

"ယခုအချိန်မှာဆိုရင် ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ်လို့ ပြောကြတယ်။ အဲဒီတော့ ကျွန်မတို့ နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု အလိုအပ်ဆုံးက ဘာလဲဆိုတော့ စိတ်ဓာတ်တွေ ပြုပြင်ပြောင်းလဲဖို့ပါပဲ။ တချို့က မေးကြတယ်။ ကျွန်မတို့နိုင်ငံ ဘယ်တော့ပြောင်းလဲမလဲ။ ကျွန်မပြောချင်တာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးပါ။ ကိုယ်က ...ဘယ်တော့ပြောင်းမလဲ၊ ကိုယ့်စိတ်တွေကို ဘယ်တော့ ပြောင်းမလဲ၊ ကိုယ်က နိုင်ငံရဲ့ တာဝန် တွေကို ဘယ်တော့ ထမ်းဆောင်မယ်ဆိုတဲ့စိတ် ဘယ်တော့ မွေးမယ်အပေါ်မှာ မူတည်ပြီး ကျွန်မတို့နိုင်ငံ ဘယ်တော့ ပြောင်းမလဲဆိုတာ အဖြေပေါ်မှာပါ"
"နိုင်ငံမှာဖြစ်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး တက်တက်ကြွကြွ နိုးနိုးကြားကြား ရှိရမယ်။ ဘယ်သူတွေက ဘာလုပ်နေလဲ၊ ဘာအတွက်လုပ်နေလဲ၊ ဘာရည်ရွယ်ချက်နဲ့လုပ်နေလဲ၊ သင့်တော်လား၊ မသင့်တော်ဘူးလား ဆိုတာ စဉ်းစားရပါမယ်။ လူများတွေ ပြောတာကို လွယ်လွယ်နဲ့ မယုံနဲ့။ ကျွန်မပြောတာလည်း လွယ်လွယ်နဲ့မယုံပါနဲ့။ ပြောတာတွေကို သေသေချာချာစဉ်းစားပါ။ လက်တွေ့ကျလား၊ မကျဘူးလားဆိုတာ ကိုယ့်ဟာကိုယ် စဉ်းစားဆုံးဖြ တ်ပါ"

"နိုင်ငံမှာဖြစ်နေတဲ့ ကိစ္စတေ

လူလာနဲအောင် ဗုံးနဲ့ခြောက်တိုင်း ပြည်သူတွေ ကြောက်မတဲ့လား...
(ကော့သောင်းမြို့ အမေစု ဟောပြောပွဲ(22-12-2012)
"ကျွန်မတို့ နိုင်ငံတကယ်ဂုဏ်ရှိဖို့ဆိုတ
သတင်းရင်းမြစ် - ခွန်ဒီးယန်း သတင်းစာမျက်နှာမှ
0 comments:
Post a Comment