တောင်ကြီးမြို့သည် မြန်မာနိုင်ငံ၏ စတုတ္ထ အကြီးဆုံး မြို့ဖြစ်ပြီး လူဦးရေ ၂၀၀၀၀၀ ခန့် နေထိုင်လျက် ရှိသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၄၅၉၀ တွင် တည်ရှိသည့် အေးချမ်းလှသော တောင်ပေါ်မြို့ ဖြစ်သည်..။
တောင်ကြီးမြို့ ပတ်ဝန်းကျင် ဒေသများသည် ကမ္ဘာလှည့်ခရီးသည်များ အကြိုက်တွေ့ရာ နေရာဖြစ်သည်။ ပတ်ဝန်းကျင် ကျေးရွာများမှ လတ်ဆပ်သော ထုတ်ကုန်များ လာရောက် ရောင်းချကြသည်..။ ငါးရက်တစ်ဈေး သည်လည်း စိတ်ဝင်စား အကြိုက်တွေ့ကြသည့် အကြောင်းတစ်ရပ် ဖြစ်နေသည်..။
မြို့အနီး အင်းလေးကန်၌လည်း အင်းသားတို့၏ ယဉ်ကျေးမှု ရိုးရာဓလေ့စရိုက် များကိုမြင်တွေ့လေ့လာနိုင်သည်.. ။ ပင်းတယဂူ မှာလည်း သာယာ ရှုမောဖွယ် ရှုခင်းများနှင့် စိတ်ဝင် စားဖွယ်ရာများ ရှိသည်..။ ၁၆ ရာစုက တည်ထား ကိုးကွယ်ခဲ့သည့် မွေတော်ကက္ကူ ဘုရားများကလည်း ဖူးမြော်မဆုံး ဖြစ်နေသည်..။
သဘာဝ ပတ်ဝန်းကျင်ကို ဆက်လက် ထိန်းသိန်းထားပြီး စိတ်ဝင်စားဖွယ်ရာ နေရာများဖြင့် ဆွဲဆောင်ထားပါက တောင်ကြီးမြို့သည် မီးခိုးမဲ့ စက်ရုံဟု တင်စားခေါ်ဆိုရမည့် ခရီးသွားလုပ်ငန်း ၀င်ငွေ အများအပြား ဆက်လက်ရရှိနိုင်မည်ဟု လေ့လာသူများကဆိုကြသည်..။
Aye Chan Mon , အင်တာနက်စာမျက်နှာသတင်းမှ
တောင်ကြီးမြို့သည် မြန်မာနိုင်ငံ၏ စတုတ္ထ အကြီးဆုံး မြို့ဖြစ်ပြီး လူဦးရေ ၂၀၀၀၀၀ ခန့် နေထိုင်လျက် ရှိသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၄၅၉၀ တွင် တည်ရှိသည့် အေးချမ်းလှသော တောင်ပေါ်မြို့ ဖြစ်သည်..။
တောင်ကြီးမြို့ ပတ်ဝန်းကျင် ဒေသများသည် ကမ္ဘာလှည့်ခရီးသည်များ အကြိုက်တွေ့ရာ နေရာဖြစ်သည်။ ပတ်ဝန်းကျင် ကျေးရွာများမှ လတ်ဆပ်သော ထုတ်ကုန်များ လာရောက် ရောင်းချကြသည်..။ ငါးရက်တစ်ဈေး သည်လည်း စိတ်ဝင်စား အကြိုက်တွေ့ကြသည့် အကြောင်းတစ်ရပ် ဖြစ်နေသည်..။
မြို့အနီး အင်းလေးကန်၌လည်း အင်းသားတို့၏ ယဉ်ကျေးမှု ရိုးရာဓလေ့စရိုက် များကိုမြင်တွေ့လေ့လာနိုင်သည်..
သဘာဝ ပတ်ဝန်းကျင်ကို ဆက်လက် ထိန်းသိန်းထားပြီး စိတ်ဝင်စားဖွယ်ရာ နေရာများဖြင့် ဆွဲဆောင်ထားပါက တောင်ကြီးမြို့သည် မီးခိုးမဲ့ စက်ရုံဟု တင်စားခေါ်ဆိုရမည့် ခရီးသွားလုပ်ငန်း ၀င်ငွေ အများအပြား ဆက်လက်ရရှိနိုင်မည်ဟု
0 comments:
Post a Comment