
လက်နက်ကြီးပစ်ခတ်ပြီးသည်နှင့် ခလရ(၂၉၈)၊ ခမရ(၃၉၀)တပ်ဖွဲ့တို့သည် ကွမ်ရှောင် KIA တပ်စခန်းသို့ ခြေလျင်ဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်ကို KIA တပ်ဖွဲ့က ပြန်လည်ခုခံ တိုက်ခိုက်သဖြင့် မြန်မာ အစိုးရတပ်ဖွဲ့ဝင်(၄)ဦး ကျဆုံးကြောင်း သိရှိရသည်။
ညနေ(၆)နာရီခန့်တွင် အဝေးမှနေ၍ KIAတပ်စခန်းသို့ လက်နက်ကြီးဖြင့် ပစ်ကူပေးနေသော မလိယန် လိမ္မော်ခြံသို့ KIA တပ်ဖွဲ့မှ ၆၀ မမ ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ မြန်မာ အစိုးရတပ်ဖွဲ့တို့၏ လက်နက်ကြီးကို ထိမှန်ကာ အစိုးရတပ်ဖွဲ့၏ လက်နက်ကြီး ပစ်ကူပေးမှု ပျက်စီးခဲ့ရကြောင်း သိရှိရသည်။
Copy from - Lachid Kachin
0 comments:
Post a Comment