Thursday, December 6, 2012

အမေရိကန်သံရုံးကား ဒက္ကားတွင် တိုက်ခိုက်ခံရ

Wednesday, 5 December 2012

အမေရိကန်သံရုံးက ကားတစ်စီးဟာ မနေ့က ဘင်္ဂလာဒေခ်ျ့နိုင်ငံ
ဒက္ကားမြို့တော်မှာ တိုက်ခိုက်ခံခဲ့ရပါတယ်။ လက်ရှိ အစိုးရကိုအတိုက်အခံ ပြုလုပ်နေတဲ့ ပါတီတွေထဲက ဒုတိယ အင်အား အကြီးမားဆုံး ပါတီတစ်ခု ဖြစ်တဲ့ ဂျာမတ် အစ္စလာမ်မစ်က ပြုလုပ်တဲ့ နိုင်ငံနဲ့အ၀န်း အသွားအလာရပ်ဆိုင်းရေး တစ်ရက်တာ ခေါ်ယူတဲ့ သပိတ်အတွင်းမှာ ခုလိုတိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မူကြောင့် ကားပေါ်မှာပါလာတဲ့ ဒရိုင်ဘာဟာ ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိသွားပါတယ်။ အခုလို တိုက်ခိုက်တာကို အမေရိကန် သံရုံးက ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပြီး ဒီတိုက်ခိုက်မူဟာ နိုင်ငံတကာ မိသားစုတွေ အကုန်လုံးကို စော်ကားတဲ့လုပ်ရပ်လို့ ပြောဆိုလိုက်ပါတယ်။

အမေရိကန် သံရုံး ပြောခွင့်ရသူ Kelly McCarthy က ဒီလုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနဲ့ အမေရိကန်သံတမန်တွေ အပါအ၀င် နိုင်ငံတကာသံတမန်တွေရဲ့ လုံခြုံရေးနဲ့ ပိုင်ဆိုင်မူတွေကို ကာကွယ်ပေးရေးအတွက် လုံခြုံရေး တိုးမြှင့် တာဝန်ယူပေးဖို့ တောင်းဆိုလိုက်ပါတယ်။

အဲဒီ အမေရိကန် သံတမန်ကားဟာ လေယာဉ်ကွင်းကို သွားတဲ့လမ်းမှာ တိုက်ခိုက်ခံရတာဖြစ်ပြီး ဒရိုင်ဘာတစ်ဦးနဲ့ ရဲဝန်ထမ်းတွေ အများအပြား ဒဏ်ရာရတယ်လို့လည်း ပြောဆိုပါတယ်။ တိုက်ခိုက်သူတွေဟာ ကားကိုပါ မီးတင်ရှို့ဖို့ ကြိုးစားခဲ့ကြပြီး ရဲတွေ အချိန်မှီရောက်ရှိလာတဲ့အတွက် အဲဒီ နေရာကနေ ထွက်ပြေးသွားခဲ့ကြတယ်လို့ ဆိုပါတယ်။

မနေ့က နိုင်ငံအ၀န်း ခေါ်ယူတဲ့ တရက်တာ သပိတ်အတွင်း ဂျာမတ်အစ္စလာမ်မစ်နဲ့ အစ္စလာမ်မစ် ချိဘီလို့ခေါ်တဲ့ လက်အောက်ခံ ကျောင်းသားအဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့တဲ့အတွက် ဒါဇင်နဲ့ချီတဲ့ ကားတွေမီးလောင်ကျွမ်းခဲ့ပါတယ်။

ဘင်္ဂလာရဲအဖွဲ့နဲ့ လမ်းပေါ်ထွက်ဆန္ဒပြသူတွေအကြား တုတ်၊ အုတ်ခဲကျိုး စတာတွေနဲ့ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်မှုတွေလည်း ဖြစ်ပေါ်ခဲ့တဲ့အတွက် ရာနဲ့ ချီတဲ့လူတွေ ဒဏ်ရာ ရရှိခဲ့ပြီး တနိုင်ငံလုံးမှာ လူပေါင်း ၂၃၈ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

ဂျာမန် အစ္စလာမ်မစ် ပါတီက သူတို့ရဲ့ပါတီ ထိပ်တန်းခေါင်းဆောင်တွေကို ၁၉၇၁ ခုနှစ် ဘင်္ဂလာဒေခ်ျ့ လွှတ်လပ်ရေးအတွင်း ပါကိစ္စတန် စစ်သားတွေနဲ့ပူးပေါင်းပြီး လူအများအပြားကို သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲချက်နဲ့ ဘင်္ဂလာဒေခ်ျ့နိုင်ငံက ဖွဲ့စည်းထားတဲ့ နိုင်ငံတကာစစ်ရာဇ၀တ်မှုဆိုင်ရာ ခုံရုံးမှာ ဖမ်းဆီးထားပြီး တရားရုံးက များမကြာမှီ အမှုကို ဆုံးဖြတ်မှာဖြစ်တာကြောင့် ဒါကို ကန့်ကွက်တဲ့အနေနဲ့ ခုလို ဆန္ဒပြပွဲကို ပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံး ရရှိတဲ့သတင်းအရ အခုလို သံရုံးကားကို တိုက်ခိုက်တဲ့အတွက် ဂျာမတ် အစ္စလာမ်မစ်ပါတီက အမေရိကန် သံရုံးကို တောင်းပန်လိုက်တယ်လို့ သူတို့ဝက်ဆိုက်မှာ ဖေါ်ပြထားကြောင်း သိရပါတယ်။

နိရဉ္စရာသတင်းဌာန
Wednesday, 5 December 2012
 
အမေရိကန်သံရုံးက ကားတစ်စီးဟာ မနေ့က ဘင်္ဂလာဒေခ်ျ့နိုင်ငံ ဒက္ကားမြို့တော်မှာ တိုက်ခိုက် ခံခဲ့ရပါတယ်။ လက်ရှိ အစိုးရကို အတိုက်အခံ ပြုလုပ်နေတဲ့ ပါတီတွေထဲက ဒုတိယ အင်အား အကြီးမားဆုံး ပါတီတစ်ခု ဖြစ်တဲ့ ဂျာမတ် အစ္စလာမ်မစ်က ပြုလုပ်တဲ့ နိုင်ငံနဲ့အ၀န်း အသွားအလာ ရပ်ဆိုင်းရေး တစ်ရက်တာ ခေါ်ယူတဲ့ သပိတ်အတွင်းမှာ ခုလိုတိုက်ခိုက် ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မူကြောင့် ကားပေါ်မှာပါလာတဲ့ ဒရိုင်ဘာဟာ ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိသွားပါတယ်။ အခုလို တိုက်ခိုက်တာကို အမေရိကန် သံရုံးက ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပြီး ဒီတိုက်ခိုက်မူဟာ နိုင်ငံတကာ မိသားစုတွေ အကုန်လုံးကို စော်ကားတဲ့ လုပ်ရပ်လို့ ပြောဆို လိုက်ပါတယ်။

0 comments: