Friday, December 14, 2012

KIO,ဌာနချုပ် အနီးလဂျားယာန်တွင် လေကြောင်းမှတိုက်


ကချင်ပြည်နယ်KIO,ဌာနချုပ်အနီး၊ KIA တပ်မဟာ (၅) အုပ်ချုပ်နယ်မြေ ဖြစ်သော မြစ်ကြီးနား - ဗန်းမော်လမ်း၊ လဂျားယန် နှင့် နားလုံကျေးရွာတွင် ယနေ့မနက် (၃း၀၀) နာရီအချိန်ခန့်မှ ကေအိုင်အေ ဗဟို လုံခြုံရေးတပ်မှ မျိုးချစ်ရဲဘော်များနှင့် ဗမာအစိုးရ စစ်တပ်တို့ ပြင်းထန်စွာ တိုက်ပွဲ ဖြစ်ပွားနေလျက် ရှိယခု အခါ မြန်မာ အစိုးရ စစ်တပ်ဘက်မှ ထိခိုက်မှူများ လာသော ကြောင့် မြန်မာ အစိုးရ စစ်တပ် မှ လေကြောင်းမှ လာရောက် တိုက်ခိုက်ကြောင်းသိရှိရပါသည်။
 
လွန်ခဲ့သော မီနစ် (၃၀)ခန့် ကမှ လေကြောင်းဖြင့် လာရောက် ကူညီ တိုက်ခိုက်ကြောင်း သတင်း ရရှိပါသည်။

 ကေအိုင်အေ နှင့် ဗမာစစ်တပ် နှစ်ဘက်စလုံးမှ စစ်အင်အား အများအပြား အသုံးပြုကာ လက်နက်ကြီးများဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက် နေကြကြောင်း၊ ယခု သတင်း ရေးသားချိန် အထိ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေလျက် ရှိကြောင်း သတင်း ရရှိပါသည်။
 
Copy from - Lachid Kachin

0 comments: