
ဒီဇင်ဘာလ(၂၃)ရက်နေ့ မနက်ပိုင်းမှ စတင်၍ ခလရ(၂၉၈) ခမရ(၃၉၀)၊ ခလရ(၅၈) နှင့် အခြားတပ်ဖွဲ့ပူးပေါင်း စစ်ကြောင်း သည် KIA ရှေ့တန်းစခန်းသို့ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။
မြစ်ကြီးနား အမှတ်(၅၀၃) လေတပ်စခန်းမှ Mi-25 ရဟတ်ယာဉ်(၂)စင်းပေါ်မှ 30 mm စက်သေနတ်ဖြင့် KIA ရှေ့တန်း ကွမ်ရှောင်စခန်း ကို လာရောက် ပစ်ခတ်ခဲ့သည်။
မလိစခန်း(ရဲစခန်း) နှင့် ဂန်ဒေါ်ယန်တပ်စခန်း တို့မှလည်း ၁၂၀ မမ၊ ၈၁ မမ များနှင့် ပစ်ခတ် တိုက်ခိုက်လျက် ရှိသည်။
အမြောက် လက်နက်ကြီးကျည်(၆)လုံးသည် မြစ်ကြီးနား၊ ၀ိုင်းမော်သို့ ပို့လွှတ်နေသော မလိရေအား လျှပ်စစ် စက်ရုံအနီး လာရောက် ထိမှန်ခဲ့သည်။ အမြောက်ကျည်(၂)လုံးသည် ရေလွှဲပိုက်ကြီးမှ ၂၀၀ မီတာ အကွာတွင် ကျရောက် ပေါက်ကွဲခဲ့သည်။ စစ်ဆင်ရေး ဆက်လက် ပြင်းထန်လာလျှင် မြစ်ကြီးနား၊ ၀ိုင်း မော်သို့ ပေးပို့သော မလိရေအားလျှပ်စစ် စက်ရုံကို ယာယီ ရပ်ဆိုင်းရမည့်အခြေအနေသို့ ရောက်ရှိသွားနိုင်မည် ဖြစ်သည်။
Copy from - Myitkyina blog news
0 comments:
Post a Comment