ပန်ဝါဒေသ တိုက်ပွဲခေါ်သံ
ပန်ဝါဒေသ နယ်ခြားမှတ်တိုင်(၆)အနီးရှိ KIA တပ်စခန်းတည်ရာ သံချောင်းကုန်းသို့ ဒီဇင်ဘာလ(၂၅)ရက်နေ့ တွင် မြန်မာအစိုးရစစ်တပ် ခလရ(၇၇) (၁၃) (၁၀) တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တဖက်သတ်ပစ်ခတ်နေခဲ့ကြောင်း သိရှိရသည်။
ဒီဇင်ဘာလ(၂၆)ရက်နေ့မှစတင်၍ ပန်ဝါဒေသရှိ KIA တပ်စခန်းများကို မြန်မာအစိုးရတပ်ဖွဲ့က ထပ်မံ ထိုးစစ်ဆင် စခန်းသိမ်းတိုက်ပွဲဖေါ်ဆောင်ရန် စီမံနေကြောင်း သိရှိရသည်။ ထိုသို့ စီမံချက်လုပ်ဆောင်ရာတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်း ကလည်း ၎င်း၏ပြည်သူ့စစ်အဖွဲ့ဝင်များကို ပူးပေါင်းပါဝင် စေရန် စိတ်အားထက်သန်စွာ လှုံ့ဆော်လျက်ရှိကြောင်း သိရှိရသည်။

0 comments:
Post a Comment