Sunday, December 30, 2012

လွှတ်တော်အပေါ် သမ္မတအထက်က မင်းအောင်လှိုင်။

December 30, 2012

ကချင်ပြည်နယ်နှင့် တိုင်းပြည် နေရာဒေသအနှံ့၌ စစ်တိုက်လေယာဉ်များ ရဟတ်ယာဉ်များဖြင့် ဗုံးကြဲ တိုက်ခိုက်နေခြင်းသည် စစ်အာဏာရှင် အစိုးရ၏ သရုပ်မှန်ကို ပြနေခြင်း ဖြစ်သည်။

တိုင်းရင်းသား လူမျိုးများအပေါ် စစ်မှန်သော ငြိမ်းချမ်းစွာ အဖြေရှာခြင်းဖြင့် ပဋိပက္ခများအား မဖြေရှင်းဘဲ စစ်တိုက်လေယာဉ်များ ရဟတ်ယာဉ်များဖြင့် ဗုံးကြဲ တိုက်ခိုက်နေခြင်းအား ပြင်းထန်စွာ ကန့် ကွက်ပါသည်။

ကချင်ပြည်နယ်တွင် စစ်တိုက်လေယာဉ်များ ရဟတ်ယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်နေသော ကာလုံ မင်းအောင်လှိုင်၏ စစ်တပ် အကြမ်းဘက် လုပ်ရပ်အား ရွှေမန်း သိန်းစိန်တို့မှ မည်သို့မျှ မဟန့်တားနိုင်ခြင်း၊ ဤကဲ့သို့ စစ်ပွဲဆင်နွဲနေခြင်းများအား လွှတ်တော်အရပ်ရပ်မှ ကန့်ကွက် မတားဆီးနိုင်ခြင်း၊ တပ်မတော်သည် ပြည်ပရန် ကာကွယ်ရေးကိုသာ အဓိက ကာကွယ်တားဆီးသည့် တပ်မတော် ဖြစ်ရမည့်အစား ပြည်တွင်းစစ်များ ဆင်နွဲကာ တိုင်းရင်းသား ပေါင်းစုံအပေါ် ဒုက္ခမျိုးစုံပေးနေခြင်း တို့သည် အစိုးရအထက် လွှတ်တော်အပေါ် တက်ခွထိုင်ကာ တိုင်းပြည်ကို ယခင်ကကဲ့သို့ စစ်တပ်အာဏာဖြင့် အုပ်စိုးကာ ထင်ရာစိုင်းနေဆဲ ဖြစ်ကြောင်း သိသာပေါ်လွင်နေပေသည်။

ကချင်ပြည်နယ်နှင့်တစ်ကွ တိုင်းပြည်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား ပြည်သူလူထုအပေါ် စစ်ပွဲ ဆင်နွဲနေမှုအား အလျင်အမြန် ချက်ချင်း ရပ်တန့်ရန်ဖြစ်ပြီး၊ ထိုကဲ့သို့ ဆောင်ရွက်မှု မရှိလျှင် သိန်းစိန်ဖြစ်စေ ရွှေမန်းဖြစ်စေ မင်းအောင်လှိုင်ဖြစ်စေ ၄င်းတို့ အားလုံးသည် စစ်အာဏာရှင် အစိုးရသာ ဖြစ်နေကြောင်း ကြေညာအပ်ပါသည်။

Copy from - 8888newgenerations.blog

0 comments: