Wednesday, December 5, 2012

မြန်မာအစိုးရ၊ KIA,အားလေယာဉ်ဖြင့် တိုက်


59621_444075892318393_1074135961_n.jpg


ဒီဇင်ဘာလ(၄)ရက်နေ့တွင် မြစ်ကြီးနားမြို့ အမှတ် (၅၀၃) လေတပ်စခန်းမှ စစ်ရဟတ်ယာဉ်(၇)စီးသည် ပန်ဝါ ဒေသသို့ စစ်လက်နက်နှင့် တပ်အင်အားကို ပို့ ဆောင်ပေးခဲ့သည်။ 

ယင်းမှ စစ်သုံးရဟတ်ယာဉ်(၂)စီး သည် ဝေဟင်မှ မြေပြင်ပစ်ဒုံးဖြင့် နယ်ခြားမှတ်တိုင်အ မှတ်(၆)တ၀ိုက်ရှိ KIA တပ်စခန်းသို့ မွန်းလွဲ ၃း၃၀ အ ချိန်တွင် (၂)ကြိမ် ၀င်ရောက်ပစ်ခတ်ခဲ့ကြောင်း သိရှိရ သည်။ 

လေကြောင်းမှ ပစ်ခတ်လိုက်သော ဒုံးကျည်အချို့သည် တရုတ်နိုင်ငံဘက်သို့ နယ်စပ်ကျော် ကျရောက် ပေါက် ကွဲခဲ့ကြောင်း သိရှိရသည်။ **နယ်နိမိတ်ကျော် ပစ်ခတ် ဒီဇင်ဘာလ(၃)ရက်နေ့တွင်လည်း ခလရ(၇၄) (၇၇)တပ် ဖွဲ့တို့ ပစ်ခတ်လိုက်သော ၈၄ မမ စိန်ပြောင်း ကျည်အ ချို့သည် တရုတ်နိုင်ငံဘက် ကျရောက်ပေါက်ကွဲခဲ့ကာ တောမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

ယင်းကိစ္စနှင့် ပတ်သက်၍ တရုတ်အစိုးရက မြန်မာအစိုးရအား ဆန့် ကျင်ကန့်ကွက်ထားကြောင်း သိရှိရသည်။

သတင်းရင်းမြစ်.ကချင်သတင်းဌာန

0 comments: