December 24, 2012
မြစ်ကြီးနားအခြေစိုက် အမှတ်(၅၀၃) နန့်ပေါင်လေတပ်စခန်းမှ Mi-35 စစ်ရဟတ်ယဉ် (၂)စီးသည် ဒီဇင်ဘာလ (၂၄)ရက် မနက် (၉)နာရီခွဲ အချိန်တွင် မလိယန်ဒေသ ကွမ်ရှောင် KIA တပ်စခန်းကို ဒုံးကျည်များဖြင့် လာရောက် ပစ်ခတ်ခဲ့သည်။
ထိုသို့ ပစ်ခတ်ရာတွင် မလိရေအား လျှပ်စစ်စက်ရုံမှ မြစ်ကြီးနား၊ ၀ိုင်းမော်သို့ ပေးပို့သွယ်တန်းထားသော ဓါတ်အားသွယ် တာဝါတိုင်ကိုပါ ဒုံးကျည်ဖြင့် ချိန်ရွယ် ပစ်ခတ်ခဲ့သဖြင့် တာဝါတိုင် အနည်းဆုံး(၁)ခု ပျက်စီးခဲ့ကြောင်း သိရှိရသည်။
ထိုဖြစ်စဉ်ကြောင့် မြစ်ကြီးနား၊ ၀ိုင်းမော်သို့ ပေးပို့လွှတ်နေသော လျှပ်စစ်ဓါတ်အား ပြတ်တောက် ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။
မြန်မာအစိုးရစစ်တပ်မှ ခြေလျင်တပ်၊ အမြောက်တပ်ရင်း၊ လေတပ်များမှ ပူးပေါင်း ထိုးစစ်ဆင် တိုက်ခိုက်ေ နသဖြင့် လျှပ်စစ် တာဝါတိုင်ကို အချိန်မှီ ပြင်ဆင်ရန် အခက်အခဲ ရှိနေကြောင်း သိရှိရသည်။

Copy from - Myitkyina blog news
0 comments:
Post a Comment