စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင်ရှိ ပထမ လယ်တီ ဆရာတော် ဘုရားကြီး သီတင်းသုံးခဲ့တဲ့ ကျောင်းနဲ့ စေတီကို အကောင်းဆုံး ဖြစ်အောင် ထိန်းသိမ်း ပေးမယ်လို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က တုံ့ပြန် ပြောကြား လိုက်ပါတယ်။
လက်ပန်းတောင်း အရေးနဲ့ ပတ်သက်ပြီး သံဃာတော်တွေရဲ့ ဆန္ဒပြပွဲတွေ မြန်မာနိုင်ငံ ရန်ကုန်၊ မန္တလေးနဲ့ တခြား မြို့ကြီး အတော်များများမှာ ဖြစ်ပွားနေချိန်မှာ သမ္မတက အခုလို တုံ့ပြန်လိုက်တာပါ။
စစ်ကိုင်းတိုင်း မုံရွာမြို့မှ ဆရာတော်ကြီးတွေက လယ်တီဆရာတော်ဘုရားကြီးရဲ့ သာသနာ့နယ်မြေ သမိုင်း မပျောက်စေဖို့ မေတ္တာရပ်ခံစာ ပေးပို့ခဲ့တဲ့ အပေါ် နိုင်ငံတော်သမ္မတက စစ်ကိုင်းတိုင်း အစိုးရအဖွဲ့က တဆင့် အခုလို ပြန်လည် အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။
သမ္မတရဲ့ အကြောင်းပြန်ချက်ကို စစ်ကိုင်းတိုင်း အစိုးရအဖွဲ့က ဒီဇင်ဘာ ၁၂ ရက်မှာ သက်ဆိုင်ရာ ဆရာတော်ကြီးတွေထံ ပေးပို့ ဆက်ကပ်ထားပါတယ်။
Copy from - DVB
0 comments:
Post a Comment