ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီလူမျိုးများတွင် ဘင်္ဂါလီများကို ဦးစားပေး ကူညီခဲ့ကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လက်ထောက် အထွေထွေအတွင်းရေးမှူးချုပ် Ms. Valerie Amos က မနေ့က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ၀န်ခံလိုက်သည်။
ရခိုင်ပြည်နယ်တွင် ဒုက္ခရောက်နေသူများတွင် ဘင်္ဂါလီ ဦးစားပေး အကူအညီ ပိုလိုအပ်နေသဖြင့် ကူညီခြင်း ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။
ရခိုင်ပြည်နယ်တွင် ကုလသမဂ္ဂ အပါအ၀င် အခြား INGO များသည် ဘင်္ဂါလီ လူမျိုးများကိုသာ အဓိကထား ကူညီခဲ့ပြီး ရခိုင်တိုင်းရင်းသားများအပေါ် တာဝန်မဲ့ခဲ့သဖြင့် ရခိုင်ပြည်နယ်သို့ လာရောက် ရုံးစိုက်မည့်ကိစ္စ၊ ၄င်းတို့ကိုယ်တိုင် ၀င်ရောက် ကူညီမည့် ကိစ္စများကို ရခိုင်တိုင်းရင်းသားများက ကန့်ကွက်ထားသည်။
Copy from - Rakhine Citizen Journalists
0 comments:
Post a Comment