုလ်က ပြုလုပ်တဲ့ The Eco2 Index ဂေဟစနစ် အညွန်းကိန်းမှာ စင်္ကာပူနိုင်ငံက ကမ္ဘာ့ အဆိုးဆုံး စာရင်းမှာ ပါဝင်သွားပါတယ်။

ကမ္ဘာ့ အဆိုးဆုံး ငါးနိုင်ငံက
၁။ စင်္ကာပူ
၂။ ဂျော်ဒန်
၃။ ကိုးရီးယား
၎။ အစ္စရေး
၅။ ကူဝိတ်နိုင်ငံ တို့ဖြစ်ကြပါတယ်။

ဂေဟစနစ် အကောင်းဆုံး ငါးနိုင်ငံက
၁။ ဗော်လဗီးယား
၂။ အင်ဂိုလာ
၃။ နမီးဘီးယား
၎။ ပါရာဂွေး
၅။ အာဂျင်တီးနား တို့ဖြစ်ကြပါတယ်။

အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ မြန်မာက ထိပ်ဆုံး ပြေးနေတဲ့ နိုင်ငံ ဖြစ်ပါတယ်။

နိုင်ငံပေါင်း ၁၅၀ ထဲမှာ မြန်မာက အဆင့် ၃၂ မှာရှိပါတယ်။
မလေးရှားက အဆင့် ၈၀ နှင့် ထိုင်းနိုင်ငံက အဆင့် ၉၆ ကိုရောက်သွားပါတယ်။ ဒီသုတေသနက ကမ္ဘာ့ဘဏ်က အချက်အလက်တွေကို အခြေခံပြီး လုပ်ခဲ့တာ ဖြစ်ပါတယ်။

စင်္ကာပူနိုင်ငံဟာ ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးတွေမှာ ပိုငွေတွေ ပြနေပေမယ့် ဂေဟစနစ် ချွှတ်ခြုံကျမှု က ကမ္ဘာ့ ထိပ်ဆုံး စာရင်းမှာ ပါသွားပါတယ်။ စင်္ကာပူ ဥပဒေပြု အမတ်တွေဟာ သူတို့နိုင်ငံရဲ့ ဖွံ့ဖြိုးမှုနှင့် ဂေဟစနစ် အဆက်အစပ်ကို စိုးရိမ်ပူပင်မှုတွေ အစဉ်ရှိခဲ့ကြပါတယ်။ အထူးသဖြင့် ရေပြတ်လတ်မှု၊ စွမ်းအင်မရှိမှုနှင့် အခြားသော သဘာဝ သယံဇာ မရှိမှုတွေကြောင့် စိုးရိမ် ပူပင်မှုတွေ ရှိခဲ့ပါတယ်။
စင်္ကာပူရဲ့ လေအေးစက် တတ်ထားတဲ့ ကြီးမားတဲ့ ရှော့ပင်းမောတွေနှင့် လူထုရဲ့ စားသုံးမှုတွေက ထုတ်လုပ်လိုက်တဲ့ စွန့်ပစ် ပစ္စည်းတွေဟာ စင်္ကာပူမှာ ရှိတဲ့ စိုက်ပျိုးနိုင်တဲ့ မြေနဲ့ စွမ်းအင်ကို မမျှမတ ဖြစ်စေပါတယ်။

စင်္ကာပူရဲ့ အဓိက ပြသနာက စွမ်းအင်နဲ့ ရေကို နိုင်ငံခြား တိုင်းပြည်တွေကနေ တင်သွင်း နေရတဲ့ ပြသနာဖြစ်ပါတယ်။ အိမ်နီးချင်း မလေးရှားနိုင်ငံက ၂၀၆၁ ခုနှစ်ထိ စင်္ကာပူအတွက် လိုအပ်တဲ့ ရေကိုဖြည့်ဆည်းပေးဖို့ သဘော တူထားပါတယ်။
စောပြည့်ညို
Copy from - maukkha.org

 

Monday, February 27, 2012

ကိုမင်းကိုနိုင် မကြောက်တရား ဟောပြီ

ကိုမင်းကိုနိုင်က ဒီနေ့ မန္တလေး ဈေချိုမှာ ပြုလုပ်တဲ့ တရားပွဲမှာ ပြည်သူတွေကို မကြောက်တရား ဟောကြား ခဲ့ပါတယ်။

ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်တို့  ဦးဆောင်တဲ့ ၈၈ မျိုးဆက်ရဲ့  နယ်ခရီးစဉ်မှာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့  အပါအ၀င် မန္တလေးတိုင်း မန္တလေးမြို့ ၊ ပျော်ဘွယ်နဲ့ မြင်းခြံမြို့ ခရီးစဉ် ဓာတ်ပုံ မှတ်တမ်းတချို့တွေကို ဖော်ပြ လိုက်ပါတယ်။

Copy from - freedomnewsgroup

ဒေါ်အောင်ဆန်းစုကြည် ကို ဒေါ်အင်ဖန်ဂျာရာ ပြောခဲ့တဲ့ စကားတွေ


ဖေဖေါ်ဝါရီ ၂၅၊ ၂၀၁၂
(YPI) (ဆိုင်းဆွတ်)

ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့ည ၈နာရီ မြစ်ကြီးနားမြို့ မနောကွင်း မဂျွယ်ခန်းမမှာ ကချင်ပြည်နယ်သို့ စည်းရုံးရေး ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ခေါင်းဆောင်းများ၊ ဘာသာရေး ခေါင်းဆောင်များနဲ့ ညစာ အတူစားခဲ့ကြပါတယ်။ ထိုစဉ်က ကချင်အတိုင်ပင်ခံအဖွဲ့ နာယက
ဒေါ်အင်ဖန်ဂျာရာ နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပြောဆိုကြတဲ့ အကြောင်းကို YPI သတင်းထောက်က ဒေါ်အင်ဖန်ဂျာရာကို မေးမြန်း ထားပါတယ်။
ဒေါ်အင်ဖန်ဂျာရာ။ ။ ည ၈နာရီ ကနေ စပြီး ၁၀ နာရီ လောက်အထိ စကားပြောဖြစ်ခဲ့ပါတယ် သူက အဖွားကို မေးခွန်း နှစ်ခုပဲမေးပါတယ်။

အဲဒါတွေက
၁- KIA က ဘာလို့ဖြစ်လာတာလဲ
၂ - ဒီနေ့အထိ ဘာကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးလို့ မရသေးတာလဲ

ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က မေးခဲ့ပါတယ်။ အရမ်း အရေးကြီးတဲ့ မေးခွန်တွေကို သူမေးခဲ့ပါတယ်။

ကျွန်မ ပြန်ပြောပြလိုက်ပါတယ်၊ အရင်ကတည်းက ကချင်နိုင်ငံ ဆိုပြီးရှိခဲ့တာပါ ဘယ်ဘုရင်ကမှ ဒီနေရာက ကချင်တွေအတွက် ဆိုပြီး ပေးထားတာ မဟုတ်ပါဘူး၊ ကချင်တွေက ကိုယ်နေရာ ကိုယ့်နိုင်ငံ ကိုယ့်ဒေသနဲ့ ကိုယ် နေထိုင်ခဲ့ကြတဲ့ သူတွေဖြစ်တယ်၊ ကိုယ့်နိုင်ငံ ကိုယ့်နေရာနဲ့ ကိုယ်အုပ်ချုပ်ပြီး ငြိမ်ငြိမ်းချမ်းချမ်း  နေထိုင်ခဲ့ ကြတာဖြစ်တယ်၊

ကျွန်မတို့ ကချင်လူမျိုးတွေဟ မြန်မာပြည်ဘက်ကိုလည်း မသွားဘူး မြန်မာ လူမျိုးတွေကလည်း ကချင် လူမျိုးတွေကို တောသား လူရိုင်းတွေဆို ပြီး အရမ်းကြောက်ခဲ့တာ။
ဗြိတိသျှ အုပ်ချူပ်တုန်းက ကျွန်မတို့ ကချင်လူမျိုးတွေဟာ စစ်ရေး စစ်ရာ တိုက်ခိုက်တဲ့ နေရာမှာ ကျွမ်းကျင်တဲ့ လူမျိုးတွေဖြစ်တယ်၊

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သုံးခွ စည်းရုံးရေးခရီးစဉ် မိန့်ခွန်း (ရုပ်/သံ)

Copy from - irrawaddynews

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သုံးခွခရီးစဉ် (သတင်း၊ ဓာတ်ပုံ)

ယနေ့ နေ့လည် ၂နာရီခွဲမှာမှ သုံးခွ ခရီးစဉ် စတင်ခဲ့တာပါ...။ နေညိုညို ညနေခင်းမှာ ပြည်သူချစ်သော လူထုခေါင်းဆောင်နှင့် ပြည်သူလူထုရဲ့ မြင်ကွင်း..
ပြည့်အင်အားသည် လူထု ချစ်သော ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူလူထုထံမှာ ရှိသည်....

ရခိုင် ရွှေဂက်(စ်) စီမံကိန်းကို ရပ်တန့်ရန် ကမ္ဘာလုံးဆိုင်ရာ လူပ်ရှားမူ ပြုလုပ်မည်

Daewoo-International-Corporation

ရခိုင် ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းကို လောလောဆယ် ရပ်တန့်ရန် အတွက် တကမ္ဘာလုံး ဆိုင်ရာ လူပ်ရှားမူ တစ်ခုကို လာမည့် မတ်လ (၁)ရက်နေ့တွင် နိုင်ငံ အများအပြားတွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း ထိုင်းအခြေစိုက် ရွှေဂတ်စ် လူပ်ရှားမူ တာဝန်ခံ ကိုဝင်းအောင်က ပြောသည်။
" လှုပ်ရှားမှုက သုံးမျိုးလုပ်သွားမှာ ဖြစ်ပါတယ်။ နံပါတ် (၁) ကတော့ စီမံကိန်းတွင် ပါဝင်တဲ့ အစိုးရများ၊ အစုရှယ်ယာဝင်များ အနေနဲ့ စီမံကိန်းကြောင့် ဖြစ်ပေါ်နေတဲ့ လူမှု ပတ်ဝန်းကျင် ထိခိုက်မှုတွေ၊ သဘာဝပတ်ဝန်းကျင် ပျက်စီး မှုတွေ၊ လူ့အခွင့်အရေးတွေကို သူတို့ ငှဲ့ညှာပြီးတော့ စီမံကိန်းမှာ ပါဝင်တဲ့ အစုရှယ်ယာ ငွေတွေကို ပြန်ထုတ်ပြီး စီမံ ကိန်းကို လောလောဆယ် ရပ်တန့်ပေးဖို့။ နံပါတ် (၂) အချက်ကတော့ သမ္မတ ဦးသိန်းစိန်ဆီကို အဖွဲ့ အစည်းပေါင်းစုံ ၁၀၀ ကျော်က လက်မှတ် ထိုးပြီးတော့ မတ်လ ၁ ရက်နေ့မှာ ပေးပို့သွားဖို့နဲ့နောက် နံပတတ် (၃)အချက်ကတော့ နီးစပ်ရာ နိုင်ငံတွေမှာ ဆန္ဒပြပွဲတွေ လုပ်ပြီးတော့ တောင်းဆို သွားဖို့ ဖြစ်ပါတယ်။"

Sunday, February 26, 2012

တိုကျိုမှာ ကျင်းပပြုလုပ်သည့် မြန်မာ့အရေးဆွေးနွေးပွဲ


၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလ (၂၆)ရက်။

လက်ရှိ ဖြစ်ပေါ်နေသော မြန်မာ့နိုင်ငံရေး အခြေအနေနှင့် ပတ်သက်၍ "မြန်မာ့အရေး" ဆွေးနွေးပွဲ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ့မှ ဦးစီး၍ တိုကျို Toshima-ku Komagome Community Calture Hall 4F, မှာ ယနေ့ နံနက်ပိုင်းမှာ ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် လက်ရှိဖြစ်ပေါ်နေသော မြန်မာ့နိုင်ငံရေး အခြေအနေများ၊ ဂျပန်အစိုးရ၏ ပြောင်းလဲလာသည့် ဆက်ဆံရေး မူဝါဒများနှင့် ပေးအပ်တော့မည့် ODA အကူအညီများ ပတ်သက်၍ မိမိတို့၏ ရပ်တည်ချက် သဘောထားများ အမြင်အများ၊ ကြားဖြတ် ရွေးကောက်ပွဲ အောင်နိုင်ရေး အထောက်အကူပြု လုပ်ငန်းများနှင့် ၂၀၁၅ ရွေးကောက်ပွဲ အတွက် ကြိုတင် ပြင်ဆင် ဆောင်ရွက်သွားကြမည့် လုပ်ငန်းစဉ်များတို့ကို ဆွေးနွေး ခဲ့ကြပါသည်။ ယနေ့ ဆွေးနွေးပွဲတွင် ဂျပန်နိုင်ငံသို့ ခေတ္တ ရောက်ရှိနေသော ABSDF ပထမဆုံး ဥက္ကဌ ဦးထွန်းအောင်ကျော်မှလည်း တက်ရောက် ဆွေးနွေး သွားခဲ့ကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်းဓါတ်ပုံ ။ Moe Min Thu

Saturday, February 25, 2012

နိုင်ငံတွင်းက ချမ်းသာကြွယ်ဝမှု အားလုံးဟာ ပြည်သူအားလုံးနဲ့ ဆိုင်တယ်

မြန်မာနိုင်ငံက ချမ်းသာကြွယ်ဝမှုတွေ အားလုံးဟာ ပြည်သူတွေ အားလုံးနဲ့ဆိုင် မြန်မာနိုင်ငံမှာ ရှိတဲ့ ချမ်းသာ ကြွယ်ဝမှုတွေ အားလုံးဟာ ပြည်သူတွေ အားလုံးနဲ့ ဆိုင်သလို ပြည်တွင်းစစ် ဖြစ်နေတာကလည်း ကမ္ဘာ့အလယ်မှာ ရှက်စရာ ကောင်းတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ကချင်ပြည်နယ် စည်းရုံးရေး ခရီးစဉ်အတွင်း မြစ်ကြီးနားမြို့ မနောကွင်းမှာ သောင်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေကို ပြောဆို လိုက်ပါတယ်။
Copy from - BurmaVJMedia

ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ် ခရီးစဉ် မြင်ကွင်းဓါတ်ပုံများ ...

အမေစု နာမည်ကို ဒီလိုဖော်ဆောင်သွားတယ်
Copy from - facebook

ငြိမ်းချမ်းရေး မရဘဲ ဖွံ့ဖြိုးရေး မဖြစ်နိုင်

Photos courtesy of NLD
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်က မြစ်ကြီးနားမြို့ မနောကွင်းရှိ မဂျွယ်ခန်းမတွင် ပြုလုပ်သည့် ညစာစားပွဲ၌ ကချင်ခေါင်းဆောင်များ၏ လက်ဆောင်ပစ္စည်းကို မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လက်ခံနေစဉ်။

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်း ငြိမ်းချမ်းရေး မရှိရင် နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးကို တည်ဆောက်နိုင်မှာ မဟုတ်ကြောင်း၊ ပြည်တွင်း ငြိမ်းချမ်းရေး အတွက် နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးမှသာ ပြေလည်မှာ ဖြစ်ကြောင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်းမှာ ဒီကနေ့ ပြောဆို လိုက်ပါတယ်။
 
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးမှုဆိုတာ စားပွဲမှာ ထိုင်ပြီး စကားပြောကြရုံနဲ့ မရနိုင်ဘဲ ဘယ်လိုနည်းနဲ့ ပြောကြမယ်၊ ဘယ်လိုမူတွေနဲ့ ပြောကြမယ်၊ ဘယ်လို အပေးအယူ လုပ်ကြမယ် ဆိုတဲ့အချက်တွေ အင်မတန် အရေးကြီးတယ်လို့ ပြောပါတယ်။

ကြံ့ဖွံ့အမိန့်ဖြင့် နမ္မတူမြို့ ဒေသခံများ လုပ်အားပေးသွားနေရ (တိုင်ကြားစာ)

ကြံ့ဖွံ့အမိန့်ဖြင့် ဒေသခံများ လုပ်အားပေးသွားနေရ

February 25, 2012  
 
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့ကြံဖွံ့အဖွဲ့ဝင် ဦးသစ်လွင် အမိန့်ဖြင့် နမ္မတူလျှပ်စစ် ဓါတ်အားလိုင်း ဥက္ကဌ ဦးမြမောင်နှင့် အဖွဲ့သည် နမ္မတူမြို့ ရက်ကွက်(၈)ရှိ ရပ်ကွက်သူ၊ သားများအား တရုတ် ဂတ်(စ်)ပိုက်လိုင်း တည်ဆောက်ရန်အတွက် လိုအပ်သော ပစ္စည်း ကိရိယာနှင့် အုတ်ခဲများ သယ်ဆောင်ရန် လုပ်အားပေး စေခိုင်း ခဲ့ကြောင်း သိရှိရသည်။

“တစ်မိသားစုကို တစ်ယောက် မသွား မနေရဆိုတော့ သွားရတာပေါ့ ပြီးတော့ ကိုယ့်ထမင်းဟင်းကိုယ်  ယူသွားရသေးတယ် ၊တနေကုန် လုပ်ပေးရတယ်။ ယောင်္ကျားတွေဆိုရင် ဂတ်(စ်)ပိုက်လိုင်း တည်ဆောက်ဖို့ မြောင်းတွေ တူးရတယ်၊ အမျိုးသမီးတွေကတော့ လိုအပ်တဲ့ ပစ္စည်းကိရိယာနဲ့အုတ်ခဲတွေ သယ်ရတယ် တစ်အိမ်တယောက် မသွားရင် ပိုက်ဆံ တစ်ယောက်စာ ပေးရတယ်၊ ကျတော်တို့ ရပ်ကွက်ကတော့ လုပ်အားပေး အကုန်သွားကြတယ်” ဟု လုပ်အားပေးမှ ပြန်လာသော ဒေသခံမှ ပြောပြခဲ့သည်။

မန္တလေး မြို့တော်ဝန် အကူအညီဖြင့် ဒေါ်စု ဟောပြောရန် နေရာရ

Friday, February 24, 2012

ယနေ့ မနက်ပိုင်းက မြစ်ကြီးနား မနောကွင်းမှ ပုံရိပ်တစ်ချို့..

facebook အင်တာနက်စာမျက်နာမှ ကူးယူခဲ့ပါသည်။

ချိုးကူသံလေး ကြားရဖို့

February 24, 2012
နိုင်ငံခြားရောက်နေတာ နှစ်ပေါင်း နှစ်ဆယ်ကျော်ရှိနေပြီဖြစ်တဲ့ ကျောင်းသားဟောင်း တစ်ယောက်က ဖုန်းဆက်ပြီး နှစ်သစ်ကူး နှုတ်ဆက်စကား ပြောပါတယ်။ ခုတလောနိုင်ငံခြားရောက် မြန်မာတွေ အများဆုံးမေးတဲ့ ''တော်တော်ပြောင်းနေပြီလား'' ဆိုတဲ့ မေးခွန်းကိုပဲ မေးပါတယ်။

သတင်းသမားတွေ နေရာပေးခံရ

ဒီမေးခွန်းက လွယ်လွယ် ဖြေလို့ရတာမျိုး မဟုတ်ဘူး။ ပြောင်းတာတွေ ရှိသလို မပြောင်းတာတွေလည်း အများကြီး ရှိနေတာဆိုတော့ လိပ်ပတ်လည်အောင် ပြောဖို့ခက်တယ်။ အဲဒါကြောင့် သူမေးသလို တစ်ခွန်းထဲနဲ့ ပြီးအောင် ''ပြောင်းတော့ ပြောင်းတယ်။ ဒါပေမဲ့ မပြောင်းဘူး'' လို့ ဖြေ လိုက်တယ်။ ပြီးမှအသေးစိတ်သိချင်ရင် ခုတလောရေးနေတဲ့ ဂျာနယ် ဆောင်းပါးတွေကို အွန်လိုင်းကဖတ်ကြည့်ပေတော့လို့ ပြောရတယ်။ ထိပ်ဆုံးပိုင်းတွေမှာ တော့ ပြောင်းနေကြတာပဲ။ ဒီမိုကရေစီဆိုတဲ့စကားနှုတ်ဖျား မှာသီးနေကြတယ်။ နှစ်ပေါင်းငါး ဆယ်လုံးလုံး လူရာသွင်းမခံရတဲ့ သတင်းသမားတွေကို နေရာပေးပြီး အင်တာဗျူးလုပ်ကြတယ်။ ဂျာနယ်တွေထဲမှာ အရင်က နာမည်လေးတောင် ထည့်ရေးခွင့်မရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဓာတ်ပုံတွေ၊ မျက်နှာဖုံးက ဖောဖောသီသီကြီး ဖော်ပြကြတယ်။ အရင်က NLD ရုံးရှေ့က လမ်းတောင်ဖြတ်မလျှောက်ရဲတဲ့သူတွေ ခုတော့ရုံးထဲကို ချောင်းပေါက်မတတ် ၀င်ထွက်နေကြတယ်။

အကြွေးဝန်ထုပ်ကြီး

ပြောင်းတာတွေက အောက်ခြေကို မရောက်တော့ တိုင်းသူပြည်သားများရဲ့ဘ၀တွေကတော့ ဘာမှ ထူးခြားမလာဘူး။ တောင်ပေါ် ဒေသတွေမှာ သေနတ်သံတွေ မစဲသေးသလို သားကိုမျှော်ရတဲ့ မိခင်တွေလည်း လည်ပင်း ကိုးတောင်ရှည် ဖြစ်နေရဆဲပဲ။ ဒီကြားထဲမှာ ဈေးကွက် စီးပွားရေးကို လက်ညှိုးထိုးပြီး ဟိုကဈေးတက်၊ ဒီကဈေးတက်ဆိုတော့ ပိုပြီး ပင်ပန်းကြရတယ်။ တောသူ တောင်သား တွေက ပိုပြီး ခံရတယ်။ မြို့မှာက တစ်ခုမဟုတ်တစ်ခု ကြံဖန် ရှာဖွေစားသောက်လို့ ရတယ်။ ယုတ်စွအဆုံး ပလတ်စတစ် လိုက်ကောက်ရင်တောင် ရသေးတယ်။ တောမှာကျတော့ လယ်ယာ အလုပ်ကလွဲပြီး တခြားဘာမှ လုပ်စားစရာမရှိဘူး။ သဘာဝ ဘေးအန္တရာယ်ကြောင့် သီးနှံတွေ ပျက်ရပြီဆိုရင် ကျောပေါ်က အကြွေး ၀န်ထုပ်ကြီး ကြီးသထက်ကြီး လာတော့တာပဲ။

ခွက်တစ်ဆယ်အနည်းဆုံး

မြို့ပေါ် ဆင်းရဲသားတွေရဲ့ကျောပေါ်က ၀န်ထုပ် ၀န်ပိုးကြီး နှစ်ပိဿာခွဲလောက် လေးတယ်ဆိုရင် တောသူ တောင်သားတွေရဲ့ကျောပေါ်မှာ ဖိစီးနေတဲ့ ၀န်ထုပ်ဝန်ပိုးကြီးက ခွက်တစ်ဆယ်တော့ အနည်းဆုံး ရှိလိမ့်မယ်။ ဒီဖိစီးမှုကြီးက အရင့်အရင် အစိုးရ အဆက်ဆက်မှာ ရှိခဲ့တဲ့အတိုင်း ဘာမှ ပြောင်းလဲ မသွားဘူး။ အပေါ်မှာ ကြည့်လိုက်ရင်တော့ ပြောင်း နေပေမယ့် အောက်ခြေမှာတော့ ဘာမှ မပြောင်းလဲဘူး။ အဲဒါကြောင့် ပြောင်းတော့ ပြောင်းတယ်။ ဒါပေမဲ့ မပြောင်းဘူးလို့ ဖြေလိုက်တာ။ နောက်ဆုံး ဖုန်းချခါနီးမှာ ''ပြောင်းရင် ပြန်လာမှာမို့လား''လို့ မေးလိုက်တော့ သူဖြေလိုက်ပုံက ''လုပ်ခွင့်သာရင်တော့ ပြန်လာဖို့ စဉ်းစားမှာပါ။ ရေရှည်အတွက်လည်း ကြည့်ရသေးတယ်လေ''တဲ့။

စောင့်ကြည့်ချင်ကြသေး

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က ပြည်ပရောက်နေသူတွေလည်း ပြန်လာနိုင်အောင် ဆောင်ရွက် ပေးသွားမယ်လို့ မိန့်ခွန်းပြောခါစက အတော်လေး ၀မ်းသာမိတယ်။ ဒီတစ်သက်တော့ ပြန်မတွေ့နိုင်ကြတော့ဘူးလို့ အောက်မေ့ထားတဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ မိတ်ဆွေ သူငယ်ချင်းတွေ၊ ဆွေမျိုးသားချင်းတွေနဲ့ တပည့်ဟောင်းတွေကို ပြန်တွေ့နိုင်ဦးမှာပါလားဆိုပြီး ပျော်သွားတယ်။ ဒါပေမဲ့ လက်တွေ့ ကျတော့ ဘယ်သူမှ ပြန်မလာကြသေးဘူး။ အခွင့်အလမ်းကောင်း၊ လုပ်ကွက်ကောင်းရှိ မလားလို့လာပြီး လေ့လာစူးစမ်းသူ တချို့တလေပဲ တွေ့ရတယ်။ အများစုကတော့ အကဲခတ် စောင့်ကြည့်ချင်ကြသေးတယ်။

တစ်နေ့တော့ပြန်လာမယ်

ဟုတ်တာပေါ့။ ရေကြည်ရာ မြက်နုရာကို ရောက်နေပြီးမှ သဲကန္တာရထဲကို ဘယ်သူက ပြန်သွားချင်မှာလဲ။ စောင့်ကြည့်ဦးမယ် ဆိုသူတွေကို အပြစ်မမြင်ပါဘူး။ တစ်နေ့နေ့မှာတော့ သူတို့ပြန်လာမှာပါ။ ဘယ်လောက်တားတား ပြန်မလာဘဲ သူတို့ မနေနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ ဟာ မြန်မာတွေ ဖြစ်နေကြလို့ပဲ။ သူများနိုင်ငံတွေ ဘယ်လောက် ချမ်းသာတယ်ပြောပြော မြန်မာပြည်လောက်တော့ နေချင့်စဖွယ် မရှိနိုင်ဘူး။ မြန်မာနိုင်ငံက ဥတုသပ္ပာယ မျှတတယ်။ အပူလွန်ကဲလို့ လူတွေသေတယ် ဆိုတာမျိုး မရှိသလို အေးလွန်းလို့ သေတယ်ဆိုတာမျိုးလည်း မရှိဘူး။ မိုးခေါင်လွန်းလို့ အငတ်ဘေး ကျရောက်တယ်ဆိုတာမျိုး မရှိသလို မိုးများလွန်းလို့ လူတွေထောင်သောင်းချီ သေရတယ်ဆိုတာမျိုးလည်း မရှိဘူး။

ရတနာသိုက်ကြီး

ပူပိုင်း ဒေသဖြစ်ပေမယ့် အအေးပိုင်းဒေသက ပန်းသီး၊ သစ်တော်သီး၊ လိမ္မော်သီး၊ စပျစ်သီးစတဲ့ သစ်သီးဝလံတွေလည်း လမ်းဘေးမှာ ပုံတိုက်ပြီး ရောင်းရလောက်အောင် ပေါပေါများများ ထွက်တယ်။ ၀တ်ဖို့အတွက် ၀ါချည်၊ ပိုးချည်တွေလည်း ထွက်တယ်။ နေစရာအတွက် သစ်ဝါးတွေလည်း ပေါတယ်။ မြေကြီးကလည်း ဘယ်နေရာတူးတူး ရေနံထွက်တဲ့နေရာက ထွက်၊ ရွှေထွက်တဲ့နေရာက ထွက်၊ ပတ္တမြားတို့၊ ကျောက်စိမ်းတို့ ထွက်တဲ့နေရာကထွက်မို့ တစ်နိုင်ငံလုံး ရတနာသိုက်ကြီးလို ဖြစ်နေတယ်။ လူတွေကြောင့်သာ ခုလို ဆင်းရဲတွင်းနက်နေရတာ။

၂၃ ဖေဖော်ဝါရီ ၂၀၁၂။ ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ်ကို ဒီကနေ့ မနက် သွားရောက်ရာမှာ မြစ်ကြီးနားမြို့ လူထုက ကြိုဆိုကြပုံ မြင်ကွင်း(ရုပ်သံသတင်း)

Copy from -DVBBurmese

HIV/AIDS နှင့် တီဘီရောဂါအတွက် ဆေးဝါးများ အရေးတကြီး လိုအပ်

၂၀၁၁ ခုနှစ် စက်တင်ဘာလက မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက် မစ်ချယ်ကို ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်ရှိ HIV/AIDS လူနာများ ပြုစုစောင့်ရှောက်ရေး ဂေဟာတွင် တွေ့ရစဉ် (ဓာတ်ပုံ - Getty Images)

မြန်မာနိုင်ငံတွင် HIV/AIDS လူနာများနှင့် တီဘီရောဂါသည် များအတွက် ဆေးဝါးများ အရေးတကြီး လိုအပ်လျက် ရှိကြောင်း နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF)ထုတ်ပြန် ကြေညာလိုက်သည်။

HIV/AIDS လူနာ ၈၅၀၀၀ အတွက် HIV ပိုး ထိန်းချုပ်သည့် ART (anti-retroviral therapy) ဆေးဝါး အရေးပေါ် လိုအပ် နေကြောင်း၊ ထို့အပြင် တနှစ်လျှင် ဆေးမတိုးသော (သို့) ဆေးယဉ်ပါးသော တီဘီရောဂါ (MDR-TB) ကူးစက်သူ ၉၃၀၀ ခန့် ရှိနေကြောင်းနှင့် ဆေးကုသမှု ခံယူသူ ၃၀၀ ခန့်သာရှိ သေးကြောင်း MSF က ယမန်နေ့က ထုတ်ပြန်သော “မရေရာသော ဘဝများ” အစီရင်ခံစာတွင် ဖော်ပြထားသည်။

အမေရိကန် အခြေဆိုက် Global Fund အဖွဲ့ကြီးက မြန်မာနိုင်ငံတွင် ခုခံအား ကျဆင်းမှုရောဂါ (AIDS)၊ တီဘီ အဆုတ်နာ ရောဂါ (TB) နှင့် ငှက်ဖျား ရောဂါ ၃ မျိုး တိုက်ဖျက်ရေးအတွက် ထောက်ပံ့မှုကို ရပ်ဆိုင်း လိုက်သည့် အကျိုးဆက်အဖြစ် ဆေးဝါးပြတ်လပ်မှု အခက်အခဲများ ရင်ဆိုင်နေရပြီး ၂၀၁၄ မတိုင်ခင်အထိ အကူအညီများ ရရန် မျှော်လင့်ချက် မရှိသေးကြောင်း အစီရင်ခံစာက ဆိုထားသည်။

“မြန်မာနိုင်ငံမှာ HIV/AIDS, တီဘီရောဂါ ကူးစက် ခံထားရတဲ့ လူနာတွေအတွက် ဆေးဝါး ကုသဖို့ အလှူရှင်တွေက ပြန်ရုပ်သိမ်း သွားတယ်။ ဒီဆုံးဖြတ်ချက်ကြောင့် မလိုအပ်ဘဲ သေဆုံးတာတွေ၊ ဖျားနာနေသူတွေနဲ့  အတော့်ကို ကြေကွဲစရာ အကျိုးဆက်တွေကို ကျနော်တို့ နေစဉ် ရင်ဆိုင် နေကြရတယ်” ဟု MSF မြန်မာရုံး တာဝန်ခံ Peter Paul de Groote က အစီရင်ခံစာတွင် ပြောထားသည်။

ယမန်နေ့မှ ကနေ့အထိ မြန်မာအစိုးရတပ် နှင့် သျှမ်းပြည် တပ်မတော် အပြန်အလှန် ဝန်းရံ တိုက်ခိုက်နေ

သျှမ်းပြည်တပ်မတော် RCSS/SSA
“ မနေ့ ညနေပိုင်း ၃ နာရီ ကတည်းက အင်အား ၁၅၀ နဲ့ ၁၈၀ ကြား လောက်ရှိတဲ့ ခလရ ၂၂၁ နဲ့ ခမရ ၅၇၀ ပူးပေါင်း တပ်က ကျနော်တို့ တပ်နောက်ကို ကပ်လိုက် လာတယ်။ ကျနော်တို့လဲ ရွှေ့ပေးရင်းရွှေ့ပေးရင်း တာချီလိတ် အရှေ့မြောက်ဖက် က နောင်ကန် တောင်ကြောနဲ့ မိုင်းဟိုင်း ကြားလဲ ရောက်ရော ပြန်ပြီး ခုခံတိုက် ခိုက်တာဖြစ်တယ်။ ဒီနေ့ညနေပိုင်းအထိ ကျနော် တို့ဖက်က မြန်မာ ပူးပေါင်းစစ်တပ်ကို ဝိုင်းထားတုန်းဘဲ” သျှမ်းပြည် တပ်မတော် ကျိုင်းတုံ စစ်ဒေသမှ အဆိုပါ တပ်မှူးကြီး ကပြောသည်။

အဆိုပါ မြန်မာ ပူးပေါင်း စစ်တပ်အား သျှမ်းပြည် တပ်မတော်မှ နယ်မြေခံ လှုပ်ရှားရေးအဖွဲ့ တပ်ရင်း ၃၄ နှင့် ပူးပေါင်းကာ ပြန်လည် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း၊ ယခုတိုက်ပွဲ ဖြစ်ပွါးသည့်နေရာမှာ တာချီလိတ်မြို့အနောက် မြောက်ဘက် ၂၅ ကီလို မီတာခန့် အကွာ၊ SSA ၏ ကျိုင်းတုံ စစ်ဒေသ လွယ်ကော်ဝမ်း တပ်စခန်း မြောက်ဖက် ၃၀ ကီလိုမီတာခန့် အကွာတွင် တည်ရှိ ကြောင်းလည်း အဆိုပါ တပ်မှူးက ဆက်လက် ပြောပြသည်။

“ ဒီနေ့ ညနေ ၃ နာရီလောက်မှာ ကျနော်တို့ ဝိုင်းထားတဲ့ မြန်မာစစ်ကြောင်းရဲ့ ဗျူဟာမှူး အဆင့်ပါ ရုံးအဖွဲ့ကို ဝင်တိုက် မိတယ်။ ဘယ်သူ ဘာဖြစ်လဲဆိုတာတော့ အသေးစိတ် မသိရသေးဘူး။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ် စည်းရုံးရေးခရီးစဉ် မြင်ကွင်းဓာတ်ပုံများ

မြစ်ကြီးနား လေဆိပ်အထွက်မှာ ကြိုဆိုကြတဲ့ တိုင်းရင်းသား ပြည်သူများ..
နမ္မတီးမြို့မှ အဖွားစုကို ကြိုဆိုနေတဲ့ ကချင်တိုင်းရင်းသား ဒေါင်းရဲ့သမီးငယ်လေး
မြစ်ကြီးနားနဲ့ မိုင်လေးဆယ် အကွာ မိုးကောင်းမှ ကြိုဆိုကြသူများ
မြို့တွေ ရွာတွေသာ ပြောင်းသွားတယ် ကြိုဆိုတဲ့ မြင်ကွင်းကတော့ အပြောင်းအလဲ မရှိပါဘူး

အုန်းဖျန် ဒုက္ခသည် စခန်း မီးလောင်

Thursday, February 23, 2012

အန္တာရာယ်နှင့် ရင်ဆိုင် ရှင်သန်နေရသူများ

ကျနော်တို့ သူငယ်ချင်းတွေကို ဖုန်းထိုးခေါ်တယ် သူငယ်ချင်းတွေက ရောက်လာတယ်။
ကျနော်တို့
ဆေးရုံကို ဖုန်းခေါ်တယ် ဆေးရုံကားကလည်း ရောက်မလားဘူး ၊ မိနစ်လေးဆယ်လောက် ကြာတယ်။ လမ်းမှာလည်း သွေးတွေချည်းပဲ။ ကျနော်သူ့ကို ရင်ခွင်ထဲမှာ ပွေ့ထားလိုက်တယ်။


Copy from - irrawaddynews

RCSS/SSA နှင့် ထိပ်တိုက်တိုက်ပွဲ အစိုးရတပ်အရာရှိအပါအဝင် လေးဦးသေ .

RCSS/SSA တပ်သားများ (ဓါတ်ပုံ- သျှမ်းသံတော်ဆင့်)
ဖေဖေါ်ဝါရီလ 22 ရက် 2012 ခုနှစ်။

ဌာနချုပ် အဖြစ်သတ်မှတ်ပေးသည့် တောင်ပိုင်း ထိုင်းနယ်စပ်သို့ ပြောင်းရွှေ့ရန် မြန်မာ အစိုးရစစ်တပ်က သျှမ်းပြည်တပ် မတော်အား အင်အားသုံး ဖိအားပေးသဖြင့်  တိုက်ပွဲများ ဖြစ်ပွါးရာ ယမန်နေ့ကဖြစ်ပွါး သောတိုက် ပွဲမှာ အစိုးရတပ်ဘက် သုံးဦးထက် မနည်း သေဆုံး ဒဏ်ရာရကြောင်း သျှမ်းပြည် တပ်မတော် အသိုင်းအဝိုင်း မှသိရသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၂၁ ညနေ ၃ နာရီက RCSS/SSA  ၏ အမှတ် ၁ ကျိုင်းတုံ စစ်ဒေသမှ စစ်ကြောင်း တကြောင်းနှင့် မြန်မာအစိုးရတပ် ခမရ ၅၇၂ မှ ဒုဗိုလ်မှူးကြီး စစ်နိုင်ဦးဆောင်သည့် တပ်ဖွဲ့တို့  တာချီလိတ်မြို့ အနောက်မြောက် ဘက် မိုင်းဟိုင်း ကျေးရွာအုပ်စု တောတွင်း တစ်နေရာ၌ နာရီဝက် ကြာတိုက်ပွဲ ဖြစ်ပွါး၏။ မြန်မာ စစ်တပ်ဖက်က  ဗိုလ်တဦး တပ်သား ၃ ဦး ကျဆုံးသည်ဟု သျှမ်းတပ်မှူး တဦးက ပြောပါသည်။

“ ဗမာစစ်ကြောင်းက ကျနော်တို့နဲ့ နီးနီးကပ်ကပ်ဝင်ရောက်လာလို့ ကျနော်တို့လဲ တောထဲ ရှောင်တိမ်းနေရာ ယူလိုက်တယ်။ သူတို့ ပစ်ခတ် လာတာတော့ ကျနော်တို့က နေရာကောင်း ရယူပြီး ပြန်လည် တိုက်ခိုက်ရတဲ့ တိုက်ပွဲလေ။ ကျနော်တို့တော့ ခုခံ ကာကွယ်တဲ့ အနေနဲ့ပါဘဲ” ဟု ကျိုင်းတုံ စစ်ဒေသ တပ်မှူးကြီး ဗိုလ်မှူးကြီး စဝ်ကွဏ်းဇင့် က ပြောသည်။

တိုင်းပြည်ကိုချစ်မြတ်နိုးသူတိုင်း သတိထားသင့်တဲ့ မတ်လ ၁၄ ရက် မြန်မာ-ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် အငြင်းပွားမှု

ကဲ ဒီမှာကြည့် ဘင်္ဂလားက တောင်းတဲ့ ရေပိုင်နက်နော်..... ရခိုင်ပြည်နယ် ကမ်းရိုးတန်း တစ်ဝက်မကဘူး ခပ်တည်တည်နဲ့ တင်တောင်း ထားတယ်ဗျာ
တိုင်းပြည်ကို ချစ်ပါတယ်ဆိုတဲ့ သူတိုင်း သိသင့် သိထိုက်တဲ့ သတင်းတစ်ပုဒ်ပါ။ တစ်ချိန်ချိန်မှာ  ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ ရေပိုင်နက် အငြင်းပွားမှုတိုင်းကို ကျင့်ထုံး တစ်ခုအနေနဲ့ စံပြုရမယ့် မြန်မာ-ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် အငြင်းပွားမှုဆိုင်ရာ ဆုံးဖြတ်ချက်ကို နိုင်ငံတကာ ရေပိုင်နက် အငြင်းပွားမှု ဖြေရှင်းရေး ခုံရုံးက ချမှတ်တော့မှာ ဖြစ်ပါတယ်။ ဒီလို အရေးကြီးတဲ့ အချိန်မှာ ကျွန်တော်တို့တွေ ဘာတွေ ပြင်ဆင် ပြီးပြီလဲ။ ဘာလုပ်ဖို့ လိုလဲ၊ ဘာလုပ်ကြမှာလဲ။ တကယ်တမ်းပြောရရင် နည်းနည်း နောက်တောင် ကျနေပါပြီ။ သူများတွေ စေလိုရာစေ၊ လုပ်ခိုင်းသမျှ ငြိမ်ခံပြီး တိုင်းပြည်ရဲ့ ရေပိုင်နက်ကို အပါခံမလား။ တမျိုးသားလုံး စည်းလုံး ညီညွတ်စွာနဲ့ တောင်းဆိုကြမလား၊ ငါတို့တွေ ဘာလုပ်ကြမှာလဲ။ အစိုးရနဲ့ အတိုက်အခံ ဆိုပြီး ခွဲခြား ပြစ်တင် နေဦးမှာလား။ နည်းလမ်း ပေါင်းစုံရှာပြီး ကိုယ့်မြေ ကိုယ့်ရေကို တစ်လက်မမျှ အပါမခံရလေအောင် နည်းပေါင်းစုံနဲ့ ကာကွယ် ရတော့မယ့် အချိန်ပါ။ အစိုးရနဲ့ အတိုက်အခံ တို့ စည်းလုံး ညီညွတ်စွာနဲ့ ပြည်သူ ပြည်သားတွေကို ဦးဆောင်မှု ပြုရတော့မှာပါ။ ရှင်းရှင်း ပြောရရင် ကြားဖြတ် ရွေးကောက်ပွဲမှာ အရွေးမခံရတာက နောက် ၄နှစ်စောင့်ရင် အမတ် ဖြစ်နိုင်ပါသေးတယ်။ အကယ်၍ ကိုယ့်ရေပိုင်နက် တစ်လက်မမျှ ပါသွားပြီဆိုရင် နောက် တစ်သက်လုံး ပြန်ရနိုင်မည် မဟုတ်ပါ။

ကဲ ဒီမှာကြည့် ဘင်္ဂလားက တောင်းတဲ့ ရေပိုင်နက်နော်.....
ကဲ ဒီမှာကြည့် ဘင်္ဂလားက တောင်းတဲ့ ရေပိုင်နက်နော်..... ရခိုင်ပြည်နယ် ကမ်းရိုးတန်း တစ်ဝက်မကဘူး ခပ်တည်တည်နဲ့ တင်တောင်းထားတယ်ဗျာ.....

ငယ်ငယ်တုန်းက ပထ၀ီဝင်ထဲမှာ ပါတဲ့ ရခိုင်ပြည်နယ်ထဲက ကျွန်းတစ်ခုကိုပါ သူတို့ ပိုင်နက်ထဲ ဆွဲထည့် သေးတယ်...... လိုအပ်လို့ စစ်ဖြစ်လာရင် မြန်မာပြည်ကို ဆော်ဖို့၊ နှက်ဖို့ဆိုပီး လွန်ခဲ့တဲ့ နှစ်တွေထဲက ပါကစ္စတန်ရဲ့ စစ်ရေး ဖိုရမ်တွေမှာ မြန်မာပြည် လက်နက် ၀ယ်တာတွေ၊ စစ်ရေး အခြေအနေတွေ၊ တပ် အပြောင်းအရွှေ့တွေကို ဒီကောင်တွေ ဆွေးနွေးနေကြတယ် .... ကျွန်တော်တို့ စီမှာတော့ အချင်းချင်း လှည့်ပါတ် ဆော်ဖို့ပဲ စဉ်းစား နေကြတယ်.... မြန်မာပြည်ထဲမှာ အပ်ပျောက်၊ ဖိနပ်ပျောက် ကအစ အတိအကျ သိကြတဲ့လူတွေ ဒါမျိုးတွေမှာ အသံမထွက်ကြဘူး....

ဘင်္ဂလားက ရေပိုင်နက် နယ်နိမိတ်ကို လူဦးရေနဲ့ အချိုးချ ယူမယ်တဲ့.... အဲ့ဒါတော့ လုံးဝ လက်မခံဘူး... လူများစု ဆန္ဒကို လူနည်းစု လက်ခံ ရမယ်ဆိုတာ ဒီလို လူဦးရေဗုံး ပေါက်ကွဲ နေတဲ့ နိုင်ငံနဲ့ ဖြစ်တဲ့ ကိစ္စမှာ လိုက်နာစရာ မလိုဘူးလို့ ခပ်ပြတ်ပြတ်ပဲ မြင်တယ်....... သယံဇာတတွေ ထွက်လာတော့မှ လောဘ တက်နေလိုက်တာ..... သူ့နိုင်ငံနဲ့သူ ပိုင်ကြတဲ့ဟာကို ဘာမှ လူဦးရေနဲ့ အချိုးချ မပေးနိုင်ဘူး.... မကျေနပ်ရင် ကိုယ့်နိုင်ငံကိုယ် အ၀ီစိ ရောက်တဲ့အထိ တူးပေါ့ ရှင်းရှင်းလေး....

မျိုးချစ်စိတ် အပြင်းအထန် အသေအလဲ ရှိကြပါတယ်ဆိုတဲ့၊ ဒီမိုကရေစီကို အသွေးထဲ အသားထဲက မြတ်နိုးကြပါတယ် ဆိုကြသူများခင်ဗျာ... ဒါသည် ခေတ်သစ် နယ်ချဲ့ခြင်း ဖြစ်ပါတယ် ခင်ဗျား........

From Facebook:
မင်းကြီး မဟာ ဒဿဂီရိ  

ဒေါ်အောင်ဆန်းစုကြည်ရဲ့တတိယ အကြိမ်မြောက် ကော့မှူး မဲဆွယ် ခရီးစဉ်

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ)
တတိယ အကြိမ်မြောက် ကော့မှူး မဲဆွယ် ခရီးစဉ်

Copy from - burmavjmedia

အာဆီယံ ဥက္ကဋ္ဌနေရာနှင့် ထိုက်တန်ကြောင်း မြန်မာပြသရန်လို

ဒေါက်တာ ဆူရင် ပစ်ဆူဝမ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)
မြန်မာအစိုးရ အနေဖြင့် ကြားဖြတ် ရွေးကောက်ပွဲတွင် ပွင့်လင်းမြင်သာမှု၊ တရားမျှတမှု၊ လွတ်လပ်မှုများ ပေးခြင်း အားဖြင့် ၂၀၁၄ ခုနှစ်တွင် တာဝန်ယူခွင့် ရမည့် အာဆီယံ ဥက္ကဋ္ဌနေရာနှင့် ထိုက်တန်ကြောင်း ပြသရမည်ဟု အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင် ပစ်ဆူဝမ်က ပြောဆို လိုက်သည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှစတင်၍ ၄ ရက်ကြာ ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ဒေါက်တာ ဆူရင် ပစ်ဆူဝမ်သည် ယနေ့နံနက် ဒေါ်အောင်ဆန်းစုကြည်နှင့် တက္ကသိုလ် ရိပ်သာလမ်းရှိ နေအိမ်တွင် တနာရီကျော်ကြာ တွေ့ဆုံ ဆွေးနွေးပြီးနောက် သတင်းထောက်များကို အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

“အာမခံချက် အပြည့်အ၀ ရှိတဲ့ ရွေးကောက်ပွဲ ဖြစ်စေလိုတယ်။ မဲဆွယ် စည်းရုံးရေး ကာလတွေမှာလည်း ပါတီအားလုံး တန်းတူညီမျှ အခွင့်အရေး ရရှိရမယ်။ နိုင်ငံတကာက လိုလားနေတဲ့ အာမခံချက်တွေကို မြန်မာအစိုးရ လုပ်ဆောင်ပြရမယ်” ဟု ၎င်းက ဆိုသည်။

အစိုးရနှင့် ငြိမ်းချမ်းရေး ဆက်လက် ဆွေးနွေးရေးကိစ္စ KNU ရှင်းလင်းပွဲ ပြုလုပ်

ဖေဖော်ဝါရီ ၂၂ရက်၊ ၂၀၁၂ခုနှစ်။
 
မြန်မာအစိုးရနှင့် ပဏာမ အပစ်အခတ် ရပ်ဆိုင်းရေး သဘောတူ လက်မှတ်ထိုး ထားသော်လည်း ပစ်ခတ် ရပ်စဲရေးကိစ္စ လက်ရှိအခြေအနေ ထက် ပိုမို ခိုင်မာအောင် တည်ဆောက် သွားရန် ရည်ရွယ်၍ ကရင်အမျိုးသား အစည်းအရုံး-KNU က ယနေ့ နေ့လည်က သတင်းစာရှင်း လင်းပွဲတစ်ခု ပြုလုပ်ခဲ့သည်။

အဆိုပါ သတင်းစာရှင်း လင်းပွဲကို KNU က ၎င်းတို့ ထိန်းချုပ်နယ်မြေဖြစ်သည့် KNLA တပ်မဟာ(၇) တနေရာတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး အစိုးရနှင့် စစ်မှန်၍ ရေရှည် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ရရှိနိုင်ရန် အဆင့်(၄)ဆင့်ပါ လမ်းပြ မြေပုံကိုလည်း KNU ဘက်က ထုတ်ပြန်ခဲ့ သည်။
၎င်းအဆင့်(၄)ဆင့်မှာ ပဏာမ အပစ်အခတ် ရပ်စဲရေး၊ ခိုင်မာသည့် အပစ်အခတ် ရပ်စဲရေး၊ ကနဦး နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု၊ အခြေခံ နိုင်ငံရေး ပြဿနာများကို အဖြေရှာရေးနှင့်  အမျိုးသား ပြန်လည်သင့် မြတ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်း ပါဝင်ခြင်းတို့ ဖြစ်သည်။

KNU သတင်းစာ ရှင်းလင်းပွဲတွင် အထွေထွေ အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်နှင့် တွဲဖက်အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေတို့မှ လက်ရှိ ပဏာမ ပစ်ခတ်ရပ်ဆိုင်းရေး အခြေအနေ၊ KNU ၏ ရပ်တည်ချက်နှင့် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် KNU ၏ အနာဂတ် လိုလား ချက်များကို တက်ရောက် လာသည့် သတင်းထောက်များအား ရှင်းလင်း ပြောဆိုခဲ့သည်။

ထို့အပြင် KNU သည် လာမည့်မတ်လ ပထမပတ်တွင် မြန်မာအစိုးရနှင့် ထပ်မံ တွေ့ဆုံ သွားမည်ဖြစ်သလို အမျိုးသား ပြန်လည် စည်းလုံး ညီညွှတ်မှုကိုလည်း တပြိုင်နက်တည်း လုပ်ဆောင် သွားမည်ဟု ထုတ်ဖော် ပြောဆိုခဲ့သေးသည်။

ယနေ့ ထုတ်ပြန်သည့် KNU ၏ သတင်း ထုတ်ပြန်ချက်တွင် KNU နယ်မြေအတွင်းရှိ ကျေးရွာများအနီးမှ အစိုးရတပ်များကို ချက်ချင်း ရုပ် သိမ်းပေးရန်၊ တပ်အင်အား လျှော့ချ ပေးရန်နှင့် တိုင်းရင်းသား ဒေသများသို့ တပ်သားများနှင့် ထောက်ပံ့ ပစ္စည်းများ ထပ်မံ ပို့ဆောင်ခြင်းကို ချက်ချင်း ရပ်တန့်ရန်၊ နိုင်ငံရေး အကျဉ်းသားများအဖြစ် ဆက်လက် ဖမ်းဆီး ထိန်းသိမ်းထားသော KNU အဖွဲ့ဝင်များနှင့် ကရင်ပြည်သူများ အားလုံးကို ချက်ချင်း လွှတ်ပေးရန်နှင့် ကချင်ပြည်နယ် အပါအ၀င် တိုင်းရင်းသား ဒေသများအားလုံးတွင် စစ်ဆင်မှုများကို ချက်ချင်းရပ်တန့် ရန် တောင်းဆိုထားသည်။

