![]() |
ဗိုလ်ချုပ်ကြီး မူတူးဆေးဖော (ဓာတ်ပုံများ - ပြည်တော်မြင့်/ဧရာဝတီ) |
ကရင်အမျိုးသားအစည်းအရုံး KNU၏ ၁၅ကြိမ်မြောက် ညီလာခံနောက် ဆုံးနေ့ဖြစ်သည့် ယနေ့ တွင် လာမည့် ၄နှစ်သက်တမ်းကို ဦးဆောင်ရန် အတွက် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးကို ဥက္ကဌအဖြစ် ညီလာခံ ကိုယ်စားလှယ်များက ရွှေးချယ်တင်မြောက်ခဲ့ကြသည်။
ရွှေးချယ်ခံရသည့် ဥက္ကဌအသစ်ကို ညီလာခံတက်ရောက်နေကြသည့် ခရိုင်နှင့် တပ်မဟာ (၇) ခုမှ ကိုယ်စား လှယ်များနှင့် အခြားမဲပေးပိုင်ခွင့်ရှိသည့် ၁၇၁ ဦးက ဒီမိုကရေစီနည်းဖြင့် ရွှေးချယ်ခဲ့ကြခြင်း ဖြစ်သည်။
၁၅ ကြိမ်မြောက် KNU ညီလာခံတွင် ဥက္ကဌအပါအဝင် ထိပ်တန်းခေါင်းဆောင်၅ဦးဖြစ်သည့် ကြီးငါးကြီး ကို ရွှေးချယ်ခဲ့ရာ-
ဥက္ကဌ - မူတူးစေးဖိုး
ဒု ဥက္ကဌ- နော်စီဖိုးရာစိန်
အထွေထွေအတွင်းရေးမှူး - ပဒို ကွယ်ထူးဝင်း
တွဲဘက်အတွင်းရေးမှူး (၁)- ပဒို သောသီဘွဲ
တွဲဘက်အတွင်းရေးမှူး (၂) -ပဒို မန်းမန်း တို့ကိုရွှေးချယ်တင်မြောက်ခဲ့ကြသည်။
ရွှေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်အဖြစ် ဆောက်ရွက်ခဲ့သည့် စောမန်းမျိုးမြင့်က ဧရာဝတီ သတင်းဌာနကို သီးခြား ပြောကြားခဲ့သည်။
၁၅ ကြိမ်မြောက် KNU ညီလာခံကို ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ ကရင်အမျိုး သားလွတ်မြောက်ရေး တပ်မတော်လေးဝါး စခန်းတွင် ယခင်လ ၂၆ နေ့က စတင် ကျင်းပခဲ့ပြီး ရက် သတ္တပတ် ၃ပတ်ခန့် ကြာမြင့်ခဲ့ သည်။
၁၉၄၇ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး KNU တွင် ယနေ့အထိ ဥက္ကဌ ၈ ဦးရှိခဲ့ ရာ စောစံဖိုးသင်၊ စောဘဦးကြီး ၊ စောဟံတာသာမွှေး၊ မန်းဘဇန်၊ စောဘိုမြ၊ စောဘသင်စိန်၊ စောတာမလာဘောနှင့် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးတို့ တို့ဖြစ်သည်။
KNU ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ညီလာခံနှင့် ရွှေးကောက်ပွဲကို ၄နှစ် တကြိမ် ကျင်းပရန် ပြဌာန်းထား သည်။
မကြာမီရက်ပိုင်းအတွင်း ကရင်အမျိုးသားလွတ်မြောက်တပ်မတော် KNLA ၏ တပ်မှူးများညီလာခံ ကို ဆက်လက် ကျင်းပမည်ဖြစ်ပြီး KNLA ၏ စစ်ဦးစီးချုပ်နှင့် ဒုတိယစစ်ဦးစီးချုပ်တို့ကို အသစ်ပြန် လည်ရွေး ချယ်ကြမည် ဖြစ်သည်။
ရွေးချယ်ခံခဲ့ရတဲ့ ကိုယ်စားလှယ်များကို အောက်မှာ ဖော်ပြပေးထားပါတယ်။
![]() |
ပဒိုအောင်မော်အေး |
![]() |
ပဒိုကွယ်ထူးဝင်း |
![]() |
ပဒိုအားတိုး |
![]() |
ပဒိုရောဂျာခင် |
![]() |
ပဒိုရွှေမောင်း |
သတင်းရင်းမြစ် - ဧရာဝတီ
0 comments:
Post a Comment