Friday, December 28, 2012

မြန်မာစစ်တပ်က လေကွဲ မီးလောင်လက်နက်၊ ဓါတုလက်နက်ဖြင့် အသုံးပြု KIA, အားတိုက်ခိုက်

မြန်မာစစ်တပ်က လေကွဲမီးလောင်လက်နက်၊ 
========================
ဓါတုလက်နက်ဖြင့်အသုံးပြုKIA, အားတိုက်ခိုက်
=========================
လဂျားယန်သို့ ထိုးစစ်ဆင်လာသော မြန်မာအစိုးရ
တပ်ဖွဲ့ဝင်တို့သည် ဓါတုဓါတ်ငွေ့ပါသော လက်
နက်ကြီးကို အသုံးပြုလာကြောင်း သိရှိရသည်။ 
ဒီဇင်ဘာလ(၂၅)ရက်နေ့ ဘွမ်ဆောမ်တောင်ခြေ
တိုက်ပွဲတွင် မြန်မာအစိုးရ တပ်ဖွဲ့မှ ပစ်ခတ်သော
 မော်တာကျည်တို့တွင် လေထဲတွင်ပေါက်ကွဲကာ၊ 
၎င်းမှကွဲထွက်လာသော အစိတ်အပိုင်း များလည်း 
ထပ်မံ လေထဲတွင်ပေါက်ကွဲကာ မြေပြင်သို့ မီးခိုးမီး
တောက်လောင်၍ ကျဆင်းလာခဲ့သည်။ ၎င်း အပိုင်း
အစများထိမိသော အ၀တ်များ သစ်ရွက်ခြောက်များ
သည် မီးလောင်ခဲ့သည်။ ပေါက်ကွဲမှုမှထွက်လာ 
သော အငွေ့ကိုရှူရှိုက်မိသူများသည်အသက်ရှူကြပ်
လာကာ ခေါင်းမူးအော့အန်မှုများ ဖြစ်ခဲ့ကြောင်း 
သိရှိရ သည်။
မြန်မာအစိုးရသည် တရားလွန်ကောက်ကျစ်စဉ်းလဲ
သော အပြုအမူများကို အစွန်းကုန်ထုတ်သုံး၍ ပြည်
တွင်းစစ် နှင့် မကိုက်ညီသောလက်နက်များကို အသုံး
ပြုနေပြီဖြစ်သည်။ အဆိပ်ဓါတ်ငွေ့ပါသော လက်နက်
များကို လွန်ခဲ့သည့်နှစ်များတွင်လည်း သွင်သွင်ကျယ်
ကျယ် အသုံးပြုကာ KIA တပ်စခန်းများကို သိမ်းပိုက်
ခဲ့ကြသည်။
(MKN)
 
လဂျားယန်သို့ ထိုးစစ်ဆင်လာသော မြန်မာအစိုးရ တပ်ဖွဲ့ဝင်တို့သည် ဓါတုဓါတ်ငွေ့ပါသော လက်နက်ကြီးကို အသုံးပြု လာကြောင်း သိရှိရသည်။ ဒီဇင်ဘာလ(၂၅)ရက်နေ့ ဘွမ်ဆောမ်တောင်ခြေ တိုက်ပွဲတွင် မြန်မာအစိုးရ တပ်ဖွဲ့မှ ပစ်ခတ်သော မော်တာကျည်တို့တွင် လေထဲတွင်ပေါက်ကွဲကာ၊ ၎င်းမှ ကွဲထွက်လာသော အစိတ်အပိုင်း များလည်း ထပ်မံ လေထဲတွင်ပေါက်ကွဲကာ မြေပြင်သို့ မီးခိုးမီး တောက်လောင်၍ ကျဆင်းလာခဲ့သည်။
 
၎င်း အပိုင်းအစများ ထိမိသော အ၀တ်များ သစ်ရွက်ခြောက်များသည် မီးလောင်ခဲ့သည်။ ပေါက်ကွဲမှုမှ ထွက်လာ သော အငွေ့ကို ရှူရှိုက်မိသူများသည် အသက်ရှူကြပ်လာကာ ခေါင်းမူး အော့အန်မှုများ

ဖြစ်ခဲ့ကြောင်း သိရှိရ သည်။

မြန်မာအစိုးရသည် တရားလွန် ကောက်ကျစ်စဉ်းလဲသော အပြုအမူများကို အစွန်းကုန် ထုတ်သုံး၍ ပြည်တွင်းစစ် နှင့် မကိုက်ညီသော လက်နက်များကို အသုံးပြုနေပြီ ဖြစ်သည်။ အဆိပ်ဓါတ်ငွေ့ပါသော လက်နက်များကို လွန်ခဲ့သည့် နှစ်များတွင်လည်း သွင်သွင်ကျယ်ကျယ် အသုံးပြုကာ KIA တပ်စခန်းများကို သိမ်းပိုက်ခဲ့ကြသည်။

Copy from -
Lachid Kachin

0 comments: