Thursday, December 20, 2012

KIA တပ်ရင်း၃နှင့် ဖြစ်သောတိုက်ပွဲတွင် မြန်မာစစ်သား ၁၀ ဦးကျော် ကျ

 
ယမန်နေ့ ဒီဇင်ဘာ ၁၈ ရက်နံနက်ပိုင်း ဝိုင်းမော်မြို့ နယ်တွင် အခြေစိုက်သည့် ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ KIA တပ်ရင်း ၃ နှင့်မြန်မာ အစိုးရတပ်များ တိုက်ပွဲ နှစ်နေရာဖြစ်ပွားရာတွင် အစိုးရဖက်မှ တပ်သား ၁၂ ဦးကျော် သေဆုံးပြီး အတော်များများ ဒဏ်ရာရရှိကြောင်း ဒေသခံများပြောသည်။ KIA ဖက်မှလည်း ၁ ဦး ဒဏ်ရာ ရရှိကြောင်း KIA တပ်ရင်း ၃ သတင်းရပ်ကွက်မှ ပြောသည်။
 
မြစ်ကြီးနား-ကန်ပိုင်တီ လမ်း ဝါးရှောင် ကျေးရွာအနီး အစိုးရတပ်မှ အခွန်ကောက်ခံသောနေရာ Bum Tawng ဂိတ်အား KIA တပ်များသည် နံနက် ၇နာရီခန့်တွင် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ဂိတ်စ ခန်းနှင့်အတူ တပ်သား ၃ ဦးသေဆုံးခဲ့သည်ဟု KIA သတင်းရပ်ကွက်မှ ဆိုသည်။ကန်ပိုင်တီ လမ်းပေါ်ရှိ KIA တပ်များ၏ စခန်း နှစ်ခုမှ တစ်ခုဖြစ်သော Bum Tawng စခန်းသည် ယခင်နှစ် နိုဝင်ဘာလဆန်းပိုင်းတွင် မြန်မာအစိုးရတပ် သိမ်းယူ ခဲ့သော စခန်းဖြစ်သည်။ ထိုအချိန်မှစ၍ မြန်မာအစိုးရ
တပ်သည် Bum Tawng ဂိတ်စခန်း ဖွင့်ကာ ခရီးသွား ပြည်သူလူထုများထံမှ ငွေကြေးများ မတရား ကောက်ခံခဲ့သည်။
ဒီဇင်ဘာလ(၁၄)ရက်က KIA တပ်ရင်း(၃)တပ်ဖွဲ့မှ ပြန်လည်သိမ်းပိုက်ရယူလိုက်သော လောပွန်(Law Pun) စစ်စခန်းတ၀ိုက် ခမရ(၄၁၆)တပ်ဖွဲ့မှ မြုပ်နှံထားသော နင်းမိုင်း(၂၇)ခု ကို KIA တပ်ဖွဲ့က ရှာဖွေသိမ်းဆည်းနိုင်ခဲ့ ကြောင်း သိရှိရသည်။by Myitkyina
 
ထို့နောက် ၁၁ နာရီခန့်တွင် စစ်ကူအနေဖြင့် Sambai မှ Ga Ra Yang သို့ ချီတက်လာသော မြန်မာ အစိုးရစစ်ကြောင်းကို လမ်းတစ်ဝက်မှ KIA တပ်ရင်း ၃ တပ်သားများ တိုက်ခိုက်ခဲ့ရာတွင် မြန်မာစစ်သား ၁၀ ဦးကျော် ထပ်မံသေဆုံးကာ အတော်များများ ဒဏ်ရာရရှိကြောင်းကိုလည်း သိရှိရသည်။

ထိုကဲ့သို့ မြန်မာအစိုးရတပ်မှ အကျအဆုံးများခြင်းကြောင့် ၀ိုင်းမော်မှ စစ်ကူ စစ်ကားအစီး ၂၀ သည် ယခုချိန် မြစ်ကြီးနား-ဗန်းမော်လမ်း Ga Ra Yang ကျေးရွာအနီး ရွှေညှောင်ပင်တွင် ရောက်ရှိနေကြောင်းကို မျက်မြင်တစ်ဦးက ပြောသည်။

မြန်မာအစိုးရ သမ္မတဦးသိန်းစိန်သည် KIO အား ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းနေသော်လည်း နိုဝင်ဘာလက အောက်မြန်မာပြည်မှ စစ်အင်အား ထောင်ပေါင်းများစွာကို ကချင်ပြည်နယ်သို့ ပို့ထားခဲ့သည်။

0 comments: