Friday, December 7, 2012

မြန်မာနိုင်ငံတွင် အေအိုင်ဒီအက်စ် ရောဂါကြောင့် တစ်နာရီတွင် လူ၂ ဦးနှုန်းသေဆုံး


Friday, December 07, 2012

မြန်မာနိုင်ငံတွင် အေအိုင်ဒီအက်စ်ရောဂါကြောင့် တစ်နာရီတွင် လူ၂ဦးနုန်း သေဆုံးပြီး၊ တစ်ရက်တွင် အယောက် ၅၀ ၀န်းကျင်ခန့် သေဆုံးသော အခြေအနေမှ သုည အခြေအနေသို့ ကျဆင်းအောင် ပြုလုပ်မည် ဖြစ်ကြောင်း လူထုအခြေပြု ကွန်ရက်(၇)ခုမှ ဦးဆောင် ကျင်းပသော ကမ္ဘာ့ အေအိုင်ဒီအက်နေ့အထိမ်းအမှတ် အခမ်း အနားတွင် မြန်မာနိုင်ငံ အိတ်(ခ်ျ)အိုင်ဗွီ ပိုးရှိသူများကွန်ရက်မှ ဒေါ်ခိုင်မာဆွေက ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံ အိတ်(ခ်ျ)အိုင် ဗွီပိုးရှိသူများ ကွန်ရက်၏ စစ်တမ်းအရ ရောဂါပိုး ရှိသူများ၏ ၃၀ ရာခိုင်နုန်း သည် ရပ်ရွာ ကျေးရွာ ကိစ္စများတွင် ပါဝင်ခွင့် မရရှိခြင်းများ၊ ၁၅ ရာခိုင်နုန်းသည် မိသားစုများ၏ အခန်းကဏ္ဍတွင် ပါဝင် ပတ်သက်ခွင့် မရရှိခြင်းများနှင့် ၄၁ ရာခိုင်နှုန်းသည် အလုပ်ခန့် အပ်ရန် ငြင်းဆန် ခံရခြင်းနှင့် လုပ်ဖော်ကိုင်ဖက်များ၏ ခွဲခြားဆက်ဆံ ခံရမှုများကြောင့် အိတ်(ခ်ျ)အိုင်ဗွီရော ဂါခံစား နေရသူများသည် ကိုယ့်ကိုကိုယ် သက်သေချင်စိတ်နှင့် မိမိကိုယ်ကို အပြစ်ရှိသူအဖြစ် ခံစားနေရကြောင်း သိရှိရသည်။

''ခွဲခြား ဆက်ဆံမှုတွေ ရှိနေသ၍ ကာကွယ် တားဆီးရေးနဲ့ ကု သရေးတွေမှာ အခက်တွေ့နိုင်ပါတယ်။ သူတို့ကိုယ်သူတို့ အိတ်(ခ်ျ)အိုင်ဗွီပိုး ရှိကြောင်း ဖွင့်မပြောရင်လည်း ပတ်ဝန်းကျင်မှာ အခက်တွေ့နိုင်ပါတယ်။ ဒါကြောင့် ဖွင့်ပြောလာဖို့နဲ့ ကာကွယ်ရေး တွေ ထိထိရောက်ရောက် လုပ်နိုင်ဖို့၊ ကုသရေးတွေ ပိုပြီး လုပ်နိုင်အောင်လို့ ခွဲခြားဆက်ဆံမှုတွေ မရှိဖို့ လိုအပ်ပါတယ်'' ဟု ဒေါ်ခိုင်မာဆွေက ဆက်လက် ပြောကြားခဲ့သည်။

နှစ်စဉ် အသက် ၁၅နှစ် နှင့်အထက် လူပေါင်း ၈၀၀၀ ခန့်သည် အိတ်(ခ်ျ)အိုင်ဗွီပိုး ကူးစက် ခံနေရကြောင်း ပညာရှင်များက ခန့်မှန်း ကြသည်ကိုလည်း သိရသည်။ မြန်မာနိုင်ငံတွင် နေ့တစ်နေ့ကို အရွယ်ရောက်ပြီး သူပေါင်း ၂၀ကျော်သည် ယင်း ရောဂါပိုးကူး စက် ခံနေရကြောင်းလည်း သိရှိရသည်။

မြန်မာနိုင်ငံ အိတ်(ခ်ျ)အိုင် ဗွီပိုးရှိသူများကွန်ရက်ကို ၂၀၀၆ခုနှစ်က စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၎င်း၏ ရည်ရွယ်ချက်မှာ အိတ်(ခ်ျ)အိုင် ဗွီ၊အေအိုင်ဒီအက်ဖြင့် အသက်ရှင်နေထိုင်သူများ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးခြင်း၊ အိတ်(ခ်ျ)အိုင်ဗွီပိုးရှိသူ များ အချင်းချင်း ဆက်သွယ်ပေးခြင်း၊ အိတ်(ခ်ျ)အိုင်ဗွီပိုး ရှိသူများ၏ ကိုယ့်အားကိုယ်ကိုး အဖွဲ့များကို ဖွံ့ဖြိုး တိုးတက် စေခြင်းဖြစ်ကြောင်း သိရှိရသည်။

Copy from - Eleven Media Group
 

0 comments: