အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ဖြစ်သည့် ဒီကနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် နံနက် ၁၀ နာရီမှ စတင်ကာ Generation Wave (မျိုးဆက်သစ်လူငယ်များ) အဖွဲ့မှ ဦးဆောင်ပြီး လက်ပတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းများအား အစိုးရမှ အကြမ်းဖက် နှိမ်နှင်းခဲ့မှုတွင် ရဟန်းရှင်လူ သံဃာတော်များ မီးလောင် ဒဏ်ရာရခဲ့မှုအပေါ် တရားမျှတစွာ ဖြေရှင်းပေးဖို့နှင့် ဆန္ဒ ထုတ်ဖော်သူများအား ဖမ်းဆီး ထိန်းသိမ်းထားခြင်းမှ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့သည်ဟု သတင်းရရှိပါသည်။ ဆန္ဒပြပွဲသို့ နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် ၈၈ မျိုးဆက်ကျောင်းသားများ လာရောက် အားဖြည့်ကြပါသည်။
Copy from - BurmaVJMedia
0 comments:
Post a Comment