Monday, December 3, 2012

မိုးကုတ်မြို့၊ မြင်းခြံမြို့ အကြမ်းဖက်မှုအား ဆန့်ကျင့်ရှုတ်ချပွဲ

မိုးကုတ်မြို့ရှိ သံဃာတော်များ လက်ပန်းတောင်းတောင် အကြမ်းမှုနှင့်ပတ်သက်ပြီး ဆန္ဒဖော်ထုတ
 
ယနေ့ 3.12.2012ရက်နေ့ မိုးကုတ်မြို့ ဖောင်တော်ဦး ဘုရား ရင်ပြင်တော်တွင် သံဃာအပါး (၂၇)ပါးတို့မှ နိုဝင်ဘာ၂၉-ရက်ညက ဖြစ်ပွားခဲ့သည့် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းတွင် ငြိမ်းချမ်းစွာ ဆန္ဒဖော် ထုတ်ခဲ့ကြသော သံဃာတော်များ အပေါ် အကြမ်းဖက်မှုကို ကန့်ကွက်ရှုတ်ချသည့် အနေဖြင့် ငြိမ်းချမ်းစွာဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။
 
ဆန္ဒထုတ်ဖော်ပွဲတွင် ဦးဆောင် သံဃာတော်များမှ တစ်ပါးဖြစ်သော ရေပူကျောင်း ဆရာတော်က ဘယ်နိုင်ငံ ဘယ်လူမျိုး ဘယ်ဘာသာမှ လက်မခံသည့် အကြမ်းဖက်မှုကို ကျူးလွန် ခဲ့ခြင်းအပေါ် ရှုတ်ချ ကန့်ကွက်ကြောင်း ဒီမိုကရေစီ ခရီးလမ်းမှာ အဟန့်အတား ဖြစ်စေမည့် အကြမ်းဖက်မှုကို မပြုလုပ်သင့်ကြောင့် ပြည်သူ့ဆန္ဒကို အလေးထားသင့်ကြောင်း ပြောကြာသွားသည်။

သတင်း - ဓါတ်ပုံ ။ ။ ရန်နိုင်
by Myanmar News Now

လက်ပံတောင်းတောင် အကြမ်းဖက်မှုအား ဆန့်ကျင့်ရှုတ်ချပွဲ(မြင်းခြံ)
လက်ပံတောင်းတောင်အကြမ်းဖက်မှုအား ဆန့်ကျင့်ရှုတ်ချပွဲ(မြင်းခြံ)

လက်ပံတောင်းတောင်အကြမ်းဖက်မှုအားဆန့်ကျင်ရှုတ်ချပွဲကို မြင်းခြံမြို့ရှိဗကသကျောင်းသားလူငယ်များ ၊ရဟန်းသံဃာတော်များ မြို့ခံပြည်သူလူထူများ မှ ၂ရက်၁၂လ ၂၀၁၂ နေ့လည်၂နာရီအချိန်တွင်ကျင်းပခဲံပါသည်
thit htoo lwin
လက်ပံတောင်းတောင် အကြမ်းဖက်မှုအား ဆန့်ကျင် ရှုတ်ချပွဲကို မြင်းခြံမြို့ရှိ ဗကသ ကျောင်းသား လူငယ်များ ၊ ရဟန်းသံဃာတော်များ မြို့ခံပြည်သူလူထူများ မှ ၂ရက် ၁၂လ ၂၀၁၂ နေ့လည် ၂နာရီ အချိန်တွင် ကျင်းပ ခဲ့ပါသည်။

Copy from - thithtoolwin.com

0 comments: