လက်ပံတောင်းတောင် ၂၄ နာရီ အမြဲတမ်း သပိတ်စခန်းများကို လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များမှ မီးလောင်ဗုံးများဖြင့် ဖြိုခွင်းခဲ့ပြီးနောက် ဒီဇင်ဘာလ ညနေ ၅ နာရီမှ စတင်ကာ ကြေးနီစီမံကိန်း ဖျက်သိမ်းရေးအတွက် တုံရွာထိပ်၌ အမြဲတမ်း သပိတ် စခန်း တစ်ခုကို ဒေသခံများမှ ပြန်လည် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
လက်ပံတောင်းတောင် ဒေသတွင် ဒီဇင်ဘာလ ညနေ ၅ မွန်းလွဲပိုင်းမှ စတင်ကာ ဒေသခံ သံဃာတော်များနှင့် ပြည်သူများက လမ်းလျှောက် ချီတက် ဆန္ဒထုတ်ဖေါ်မှုများ ပြုလုပ်ခဲ့ကြပြီးနောက် ယခုကဲ့သို့ ၂၄ နာရီ အမြဲတမ်း သပိတ်စခန်းတစ်ခု ကို ပြန်လည် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ ကျွန်တော်တို့ ဒီနေ့ညနေပိုင်းမှာပဲ ကြေးနီစီမံကိန်း ဖျက်သိမ်းရေး သပိတ်စခန်းတစ်ခုကို အသစ် ဖွင့်လှစ်လိုက်ပါပြီ၊ နောက်ထပ် သပိတ်စခန်းတွေကိုလည်း တိုးချဲ့ဖွင့်လှစ်ဖို့ ရှိပါတယ်။ ဒီသပိတ်စခန်းမှာ သံဃာတော်တွေလည်း ရှိမှာပါ ” ဟု တုံ ကျေးရွာမှ ကိုအောင်သန်းမျိုးက ပြောကြားသည်။
ရန်နိုင်
သတင်းရင်းမြစ် - မြန်မာ့ခေတ်သတင်း
0 comments:
Post a Comment