"ကျွန်မပြောမယ်နော်။ အန်အယ်လ်ဒီတွေ မြောက်ကြွမြောက်ကြွ လုပ်နေလို့ကတော့ ကျွန်မကိုသာတိုင်။ ကျွန်မ လုံးဝမကြိုက်ဘူး။ ကျွန်မတို့အဖွဲ့ဟာ ပြည်သူတွေရဲ့ မျက်စိမှာ အမြင်မတော်ဘူးဆိုရင် ဘာမှမလုပ်ဘူး။ အဲဒီတော့ လုပ်လို့ရှိရင် ပြည်သူတွေအနေနဲ့ ကျွန်မကို ပြောနိုင်တဲ့ အခွင့်အရေး ရှိပါတယ်။ ပြောလည်းပြောပါ။
ကျွန်မတို့ အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ဝင်တွေကို ကျွန်မ ခဏခဏ ပြောတယ်။ နေရာ သိပ်မမက်ကြပါနဲ့။ ကျွန်မ ခဏခဏ သတိပေးတယ်။ မရှိတဲ့ ကုလားထိုင် နေရာတောင်မှ လုနေတဲ့လူတွေဟာ ကုလားထိုင်ရှိရင် ဒုက္ခ ရောက်ရလိမ့်မယ်။ အဲဒီတော့ ပြည်သူတွေကနေပြီးတော့ နိုင်ငံရေး ပါတီတွေကို ထိန်းထားရမယ်။ နိုင်ငံရေး ပါတီတွေ ပြောသမျှမယုံနဲ့။ ဒါပေမယ့် တစ်ခုတော့ရှိတယ်နော်။ နိုင်ငံရေး ပါတီဝင်တွေ ဆိုတာလည်း ရဟန္တာတွေ မဟုတ်ပါဘူး။ ပုထုဇဉ်တွေဆိုတော့ အပြစ်တော့ရှိမှာပဲ။
အတိုင်းအတာ တစ်ခုထိတော့ နားလည်မှု ပေးဖို့လိုပါတယ်။ ကျွန်မတို့လည်း ခြောက်ပစ်ကင်း သဲလဲစင် မဟုတ်ပါဘူး ။ ဒါတွေကို ပြည်သူတွေကနေပြီးတော့ စေတနာနဲ့ ဂရုဏာနဲ့ ထောက်ပြပြီးတော့ ပြင်ပေးပါ။ အဲဒီလို ပြင်ပေးတဲ့ နည်းနဲ့ပဲ ကျွန်မ ရှေ့ကိုဆက်ပြီးတော့ သွားနိုင်မှာ ဖြစ်ပါတယ်"
ခွန်ဒီးယမ် , အင်တာနက်စာမျက်နှာသတင်းမှ
ကျွန်မတို့ အမျိုးသားဒီမိုကရေစီအ
အတိုင်းအတာ တစ်ခုထိတော့ နားလည်မှု ပေးဖို့လိုပါတယ်။ ကျွန်မတို့လည်း ခြောက်ပစ်ကင်း သဲလဲစင် မဟုတ်ပါဘူး
ခွန်ဒီးယမ် , အင်တာနက်စာမျက်နှာသတင်းမှ
0 comments:
Post a Comment