Wednesday, December 12, 2012

မုံရွာသံဃာတွေ ဆန္ဒထုတ်ဖော်ဖို့ ရွှေစည်းခုံဘုရားမှာေ ရာက်ရှိနေ

 - ၁၂ ဒီဇင်ဘာ ၂၀၁၂
 
ဒီဇင်ဘာ ၁၂ ရက်နေ့ မွန်းတည့် ၁၂ နာရီမှာ မုံရွာမြို့မှာ သံဃာအပါး ၂၀၀ ဟာ လမ်းလျှောက် ကြွချီမေတ္တာ ပို့သဖို့အတွက် မြို့လည်က ရွှေစည်းခုံဘုရားမှာ စုဝေး ရောက်ရှိနေပြီလို့ ဦးဆောင်သံဃာ ၁ ပါးက မိန့်ပါတယ်။

“အခု ဦးဇင်းတို့က ရွှေစည်းခုံ မြောက်ဘက် မုခ်မှာပေါ့နော်။ မေတ္တာပို့မလို့ပါ။ အခုလောလောဆယ် စုနေတာပေါ့နော်။ ဦးဇင်းတို့လည်း မန္တလေး၊ ပခုက္ကူတို့ကို လှမ်းဖုန်းဆက်တယ်၊ ဆက်တော့ သူတို့က ၁ နာရီမှ ထွက်မယ် ပြောတယ်။” လို့ မိန့်ပါတယ်။

မုံရွာမြို့က သံဃာတွေက သူတို့ တောင်းဆိုချက် ၆ ရပ် ကို ခုလို မိန့်ပါတယ်။

“သာသနာအမွေအနှစ် အဆောက်အဦများဖျက်စီးခြင်းကို ရပ်ဆိုင်းပေးရန်နှင့် နောက်နောင်လည်း လုံးဝမဖျက်ဆီးရန်။ ငြိမ်းချမ်းစွာ ဆန်ဒပြနေသော ထိခိုက်ဒဏ်ရာရ သံဃာတော်များကို နိုင်ငံတော် သမ္မတနှင့် တကွ အစိုးရအနေဖြင့် အမြန်ဆုံးဝန်ချ တောင်းပန်ရန်။ သပိတ်စခန်းများကိုလည်း နောက်ထပ် မဖြိုခွင်းရန်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဒေသခံပြည်သူများ ကျေနပ် လက်ခံနိုင်အောင် အမြန်ဆုံး ဆောင်ရွက်ပေးရန်။ ငြိမ်းချမ်းစွာ ဆန်ဒဖော်ထုတ်နေသော သံဃာထုတရပ်လုံးကို မီးလောင်ဗုံးဖြင့် ရက်ရက်စက်စက် မီးတိုက်ဖြိုခွင်းသော တာဝန်ရှိ ဦးဆောင်ပုဂ္ဂိုလ်များကို ဥပဒေအရ ထိရောက်စွာ အမြန်ဆုံး အရေးယူပေးရန်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်လို့ ဖမ်းဆီး ချုပ်နှောင်ထားသူ အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန်။ လက်ပံတောင်းတောင်ဒေသ ပြည်သူများနှင့် ပြည်သူဘက်မှ ရပ်တည်ပြီး ငြိမ်းချမ်းစွာ ဆန်ဒပြခဲ့သော သံဃာတော် အရှင်သူမြတ်များအပေါ် အစိုးရရဲ့ အကြမ်းဖက် လုပ်ရပ်ကို နိုင်ငံတော် သံဃနာယကအဖွဲ့က သဘောတူ နေပါသလား၊ သဘောမတူပါက ကန့်ကွက်ရှုတ်ချပေးပါရန်” ဆိုပြီး တောင်းဆိုထားပါတယ်၊
အေးနိုင် -
 
Copy from - DVB

0 comments: