Tuesday, December 4, 2012

မိုးကောင်း-နမ္မတီး ဘက်မှထွက်လာသော ဗမာစစ်တပ် စစ်ယာဉ်တန်းအား ကေအိုင်အေ မှ ဟန့်တား တိုက်ခိုက်

 
တနင်္လာ ၊ ဒီဇင်ဘာ(၃) 

 ကချင်ပြည်နယ် မိုးကောင်းမြို့ နယ် နမ္မတီးကျေးရွာဘက်မှ ကေအိုင်အေ တပ်မဟာ(၂) တပ်ရင်း(၁၄)နယ်မြေဘက်သို့ ထိုးစစ်ဆင်ရန် ထိုးတက်လာသော ဗမာအစိုးရ စစ်ကား(၄၂)စီးပါ စစ်ယာဉ်တန်းအား ကေအိုင်အေ တပ်ရင်း(၁၁) မျိုးချစ်ရဲဘော် များမှ ဒီဇင်ဘာ(၂)ရက် ညနေ(၅း၀၀)နာရီခန့်က ဒွမ်ဘန်ကျေးရွာ နှင့် ခွမ်စိုင်ကျေးရွာ အကြားတွင် ဗုံးဖေါက်ခွဲ တိုက်ခိုက် ခဲ့ကြောင်းသိရသည်။

၎င်းအပြင် အဆိုပါ စစ်ယာဉ်တန်းအား လုံခြုံရေးယူရန် နမ္မတီး နှင့် ဒွမ်ဘန်ကျေးရွာ အကြားတွင် ယာယီချထားသော အစိုးရစစ်တပ် တပ်ဖွဲ့ဝင်များ နှင့် ကေအိုင်အေ တပ်ဖွဲ့ဝင်များ တိုက်ပွဲ တစ်ကြိမ်ထက်မနည်း ထပ်မံဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှုများအား မသိရှိရသေးကြောင်း သိရှိရသည်။
 
Copy from - Kachinnet News

0 comments: