Photo From :Google
ဂျပန်နိုင်ငံ၏ ဒုတိယ အကြီးမားဆုံး တယ်လီဖုန်း ဆက်သွယ်ရေးကုမ္ပဏီသည် မြန်မာနိုင်ငံတွင် လုပ်ငန်း သစ်လုပ် ကိုင်မည်ဖြစ်ကြောင်း သိရသည်။ ယခုနှစ်တွင် မြန်မာနိုင်ငံ၌ နိုင်ငံရေးပြောင်းလဲမှုများ အလျင် အမြန်ဖော်ဆောင် လာမှုက အိမ်နီးချင်းနိုင်ငံတို့မှ ကုမ္ပဏီများကို အ များအပြား ဝင်ရောက်လာစေကာ လုပ် ငန်းထူထောင်မှု ပြုခဲ့ကြစေသည်ဟု သိရ သည်။ KDDI Myanmarက ၂၀၁၃ခု ဇန်နဝါရီမှ စတင်ကာ အစမ်းသဘော အားဖြင့် လုပ်ငန်း လုပ်ကိုင်သွားမည်ဖြစ် သည်။ KDDI Myanmar သည် ဂျပန် ကုမ္ပဏီနှင့် စင်ကာပူရှိ KDDI ကုမ္ပဏီ ခွဲတို့နှင့် ပူးပေါင်းတည်ထောင်ထားသည့် ကုမ္ပဏီဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ KDDI ၏ ရုံးသစ်သည် ကုမ္ပဏီ၏ ၁၀ ခုမြောက်နိုင်ငံရပ် ခြားရှိ ရုံးဖြစ်ကြောင်းသိရသည်။ ဂျပန်နိုင်ငံရှိ KDDI ကုမ္ပဏီသည် ဆယ်လ်လူလာနှင့် ဒေတာအစီအစဉ်များကို အများဆုံးနှင့် ဝန်ဆောင်မှုအများအပြား ဆောင်ရွက်လုပ်ကိုင်နေသည့် ကုမ္ပဏီဖြစ်ပြီး မြန်မာနိုင်ငံရှိ ရုံးသစ်မှနေ၍ လုပ်ငန်း ဖောက်သည်များအား အလေးထားဆောင် ရွက်ပေးရန်အတွက် ဖြစ်ကြောင်းသိရ သည်။ KDDI အနေဖြင့် မြန်မာနိုင်ငံ တွင် IT အခြေခံအဆောက်အအုံ များနှင့် ပြုပြင်ထိန်းသိမ်းရေး ဝန်ဆောင်မှုလုပ်ငန်း များကို စီမံပေးနိုင်မည့် ပြည့်စုံလုံလောက် သော ရုံးခန်းနေရာများအတွက် လိုအပ် သော ဖြည့်ဆည်းမှုကို ပြုရန်စီစဉ်ထား ကြောင်း သိရသည်။
ထိုသို့ လုပ်ဆောင် ခြင်းဖြင့် သူတို့၏ ကိုယ်ပိုင်လုပ်ငန်းစတင် လည်ပတ်မှုကို ပြုလုပ်နိုင်ရန် မျှော်လင့် နေမှုကို ပြည့်ဝစေမည်ဖြစ်သည့်အပြင် ရလဒ်အဖြစ် KDDI Myanmar Busi-ness Center ကို ရန်ကုန်မြို့တွင် ထားရှိ မည်ဖြစ်ကြောင်း သိရသည်။ KDDI ၏ မြန်မာနိုင်ငံတွင် အခြေချမှုက မြန်မာနိုင်ငံ ဈေးကွက်အတွင်းသို့ အခြားသော ဂျပန်ကုမ္ပဏီများ ဝင်ရောက်လာ စေမည့် ကြီးမားသော အကျိုးကျေးဇူးကို ရရှိစေမည်ဟု သိရသည်။
Yangon Media Group

0 comments:
Post a Comment