(အိပ်ကြမယ် ဟောက်ကြမယ်) လွှတ်တော်ထဲမှာ အိပ်ပျော်နေတဲ့ ရွေးကောက်မခံ လွှတ်တော် အမတ်များပါတဲ့ CNN ရုပ်သံ


ဟောကြမယ် ပြောကြမယ်မဟုတ်ပါ။ အိပ်ကြမယ် ဟောက်ကြမယ်... လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများ



ဟောကြမယ် ပြောကြမယ် မဟုတ်ပါ။ အိပ်ကြမယ် ဟောက်ကြမယ်။ လွှတ်တော်ထဲမှာ အိပ်ပျော်နေတဲ့ ရွေးကောက်မခံ လွှတ်တော် အမတ်များပါတဲ့ CNN ရုပ်သံပါ..။

လွှတ်တော်ထဲမှာ အိပ်ပျော် နေတဲ့ သူတွေပါတယ်နော် သေချာ ကြည့်ကြပါ..။ ဒီလို အိပ်ပျော်နေတဲ့ လူတွေ နေရာမှာ တကယ့် စစ်မှန်တဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေဆို ဘယ်လောက် ကောင်းမလဲ..။

Wednesday, February 22, 2012

ဒုက္ခသည်များ ဂျပန်သွားမလား

င်း များစွာ ပုံပေးပြီး ကျိုးစား ရတာပါ။

သို့သော် - ထိုင်းနယ်စပ် ဒုက္ခသည်များ အတွက်တော့ ပိုက်ဆံမကုန်ဘဲ သွားတဲ့နည်းတခု ရှိနေပါတယ်။ အင်တာဗျူး တခုတော့ အောင်ရမယ်လို့ ဆိုတယ်။

နို့ဖိုး ဒုက္ခသည် စခန်းထဲက လာတဲ့ သတင်းက ဒီလိုပါ -
ဂျပန်နိုင်ငံ၏ ဒုက္ခသည် ခေါ်ယူရေး ရှေ့ပြေး ၃ နှစ် စီမံကိန်း နောက်ဆုံး အစီအစဉ် ( Japan Resettlement Program – 3 year Pilot Project )

ကြံ့ဖွံ့ပါတီ၏ ရွေးကောက်ပွဲအောင်နိုင်ရေး အစည်းအဝေး စာတမ်း


Kyant Phut Meeting
Copy from - drlunswe

ဘိန်းစိမ်းသယ်လာသည့် မြန်မာအစိုးရစစ်ကြောင်းနှင့် KIA တိုက်ပွဲဖြစ်

ရှမ်းပြည်မြောက်ပိုင်းတွင် မြန်မာအစိုးရတပ်အား ခုခံနေတဲ့ KIA တပ်ဖွဲ့များ။

“ကုတ်ခိုင်မြို့နယ် ပန်ခွန်လမ်းခွဲ ဟိုချာလုံဆိုတဲ့ရွာမှာ ဒီနေ့မနက် ၅ နာရီလောက်ကနေ စပစ်နေကြပြီ။” ဟု မုံးကိုး ဒေသခံတစ်ဦးပြောသည်။

ခလရ (၂၃၉)မှ တပ်ရင်းမှူးဒုဗိုလ်မှူးကြီးဇော်မင်းအောင်နှင့် သူ၏တပ်များသည် ယမန်နှစ် နိုဝင်ဘာ ကတည်းက မုံးကိုးမြို့၌ တပ်စွဲထားခြင်းဖြစ်သည် ဟု ဒေသခံများပြောသည်။

ထိုအစိုးရ စစ်ကြောင်းတွင် မုံးခွမ်နှင့် ကွတ်ခိုင်ပြည်သူ့စစ် တပ်ဖွဲ့ဝင်များလည်း ပါဝင်ပြီး တနေ့လုံး ကြိုးကြား ကြိုးကြား ပစ်ခတ်မှုများတွင် မြန်မာအစိုးရတပ်ဖက်မှ ထိခိုက် ဒဏ်ရာရရှိမှု ရှိ မရှိ မသိရပါ။ KIA ဖက်မှ ထိခိုက် ဒဏ်ရာရရှိမှု မရှိဟု KIA မုံးကိုး အရာရှိများ ဆိုသည်။

ဟင်္သာတမြို့ ပွင့်လင်းလူ့အဖွဲ့အစည်း မိတ်ဆက်ဆွေးနွေးပွဲတွင် ပြောကြားသော ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် နှင့် ကိုကိုကြီး တို့၏ မိန့်ခွန်း (ရုပ်သံ)

 ပွင့်လင်းလူ့အဖွဲ့အစည်း မိတ်ဆက်ဆွေးနွေးပွဲတွင် ပြောကြားသော ကိုမင်းကိုနိုင်၏ မိန့်ခွန်း (ရုပ်သံ)
ပွင့်လင်းလူ့အဖွဲ့အစည်း မိတ်ဆက်ဆွေးနွေးပွဲတွင် ပြောကြားသော ကိုကိုကြီး၏ မိန့်ခွန်း (ရုပ်သံ)
Copy from - BurmaVJMedia

ဆန္ဒပြ အလုပ်သမားများကို ရွှေည၀ါ ဆရာတော် စွန့်ကြဲ

February 21, 2012

ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာ စက်မှုဇုန်မှာ တနာရီလုပ်ခ တိုးမြှင့်ရေးအတွက် ဆန္ဒပြနေတဲ့ တိုင်ရီ ဖိနပ်စက်ရုံက အလုပ်သမားတွေကို ရွှေည၀ါ ဆရာတော်က အစားအသောက်တွေ သွားရောက် စွန့်ကြဲ ခိုင်းခဲ့ပါတယ်။

ကြည့်မြင်တိုင် သာဓုပရိယတ္တိ စာသင်တိုက်က ရွှေည၀ါဆရာတော် ဘဒန္ဒ ဦးပညာသီဟက ဖေဖော်ဝါရီ ၁၈ ရက်နေ့ကတည်းက စာသင်တိုက်ကနေ ထွက်ခွာခဲ့ရပြီး ရန်ကုန်မြို့ပြင် မှော်ဘီ သဲအင်းဂူနားက နေရာသစ်မှာ သီတင်းသုံး နေရတာပါ။

ဆရာတော်ဟာ သူ့ကို ဒကာ၊ ဒကာမတွေ လာလှူထားတဲ့ အထဲကနေ စားသောက် စရာတွေကို ရက်ရှည် ဆန္ဒပြ အလုပ်သမားတွေအတွက် စွန့်ကြဲတာပါလို့ ဆရာတော်ကိုယ်စား သွားရောက် လှူဒါန်းခဲ့တဲ့ ကိုကိုကြီး (စမ်းချောင်း) က ပြောပါတယ်။

“အဓိကကတော့ ကျနော်တို့က သူတို့အလုပ်သမားတွေ ဆန္ဒပြခြင်း မပြခြင်းထက် ကျနော်တို့ရဲ့ ဆရာတော်ကြီးက ဒီလူတွေ လောလောဆယ် လုပ်ခမရှိဘူး၊ စားစရာတောင် မရှိဘူးဆိုတာ ကြားသိတော့ သူ့ကို လှူဒါန်းထားတဲ့ အထဲကနေပြီးတော့ ပြန်ပြီးတော့ လောလောဆယ် စားစရာလေး အဆင်ပြေအောင် ဆိုပြီးတော့ လှူတာ။ ဒီမှာ လူဦးရေက အရမ်းများနေတော့ လှူတဲ့ပစ္စည်းက နည်းတော့ နည်းတာပေါ့နော်။ ဒါပေမယ့် ကိုယ်တတ်နိုင် သမျှလေး လှူတာပေါ့နော်။ နောက်ရက်ကိုလည်း ဆက်လှူဖို့ အစီအစဉ် ရှိပါသေးတယ်။”