Tuesday, January 31, 2012

ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် ပါဝင်သွားမည်ဟု ကရင်အမျိုး သမီးများ ပြောဆို

ဇန်န၀ါရီလ ၃၀ရက်၊ ၂၀၁၂။

ကရင်တမျိုးသားလုံးအတွက် ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်း တည်ဆောက်သည့် အခန်းကဏ္ဍ လုပ်ငန်းစဉ် တလျှောက်တွင် ကရင်အမျိုး သမီးများ ပူးပေါင်း ပါဝင်ဆောင်ရွက်သွားမည်ဟု ကရင်အမျိုးသမီး အစည်း အရုံး(KWO) က ပြောသည်။

KWO ၏ ၅ကြိမ်မြောက် ကွန်ဂရက်အပြီး ဒုတိယ အကြိမ်မြောက် ဗဟိုကော်မတီဝင်များ အစည်းအဝေး၌ လက်ရှိ မြန်မာနိုင်ငံ၏ ငြိမ်း ချမ်းရေးဖြစ်စဉ်များကို ဆွေးနွေး သုံးသပ်ပြီး ငြိမ်းချမ်းရေး တည်ဆောက်မှု အဆင့်တိုင်းတွင် အမျိုးသမီးများ ပါဝင်ရန် အရေးကြီး ကြောင်း ယနေ့ ကြေညာချက် ထုတ်ပြန် လိုက်ခြင်း ဖြစ်သည်။

“ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ဆိုလို့ရှိရင် ကျမတို့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက် အမှတ် ၁၃၂၅နဲ့အညီ ကျမတို့ ကရင်အမျိုးသားအစည်းအရုံးနဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့တာပါ။”ဟု KWO အတွင်းရေးမှူး နန်းဒါးအဲ့ကလယ်က ပြောသည်။

ထို့အတူ ကရင်အမျိုးသားအစည်းအရုံး KNU လည်း နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးရေး လုပ်ငန်းစဉ်များတွင် အမျိုးသမီးများ ပူးပေါင်းပါ ဝင်မှုရှိလာအောင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန် ထားသည်။

ကေအဲန်ယူ တပ်မဟာ(၄)ဘက်တွင် အစိုးရစစ်တပ်များ တိုးချဲ့ကာ ရိက္ခာပို့နေ .

ဇန်နဝါရီလ 30 ရက် 2012 ခုနှစ်။

ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)၏ တပ်မဟာ(၄)နယ်မြေဖြစ်သည့် တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ မေတ္တာမြို့ နယ်ခွဲတွင် ယခုရက်ပိုင်းအတွင်း အစိုးရစစ်တပ်မှ တပ်အင်အားတိုးချဲ့မှုများနှင့်အတူ ရိက္ခာပို့ဆောင်မှုများ ဆက်တိုက် လုပ် ဆောင်လျှက်ရှိသည်ဟု သိရသည်။

တပ်အင်အား ၁,၀၀၀ ကျော်ရှိသည့် စစ်ကွပ်ကဲရေးဌာနချုပ် အမှတ်(၂၀)နှင့် နည်းဗျူဟာ(၁)၊ (၃)တို့မှ တပ်ရင်း ၇ရင်းသည် စစ် ကား ၅၀စီးဖြင့် စစ်ဗျူဟာ(၁)ဌာနချုပ် ရေဖြူရွာသို့ ယခုလ ၂၉ရက်နေ့က ရောက်ရှိခဲ့သကဲ့သို့ စစ်ဗျူဟာ(၂)မှလည်း ရိက္ခာပို့ ကား (၂၀)စီးသည် ထားဝယ်မှ အိုင်ဝိုင်းစခန်းသို့ ရိက္ခာပို့ဆောင်ရန်အတွက် မေတ္တာစခန်းသို့ ရောက်ရှိခဲ့ပြီဟု စစ်ဘက်ဆိုင်ရာ သတင်းအရ သိရသည်။

ကေအဲန်ယူ တပ်မဟာ(၄)မှ အမည်မဖော်လိုသူ တပ်ဘက်အရာရှိတစ်ဦးက “အခု စကခ (၂၀) ရောက်လာပြီ။ စကခ(၁၃)၊ (၈)တို့ အခုထိ ပြန်မဆင်းဘူး။ ပြောတာက တပ်ချိန်းတယ်ဆိုပေမယ့် ဒါဟာ တပ်အပြောင်းအလဲ လုပ်ဆောင်တယ်လို့ ပြောလို့ မရဘူး။ တပ်အင်အား ထပ်ဖြည့်တယ်လို့ ပြောရမှာ။”ဟု ပြောသည်။

ဗိုလ်မှုးကြီးဗထူးရဲ့သား ဗိုလ်ကြီးမြင့်ထူးအကြောင်း


မောင်စည်သာ ဆိုတဲ့ တပ်မတော်အရာရှိဟောင်းတဦး စည်းလုံးခြင်းရဲ့အင်အားဘလော့ဂ်မှာ ရေးသားခဲ့တဲ့ အခန်းဆက်ဆောင်းပါး ၁၂ ပုဒ် ဖြစ်ပါတယ်။


သပြေတခက် ကြွေရက်ကယ်စော - အပိုင်း (၁)

စာဖတ်ပရိသတ်များခင်ဗျား-

မြန်မာ့ လွတ်လပ်ရေး အတွက် စွမ်းစွမ်းတမံ တာဝန် ထမ်းဆောင်ရင်း ကျဆုံးခဲ့ရတဲ့ ဗိုလ်မှူးကြီး ဗထူးကို ကြားဖူး နားဝ ရှိခဲ့ကြပေမဲ့ သားဖြစ်သူ ဗိုလ်ကြီးမြင့်ထူးရဲ့  အကြောင်းကိုတော့ သိသူရှိ သလို မသိသူလည်း အများအပြား ရှိပါတယ်။ ဒါကြောင့် စစ်အာဏာရှင်စနစ်ကို ရွံ့ မုန်းတဲ့ ဗိုလ်ကြီးမြင့်ထူးရဲ့  ရင်နင့်စဖွယ် ဖြစ်ရပ်မှန်ကို စာဖတ် ပရိသတ်များအား တင်ပြပေး လိုက်ပါတယ်။ တိုင်းပြည်အတွက် သားကောင်းတစ်ဦး ဖက်ဆစ် စစ်ဘီလူး တွေကြောင့် အသက်ပေးခဲ့ပုံ ဖြစ်ရပ်မှန် ကိုယ်တွေ့ ဆောင်းပါးကို နောင်လာ နောင်သား မျိုးဆက်သစ်များ သိရှိနိုင်ရန် ဖြစ်ပါ တယ်။ တဆက်တည်းမှာ ဒီမိုကရေစီ အရေးအတွက် အသက် ပေးသွားတဲ့ ကျောင်းသား ပြည်သူ ရဟန်းရှင် လူ တပ်မတော်သား တွေရဲ့  ၀ိညာဉ်ကို ဦးညွှတ်ရင်း နိုင်ငံ့ အတွက် ကောင်းမြတ်သော စိတ်ထားဖြင့် စစ်အာဏာရှင်စနစ် ချူပ်ငြိမ်းရေး အောင်မြင်သည့်အထိ လက်တွဲ ဆောင်ရွက်ကြရန် တိုက်တွန်း နှိုးဆော်လိုက်ပါတယ်။ ဆောင်းပါးတွဲ ပေးပို့ ဖေါ်ပြခွင့်ပြုတဲ့ တပ်မတော် အရာရှိဟောင်းများကို အထူး ကျေးဇူးတင် ရှိပါကြောင်း ကျွန်တော် ကိုဖိုးတရုတ်မှ စည်းလုံးခြင်းရဲ့  အင်အား ၀က်ဆိုဒ်မှာ မှတ်တမ်းတင် ဂုဏ်ပြု အပ်ပါတယ်ခင်ဗျား။

တပ်မှူး ဒုဗိုလ်မှူးကြီးတင်ဦး ကွပ်ကဲအုပ်ချုပ်သည့် မင်္ဂလာဒုံဗဟိုထောက်လှမ်းရေးတပ်ဝင်းထဲရှိ ‘ရေကြည်အိုင်’ အကျဉ်းထောင်သည် အရှေ့ဘက်တွင် ထောင်ဗူး၊ မြောက်ဘက် နှင့် တောင်ဘက်တွင် အုတ်ကြွပ်မိုး တစ်ထပ်အိမ် (၅) လုံးစီရှိကြ၏။ အိမ်တစ်လုံး နှင့် တစ်လုံး အကြား ပတ်လည်တွင် ပြင်ပအား အိမ်တွင်းမှ လွတ်လွတ်လပ်လပ် ကြည့် ရှုမရနိုင်စေရန် လူတရပ်ကျော် မြင့်သည့် သစ်သားဝင်းထရံဖြင့် ကာရံထား၏။

အနောက်ဘက်တွင် သွပ်မိုး၊ သစ်သားကာ အိမ် (၆) လုံးမှာလည်း အိမ်တစ်လုံး နှင့် တစ်လုံး အိမ်ပြင်ကို မမြင်ရလေ အောင် သစ်သားဝင်းထရံဖြင့်ပင် ကာရံထားလေ၏။

တောင်ဘက်မှ အုပ်ကြွပ်မိုးအိမ်တန်း နှင့် ကိုက် (၃၀) ခန့် အကွာတွင်၊ Cell ဟုခေါ်သည့် အချုပ်ဆောင် ရှိနေလေသည်။ Cell အခန်းတခန်းသည် အရှည် (၁၀) ပေ နှင့် အကျယ် (၅) ပေသာရှိ၍၊ Cell အချုပ်ဆောင်မှာ သွပ်မိုး၊ သစ်သားကာဖြစ်ပြီး၊ Cell အခန်းပေါင်း (၂၀) ခန့် ပါရှိလေသည်။

ဤ Cell အချုပ်ဆောင်၊ အနောက်ဘက် သွပ်မိုး (၆) အိမ်တန်း၊ မြောက်ဘက်အုပ်ကြွပ်မိုး (၅) အိမ်တန်း နှင့် ထောင်ဗူးဝတို့ လေးဘက်အကြားတွင် ပေ (၂၀၀) ကျော်ပတ်လည်ကျယ်သည့် ကွင်းပြင်ရှိနေ၏။

ဝန်ကြီးချုပ်ဦးနု၊ သမတကြီး မန်းဝင်းမောင်၊ ပထစ ခေါင်းဆောင်များဖြစ်သည့် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးအောင် နှင့် ဗိုလ်မင်းခေါင်၊ ဦးဝင်း၊ ဦးသွင်၊ ဖဆပလ ခေါင်းဆောင်များဖြစ်ကြသည့် ဦးကျော်ငြိမ်း နှင့် ဦးဗဆွေ၊ တပ်မတော်မှ ဗိုလ်မှူးကြီးကျော်မြင့်၊ ဗိုလ်မှူးကြီးတင်မောင် (မြတ်ထန်)၊ မွန်ခေါင်းဆောင် နိုင်အောင်ထွန်း စသည့် ပုဂ္ဂိုလ် များ သည် ဤကွင်းပြင်တွင် လမ်းလျှောက်ကြ၏။ နံနက် (၅) နာရီမှစ၍ လမ်းလျှောက်လိုသူ တိုင်း (တစ်ကြိမ်လျှင်တစ်ဦး သာ) (၁၀) မိနစ်စီ လမ်းလျှောက်ခွင့် ရကြ၏။

ဤပုဂ္ဂိုလ်ကြီးများမှာ အိမ်များတွင် အကျဉ်းကျနေသူများဖြစ်၏။ Cell အခန်းတွင် အကျဉ်းကျ ခံနေရသူတို့၏ဘ၀မှာမူ အရှင်လတ်လတ် ငရဲကျနေသည် နှင့် ဘာမျှမခြားပေ။

ဗဟိုထောက်လှမ်းရေးတပ်တွင် Cell အခန်းများ ပါရှိသည့် အချုပ်ဆောင် (ကျနော်သိသလောက်) နှစ်ခု ရှိပါသည်။ တခုမှာ အထက်တွင် ဖေါ်ပြခဲ့သည့် အချုပ်ဆောင်ဖြစ်ပြီး၊ နောက်တခုမှာ ရေကြည်အိုင်၏ အပြင်ဘက်၊ ဗဟိုထောက် လှမ်းရေးကင်းရုံ နှင့် တွဲထားသည့် အချုပ်ဆောင် ဖြစ်လေသည်။

ထားဝယ်သားတွေ သောင်းသောင်းဖြဖြ ကြိုဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့စည်းရုံးရေးခရီးစဉ် (ရုပ်သံ သတင်း)

Copy from -burmavjmedia

ပညာ​ရေး​ဘတ်ဂျက်ကို အဆများ​စွာ တိုး​ပေး​ရန် လိုအပ်ဟုဆို

january 30, 2012

လွှတ်​တော်မှာ ဘတ်ဂျက်ခွဲ​ဝေ​ရေး​ ​ဆွေး​နွေး​တဲ့​အခါ ပညာ​ရေး​အတွက် ဘတ်ဂျက်ကို လက်ရှိ ခွဲ​ဝေ​နေတာထက် အဆများ​စွာ တိုး​တက်ဖို့​ လိုတယ်လို့​ ပညာ​ရေး​ ​လောကသား​တွေက ​ပြောပါတယ်။ လက်ရှိ ပညာ​ရေး​ ဘတ်ဂျက်ထက် အဆ၂ဝ​လောက်ရ​အောင် ​ဆွေး​နွေး​ကြဖို့​ မြန်မာနိုင်ငံ အထက်မြန်မာပြည် ပညာ​ရေး​ဌာန ညွှန်ကြား​ရေး​မှူး​ (အငြိမ်း​စား​) နိုင်​ငွေသိန်း​က တိုက်တွန်း​ခဲ့​ပါတယ်။

အခုကျင်း​ပ​နေတဲ့​ လွှတ်​တော် အစည်း​အ​ဝေး​တွေမှာ ၂၀၁၁-၂၀၁၂ ​နောက်ထပ် ဘဏ္ဍာ​ငွေ ခွဲ​ဝေသုံး​စွဲ​ရေး​ ဥပ​ဒေကြမ်း​နဲ့​ ၂၀၁၂-၂၀၁၃ ပြည်​ထောင်စု ဘဏ္ဍာ​ငွေ ခွဲ​ဝေသုံး​စွဲ​ရေး​ ဥပ​ဒေကြမ်း​တွေကို ​ဆွေး​နွေး​ဖို့​ ပြင်ဆင်​ နေတာ​ကြောင့်​ တိုက်တွန်း​ လိုက်တာလည်း​ ဖြစ်ပါတယ်။

လက်ရှိမှာ မွန်​ဒေသလုံး​ဆိုင်ရာ ဒီမိုက​ရေစီပါတီရဲ့​ ဥက္ကဋ္ဌ တာဝန်ကို ယူ​နေတဲ့​ နိုင်​ငွေသိန်း​က “အရင်က ​ပေး​ထား​တဲ့​ အဆထက်ကို အဆ ၂၀ ​လောက် ​ပေး​ဖို့​ ကောင်း​တယ်လို့​ ​ပြောချင်တယ်။ နည်း​တောင်နည်း​သေး​လား​ မသိဘူး​။ အပစ်အခတ် ရပ်စဲ​ရေး​လည်း​ ပြီး​သွား​ပြီ။ ဟိုဘက် ကာကွယ်​ရေး​ အသုံး​စရိတ် က တအား​ကို ​လျှော့​နိုင်သ​လောက် ​လျှော့​ပြီး​တော့​ ဒီဘက်မှာ​တော့​ တိုး​ပေး​ဖို့​ ​ကောင်း​မယ်လို့​ သ​ဘောရတယ်

