Photo DVB TV
မျိုးဆက်သစ်လူငယ်များ (Generation Wave) အဖွဲ့မှ လူငယ် ၁၀၀ ဝန်းကျင်တို့က လက်ပံတောင်းတောင် အရေးနှင့် ပတ်သက်သည့် ဆန္ဒထုတ်ဖော်မှုကို ယနေ့ (ဒီဇင်ဘာလ ၁၀ ရက်နေ့) အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့၌ နံနက် ၁၀ နာရီမှ ၁၁ နာရီ ၂၀ မိနစ်အထိ သက်ဆိုင်ရာ ရဲစခန်း၏ တရားဝင် ခွင့်ပြုမိန့်ဖြင့် ပြုလု ပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆန္ဒထုတ်ဖော်သူများမှ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းများအား အင်အားသုံးဖြိုးခွင်းမှု ကန့်ကွက်ကြောင်းနှင့် လက်ပံတောင်းတောင်အရေးနှင့် ပတ်သက်ပြီး ဖမ်းဆီးထားသူများအား ပြန်လွှတ်ပေးရေး စသည်တို့ကို တောင်းဆိုခဲ့ကြသည်။

0 comments:
Post a Comment