Monday, January 30, 2012

ဂျပန် သတင်းဌာနများမှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထားဝယ်မြို့ ခရီးစဉ် ရုပ်သံ သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထားဝယ်ခရီးစဉ် ပြောကြားခဲ့တဲ့ မိန့်ခွန်းကောက်နှုတ်ချက်များ... (သတင်း၊ ဓာတ်ပုံ)

မကြာမီ ရက်ပိုင်းအတွင်းက နိုင်ငံတကာ ထိပ်တန်း ခေါင်းဆောင်များနှင့် သူ(မ)၏ အင်းလျားကန်စောင်းရှိ အိမ်ဂေဟာတွင် တွေ့ဆုံခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီ ၂၉ ရက်နေ့တွင် တောင်တန်း တစ်ဝက်၊ ပင်လယ်တစ်ဝက် အကြား၊ ရော်ဘာတောများ အကြား၊ ဆီအုန်းတောများ အကြားတွင် ပြည်သူလူထုနှင့် တွေ့ဆုံနေပြီ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ထားဝယ် ခရီးစဉ်အတွင်း ဒေသခံ သိန်းချီ ကြိုဆိုခဲ့သည်။ ချစ်ရမည့်သူ ငတ်နေသော လူထုအတွက် ၁၉၈၈ နောက်ပိုင်း အကြီးမားဆုံး လူထု စုစည်းမှု ဖြစ်နိုင်ကြောင်း ဒေသခံတို့က ဆိုကြသည်။ အချို့က မျက်ရည်လည်သည်။ မချိတင်ကဲ ရေရွတ်သည်။ ထားဝယ်၊ လောင်းလုံ၊ မောင်းမကန် လမ်းတလျှောက် ဒေါ်အောင်ဆန်းစုကြည်မိန့်ခြွေခဲ့သော ပြောစကား ကောက်နှုတ်ချက်များကို ကောက်နှုတ် ဖော်ပြအပ်ပါသည်။
" ထားဝယ်သူ၊ ထားဝယ်သားတွေက တိုင်းရင်းသားတွေရဲ့ ခံစားမှုကို ပိုနားလည်နိုင်မှာပါ "
(နံနက် ၈ နာရီခွဲခန့်၊ ထားဝယ်NLD ရုံး)
" ပြည်သူလူထုကို ပေးထားတဲ့ ကတိအတိုင်း မလုပ်နိုင်တဲ့ ကိုယ်စားလှယ်ကို နောက်တစ်ခါ မဲမပေးနဲ့။ ကျွန်မတို့ NLD က လည်း ထပ်ပြီး ခွင့်ပြုမှာ မဟုတ်ဘူး "

" NLD ဟာ ဆင်းရဲတဲ့ ဒဏ်ကို ခံနိုင်တယ် ဆိုတာ အားလုံးသိပြီး ဖြစ်တယ်။ ချမ်းသာတဲ့ ဒဏ်ကို ခံနိုင်သလား မခံနိုင်ဘူးလား သိချင်ရင်တော့ မဲထည့်လိုက်ပါ "

" တနင်္သာရီက ပြည်သူတွေရဲ့ သတ္တိ ပြောင်မြောက်တဲ့ အားပေး ထောက်ခံမှုကို ကြည့်ပြီး တခြားနေရာတွေ ကလည်း ထောက်ခံကြမယ် "

" ကျွန်မတို့ဟာ မှော်ဆရာလည်း မဟုတ်တော့ အုံဖွ အားလုံးဖြစ်စေ ဆိုပြီး မလုပ်နိုင်ပါဘူး။ ကတိပေးနိုင်တာ တစ်ခုတော့ ရှိပါတယ်။ ကျွန်မတို့ဟာ ပြည်သူတွေကို ဘယ်တော့မှ ညာမှာ မဟုတ်ဘူး "

" ကျွန်မတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ်ကို ပြည်သူက မထောက်ခံခဲ့ရင် အခု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် ဆိုတာ ရှိတော့မှာ မဟုတ်ဘူး "

" ကျွန်မတို့ လုပ်နိုင်တာ ရှိရင် လုပ်နိုင်တယ်လို့ ပြောမယ်။ မလုပ်နိုင်တာ ရှိရင် မလုပ်နိုင်ဘူးလို့ ပြောမယ်။ လုပ်သင့် လုပ်ထိုက်တဲ့ ကိစ္စဆိုရင် ဖြစ်အောင်ကို လုပ်ရမှာပဲ "

" ပြည်သူတွေဟာ နိုင်ငံရေး ပါတီတွေကို မဲထည့်ရုံ ထောက်ခံရုံနဲ့ မပြီးပါဘူး။ ထိန်းထားနိုင်ဖို့လည်း လိုတယ် "
အစိုးရတိုင်းကို ပြည်သူတွေက ထိန်းထားနိုင်မှ တကယ့် ဒီမိုကရေစီ ရပြီလို့ ကျွန်မတို့ ပြောနိုင်မှာပါ "
(ညနေ လေးနာရီခန့်၊ ဘေဘီစတိုး၊ ဗိုလ်ချုပ်လမ်း)
 
" ပထမဦးဆုံး စည်းရုံးရေးခရီး တနင်္သာရီကို ဆင်းတာ မှန်သွားပြီ "
 
" ပြည်သူ့အသံကို နားထောင်ရမယ်။ နားထောင်ရုံ နဲ့လည်း မပြီးဘူး။ လုပ်ချင်တဲ့ ဆန္ဒ ရှိရမယ်။ ဆန္ဒရှိရုံနဲ့လည်း မပြီးသေးဘူး ။ လုပ်နိုင်ကိုင်နိုင်တဲ့ အရည်အချင်း ရှိရမယ် "
 
" တနင်္သာရီ ဒေသဟာ သဘာဝ အလှတွေနဲ့ အရမ်းကို ပြည့်စုံနေတဲ့ နေရာပါ။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးက ကောင်းပါတယ်။ ဒါပေမယ့် သဘာဝ ပတ်ဝန်းကျင်နဲ့ စီးပွားရေး ဖွံ့ဖြိုးမှုကို ဟန်ချက်ညီအောင် လုပ်ရမယ် "


(နေ့လည် သုံးနာရီခန့်၊ မောင်းမကန် ကမ်းခြေ)
သတင်းရင်းမြစ်..
by The Voice Weekly

- ဟန်ထက် ပေးပို့သည်
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထားဝယ်ခရီးစဉ် မြင်ကွင်းများ...
 ထားဝယ်လေဆိပ်မှ အထွက်... ကြိုဆိုသူ ပရိသတ်များ..
 ရေဖြူ မြို့မှ ပြည်သူလူထု မြင်ကွင်းများ..
တအိမ်တယောက် မတက်မနေရလည်း မပြောဆိုရပါ..။ နေရာမရမှာစိုးလို့ အစောကြီးကတည်းက လာစောင့်နေကြတဲ့ အမေစုအား မေတ္တာပေးမယ့် လူထုပရိသတ်များ...
မယ်ဝယ်သားဂူလောင်း အမေစုကို ရှစ်တယ်...

ထားဝယ်သားပြည်သူများအား လေးစားဂုဏ်ယူပါသည်...။

နေခြည်မှာ ရွှေရည်လောင်း အမေစုနဲ့ ထားဝယ်ပြည်သူအပေါင်း...
ဓာတ်ပုံ ... Reuters,Getty Images
Copy from - demowaiyan

ပြည်သူ့လွှတ်တော်၌ ဦးသိန်းညွန့် တင်သွင်းသည့် အဆိုသုံးခုအနက် နှစ်ခု ပြန်လည်ရုပ်သိမ်းခဲ့ရ

ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယ ပုံမှန်အစည်းအဝေး ကျင်းပနေစဉ်
Sunday, 29 January 2012

ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေး ပထမနေ့၌ သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်မှ ဦးသိန်းညွန့်က အဆိုသုံးခု တင်သွင်း ခဲ့သည့်အနက် အဆိုနှစ်ခုကို ပြန်လည် ရုပ်သိမ်း ခဲ့ရကြောင်း သိရပါသည်။

ဦးသိန်းညွန့် တင်သွင်းခဲ့သည့် အဆိုသုံးခုမှာ (၁) တရားမ၀င်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့်  ပစ္စည်းများ ထိန်းချုပ်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လက်ခံရန်အဆို၊ (၂) ၁၈၆၁ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော (ရာဇသတ်ကြီး) ပြစ်မှု ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လက်ခံ ဆွေးနွေးရန် အဆိုနှင့် (၃) တရားရုံးချုပ်ရှေ့နေများ ကောင်စီ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လက်ခံ ဆွေးနွေးရန် အဆိုတို့ ဖြစ်သည်။

ထိုသို့ တင်သွင်းခဲ့သည့် အဆိုသုံးခုအနက် ပထမအဆိုနှင့် ပတ်သက်ပြီး ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ယင်းဥပဒေနှင့် သက်ဆိုင်သည့် လုပ်ထုံးလုပ်နည်း၊ အမိန့် ညွှန်ကြားချက်တို့မှာ လက်ရှိ အခြေအနေတွင် ပြဋ္ဌာန်းချက်များ ပြည့်စုံပြီး ဖြစ်၍ ထပ်မံဖြည့်စွက် ပြင်ဆင်ရန် မလိုအပ်တော့ကြောင်း ရှင်းလင်းခဲ့သည်။ ဒုတိယအဆိုသည် ၁၈၆၁ခုနှစ် တွင် ပြဋ္ဌာန်းခဲ့သော(ရာဇသတ်ကြီး) ပြစ်မှုဆိုင်ရာ ဥပဒေတွင် ပါဝင်သော အသရေ ဖျက်မှုဆိုင်ရာ အချက်များကို ထောက်ပြခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က “ . . . ၁၈၆၁ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော (ရာဇသတ် ကြီး) ပြစ်မှုဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို တင်သွင်းသွား မှာ ဖြစ်ပါတယ်။ ပြစ်မှုဆိုင်ရာ ဥပဒေ အခန်း ၂၁ မှာ ပါဝင်တဲ့ အသရေ ဖျက်မှုပုဒ်မ ၄၉၉၊ ၅၀၀၊ ၅၀၁၊ ၅၀၂ ကို ပယ်ဖျက်ပေးဖို့ တင်ပြသွားမှာဖြစ် ပါတယ်။ ဒီပုဒ်မတွေနဲ့ ပတ်သက်ပြီး ကျွန်တော့် ကိုယ်တွေ့ အခုတစ်လော မှာပဲ မြန်မာပြည်မှာ စောင်ရေ အများဆုံး ထုတ်ထားတဲ့ သတင်း မီဒီယာကြီး တစ်ခုရဲ့ အုပ်ချုပ်မှုတာဝန်ခံကို

Sunday, January 29, 2012

လွတ်မြောက် ကျောင်းသားများနှင့် ဒီမိုကရေစီ ဘက်တော်သားများ ကြိုဆို ဂုဏ်ပြုပွဲ

 Jan 29th, 2012
ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ကျိုက်ထော် စံပြကျေးရွာတွင် ၂၈-၁-၂၀၁၂ နေ့ နံနက် ၁၁ နာရီက အကျဉ်းထောင် အသီးသီးမှ ပြန်လည် လွတ်မြောက်
လာသော  ကျောင်းသားများနှင့် နိုင်ငံရေး အကျဉ်းသားများ ဂုဏ်ပြုကြိုဆိုပွဲ ပြုလုပ် ခဲ့သည်။ အခမ်းအနားသို့ မစုစုနွေး၊ ကိုဇော်ဇော်မင်း၊ ဒီငြိမ်းလင်း၊
စည်သူမောင်တို့ အပါအဝင် နိုင်ငံရေး အကျဉ်းသား ဟောင်း ၃၀ ဦးနှင့် ဒေသခံ လုပ်သားပြည်သူ ၄၀၀ ခန့် တက်ရောက် ခဲ့ကြသည်။


လွတ်မြောက် ကျောင်းသားများနှင့် ဒီမိုကရေစီ ဘက်တော်သားများ ကြိုဆို ဂုဏ်ပြုပွဲ 001

လွတ်မြောက် ကျောင်းသားများနှင့် ဒီမိုကရေစီ ဘက်တော်သားများ ကြိုဆို ဂုဏ်ပြုပွဲ 002

လွတ်မြောက် ကျောင်းသားများနှင့် ဒီမိုကရေစီ ဘက်တော်သားများ ကြိုဆို ဂုဏ်ပြုပွဲ 003

တိုကျိုတွင် ကျင်းပပြုလုပ်သည့် ကရင်အမျိုးသား တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား


၂၀၁၂ ခုနှစ် ဇန္န၀ါရီလ (၂၉)ရက်။
(၆၅)နှစ်မြောက် ကရင်အမျိုးသားအစည်းအရုံး တည်ထောင်သည့်နေ့ နှင့် (၆၃)နှစ်မြောက် ကရင်အမျိုးသား တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို တိုကျိုမြို့ KOMAGOME Bunka Center မှာ ယနေ့ ဇန္န၀ါရီလ ၂၉ ရက် ညနေ ၆း၀၀ နာရီမှ ၉း၀၀ နာရီအထိ KNU -Japan မှ ဦးဆောင် ကျင်းပ ပြုလုပ်ခဲ့ပြီး ဂျပန်နိုင်ငံရောက် ကရင်တိုင်းရင်းသားများ၊ အဖွဲ့အစည်းအသီးသီးမှ တာဝန်ခံများတို့မှ  တက်ရောက် ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်းဓါတ်ပုံ ။ Lian Kham Sum

ဒေါ်အောင်ဆန်းစုကြည် ထားဝယ် နေ့ချင်းပြန် စည်းရုံးရေးဆင်း – Daw Suu visits southern Burma

  ဓာတ်ပုံသတင်း
ဇန်န၀ါရီ ၂၉၊ ၂၀၁၂
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်ပိုင်းက ထားဝယ်မြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိသွားသည်။ ယခု ခရီးစဉ်သည် နေ့ချင်းပြန်ခရီးစဉ် ဖြစ်သည်ဟု သိရသည်။ လာမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးရေးခရီးဖြစ်သည်။
(ဓာတ်ပုံများ – Yangon Press International နှင့် Getty Images)
ထားဝယ်ဒေသခံတို့က ၀မ်းသာအားရ ကြိုဆိုကြသည်။

(၆၅)ကြိမ်မြောက် သျှမ်းအမျိုးသားနေ့ အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားခြင်း။

Invitation Letter for 65-Shan Nation Day[1]

လွှတ်တော်ပြင်ပ နိုင်ငံရေးဆိုတာ လမ်းပေါ်ထွက်တာကို ပြောတာမဟုတ်ပါဘူး' ဘလောဂါ နေဘုန်းလတ်နှင့် တွေ့ဆုံခြင်း

28 January 2012

မြန်မာ ဘလောဂါ အသိုက်အ၀န်း၌ နာမည် ကျော်ကြားသူတစ်ဦးဖြစ်ခဲ့ပြီး ၂၀၀၈ခုနှစ်တွင် ပထမဆုံးထိမ်းသိမ်းခံခဲ့ရသည့် ဘလောဂါတစ်ဦး ဖြစ်ခဲ့သူ၊  အကျဉ်းကျနေစဉ်ကာလ ၂၀၀၈ခုနှစ်မှာပင် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့မှ ပေးအပ်သောဆုကို လူရွှင်တော် ဇာဂနာနှင့်အတူ ရရှိခဲ့ဖူးသူ၊ ၂၀၁၀ပြည့်နှစ်တွင် PEN American မှပေးသော ရွှေကလောင်ဆုနှင့် တိုင်းမ်မဂ္ဂဇင်းမှ ရွေးချယ်သည့် Hero 100  စာရင်းတွင် ပါဝင်ခဲ့သူ၊ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၃ရက်နေ့တွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့သူ ဘလောဂါ နေဘုန်းလတ်နှင့် တွေ့ဆုံခဲ့ခြင်းအား ဖော်ပြအပ်ပါသည်။ 

'လွှတ်တော်ပြင်ပနိုင်ငံရေးဆိုတာ လမ်းပေါ်ထွက်တာကို ပြောတာမဟုတ်ပါဘူး'
ဘလောဂါ နေဘုန်းလတ်နှင့် တွေ့ဆုံခြင်း

မေး - ၂၀၀၅ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံမှာ ပေါ်ပေါက်လာတဲ့ ဘလောဂါ ပထမမျိုးဆက်တွေထဲမှာ ကိုနေဘုန်းလတ်လည်း တစ်ဦးအပါ အ၀င်ဖြစ်ပါတယ်။ အထူးသဖြင့် 'ကျွန်တော် လွတ်ကျခဲ့တဲ့ မြို့တော်' ဘလော့ကြောင့် ပိုထင်ရှားခဲ့ပြီး ကိုနေဘုန်းလတ် ကိုလည်း မြို့စားကြီးလို့ အွန်လိုင်း သုံးသူတွေက ခေါ်ခဲ့ကြပါတယ်။ အခုတော့ မြို့စားကြီး ပြန်လွတ် လာပါပြီ။ ၂၀၀၈ခုနှစ် ဇန်န၀ါရီလ ၂၉ရက်နေ့မှာ အဖမ်းခံခဲ့ရတယ်။ အဲဒီနှစ် နိုဝင်ဘာမှာ ထောင်ဒဏ် ၂၀နှစ်နဲ့ ခြောက်လ  အမိန့် ချမှတ်ခံရပါတယ်။ ၂၀၀၉ခုနှစ်မှာ အယူခံဝင်တာ အောင်မြင်သွားပြီး ထောင်ဒဏ် ၁၂နှစ် ပြောင်းလဲ သတ်မှတ်ခံရပါတယ်။ ဘလောဂါတစ်ဦး ဖြစ်တာကြောင့် အမှုတွေက ပိုများ သွားတာလား။ 
ဖြေ - အဓိကအချက်ကတော့ သုံးမှုပေါ့ ။ သုံးမှုမှာ ထင်တာ မြင်သာရှိတဲ့ အမှုကတော့ မျှော်စင်ကျွန်းက သီးလေးသီး အငြိမ့်ပေါ့။ သီးလေးသီး အငြိမ့်ခွေကို ကိုဇာ(ဇာဂနာ)ကြီးက ပေးကြည့်တယ်။ ပေးကြည့်တာကို ကျွန်တော်က ကျွန်တော့် သူ ငယ်ချင်း၊ ကျွန်တော်နဲ့ အမှုတွဲ မသင်းဂျူလိုင်ကို တစ်ခွေ ကူးပေးလိုက်တယ်။ ဒါက ထင်သာမြင်သာ၊ ကျွန်တော်တို့ကို မိတာ အဲဒီအခွေတွေနဲ့ မိတာ။ သီးလေးသီး အခွေနှစ်ခွေနဲ့ မိတာပေါ့။ အဲဒီမှာ ကျွန်တော့်ကို လက် ၀ယ်တွေ့ရှိမှုနဲ့ ခြောက်လ၊ ပုဒ်မ ၃၆၊ ၃၂(ခ)ကကျတော့ ဖြန့်ချိမှုပေါ့၊ ကျွန်တော့် သူငယ်ချင်းကို ကျွန်တော်တစ်ခွေ ပေးလိုက်တဲ့ အတွက်ကြောင့် ဖြန့်ချိမှုဆိုပြီး သုံးနှစ်ပေါ့၊ စစ်ရင်း စစ်ရင်းနဲ့ ဘလောဂါ နေဘုန်းလတ်ဆိုပြီး သူငယ်ချင်းတွေကလည်း ၀ိုင်း အော်ကြတာကိုး၊ အပြင်မှာ ဖြစ်တဲ့ အခါကျတော့ သူတို့က လိုက်ရင်း၊ လိုက်ရင်းနဲ့ ဘလော့အကြောင်းတွေပါ သူတို့နည်းနည်း သိလာတယ်။ အိုင်တီမှာ ဘလော့ ဆိုတာမျိုးက တော်တော်ပြန့် နှံ့နေပြီး အများကြီးရှိတာကိုးဗျ။  ပုံမှန်ဆိုရင်  ကျွန်တော့် ဘလော့မှာ အစိုးရနဲ့ပတ်သက်တာတွေ ဝေဖန်တာတွေ သိပ်မရေးဘူး။ ကျွန်တော့် အနုပညာဗျာ၊ ၀တ္ထုလေးတွေရေးမယ်၊ ဆောင်းပါးလေးတွေ၊ ကဗျာတွေ၊ အတွေ့အကြုံတွေ ရေးတယ်ပေါ့ဗျာ။ ဒါပဲရေးတာ။ ဒါပေမယ့် သူတို့က ကျွန်တော့် ဘလော့ဆိုတာထက် ဘလော့တွေ အားလုံးကို ရှာကြည့်တာ။

ရန်ကုန်တွင် ကျင်းပသည့် ရခိုင်ရိုးရာ "ကျင်" ပွဲ အထူးစည်ကား .

ဇန်နဝါရီလ 28 ရက် 2012 ခုနှစ်။

ရန်ကုန်မြို့တွင် ကျင်းပနေသော ရခိုင်ရိုးရာ "ကျင်" ပွဲနှင့် ရခိုင်ရိုးရာ အစားအစာ ရောင်းချပွဲတော်မှာ အထူး စည်ကား နေကြောင်း ပွဲထဲတွင် ရောက်ရှိနေသူ ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။

"လာရောက်တဲ့ ပရိတ်သတ်တွေက ခန်းမ တခုလုံးနီးပါး ပြည့်နေပါတယ်။ မနေ့ကတော့ အစိုးရ ရုံးဖွင့်ရက် ဖြစ်တဲ့အတွက် ပထမတော့ လာရောက်သူတွေက နည်းပါတယ်။ ညနေပိုင်းကျတော့ လူနည်းနည်း တိုးလာပါတယ်။ အခုတော့ အပြည့်ပါပဲ။ တော်တော် စည်ပါတယ်။" ဟု သူကပြောသည်။

ယခု ကျင်းပပြုလုပ်နေသည့် ပွဲတော်မှာ ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ရန်ကုန်)မှ စီစဉ်ပြီး ရခိုင် တိုင်းရင်းသား ရေးရာ ဝန်ကြီးဌာနမှ ကြီးမှူး ကျင်းပခြင်းဖြစ်သည်ဟု သိရသည်။

ရခိုင်ရိုးရာ "ကျင်" ပွဲနှင့် ရခိုင်ရိုးရား အစားအစာရောင်းချပွဲ ကျင်းပရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး ဦးဇော် အေးမောင်က ယခုလို နိရဉ္စရာသို့ ပြောသည်။

တရားဝင် နေထိုင်ခွင့် ( ဗီဇာ မရှိသေးသူများ ) အတွက် အသစ် ပြုပြင် ပြဌာန်းထားသော ဂျပန် လ၀က ဥပဒေ

တရားဝင်နေထိုင်ခွင့် ဗီဇာ မရှိသေးသူများ" မှတ်ပုံတင်စါရင်း မ၀င်သူများ" အတွက် အသစ် ပြုပြင် ပြဌာန်းထားသော ဂျပန် လူဝင်မှုကြီးကြပ်ရေး ဥပဒေကြောင်း သိကောင်းစရာများ (အမေး-အဖြေ ပုံစံ) မြန်မာဘာသာပြန်ကို ဝေမျှလိုက်ပါတယ်။
အသစ် ပြုပြင် ပြဌာန်းထားသော ဂျပန် လူဝင်မှုကြီးကြပ်ရေး ဥပဒေ နေထိုင်ခွင့် ဗီဇာ တမျိုးမျိုး မရသေးသော ပုဂ္ဂိုလ်မျာ...

Saturday, January 28, 2012

၂၀၁၂ ခုနှစ် ဂျပန် လ၀က ဥပဒေ စုစည်းမျှဝေခြင်း

Japanese New Residential Syatem Guide

မတရားလာဘ်စားလွန်းသော ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်း တိုင်ကြားစာ(အပိုင်း-၁)

မတရားလာဘ်စားလွန်းသော ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်း တိုင်ကြားစာ(အပိုင်း-၁)
ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးဇော်မင်းနှင့် ဇနီး
 January 28, 2012  
ကရင်ပြည်နယ်ကို လွန်ခဲ့သော နအဖလက်က (၄)နှစ်ကျော် အုပ်ချုပ်ခဲ့သော နအဖ၏ ရတခ ဒုတိယ တိုင်းမှူး ဗိုလ်မှူးချုပ်ဇော်မင်း ဟာ ယခုကြံ့ဖွတ် အစိုးရ လက်ထက်တွင် ရွေးကောက်ပွဲပါဝင် ယှဉ်ပြိုင် အနိုင်ရလာသော အမတ်မဟုတ်သလို တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များမှ ရွေးချယ်ထားသူလည်း မဟုတ်ပါ။ ဘားအံမြို့ပေါ်မှာ နေထိုင်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ဇနီး ဒေါ်ကြိုင်ကြိုင်ရဲ့ ဆွေတော် မျိုးတော်ကို ကြည့်ရှု စောင့်ရှောက် ဖားယားနေတဲ့ ကျေးဇူးကြောင့် ဒေါ်ကြိုင်ကြိုင် အနေဖြင့် ဒီကောင်လေး မဆိုးပါဘူး ဆိုလို့ ကရင်ပြည်နယ် ၀န်ကြီးချုပ်ဖြစ်လာ ရတယ်လို့ တပ်မတော် အသိုင်းအ၀ိုင်းမှ သိရပါတယ်။ ဗိုလ်မှူးချုပ်ဇော်မင်းသည် ရတခ ဒုတိုင်းမှူး ဘ၀မှာတည်းက အောက်ခြေ တပ်မတော်သားတွေ နိုင်ထက်စီးနင်း ပြုလုပ်ခဲ့တယ်။ ရာထူး တက်မယ်ဆိုရင် ဘယ်သူကို ဖားရမယ်၊ ဘယ်သူကို ချောက်ချ ရမယ်ဆိုတာ တွေနဲ့ သူရာထူးကို အရယူရသူလို့ တပ်မတော် အငြိမ်းစား တစ်ဦးက ပြောဆိုခဲ့ပါတယ်။ အရပ်ဖက် ရောက်တော့လည်း နအဖ (ပယက) ဥက္ကဌ လက်ထက်မှာပင် အောက်ခြေ အရပ်သား ၀န်ထမ်းတွေကို ပါးရိုက်၊ စောင့်ကန်၊ မအေနှမ ဆိုပြီးဆဲဆို ခဲ့တယ်။

အစည်းအဝေး ခန်းမမှာပင် အစည်းအဝေး လုပ်နေတုန်း သူမကျေနပ်သော ၀န်ထမ်းများကို ထပြီး ပါးရိုက်ခြင်း၊ ဆဲဆိုခြင်း၊ ရေနွေးကြမ်း ဖန်ခွက်နှင့် ကောက်ပေါက်ခြင်းများ ပြုလုပ်ခဲ့သည်မှာ များပြားလွန်းလို့ ကြားရသည်မှာ နားမဆန့် နိုင်တော့ပါ။ ပြည်နယ်ရုံးမှာ ရှိတဲ့စာရေး ၀န်ထမ်းတွေက ပြည်နယ်ဝန်ကြီးချုပ် ရုံးခန်းက ခဏခဏ ရေနွေးဖန်ခွက် ၀ယ်ရတယ်။ ခဏခဏ ကွဲတယ်နော်။ ၀န်ကြီးချုပ် ရေနွေး ဘယ်လို သောက်လည်း မသိဘူးလို့ ရီစရာဟာသ စကားများကို ကြားရပါတယ်။ ၀န်ကြီးချုပ် လုပ်ပြီး သူများမကောင်းကြောင်း အလွန် ပြောတတ်တဲ့ အကျင့်ရှိပါတယ်။ ကရင်ပြည်နယ်မှာ တာဝန် ထမ်းဆောင်နေတဲ့ ၀န်ထမ်းတွေကတော့ ချီးလို ရွံကြောက် နေရပါတယ်။

ကရင်ပြည်နယ် ငြိမ်းချမ်းရေး ဆွေးနွေးမှု အခက်ခဲမှာလည်း သူ့ကြောင့် တိုက်ပွဲများ ဖြစ်ခဲ့ရသလို သူ့ကြောင့်လည်း ဆွေးနွေးပွဲ ကြံ့ကြာခဲ့ရပါတယ်။ အခုရရှိနေတဲ့ ငြိမ်းချမ်းရေး ဆိုတာ ကလည်း ၀န်ကြီးချုပ် ဦးဇော်မင်း ကြောင့် မကြာမီ ပျက်ဆီးသွားနိုင်ပါတယ်။ KNU , KNLA , DKBA နှင့် မွန် အစရှိသည့် အဖွဲ့

ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်ကျောင်းသားများ ဒုတိယအကြိမ် တွေ့ဆုံပြီး အကြောင်းအရာ သုံးခု ဆွေးနွေးခဲ့


Friday, 27 January 2012

ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့တို့ ဇန်န၀ါရီလ ၂၇ ရက်နေ့ ညနေပိုင်းတွင် ဒုတိယ အကြိမ် တွေ့ဆုံ ခဲ့ကြပြီး အကြောင်းအရာ သုံးခု ဆွေးနွေးခဲ့ ကြောင်း သိရပါသည်။

ထိုသို့ တွေ့ဆုံရာတွင် ကိုမြအေး၊ ကိုဌေးကြွယ်နှင့် ကိုကိုကြီးတို့ သုံးဦးက ကိုမင်းကိုနိုင် ဦးဆောင်သည့် ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့ကိုယ်စားပြု အနေဖြင့် သွားရောက် တွေ့ဆုံခဲ့ခြင်း ဖြစ်ပြီး အလုပ်သဘော ဆွေးနွေးမှုများ ပါဝင်ခဲ့ကြောင်း သိရပါသည်။

"ကျွန်တော်ရယ်၊ ကိုဌေးကြွယ်ရယ်၊ ကိုကိုကြီး ရယ် ဒီသုံးဦးက ၈၈မျိုးဆက် ကျောင်းသားအဖွဲ့ ကိုယ်စားအနေနဲ့ တွေ့ဆုံခဲ့ကြတာပါ။ ဒီတစ်ခါ တွေ့ဆုံမှုမှာတော့ အလုပ်သဘော ပါလာပါပြီ။ ကျွန်တော်တို့ ဆွေးနွေးဖြစ်ခဲ့တဲ့ အကြောင်းအရာ တွေကတော့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွတ်ဖို့ ကိစ္စ၊ ကြားဖြတ် ရွေးကောက်ပွဲ ကိစ္စနဲ့ အနာဂတ်မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေ ကိစ္စတွေဖြစ်ပါတယ်။ အဓိက ဆွေးနွေးခဲ့တာကတော့ ဒီအချက် သုံးချက်ပါပဲ။ ကျွန်တော်တို့ ဆုံးဖြတ် ခဲ့တာတွေကိုတော့ ထုတ်ပြန်ဖို့ မရှိသေးပါဘူး" ဟု တွေ့ဆုံ ဆွေးနွေးမှုတွင် ပါဝင်ခဲ့သည့် ကိုမြအေးက Eleven Media Group သို့ ပြောကြားခဲ့ပါသည်။

KNU နယ်မြေရောက် အစိုးရတပ်များ လျှော့ချ/ရုပ်သိမ်းရေး

KNU က မနေ့ကရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်ပါ။
အပစ်ရပ်ရေး၊ KNU နယ်ထဲ ရောက်နေတဲ့ အစိုးရတပ်တွေ လျှော့ချ/ရုပ်သိမ်းရေး တို့အတွက် (အစိုးရနဲ့) ဆက်လက် ညှိနှိုင်းမယ် လို့ ဖော်ပြထားပါတယ်။
Copy from - irrawaddyblog.com

မတရား​အသင်း​ဥပ​ဒေ ဖျက်သိမ်း​ရန် ​တောင်း​ဆို

January 27, 2012

မြန်မာ အစိုး​ရအဆက်ဆက် ကျင့်​သုံး​ခဲ့​တဲ့​ မတရား​အသင်း​ အက်ဥပ​ဒေဟာ ပြည်တွင်း ​ငြိမ်း​ချမ်း​ရေး​နဲ့​ အမျိုး​သား​ ပြန်လည်သင့်​မြတ်​ရေး​ကို အတား​အဆီး​ ဖြစ်​နေတဲ့​တွက် ဖျက်သိမ်း​ပေး​ဖို့​ မတရား​အသင်း​ ​ကြေညာ ခံထား​ရတဲ့​ အဖွဲ အစည်း​တွေက ​တောင်း​ဆိုလိုက်ပါတယ်။

ရဲဘော် ဖိုးသံချောင်း
၁၉၅၃ ခုနှစ် ကတည်း​က အခုချိန်ထိ မတရား​သင်း​ ​ကြေညာခံထား​ရတဲ့​ ဗမာပြည် ကွန်မြူနစ်ပါတီရဲ့​ ​ပြော​ရေး​ဆိုခွင့်​ရှိသူ ရဲ​ဘော် ဖိုး​သံ​ချောင်း​က​တော့​ မြန်မာပြည်သူ​တွေကို ​ခေတ်အဆက်ဆက် ဖိနှိပ်ရာမှာ အသုံး​ပြုခဲ့​တဲ့​ ဒီဥပ​ဒေကို ဖျက်သိမ်း​ချိန် တန်​နေပြီလို့​ ပြောပါတယ်။

“နှစ်​ပေါင်း​များ​စွာ မြန်မာပြည်သူ​တွေရဲ့​ နိုင်ငံ​ရေး​ ယူဆမှု​တွေကို နှိပ်စက်ခဲ့​တဲ့​ ဥပ​ဒေ တရပ်ဟာ ယ​နေ့​အချိန်ခါမှာ မရှိသင့်​တော့​ဘူး​လို့​ မြင်လို့​ အခုလို တင်ပြတာပါ။ အများ​ဆုံး​ ထိခိုက်တာက နံပါတ်တစ် လယ်သမား​တွေပါ။ ​ကျေး​လက်​ ဒေသ လက်နက်ကိုင်​ ဒေသမှာ ရှိတဲ့​ လယ်သမား​တွေကို ဒီဟာက နှိပ်စက်တယ်။ ​မြေ​ပေါ်မှာ လှုပ်ရှား​တဲ့​ အစိုး​ရနဲ့​ မတူတဲ့​ လူ​တွေအ​ပေါ်မှာ အချိန်မ​ရွေး​ ဒါမျိုး​တပ်ပြီး​တော့​ နှိပ်စက်တာပါ။ အခုအခါမှာဆိုရင် အဲဒီပုဒ်မနဲ့​ပဲ နှစ်​တွေ အများ​ကြီး​ ​ထောင်ကျ​နေရတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ အများ​ကြီး​ ရှိ​နေပါ​သေး​တယ်။”

၁၉၀၈ ခုနှစ် မတရား​သင်း​ အက်ဥပ​ဒေဟာ ကိုလိုနီ နယ်ချဲ့​အင်္ဂလိပ်​တွေက လက်နက်ကိုင် ပုန်ကန်တဲ့​ မြန်မာပြည်က တိုင်း​ရင်း​သား​ လူမျိုး​ပေါင်း​စုံကို နှိမ်နင်း​ဖို့​ ရည်ရွယ်ပြီး​ ပြဋ္ဌာန်း​ထား​တဲ့​ ဥပ​ဒေဖြစ်ပါတယ်။ ဒီဥပ​ဒေကို အ​ကြောင်း​ပြုပြီး​ မတရား​အသင်း​ ​ကြေညာခံထား​ရတဲ့​ အဖွဲ့​တွေနဲ့​ ဆက်နွှယ်​နေသူ​တွေကို အစိုး​ရက ဖမ်း​ဆီး​ထောင်ချ အပြစ်​ပေး​လေ့​ရှိတာပါ။

ဦးမျိုး
၂၀၀၉ ခုနှစ် ဧပြီလမှာ မတရား​အသင်း​ ​ကြေညာ ခံထား​ရတဲ့​ မြန်မာနိုင်ငံ ​ရှေ့​နေများ​ ​ကောင်စီ (ဘီအယ်လ်စီ) ရဲ့​ ဥပ​ဒေ​ ရေး​ရာ သုံး​သပ်​ရေး​ ဌာနတာဝန်ခံ ဦး​မျိုး​က အခုလို ​ပြောပါတယ်။

“လွတ်လပ်​ရေး​ ရပြီး​သား​ နိုင်ငံတနိုင်ငံမှာ ဒီဥပ​ဒေမျိုး​ မရှိသင့်​တော့​ဘူး​ဗျ။ ဒါ​ပေမယ့်​ သက်ဆိုင်ရာ အစိုး​ရ​တွေက ဒီဥပ​ဒေကို ကိုင်ပြီး​တော့​ သူတို့​ကို နိုင်ငံ​ရေး​အရ အန်တုတဲ့​ အတိုက်အခံ အင်အား​စု​တွေကို ဒါနဲ့​ပဲ ဆွဲ ဆွဲသွင်း​ နေတာပဲ​လေ။ ဒီ​နေ့​ထိ တိုင်​အောင်​ပေါ့​ဗျာ။ အဲ​တော့​ ကျ​နော်တို့​ မြန်မာနိုင်ငံ ​ရှေ့​နေများ​ကောင်စီ ဆိုတာလည်း ဥပ​ဒေ လုပ်ငန်း​တခုပဲ လုပ်တာပါ။ ဥပ​ဒေလုပ်ငန်း​ လုပ်တယ်ဆိုတာလည်း​ ကိုယ့်​နိုင်ငံ ​ကောင်း​ဖို့​ အတွက် ကျ​နော်တို့​ လုပ်တာ ဖြစ်တယ်။ တရား​ဥပ​ဒေ စိုး​မိုး​ဖို့​အတွက် ကျ​နော်တို့​ လုပ်​နေတာဖြစ်တယ်။ သန့်​သန့်​စင်စင်​လေး​ ရုန်း​ကန် လှုပ်ရှား​နေတဲ့​ ဒီမိုက​ရေစီ အဖွဲ့​အစည်း​ တခုကိုမှ မတရား​အသင်း​ လာ​ကြေညာတယ် ဆိုတာဟာ ​တော်​တော့​ကို လွန်လွန်း​ပါတယ်။”

အလား​တူ မတရား​သင်း​ စွပ်စွဲခံထား​ရတဲ့​ လက်နက်ကိုင် အဖွဲ့​အစည်း​ တခုဖြစ်တဲ့​ မြန်မာနိုင်ငံလုံး​ဆိုင်ရာ ​ကျောင်း​သား​များ​ ဒီမိုကရက်တစ်တပ်ဦး​ ​အေဘီအက်စ်ဒီအက်ဖ် ဒု-ဥက္ကဋ္ဌ ကိုမျိုး​ဝင်း​က​တော့​ စစ်မှန်တဲ့​ငြိမ်း​ချမ်း​ရေး​ ဒိမိုက​ရေစီ​ ဖော်​ဆောင်ဖို့​ မြန်မာအစိုး​ရအ​နေနဲ့​ မတရား​သင်း​ ဥပ​ဒေ အပါအဝင် မတရား​တဲ့​ ဥပ​ဒေ အား​လုံး​ကို ဖျက်သိမ်း​ သင့်​ပြီလို့​ ​ပြောပါတယ်။

ကိုမျိုးဝင်း
“ယ​နေ့​ကာလ ဒီမိုက​ရေစီ အသွင်ကူး​ပြောင်း​မှုမှာ တိုင်း​ပြည်နဲ့​ ပြည်သူအကျိုး​အတွက် တကယ်​ရှေး​ရှုမယ်ဆိုရင် အင်အား​စုအား​လုံး​ပါဝင်နိုင်တဲ့​ နိုင်ငံ​ရေး​အခင်း​အကျင်း​ ဖန်တီး​ဖို့​လိုတယ်။ ပြည်တွင်း​စစ်ဆိုတာ မရှိရဘူး​။ ပြည်တွင်း​ ငြိမ်း​ချမ်း​ရေး​ ​ဖော်​ဆောင်ရမယ်။ နိုင်ငံ​ရေး​အရ ​တွေ့​ဆုံ​ဆွေး​နွေး​မှု​တွေ လိုတယ်။ နိုင်ငံ​ရေး​ အကျဉ်း​သား​တွေ လွှတ်​ပေး​ဖို့​လိုတယ်။ ဒါ​ကြောင့်​မို့​ ခုနက ဥပ​ဒေ တခုတည်း​တင် မဟုတ်ပါဘူး​။ တိုင်း​ပြည်မှာ ရှိ​နေတဲ့​ ပုဒ်မ ၅ (ည) လို ဥပ​ဒေမျိုး​၊​ အီလက်ထ​ရောနစ် ဥပ​ဒေ၊​ အများ​ကြီး​ပဲ ညှိနှိုင်း​ဆွေး​နွေး​ ဖျက်သိမ်း​ရမှာပဲ။”

မြန်မာနိုင်ငံမှာ မတရား​သင်း​ ​ကြေညာခံထား​ရတဲ့​ အဖွဲ့​အစည်း​ပေါင်း​ အနည်း​ဆုံး​ ၁၃ ဖွဲ့​ ​လောက်ရှိပြီး​ ၁၉၆၂ခုနှစ် မတိုင်ခင်ကတည်း​က မတရား​သင်း​ ​ကြေညာခံထား​ရတဲ့​ အဖွဲ့​အစည်း​တွေထဲမှာ ဗမာပြည် ကွန်မြူနစ်ပါတီ အလံနီကွန်မြူနစ်ပါတီ၊​ ပြည်သူ့​ ရဲ​ဘော်အဖွဲ့​ ​ကေအန်ဒီအိုစတဲ့​ အဖွဲ့​အစည်း​ ၆ ဖွဲ့​လောက် ရှိပါတယ်။

၁၉၈၈ ​နောက်ပိုင်း​မှာ​တော့​ ကရင်အမျိုး​သား​အစည်း​အရုံး​၊​ ရှမ်း​ပြည်တပ်မ​တော်၊​ မြန်မာနိုင်ငံလုံး​ဆိုင်ရာ ​ကျောင်း​သား​များ​ဒီမိုကရက်တစ်တပ်ဦး​၊​ ပြည်​ထောင်စုမြန်မာနိုင်ငံ အမျိုး​သား​ညွန့်​ပေါင်း​အစိုး​ရ၊​ မြန်မာနိုင်ငံ အလုပ်သမား​သမဂ္ဂများ​ အဖွဲ့​ချုပ် စတဲ့​အဖွဲ့​တွေနဲ့​ ​နောက်ဆုံး​ ​ကြေညာခံထား​ ရတာက​တော့​ မြန်မာနိုင်ငံ​ရှေ့​နေများ​ကောင်စီတို့​ ဖြစ်ပါတယ်။

သတင်းရင်း - ဒီဗွီဘီ

Friday, January 27, 2012

ဒေါ်အောင်ဆန်းစုကြည် နဲ့ ၂၀၁၂ World Economic Forum

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗီဒီယို မိန့်ခွန်း
ကမ္ဘာ့စီးပွားရေး နှစ်ပတ်လည် ညီလာခံ (World Economic Forum)
ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့
ဇန်န၀ါရီ ၂၆၊ ၂၀၁၂


Copy from - irrawaddyblog

ကျန်ရှိ နိုင်/ကျဉ်းစာရင်း တိုးလာနိုင်ဖွယ်ရှိ၊ ဆက်လက်ပြုစုဆဲ

မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးတွင် နိုင်ငံရေးအကျဉ်းသား အများအပြား ကျန်ရှိနေသေးပြီး စာရင်းအတိအကျ ရရှိရန် ဆက်လက် ပြုစုဆဲဖြစ်ကြောင်း နိုင်/ကျဉ်း အရေး ဆောင်ရွက်နေသော အဖွဲ့များက ပြော (ဓါတ်ပုံ မဇ္ဈိမ)

မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးတွင် နိုင်ငံရေးအကျဉ်းသား အများအပြား ကျန်ရှိနေသေးပြီး စာရင်း အတိအကျ ရရှိရန် ဆက်လက် ပြုစုဆဲဖြစ်ကြောင်း နိုင်/ကျဉ်း အရေး ဆောင်ရွက်နေသော အဖွဲ့များက ပြောသည်။

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) စာရင်းအရ မလွှတ်မြောက် သေးသည့် နိုင်ငံရေးအကျဉ်းသား ၉၁၈ ဦး ကျန်ရှိနေသေးပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD စာရင်းအရ ၃၈၈ ဦး ကျန်ရှိ နေသေးသည်ဟု သိရသည်။

“အခုပြန်စစ်ကြည့်လိုက်တဲ့ အခါကျတော့ တချို့ကလည်း လွှတ်လာတာရှိတယ်၊ တချို့ကလည်း ရဲလက် အပ်လိုက်တာ ရှိတယ်။ တချို့ကလည်း စစ်တပ်က ခေါ်ထုတ်သွားတာ ရှိတယ်။ အဲဒီတော့ စာရင်းလုပ်ရတာ တော်တော်ခက်တယ်။ သေချာတဲ့ သတင်းတွေကို ပြန်ကြည့်လိုက်တော့ မလွှတ်မြောက်ဘဲ ကျန်နေတာ ၉၀၀ ကျော် ရှိတယ်” ဟု AAPP အတွင်းရေးမှူး ဦးတိတ်နိုင် က မဇ္ဈိမကို ပြောသည်။ NLD ပြောရေး ဆိုခွင့်ရှိသူ ဦးအုန်းကြိုင်၏ အဆိုအရ၊ ယခုချိန်ထိ အတည်ပြုချက်များ ရယူ စုဆောင်း နေရဆဲဖြစ်ပြီး အရေအတွက် တိုးလာနိုင်ဖွယ်ရှိကြောင်း သိရသည်။

ရွှေဝါ​ရောင် သံဃာများ​ကို နိုင်ငံ​တော် သံဃမဟာနာယက ဆင့်​ခေါ်


သံဃာတပ်​ပေါင်း​စု ​ခေါင်း​ဆောင် ဆရာ​တော် အရှင်ဂမ္ဘီရ အပါအဝင် မကြာ​သေး​ခင် ရက်ပိုင်း​က ​ထောင်က ပြန်လွတ်လာတဲ့​ သံဃာ ၅ ပါး​ကို နိုင်ငံ​တော် သံဃမဟာနာယက က ဩဝါဒ​ပေး​ဖို့​ ဆင့်​ခေါ် လိုက်ပါတယ်။

သော့​ပိတ်ခတ်ထား​တဲ့​ ဘုန်း​တော်ကြီး​ကျောင်း​တွေမှာ ဝင်​ရောက် သီတင်း​သုံး​တဲ့​ ကိစ္စနဲ့​ စပ်လျဉ်း​ပြီး​ သက်ဆိုင်ရာရဲ့​ တိုင်ကြား​ချက်အရ ဇန်နဝါရီ ၂၇ ရက် ​နေ့​စွဲနဲ့ နိုင်ငံ​တော် သံဃမဟာနာယကရုံး​ကို လာ​ရောက်ဩဝါဒ ခံယူဖို့​ ဆင့်​ခေါ်တာပါ။

ဆင့်​ခေါ်ခံရတဲ့​ သံဃာ​တွေက​တော့​ မဂ္ဂင်​ကျောင်း​မှာ သီတင်း​သုံး​တဲ့​ အရှင်ဂမဘီရနဲ့​ ဦး​ဣဿရိယ၊​ မင်္ဂလာ​တောင်ညွန့်​မြို့​နယ် ​ရွှေတောင်​ကျောင်း​မှာ သီတင်း​သုံး​တဲ့​ ဆရာ​တော် ဦး​ပဏ္ဍဝံသ၊​ ​ခြောက်ထပ်ကြီး​ သာသနာ့​ ဂုဏ်ရည်​ကျောင်း​က ဦး​ဝိသုဒ္ဓ၊​ သံလျင်​ဗောဓိ​ကျောင်း​ ဆရာ​တော် ဦး​ပညာသီဟတို့​ ငါး​ပါး​ဖြစ်ပါတယ်။

တိုကျိုတွင် လာမည့် ၄ နှစ်အတွင်း ငလျင်ကြီးများ လှုပ်ခတ်နိုင်ဟုဆို

January 27, 2012

ဂျပန်နိုင်ငံ၏ မြို့တော် တိုကျိုသည် လာမည့် (၄)နှစ်အတွင်း အလွန် အင်အား ကြီးမားသော ငလျင်ပြင်းကြီးများ လှုပ်ခတ်မှုနှင့် ကြုံရ နိုင်ကြောင်း သုတေသီများက သတိပေး လိုက်သည်။ မြို့တော် အနေဖြင့် လာမည့် (၄)နှစ်အတွင်း ရစ်ခ်ျတာစကေး (၇)ထိရှိသည့် ငလျင်ကြီးများနှင့် ကြုံကြိုက်ရမည့် အနေအထားသည် (၇၀)ရာခိုင်နှုန်းထိ ရှိနေကြောင်း သိရသည်။

လာမည့် နှစ်ပေါင်း(၃၀)အတွင်း အဆိုပါ ငလျင်ကြီးမျိုးနှင့် တိုက်ရိုက် ထိတွေ့ရမည့် အခြေအနေမှာမူ (၉၈)ရာခိုင်နှုန်းထိ သေချာ နေကြောင်း တိုကျိုတက္ကသိုလ်မှ သုတေသီများက ပြောကြားခဲ့သည်။ ဂျပန်မှ ငလျင် တိုင်းတာရေး ကျွမ်းကျင်သူများက (၄)နှစ်အတွင်း ဂျပန်သည် သေချာပေါက် နီးပါး ငလျင်ကြီး တစ်ခုခုနှင့် ကြုံရနိုင်ကြောင်း သတိပေးထားသည်။

တိုကျိုတက္ကသိုလ်၏ ငလျင်သုတေသန ဌာနက ငလျင်၏ ပြင်းအားသည် ရစ်ခ်ျတာစကေး (၉)ထိ မြင့်တက် လာနိုင်ကြောင်းလည်း ဆိုသည်။ ပြီးခဲ့သည့်နှစ် အစောပိုင်းက ဂျပန်တွင် ငလျင်ကြီးတစ်ခု လှုပ်ရှားခဲ့ရာ နိုင်ငံ၏ အရှေ့မြောက် ကမ်းခြေ ဒေသတွင် ဆိုးဆိုးရွားရွား ထိခိုက် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး လူပေါင်း (၂၃၀၀၀)ကျော် သေကြေ ပျက်စီးခဲ့သည်။

စစ်ဘေးရှောင်များအရေး KNU ဆွေးနွေးမည်


ကရင်အမျိုးသား အစည်းအရုံး KNU နှင့် မြန်မာအစိုးရ နှစ်ဖက် ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ ဒုတိယအကြိမ် တွေ့ဆုံ သည့်အခါတွင် ကရင်ပြည်နယ်နှင့် ပဲခူးတိုင်း အတွင်းရှိ ရွာပုန်း၊ ရွာရှောင် ဒုက္ခသည် IDP များ ပြန်လည် ထူထောင်ရေးကို ထည့်သွင်း ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်အတွက် လက်နက်စွဲကိုင် တော်လှန်ရာတွင် နှစ်ဖက် တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ ပြေးနေရ သူများကို နေရပ်ရင်း ပြန်ရောက်ရေးနှင့် အိုးအိမ်နှင့် လယ်ယာမြေများ ပြန်လည် နေရာ ချထားပေးရေးတို့ကို ဦးစားပေး အချက်တခုအဖြစ် ထည့်သွင်း ဆွေးနွေး သွားမည်ဖြစ်ကြောင်း KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ အတွင်းရေးမှူး ပဒိုစောဒေးဗစ်ထော က ပြောသည်။

“ကျနော်တို့က ပြည်တွင်းထဲက IDP တွေကို အရင် ဦးစားပေးအဖြစ် ဆွေးနွေး သွားမှာပါ။ နယ်စပ် ဒုက္ခသည် စခန်းတွေက လူတွေအတွက်တော့ ဒုတိယအဆင့် ဖေါ်ဆောင်ရေးအဖြစ် တခါတည်း ဆွေးနွေးသွားမယ်။ ဘာလို့လဲဆိုတော့ သူတို့က နေရေးနဲ့ ရိက္ခာတွေ အထဲက လူတွေလောက် ပူစရာ

မြန်မာအပေါ် ပိတ်ဆို့ အရေးမှု ထပ်မလျော့ပေးဖို့ ပန်ကြား

Burma Campaign UK ရဲ့ ဆန္ဒပြပွဲ
26 ဇန်နဝါရီလ 2012

မြန်မာနိုင်ငံမှာ စစ်တပ်က ကျော်ထောက်နောက်ခံ ပေးထားတဲ့ လက်ရှိ အစိုးရက ပြုပြင် ပြောင်းလဲရေး လုပ်ဆောင်မှုတွေကို ဂတိ ပေးထားတဲ့ အတိုင်း လုပ်ပြမှသာ နောက်ထပ် လျော့ပေါ့ ပေးသင့်တယ်လို့ ဥရောပ သမဂ္ဂကို မြန်မာ့အရေး တက်ကြွ လှုပ်ရှားတဲ့ Burma Campaign UK နဲ့ Human Rights Watch အဖွဲ့ နှစ်ခုက တိုက်တွန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက မြန်မာအစိုးရ ခေါင်းဆောင်တွေကို ဥရောပ နိုင်ငံတွေက ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်ထားမှုကို ဥရောပ သမဂ္ဂက ရုတ်သိမ်း ပေးခဲ့ပါတယ်။

အာဏာပိုင်တွေဟာ ဖိနှိပ်ချုပ်ချုယ်ထားတဲ့ ဥပဒေတွေကို တခုမှ ပြန်ရုတ်သိမ်းပေးတာ မရှိသေးဘူးလို့ Burma Campaign UK က ပြောပါတယ်။

နောက်တဖွဲ့ဖြစ်တဲ့  Human Rights Watch ကတော့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးပြီး အများယုံကြည် လက်ခံ ရလောက်တဲ့ ရွေးကောက်ပွဲ ကျင်းပပေးတဲ့အထိ မြန်မာအစိုးရအပေါ် ဖိအား ဆက်ပေးနိုင်ဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။

ကရင်နီရွာသားများကို အစိုးရတပ် ပစ်ခတ်

 26 ဇန်န၀ါရီလ 2012

ကရင်နီပြည် ဖရူဆိုမြို့နယ် ထျေးဘျားညေ ကျေးရွာမှ ရွာသားတစုကို အစိုးရတပ် ကနေပြီး ဇန်န၀ါရီလ ၁၅ ရက်နေ့ညက ပစ်ခတ် ခဲ့သည့်အတွက် ရွာသားတဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာ ရရှိသွားသည်ဟု သိရသည်။

ထျေးဘျားညေ ကျေးရွာမှ ရွာသားတစုသည် အိမ်ဆောက်ရန်အတွက် ၎င်းတို့ ကျေးရွာ၏ အရှေ့ဘက် ၄ မိုင်ခန့် ဝေးသော တောတွင်း တနေရာတွင် သစ်များ သွားရောက် ခုတ်ယူနေစဉ်တွင် အစိုးရတပ် ခြေလျင် တပ်ရင်း (ခလရ) ၂၅၀ မှ ပစ်ခတ် ခဲ့သည့်အတွက် အသက် ၃၅ နှစ် အရွယ် လူရယ်မှာ သေဆုံးပြီး ကျန်ရွာသား ၃ ဦးမှာ ဒဏ်ရာရရှိသွားခြင်း ဖြစ်သည်ဟု ဖရူဆိုမြို့နယ်မှ ဒေသခံတဦးက ပြောသည်။

“စစ်ကြောင်းက သူတို့ (ရွာသား)ကို တော်လှန်ရေး အဖွဲ့ ထင်ပြီး သူတို့ နေတဲ့ တောထဲကို လာပြီး ချောင်းကြတယ်တဲ့။ သူတို့ကလည်း တောကောင် ထင်ပြီး တယောက်က သေနတ် (တိုမီးသေနတ်)နဲ့ ဓါတ်မီးကို ကိုင်ပြီး သွားကြည့်တယ်တဲ့။ ဒီလိုနဲ့ စစ်ကြောင်း အဖွဲ့က အဲလူကို သေနတ်နဲ့ ပစ်လိုက်တယ် ပြောတယ်။ သေနတ်သံ ထွက်တာနဲ့ ကျန်တဲ့ ၃ ယောက်ကလည်း ထွက်ပြေးကြတယ်ပေါ့။ ဒဏ်ရာတွေ ရကြတယ်” ဟု ၎င်းက ပြောသည်။

Thursday, January 26, 2012

မင်္ဂလာတောင်ညွန့် မီးလောင်မှု အဓိကအကြောင်းရင်း ပေါ်ပြီ

မီးလောင် ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာကို ၂၀၁၁ ခု ဒီဇင်ဘာ ၂၉ ရက် နေ့ နံနက်လင်းချိန်က တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)
January 26, 2012

မီးသတ်သမားများ၊ အရပ်သားများ အသက် ဆုံးရှုံးခဲ့ရပြီး လူအများအပြား ဒဏ်ရာ ပြင်းထန်စွာ ရခဲ့သော ရန်ကုန် မင်္ဂလာတောင် ညွန့် ကူးတို့ဆိပ် ဂိုဒေါင် မီးလောင်ပေါက်ကွဲမှု အဓိက အကြောင်းရင်းကို စစ်ဆေး တွေ့ရှိကြောင်း သိရသည်။

“မီးလောင်ချိန်တွင် ဂိုဒေါင် အမှတ်(၇၉)အတွင်း၌ ဓာတုဗေဒ ပစ္စည်းတန်ချိန် ၁၀၇ ဒသမ ၇၄၂ တန်၊ ပရဆေးမျိုးစုံ တန်ချိန် ၈၈ ဒသမ ၆၅၂ တန် သိုလှောင် ထားရှိကြောင်း သိရသည်။ ထိုသို့ ဓာတုဗေဒ ဆေးပစ္စည်းများ ယမ်းများ အပါအ၀င် အချို့ပစ္စည်းများအား တရားမ၀င် သိုလှောင်ထားမှုကြောင့် မီးအရှိန်ဖြင့် ဓာတ်ပြုပြီး ပြင်းထန်သော ပေါက်ကွဲမှုကြီးဖြစ် ပွားခဲ့ရကြောင်း စုံစမ်း သိရှိရသည်”ဟု ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ရေးသားထားသည်။

မီးလောင်မှု ဖြစ်ပွားခဲ့သော ဂိုဒေါင်းများကို ပရဆေးပစ္စည်း ရောင်းချသူများက အစိုးရ ဌာနဆိုင်ရာမှ ငှားရမ်း သုံးစွဲထားခဲ့ကြခြင်းဖြစ် သည်။ ထိုဂိုဒေါင်များသည် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ပိုင်ဆိုင်ပြီး အငှားချထားသည့် ဂိုဒေါင်များ ဖြစ် ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အရာရှိတဦးက ဆိုသည်။

“အဲဒီ ဂိုဒေါင်တွေက ကျနော်တို့ စည်ပင်နဲ့ မပတ်သက်ပါဘူး။ ကျနော်တို့လည်း စစ်ဆေးရေး အဖွဲ့ထဲမှာ မပါဘူး။ ဂိုဒေါင် တွေက စီးပွား/ကူးသန်း ၀န်ကြီးဌာနပိုင်တွေပါ။ ကျနော်တို့ ဂိုဒေါင်တွေ မဟုတ်ပါဘူး”ဟု ၎င်းက ပြောသည်။

စီးပွား/ကူသန်း ၀န်ကြီးဌာနကို အငှားချထားမှုနှင့် အန္တရာယ်ရှိ ပစ္စည်းများ တရားမ၀င် သိုလှောင်ထားမှုကို ကြိုတင် စစ်ဆေးမှု ရှိမရှိ ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ ပြန်လည် ဖြေကြားခြင်း မရှိပေ။ ယင်းမီးလောင်မှုသည် မြန်မာနိုင်ငံ မီးလောင်မှု သမိုင်းတွင် အကြီးကျယ်ဆုံး ဖြစ်ကြောင်း မီးသတ်ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် က သတင်းသမားများကို မှတ်ချက်ပေး ပြောကြားခဲ့သည်။

လက်နက်ကိုင် တိုင်းရင်းသားတွေလည်း မီဒီယာ လွတ်လပ်ခွင့် တောင်းဆိုပြီ

January 26, 2012

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့နဲ့ ဦးသိန်းစိန် အစိုးရ ကိုယ်စားလှယ်တွေ ငြိမ်းချမ်းရေးကိစ္စ တွေ့ဆုံဆွေးနွေးကြတဲ့အခါ အရင် တကြိမ်တခါကမှ မတောင်းဆိုခဲ့ဖူးတဲ့ အချက်တခု တောင်းဆိုလာတာ တွေ့ရပါတယ်။

အဲဒါကတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးသမျှတွေကို နှစ်ဖက် မှန်မှန်ကန်ကန် သတင်း ထုတ်ပြန်ပေးဖို့​ ​တောင်းဆိုလာတာ ဖြစ်ပါတယ်။ ဒီအချက်ဟာ အလွန် ထူးခြားပါတယ်။ တိုင်းရင်းသားတွေ ဒီအချက်ကို ဘာလို့ တောင်းဆိုလာတာလဲ၊ အရင်က ဘာတွေဖြစ်ခဲ့ပြီး လက်ရှိ ဘာတွေဖြစ်နေလို့လဲ ဆိုတာ ဆွေးနွေး တင်ပြသွားမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၂ ရက်နေ့က ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံးနဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့ အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပါတယ်။ အဲဒီမှာ သဘောတူညီချက် ၅ ချက်နဲ့ ဆက်ပြီး ဆွေးနွေးဖို့ သဘောတူတဲ့ အချက် ၁၁ ချက် ပါဝင်ပါတယ်။ ဆက်ပြီး ဆွေးနွေးဖို့ သဘော တူညီချက် အမှတ် ၅ မှာ “ နိုင်ငံတော် သတင်း မီဒီယာများအား ငြိမ်းချမ်းရေး လမ်းစဉ်များတွင် ပူးပေါင်း ဆောင်ရွက်စေရန်နှင့် အခြား သတင်း မီဒီယာများအား တိကျသော ငြိမ်းချမ်းရေး ဆိုင်ရာ သတင်း အချက်အလက်များအား ရယူခွင့်ပြုရန်” ဆိုတဲ့ အချက် ပါဝင်ပါတယ်။ အလားတူ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၉ ရက်နေ့မှာ ကေအိုင်အို ကချင်လွတ်လပ်ရေးအဖွဲ့နဲ့ အစိုးရ ကိုယ်စားလှယ်တွေ ရွှေလီမှာ တွေ့ဆုံ ဆွေးနွေးစဉ်မှာလည်း ကေအိုင်အို ဘက်ကနေ “ပြည်သူအများကို မှန်ကန်သော သတင်း ထုတ်ပြန်သွားရန် သဘောတူပါသည်” ဆိုတဲ့ အချက်ကို ထည့်သွင်း ဆွေးနွေး ခဲ့ပါတယ်။ အဲလို ဆွေးနွေးတဲ့ အဖွဲ့ ၂ ဖွဲ့လုံးကို အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေက လိုက်နာပါမယ်လို့ ကတိမပေးခဲ့ပါဘူး။

တရုတ်-မြန်မာနယ်စပ်မှာရှိတဲ့ ကချင်စစ်ပြေးဒုက္ခသည်တွေ စားဝတ်နေရေး မလုံလောက်မှုနဲ့ ကျန်းမာရေးထိခိုက်မှုတွေ ကြုံတွေ့နေ

video DVB TV

ညှဉ်းပမ်းနှိပ်စက်ပြီး သတ်ဖြတ်လိုက်မှုအပေါ် အစိုးရအနေဖြင့် တာဝန်ယူမှုရှိရမည်ဟု PWO က သတင်းထုတ်ပြန်

သတ်ခံရသည့် လောင်းကို စစ်ဆေးနေစဉ် (ဓါတ်ပုံ - PWO)
သတ်ခံရသည့် လောင်းကို စစ်ဆေးနေစဉ် (ဓါတ်ပုံ - PWO)


ဌာနေ ပြည်သူ့စစ်အဖွဲ့က တအာင်းပြည်သူတဦးအား ညှဉ်းပမ်း နှိပ်စက်ပြီး သတ်ဖြတ် လိုက်ခြင်းအပေါ် အစိုးရ အာဏာပိုင်များ အနေဖြင့် ထိရောက်စွာ အရေးယူ ဆောင်ရွက်မှု ပြုလုပ်ရမည် ဖြစ်ကြောင်း ပလောင်အမျိုးသမီးအစည်းအရုံး (PWO) အထွေထွေ အတွင်းရေးမှူး လိုည်းနွေနှောင်းက ပြောသည်။

ယခုလ (၃) ရက်နေ့က နမ့်ခမ်းမြို့နယ်၊ စယ်နေကျေးရွာအုပ်စု၊ ဖာပြန့်ကျေးရွာတွင် ပန်ဆေးပြည်သူ့စစ် ခေါင်းဆောင် ကျန်လုက ဦးအိုက်ထာက်နိုင်(ခ) ဦးနိုင်ဆွယ်အား လက်ထိပ်ခတ်ပြီး ရိုက်နှက်မှုများ ပြုလုပ်ပြီး နောက် (၄) ရက်နေ့ နံနက်ပိုင်းတွင် သတ်ပစ် လိုက်ခြင်းဖြစ်သည်။

“သူ့ကို စစ်တပ် တည်းခိုတဲ့ (ဒေါ်မားဘွတ်) အိမ်လှေခါးအောက်မှာ နောက်ပြန် လက်ထိပ်ခတ်ထားတယ်။ နောက်နေ့ မနက် (၆) နာရီလောက်မှာ ဦးလုကျန်နှင့် ဦးကျန်ကွေရှင်တို့ ရောက်လာပြီး အိုက်ထာက်နိုင်ကို ဒရွတ်တိုက် ဆွဲသွားပြီး ဦးပေါ်ကော်အိမ် ခြံစည်းရိုးနားမှာ (၂) ယောက်က သူ့ကိုကိုင်ထားပြီးတော့ တစ်ယောက်က ထင်းတုံးနဲ့ နဖူးနဲ့ နှောက်စေ့ကို ဦးနှောက် ပွင့်ထွက်တဲ့အထိ ရိုက်တာ၊ အဲဒီမှာဘဲ သေသွားတော့ အလောင်းကို လက်ထိပ်ဖြုတ်ပြီး ဦးပေါ်ကော်ရဲ့ ခြံစည်းရိုး အပြင်ဘက်မှာ စွန့်ပစ်ခဲ့တယ်” ဟု မျက်မြင် တဦးပြောပြချက်ကို ကိုးကား၍ ပလောင်အမျိုးသမီးအစည်းရုံး သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းကဲ့သို့ သတ်ဖြတ်မှုတွင် စစ်တပ် အာဏာပိုင်များ ပါဝင် ပတ်သတ်နေပြီး အရေးယူ ဆောင်ရွက်မှုများ မရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။

“ကျမတို့အနေနဲ့ ပြောချင်တာက အခုအစိုးရသစ်က သူတို့အနေနဲ့ ပြုပြင် ပြောင်းလဲမှုတွေ လုပ်နေပါလို့ ပြောပေမဲ့ ဘာမှ တိုးတက်မှု မရှိသေးဘူး၊ အထူးသဖြင့် တိုင်းရင်းသား ဒေတွေမှာ တိုက်ပွဲတွေဖြစ်နေတာ၊ အခုလို သတ်ဖြတ်မှုတွေ ဖြစ်နေတဲ့အပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှု တရပ်အနေနဲ့ အရေးယူ ဆောင်ရွက်ပေးရမှာ ဖြစ်တယ်” ဟု လိုည်းနွေနှောင်းက ဆက်ပြောသည်။

မြေယာခွဲ​ဝေမှုမှာ လုံး​ဝသမာသမတ်မကျတဲ့​ ကိစ္စမျိုး​တွေ အများ​ကြီး​ပဲ

လယ်သမားများ ဆန္ဒပြစဉ် (၂၇ အောက်တိုဘာ ၂၀၁၁ )
January 25, 2012

တောင်သူလယ်သမား​များ​ တိုး​တက်​ရေး​ အင်အား​စုက မ​ကွေး​တိုင်း​ ကံမမြို့​နယ် စစ္စရံ ​ကျေး​ရွာမှာ မ​နေ့​က ​တောင်သူလယ်သမား​ ဘဝဖွံ့​ဖြိုး​ တိုး​တက်​ရေး​နဲ့​ လယ်ယာစီး​ပွား​ ဖွံ့​ဖြိုး​ တိုး​တက်​ရေး​အတွက် လယ်သမား​နှီး​နှောပွဲတခုကို ဦး​စီး​ လုပ်​ဆောင်ရာမှာ ရွာနီး​ချုပ်စပ်က လယ်သမား​ ၂၀၀ ​ကျော် တက်​ရောက် ​ဆွေး​နွေး​ပါတယ်။
နှီး​နှောဖလှယ်ပွဲနဲ့​ ပတ်သက်ပြီး​ အဲဒီအင်အား​စုက တာဝန်ရှိသူ ဦး​မျိုး​သန့်​ကို ဆက်သွယ် ​မေး​မြန်း​ထား​ပါတယ်။

လယ်သမား​ နှီး​နှောဖလှယ်ပွဲတခု လုပ်​နေတယ်ကြား​လို့​၊​ ဘာ​တွေလုပ်ခဲ့​လဲ။
“မ​နေ့​က မ​ကွေး​တိုင်း​ ကံမမြို့​နယ်၊​ စစ္စရံ​ကျေး​ရွာမှာ လုပ်တာပါ။ ​တောင်သူလယ်သမား​ ဘဝဖွံ့​ဖြိုး​ တိုး​တက်​ရေး​နဲ့​ လယ်ယာ စီး​ပွား​ဖွံ့​ဖြိုး​ တိုး​တက်​ရေး​ ဆိုပြီး​ အဲဒီနာမည်နဲ့​ ဖိုရမ်လုပ်ပါတယ်။ ​တောင်သူလယ်သမား​များ​ဘဝ တိုး​တက်​ရေး​ အင်အား​စု အ​နေနဲ့​ လုပ်တာပါ။ ​တောင်သူလယ်သမား​ နှီး​နှော ဖလှယ်ပွဲ​ပေါ့​။ လုပ်တာက ​တောင်သူလယ်သမား​များ​ဘဝ တိုး​တက်​ရေး ​အင်အား​စုဆိုပြီး​ ကျ​နော်တို့​ လုပ်တာပါ။ အဲဒီမှာ လယ်သမား​ ၂၀၀ ဝန်း​ကျင် တက်​ရောက်ပါတယ်။ မ​ကွေး​တိုင်း​နဲ့​ ပဲခူး​တိုင်း​ အ​နောက်ခြမ်း​က ဇီး​ကုန်း​၊​ ကြို့​ပင်​ကောက်၊​ ​ပေါင်း​တည်၊​ နတ္တလင်း​ပေါ့​။ ဒီမြို့​နယ်​တွေက လယ်သမား​တွေ တက်ပါတယ်။ အား​လုံး​ပေါင်း​ ၂၀၀ ဝန်း​ကျင်​လောက် ရှိပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ကို Benazir Bhutto ဒီမိုကရေစီဆု ချီးမြှင့်

ဒေါ်အောင်ဆန်းစုကြည်အား ပါကစ္စတန် သမ္မတက ဆုမချီးမြှင့်မီ (ဓာတ်ပုံ - ဧရာဝတီ)

video - Burma VJ
January 25, 2012

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကစီအရေး၊ တရားမျှတမှု၊ တန်းတူ ညီမျှတမှုများ အတွက် ဘ၀ တသက်တာ လှုပ်ရှား ရုန်းကန် တိုက်ပွဲဝင်မှုများကို ဂုဏ်ပြုသောအားဖြင့် ပါကစ္စတန်သမ္မတ Asif Ali Zardari ကBenazir Bhutto ဒီမိုကရေစီဆု ချီးမြှင့် လိုက်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံသို့ ခေတ္တ အလည်အပတ် ရောက်ရှိနေသော ပါကစ္စတန် သမ္မတက ယနေ့ နေ့လယ် ၂ နာရီတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တက္ကသိုလ် ရိပ်သာလမ်း နေအိမ်၌ တွေ့ဆုံပြီးနောက် သတင်းထောက်များ၊ ပါကစ္စတန် အစိုးရ အရာရှိများ ရှေ့မှောက်၌ ပါကစ္စတန် သမ္မတ၏ သား၊ သမီးတို့နှင့်အတူ ဒေါ်အောင်ဆန်းစုကြည်ကို အဆိုပါဆု ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ဆုချီးမြှင့်မှုအတွက် ဒေါ်အောင်ဆန်းစုကြည်က ပါကစ္စတန်သမ္မတနှင့် အဖွဲ့ဝင်များအား ကျေးဇူးတင်ကြောင်း ပြောဆိုရာတွင် ဖော်ပြစရာ စကားလုံး ရှာဖွေဖို့ ခက်ခဲလှကြောင်း၊ ပါကစ္စတန် သမ္မတနှင့် တွေ့ဆုံရသည်မှာ မိသားစုနှင့် ပြန်လည် တွေ့ဆုံ ရသကဲ့သို့ ခံစားရကြောင်း ပြောသည်။

Wednesday, January 25, 2012

ကိုပေါ်ဦးရဲ့သွေးက ကျွန်တော်တို့ထက်ရဲတယ်

 
ဇန်န၀ါရီ ၂၅၊ ၂၀၁၂
 
ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရသော ၈၈ ကျောင်းသားများသည် သက်ဆိုင်ရာ အကျဉ်းထောင် အသီးသီးမှ လွတ်မြောက်လာပြီးသည့်နောက် မိမိတို့ ယုံကြည်ချက်အတိုင်း ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ဆက် လက်ချီတက် လျှောက်လှမ်း ကြမည် ဖြစ်သည့်အတွက် အကျဉ်းထောင် အတွင်းခံစားခဲ့ရသော ကျန်းမာရေး ဝေဒနာများကို နာရေးကူညီမှုအသင်း (ရန်ကုန်) ရှိ သုခကုသိုလ်ဖြစ် ဆေးခန်း၌ အသီးသီး လာရောက်၍ ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။
 
၂၄.၁.၂၀၁၂ ရက်နေ့ နေ့လည် (၁း၀၀) နာရီအချိန်တွင် ရေဝေးသုဿန်၌ ကိုသက်နွယ် အသက် (၅၄) နှစ်၏ ရုပ်အလောင်းအား မီးသင်္ဂြိုလ်ခြင်း အခမ်းအနားကို ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် အဖွဲ့သည် သွားရောက်ခဲ့ပြီးသည့်နောက် မြောက်ဒဂုံမြို့နယ်ရှိ ဝဋ်ကြွေးတော်ပြေ ဆရာတော်ကြီး အား သွားရောက်ဖူးမြော်ခဲ့ပြီး နာရေးကူညီမှုအသင်း (ရန်ကုန်) နှင့် သုခကုသိုလ်ဖြစ် ဆေးခန်းသို့ လာရောက်၍ လေ့လာခဲ့ကြသည်။ ဥက္ကဋ္ဌ ဦးကျော်သူနှင့် တွေ့ဆုံစကားပြောဆိုပြီးသည့်နောက် နာရေးကူညီမှုအသင်း (ရန်ကုန်) ရှိ လုပ်ငန်း ဆောင်ရွက်မှုများအား လိုက်လံ ရှင်းလင်းပြသခဲ့ကာ သုခကုသိုလ်ဖြစ် ဆေးခန်းတွင် အချိန် မအားလပ်သည့်ကြားမှ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်သည် သွေးဖောက်၍ ကျန်းမာရေး စစ်ဆေးမှုကို ခံယူခဲ့သည်။ ကိုမင်းကိုနိုင် သွေးဖောက် စစ်ဆေးစဉ် ဥက္ကဋ္ဌ ဦးကျော်သူမှ “ကိုပေါ်ဦးရဲ့သွေးက ကျွန်တော်တို့ထက် ရဲတယ် .. ဟေ့” ဟု ပြောကြားခဲ့ရာ အဖွဲ့သား အားလုံးတို့အတွက် အားဆေးတစ်ခွက် တိုက်ကျွေးခဲ့ရသလို ဖြစ်တော့သည်။

ပဲခူးမြို့၌ ကျင်းပသော လွတ်မြောက် လာသည့် နိုင်ငံရေး အကျဉ်းသားများအား ဂုဏ်ပြုသော အခမ်းအနားတွင် ကိုကိုကြီး၊ ကိုမင်းကိုနိုင်တို့ ပြောကြားခဲ့သည့် (ရုပ်သံ)

You Tube video -peacerunning

တပ်မတော်သားများ ရာဇ၀တ်မှု ကျူးလွန်ခြင်း

 
၂၂၊ ၁၊ ၁၂ နေ့ ညနေက ဗွီအိုအေ အသံလွှင့် ဌာနရဲ့သတင်းပေးမှုထဲမှာ ဟိုပင်မြို့က ဗိုလ်ကြီးတယောက် လူသတ်မှု ကျူးလွန်တဲ့အကြောင်း ကြားလိုက်ရပါတယ်။ ဟိုပင် ဘူတာမှာ ယာယီအလုပ်ဝင်နေတဲ့  အင်္ဂလိပ်စာ မေဂျာနဲ့ ဘွဲ့ရထားတဲ့ အလုပ်သမားကလေးတယောက်ဟာ သူ့ သူငယ်ချင်းနဲ့ အတူတူ စားသောက်ဆိုင် တခုအတွင်းမှာ အရက်သောက်နေခိုက် အဲဒီဆိုင်ထဲမှာ ရှိနေတဲ့ ဗိုလ်ကြီးတဦးနဲ့ စကားများ ရန်ဖြစ် ရာက ဗိုလ်ကြီးက အိတ်ထဲမှာ ပါလာတဲ့ပစ္စတိုနဲ့ ထုတ်ပစ်လိုက်တာ အရပ်သား လူငယ်လေး ဦးနှောက်ပွင့်ပြီး သေဆုံးသွားတယ်။ အဲဒီ ဗိုလ် ကြီးကပဲ အလောင်းကို ဆေးရုံ ပို့မယ်ပြောပြီး မော်တော်ဆိုင်ကယ်ပေါ် တင်သွားပြီးသင်္ချိုင်း အနီးမှာ ပစ်ထားခဲ့တယ်။ စားသောက်ဆိုင်က ရဲကို အကြောင်းကြားတော့ ဒီစစ်ဗိုလ်ကို စစ်ရဲက ဖမ်းထားပြီလို့ ပြောကြောင်း သတင်းမှာ ပါရှိတယ်။ တဆက်တည်းပဲ ဟိုပင်မြို့သူမြို့သားတွေက စစ်တပ်ရဲ့ ရမ်းကားမှု၊ ဥပဒေမဲ့ ပြစ်မှု ကျူးလွန်မှု များကြောင့် စိုးရိမ် ထိတ်လန့် နေကြကြောင်းတွေပါ ထုတ်လွှင့်သွားပါတယ်။
 
ဒီသတင်းကို ကြားလိုက်ရပြီးတဲ့နောက် အရင်နှစ်ကတည်းက ပဲခူးမြို့ ဇိုင်းဂနိုင်းက လူသတ်မှုကိုပါ ပြန် အမှတ်ရ လာတယ်။ အဲဒီ လူသတ်မှုမှာလည်း စစ်တပ်က အရပ်သားအပေါ် ရမ်းရမ်းကားကား ကျူးလွန် ခဲ့တာပါပဲ။ ဒီဇိုင်းဂနိုင်း လူသတ်မှုအကြောင်း ပြည်သူလူထုက စိတ်ဝင်စားပေမယ့် နောက်ထပ် ဘာမျှ မကြားရတော့ပါဘူး။ အခု ဟိုပင်က လူသတ်မှုလည်း ဒီလိုနဲ့ တိတ်ဆိတ် သွားဦးမယ်လို့ ထင်ပါတယ်။

ဟိုပင် မြိ့သူမြို့သားတွေကတော့ စစ်တပ်ရဲ့ ဥပဒေမဲ့ ကျူးလွန်မှုလို့ ပြောကြတယ်လို့ ဆိုပါတယ်။ စစ်ဗိုလ် တယောက်က “ဟေ့ တို့စစ်တပ်က လူသတ်လည်း အရေးမကြီးဘူးကွ” လို့ ကြုံးဝါးတဲ့ အသံတခုလည်း သတင်း တခုမှာ မကြာခင်က ကြားလိုက်မိပါတယ်။ ဒီတော့ စစ်တပ်က လူသတ်တာ၊ အခြားရာဇ၀တ်မှု ကျူးလွန်တာတွေဟာ ဥပဒေမဲ့ လုပ်ရပ်ကော် ဟုတ်မှ ဟုတ်သေးရဲ့လားလို့ မေးခွန်း ထုတ်မိပါတယ်။ ဒီရာဇ၀တ်မှု ကျူးလွန်တာတွေ အကြောင်း နောက်ထပ် မကြားရတာကကော ဥပဒေမဲဖြစ်ရပ်မှ ဟုတ်ရဲ့လား။ ဥပဒေ အတွင်းမှာပဲ ကျူးလွန်ပြီး ဘာသံမှ မကြားရပဲ ဒီအမှုတွေဟာ ဥပဒေ အတွင်းမှာပဲ ပြီးသွားတာလား။ စဉ်းစားစရာ ဖြစ်လာပါတယ်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာတော့ ပုဒ်မ (၃၄၃) စစ်ဘက် တရားစီရင်ရာတွင် ပုဒ်မခွဲ (က) တပ်မတော်သားများအတွက် အဖွဲ့ဖြင့်ဖြစ်စေ၊ တဦးတည်းဖြစ်စေ၊ ဥပဒေ နှင့်အညီ စီရင်နိုင်သည်လို့ ဆိုပြီး ပုဒ်မခွဲ (ခ) မှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ အဆုံးအဖြတ်သည် အပြီးအပြတ်ဖြစ်သည်လို့

လူထုကို လုံခြံမှု ပေးနိုင်သည့် ဥပဒေ ပြဌာန်းပေးရန် တောင်းဆို

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ပဲခူးမြို့ရှိ လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများ ဂုဏ်ပြုပွဲ အခမ်းအနားသို့ တက်ရောက်စဉ် (ဓာတ်ပုံ - ဧရာဝတီ)
January 24, 2012

သရက်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြည်သူလူထုကို လုံခြုံမှုပေးနိုင်သော ဥပဒေတရပ် ပြဌာန်းပေးရန် လွှတ်တော်အတွင်း ၀င်ရောက်မည့် ကိုယ်စားလှယ် လောင်းများအား တောင်းဆို လိုက်သည်။

“လူတွေက အချိန်မတော် ဘယ်သူ ငါ့အိမ်ကို တံခါးလာခေါက်မလဲ၊ ဘယ်လို ရှာစားရမလဲ ဆိုတဲ့ မလုံခြုံတဲ့ ဘ၀တွေအတွက် ကာကွယ်မှုပေးနိုင်တဲ့ ဥပဒေတွေ ရေးဆွဲပေးပါ” ဟု ယနေ့ နံနက် ပဲခူးမြို့၌ ကျင်းပသော လွတ်မြောက် လာသည့် နိုင်ငံရေး အကျဉ်းသားများအား ဂုဏ်ပြုသော အခမ်းအနားတွင် ကိုမင်းကိုနိုင်က ပြောသည်။

ပြည်သူလူထုဘ၀ လုံခြုံမှုအတွက် ဒီမိုကရေစီ လိုလားသူများအားလုံး ပူးပေါင်းကာ လွှတ်တော်အတွင်း အပြင် နှစ်ရပ်စလုံးတွင် လုပ်ကိုင်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ ဒီမိုကရေစီ အရေး လှုပ်ရှားမှုများတွင် လူထုပူးပေါင်းပါဝင်မှုကို ဒီမိုကရေစီ အင်အားစုများသာမက အာဏာပိုင်များကလည်း လက်ခံနားလည်မှု ပေးကာ အကောင်းမြင်ပေးရန် ကိုမင်းကိုနိုင်က ပြောသည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကိုကိုကြီးကလည်း ၎င်းတို့ ကျောင်းသားများအား နှစ် ၂၀ ကျော် ကြာသည်အထိ ထောက်ခံ အားပေးခဲ့သော လူထုကို ဂုဏ်ပြုချင်သည်ဟု ဆိုသည်။

Tuesday, January 24, 2012

ကချင်ဒုက္ခသည်များသို့ ပြောကြားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှာစကား

Copy from - drlunswe.blogspot

ပေးထားတဲ့ကတိ မတည်တာကြောင့် မန်းငြိမ်းမောင် အံ့သြမိ

KNU ဗဟို ကော်မတီဝင် ဖဒိုမန်းငြိမ်းမောင် - RFA
2012-01-23
လွှတ်ပေးမယ်လို့ ကတိပေးထားပါလျက် နောက်ထပ် ပုဒ်မကြီးတွေ တပ်ပြီး ရုံးထုတ် စစ်ဆေးခံရတာကို အလွန် အံအားသင့်မိကြောင်း အင်းစိန် အကျဉ်းထောင်တွင်း ထိန်းသိမ်းခံထားရတဲ့ KNU ဗဟို ကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က ပြောဆိုကြောင်း အမှုကို လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ တရားရုံးချုပ် ရှေ့နေကြီး ဦးကြီးမြင့်က ပြောပါတယ်။

မန်းငြိမ်းမောင်ကို အစိုးရနဲ့ KNU ငြိမ်းချမ်းရေး အတွက် ကြားဝင် ဆောင်ရွက်သင့်တဲ့ အချက်အလက်တွေ မေးမြန်းခဲ့ပြီး ပြန်လွှတ်ပေးမယ်လို့ ကတိ ပေးထားခဲ့ကြောင်း မန်းငြိမ်းမောင်က ရှေ့နေကြီး ဦးကြီးမြင့်ကို ပြောလိုက်တယ်လို့ သိရပါတယ်။

“ငြိမ်းချမ်းရေး ရအောင်သာ ကူညီပါ။ ဘယ်လို ငြိမ်းချမ်းရေး ရအောင် လုပ်နိုင်မလဲလို့ အကူအညီ တောင်းတယ်တဲ့။ သူကလည်း သေသေချာချာ ပြောပြတယ်။ သူညွှန်ပြတဲ့ ဆရာတော်တွေ အရလည်း ဒီဘက်က ဆက်သွယ်တဲ့ အခါကျတော့ အောင်မြင်တယ် ပေါ့။ အဲဒီလိုတွေ ဖြစ်ပြီးတော့မှ အခုလို တရားစွဲလိုက်တဲ့ပေါ်မှာ၊ ကတိပေးထားပြီးတော့မှ ဒီလိုစွဲလိုက်တော့ အရမ်း အံ့အားသင့် နေတယ်။ စိတ်မကောင်းဘူးဗျ။ အဲဒါ ကျွန်တော့်ကို ပြောတယ်”
 
ရှေ့နေကြီး ဦးကြီးမြင့် ပြောပြတာပါ။ မန်းငြိမ်းမောင်ကို မတရားအသင်းနဲ့ဆက်သွယ်မှု ပုဒ်မ ၁၇၊ ၁ နဲ့ နိုင်ငံတော် ပုန်ကန်မှု ၁၂၂-၁ အမှုနှစ်ခုနဲ့ စွဲချက်တင်ထားတာပါ။ မန်းငြိမ်းမောင် အဖမ်းခံရတုန်းက ရင်ဆိုင်ခဲ့ရတဲ့ လူဝင်မှု ကြီးကြပ်ရေး ဥပဒေပုဒ်မနဲ့ မှတ်ပုံတင်အတု ပြုလုပ်တဲ့ပုဒ်မ နှစ်ခုအတွက် ထောင်ဒဏ် ၆ လ ချမှတ်ခံရပြီး အချုပ်ရက်နဲ့ အဲဒီထောင်သက်တမ်းစေ့သွားပြီးလို့ သိရပါတယ်။

ဦးခင်ညွန့် အလုပ်ရပြီ

January 24, 2012  

၇ နှစ်ကြာ အလုပ်လက်မဲ့ ဖြစ်နေတဲ့ ဦးခင်ညွန့် အလုပ်ရပါပြီ။ သူ့ကို အလုပ်ပေးမယ့်သူက ဇေကမ္ဘာ ဒေါက်တာဦးခင်ရွှေ ဖြစ်တယ်၊ ရမယ့် ရာထူးက မြရိပ်ညို ဖောင်ဒေးရှင်းမှာ နာယက ဖြစ်တယ် လို့ RFA အသံလွှင့်ဌာန ၀က်ဆိုက်မှာ ဒီကနေ့ ရေးထားပါတယ်။
ဦးခင်ညွန့် လွတ်မြောက်တဲ့နေ့တုန်းက သူ့ဆီ အရင်ဦးဆုံး သွားရောက် တွေ့ဆုံ စကားပြောဆိုတဲ့ သူတွေထဲမှာ ဒေါက်တာဦးခင်ရွှေလည်း ရှေ့ဆုံးက ပါဝင်သူပါ။ အဲဒီကတည်းက ဖောင်ဒေးရှင်းမှာ ၀င် လုပ်ပေးဖို့ ပြောခဲ့တာလည်း ဖြစ်နိုင်ပါတယ်။

ဒါဆိုရင် မြရိပ်ညို ဖောင်ဒေးရှင်း ဘာလဲ?

မြရိပ်ညို ဖောင်ဒေးရှင်းဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလလယ်မှာ စတင် ပေါ်ပေါက် လာတာပါ။ ဖောင်ဒေးရှင်းနဲ့ ပတ်သက်တဲ့ သတင်းတွေ ရန်ကုန်ထုတ် ဂျာနယ်အတော်များများမှာ ပါဝင်ခဲ့ပါတယ်။

၂၀၁၁ နိုဝင်ဘာမှာ ဦးခင်ရွှေရဲ့ ချွေးမ သရုပ်ဆောင် နန္ဒာလှိုင်ကလည်း True News ဂျာနယ်ကို ဒီလို ပြောပါတယ်။

“မြရိပ်ညို ဖောင်ဒေးရှင်းကို အစ်မရဲ့ ယောက္ခမ ဖြစ်တဲ့ ဦးခင်ရွှေက သိန်းတစ်သောင်း မတည်ပြီး စတင် တည်ထောင် ပေးခဲ့တယ်။ အဲဒီ ဖောင်ဒေးရှင်း ထူထောင်ပြီး နောက်ပိုင်း ပခုက္ကူ မြို့မှာ ရေကြီးမှု ဖြစ်ပွား ခဲ့တယ်။ ရေကြီးမှု ဖြစ်ပွား ခဲ့တဲ့ ပခုက္ကူ မြို့အပြင် ပခုက္ကူ မြို့က ရွာတချို့ကို လိုအပ် တာတွေ လှူဒါန်းမှု ပြုလုပ် ခဲ့တယ်”

၂၀၁၁ နိုဝင်ဘာလမှာ ဦးခင်ရွှေရဲ့သား ဦးဇေသီဟက ပေါ်ပြူလာသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

“မိဘမဲ့ ကလေးတွေ နဲ့ သက်ကြီး ရွယ်အိုတွေကို ကုမ္ပဏီက ဟိုတယ်၊ စားသောက်ဆိုင်တို့၊ ဘုရား၊ တိရစ္ဆာန်ရုံ၊ ဂေါက်ကွင်း၊ ရုပ်ရှင်ရုံ စတဲ့ နေရာတွေမှာ တစ်နေကုန် သူတို့ ပျော်အောင်ထားပြီး ပြန်ပို့ပေးမယ့် အစီအစဉ်မျိုး လုပ်မှာပါ” လို့

ဒါဆိုရင် မြရိပ်ညို ဖောင်ဒေးရှင်းဟာ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု ဆိုင်ရာ အကူအညီတွေပေးမယ့် အဖွဲ့ပါ။

ဦးခင်ညွန့်က လူတွေကို ဖမ်းပြီးနှိပ်စက်တဲ့နေရာမှာ စပယ်ရှယ်လစ်ဖြစ်ခဲ့တဲ့ စစ်ထောက်လှမ်းရေးတွေရဲ့ အကြီးအကဲဟောင်း ဆိုတော့ အင်း ... ဒီဖောင်ဒေးရှင်းကိုသာ အမှန်တကယ် ဦးဆောင်ဖြစ်ခဲ့ရင် ဘာတွေ ဖြစ်လာမယ် မသိတော့ပါဘူးလေ။
သတင်းရင်းမြစ် - ဧရာဝတီ

Monday, January 23, 2012

မြန်မာအစိုးရစစ်တပ် ပစ်ခတ်မှုကြောင့် လက်နက်မဲ့ပြည်သူ (၅)ဦးဒဏ်ရာရ

ဝမ်းဗိုက်တွင် ကျည်ဆန်ထိမှန်ကာ အူ ၃ နေရာတွင် ဖြတ်ချုပ်ရသည့် ကချင်အမျိုးသား ဦး မရန်အထင် (ထင်ဂျား)
23
 
ပြည်တွင်းစစ် ဖြစ်နေသော မြန်မာပြည် မြောက်ပိုင်း ကချင်ပြည်နယ် အနောက်ဘက် ဖားကန့်ကျောက်စိမ်းမှော် ဒေသတွင် အစိုးရ စစ်သားများက လက်နက်မဲ့ ပြည်သူများကို ပစ်ခတ်ရာ လူ ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာ ရရှိခဲ့သည်။

ဖားကန့်မြို့နယ် လောင်ခန်(Lawng Hkang)နှင့် ဆိုင်းရာ(Seng Ra)ရွာသစ် ကြားတွင် ဇန်န၀ါရီလ ၁၅ ရက် နံနက် ၉ နာရီ၌် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ထောင်ထားသော မိုင်းကို အစိုးရစစ်ကြောင်း စစ်သားများ နင်းမိ ပေါက်ကွဲရာ မိုင်းပေါက်ကွဲသံကြောင့် ရွာသားများ ကြောက်ရွံ့ ထွက်ပြေးကြသည်ကို အစိုးရစစ်သားများ လိုက်လံ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ထိုပစ်ခတ်မှုကြောင့် လက်နက်မဲ့ပြည်သူ ဗမာအမျိုးသား ၂ ဦး သေဆုံး၍ အခြား (၅) ဦး ဒဏ်ရာရရှိသည်။

ယခုလို လူမဆန် ပစ်ခတ်မှုကို ကြိုးလွန်ခဲ့သည့် တပ်မှာ အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နမခ) လက်အောက်ခံ ကသာအခြေစိုက် ခမရ အမှတ် (၃၀၉) မှ စစ်သားများဖြစ်သည်။
 PDF ဖိုင် သတင်းဓါတ်ပုံ ကြည့်ရှုရန်
သတင်းရင်းမြစ် - ကချင်သတင်းဌာန
Jan 2012

မြန်မာပြည် မြေပေါ်က အဖိုးတန် သဘာဝ ပစ္စည်းတွေ ဘယ်ရောက်ကုန်ကြပြီလည်း ...


Huge Oak Tree Root from Myanmar to China

မြန်မာပြည် မြေပေါ်က အဖိုးတန် သဘာဝပစ္စည်းတွေ ဘယ်ရောက်ကုန်ကြပြီလည်း။ မြန်မာပြည်ရဲ့  သဘာဝ သစ်ပင်ကြီးတွေထဲက ၀က်သစ်ချပင် အကြောင်း အကျဉ်းချူပ် ပြောရရင် ၀က်သစ်ချပင်(oak tree) ဟာ နွေဦးမှာ အထူးသဖြင့် မေလမှာ သစ်ရွက်တွေ စိမ်းစိမ်းစိုစိုနဲ့ ဆောင်းဦးမှာ အရွက်တွေ ခြောက်သွားရင်တောင် ကြွေမကျဘဲ အင်မတန်ခိုင်န့် တဲ့ သစ်ပင်ကြီးမျိုး ဖြစ်ပါတယ်။ ၀က်သစ်ချပင် အခက်လေးတွေကို အိမ်တွေမှာ ကျန်းမာစေတယ် လာဘ်ရွှင်စေတယ်ဆိုတဲ့ ယုံကြည်မှုနဲ့  ဆောင်ထား လေ့ရှ်ိကြပါတယ်။ မြန်မာပြည်ရဲ့  တန်ဖိုး မဖြတ်နိုင်တဲ့ သစ်ပင်ကြီး မျိုးတစ်ခုဖြစ်တဲ့ ၀က်သစ်ချပင်ကြီး တပင်ရဲ့  အင်မတန် ကြီးမားလှတဲ့ ပင်စည် အမြစ်ကြီးကို ဒီလဆန်းပိုင်းမှာ တူးဖေါ် ရရှိခဲ့ပါတယ်။
 
ဒီ ၀က်သစ်ချပင်ကြီးရဲ့  ပင်စည်အမြစ်ကြီးဟာ မြေအောက် အတွင်းမှာပင် အရှည် (၆.၆) မီတာ၊ လုံးပတ် (၃.၆) မီတာနဲ့  အလေးချိန် (၃၆) တန် ရှိပါတယ်။ အင်မတန် ကြီးမားလှတဲ့ ဒီ ၀က်သစ်ချ ပင်စည် မြစ်ကြီးကို (၂) နာရီင်္ကျော်ကျော်ကြာအောင် မြေကြီးထဲကနေ ထွက်လာအောင် ခေတ်မှီ ကရိန်းကား (၂) စီးနဲ့  တူးဖေါ် ဆွဲထုတ်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါတောင် ဒီအရှည် (၆.၆) မီတာက တစ်ပိုင်းဘဲ ဖြစ်ပြီး နောက် တစ်ပိုင်းဟာ နက်နဲတဲ့ မြေကြီးအောက်မှာ ဆက်လက် ရှိနေသေးပြီး ထပ်မံ တူးဖေါ်ရရှိဖို့  ကြိုးစား နေကြတယ်လို့ သိရှိရပါတယ်။
 
မြန်မာမြေမှာ တည်ရှိနေတဲ့ ဒီလို ရှားပါးလှတဲ့ မြန်မာ့ သဘာဝရင်းမြစ်တွေကို တူးဖေါ်တွေ့ ရှိသူတိုင်းဟာ မြန်မာပြည်ရဲ့  ပိုင်ဆိုင်မှု ဖြစ်တဲ့အတွက် မြန်မာပြည် သက်ဆိုင်ရာ ဌာနကို ပေးအပ်ရမှာ ဖြစ်ပါတယ်။ သို့သော်လည်းဘဲ မြန်မာပြည်ပိုင် တန်ဖိုးရှိတဲ့ ရှားပါးတဲ့ ဒီလို နှစ်ပေါင်းများစွာ ကြာမြင့် တည်တံ့နေတဲ့ ၀က်သစ်ချ ပင်ကြီးရဲ့  ကြီးမားလှတဲ့ ပင်စည်မြစ်ကြီးဟာ ယခုအခါမှာတော့ တရုတ်နိုင်ငံရဲ့  သစ်ပင်ကြီးများ သစ်ပင်မြစ်ကြီးများကို ထုထွင်းတဲ့ ပြပွဲမှာ ပြသဖို့ အတွက် တရုတ်နိုင်ငံ root carving art ကုမ္ပဏီ တစ်ခုဆီမှာ မြန်မာပြည်တွင်းမှာ တူးဖေါ်ခဲ့တဲ့ တရုတ်တွေ လက်ထဲကတစ်ဆင့် ရောက်ရှိသွားလို့ နေပါတယ်။

အပစ်ရပ်ရေး လွယ်ပေမယ့် နိုင်ငံရေးေ ဆွးနွေးဖို့ ခက်ကြောင်း မွန်ပြည်သစ်ပြော

လက်ရှိ အစိုးရက မဟာလူမျိုးကြီးဝါဒကို ဆုပ်ကိုင်ထားတော့ နိုင်ငံရေး ဆွေးနွေးဖို့ ဆိုတာ လွယ်မှာ မဟုတ်ဘူး၊ အပစ်အခတ် ရပ်စဲရေး လုပ်တာဟာ လွယ်ပါတယ် (ဓါတ်ပုံ မဇ္ဈိမ)
 ဇန်နဝါရီလ ၂၃ ရက် ၂၀၁၂ ခုနှစ်။

မြန်မာအစိုးရနှင့် အပစ်အခတ် ရပ်စဲရေးလုပ်ရန် မခက်ခဲ သော်လည်း နိုင်ငံရေး ဆွေးနွေးမှုများ ပြုလုပ်ရန် ခက်ခဲသည်ဟု မွန်ပြည်သစ်ပါတီက ပြောသည်။

မကြာမီ ရက်ပိုင်းအတွင်း အစိုးရ ကိုယ်စားလှယ်များနှင့် မော်လမြိုင်မြို့တွင် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးရန် စီစဉ်နေစဉ် အတွင်း ပါတီဥက္ကဋ္ဌ နိုင်ထောမွန်က ဆဋ္ဌမ အကြိမ်မြောက် မွန်အမျိုးသားရေးရာ နှီးနှောဖလှယ်ပွဲ အပိတ်မိန့်ခွန်းတွင် ဇန်နဝါရီ ၂ဝ ရက်နေ့က ပြောကြားလိုက်ခြင်း ဖြစ်သည်။

“အပစ်အခတ် ရပ်စဲရေး လုပ်တာဟာ လွယ်ပါတယ်။ ကျနော်တို့ ပါတီအနေနဲ့လည်း အပစ်အခတ် ရပ်စဲရေးကို လိုလားပါ တယ်။ ဒါပေမယ့် စစ်ဘက်ကနေ လာတဲ့ လက်ရှိ အစိုးရက မဟာ လူမျိုးကြီးဝါဒကို ဆုပ်ကိုင်ထားတော့ နိုင်ငံရေး ဆွေးနွေးဖို့ ဆိုတာ လွယ်မှာ မဟုတ်ဘူး” ဟု နိုင်ထောမွန်က ကိုယ်စားလှယ်များအား ပြောသည်။

နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာသည့် ကိုယ်စားလှယ်အချို့က မွန်ပြည်သစ်ပါတီအား အပစ်အခတ် ရပ်စဲစေလို သည့် တင်ပြချက်များနှင့် ပတ်သက်ပြီး နိုင်ထောမွန်က ပြန်လည် ပြောဆိုခြင်း ဖြစ်သည်။

၁၅ နှစ်တာ အပစ်အခတ် ရပ်စဲရေးကာလအတွင်း ကြုံတွေ့ ဖြတ်သန်းခဲ့ရသည်များကို သင်ခန်းစာယူပြီး အပစ်အခတ် ရပ်စဲရေးတွင် မမွေ့လျော်ကြရန်လည်း ကိုယ်စားလှယ်များအား သတိပေး ပြောဆိုခဲ့သည်။

ဇာဂနာရဲ့ “ဘာဘာညာညာ ဇာဂနာ - အပိုင်း (၁)”

ပိတ်ဆို့မှုရုပ်သိမ်းရေး လာမည်၊ သို့သော် ကြာမည်

"ဒီ sanction တွေ (စီးပွားရေးပိတ်ဆို့မှုတွေ) အစကတည်းက လုပ်ကတည်းက ဘာကြောင့် လုပ်တယ်၊ ဘယ်ခြေလှမ်းတွေ လှမ်းလိုက်ရင် ဒီ sanction တွေကို ရုတ်သိမ်းပေးမယ် ဆိုတာ ပြောထားပြီးသားပါ။ အဲဒီတော့ သူတို့ သတ်မှတ်ထားတဲ့ ခြေလှမ်းတွေ လှမ်းပြီးရင်တော့ ဒီ … santion တွေ စပြီးတော့ ရုတ်သိမ်းမှာပါ။ ဒီခြေလှမ်းတွေက ရွေးကောက်ပွဲ ကြားဖြတ်ရွေးကောက်ပွဲ တခုတည်းတော့ မဟုတ်ပါဘူး"
ဒီနေ့ (ဇန်နဝါရီလ ၂၂ ရက်နေ့)မှာ ဂျွန်မက်ကိန်း အပါအ၀င် အမေရိကန် လွှတ်တော် အမတ်များ နဲ့ တွေ့ဆုံအပြီး ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
(ဓာတ်ပုံ-getty images)
Copy from - irrawaddyblog

လူမှုရေးနဲ့ ပရဟိတ လုပ်ငန်းတွေမှာ အားလုံး ပါဝင် လုပ်ကိုင်မှ တိုင်းပြည် ဆင်းရဲတွင်းကနေ အမြန်ဆုံး လွတ်မြောက်နိုင်မှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

video - DVB TV News
Copy from - drlunswe.blogspot

(၆၅)နှစ်မြောက် ပြည်တောင်စုနေ့ အခမ်းအနား စုပေါင်းကျင်းပပြုလုပ်ရန် ညှိနှိုင်းစည်းဝေး


၂၀၁၂ ခုနှစ် (၆၅)နှစ်မြောက် ပြည်တောင်စုနေ့ အခမ်းအနား ဖြစ်မြောက်ရေးအတွက် ညှိနှိုင်း အစည်းအဝေးကို  Takadanobaba အရပ်ရှိ AUN ရုံးခန်း၌ ယနေညနေ ၁၈း၀၀ နာရီမှ ၂၁း၀၀ နာရီအထိ ကျင်းပပြုလုပ် ခဲ့ကြပါသည်။

ပြည်ထောင်စုနေ့ အခမ်းအနားကို TOKYO Toshima-ku မြို့ နယ် Ikebukuro ရှိ Kohkaido Hall မှာ လာမည့် ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့မှာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံရောက် ပြည်ထောင်စုဖွား တိုင်းရင်းသား အင်အားစုများမှ စုပေါင်း၍ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

PNS - Japan
သတင်းဓါတ်ပုံ ။ Moe Min Thu

မြန်မာပြည် လူ့အခွင့်အရေး အခြေအနေ စိုးရိမ်နေရဆဲ

တနင်္ဂနွေ, 22 ဇန်နဝါရီ 2012

ဒီကနေ့ တနင်္ဂနွေနေ့မှာ နယူးယောက်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး (Human Rights Watch) အဖွဲ့ရဲ့ ကမ္ဘာလုံးဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာ ထွက်ရှိလာတာမှာ အာရှနိုင်ငံတွေရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို အသးစိတ် ဖော်ပြထားပါတယ်။

မနှစ်က ၂၀၁၁ ခုနှစ်မှာ စစ်အစိုးရကနေ အရပ်သား အစိုးရကို ကူးပြောင်းလာခဲ့တဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေဟာ အလွန်တရာ ဆိုးရွား နေတုန်းပဲလို့ ဒီအစီရင်ခံစာက ဆိုပြီးတော့  တိုင်းရင်းသား ဒေသတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ နယ်မြေတွေမှာ မြန်မာစစ်တပ်ရဲ့ အရပ်သား တိုင်းရင်းသားတွေ အပေါ် လူသတ်၊ မုဒိန်းကျင့်၊ နှိပ်စက် ညှဉ်းပန်း သတ်ဖြတ်မှုတွေ ကျူးလွန်နေတာက မြန်မာအစိုးရရဲ့ မကြာသေးခင်က နိုင်ငံရေးအရ ပြုပြင် ပြောင်းလဲမှုတွေကို မှေးမှိန် သေးသိမ် စေတယ်လို့ ဒီအစီရင်ခံစာမှာ ရေးသားထားပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံမှာ လွတ်လပ်စွာ ဆန္ဒထုတ်ဖေါ်ခွင့်၊ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်၊ ဘာသာရေး လွတ်လပ်ခွင့်၊ မီဒီယာ လွတ်လပ်ခွင့်၊ လွတ်လပ်စွာ တရားစီရင်ခွင့်ကို ပယ်ချခြင်းတွေ ရှိနေဆဲပဲလို့လည်း လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး (Human Rights Watch) အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မြောက်ကိုးရီးယားနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အာဏာပိုင်တွေက စနစ်တကျ ကျူးလွန်နေတာနဲ့ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဗီယက်နမ် နိုင်ငံတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း ဒီအစီရင်ခံစာမှာ အသေးစိတ် ထုတ်ဖော် ရေးသားထားပါတယ်။

Copy from - voanews.com/